← Chapters

အခန်း (၁၃၇)

Vol. 11 Ch. 137

အခန်း (၁၃၇)

Vol. 11 Ch. 137

လင်းပိုင်ဖန်က ဝမ်းသာအားရဖြင့်- "မြန်မြန်ပြစမ်း၊ ဘယ်လိုရတနာတွေများ ထုလုပ်ထားလဲဆိုတာ"

“ပထမဆုံးအနေနဲ့ကတော့ ဒီ ရေခဲပုစဥ်းတောင်ပံဓား ပဲ”

အိုးယဲ့ဇီသည် ရတနာတစ်ခုကို ဆက်သသကဲ့သို့ ဓားတစ်ချောင်းကို ထုတ်ပြလိုက်သည်။ ဤဓားသည် အလွန်ပင် ထူးခြားနေပြီး၊ ၎င်းသည် အမှန်တကယ်ပင် ဖောက်မြင်နေရသည်။

"ဒါကို ကျွန်တော်မျိုး ကိုယ်တိုင်၊ တောင်ပေါ် အေးခဲ ကျောက်တုံး၊ ကျောက်စိမ်းနဲ့ တခြားပစ္စည်းတွေသုံးပြီး ထုလုပ်ထားတာ။ လုံးဝရေခဲလိုမျိုး ကြည်လင်နေပြီး ပုစဥ်းတောင်ပံတစ်ချပ်လို ပါးလွှာပါတယ်။ ကိုင်လိုက်တဲ့အခါလည်း အလေးချိန်မရှိသလောက်ကို ခံစားရလို့ ဒီလိုနာမည်ပေးထားတာပါ။ ဒါပေမဲ့ သူ့ရဲ့ ပါးလွှာမှုနဲ့ ပေါ့ပါးမှုကို ကြည့်ပြီးတော့ အထင်မသေးလိုက်ပါနဲ့။ ဒါဟာ ရန်သူကို သတ်နိုင်တဲ့ အပြင်၊ တောင်နဲ့ ကျောက်တုံးတွေကို အလွယ်တကူ ခွဲနိုင်တဲ့ အစွမ်းထက်လက်နက်တစ်ခုပါ"

လင်းပိုင်ဖန်က ယူပြီး စစ်ဆေးကြည့်လိုက်ကာ- "လှလိုက်တဲ့ ဓား"

ပေါ့ပေါ့ပါးပါး တစ်ချက်ဝှေ့ယမ်းလိုက်ရုံဖြင့် ကျောက်တန်းတစ်ခုကို အလွယ်တကူ ဖြတ်တောက်လိုက်လေသည်။

"သံကို ရွှံ့စေးပမာ ဖြတ်တောက်နိုင်ပါလား"

ဆက်ပြီး ဝှေ့ယမ်းကြည့်လိုက်ရာ၊ ဓားသွားသည် ပျောက်ကွယ်သွားသကဲ့သို့ဖြစ်နေပြီး လေထဲတွင် အသံမထွက်ဘဲ လှီးဖြတ်သွားသည်ကို သတိထားမိလိုက်သည်။

"တိတ်ဆိတ်ပြီးတော့ တော်ရုံ မမြင်ရတဲ့ ဒီဓားက လုပ်ကြံသတ်ဖြတ်ဖို့အတွက် အကောင်းဆုံးပဲ။ တကယ်ပဲ ရှားပါးတဲ့ ရတနာဓားတစ်ချောင်းပါပဲ။ ငါကိုယ်တော် ဒါကို ပိုင်ဇူကို ပေးအပ်လိုက်မယ်" သူသည် ထိုဓားကို ထောင့်တစ်နေရာဆီ ပေါ့ပေါ့ပါးပါး လွှင့်ပစ်လိုက်သည်။

ပိုင်ဇူလည်း ပေါ်လာခဲ့ပြီး ရေခဲပုစဥ်းတောင်ပံဓားကို အဖိုးအထိုက်ဆုံးရတနာရရှိသကဲ့သို့ ဖမ်းဆုပ်လိုက်ပြီး၊ "ကျေးဇူးတင်ပါတယ်၊ အရှင်မင်းကြီး" ဟု ပြောလိုက်သည်။

