← Chapters

တစ်ယောက်တည်းဖိနှိပ်ခြင်း

Vol. 94 Ch. 1401

တစ်ယောက်တည်းဖိနှိပ်ခြင်း

Vol. 94 Ch. 1401

ချူးယွင်ဖန်းတစ်ယောက်တည်းကို သတ်ရန်အတွက် စစ်တပ်တစ်ခုလုံးသုံးရန် စီစဉ်ထားကြလေသည်။ စစ်တပ်ဖွဲ့စည်းပုံအကူအညီဖြင့်သာဆိုလျှင် ရွှေအမတေ (၃၆) ယောက်ဖြင့် ဖွဲ့စည်းထားသောစွမ်းအားကြီးစစ်တပ်အခင်းအကျင်းသည် အံ့ဩတုန်လှုပ်စရာကောင်းသောအနေအထားပင် ဖြစ်၏။ နန်းတွင်းညီလာခံသည် ဆုံးရှုံးမှုများကို တစ်ခုပြီးတစ်ခု ကြုံလိုက်ရပြီးနောက်တွင် အားအကောင်းဆုံးကိုထုတ်သုံးတော့၏။ ပေါင်းစပ်ထားသောစွမ်းအားက အတော်လေးသာလွန်နေ၏။

ဘုန်း....

ပေါင်းစပ်ထားသောအခင်းအကျင်းတိုက်ခိုက်မှုက ကြောက်စရာကောင်းလွန်းလှသည်။ ချူးယွင်ဖန်းကို ဒီရေတိုက်စားသွားသည့်နှယ် လွင့်စင်သွားစေသည်။ ချူးယွင်ဖန်းကမူ အော်၍ ခုန်ထွက်လာသည်။ သူသည် မကြောက်ဘဲ ထိုအခင်းအကျင်းကို ချိန်၍ တစ်ချက်ကန်လိုက်၏။ ချက်ချင်းဆိုသလိုပင် ကြောက်စရာကောင်းသောသိုင်းစွမ်းအားတစ်ခု ထွက်ပေါ်လာပြီး ကောင်းကင်ပြိုကျမတတ်ပြင်းထန်လှသည်။ ကြောက်စရာကောင်းသောတိုက်ခိုက်မှုနှစ်ခု ထိပ်တိုက်ရင်ဆိုင်လိုက်ရသည့်အခါတွင် နှစ်ဖက်လုံးအလဲလဲအပြိုပြိုဖြစ်သွားရတော့သည်။

ဘုန်း....

ဘုန်း.....

ဘုန်း....

အချင်းချင်း ကြီးမားသောဗုံးများဖြင့် ပစ်နေကြသကဲသို့ တဗုံးဗုံးအသံများကို ကြားနေရသည်။ ခပ်လှမ်းလှမ်းမှလူများက ထိုသူများ အချင်းချင်းပစ်ခတ်နေကြသည်ကို ကြည့်နေကြရ၏။

ရွှေအမတေ (၃၆) ယောက်က ဖွဲ့စည်းပုံအခင်းအကျင်းကို ပြောင်းနေပြီး ချူးယွင်ဖန်းကို ဆက်လက်တိုက်ခိုက်နေလေသည်။ တစ်ဖက်က ချူးယွင်ဖန်းက ပိုပြီးကြောက်စရာကောင်းသည်။ သူသည် ကောင်းကင်ထက်၌ ပျံသန်းနေသည့်နတ်ဘုရားတစ်ပါးနှင့်တူသည်။ အမူအရာကအေးစက်နေပြီး အဆက်မပြတ်တိုက်ခိုက်နေ၏။ တုန်လှုပ်စရာကောင်းသည့်မည်သည့်သိုင်းပညာကိုမှ ထုတ်မသုံးပေ။

