← Chapters

သုတ်သင်မှုပြီးနောက် တိုက်ပွဲကြီးစလေပြီ

Vol. 94 Ch. 1398

သုတ်သင်မှုပြီးနောက် တိုက်ပွဲကြီးစလေပြီ

Vol. 94 Ch. 1398

ချူးယွင်ဖန်းသည် ရွှေအမတေတစ်ယောက်ကို သုတ်သင်ပြီးနောက်တွင် ချက်ချင်းပျောက်ကွယ်သွားသည်။ ထို့နောက်တွင် အနက်ရောင်ဝတ်လူရှေ့၌ ပေါ်လာပြန်သည်။ အနက်ရောင်ဝတ်လူက တုံ့ပြန်ရန်ပင် အချိန်မရလိုက်ပေ။ ချူးယွင်ဖန်း၏လက်သီးချက်ကို သူ့ကို ထိုးခွင်းလာသဖြင့် နေရာတွင်ပင် သေသွားရတော့သည်။ ထို့နောက်တွင် ချူးယွင်ဖန်းသည် အားကောင်းသောဓားပုံစံအလင်းတန်းကို စုစည်းလိုက်ပြီး ပစ်လွှတ်ပစ်လိုက်သည်။ ၎င်းတို့မသိခင်တွင်ပင် လုပ်ကြံသူနှစ်ယောက်သည် လေထဲတွင် ခုတ်ပိုင်းခံရပြီး သေပွဲဝင်သွားရတော့သည်။ ရှင်းပြရန်ခက်ခဲသော်လည်း စက္ကန့်ဝက်လေးအတွင်းပင် ဖြစ်သွားခြင်းဖြစ်သည်။ ကျန်နေသောအနက်ရောင်ဝတ်လူများသည် ပြင်းထန်လှသောအန္တရာယ်ကို ချက်ချင်းပင် အာရုံခံမိကြလေသည်။

ကြောက်စရာကောင်းလှသောထိုသူမျိုးကို တစ်ခါမှမရင်ဆိုင်ဖူးသဖြင့် အံ့ဩမှင်သက်သွားကြရသည်။ လုပ်ကြံသူအဖွဲ့အစည်းထဲ၌ ရွှေအမတေများသည် ဘိုးဘေးဘီဘင်များကဲ့သို့ပင် မှတ်ယူထားကြသည်။ သူတို့ကဲ့သို့ကျွမ်းကျင်သူများစွာကို တွေ့ဖူးခဲ့ကြပြီး ရွှေအမတေများစွာကို သတ်ဖူးကြသူများဖြစ်သည်။ များပြားလှစွာသောကျွမ်းကျင်သူများနှင့် ကြောက်စရာကောင်းသောတည်ရှိမှုများကိုပင် တိုက်ခိုက်နိုင်ခဲ့ကြသည်။ သို့သော်လည်း တစ်ယောက်မှ ချူးယွင်ဖန်းနှင့် မယှဉ်နိုင်ပေ။ ဝင်သက်ထွက်သက်တိုင်းနီးပါးပင် သတ်ပစ်နိုင်သူမျိုး ဖြစ်နေသည်။ ချူးယွင်ဖန်းနောက်က လူသတ်သမားခြောက်ယောက်လိုက်သွားသည်။ ငါးယောက်ကို သတ်ပစ်ပြီးဖြစ်သည်။ ကျန်နေသောလုပ်ကြံသူသည် လန့်ဖျပ်သွားပြီး ရွှေအမတေအဆင့်သို့ ဖြတ်ကျော်သည့်ပထမအဆင့်မှစ၍ ပထမဆုံးအကြိမ်အဖြစ် ကြောက်ရွှံ့ခြင်းကို ခံစားလိုက်ရသည်။ လှည့်၍ထွက်ပြေးချင်နေကြတော့၏။

"အခုမှထွက်ပြေးချင်နေတာလား။"

