တိုက်ပွဲအခင်းအကျင်း
Vol. 94 Ch. 1399
စစ်သည်သန်းချီ ချီတက်လာတဲ့မြင်ကွင်းက ဘယ်လိုမြင်ကွင်းမျိုး ဖြစ်နေမလဲ?
ကောင်းကင်ပေါ်မှ တိမ်မည်းမည်းကြီးများ လှိမ့်တက်လာသည်နှင့် တူပေလိမ့်မည်။
ဝေ့ဝူယ၏စစ်သည်သုံးသိန်းကမူ အသစ်စက်စက်ဖွဲ့စည်းထားကြသူများသာ ဖြစ်သည်။ မူလတစ်သိန်းကသာ ဒုတိယအဆင့်စစ်သည်များဖြစ်ကြသည်။ သို့တိုင် လက်ရွေးစင်စစ်သည်များမဟုတ်ဘဲ မြို့စောင့်စစ်တပ်မှစစ်သည်များ ဖြစ်ကြ၏။ ယခုတွင် အရပ်မျက်နှာပေါင်းစုံက စစ်သည်သန်းချီပါသည့်စစ်တပ်ကြီး ချီတက်လာသည့်ကို မြင်လိုက်ကြရသောအခါတွင် ကြောက်လန့်သွားကြကာ ခြေထောက်ပင် ကောင်းကောင်းမရပ်နိုင်ကြတော့။ ထိုစစ်သည်သန်းချီရှေ့၌ ခေါင်းပင်မမော့ရဲကြတော့ပေ။ စစ်တပ်တစ်တပ်ဖြင့် သာမန်လူတစ်စု ရင်ဆိုင်ရသောအခြေအနေမျိုးပင် ဖြစ်၏။ မင်းဆက်အဆုံးသတ်ဖြစ်နေလျှင်ပင် သာမန်စစ်တပ်၏အင်အားကို သာမန်လူစုက မယှဉ်နိုင်ကြပေ။
စစ်တပ်၏ထိပ်ဆုံးရှိ ဝေ့ဝူယ၏အမူအရာက အတော်လေးပုံပျက်ပန်းပျက်ဖြစ်နေရှာသည်။ သူသည် ထိုစစ်တပ်၏အငွေ့အသက်ဖြင့် ဖိနှိပ်ခြင်းခံထားရသည်။ သူ့ပေါ်သို့ တောင်ကြီးတစ်လုံးဖြင့် ဖိထားသကဲ့သို့ပင် ဖြစ်၏။
သူသည် သံချပ်ကာဝတ်ဆင်ထားပြီး သူ့နောက်တွင်လည်း လူယုံများရှိသည်။ လူထောင်ချီခန့်ကိုသာ လက်ရွေးစင်စစ်သည်များဟု မှတ်ယူနိုင်သည်။ အတိတ်က သူမည်မျှ ကျရှုံးမှုများဖြင့် ရင်ဆိုင်ခဲ့ရသည်ကို စိတ်ကူးကြည့်နိုင်သည်။ ချူးယွင်ဖန်းသာ မရှိလျှင် အောင်မြင်စွာပုန်ကန်နိုင်မည်မဟုတ်ပေ။ ပုံမှန်အစောင့်တပ်တစ်တပ်ကပင် သူခေါ်လာသောလူတစ်စုကို အလွယ်လေးနှိမ်နင်းနိုင်၏။ နောက်မှစစ်သူကြီးများသည်လည်း မျက်နှာက ဖြူဖပ်ဖြူရော်ဖြစ်နေကြလေသည်။ ရှေ့က ချူးယွင်ဖန်းကြောင့်သာမဟုတ်လျှင် စစ်တပ်တစ်ခုလုံး အလဲလဲအပြိုပြိုဖြစ်နေလောက်လေပြီ။
