ကော့စ်ပလေး လုပ်ခိုင်းမယ်
Vol. 10 Ch. 93
ဟိုတယ်၌ ဖြစ်သည်။
ပါ့ကျီက ရေချိုးခန်းမှ ရေစီးသံကို နားထောင်ရင်း ငိုက်မျဉ်းနေသည်။
ရုတ်တရက် ထူထဲသော မကျေနပ်သော အငွေ့အသက်သည် လေထဲတွင် ပြည့်နှက်လာသည်။
၎င်းက မိစ္ဆာစွမ်းအင်ဖြစ်ပြီး ပို၍ ပို၍ နီးကပ်လာနေသည်။
[ မိစ္ဆာ လာနေတာလား ]
ပါ့ကျီက စားပွဲပေါ်သို့ ခုန်တက်ပြီး ပြတင်းပေါက်မှ အပြင်ဘက်ကို ကြည့်လိုက်သည်။
သေချာသည်မှာ အောက်ရှိ ချုံပုတ်များ အကြမ်းဖက်စွာ လှုပ်ခါနေ၏။
အရိုင်းဆန်သော သားရဲတစ်ကောင် ဖြတ်ပြေးနေသကဲ့သို့ပင်။
လှုပ်ခါမှုသည် ရေနုတ်မြောင်းပိုက်အနီးတွင် ရပ်တန့်သွား၏။
နောက်တစ်စက္ကန့်တွင် နွားကလေး အရွယ်ခန့်ရှိသော ကြွက်နက်ကြီး တစ်ကောင်က မြှားတစ်စင်းကဲ့သို့ ပစ်ထွက်လာပြီး ဟိုတယ်၏ အပြင်နံရံကို ခုန်တက်ကာ ဒုတိယထပ်သို့ ရောက်ရှိလာသည်။
[ အဟက်.. တကယ်ပဲ ဒီကို တည့်တည့်လာနေတာပဲ ]
ပါ့ကျီ အေးစက်စွာ ရယ်လိုက်သည်။
ထိုကြွက်မိစ္ဆာသည် မကျေနပ်မှုများ လျှံကျနေသည်။
၎င်းသည် ခုနက ထိုလူသားနှင့် ဆက်စပ်နေပုံရသည်။
ထိုလူသားသည် ဆရာကြီး၏ အခန်းအနီးတွင် သွေးခြေရာ အချို့ ချန်ထားခဲ့သည်မှာ သေချာသည်။
ကြွက်မိစ္ဆာက ၎င်းကို ခြေရာခံပြီး ရောက်လာခြင်း ဖြစ်ရပေမည်။
[ မကောင်းတာကတော့ သူ ဒီကို လာခဲ့တာပဲ။ ဒီကိုလာတာက သေဒဏ်ပဲ... ]
[ ဆရာကြီးက ဟင်းလင်းပွင့်ထွင်းဖောက်အဆင့်မှာ ရှိနေတယ်ဆိုတာကို မေ့လိုက်ဦး။ တံခါးနဲ့ ပြတင်းပေါက်တွေပေါ်က အဆောင်တွေချည်းက သူ့ကို အသားလုံးအဖြစ် ပြောင်းပေးလိမ့်မယ်... ခွီးဟီးဟီး... ]
ပါ့ကျီက သူ၏ ရှေ့တွင် သေခါနီး မိစ္ဆာတစ်ကောင်အတွက် မည်သည့် သနားစိတ်မှ မရှိပေ။
၎င်းသည် မိစ္ဆာမျိုးနွယ်နှင့် သက်ဆိုင်သော်လည်း တကယ်တမ်း သူတို့ထဲမှ တစ်ဦး မဟုတ်ပေ။
ရှေးခေတ်ကာလတွင် လူသားများက ၎င်းကိုသာမန် မိစ္ဆာများနှင့် ရောထွေးခဲ့ကြသော်လည်း ၎င်းသည် ထိုထက် များစွာ သာလွန်သည်။
စစ်မှန်သော နတ်ဆိုးတစ်ဦး၊ မိစ္ဆာများကို လုံးဝ ကျော်လွန်သော သတ္တဝါ ဖြစ်သည်...