ချူးယွင်ဖန်းက လှောင်ပြောင်ရယ်မောလိုက်ပြီး သူ၏လေးကိုထုတ်ယူကာ မိုးကြိုးစွမ်းအားဖြင့်ဖွဲ့စည်းထားသောမြှားတစ်စင်းဖြစ်ပေါ်စေပြီး ပစ်လိုက်တော့သည်။ ကောင်းကင်ကို ဖြတ်ကျော်ပြီး မြေကြီးပေါ်က ကျန်နေသောလုပ်ကြံသူကို ထိမှန်သွား၏။

ဝေ့ဝူယအတွက်ဖြစ်ပျက်သမျှက မြန်ဆန်လွန်းလှသည်။ မျက်စိကျိန်းစရာဟုပင် ထင်မိလိုက်သည်။ အန္တရာယ်ကိုသာ အာရုံခံမိလိုက်ပြီး ချူးယွင်ဖန်းက လုပ်ကြံသူခြောက်ယောက်လုံးအား သတ်ပစ်ပြီးဖြစ်သည်။ ဝေ့ဝူယက ချူးယွင်ဖန်းကို မကောင်းဆိုးဝါးတစ်ကောင်အား တွေ့လိုက်ရသကဲ့သို့ တွေဝေသောအကြည့်မျိုးဖြင့် ကြည့်လိုက်သည်။ ရွှေအမတေလုပ်ကြံသူများက မည်မျှကြောက်စရာကောင်းသည်ကို သိသည်။ ယခင်က တဝေသည် ထိုလုပ်ကြံသူများကို ဖယ်ရှားရန် တန်ဖိုးကြီးကြီးမားမားပေးဆပ်ခဲ့ရသည်။ ဝေ့ဝူယနှင့် နန်းတွင်းကိုယ်ရံတော်များသည် လုပ်ကြံသူမများကို တောင်ကြားတစ်ခုထဲတွင် ပိတ်၍ တိုက်ခိုက်ခဲ့ရသည်။ နေ့မှညအထိ တိုက်ခိုက်ပြီး တစ်ယောက်ချင်းစီတိုင်းကို သတ်ရန် ကြိုးပမ်းခဲ့ရသည်။

ဝေ့ဝူယနှင့်အခြားသူများသည် ထိုသို့သတ်ဖြတ်ခြင်းလုပ်ငန်းစဉ်တွင် တန်ဖိုးကြီးကြီးမားမားပေးဆပ်ခဲ့ရသည်။

'ချူးယွင်ဖန်းလိုတစ်ယောက်က ဘယ်လိုလုပ်ပြီးခံနိုင်ရည်မရှိရတာလဲ။ အသားငါးခုတ်သလိုမျိုး အလွယ်လေးသတ်ပစ်လိုက်တာပဲ။'

ချူးယွင်ဖန်းသည် လက်ရှိရွှေအမတေများထက် သာလွန်ကြောင်းကို ဝေ့ဝူယသဘောပေါက်သွားသည်။ သူ၏အဆင့်က ရွှေအမတေအဆင့်သို့ မဝင်သေးသော်လည်း တိုက်ပွဲစွမ်းအားက အခြားသူများထက် သာလွန်နေသည်။ အတော်ကြာပြီးသော်လည်း ဝေ့ဝူယက နောက်ဆုံးတွင် ပြောလာသည်။

"မင်းက လုံးဝကို မယှဉ်နိုင်ဘူးပဲ။ အဲ့လောက်စွမ်းအားကြီးမယ်လို့မထင်ခဲ့ဘူး သခင်လေးချူး။"

ချူးယွင်ဖန်းက လုပ်ကြံသူ၏အလောင်းများကို ကိုင်၍ သူ၏တောတောင်မြစ်ချောင်းပန်းချီကားထဲသို့ ထည့်လိုက်၏။ ထိုအလောင်းများကို ကောင်းစွာပြန်သန့်စင်နိုင်မည်ဟု တွေးထားသည်။

ချူးယွင်ဖန်းက ပေါ့ပေါ့ပါးပါးပင် ပြောလိုက်လေသည်။

"သူတို့က အားနည်းလွန်းတယ်။"