"အရှင်မင်းကြီး၊ အခု ဒုတိယဓားကို ကြည့်ရှုတော်မူပါ" အိုးယဲ့ဇီသည် ဒုတိယဓားအိတ်ကို ဖွင့်လိုက်လေသည်။

"ဒါကတော့ ကျိူးရှင်းဓား ပါ။ ရိုးရိုးဓားတွေနဲ့ မကွာခြားပေမဲ့ ဒီဓားသွားကလည်း သံကို ရွှံ့ပမာ ဖြတ်နိုင်ပါတယ်။ ဒါ့အပြင်ကိုမှ ဒီဓားမှာ စိတ်ဝိညာဉ် ရှိနေပါတယ်။ အချိန်အကြာကြီး ပိုင်ဆိုင်ထားတဲ့ သူတိုင်း ဓားရဲ့ စိတ်ဝိညာဉ်နဲ့ ဆက်သွယ်ပြီး ကိုယ့်ရဲ့ ခြေလက်အင်္ဂါတွေလို အလွယ်တကူ ထိန်းချုပ်နိုင်ကာ ခွန်အားကို အကြီးအကျယ် မြှင့်တင်ပေးနိုင်ပါတယ်"

လင်းပိုင်ဖန်သည် ကျိူးရှင်းဓားကို ကိုင်တွယ်လိုက်ရာ ဓားအတွင်း၌ သူနှင့် ဆက်သွယ်လိုသည့် စိတ်ဝိညာဉ်တစ်ခုရှိနေသည်ကို သဲ့သဲ့လေး ခံစားလိုက်ရသည်။

"ဒါလည်း ဓားကောင်းတစ်ချောင်းပဲ၊ အရက်ဓားအင်မော်တယ်က ဓားတွေကို ချစ်မြတ်နိုးတာမို့ သူ့ကို ပေးဖို့ အသင့်တော်ဆုံးပဲ"

"ကျွန်တော်မျိုးလည်း သူကသာ အသင့်တော်ဆုံးလို့ ထင်ပါတယ်"

ထို့နောက်တွင် အိုးယဲ့ဇီသည် တန်ဖိုးရှိသော ဓားနှစ်ချောင်းနှင့် နတ်လှံတစ်ချောင်းတို့ကို ထပ်မံဆက်သခဲ့ပြီး လင်းပိုင်ဖန်ကလည်း ၎င်းတို့ကို တန်ဖိုးမဖြတ်နိုင်သော ရတနာများကဲ့သို့ မြတ်နိုးခဲ့လေသည်။

"အိုးယဲ့ဇီက တကယ်ပဲ လက်နက်တွေ ထုလုပ်တဲ့နေရာမှာ ကျွမ်းကျင်တာပဲ။ ကောင်းကောင်း ထုလုပ်နိုင်ရုံသာမက ထုတ်လုပ်နိုင်စွမ်းကလည်း မြင့်မားလှတယ်။ သူ့ကို ခန့်အပ်ခဲ့တာက တကယ်ကို မှန်ကန်တဲ့ ဆုံးဖြတ်ချက်ပဲ။"

"ဒါပေမဲ့ ဒီအဖိုးတန်ဓားတွေ ဘယ်လောက်ပဲ ကောင်းနေပါစေ၊ ကျွန်တော်မျိုး ပြင်ဆင်နေတဲ့ ဓားနဲ့တော့ မယှဉ်နိုင်ပါဘူး"

အိုးယဲ့ဇီ၏ မျက်လုံးများက တောက်ပလာကာ- "နောက်တစ်ခုအနေနဲ့၊ ကျွန်တော်မျိုး ဥက္ကာခဲကို အဓိကပစ္စည်းအဖြစ် အသုံးပြုပြီး၊ ဧရာမ မြွေကြီးရဲ့ ခေါင်းအခွံကို အကူအဖြစ်၊ တခြားအဖိုးတန် ပစ္စည်းတွေနဲ့အတူ ကမ္ဘာပေါ်မှာ နံပါတ်တစ် ဓားကို ဖန်တီးဖို့ စီစဉ်ထားပါတယ်။ ဒီဓားဟာ ကောင်းကင်နဲ့ မြေကြီးကို တုန်လှုပ်စေမယ့်၊ နတ်ကောင်းရော၊ နတ်ဆိုးတွေကိုပါ ငိုကြွေးစေနိုင်မယ့်၊ ဘယ်အရာနဲ့မှ မတူညီတဲ့ အစွမ်းထက်တဲ့ ဓားတစ်လက် ဖြစ်လာပါလိမ့်မယ်"

