ဘယ်သူ မစိုးရိမ်မှာလဲ
Vol. 10 Ch. 92
“ဒီတော့ ငါ့ကို စောင့်နေတာပေါ့...”
ချန်ဟွိုက်အန်က ဇာတ်ကွက်ကို ကြည့်ရင်း ခေါင်းခါလိုက်သည်။
သူ နဂိုက စဉ်းစားထားသည်မှာ ကျုံးကျိုးလျှို့ဝှက်နယ်မြေတွင် လီချင်းရန်၏ အသက်ရှင်နိုင်ခြေကို မြှင့်တင်ရန် ဖြစ်သည်။
ထိုအချိန်က လီချင်းရန်ကို လုံးဝမသွားနိုင်အောင် တားဆီးနိုင်မလားဟု သူ တွေးခဲ့သည်။
သို့သော် အခုတွင်တော့...
ဇာတ်ကွက်က သူ၏ ကံကြမ္မာကို သော့ခတ်ထားသည်။
လီချင်းရန် သွားရမည့် ကံပါနေပြီဖြစ်ကာ အကြောင်းရင်း ချန်ဟွိုက်အန်အတွက် ဆေးပင်တစ်ရာ အဆိပ်ဖြေဆေးလုံးကို သန့်စင်ပေးရန် ဖြစ်သည်။
အင်း... လုံးဝ မမျှော်လင့်ထားတာတော့ မဟုတ်ပါဘူး။
ဒါပေမဲ့ ငါ့အတွက် ဒီလောက် စိုးရိမ်ပေးတဲ့သူတစ်ယောက် ရှိတာ တော်တော် ကောင်းတယ်လို့ ခံစားရတယ်။
ချန်ဟွိုက်အန်က သူ၏ ရည်းစားဟောင်းကို ရုတ်တရက် သတိရလိုက်၏။
သူ တိုက်ရိုက်ထုတ်လွှင့်မှုမှ ပိုက်ဆံရှာသည်ကို မြင်ပြီး ရှိုးပွဲမှာပင် ပါလာသည်ကို မြင်ပြီးနောက် သူ့ကို စာပို့ပြီး ပြန်တွဲရန် ပြောလာခဲ့သည်။
တော်စမ်းပါ...
ဆေးရုံတက်တုန်းက သူ့ကို တစ်ခါမှ လာမတွေ့ခဲ့ဘဲနဲ့။
လက်တွေ့တွင် ပုံရိပ်ယောင် ကောင်မလေးက သွေးသားနှင့် ရှင်သန်နေသော လူသားတစ်ဦးထက် စိတ်ခံစားမှုတန်ဖိုး ပိုပေးနေသည်ကို သက်သေပြခဲ့သည်။
ခေါင်းခါလိုက်ရင်း ချန်ဟွိုက်အန်က ရုတ်တရက် သူ့ကိုယ်ပေါ်က သွေးနံ့ကို ရလိုက်သည်။
ထိုအခါမှ သူ သတိရလိုက်သည်။
ခုနက ရှုပ်ထွေးမှုများ အားလုံးပြီးနောက်တွင် သူ အဝတ်မလဲရသေးပေ။
“ဒီ ဟိုတယ်ကတော့ မဖြစ်တော့ဘူး။ ရေချိုးပြီးတော့ ဒီကနေ ထွက်သွားရမယ်...”