ချူးယွင်ဖန်းနှင့် မလှမ်းမကမ်း အနောက်၌ ချူးယောင်ဝေ့နှင့် ချူးဟုန်ချိုင်တို့ရှိပြီး သံချပ်ကာများ ဝတ်ဆင်ထားကြသည်။ ထိုနှစ်ယောက်နောက်တွင် ချူးမျိုးနွယ်၏လူယုံများနှင့် လက်ရွေးစင်စစ်သည်များရှိသည်။ သူတို့သည် ချူးမျိုးနွယ်စုက နှစ်ချီအောင်ထိန်းချုပ်လာသည့်စစ်သည်များ ဖြစ်ကြ၏။ လူထောင်ချီခန့်သာရှိပြီး ဝေ့ဝူယ၏စစ်တပ်က ထို့ထက် တစ်သောင်းကျော်လောက်သာပိုသည်။ စစ်သည်တစ်သန်းနှင့် ဘယ်လိုမှမယှဉ်နိုင်ပေ။
"အခု ဘယ်လိုလုပ်ကြမလဲ။ ငါတို့တော့သွားပြီ။ ခုန်းလုံကို မကာကွယ်နိုင်ပဲစိုးမိတယ်။"
ချူးယောင်ဝေ့က ချူးယွင်ဖန်းကို ကြည့်၍ ပြောလိုက်သည်။
ယခုတစ်ခေါက်တွင် ခုန်းလုံ၏အာဏာက ချူးယောင်ဝေ့လက်ထဲ၌ ရှိသည်။ မိမိဘာသာ ထိပ်တန်းအာဏာရှိသူဟု ပထမဆုံးအကြိမ်ခံစားမိခြင်းဖြစ်သည်။ ယခင်က မြင့်မြတ်သူဖြစ်သော်လည်း အလယ်အလတ်တန်းစားမြင့်မြတ်သူတစ်ဦးသာဖြစ်ပြီး ခုန်းလုံကို မထိန်းချုပ်နိုင်ခဲ့ပေ။ အာဏာဆိုသည်က အဆိပ်နှင့်တူလှသည်။ အာဏာကို လွှဲပြောင်းရယူပြီးသည်နှင့် မည်သူမှလက်မလျှော့ချင်ကြတော့ပေ။ သူ့အတွက်လည်း အတူတူပင် ဖြစ်သည်။ ထို့ကြောင့် ရှိသမျှမျှော်လင့်ချက်အားလုံးကို ချူးယွင်ဖန်းအပေါ်တွင် စုပုံထားကြသည်။ ယခုအချိန်တွင် ချူးယွင်ဖန်းကိုသာ ယုံကြည်၍ရတောသည်။
"မြို့ကို ခုခံမယ်တဲ့လား။ အဲ့လူတစ်စုလောက်နဲ့တော့ မြို့ကို မခုခံနိုင်ဘူး။ မြို့ထဲရောက်ပြီးမှ ရှုံးသွားရင် ပိုပြီးတောင်ဒုက္ခများဦးမယ်။ သူတို့က မြို့ကို လိုချင်တယ်ဆိုမှတော့ ပေးလိုက်တော့ပေါ့။"
ချူးယွင်ဖန်းက ဘာမှမဟုတ်သည့်အတိုင်း ပြောလိုက်၏။
"မင်းရဲ့မျိုးနွယ်ဝင်တွေကို ပြောင်းဖို့ ပြောခဲ့တယ်မဟုတ်လား။ အခုတော့ သူတို့က ခေါင်းဆောင်ကိုအရင်ဖမ်းပြီးရင် တစ်ပွဲတည်းနဲ့ ငါတို့ရှုံးတော့မှာပဲ။"
ချူးယွင်ဖန်းက ပေါ့ပေါ့ပါးပါးနှင့်ပင် ဆိုလိုက်ပြန်သည်။ သူသည် နန်းတွင်းစစ်တပ်နှင့် တိုက်ရန် ရည်ရွယ်ချက်မရှိပေ။ သူ့နောက်ကလူစုကလည်း နိုင်နိုင်ရန်အခွင့်အရေးမရှိပေ။ ရှေ့၌ အဆုံးအစမဲ့စစ်တပ်အခင်းအကျင်းတစ်ခုကို ခင်းထားပြီး သံချပ်ကာဝတ်ထားသူက အမှောင်ထုထဲမီးအိမ်နှင့်တူသည်။ ချူးယွင်ဖန်းမျက်လုံးထဲ၌မမူ ဖုံးကွယ်ထားရန်မှာ မဖြစ်နိုင်ပေ။
"အမှန်ပဲ။ အခု ငါတို့လောင်းကြေးပဲထပ်နိုင်တော့မယ်။"
ဒုန်း ဒုန်း ဒုန်း....
