← Chapters

အခန်း (၁၃၀)

Vol. 11 Ch. 130

အခန်း (၁၃၀)

Vol. 11 Ch. 130

လင်းပိုင်ဖန်၏ ပျောက်ကွယ်သွားသော ပုံရိပ်ကို ကြည့်ရင်း ဧကရာဇ်လေးဦးက သက်ပြင်းချလိုက်ကြသည်။

လင်းပိုင်ဖန်ကြောင့် သူတို့တွေ ထိတ်လန့်သွားခဲ့ရပေမဲ့၊ သူ့ရဲ့ သဘောထားက သူတို့ကို ပြောနေတာက သူတို့တွေ ဘာပဲလုပ်လုပ် သူ ဂရုမစိုက်ဘူး၊ ဘာလို့လဲဆိုတော့ သူ့အနေဖြင့် သူတို့ကို ရင်ဆိုင်ဖို့ကို လုံလောက်တဲ့ ယုံကြည်မှုနဲ့ စွမ်းရည် ရှိနေလို့ပင် ဖြစ်သည်။

ဒါက ပျက်စီးသွားပြီဖြစ်တဲ့ နိုင်ငံတွေရဲ့ ဧကရာဇ်တွေအတွက်တော့ အနည်းငယ် စိတ်ပျက်စရာကောင်းနေပေမယ့်၊ ဒါကပဲ အကောင်းဆုံး ရလဒ် ဖြစ်နေပြီဖြစ်သည်။

"စိတ်ရှုပ်မခံကြနဲ့တော့၊ ဆက်သောက်ကြစို့"

"ကောင်းပြီ၊ သောက်ကြစို့"

ဧကရာဇ်လေးဦးဟာ ဆက်လက်ပြီး အော်ဟစ်သီဆိုကာ ပျော်ပျော်ပါးပါး သောက်စားနေကြလေတော့သည်။

တစ်ချိန်တည်းမှာပင်၊ အဝေးတစ်နေရာ ဖန်နိုင်ငံမှာရှိတဲ့ စစ်သူကြီးကျောက်ကတော့ အလွန်ကို စိတ်ဓာတ်ကျနေခဲ့သည်။

ဘာလို့လဲဆိုတော့ သူဦးဆောင်လာတဲ့ စစ်သည် ၄၀၀,၀၀၀ ဟာ ကြီးမားတဲ့ မြေငလျင်ကြောင့် မြေအောက်တွင် မြှုပ်နှံခံလိုက်ရလို့ပင် ဖြစ်သည်။

သူ အချိန်မီရောက်လာပြီး အစွမ်းကုန် ကြိုးစားခဲ့ပေမယ့်၊ လူ ရာဂဏန်းလောက်သာ ကယ်တင်နိုင်ခဲသည်။

သူတို့အများစုကလည်း လက်ပြတ် ခြေပြတ်တွေ ဖြစ်ကုန်ကြပြီး အသုံးမကျတဲ့သူတွေ ဖြစ်နေပြီ ဖြစ်သည်။

“နိုင်ငံသုံးနိုင်ငံကို တိုက်ခိုက်ပြီးနောက်မှာတောင် ငါတို့ စစ်တပ်က အနည်းငယ်လေးတောင်မှ မဆုံးရှုံးခဲ့ရဘူး၊ ဒါပေမဲ့ ရုတ်တရက် ငလျင်လှုပ်မှုကြောင့် အားလုံး ပျက်စီးသွားခဲ့ရသည်။

စုစုပေါင်း ၄၀၀,၀၀၀ ရှိတဲ့ စစ်တပ်က ဒီလိုပဲ ပျောက်ကွယ်သွားခဲ့ရသည်။ အရှင်မင်းကြီးကို သူ ဘယ်လို သတင်းပို့ရတော့မှာလဲ။

ပိုဆိုးတာက ဖန်နိုင်ငံရဲ့ ဧကရာဇ်နဲ့ သူ့မိသားစုက အမှန်တကယ် ထွက်ပြေးလွတ်မြောက် သွားခဲ့ကြပြီဖြစ်သည်။

သူရဲ့ တင်းကြပ်တဲ့ စောင့်ကြည့်မှုတွေ ကြားကတောင်မှ သူတို့ ထွက်ပြေးသွားနိုင်ခဲ့ကြတယ်။