တစ်ချိန်တည်းတွင်ပင် ရန်သူဆီကတိုက်ခိုက်မှုမျိုးစုံကို ခံစားနေရသည်။ ကောင်းကင်ထက်မှ မြှားမိုးများရွာကျနေသည်။ သို့သော်လည်းခန္ဓာကိုယ်က မိုးကြိုးစွမ်းအားဖြင့် ထိုမြှားများကို တားဆီးနေသည်။ အားလုံးသည် ကြောင်၍ကြည့်နေမိကြသည်။ အထူးသဖြင့် ဝေ့ဝူယဘက်မှပင် ဖြစ်လေသည်။

အင်အားစုကြီးများကလည်း အံ့ဩဖွယ်ရာတစ်ခုကို ကြည့်နေသကဲ့သို့ ထိုမြင်ကွင်းကို စောင့်ကြည့်နေကြသည်။ သို့သော်လည်း မကြာခင်တွင်ပင် ချူးယွင်ဖန်းသည် ခြေလှမ်းလှမ်းတိုင်း အခင်းအကျင်းကို အားဖြင့်တိုက်ခိုက်နေသည်ကို သိလိုက်သည်။ မကြာခင်ပင် အခင်းအကျင်းတစ်ခုလုံး ပြိုကျသွားနိုင်၏။

ရွှေအမတေ (၃၆) ယောက်၏ပေါင်းစပ်ထားသောစွမ်းအားနှင့် စစ်သည်တစ်သန်းပေါင်းစပ်ထားသောစွမ်းအားများက ချူးယွင်ဖန်းကို ဘာမှမလုပ်နိုင်သည်ကို အားလုံးမြင်သွားကြသည်။ မည်မျှကြောက်စရာကောင်းသည့်အခြေအနေပါလဲ?

လေထဲ၌ ပျံနေသောချူးယွင်ဖန်းက စစ်နတ်ဘုရားတစ်ပါးကဲ့သို့ပင်။ ဘယ်သူမှတိုက်ထုတ်နိုင်မည်မဟုတ်ပေ။

ဘုန်း

ဘုန်း

ဘုန်း….

ကျယ်လောင်သောပေါက်ကွဲသံကြီးများ ထွက်ပေါ်နေသည်။ ချူးယွင်ဖန်းခြေလှမ်းသည့်အခါတိုင်း သူ့ထံဝင်လာသည့် ပြင်းထန်လှသောအားနှင့်တိုက်ခိုက်မှုများကို ရင်ဆိုင်သည်။ သို့သော်လည်း အားလုံးကို ထိတ်လန့်သွားစေသည်မှာ ချူးယွင်ဖန်းက ထိုလူ (၃၆) ယောက်ကို နောက်သို့တစ်လှမ်းချင်းစီဆုတ်သွားအောင် တိုက်နေပြီး စစ်သည်သန်းချီအထဲသို့ ဝင်သွားစေသည်။ ထိုအချိန်၌ နောက်ထပ်လူတစ်ယောက် ထွက်လာသည်။ ထိုလူသည် ကမ္ဘာမြေတုန်လှုပ်သွားစေနိုင်သောအားဖြင့် ကောင်းကင်မှ အပြေးရောက်လာသည်။ အနီးကပ်ကြည့်သောအခါ၌ ယဲ့ဖေးသာ ဖြစ်၏။

"သူပိုပြီးအားကောင်းလာတာပဲ။"

"အမှန်ပဲ။ တကယ်ကို ပိုပြီးကြောက်စရာကောင်းလာတယ်။"

"ဒါပေမဲ့လို့ အားလုံးသာမန်ပါပဲ။ စစ်သူကြီးယဲ့ဖေးက တိုက်ပွဲမြေပြင်မှာ သတ်ဖြတ်ခြင်းလမ်းစဉ်ကို လေ့ကျင့်နေတာ။ တိုက်ပွဲမြေပြင်က သူ့အိမ်ပဲ။"