သူ အလျင်အမြန် ပစ္စည်းများကို ထုပ်ပိုး၊ အဝတ်အစားသစ် အချို့ကို ဆွဲယူပြီး ရေချိုးခန်းဘက်သို့ သွားခဲ့သည်။
ပါ့ကျီက သပ်သပ်ရပ်ရပ် ထုပ်ပိုးထားသော ခရီးဆောင်အိတ်ကို စိုက်ကြည့်နေသည်။
လူသားကိစ္စများကို အပြည့်အဝ နားမလည်သေးသော်လည်း ဆရာကြီး ထွက်ခွာတော့မည်ကို သိနိုင်သည်။
[ ဆရာကြီး ထွက်သွားတဲ့အခါ ငါ့ကို မေ့သွားပါစေ ]
ပါ့ကျီ စိတ်ထဲမှ တိတ်တဆိတ် ဆုတောင်းလိုက်၏။
ဟုတ်ပါတယ်။ ဒီမှာနေရင် နေ့တိုင်း စိတ်ဝိညာဉ် ချီစွမ်းအင်ကို စုပ်ယူနိုင်တယ်။ ဒါပေမဲ့ ဘဝက အရမ်းကို ဖိစီးလွန်းတယ်... အလေးချိန်တောင်ကျနေပြီ...
အပြင်မှာဆိုလျှင် သူက တိတ်ဆိတ်သော နေရာလေး တစ်ခုကို ရှာပြီး ခိုအောင်းနေရုံပင်။
ကမ္ဘာကြီး၏ စိတ်ဝိညာဉ် ချီစွမ်းအင် ဆက်လက် ပြန်လည်ကောင်းမွန်လာသည်နှင့်အမျှ ပတ်ဝန်းကျင်တွင် လုံလောက်သည်ထက် ပိုရှိလာလိမ့်မည်။
ထိုအရာတွင် ဆရာကြီးရဲ့ ဝိညာဉ်အပင်များ မရှိဘဲနှင့်ပင် သူက စစ်မှန်သော စိတ်ဝိညာဉ် ချီစွမ်းအင် လွတ်လပ်ခွင့်ကို ရနိုင်လိမ့်မည်။
သူသာ ဒီမှာ ဆက်နေလျှင်... တီဗီတွင် ပြောသော အရာနဲ့ အဆုံးသတ်သွားမည်ကို သူ ကြောက်သည်။
မှန်ပေသည်။ စိတ်ဓာတ်ကျရောဂါ...
ပါ့ကျီက သိသာထင်ရှားမှု မရှိသော ထောင့်တစ်နေရာသို့ ကုပ်ကပ်သွားပြီး ငြိမ်းချမ်းသော ဘဝကို အိပ်မက်မက်ရင်း သူ၏ တည်ရှိမှုကို တတ်နိုင်သမျှ လျှော့ချရန် ကြိုးစားနေသည်။
ဆေးရုံတွင် ဖြစ်သည်။
လင်းလင်လင်သည် မိစ္ဆာနှိမ်နင်းသူ အစစ်အမှန် မဖြစ်သေးသော်လည်း မုတ်ဆိတ်မွေးနှင့် အရာရှိက သူ၏ မကြာမီ လက်အောက်ခံ ဖြစ်လာမည့်သူကို စိုးရိမ်သောကြောင့် ဆေးရုံသို့ အလျင်အမြန် ရောက်လာခဲ့သည်။
သူက တိတိကျကျ ဘာဖြစ်ခဲ့ကြောင်း သိချင်နေသည်။
သူ ယူခဲ့သော မစ်ရှင်က အတော်လေး ရိုးရှင်းကြောင်း မှတ်မိသည်။
သူ၏ စွမ်းရည်များနှင့်ဆိုလျှင် ပြင်းထန်စွာ ဒဏ်ရာ မရသင့်ပေ။
“အံ့သြဖွယ်ရာပဲ... လုံးဝကို ဆေးပညာ အံ့သြဖွယ်ရာပဲ...”
“မယုံနိုင်စရာပဲ... ဒီလိုမျိုး ကိုယ့်ကိုယ်ကိုယ် ပြန်လည်ပြုပြင်နိုင်တဲ့စွမ်းရည် ရှိတဲ့ လူသားတစ်ဦးကို ကျွန်တော် တစ်ခါမှ မမြင်ဖူးဘူး...”