လင်းပိုင်ဖန်က အားရပါးရ ရယ်လိုက်ကာ- "ကောင်းတယ်၊ ရှေ့ဆက်ပြီး ယုံယုံကြည်ကြည်နဲ့သာ ဆက်လုပ်ပါ ၊ ငါကိုယ်တော် အပြည့်အဝ ထောက်ခံတယ်"

လင်းပိုင်ဖန်၏ အပြည့်အဝ ထောက်ခံမှုကြောင့် အိုးယဲ့ဇီသည် အလျင်အမြန်ပဲ ပြန်ပြေးလာခဲ့သည်။

ထို့နောက် လင်းပိုင်ဖန်သည် နတ်လှံတစ်ချောင်းကို ယူဆောင်ပြီး စစ်တန်းလျားသို့ ချိုင်ယွီရှင်းအား သွားရှာခဲ့သည်။

ထိုအချိန်တွင် ချိုင်ယွီရှင်းသည် အမျိုးသမီး စစ်သည်တွေကို လေ့ကျင့်ပေးနေပြီး၊ သူတို့သည် အတော်အတန် ပုံစံကောင်း ရနေပြီဖြစ်သည်။

လင်းပိုင်ဖန်ကို မြင်သောအခါ သူမ အလွန် အံ့သြသွားပြီး- "အရှင်မင်းကြီး၊ ဘာကိစ္စနဲ့ ရောက်လာတာပါလဲ"

လင်းပိုင်ဖန်က ပြုံးကာ- "အရေးကြီးကိစ္စတော့ မရှိပါဘူး။ မင်းကို လာတွေ့ဖို့နဲ့ မဟာရှရဲ့ အမျိုးသမီးစစ်သည်တွေ လေ့ကျင့်နေတာကို ကြည့်ရှုဖို့ အထူးတလည် လာခဲ့တာ။ ဒါ့အပြင် မင်းအတွက် လက်ဆောင်တစ်ခုလည်း ယူလာတယ်"

"ဘယ်လို လက်ဆောင်လဲ" ချိုင်ယွီရှင်းက စိတ်လှုပ်ရှားစွာ မေးလိုက်သည်။

လင်းပိုင်ဖန်က လက်ခုပ်တီးကာ အမိန့်ပေးလိုက်သည်- "ယူခဲ့"

အမတ်လေးယောက်သည် ငွေမီးခိုးရောင် ရှိသော လှံရှည်ကြီးတစ်ချောင်းကို မနည်းရုန်းကန်၍ သယ်ဆောင်လာလေသည်။

လင်းပိုင်ဖန်က ပြုံးကာ- "ဒါက ငါတောင်းဆိုထားလို့ ဆရာကြီး အိုးယဲ့ဇီက မင်းအတွက် အထူးထုလုပ်ပေးထားတဲ့ နတ်လှံတစ်ချောင်းပဲ။ သူ့ကို တောက်လောင်နေသည့် မီးနတ်လှံ လို့ နာမည်ပေးထားတယ်။ ဖျက်ဆီးလို့ မရနိုင်ဘူး၊ ရန်သူကို တိုက်ခိုက်ဖို့အတွက် မီးတောက်တွေကို ဆင့်ခေါ်နိုင်ပြီး၊ ကြယ်တာယာချီ အကာအကွယ်ကိုတောင် ထိုးဖောက်နိုင်တယ်။ ကြည့်ပါဦး၊ မင်းကြိုက်ရဲ့လား"

ချိုင်ယွီရှင်းသည် တောက်လောင်နေသည့် မီးနတ်လှံကို လက်တစ်ဖက်တည်းဖြင့် ဆွဲယူပြီး လွှဲယမ်းလိုက်သည်။