ယဲ့ဖေးက ပို၍အားကောင်းလာသည်ကို အားလုံးတွေ့လိုက်ကြသည်။ သူသည် တိုက်ပွဲမြေပြင်မှ တိုက်ပွဲစွမ်းအားကို စုပ်ယူလိုက်ပြီး အားကောင်းအောင် လုပ်လိုက်ခြင်းဖြစ်သည်။

ယဲ့ဖေးနှင့် အခင်းအကျင်းသခင်များသည် ချူးယွင်ဖန်းကို နှစ်ဖက်ညှပ်၍ တိုက်ခိုက်သည်။ တစ်ယောက်က ရှေ့တိုက်ပြီး တစ်ယောက်က နောက်ကတိုက်သည်။ ချူးယွင်ဖန်းကို ရူးလောက်ချင်စရာကောင်းအောင် တိုက်ခိုက်နေကြ၏။ သို့သော်လည်း ထိုအချိန်၌ ချူးယွင်ဖန်းကကြောက်စရာကောင်းသောအားကို ထုတ်ပြလိုက်သည်။ သူ့နောက်မှမိုးကြိုးတောင်ပံတစ်စုံပေါ်လာပြီး တစ်ကိုယ်လုံးက မိုးကြိုးကဲသို့ပင် လျင်မြန်လှသည်။ စောနက တိုက်ခိုက်မှုအားလုံးကို လျစ်လျူရှုထားသည့်လွှမ်းမိုးသောစွမ်းအားနှင့်မတူသည်မှာ လက်ရှိပုံစံက အတော်လေးမြန်နေခြင်းဖြစ်သည်။ ချက်ချင်းပင် လူနှစ်ယောက်ခွဲသွားသည်ဟုပင် ထင်မိစေသည်။ ချူးယွင်ဖန်းသည် ယဲ့ဖေးကို လက်တစ်ဖက်ဖြင့်ဖိနှိပ်ပြီး ထိုလူ (၃၆) ယောက်ကို အခြားလက်တစ်ဖက်ဖြင့်ဖိနှိပ်နိုင်သည်ကို တွေ့လိုက်ရသဖြင့် အားလုံးတုန်လှုပ်သွားကြသည်။

"အားကောင်းလွန်းတယ်။ ကြောက်ဖို့ကောင်းလိုက်တာ။ ချူးယွင်ဖန်းက လူရောဟုတ်ရဲ့လား။"

"အမှန်ပဲ။ သူ ဘယ်လိုလုပ် ပထမဆုံးအစောင့်အရှောက်ကို သတ်နိုင်ရတာလဲဆိုတာကို နောက်ဆုံးတော့ နားလည်သွားပြီ။"

"ချူးယွင်ဖန်းတစ်ယောက်တည်းနဲ့အားလုံးကို ဖိနှိပ်နိုင်တယ်။ သူဘယ်လောက်ခံနိုင်ရည်ရှိလဲကြည့်ပါဦး။"

ကင်းထောက်များက ထိုမြင်ကွင်းကို မြင်လိုက်ရသည့်အခါတွင် အားလုံးသေမတတ်ထိတ်ပျာသွားကြသည်။ ချူးယွင်ဖန်းက အားကောင်းလွန်းသည်။ မထိုးဖောက်နိုင်သောစစ်နတ်ဘုရားကဲ့သို့ပင်။ ယဲ့ဖေးသည် ထောင်ချောက်မျိုးစုံနှင့် ချူးယွင်ဖန်းကို ရင်ဆိုင်ပါသော်လည်း အချည်းနှီးသာဖြစ်၏။