မုတ်ဆိတ်မွေးနှင့် အရာရှိက ဆေးရုံခန်းတံခါးတွင် ရပ်တန့်သွားသည်။
တစ်ခုခု မှားနေပြီ။
အတွင်းတွင် ဘာများ ဖြစ်နေကြောင်း နားထောင်ရန် သူက တံခါးကို နားအပ်လိုက်သည်။
“မင်း ယုံနိုင်လား။ သူ့ကို ခေါ်လာတုန်းက ရင်ဘတ် တစ်ဖက်စီမှာ နံရိုး သုံးချောင်းစီ ကျိုးနေတာ။ အခုတော့ ခြောက်ချောင်းလုံး လုံးဝနီးပါး ပြန်ကောင်းနေပြီ...”
“ပြီးတော့ ဒီမှာ ကြည့်.... သွေးတွေ ဖုံးနေပေမဲ့၊ ကျွန်တော်တို့ စစ်ဆေးမှုတွေ လုပ်လိုက်တော့ သူ သွေးအားနည်းတ,တောင် မဖြစ်ဘူး... ဒါကို ယုံနိုင်လား...”
“ဒါက ဘာကို ဆိုလိုတယ်ဆိုတာ သိလား။ သူရဲ့ သွေးနီဥတွေနဲ့ ပင်မဆဲလ်တွေက သာမန်လူတစ်ဦးထက် အဆမတန် ပိုမြန်မြန် ပြန်ဖြစ်နေတာ...”
“ဒါကို ဒါရိုက်တာကို အစီရင်ခံသင့်လား။ ဒီမိန်းကလေးက ဆေးသိပ္ပံအတွက် အောင်မြင်မှုတစ်ခု ဖြစ်နိုင်တယ်...”
“မရဘူး။ သူ့မှာ အထူး အဆင့်အတန်း ရှိတယ်။ ကျွန်တော် ဝင်လာခါနီး ဖုန်းခေါ်ဆိုမှု ရခဲ့တယ်။ ကျွန်တော်တို့ ပါးစပ်ပိတ်ထားဖို့ ပြောတယ်။ အဲ..ဒီ အထက်လူကြီးတွေ အချိန်တိုင်း ဘာကို ဖုံးဖိဖို့ ကြိုးစားနေလဲ မသိဘူး။ ဒါပေမဲ့ တစ်ခုခုက တကယ်ကို ထူးဆန်းနေတယ်...”
နေပါဦး...
လင်းလင်လင်မှာ အဲဒီလောက် အားကောင်းတဲ့ ကိုယ့်ကိုယ်ကိုယ် ပြန်လည်ပြုပြင်နိုင်တဲ့ စွမ်းရည် ရှိတာလား...
ဘာလို့ သူ တစ်ခါမှ မပြောပြခဲ့တာလဲ...
တကယ့် လျို့ဝှက်ရတနာပဲ...
မိစ္ဆာနှိမ်နင်းသူဗျူရိုသို့ တရားဝင် ဝင်ရောက်ရန် အခြေအနေ နှစ်ခုကို ပြည့်မီရန် လိုအပ်သည်။
ပထမ၊ သူတို့က “ဆရာသခင်” အဆင့်သို့ ရောက်ရန် လိုအပ်သည်။
၎င်းမှာ မည်သည့် အခက်အခဲအဆင့်မဆိုရှိသော ဖြစ်ရပ် ငါးခုကို ကိုင်တွယ်ဖြေရှင်းရန် လိုအပ်သည်။
ဒုတိယ၊ သူတို့ ဆန္ဒအလျောက် ဝင်ရောက်ရမည်။
မှန်ပေသည်။ ထျန်ဖူ မိစ္ဆာနှိမ်နင်းသူများ၏ ခေါင်းဆောင်အနေဖြင့် သူက အလားအလာရှိတဲ့ လူတော်များကို တွေ့မြင်ပါက ပထမ လိုအပ်ချက်ကို လျှော့ပေါ့ပေးနိုင်သော အခွင့်အာဏာ သူ့တွင် ရှိသည်။
ဥပမာ လင်းလင်လင်လိုမျိုးပင်။
အမှန်အတိုင်း ပြောရလျှင် နိုးထလာသူ အများစုက မိစ္ဆာနှိမ်နင်းသူဗျူရိုကို ဝင်ချင်ကြသည် မဟုတ်။
ဘာလို့လဲ ဟုတ်လား။
အကြောင်းရင်းကတော့ အရင်တုန်းက သူတို့ကို ဆွဲဆောင်ဖို့ အထူး သွေးဆောင်မှု မရှိခဲ့ဘူး။
ပြီးတော့ တစ်လကို မစ်ရှင် အနည်းဆုံးတစ်ခု လိုအပ်တဲ့ စည်းမျဉ်း ရှိတယ်။
မစ်ရှင်တိုင်းက အန္တရာယ်ကို ရင်ဆိုင်ရမယ်လို့ ဆိုလိုတာပဲ။
ရုတ်တရက် စွမ်းအားတွေ ရလာတဲ့ သာမန်လူ အများစုက....