စစ်ချီလာသည့် သန်းချီသောစစ်သည်များ၏ခြေသံများကို ကြားနေရလေသည်။ အချိန်ကုန်လွန်လာသည်နှင့်အမျှ ထိုစစ်သည်များက ပို၍မြန်လာပြီး စတင်ချီတက်လာတော့၏။ ချီတက်လာသောစစ်သည်သန်းချီကြောင့် ဖြစ်ပေါ်လာသောကြောက်စရာကောင်းသည့်အငွေ့အသက်သည် ကောင်းကင်ကို လွှမ်းမိုးသွားပြီး မြေကြီးကို လွှမ်းခြုံသွားသည်။ ဝေ့ဝူယ၏စစ်တပ်ရှိသူအားလုံးသည် တောင်ကြီးတစ်တောင် ဖိနှိပ်ထားခြင်းခံထားရသကဲသို့ အသက်ရှုကြပ်သွားကြတော့သည်။
ထိုအချိန်တွင် ချူးယွင်ဖန်းက ရုတ်တရက်ခုန်ထွက်လာ၏။ သူ၏တစ်ကိုယ်လုံးသည် နတ်နဂါးအသွင်နှယ်ပင် လေထဲသို့ ပျံသန်းသွား၏။ ဓားအိမ်မှဆွဲထုတ်လိုက်သည့်ဓားတစ်ချောင်းနှယ် ကြောက်စရာကောင်းသောအငွေ့အသက်က စစ်သည်သန်းချီ၏အခင်းအကျင်းကို ထိုးခွင်း၍ ဖျက်ဆီးပစ်လိုက်သည်။
သူ၏မျက်လုံးထဲ၌ ထိုစစ်တပ်အခင်းအကျင်းကို အဆင့်များစွာ ပိုင်းခြားထားသည်။ စစ်တပ်က သွေးလူရိုင်းများကဲ့သို့ပင် ကြောက်စရာကောင်းသောအငွေ့အသက်ရှိသော်လည်း သူကမူ ရှင်းရှင်းလင်းလင်းမြင်နိုင်သည်။ လူတစ်သန်းရှိသည့်သာမန်စစ်တပ်တစ်ခုသာ ဖြစ်၏။ လက်ရွေးစစ်စစ်တပ်ဖြစ်နေလျှင်ပင် သူက မကြောက်ပေ။
ချူးယွင်ဖန်းသည် ကောင်းကင်တစ်ခုလုံးကို မိုးကြိုးများဖြင့် ပြည့်နှက်သွားစေသည်။ ပုံရိပ်ကလျှပ်စီးကြောင်းအဖြစ်ပြောင်းသွားက ချက်ချင်းဆိုသလိုပင် စစ်တပ်နှစ်ခုကြား၌ ပေါ်လာသည်။ ထို့နောက်တွင် နန်းတွင်းညီလာခံကလွှတ်လိုက်သောစစ်သူကြီးယဲ့ဖေးထံသို့ ဦးတည်သွား၏။
"ချူးယွင်ဖန်း မင်းအတင့်ရဲပြီး လာရဲတယ်ပေါ့လေ။"
ယဲ့ဖေး၏အော်သံက အခင်းအကျင်းတစ်ခုလုံးကို ဖိန့်ဖိန့်တုန်သွားစေသည်။ အငွေ့အသက်က တောင်တစ်တောင်ကိုပင် ဆူပွက်သွားစေနိုင်သည့်အငွေ့အသက်မျိုး ဖြစ်၏။
'အဲ့တုန်းက မင်းကိုမသတ်ခဲ့မိလို့ နောင်တရတယ်။ ဒါပေမဲ့လို့ အခုမှသတ်လည်း နောက်မကျသေးပါဘူး။"
"ဟားဟားဟား မသိရင် ငါ့ကိုမသတ်ချင်လို့ ပြောနေသလိုပဲ။ အခု ငါ့ကို တစ်ခုခုလုပ်လည်း ကျရှုံးမှာပဲမဟုတ်လား။"
