← Chapters

အခန်း (၁၃၃)

Vol. 11 Ch. 133

အခန်း (၁၃၃)

Vol. 11 Ch. 133

အိုးယဲ့ဇီသည် မဲမှောင်ပြီး တောက်ပြောင်နေသော ကျောက်တုံးတစ်တုံးရှေ့သို့ ရောက်လာပြီး အံ့အားသင့်စွာဖြင့်- “အိုး…ဒါက သေချာပေါက် ရွှေမည်းကျောက်ပဲ ။ အပေါ်ယံက မှင်လို မည်းနက်နေပြီး အလင်းပြန်ခြင်းလည်း မရှိဘူး။ ရွှေထက် ပိုတန်ဖိုးရှိလို့ ဒီလိုနာမည်ပေးထားတာပဲ။ ဒီပစ္စည်းက လုပ်ကြံသတ်ဖြတ်ရေး လက်နက်တွေ ထုလုပ်ဖို့အတွက် အကောင်းဆုံးပဲ၊ အင်မတန် ရှားပါးတာကို မင်းက ဂျင် တစ်ရာကျော်တောင်မှ ပိုင်ဆိုင်ထားတာလား?”

သူသည် ခေါင်းလှည့်၍ အခြားအရာတစ်ခုကို ကြည့်ပြီး ထပ်မံ၍ အံ့အားသင့်စွာဖြင့်- “အာ... ဒါက နှစ်တစ်ထောင် အေးခဲသံပဲ ။ ဒီပစ္စည်းက ပုံမှန်အားဖြင့် ရေခဲမြေအောက် နက်နက်မှာ မြှုပ်နှံနေတာ၊ သာမန်လူတွေ မရနိုင်ဘူး။ လက်နက်အဖြစ် သွန်းလုပ်ရင်လည်း သေစေနိုင်လောက်တဲ့ ကိရိယာတွေပဲ။ ထိလိုက်ရင် အရေပြားကို အေးစိမ့်သွားစေပြီး ဓားတစ်ချက်နဲ့ လည်မျိုကို လှီးဖြတ်နိုင်တယ်။ ဘယ်လိုတောင်မှ တန်ဖိုးရှိလိုက်တဲ့ ရတနာလဲ”

ထို့နောက် သူသည် စင်၏ အခြားတစ်နေရာကို ကြည့်ပြီး ထပ်မံ၍ အံ့အားသင့်စွာဖြင့်- “ဒါက ကြေးနီရောင် သတ္တုများလား။ ဒီပစ္စည်းက ချော်ရည်တွေထဲကနေ မွေးဖွားလာတာပဲ၊ အနီရောင် တောက်ပနေပြီး အတိုင်းမသိ ပူပြင်းတယ်။ လက်နက်အဖြစ် သွန်းလုပ်လိုက်မယ်ဆိုရင် ယန်စွမ်းအင်တွေ သုံးရတဲ့ သိုင်းပညာနဲ့ ပေါင်းစပ်လိုက်ရင် စွမ်းအားက အနည်းဆုံး သုံးဆယ်ရာခိုင်နှုန်းထိ တိုးလာနိုင်တယ်”

ပစ္စည်းတစ်ခုစီကို တွေ့တိုင်း အိုးယဲ့ဇီသည် အံ့အားတကြီး အော်ဟစ်ပြီး ၎င်း၏ ဇာစ်မြစ်ကို တိကျစွာ ဖော်ထုတ်နိုင်ခဲ့သည်။

လင်းပိုင်ဖန်က လက်မထောင်ပြကာ ချီးကျူးလိုက်လေသည်။ “တကယ်ပဲ ကမ္ဘာကျော် ပန်းပဲဆရာဆိုတဲ့ နာမည်နဲ့ ထိုက်တန်ပါပေတယ်။ ဒီရတနာတွေအားလုံးကို မှတ်မိနေတယ်... အထင်ကြီးစရာပဲ”