ချက်ချင်းဆိုသလို မီးတောက်များ ပြင်းထန်စွာ တောက်လောင်လာပြီး၊ ပျံသန်းနေသည့် ဖီးနစ်ငှက်က အတောင်ဖြန့်လိုက်သကဲ့သို့ဖြစ်နေကာ ပတ်ဝန်းကျင်မှ နှင်းများ အရည်ပျော်ကုန်ကြသည်။

"ဒါက အံ့ဩစရာကောင်းတဲ့ လှံတစ်ချောင်းပဲ၊ တကယ်ကို ကြိုက်တယ်။ ကျေးဇူးတင်ပါတယ်၊ အရှင်မင်းကြီး"

လင်းပိုင်ဖန်က ပျော်ရွှင်စွာ ရယ်မောလိုက်ကာ- "မင်းကြိုက်ရင် ပြီးတာပဲ"

"အရှင်မင်းကြီး၊ ကျွန်မဆီမှာလည်း အရှင်မင်းကြီးအတွက် လက်ဆောင်တစ်ခု ရှိပါတယ်" ချိုင်ယွီရှင်း၏ မျက်နှာသည် မီးလျှံကဲ့သို့ နီရဲနေသည်။

"ဘယ်လို လက်ဆောင်လဲ" လင်းပိုင်ဖန်က စူးစမ်းစွာ မေးလိုက်သည်။

"ကျွန်မနဲ့ လိုက်ခဲ့" လင်းပိုင်ဖန်ကို တဲအတွင်းသို့ ဆွဲခေါ်သွားခဲ့သည်။

ခဏအကြာတွင် လင်းပိုင်ဖန်သည် မျက်နှာတွင် နှုတ်ခမ်းအရာ အမှတ်အသားများစွာဖြင့် တဲထဲမှ မူးနောက်နောက်ဖြင့် ထွက်လာခဲ့သည်။

"ဒီမိန်းမက တကယ်ကို၊ အမြဲတမ်းပဲ တိုက်ခိုက်နေတာ ဒါမှမဟုတ် မီးပွင့်မတတ် အပြန်အလှန် နှီးနှော ဖလှယ်ချင်နေပါလား၊ လုံးဝကို ကြိုတင်ခန့်မှန်းလို့ မရဘူးပဲ"

ထိုအချိန်တွင် လင်းပိုင်ဖန်သည် ရင်းနှီးပုံရသော ပုံရိပ်တစ်ခု ချဉ်းကပ်လာသည်ကို မြင်လိုက်ရသည်။ သူသည် စစ်တန်းလျားအပြင်ဘက်တွင် ပုန်းလျှိုးကွယ်လျှိုး ရပ်နေပြီး အတွင်းရှိ နီရဲနေသော ပုံရိပ်ကို လိုလားတောင့်တသော မျက်လုံးများဖြင့် မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေသည်။ ကျနေသော နှင်းများကလည်း သူ့ပခုံးကို ဖြူဖွေးနေစေခဲ့သည်။

လင်းပိုင်ဖန်က လျှောက်သွားပြီး ကျောကို အားပါးတရ ပုတ်လိုက်ကာ- " ကိုးယောက်မြောက်မင်းသား ဘာလို့ ထပ်လာတာလဲ၊ မင်းရဲ့ မလျှော့သေးတဲ့ ဆန္ဒတွေက ရှိနေသေးလို့လား"

"မင်းပဲလား…"

ကိုးယောက်မြောက်မင်းသားက သက်ပြင်းချလိုက်ကာ- "တစ်နှစ်ကလည်း ကုန်ခါနီးပြီ၊ အိမ်ပြန်ဖို့က ပြင်ရတော့မယ်။ ဒီတစ်ခါ ခွဲခွာပြီးရင် ဘယ်တော့မှ ထပ်ဆုံမလဲဆိုတာ ဘယ်သူသိမလဲ။ ဒါကြောင့် မထွက်ခွာခင် ဆရာတူ အစ်မကို တစ်ခေါက်လောက် ထပ်ကြည့်သွားချင်တာပါ"

လင်းပိုင်ဖန်- "မင်းက မျိုးသုဉ်းတော့မယ့် လူကောင်းတစ်ယောက် ဖြစ်နေလိမ့်မယ်လို့ ငါ မထင်ခဲ့မိဘူး"