မာနကြီးသွားကြတယ်။
သူတို့ လွတ်လပ်ခွင့်ကို တောင့်တကြတယ်။
ဒါပေမဲ့ မိစ္ဆာတွေက ဘယ်လောက် ကြောက်စရာကောင်းတယ်ဆိုတာ မြင်ပြီးတော့ အဲဒီအတ္တက သူတို့ရဲ့ အသက်ကို ပိုတန်ဖိုးထားစေတယ်။
ပိုက်ဆံလား...
နိုးထလာသူ အချို့က သူတို့ရဲ့ စွမ်းရည်တွေကို သုံးပြီး အလွယ်တကူ ပိုက်ဆံ ရှာနိုင်တယ်။
မိစ္ဆာနှိမ်နင်းသူဗျူရိုရဲ့ လစာက သူတို့အတွက် ဘာမှ မဟုတ်ဘူး။
ပြီးတော့ သူတို့ရဲ့ စွမ်းအားတွေကို အလွဲသုံးစားလုပ်သူတွေကို နှိမ်နင်းတာလား....
အဲဒါက မရိုးရှင်းဘူး။
သူတို့ ဘာနဲ့ စွဲချက်တင်နိုင်မှာလဲ...
တစ်စုံတစ်ယောက်က စွမ်းအားကို သုံးပြီးတော့ ရှေးဟောင်းပစ္စည်းတွေကို ဈေးပေါပေါနဲ့ ဝယ်ပြီး ပြန်ရောင်းရင်၊ အဲဒါက ရာဇဝတ်မှု အတိအကျ မဟုတ်ဘူး။
သူတို့က လူ့အဖွဲ့အစည်းကို ထိခိုက်အောင် လုပ်နေတာမျိုး မဟုတ်ဘူး။
အဲဒါကို “တရားမဝင်ပိုင်ဆိုင်မှုရယူခြင်း”လို့ ခေါ်လို့ရမလားပဲ...
လူခေါ်တာဟာ အစကတည်းက ခက်ခဲတဲ့တိုက်ပွဲ ဖြစ်ခဲ့တယ်။
လင်းလင်လင်ကတော့ ခြွင်းချက်။
သူ့ရဲ့ မိဘတွေက ကွာရှင်းထားတယ်၊ အဖေက ဂရုမစိုက်ဘူး၊ မိခင်က ချစ်ခင်မှု မရှိဘူး။
သူ ကျောင်းတက်ဖို့ ပိုက်ဆံတောင် မလောက်ဘူး။
သူ အလိုအပ်ဆုံးက ပိုက်ဆံပဲ။
အဲဒါကြောင့် သူက ငွေကြေး အထောက်အပံ့ ပေးမယ်လို့ ကမ်းလှမ်းတဲ့တော့ စားဖို့တောင် မလောက်တဲ့ ဒီမိန်းကလေးက မျက်ရည်ကျသွားပြီး မိစ္ဆာနှိမ်နင်းသူဗျူရိုကို ဝင်မယ်လို့ ကျိန်ဆိုခဲ့တယ်။
ဒါပေမဲ့ ကနဦး အကဲဖြတ်မှုအရ သူရဲ့ခွန်အားက အဖြူရောင်အဆင့်မှာပဲ ရှိနေပြီးတော့ ကိုယ့်ကိုယ်ကိုယ် ပြန်လည်ပြုပြင်နိုင်တဲ့ စွမ်းရည် မရှိဘူး။
သူ ဒီမကြာသေးခင်က အန္တရာယ်ကနေ အသက်ရှင်ပြီးနောက် ဒီ ပြန်လည်ပြုပြင်တဲ့ စွမ်းအားကို နိုးထလာတာလား...