“ဒီရတနာတွေက ရှာရခက်ပြီး တန်ဖိုးမဖြတ်နိုင်ဘူး။ မင်းဘယ်လိုရခဲ့တာလဲ” အိုးယဲ့ဇီသည် ရွှေနှင့်တူသော ကျောက်တုံးတစ်ခုကို ပွေ့ထားပြီး လက်ကမလွှတ်ဘဲ မေးလိုက်သည်။

လင်းပိုင်ဖန်က တိတ်တဆိတ် ပြုံးလိုက်သည်။ ဒီပစ္စည်းအများစုက မြေအောက်နက်နက်မှာ မြှုပ်နေတာဆိုတော့ သာမန်လူတွေ ရှာရခက်တာတော့ အမှန်ပင်။

ဒါပေမဲ့ အင်ပါယာ မြေပုံ ရှိတဲ့ သူ့အတွက်ကျတော့ လိုသလောက် ရနိုင်နေတာပဲ မဟုတ်ပေဘူးလား။

“လွန်ခဲ့တဲ့ လအနည်းငယ်အတွင်းမှာပဲ ဒီနေရာမှာ ငလျင် လှုပ်မှုတွေ အကြိမ်ပေါင်းများစွာ ဖြစ်ခဲ့ပြီးတော့ အဲ့ဒီကနေ ဖြစ်လာတဲ့ မြေလွှာ အက်ကြောင်းတွေထဲကနေ ဒီပစ္စည်းတွေအားလုံးကို ရှာတွေ့ခဲ့တာပဲ။ ဒီအရာတွေက သာမန် မဟုတ်ဘူးဆိုတာ သိတဲ့အတွက် စုဆောင်းထားလိုက်တာပဲ”

“ကံကောင်းလိုက်တဲ့ ကောင်”

အိုးယဲ့ဇီက မနာလိုစွာဖြင့် “ ငလျင် လှုပ်ခဲ့ရင်တောင်မှ ရတနာ တစ်ခုနှစ်ခု ရှာတွေ့ခဲ့ရင်တောင်မှ ကံကောင်းပြီလို့ ဆိုရမှာ၊ ဒါပေမဲ့ မင်းက အများကြီး ရှာတွေ့ခဲ့တာလား?”

“ဒါက ကောင်းကင်ဘုံက ပေးတဲ့ ကံကောင်းခြင်းပဲလို့ ပြောရမှာပေါ့။ ဆရာကြီး၊ ကျေးဇူးပြုပြီး နောက်က အခန်းကို သွားကြည့်လိုက်ရအောင်”

“ဘာ။ နောက်ထပ်ရှိသေးတာလား” အိုးယဲ့ဇီက အံ့အားသင့်စွာ အော်လိုက်သည်။

“ရှိတာပေါ့၊ ထပ်ရှိသေးတယ်”

လူအုပ်စုကြီးသည် နောက်က အခန်းသို့ လျှောက်သွားကြသည်။

ဒီအခန်းက နည်းနည်းတော့ မှောင်မည်းနေပြီး ကြောက်စရာကောင်းနေခဲ့သည်။ ဘာလို့လဲဆိုတော့ သူတို့ဝင်လိုက်တာနဲ့ နဂါးတစ်ကောင်လို ကွေးနေတဲ့ အရိုးစုကြီး တစ်ခုကို မြင်လိုက်ရလို့ပင် ဖြစ်သည်။

“ဒါဘာကြီးလဲ။ ကြည့်ရတာ ကြောက်မက်ဖွယ် သားရဲတစ်ကောင်ရဲ့ အကြွင်းအကျန်တွေလိုပဲ” အိုးယဲ့ဇီက အံ့သြစွာဖြင့် ပြောလိုက်သည်။

“ဟုတ်တယ်၊ ဒါတွေက ဧရာမ မြွေကြီးတစ်ကောင်ရဲ့ အကြွင်းအကျန်တွေပဲ”