ပြီးတော့ သူတို့ရဲ့ တည်နေရာကိုလည်း မသိရသေးဘူး။

ဒါဟာ သူ လွတ်မြောက်ခွင့်ပေးခဲ့သည့် တတိယမြောက် ဧကရာဇ် ဖြစ်နေပြီဖြစ်သည်။

တစ်ယောက်၊ နှစ်ယောက် ဆိုရင်တောင် ပေါ့ဆမှုလို့ အကြောင်းပြလို့ ရနိုင်ပေမယ့်၊ အခုက တတိယမြောက် ဖြစ်နေခဲ့သည်။ အခုဆိုရင် မဟာယွဲ့နန်းတော်ကပင် စစ်သူကြီးက လာဘ်ထိုးတာကိုယူပြီး ဧကရာဇ်ကို တမင်တကာ ထွက်ပြေးခွင့်ပေးခဲ့တာလားဆိုပြီး သံသယဝင်လာခဲ့ကြပြီ။

တချို့ဆိုရင် သစ္စာဖောက်ပြီး ရန်သူနဲ့ ပူးပေါင်းတယ်ဆိုပြီးတော့တောင် စွပ်စွဲလာခဲ့ကြသည်။

စစ်သူကြီးကျောက်က အလွန် ခံပြင်းနေပေမဲ့လည်း သူ့အနေဖြင့် ဘယ်လို ရှင်းပြရမှန်းကို မသိပေ။

အခုမူ ဖန်နိုင်ငံကနေ ရမည့် အကျိုးအမြတ်တွေဖြင့် ဆုံးရှုံးမှုတွေ အားလုံးကို ပြန်လည် ဖြည့်ဆည်းပေးနိုင်လိမ့်မယ်လို့သာ သူ မျှော်လင့်နိုင်တော့သည်။

ထိုအချိန်တွင် စစ်အရာရှိတစ်ဦးက အလျင်အမြန် ဝင်ရောက်လာခဲ့သည်။

စစ်သူကြီးကျောက်က မောပန်းစွာနဲ့ မေးလိုက်တယ်- “မင်းကို တိုင်းပြည်ဘဏ္ဍာတိုက်နဲ့ နန်းတော်ရေးရာဌာနကို သိမ်းယူဖို့ အမိန့်ပေးလိုက်တယ်မလား။ ဘာတွေများ ရခဲ့လဲ”

“စစ်သူကြီးခင်ဗျာ ဘာမှ မရခဲ့ပါဘူး”

စစ်သူကြီးကျောက်က ဒေါသထွက်သွားပြီး- “ဒီတိုင်းပြည်ရဲ့ ဘဏ္ဍာတိုက်နဲ့ နန်းတော်ရေးရာ ဌာနတွေက ငွေကြေးတွေ သိုလှောင်တဲ့ အဓိကနေရာတွေပဲလေ။ ဘာမှ မရှိစရာ အကြောင်းမရှိဘူး”

အရာရှိက ခါးသီးစွာ ပြုံးလိုက်ပြီး– “ဒါပေမဲ့ စစ်သူကြီး၊ ကျွန်တော်မျိုးတို့က ဘဏ္ဍာတိုက်နဲ့ နန်းတော်ရေးရာဌာနကို သေချာ ရှာဖွေပြီးပါပြီ။ သူတို့က အကုန်ဟောင်းလောင်းတွေ ဖြစ်နေပြီ၊ မြေကြီးကို သုံးပေ တူးဆွရင်တောင်မှ ဒင်္ဂါးတစ်ပြားတောင်မှ မတွေ့ရပါဘူး၊ ကျွန်တော်မျိုးတို့ကို ခွင့်လွှတ်ပါ၊ စစ်သူကြီး”

“မဖြစ်နိုင်ဘူး၊ မင်း ငါ့ကို လိမ်နေတာ၊ ငါ မယုံဘူး” လို့ စစ်သူကြီးကျောက်က အော်ဟစ်လိုက်ပြီး၊ လျှပ်စီးသကဲ့သို့ ဘဏ္ဍာတိုက်ဆီ အလျင်အမြန် ပြေးသွားလိုက်သည်။

ဘဏ္ဍာတိုက်က တကယ်ပဲ ဗလာဖြစ်နေတာဖြစ်ပြီး၊ ငွေစ အစအန တစ်ခုတောင် မတွေ့ရတာကို တွေ့လိုက်ရတော့၊ သူဟာ နန်းတော်ရေးရာဌာနကို တစ်ဖန် မနားတမ်း အလျင်အမြန် သွားခဲ့လိုက်တယ်။ အဲ့ဒီမှာလည်း ဗလာဖြစ်နေတာကို တွေ့ခဲ့ရပြီး၊ တန်ဖိုးမရှိတဲ့ စားပွဲတွေ၊ ကုလားထိုင်တွေလောက်သာ ကျန်ရစ်ခဲ့သည်။