တစ်ဖက်တွင်မူ ဝေ့ဝူယသည် လွန်စွာစိတ်လှုပ်ရှားနေမိသည်။ ချူးယွင်ဖန်းက ပို၍အားကောင်းလာလေလေ အောင်မြင်နိုင်ခြေအခွင့်အရေးက ပိုများလေလေပင် ဖြစ်၏။ စစ်သည်တစ်သန်းဖြင့် သူ့အား ဝိုင်းထားသည်ကိုပင် ရလဒ်ကို ဆုံးဖြတ်ပေးမည့်သူက ချူးယွင်ဖန်းဖြစ်သည်ကို သိသဖြင့် မတိုက်ကြပေ။ မိမိနှင့်ပါလာသောလူစုသာ သုတ်သင်ခံလိုက်ပြီး ချူးယွင်ဖန်းဘေးနားတွင်ရှိနေလျှင် မိနစ်ပိုင်းအတွင်းပင် စစ်တပ်တစ်တပ်ကို စုဆောင်းနိုင်ပေလိမ့်မည်။

ထိုအချိန်တွင် တိုက်ပွဲက အတော်လေးအရှိန်ရနေပြီဖြစ်သည်။ ချူးယွင်ဖန်းသည် ဉာဏ်အလင်းပွင့်ခြင်းအဆင့်သို့ ဝင်ရောက်သွားပုံရသည်။ မည်သူကမှ သူ၏ပြိုင်ဘက်မဟုတ်ကဲ့သို့ သူတစ်ယောက်တည်းဖြင့် အားလုံးကို ဖိနှိပ်ထားကာ လွယ်ကူသည့်အခြေအနေမျိုးမဟုတ်လှပေ။ ဆန့်ကျင်ဘက်အနေဖြင့် ရှိသမျှအားကိုထုတ်သုံးထားရသည်ဟု ဆိုနိုင်သည်။

ထိုသို့အခြေအနေမျိုးတင် သူသည် ဖြည်းဖြည်းချင်းဖြင့် နောက်ဆုံး‌ရွှေအမတေအဆင့်တတောက်လမ်းစဉ်ကို နားလည်သွားတော့သည်။ ထိုအရာက သူ၏မှတ်ဉာဏ်ထဲရှိအရာများနှင့် လုံးဝမတူပေ။ မိမိ၏ကိုယ်ပိုင်နားလည်နိုင်စွမ်းပေါ်တွင် အခြေခံထားပြီး ဝိညာဉ်ကို ပို၍နက်နက်နဲနဲနားလည်သွားစေသည်။ နားလည်နိုင်စွမ်းက ပို၍မြင့်မားလေလေ ချူးယွင်ဖန်း၏အင်အားက ပို၍အားကောင်းလာလေလေပင် ဖြစ်၏။

ယဲ့ဖေးက ခေါင်းပင် မမော့နိုင်ပေ။ သူသည် အရာအားလုံးကို တွက်ချက်ပြီးဖြစ်သော်လည်း ချူးယွင်ဖန်း၏အင်အားကိုမူ မှားယွင်းတွက်ချက်ခဲ့မိသည်။ စစ်သည်တစ်သန်း၏တိုက်ပွဲစွမ်းအားပေါ်တွင် မှီခို၍ အပြင်လောကမှ ဝိညာဉ်စွမ်းအားကို ပိတ်ထားနိုင်လျှင် ချူးယွင်ဖန်း၌ နတ်စွမ်းအားရှိလျှင်ပင် တိုက်ပွဲတစ်ခုပြီးတစ်ခုတိုက်ရသဖြင့် ပင်ပန်းလာမည်ဖြစ်သည်။

ရွေအမတေများသည် အဆုံးအစမဲ့နတ်စွမ်းအားများ ပိုင်ဆိုင်ထားသောကြောင့်နာမည်ကြီးသည်။ အမှန်တွင် စွမ်းအားက အကန့်အသတ်ရှိသည်။ သာမန်လူများစိတ်ကူးထားသည်ထက် သာလွန်နေခြင်းမျှသာဖြစ်၏။

ချူးယွင်ဖန်းကို အဆုံးသတ်သွားစေရန် တွန်းအားပေးရန်က လုံလောက်သော်လည်း အဆုံး၌မူ ချူးယွင်ဖန်းကသာ မိမိတို့ကို အဆုံးသတ်သွားအောင် ဖိအားပေးနေလေ၏။

All Chapters