ထပ်ပြီး နားထောင်နေစရာ အကြောင်း မရှိတော့ဘူး။
မုတ်ဆိတ်မွေးနှင့် အရာရှိက ချောင်းနှစ်ချက် ဟန့်ပြီး ဝင်လာကာ ဆရာဝန်များအား သူ၏ သက်သေခံကတ်ပြားကို ပြသလိုက်သည်။
“ကောင်းပြီ။ ဒါက ခင်ဗျားတို့နဲ့ မဆိုင်တော့ဘူး။ ထွက်သွားပေးပါ။”
ဆရာဝန်များ အကြည့်ချင်း ဖလှယ်ပြီးနောက် အထူးကြပ်မတ်ကုသဆောင်မှ ထွက်ခွာသွားသည်။
မုတ်ဆိတ်မွေးနှင့် အရာရှိက ဆေးထိုးအပ်တစ်ခုကို ထုတ်ပြီး လင်းလင်လင်၏ လက်မောင်းထဲ ထိုးသွင်းလိုက်သည်။
ဆယ်မိနစ် မပြည့်ခင်မှာပင် သူက မေ့ဆေးမှ ဖြည်းဖြည်းချင်း သတိပြန်ဝင်လာသည်။
“သူဌေး...”
လင်းလင်လင်က မုတ်ဆိတ်မွေးနှင့် အရာရှိကို မှုန်ဝါးစွာ မျက်တောင်ခတ်ကြည့်လိုက်သည်။
သူက ယခု ဗလာဖြစ်နေသော ဆေးထိုးအပ်ကို မြှောက်ပြသည်။
“အရှိန်အဟုန်မြင့် ဆဲလ် ပြန်လည်ဖြစ်ပေါ်စေတဲ့ ဆေးရည်။ ငါ့အတွက် အကျိုးပြုမှတ် ၁၀မှတ် ကုန်သွားတယ်။ မင်း ငါ့ကို ပြန်ဆပ်ရမယ်။”
“ကျေးဇူးတင်ပါတယ်။” လင်းလင်လင်က နှုတ်ခမ်းကို ကိုက်လိုက်ပြီး အမှန်တကယ် ကျေးဇူးတင်နေသည်။
မစ်ရှင် တစ်ခုစီအတွက်၊ အခက်အခဲပေါ် မူတည်ပြီး မိစ္ဆာနှိမ်နင်းသူတစ်ဦးက အကျိုးပြုမှတ် ၁မှတ်မှ ၁၀၀ အထိ ရနိုင်သည်။
သူ့တွင် အကျိုးပြုမှတ် သုံးမှတ်သာ ရှိသည်။
ထိုသို့ အဆင့်မြင့် ကုသဆေးရည်ကို ဝယ်ရန် မလုံလောက်သေးပေ။
“ကျေးဇူးတင်စရာ မလိုပါဘူး။ ဒါက ရင်းနှီးမြှုပ်နှံမှုပဲ။”
မုတ်ဆိတ်မွေးနှင့် အရာရှိက သူ၏ ကုတင်ဘေးတွင် ထိုင်ပြီး ဆေးလိပ် တစ်လိပ် မီးညှိလိုက်သည်။
“ပြော... သာမန် မစ်ရှင်တစ်ခုက မင်းကို ဒီအခြေအနေကို ဘယ်လို ရောက်စေခဲ့တာလဲ”
“သတင်းမှားတာ...”