စစ်သူကြီးကျောက်ဟာ ဒေါသတွေထွက်လာပြီး- “ဒါကို ဘယ်သူ လုပ်တာလဲ။ ဘယ်ကောင် လုပ်ခဲ့တာလဲကွ”

စစ်သည် ၄၀၀,၀၀၀ကို ဆုံးရှုံးခဲ့ရပြီး၊ ဖန်နိုင်ငံ ဧကရာဇ်ကိုလည်း လွတ်မြောက်ခွင့် ပေးခဲ့ရတဲ့အတွက်၊ သူရဲ့ အပြစ်တွေကို လျှော့ချဖို့အတွက် ဒီ ရွှေ၊ ငွေ၊ ကျောက်မျက်ရတနာတွေပေါ် မှီခိုရမည် ဖြစ်သည်။ ဒါပေမဲ့ အခု သူတို့ကပါ ပျောက်ကွယ်သွားပြီဆိုတော့၊ ဒါက သူ့အတွက် သေဒဏ်ချမှတ်လိုက်သလို ဖြစ်မနေဘူးလား?

“ဖန်နိုင်ငံရဲ့ အရာရှိတွေကို ခေါ်လာခဲ့”

ခဏအကြာတွင် ဖန်နိုင်ငံရဲ့ အရာရှိတွေဟာ သူ့ရှေ့ကို ရောက်လာခဲ့ပြီး မြေပေါ်မှာ ဒူးထောက်ကာ ငိုယိုနေကြသည်။

“စစ်သူကြီး၊ အသက်ချမ်းသာပေးပါ”

“စစ်သူကြီး၊ ကျွန်တော်တို့မှာ အပြစ်မရှိပါဘူး”

“ကျေးဇူးပြုပြီး၊ ကျွန်တော်တို့ကို ခွင့်လွှတ်ပေးပါ”

စစ်သူကြီးကျောက်က အေးစက်စွာဖြင့်- “အခု ငါ့စိတ်တွေ အရမ်း ကောင်းမနေဘူး။ မင်းတို့ အားလုံး ပူးပေါင်းဆောင်ရွက်မယ်လို့ မျှော်လင့်တယ်။ ငါ မေးခွန်းတစ်ခု မေးမယ်၊ မင်းတို့ ဖြေရမယ်။ ကောင်းကောင်း ဖြေရင် အသက်ချမ်းသာပေးမယ်။ ကောင်းကောင်း မဖြေနိုင်ရင် ခေါင်းဖြတ်ခံရမယ်”

အရာရှိအုပ်စုက မျှော်လင့်ချက် အလင်းရောင်ကို မြင်လိုက်ရသလို အလျင်အမြန် ပြောလိုက်ကြသည်- “ကျေးဇူးပြုပြီး မေးပါ၊ စစ်သူကြီး။ ကျွန်တော်တို့ သိတာ မှန်သမျှကို ဘာမှ မချန်ဘဲ ပြောပြပါ့မယ်”

“ကောင်းပြီ၊ ဒါဆို ငါ မေးမယ်”

စစ်သူကြီးကျောက်က- “ဒီတိုင်းပြည်ရဲ့ ဘဏ္ဍာတိုက်နဲ့ နန်းတော်ရေးရာဌာနက ရွှေ၊ ငွေ၊ ကျောက်မျက်ရတနာတွေ ဘယ်ရောက်သွားလဲ၊ မင်းတို့ ရိုးရိုးသားသား ဖြေမယ်လို့ ငါ မျှော်လင့်တယ်”

အံ့ဩနေတဲ့ အရာရှိတစ်ဦးက- “တိုင်းပြည်ရဲ့ ဘဏ္ဍာတိုက်နဲ့ နန်းတော်ရေးရာဌာနက ရွှေ၊ ငွေ၊ ကျောက်မျက်ရတနာတွေက အမြဲတမ်း အဲဒီမှာပဲ ရှိတာလေ။ ဘယ်နေရာမှာ ဖွက်ထားနိုင်ဦးမှာလဲ”

ဘာအမူအရာမှ မပြောင်းလဲဘဲ၊ စစ်သူကြီးကျောက်က ဓားတစ်ချောင်းကို ဆွဲထုတ်ကာ လျှင်မြန်စွာ ခုတ်ချလိုက်သည်။