လင်းပိုင်ဖန်က ပြုံးကာ “အရှည်က မီတာ ၄၀ လောက် ရှိပြီး ခေါင်းက မီးပုံးလောက်ထိ ကြီးတယ်။ အသက်ရှင်စဉ်က ကြယ်တာယာချီအဆင့်ရဲ့ အထွတ်အထိပ် စွမ်းအားကို ပိုင်ဆိုင်ထားတယ်။ ခန္ဓာကိုယ်က ကြေးနီနဲ့ သံလို မာကျောပြီး အဆိပ်တွေကို ထုတ်လွှင့်နိုင်တဲ့အတွက် အင်မတန်ကိုမှ ကြောက်မက်ဖွယ် ကောင်းတယ်”

“ဒါပေမဲ့ ငါကိုယ်တော်ရဲ့ လူတွေက အဲ့မြွေကို သတ်လိုက်နိုင်တယ်လေ။ အသားကို စားပြီးတော့ အသွေးကို သောက်ခဲ့ကြပေမယ့် အရိုးစုကိုတော့ ထိန်းသိမ်းထားလိုက်တယ်။ ကြည့်လိုက်ပါဦး ဒီအရိုးစုတွေကို လက်နက်တွေ ထုလုပ်ဖို့ အသုံးပြုလို့ ရနိုင်တယ်မလား”

“သေချာပေါက် ရနိုင်တာပေါ့”

အိုးယဲ့ဇီက စိတ်လှုပ်ရှားစွာဖြင့်/ “ရှေးခေတ်တုန်းကဆိုရင် လက်နက်တွေ သွန်းလုပ်ခြင်း နဲ့ သတ္တုအရည်ကျိုခြင်း နည်းပညာတွေ မတီထွင်ခင်ကတည်းက လူတွေက တိရစ္ဆာန်တွေရဲ့ အကြွင်းအကျန်တွေကို လက်နက်အဖြစ် အသုံးပြုခဲ့ကြတာပဲလေ၊ ဒါက အလွန်ကို လက်တွေ့ကျတယ်။”

“ဒီမြွေကြီးရဲ့ အကြွင်းအကျန်တွေရဲ့ အရည်အသွေးက တခြား လက်နက်သွန်းလုပ်တဲ့ ပစ္စည်းတွေထက် နိမ့်ကျစရာ လုံးဝကို မရှိဘူး။ ပိုပြီးတော့ အသက်ရှင်စဉ်က မြွေကြီးရဲ့ ကြောက်မက်ဖွယ် အရှိန်အဝါကို ဆက်လက်ထိန်းသိမ်းထားတာကြောင့် သူ့ကို သွန်းလုပ်ထားတဲ့ လက်နက်တွေက သူရဲကောင်းတွေနဲ့ သားရဲအမျိုးမျိုးကို ခြောက်လှန့်နိုင်လိမ့်မယ်”

“ဒီမြွေကြီးရဲ့ အစွယ်တွေက မာကျောရုံသာမက သေစေနိုင်တဲ့ အဆိပ်ကိုပါ သယ်ဆောင်ထားတဲ့အတွက် လုပ်ကြံသတ်ဖြတ်သူတွေရဲ့ ဓားမြှောင်တွေအဖြစ် ထုလုပ်လိုက်ရင် ဓားတစ်ချက်နဲ့ အသေသတ်နိုင်လိမ့်မယ်”

“ပြီးတော့ ဒီမြွေရဲ့ အရေခွံက မာကျောပြီး ပြောင်းလွယ်ပြင်လွယ် ရှိတာကြောင့် သံချပ်ကာ အဖြစ်လည်း ပြုလုပ်နိုင်တယ်။ ချီဖွဲ့တည်ခြင်းအဆင့် တစ်ယောက်တောင်မှ ဒီလို ကာကွယ်မှုကို ချိုးဖျက်ဖို့ ခက်ခဲလိမ့်မယ်”