လင်းလင်လင် ဒေါသတကြီး အံကြိတ်လိုက်သည်။
“အဲဒီ မစ်ရှင်က ဘယ်လောက်ကြာကြာ ဘုတ်ပေါ်မှာ ရှိနေမှန်း မသိဘူး။ ဒါပေမဲ့ ကောင်းကင်ဘုံက သက်သေပါ။ အစီရင်ခံစာမှာ အဆင့်(A) ကြွက်နက်မိစ္ဆာ တစ်ကောင်ပဲ ရှိတယ်လို့ ပြောထားတာ။ ကျွန်မ အဲဒီကို ရောက်တော့လား။ တစ်ကောင် မဟုတ်ဘူး....အစုလိုက် အပြုံလိုက် ဖြစ်နေတာ...”
“သူတို့ မျိုးပွားခဲ့တာလား...”
မုတ်ဆိတ်မွေးနှင့် အရာရှိ မျက်ခုံးပင့်လိုက်သည်။
“အမှန်ပဲ... ကြွက်နက် မိစ္ဆာအကြီး နှစ်ကောင်၊ သားပေါက်ငယ် တစ်စုလုံးကို ဦးဆောင်နေတာ။ ကံကောင်းတာက သူတို့က အသားစား မဟုတ်ဘူး။ မဟုတ်ရင် ကျွန်မ အခု သေနေလောက်ပြီ။”
လင်းလင်လင်၏ ဒေါသထွက်နေသော အမူအရာကို မြင်သောအခါ မုတ်ဆိတ်မွေးနှင့် အရာရှိ မသက်မသာ ခေါင်းကုတ်လိုက်သည်။
မိစ္ဆာနှိမ်နင်းသူများ၏ ခေါင်းဆောင်အနေဖြင့် အချက်အလက်များကို အမြဲတမ်း ပြောင်းလဲပေးရန်က သူ့ တာဝန် ဖြစ်သည်။
သို့သော် သူ့ကို တကယ် အပြစ်တင်၍ ရမည်လား...
သူတို့တွင် ဝန်ထမ်း အလွန် နည်းနေသည်...
သူကိုယ်တိုင်လည်း မစ်ရှင်ကနေ ယခုမှ ပြန်လာတာခြင်းပင်။
သေချာပင် မထိုင်ရသေး။
အနည်းဆုံးတော့ သူက အထက်မှ ထုတ်ပြန်ထားသော အသစ်ဖြစ်သည့် မူလသို့ပြန် ပညာရပ်ကို စမ်းသပ်ကြည့်ရန် အခွင့်အရေး ရခဲ့သေးသည်။
ထို့ပြင် သူ ဝန်ခံရပေလိမ့်မည်။
၎င်းက ထိရောက်လွန်း၏...
ယခင်က သူသည် အဆင့်(A) မိစ္ဆာများကို ရင်ဆိုင်သောအခါ သတိထားလေ့ရှိသည်။
သို့သော် ယခုတွင်တော့...
မူလသို့ပြန် ပညာရပ်ဖြင့်ဆိုလျှင် သူ အစွမ်းကုန် ထုတ်နိုင်သည်။
သူ ယခင်က တိုက်ခဲ့သော ခွေးမိစ္ဆာက အသက်လုပြီး ပြေးနေရ၏။
မိစ္ဆာနှိမ်နင်းသူဗျူရိုက ဒီကနေ ပိုပြီးတော့ အားကောင်းလာလိမ့်မယ်။
ထိုသို့ တွေ့လိုက်ရာ သူ့၏ အပြစ်ရှိစိတ် အနည်းငယ် လျော့သွားသည်။
အင်း... ဒီညတော့ သူ လင်းလင်လင်အတွက် မူလသို့ပြန် ပညာရပ်ရဲ့ ပုံတူကို ယူလာပေးမယ်။ ဒါက အနည်းဆုံးတော့ သူ့ရဲ့ အသက်ရှင်နှုန်းကို တိုးစေလိမ့်မယ်။
“ဒါဆိုရင် မင်း ဘယ်နှကောင် သတ်ခဲ့လဲ...”