‘ဒုတ်’ ဟူသော အသံနဲ့အတူ အရာရှိရဲ့ ခေါင်းက မြေပေါ်ကျကာ၊ သွေးတွေ ပန်းထွက်လာခဲ့သည်။

“အား!!!” ပတ်ဝန်းကျင်က အရာရှိတွေ လန့်ဖြန့်သွားကြပြီး ကြောက်လန့်တကြား နောက်ဆုတ်လိုက်ကြတယ်။

“ဒီအဖြေကို ငါ မလိုချင်ဘူး။ ဆက်ပြော”

စစ်သူကြီးကျောက်က သွေးစွန်းနေတဲ့ ဓားကို ကိုင်ပြီး နောက်ထပ် အရာရှိတစ်ဦးကို ထောက်ကာ မေးလိုက်တယ်-“အခု မင်း အလှည့်ပဲ။ ပြော၊ ဘဏ္ဍာတိုက်က ငွေတွေကို ဘယ်မှာ ဖွက်ထားလဲ”

ထိုလူရဲ့ မျက်နှာက ဖြူဖတ်နေပြီး ချွေးတွေ ရွှဲနစ်နေကာ- “က...ကျွန်တော်… ကျွန်တော် မသိပါဘူး…”

နောက်ထပ် ခုတ်သံနဲ့အတူ ဒုတိယခေါင်းက မြေပေါ် ကျသွားခဲ့သည်။

“အား!!!” လူတိုင်းက ထပ်ပြီး ထိတ်လန့်တကြား အော်ဟစ်ခဲ့ကြသည်။

“အခု မင်း အလှည့်ပဲ၊ မင်း သိတာကို အမြန် ပြော” စစ်သူကြီးကျောက်က တတိယလူကို စစ်ဆေးလိုက်တယ်။

“ဒါပေမဲ့ က...ကျွန်တော် တကယ် မသိပါဘူး… ကျေးဇူးပြုပြီး စစ်သူကြီး သနားပါအုံး…”

‘ဒုတ်’ ဟူသော အသံနဲ့အတူ တတိယခေါင်းက မြေပေါ် ကျသွားခဲ့သည်။

ဒီလိုနဲ့ စစ်သူကြီးကျောက်က လူ တစ်ဒါဇင်ကျော်ကို ခေါင်းဖြတ်သတ်ခဲ့ပေမဲ့၊ သူလိုချင်တဲ့ အဖြေကိုတော့ မရခဲ့ပေ။ ဒေါသတကြီးနဲ့ ဟိန်းဟောက်လိုက်ကာ- “ကောင်းပြီ၊ မင်းတို့ အားလုံးက… အသက်ထက် ပိုက်ဆံကို ပိုတန်ဖိုးထားကြတယ်ပေါ့၊ ပြောကြစမ်း၊ ဘဏ္ဍာတိုက်က ငွေတွေကို မင်းတို့ ဘယ်မှာ ဖွက်ထားလဲ”

အရာရှိတွေက ကြောက်လန့်တကြား တုန်ယင်နေကြကာ- “စစ်သူကြီး၊ ဒါက ကျွန်တော်တို့ မဟုတ်ပါဘူး၊ ကျွန်တော်တို့ တကယ် ဘဏ္ဍာတိုက်က ငွေတွေကို မဖွက်ထားပါဘူး”

စစ်သူကြီးကျောက်က ဒေါသတကြီးဖြင့်- “ဒါပေမဲ့ အဲဒီ ခွေးဘုရင်ကလွဲလို့၊ မင်းတို့မှာပဲ ဘဏ္ဍာတိုက်ကို ဗလာဖြစ်အောင် လုပ်နိုင်တဲ့ စွမ်းရည်ရှိတာလေ။ သူက အခု အသက်ရှင်ဖို့အတွက် ထွက်ပြေးနေရတာ၊ ဒါတွေကို ဂရုစိုက်ဖို့ အချိန်မရှိဘူး။ မင်းတို့မှ မဟုတ်ရင် ဘယ်သူ ဖြစ်နိုင်မှာလဲ”

“တကယ်ပါ ကျွန်တော်တို့ မဟုတ်ပါဘူး၊ ကျွန်တော်တို့မှာ ဘယ်လိုလုပ်ပြီး သတ္တိ ရှိမှာလဲ”

စစ်သူကြီးကျောက်က အလွန် ဒေါသထွက်ပြီး သူတို့အားလုံးရဲ့ ခေါင်းတွေကို ဖြတ်ခိုင်းလိုက်သည်။ ထိုနေရာက သွေးတွေ စွန်းထင်းနေပြီးတော့ ကြောက်မက်ဖွယ် ကောင်းနေတော့သည်။