ချူးယွင်ဖန်း၏တည်ငြိမ်နေသောအမူအရာကို မြင်လိုက်ရသောအခါတွင် ဝေ့ဝူယတစ်ယောက် သက်ပြင်းချလိုက်မိသည်။ သို့သော်လည်း မိမိအတွက်အားကောင်းနေသောလူသတ်သမားများက ချူးယွင်ဖန်းအတွက်မူ အတော်လေးအားနည်းလို့နေသည်။ လုပ်ကြံသူများက လုပ်ကြံသတ်ဖြတ်ရာတွင်သာ တော်သဖြင့် မိစစ်ယုလောက်ပင် အားမကောင်းကြပေ။

ထိုသူများ၏တိုက်ပွဲစွမ်းအားက ရွေအမတေအောက်ခြေအဆင့်လောက်ပင် ရှိပေမည်။ ထို့ကြောင့် ထိုသူများကို ဖယ်ရှားခြင်းက ချူးယွင်ဖန်းအတွက်မူ လေတိုက်သလောက်သာဖြစ်ပြီး စိန်ခေါ်မှုမဖြစ်ပေ။ သို့တိုင် ဝေ့ဝူယအတွက်မူ စိတ်အားတက်ကြွဖွယ်ပင် ဖြစ်သည်။ ချူးယွင်ဖန်းက ဟန်လုပ်နေခြင်းမဟုတ်သည်ကို ကောင်းစွာသိထားသည်။ သူ၏စိတ်ရင်းအမှန်သာဖြစ်၏။

"နန်းတွင်းညီလာခံက ဒီကိစ္စအတွက် အများကြီးအားထုတ်ထားရတာပဲ။"

ဝေ့ဝူယက သက်ပြင်းချလိုက်မိသည်။ ထိုသို့လုပ်ကြံသူငှားခြင်းက အတော်လေးအကုန်အကျများသည်ကို သိပေသည်။ သို့တိုင် ကျွမ်းကျင်သူဆိုသည်က ရင်ဆိုင်ရသည်မှာ မလွယ်ပေ။ ထို့ကြောင့် သာမန်သူများအတွက်စိတ်ကူးမယဉ်နိုင်လောက်အောင် ကုန်ကျစရိတ်ကမြင့်လှသည်။ အထူးသဖြင့် တစ်ခါတည်းဖြင့် လုပ်ကြံသူခြောက်ယောက်ငှားခြင်းက ဖြစ်၏။

'တစ်တိုင်းပြည်လုံးက ရတနာတွေ ကုန်သွားလောက်ပြီ။'

"အသုံးမဝင်ဘူး။ နန်းတွင်းညီလာခံက ကျုပ်ကို သာမန်ရွှေအမတေတစ်ယောက်လို့ ထင်နေတဲ့ပုံပဲ။ အဲ့ဒါကြောင့် ပျင်းစရာကောင်းတဲ့လှည့်ကွက်တွေလုပ်နေတာဖြစ်မယ်။"

ချူးယွင်းဖန်းက ပေါ့ပေါ့ပါးပါးပင် ပြောလိုက်၏။

နန်းတွင်းမိသားစု၏ပထမဆုံးစောင့်ရှောက်သူ၊ ထိပ်တန်းရွေအမတေပင်လျှင် ချူးယွင်ဖန်း၏ပြိုင်ဘက်မဟုတ်ပေ။ ချူးယွင်ဖန်း၏ခန္ဓာကိုယ်ဖွဲ့စည်းတည်ဆောက်ပုံကအတော်လေးထူးခြားသည်။ မော်ဒန်ခေတ်တွင်မဆိုထားနှင့် ဘုရင်ခေတ်တွင်ပင် အကြမ်းတမ်းဆုံးခန္ဓာကိုယ်ဟု ဆိုနိုင်ပေသည်။ ထိုခန္ဓာကိုယ်အဆင့်ဖြင့် အားလုံးကို ချက်ချင်းရှင်းထုတ်ပစ်နိုင်သည်။ ပထမဆုံးစောင့်ရှောက်သူဖြစ်စေ၊ စစ်သူကြီးယဲ့ဖေးဖြစ်စေ ထိုအတိုင်းအတာထိ လိုက်မမှီနိုင်ပေ။