သူက စကားဝိုင်းကို လမ်းကြောင်းပြောင်းပြီး မေးလိုက်သည်။
“အမေရယ်။ ပြီးတော့ ကလေးလေးတွေ အကုန်လုံးပဲ။”
လင်းလင်လင် မျက်နှာအမူအရာ မဲ့သွားပြီး ပြန်ဖြေသည်။
“အဖေကတော့ အဲဒါပြီးနောက် ရူးသွားတယ်။ ကျွန်မ သူ့ကို မနိုင်ဘူး။”
မုတ်ဆိတ်မွေးနှင့် အရာရှိက ရပ်တန့်သွားသည်။
အင်း... ဟုတ်တယ်။
သူသာဆိုရင်လည်း ရူးသွားမှာပဲ။
သို့တိုင် ၎င်းက သူ့ကို စိတ်ချစေသည်။
“မင်း ကောင်းကောင်း လုပ်ခဲ့တယ်။ ဒီမစ်ရှင်ကို ပြီးမြောက်တယ်လို့ သတ်မှတ်လိုက်မယ်။ ငါ လူတွေကို ရှင်းလင်းရေး လုပ်ခိုင်းလိုက်မယ်... ဒါနဲ့ မင်း အနံ့ဖုံးကွယ်တဲ့ ဆေးရည်ကို သုံးခဲ့တယ်မလား...”
လင်းလင်လင်၏ မျက်နှာ ဖြူဖျော့သွား၏။
သူ၏ မှုန်ဝါးနေဆဲ စိတ်က မည်သည်ကို မေ့ခဲ့ကြောင်း ရုတ်တရက် သတိရလိုက်သည်။
မုတ်ဆိတ်မွေးနှင့် အရာရှိ မျက်လုံးကျဉ်းသွား၏။
“ဘာလို့ ဘာမှ မပြောတာလဲ...”
“ကျွန်မ... ကျွန်မ ဒီမစ်ရှင်က လွယ်တယ်လို့ ထင်ခဲ့တာ။ ကျွန်မ သတ်နိုင်မယ်လို့ ယုံကြည်ခဲ့တယ်။ ဒါကြောင့် ဆေးရည် မဝယ်ခဲ့ဘူး...”
လင်းလင်လင် ငိုတော့မလို ပုံစံဖြင့် ဝန်ခံလိုက်သည်။
မုတ်ဆိတ်မွေးနှင့် အရာရှိ၏ မျက်နှာ မည်းမှောင်သွား၏။
ဒါဆိုရင် ချန်ဟွိုက်အန်ဘက်မှာ...
“သူဌေး... ကျွန်တော်တို့ သူ့ကို ကယ်ရမယ်...”
အပြင်ဘက်မှ ဆရာဝန် အချို့ နားထောင်နေခဲ့သည်။
ထို့နောက်...
ဝုန်း...
အထူးကြပ်မတ်ကုသဆောင် တံခါး ရုတ်တရက် ပြုတ်ထွက်သွားပြီး မျက်နှာချင်းဆိုင်နံရံတွင် ထောင့်ချိုးဖြင့် စိုက်ဝင်သွားသည်။
သူတို့ မြင်လိုက်ရသည်မှာ အမည်းရောင် မှောင်မိုက်မှုက အဋ္ဌမထပ် ပြတင်းပေါက်မှ အပြင်သို့ လျင်မြန်စွာ ပျံထွက်သွားခြင်းပင်။
...