“အခုချက်ချင်း၊ နန်းတော်နဲ့ မြို့တော်တစ်ခုလုံးကို အပေါ်အောက် အကုန် ရှာဖွေကြ” လို့ သူ အမိန့်ပေးလိုက်သည်။

“အိမ်တိုင်းကို စစ်ဆေး၊ ဘယ်သူ့ကိုမှ မချန်ထားနဲ့။ ငါတို့တွေ သဲလွန်စ ဘာတစ်ခုမှ မတွေ့ဘူးဆိုတာကို ငါ မယုံဘူး”

“ဟုတ်ကဲ့ပါ၊ စစ်သူကြီး” ကျန်ရှိနေတဲ့ တပ်ဖွဲ့တွေ လှုပ်ရှားခဲ့ကြသည်။

တစ်ရက်အကြာမှာတော့ သူတို့တွေ နန်းတော်နဲ့ မြို့တော်တစ်ခုလုံးကို ရှာဖွေခဲ့ကြပေမဲ့၊ သူတို့ တွေ့ရှိခဲ့တဲ့ စုစုပေါင်း ငွေပမာဏက တေး ၁၀,၀၀၀ တောင် မရှိပေ ၊ အများစုက ကြေးဒင်္ဂါးတွေပဲ ဖြစ်နေခဲ့သည်။

ဒီရလဒ်ကို ကြားလိုက်ရတဲ့အခါ စစ်သူကြီးကျောက်က ဒေါသကြောင့် မူးမေ့လဲကျလုနီးပါးတောင် ဖြစ်ခဲ့သည်။

“ဘယ်သူက ဒီလောက်ထိ ပြောင်နေအောင် လုယက်သွားတာလဲကွ”

အဲ့ဒီအချိန်မှာပဲ စစ်သားတစ်ဦးက အလျင်အမြန် ဝင်လာခဲ့သည် “စစ်သူကြီး၊ သတင်းဆိုး ရှိနေပါတယ်၊ ကျွန်တော်တို့က စပါးကျီကို စစ်ဆေးဖို့ သွားတော့ စပါးတွေ အားလုံး ပျောက်နေတာ တွေ့လိုက်ရပါတယ်”

စစ်သူကြီးကျောက်က တုန်လှုပ်သွားကာ- “ဘာ! စပါးတွေပါ ပျောက်နေတာလား၊ အခုမှ ဆောင်းဦး ရိတ်သိမ်းပြီးကာစလေ၊ စပါးတွေ မရှိစရာ အကြောင်းမရှိဘူး”

“စစ်သူကြီး၊ တကယ်ပဲ မရှိပါဘူး၊ စပါးတစ်စေ့တစ်လေတောင် မတွေ့ရပါဘူး”

“မဖြစ်နိုင်ဘူး” ဒေါသထွက်နေတဲ့ စစ်သူကြီးကျောက်ဟာ စပါးကျီထဲကို ဝင်သွားခဲ့ပေမဲ့ တကယ်ပဲ ဗလာဖြစ်နေတာ၊ သူ့မျက်နှာထက်ပင် ပိုသန့်ရှင်းနေသော ကြမ်းပြင်ကိုသာ တွေ့လိုက်ရသည်။

သူ ဖန်နိုင်ငံရဲ့ အရာရှိတွေကို ဆွဲခေါ်ပြီး စစ်ဆေးချင်ပေမဲ့၊ သူက အားလုံးကို ခေါင်းဖြတ်သတ်ပြီးသွားပြီဖြစ်သည်။ သူ့ကို ပြန်ဖြေပေးမယ့်သူ တစ်ယောက်မှ မရှိတော့ဘူးဆိုတာကို သိလိုက်ရသည်။

ကံကောင်းခြင်းက နှစ်ခုဆက်တိုက် မလာပေမဲ့ ကံဆိုးခြင်းကတော့ ဘယ်တော့မှ တစ်ခုတည်း မလာပေ။ သတင်းဆိုးတွေ တစ်ခုပြီးတစ်ခု ဆက်တိုက် ရောက်လာနေတော့သည်။

“စစ်သူကြီးကို သတင်းပို့ပါတယ်၊ ဖန်နိုင်ငံရဲ့ သံသတ္တုတွင်း ပြိုကျသွားပါပြီ၊ အတွင်းက သံရိုင်းတွေ အားလုံးကလည်း တူးဖော်ပြီးသွားပါပြီ”