ထို့နောက်မှာတော့ အိုးယဲ့ဇီသည် လုံးဝကို လိုချင်တက်မက်လာခဲ့သည်။

အခန်းထဲရှိ မြွေကြီး၏ အကြွင်းအကျန်များကို ကြည့်ရင်း သူသည် အပိုင်းတိုင်းကို သဘောကျနေပြီး အားလုံးကို လိုချင်နေမိခဲ့သည်။

သူသည် ၎င်းတို့ကို နတ်လက်နက်များအဖြစ် ပြောင်းလဲလိုက်မယ်ဆိုရင် ဘယ်လိုတွေ ဖြစ်မလဲဆိုတာကို တွေးတောရင်း စိတ်အားထက်သန်နေသည်။

ထိုသို့ အတွေးသည်ပင်လျှင် ရင်ခုန်စရာပင် ဖြစ်သည်။

ထိုအချိန်တွင် လင်းပိုင်ဖန်က ပြုံးကာ လက်ခုပ်တီးလိုက်ပြီး “ဆရာကြီးကို အထူး ကျေးဇူးတင်ပါတယ်။ ဆရာကြီးရဲ့ လမ်းညွှန်မှုနဲ့ ငါကိုယ်တော် ဒီရတနာတွေကို ဘယ်လို အသုံးချရမယ်ဆိုတာ သိသွားပြီ။ ပြန်သွားပြီးတော့ ဆက်သောက်ကြရအောင်” ဟု ပြောလိုက်သည်။

“ဒီလောက် မြန်မြန် ပြန်တော့မလို့လား”

အိုးယဲ့ဇီက မချင့်မရဲဖြင့် “ဒီထက် နည်းနည်း ပိုကြာအောင် လှည့်ပတ်ကြည့်ရင်ကော ဘယ်လိုလဲ”

“ဒါတွေက ကျောက်တုံးတွေနဲ့ အရိုးတွေပဲလေ၊ ကြည့်စရာ ဘာရှိတော့မလဲ။ ပြန်သွားပြီး သောက်ကြစို့”

ထိုသို့ဖြင့် အိုးယဲ့ဇီကို ဆွဲခေါ်လာခဲ့သည်။

ပွဲတော်သို့ ပြန်ရောက်သောအခါ လင်းပိုင်ဖန်သည် အိုးယဲ့ဇီရှေ့မှ ပေါင်းခံအရက် ကုန်သွားသည်ကို သတိပြုမိသဖြင့် နောက်ထပ် အိုးတစ်အိုး ပေးလိုက်သည်။

အိုးယဲ့ဇီသည် ပေါင်းခံအရက်ကို သောက်ရသည်ကို အလွန်နှစ်သက်ပေသည်။

သို့သော်လည်း အခုတော့ အရသာ မရှိတော့ဘဲ သူ့စိတ်ထဲတွင် ထိုကျောက်တုံးများနှင့် အရိုးများသာ ပြည့်နေတော့သည်။

ထိုအချိန်တွင် စစ်သားတစ်ဦး အလျင်အမြန် ပြေးဝင်လာပြီး- “သတင်းပို့ပါတယ်.... အရေးပေါ်သတင်းပါ”

လင်းပိုင်ဖန်၏ မျက်နှာသည် လေးနက်သွားပြီး “ဘာဖြစ်ခဲ့တာလဲ” ဟု မေးလိုက်သည်။

“ဘုရင်မင်းမြတ်ကို သတင်းပို့ပါသည်၊ မြို့တော်ရဲ့ တောင်ဘက် လီ ၅၀ ခန့်အကွာမှာ ရှိတဲ့ လိုင်ယင်တောင်က ရုတ်တရက် ပြိုကျပြီးတော့ ပူပြင်းလှတဲ့ ချော်ရည်တွေ ထွက်ပေါ်လာပါတယ်”

လင်းပိုင်ဖန်လည်း အလွန်အံ့အားသင့်သွားကာ “ဒီလိုမျိုး ဖြစ်သွားတာလား။ ငါကိုယ်တော် ကိုယ်တိုင်ပဲ သွားကြည့်ရမယ်”