ချူးယွင်ဖန်းက လှောင်ပြောင်ရယ်မောလိုက်လေသည်။
ယဲ့ဖေး၏ဘဝမြင့်ပြောဆိုသောစကားများကို စိတ်ထဲမထားပေ။ ယဲ့ဖေးနှင့် ပထမအစောင့်အရှောက်က သူ့ကို သတ်ချင်နေသည်ကိုသိသည်။ သို့သော်လည်း အခွင့်အရေးမကြပေ။ မဟုတ်လျှင် သေနေပြီဖြစ်သော်လည်း တောတောင်မြစ်ချောင်းပန်းချီကားထဲထွက်ပြေး၍လွတ်သွားခဲ့၏။
ယဲ့ဖေး၏လက်ထဲ၌ လှံတံတစ်ချောင်းပေါ်လာသည်။ သူသည် ကောင်းပေါ်မှကြွေကျလာသောကြယ်ကဲ့သို့သော ချူးယွင်ဖန်းကို တိုက်ခိုက်ရန် ပြင်လိုက်တော့သည်။
ချူးယွင်ဖန်းက ဦးစွာ ခေါင်းဆောင်ကိုဖမ်းချင်သည်။ထို့ကြောင့် ထိုသို့လုပ်ခြင်းဖြစ်၏။
ဝေ့ဝူယက သူပုန်တပ်၏ဟန်ပြခေါင်းဆောင်သာဖြစ်သည်ကို ယဲ့ဖေးကောင်းကောင်းသိသည်။ အမှန်တွင် ချူးယွင်ဖန်းကသာ အဓိကထောက်တိုင်ကြီးဖြစ်သည်။ ချူးယွင်ဖန်းသာ ကျရှုံးသွားလျှင် စစ်တပ်တစ်ခုလုံး အလဲလဲအပြိုပြိုဖြစ်သွားပေလိမ့်မည်။ သူတို့က လူအုပ်စုလေးလောက်သာ ဖြစ်၏။ အချိန်ကျလာလျှင် အညံ့ခံအောင် သတ်ရင်သတ်မဟုတ်လျှင် ဖိအားပေး၍ရ၏။
ဘုန်း....
ယဲ့ဖေး၏လှံတံကြီးက နဂါးကြီးတစ်ကောင်ကဲ့သို့ ချူးယွင်ဖန်း၏နဖူးတည့်တည့်ကို ချိန်ရွယ်လိုက်သည်။ ထို့နောက်တွင် ချူးယွင်ဖန်းက လက်ကိုဝှေ့ယမ်းလိုက်ပြီး ထိုလှံတံကိုပိတ်ရန် ကြောက်စရာကောင်းသည့်ဒီရေလှိုင်းတစ်ခုဖန်တီးလိုက်ကို တွေ့လိုက်ရသည်။ ကြောက်စရာကောင်းသောစွမ်းအားက အဆင့်နိမ့်ဝိညာဉ်စွမ်းအားလက်နက်လှံတံကို ကျော်လွန်သွားပြီး ခန္ဓာကိုယ်ဆီသို့ ပြန်ကန်ထွက်လာ၏။
ဘုန်း ဘုန်း ဘုန်း
ယဲ့ဖေးက ပြန်ဆုတ်သွားသည်။ အားပြင်းသောအားတစ်ခုက သူ့ကို ပြတ်ဆုတ်ရန် ဖိအားပေးလိုက်ခြင်းဖြစ်၏။ အကြည့်တို့က ကြောက်စရာကောင်းလာသည်။ ချူးယွင်ဖန်းဖြင့်သာ ကိုယ်တိုင်မတိုက်ခဲ့လျှင် ထိုမျှကြောက်စရာကောင်းသည့်အားရှိသည်ကို သိမည်မဟုတ်ပေ။ ရှိသမျှအားဖြင့် အားကုန်ထုတ်တိုက်သ်ောလည်း ချူးယွင်ဖန်းက အားဖြင့်ပိတ်ထားသည်ကို ခံနေရဆဲပင် ဖြစ်လေသည်။