“စစ်သူကြီး၊ ပြဿနာရှိပါတယ်၊ ဖန်နိုင်ငံရဲ့ ငွေတွင်းကလည်း အခုဆို ဗလာဖြစ်နေပါပြီ”

“စစ်သူကြီး၊ ပြဿနာရှိနေပါတယ်၊ ကျွန်တော်တို့ တခြားမြို့တွေကို ရှာဖွေခဲ့ပေမဲ့၊ ဘယ်နေရာမှာမှ ငွေကြေး ဒါမှမဟုတ် အစားအစာတွေ မတွေ့ရပါဘူး”

“စစ်သူကြီး၊ ဆိုးရွားတဲ့ အခြေအနေတွေ ဖြစ်နေပါပြီ…”

စစ်သူကြီးကျောက်က နားထောင်ရင်း ဒေါသတွေ ပိုထွက်လာကာ သူ့တစ်ကိုယ်လုံး တုန်ယင်နေလေသည်။

သူ ကြိုးစားအားထုတ်ခဲ့ရသမျှ၊ တစ်လ အကြာတောင် တိုက်ခိုက်ခဲ့ရသမျှ၊ စစ်သည် ၄၀၀,၀၀၀ ကိုတောင် ဆုံးရှုံးခဲ့လိုက်ရတာတောင်မှ ရလဒ်က အထီးကျန်ခြင်းပဲလား?

သို့သော်လည်း၊ ဒီသတင်းတွေက အဆိုးဆုံး မဟုတ်သေးချေ။

“စစ်သူကြီးကို သတင်းပို့ပါတယ်၊ ကျွန်တော်တို့ အခုလေးတင် နောက်ဆုံး ထောက်လှမ်းရေးသတင်း ရရှိခဲ့ပါတယ်။ ဖန်နိုင်ငံရဲ့ ဧကရာဇ်နဲ့ သူ့မိသားစုဟာ မဟာရှကို ထွက်ပြေးခဲ့ကြပြီး၊ မဟာရှရဲ့ ဧကရာဇ်ကနေ ဖန် မြို့စားဘွဲ့ကို ချီးမြှင့်ခြင်း ခံခဲ့ရပါတယ်။ မြို့စားရဲ့ အခွင့်အရေးအားလုံးကိုလည်း ခံစားနေရပါတယ်”

“အား!!!” စစ်သူကြီးကျောက်ရဲ့ ဒေါသတွေ ပေါက်ကွဲသွားခဲ့သည်။

“ငါက တတိယမြောက် ဧကရာဇ်ကို လွတ်မြောက်ခွင့် ပေးခဲ့ပြီး၊ သူက မဟာရှကို ရောက်သွားရုံသာမက၊ မြို့စားဘွဲ့တောင် ရလိုက်သေးတယ်လား”

အများကြီး စဉ်းစားနေစရာ မလိုတော့ပေ။ ထိုသူသည် မဟာရှကို ငြင်းဆန်လို့မရသည့် တန်ဖိုးတစ်ခုကို ပေးခဲ့မှာ သေချာသည်။

မဟုတ်ရင်၊ မဟာရှက ဘာလို့ မြို့စားဘွဲ့ကို ပေးရမှာလဲ?

ဆိုလိုတာက၊ သူ နောက်ထပ် ရတနာတစ်ခုကို ဆုံးရှုံးလိုက်ရပြီဖြစ်သည်၊ မဟာရှကို ဘာမှ အားထုတ်စရာမလိုစေဘဲ အကျိုးအမြတ်တွေ ရစေခဲ့သည်။

ဒါက တတိယအကြိမ် ဖြစ်နေပြီ ဖြစ်သည်။

တခြားသူတွေ ပိုက်ဆံရနေတာကို ကြည့်နေရတာက သူ့ကိုယ်ပိုင် ပိုက်ဆံကို ဆုံးရှုံးလိုက်ရတာထက်တောင် ပိုပြီး စိတ်ဓာတ်ကျစရာ ကောင်းနေခဲ့သည်။

အဲ့ဒီအချိန်မှာ သူ တကယ်ပဲ လူသတ်ချင်တဲ့ စိတ်တွေ ဖြစ်ပေါ်လာခဲ့သည်။

သူ့ရဲ့ ဒေါသတွေကို အလွန်အမင်း ပေါက်ကွဲပစ်ချင်နေပြီ ဖြစ်သည်။

All Chapters