ကိုးယောက်မြောက်မင်းသားရဲ့ မျက်နှာမှာ ဘာခံစားချက်မှ မရှိပဲ- " ငါ့ကို လူကောင်းတစ်ယောက်လို့ ချီးကျူးတာက အဆင်ပြေပါတယ်၊ ဒါပေမဲ့ 'မျိုးသုဉ်းတော့မယ့်' ဆိုတဲ့ စကားလုံးကိုတော့ ရှေ့ကနေ မတပ်ဖို့ တောင်းဆိုချင်ပါတယ်"

"ရပါတယ်၊ ပြဿနာမရှိပါဘူး"

လင်းပိုင်ဖန်သည် တစ်ဖန် စိတ်လှုပ်ရှားသွားပြီး- "မင်းက ကမ္ဘာပေါ်မှာ ရှာမှရှားတဲ့ လူကောင်းတစ်ယောက် ဖြစ်နေလိမ့်မယ်လို့ ငါ မထင်ခဲ့မိဘူး"

ကိုးယောက်မြောက်မင်းသား- “....”

ကိုးယောက်မြောက်မင်းသားက သက်ပြင်းချလိုက်ကာ- "ထားလိုက်ပါတော့၊ မင်းနဲ့ စကားများဖို့ စိတ်မပါနေဘူး။ တကယ်တော့ ဆရာတူ အစ်မက မင်းလို အရှက်မရှိတဲ့သူကို ဘယ်လိုများ ချစ်သွားလဲဆိုတာ ငါ နားမလည်နိုင်သေးဘူး"

"မင်းနားမလည်နိုင်တဲ့ အရာတွေ အများကြီးရှိတယ်ကွ။ ဒီ အမျိုးသမီးတွေက ဘာလို့ ငါ့ကို အမြဲတမ်း အရူးအမူးချစ်နေလဲဆိုတာ ငါလည်း နားမလည်နိုင်သေးဘူး"

လင်းပိုင်ဖန်က သက်ပြင်းချလိုက်ကာ- “ တစ်ခါတစ်ရံ အလွန်ထူးချွန်လွန်းနေတာကလည်း ကျိန်စာတစ်ခုလိုပဲကွ၊ ကိုယ့်ရဲ့ လက်တွဲဖော်ကိုတောင် ရွေးချယ်ခွင့် မရှိဘူး”

ကိုးယောက်မြောက်မင်းသား- “.....”

ထိုအချိန်တွင် ကိုးယောက်မြောက်မင်းသားသည် လင်းပိုင်ဖန်၏ မျက်နှာပေါ်ရှိ အမှတ်အသားတွေကို သတိထားမိသွားသည်- "မင်းမျက်နှာ ဘာဖြစ်တာလဲ"

လင်းပိုင်ဖန်- "တစ်ယောက်ယောက်က နမ်းသွားတာ"

ကိုးယောက်မြောက်မင်းသား- "ဘယ်သူက နမ်းတာလဲ"

လင်းပိုင်ဖန်က သက်ပြင်းချလိုက်ကာ- "မမေးစမ်းပါနဲ့၊ မင်း မသိချင်ပါဘူး"

နဝမမင်းသား၏ ခုခံကာကွယ်မှုတွေ ချက်ချင်း ကွဲကြေသွားပြီး တုန်ရီသောအသံဖြင့် ပြောလိုက်သည်- "ဆရာတူအစ်မတော့ မဟုတ်ဘူးမလား"

လင်းပိုင်ဖန်က ခေါင်းခါလိုက်ကာ- "ဘယ်လိုပြောရမလဲ"

ကိုးယောက်မြောက်မင်းသား၏ မျက်လုံးများတွင် မျှော်လင့်ချက်များ တောက်ပလာခဲ့သည်။

"ဘယ်သူရှိရမှာလဲ"

ကိုးယောက်မြောက်မင်းသား- "F**k"

ရင်ဘတ်ပေါ် လက်တင်လိုက်ရာ အပြင်ဘက်က လေထက်တောင်မှ ပိုအေးတဲ့ အအေးဓာတ်ကို ခံစားလိုက်ရသည်။

"ဒီကို မလာခဲ့သင့်ဘူး..."