ထိုသို့ဆိုပြီး လင်းပိုင်ဖန်သည် ရထားပေါ်တက်ကာ ထိုနေရာသို့ အလျင်အမြန် သွားရောက်ခဲ့သည်။

အိုးယဲ့ဇီသည်လည်း ချော်ရည်တွေအကြောင်းကို ကြားလိုက်ရသဖြင့် လိုက်ပါလာခဲ့သည်။

မိုးလင်းသောအခါ လူအုပ်စုသည် လိုင်ယင်တောင်သို့ နောက်ဆုံးတွင် ရောက်ရှိခဲ့သည်။

လင်းပိုင်ဖန်သည် တောင်က ဘာမှ မပြောင်းလဲဘဲ ရှိနေသည်ကို မြင်သောအခါ အမျက်ဒေါသ ထွက်လာပြီး “လိုင်ယင်တောင် ပြိုကျသွားပြီလို့ မပြောခဲ့ဘူးလား။ ငါ့အတွက်တော့ လုံးဝ ပုံမှန်အတိုင်းပဲ။ မောင်မင်းပြောတဲ့ ချော်ရည်တွေက ဘယ်မှာလဲ။ ရှင်းရှင်းလင်းလင်း မရှင်းပြနိုင်ရင် ဧကရာဇ်ကို လိမ်ညာမှုအဖြစ်နဲ့ ကွပ်မျက်ခံရမယ်” ဟု ပြောလိုက်သည်။

ထိုနေရာကို စောင့်ကြပ်နေသော ဗိုလ်ချုပ်သည်လည်း ကြောက်ရွံ့တုန်လှုပ်နေပြီး- “ဘုရင်မင်းမြတ် ခင်ဗျာ၊ အမျက်ဒေါသကို ထိန်းတော်မူပါ။ လိုင်ယင်တောင်က တကယ်ပဲ ပြိုကျခဲ့တာပါ၊ ဒါပေမဲ့ အပေါက်ငယ်လေးပဲ ဖြစ်ပေါ်လာတာပါ ။ ချော်ရည်တွေကလည်း ရှိပါတယ်၊ ဒါပေမဲ့ လိုင်ယင်တောင်ရဲ့ နက်ရှိုင်းတဲ့ အတွင်းပိုင်းမှာ ရှိနေလို့ မျက်နှာပြင်ပေါ် မစီးဆင်းလာသေးတာပါ”

“ငါ့ကို လိုက်ပြစမ်း” လင်းပိုင်ဖန်က လက်ကို ဝှေ့ယမ်းကာ အမိန့်ပေးလိုက်သည်။

ထိုဗိုလ်ချုပ်၏ ဦးဆောင်မှုဖြင့် လူအုပ်စုသည် ပြိုကျနေသော အပေါက်ငယ်လေးမှတစ်ဆင့် ဝင်ရောက်လာခဲ့ကြသည်။

အပေါက်အတွင်းတွင် အောက်သို့ ဦးတည်နေသော လမ်းကြောင်းတစ်ခု ရှိနေသည်။

သူတို့သည် လမ်းကြောင်းအတိုင်း ဆင်းလာခဲ့ပြီး အထဲသို့ နက်ရှိုင်းလေလေ ပိုပူလေလေ ဖြစ်လာသည်။

အောက်သို့ အချိန်အတော်ကြာ ဆင်းပြီးနောက် မြေအောက်တွင် မှောင်မိုက်နေသော မြစ်တစ်စင်းကဲ့သို့ ဖြည်းညှင်းစွာ စီးဆင်းနေသော ပူပြင်းလှသည့် ချော်ရည်များကို နောက်ဆုံးတွင် မြင်တွေ့ခဲ့ရသည်။

အိုးယဲ့ဇီသည် ဖြည်းညှင်းစွာ စီးဆင်းနေသော ချော်ရည်များကို စိုက်ကြည့်နေပြီး သူ၏ မျက်နှာသည်လည်း ထိတ်လန့်တုန်လှုပ်နေကာ- “အမ်... ဒါက...”