ထိုအဆင့်က စစ်သူကြီးယဲ့ဖေးကို သုတ်သင်ရန်ပင် လုံလောက်ပေသည်။ သို့တိုင် ချူးယွင်ဖန်းအတွက်မူ လုပ်ကြံခြင်းလောက်ကို ခုခံနိုင်ရန် လုံလောက်ပေ၏။

"အင်း မင်းအတွက်တော့ လှည့်ကွက်လေးပဲဖြစ်မှာပေါ့။"

ဝေ့ဝူယက ချူးယွင်ဖန်းကို မနာလိုစွာဖြင့် ကြည့်လိုက်သည်။ သို့သော်လည်း အမြန်ပင် အတွေးများကိုစုစည်းလိုက်သည်။ အဘယ့်ကြောင့်ဆိုသော် သူနှင့်ချူးယွင်ဖန်းလျှောက်သည့်လမ်းကမတူသည်ကို သိသောကြောင့်ပင် ဖြစ်သည်။

"မင်းက လှုပ်ရှားလိုက်ပြီဆိုမှတော့ နောက်ဆုံးတိုက်ပွဲစကြတာပေါ့။ သွားပြင်ဆင်ကြမယ်။"

ချူးယွင်ဖန်းက ပြောလိုက်၏။

"ဟုတ်ပြီ။"

ဝေ့ဝူယက ချူးယွင်ဖန်းညွှန်ကြားသည့်အတိုင်း နာခံလိုက်သည်။ လုပ်ကြံသတ်ဖြတ်ရန်ကြိုးစားခြင်းက အလောကြီးသွားစေလေသည်။ ချူးယွင်ဖန်းကြောင့်သာမဟုတ်လျှင် သေလောက်ပြီဖြစ်၏။ ထိပ်တန်းကျွမ်းကျင်သူတစ်ယောက်၏အကာအကွယ်ကြောင့်သာ ဘာမှမဖြစ်ခြင်းဖြစ်သည်။

စစ်သည်သုံးသိန်းရှိသောစစ်တပ်သည် ဝေ့ဝူယ၏အမိန့်ဖြင့် စုစည်းလာကြသည်။ ခုန်းလုံတစ်ခုလုံး လှုပ်လှုပ်ရွရွဖြစ်လာသည်။ သို့တိုင် ထိုစစ်သည်များကိုကျွေးမွေးရခြင်းက အတော်လေးအလုပ်ရှုပ်၏။ ကံကောင်းစွာဖြင့် နှစ်ဖက်လုံးက အလျင်လိုနေသောကြောင့် တိုက်ပွဲဝင်ရန် အချိန်မကြာခဲ့ခြင်းဖြစ်သည်။

မျက်စိတစ်မှိတ်အတွင်းပင် သုံးရက်တာကုန်လွန်သွားသည်။ လူတစ်သန်းပါသောစစ်တပ်သည် ခုန်းလုံသို့ ရောက်လာလေသည်။

ခုန်းလုံက ရှုပ်ထွေးနေသော်လည်း စစ်သည်တစ်သန်းဝန်းရခြင်းကို ခံထားရသည်။ ထိုစဉ်တွင် ဝေ့ဝူယ၏စစ်သည်သုံးသိန်းသည် မျက်စိတစ်ဆုံးတိုက်ပွဲအခင်းအကျင်းတစ်ခု တည်ဆောက်ရန် ထွက်သွားကြလေ၏။

လောကကြီး၏ကံကြမ္မာကို အဆုံးအဖြတ်ပေးမည့်တိုက်ပွဲက စတင်လာလေပြီဖြစ်၏။

All Chapters