အချိန်အတော်ကြာမှ ရင်ဘတ်ပေါ်က ရေခဲပမာ အေးစက်နေတဲ့ လက်ကို ချနိုင်ခဲ့ပြီး၊ မတတ်သာတဲ့ အပြုံးဖြင့် ပြောလိုက်သည်- "မေ့လိုက်ပါတော့၊ မေ့လိုက်ပါတော့။ ငါနဲ့ ဆရာတူ အစ်မရဲ့ ကံကြမ္မာက ပြတ်တောက်သွားပြီ။ မင်းတို့ ဘာပဲဖြစ်ဖြစ် ငါ့ကိစ္စ မဟုတ်တော့ဘူး။ ငါလည်း ပြန်ဖို့ အသင့်ဖြစ်နေပြီ။ ဒါပေမဲ့ လင်းပိုင်ဖန်..."

ကိုးယောက်မြောက်မင်းသား၏ လေသံက တင်းမာသွားပြီး- "မင်းသာ ဆရာတူအစ်မကို ဆိုးဆိုးဝါးဝါး ဆက်ဆံနေတယ်ဆိုတာကိုသာ ကြားရမယ်ဆိုရင် မင်းကို ဘယ်တော့မှ အလွတ်ပေးမှာ မဟုတ်ဘူး"

"စိတ်ချပါ။ ငါ ယွီရှင်းကို ကောင်းကောင်း ဂရုစိုက်ပါ့မယ်"

လင်းပိုင်ဖန်က စိတ်ထဲ မပါ့တပါဖြင့် ပြောလိုက်သည်- “ ကိုးယောက်မြောက်မင်းသား၊ မင်းက တကယ် ပြန်တော့မလို့လား၊ တကယ်တော့ မင်းလို စိတ်ဝင်စားစရာကောင်းတဲ့သူမျိုးနဲ့ ဆုံဖို့ဆိုတာ ရှားတယ်လေ။ ငါ တကယ် မင်းနဲ့ မခွဲချင်ဘူး။ မင်းမသွားခင် မင်းကို တစ်ခုပြောချင်တာရှိတယ်"

လင်းပိုင်ဖန်၏ အလေးအနက်ထားပြီး ရိုးသားသော မျက်လုံးများကို ကြည့်ရင်း ကိုးယောက်မြောက်မင်းသား၏ ရင်ထဲတွင် လှုပ်ရှားသွားကာ- "ဘာများ ပြောချင်တာလဲ"

လင်းပိုင်ဖန်- "မင်းပြန်ရောက်ရင် အိမ်ထောင် ကောင်းကောင်း ရပြီး သားသမီး မြန်မြန် ရပါစေလို့ ငါ ဆုတောင်းပေးတယ်"

ကိုးယောက်မြောက်မင်းသားလည်း ဒေါသတွေဖြင့် တုန်ယင်နေပြီး- "မင်း အရမ်းကို ယုတ်မာတာပဲ၊ မင်းက ငါ့ကို လုံးဝကို ထောင်ချောက်ဆင်ပြီး ဆရာတူအစ်မနဲ့ မယှဉ်ပြိုင်နိုင်အောင် လုပ်ချင်နေတာကိုး"

"ငါ့ရဲ့ စေတနာကောင်းကို မြည်းအသည်းလို သဘောထားနေတာပဲ...။ ကောင်းပြီလေ၊ ကောင်းပြီ၊ ကောင်းပြီ၊ ငါ တခြား စကားလုံးတစ်ခု ပြောင်းလိုက်မယ်"

လင်းပိုင်ဖန်သည် တစ်ဖန် အလေးအနက် ပြောလိုက်သည်- "မင်းပြန်ရောက်ရင် မင်းရဲ့ အချစ်ဆုံး ကြင်ဖော် အမျိုးသမီးနဲ့ သူမရဲ့ ခင်ပွန်းကိုလည်း မင်း မဖြစ်မနေ တွေ့ပါစေလို့ ဆုတောင်းပေးလိုက်တယ်"

ကိုးယောက်မြောက်မင်းသား- "ချီးလိုပဲ၊ ဒါက ပိုတောင်မှ ယုတ်မာနေသေးတယ်"

All Chapters