လင်းပိုင်ဖန်က နားမလည်စွာဖြင့် “ဆရာကြီး ဘာဖြစ်တာလဲ” ဟု မေးလိုက်သည်။

အိုးယဲ့ဇီက စိတ်လှုပ်ရှားစွာဖြင့်- “ ကောင်လေး၊ ငါပြောပြမယ်၊ ငါ မီးတောင်ပေါင်း တစ်ရာကျော်ကို လေ့လာခဲ့ဖူးတယ်၊ ပြီးတော့ မီးတောင်ဝနဲ့ ဝေးလေလေ၊ ချော်ရည်တွေက ဖြည်းဖြည်း စီးလေလေပဲ၊ ဖြစ်ပေါ်လာတဲ့ မြေအပူစွမ်းအင်ကလည်း ပိုတည်ငြိမ်လေလေပဲ၊ အဲ့ဒီလို အခြေအနေက လက်နက်သွန်းလုပ်ဖို့အတွက် ပိုသင့်တော်လေလေပဲဆိုတာ ငါတွေ့ခဲ့ရတယ်။ ဒီနေရာက နတ်လက်နက်တွေ သွန်းလုပ်ဖို့အတွက် အကောင်းဆုံးနေရာပဲ”

လင်းပိုင်ဖန်သည် အလွန်ဝမ်းသာအားရ ဖြစ်သွားကာ- “တကယ်လား”

“ငါက ဘာလို့ မင်းကို လိမ်ရမှာလဲ”

အိုးယဲ့ဇီက မကျေမနပ်ဖြင့်- “မင်းက ငါ့ရဲ့ ကျွမ်းကျင်မှုကို မယုံဘူးလား”

“မဟုတ်ပါဘူး၊ အရမ်းကို စိတ်လှုပ်ရှားသွားလို့ပါ”

လင်းပိုင်ဖန်က စိတ်အားထက်သန်စွာဖြင့် “ငါကိုယ်တော့်မှာ လက်နက်သွန်းလုပ်ဖို့ ပစ္စည်းတွေ အများကြီးရှိတယ်၊ အခုတော့ အကောင်းဆုံး မြေအပူစွမ်းအင် နေရာကိုပါ ရှာတွေ့ခဲ့ပြီ၊ သေချာပေါက် နတ်ဘုရားလက်နက်တွေ အများကြီး ဖန်တီးနိုင်လိမ့်မယ်။ စောင့်ကြပ်သူတွေ၊ လာကြစမ်း။ ဒီဧရိယာကို ပိတ်ဆို့ထားလိုက်။ ငါ့ခွင့်ပြုချက်မရှိဘဲ ဘယ်သူမှ အနားကို ချဉ်းကပ်လို့ရဘူး”

“မှန်လှပါ အရှင်မင်းမြတ်”

လိုင်ယင်တောင်မှ ထွက်လာပြီးနောက် လင်းပိုင်ဖန်သည် ပျော်ရွှင်နေသော မျက်နှာထားဖြင့် ရှိနေဆဲဖြစ်သည်။

အိုးယဲ့ဇီသည်မူ တစ်မျိုးတစ်ဖုံ ဖြစ်နေပုံရပြီး ခြေလှမ်းတိုင်းတွင် နောက်သို့သာ ခဏခဏ လှည့်ကြည့်နေမိသည်။

ထိုအချိန်တွင် လင်းပိုင်ဖန်က ရုတ်တရက် လှည့်လိုက်ပြီး “ဆရာြကီး၊ ဆိုရိုးအတိုင်းပဲ ‘ကောင်းတဲ့အရာတွေမှာလည်း အဆုံးသတ်ဆိုတာ ရှိစမြဲပဲ’ ဆိုတဲ့အတိုင်း၊ ငါကိုယ်တော်လည်း နိုင်ငံတော် ကိစ္စတွေကို ပြန်လည်ဆောင်ရွက်ရတော့မယ်၊ ဆရာကြီးလည်း ထွက်ခွာရတော့မယ်။ ဒီမှာပဲ နှုတ်ဆက်လိုက်ကြရအောင်”

အိုးယဲ့ဇီလည်း အံ့အားသင့်သွားပြီး- “အမ်…ဒီမှာပဲ လမ်းခွဲကြတော့ မလို့လား”

“ဟုတ်တယ်။ ငါတို့နှစ်ယောက်စလုံးက ဂုဏ်သိက္ခာ ရှိတဲ့လူတွေပဲ၊ ဟန်ဆောင်ဖို့ လိုသေးလို့လား”

လင်းပိုင်ဖန်က ရယ်မောလိုက်ကာ “ဘယ်လိုပဲဖြစ်ဖြစ်၊ အနာဂတ်က အရှည်ကြီး ကျန်သေးတယ်၊ ငါတို့တွေ ထပ်တွေ့ဆုံဖို့ အခွင့်အရေးတွေ ရှိဦးမှာပါ။ တောင်တွေက မြင့်ပြီး လမ်းတွေက ရှည်တယ်၊ ဒါကြောင့် ငါကိုယ်တော် လိုက်မပို့တော့ဘူး။ ခရီးစဉ်မှာ ဂရုစိုက်ပါ”

“အဲ့လို မဟုတ်ဘူးလေ...”

အိုးယဲ့ဇီသည် စိုးရိမ်စိတ်တွေ ဝင်လာပြီး “ကောင်လေး၊ မင်းမှာ နတ်လက်နက် ပြုလုပ်ဖို့ ပစ္စည်းတွေ အများကြီးရှိတယ်မလား၊ အခုလည်း လက်နက်သွန်းလုပ်ဖို့ အကောင်းဆုံးနေရာကို ရှာတွေ့ခဲ့ပြီ။ မင်း ငါ့ကို ပြောစရာ တစ်ခုမှ မရှိဘူးလား”

လင်းပိုင်ဖန်က ခေါင်းခါလိုက်ကာ- “မရှိဘူး”

အိုးယဲ့ဇီသည် ပို၍ပင် စိုးရိမ်လာပြီး- “မင်း ငါ့ကို လက်နက်တွေ ထုလုပ်ပေးဖို့ ခေါ်ထားချင်တဲ့ ဆန္ဒ မရှိဘူးလား”

“ငါကိုယ်တော် စဉ်းစားခဲ့ပါသေးတယ်...”

အိုးယဲ့ဇီ၏ မျက်လုံးများ တဖြည်းဖြည်း တောက်ပလာခဲ့သည်။

“ဒါပေမဲ့ ဆရာကြီးက ငါကိုယ်တော့်ကို အစေခံရမယ့်အစား သေတာကမှ ပိုကောင်းတယ်လို့ ပြောခဲ့ဖူးတာကြောင့် ငါကိုယ်တော် လက်လျှော့လိုက်ပြီ”

အိုးယဲ့ဇီ: “...”

“ကဲ ဒါဆိုလည်း ငါသွားတော့မယ်” အိုးယဲ့ဇီသည် လိုင်ယင်တောင်ကို နောက်ပြန်လှည့်ကြည့်ရင်း ထွက်ခွာရန် ဝန်လေးနေကြောင်းကို ဖော်ပြနေလေသည်။

လင်းပိုင်ဖန်: “သွားပါ”

အိုးယဲ့ဇီသည် ခြေလှမ်းတစ်လှမ်း လှမ်းလိုက်ပြီး နောက်လှည့်ကြည့်ကာ “ဒီတစ်ခါ တကယ် သွားတော့မယ်” ဟု ပြောလိုက်သည်။

လင်းပိုင်ဖန်လည်း “စိတ်မပူဘဲသာ သွားပါ၊ ဆရာကြီးကို ငါကိုယ်တော် လုံးဝ တောင်းဆိုမှာ မဟုတ်ဘူး”

အိုးယဲ့ဇီ: “...”

အပိုင်း (၁၃၃)

All Chapters