အမှန်တကယ် ၎င်းသည် မိစ္ဆာများ၏ သဘာဝသားကောင် ဖြစ်သည်။
အဆုံးတွင် သွားကြားပင် မညှပ်နိုင်သော လူသားများနှင့် နှိုင်းယှဉ်လျှင် ပေဒါဇင်များစွာ သို့မဟုတ် ရာပေါင်းများစွာ မြင့်မားသော မိစ္ဆာဘုရင်များက ပို၍ အရသာရှိသည်။
[ ချီးပဲ။ ဒါပေမဲ့ ဆရာကြီး ဒီမှာရှိနေတာဆိုတော့ ငါ့ရဲ့ သရုပ်မှန်ကို မဖော်ပြနိုင်ဘူး။ မဟုတ်ရင် အဲဒီ ကြွက်မိစ္ဆာက ငါ့ရဲ့ ဆာလောင်မှုအတွက် နောက်ဆုံးသရေစာလေး ဖြစ်ခဲ့မှာ... ]
ပါ့ကျီက နှုတ်ခမ်းထောင့်ကို လျက်လိုက်ပြီး မျက်လုံးများ ခဏတာ အနီရောင် တောက်လာသည်။
ထို့နောက် ရေချိုးခန်းတံခါး ကျွီကနဲ ပွင့်လာ၏။
သူက ချက်ချင်း ဆာလောင်မှုကို နှိမ်နင်းလိုက်သည်။
“ညှောင်...”
“အိုး.. ပါ့ကျီ၊ မင်းကို မေ့သွားတော့မလို့။”
ချန်ဟွိုက်အန်သည် ရေချိုးခန်းမှ အဝတ်အစား အပြည့်အစုံ ဝတ်ဆင်ကာ ထွက်လာပြီး ပါ့ကျီကို မြင်သောအခါ ပြုံးလိုက်သည်။
ပါ့ကျီက မရှိသလောက်နီးပါး ဖြစ်သော်လည်း ရက်အနည်းငယ်ကြာ ဂရုစိုက်ပြီးနောက် သူ ထိုကောင်လေးကို ချစ်ခင်လာခဲ့သည်။
ထို့အပြင် ပါ့ကျီသည် မယုံနိုင်လောက်အောင် စည်းကမ်းရှိသည်။
နေရာတိုင်းတွင် ကစားပြီး ရှုပ်ထွေးစေသော အခြားကြောင်များနှင့် မတူဘဲ အသံပင် မထွက်ခဲ့ပေ။
ထို့ပြင် ထိုမျက်လုံးများက
အမြဲတမ်း စိတ်မကောင်းဖြစ်နေပုံရသည်။
ကမ္ဘာပေါ်မှ ကံအဆိုးဆုံး ဖြစ်နေသကဲ့သို့ပင်။
သူ့ကို ကြည့်လိုက်ရုံဖြင့် ချန်ဟွိုက်အန် စိတ်ကောင်းဝင်လာသည်။
ပါ့ကျီ - “...”
သွားပြီ... ကြွက်မိစ္ဆာပေါ်မှာ အာရုံစိုက်နေလို့ ပုန်းရမယ့်နေရာ ရှာဖို့ မေ့သွားတယ်...
ချန်ဟွိုက်အန်က ဖိနပ်ပုံးတစ်ခုကို ဆွဲယူပြီး ပါ့ကျီနှင့် အရွယ်အစား နှိုင်းယှဉ်ရန် ထောင်လိုက်သည်။
၎င်းက အလွန် ကျဉ်းကျပ်နေသည်ကို သဘောပေါက်လိုက်ပြီး ကွန်တိန်နာဖြင့် အစားထိုးလိုက်သည်။ ထို့နောက် ပါ့ကျီကို တုံ့ပြန်ခွင့် မပေးဘဲ ပွေ့ချီကာ ညင်သာစွာ အထဲသို့ ထည့်လိုက်သည်။
“စိတ်မကောင်းပါဘူး၊ ပါ့ကျီ။ မင်း အခုတော့ သည်းခံရလိမ့်မယ်။ ဒီကိစ္စ ပြီးသွားတာနဲ့ မင်းအတွက် ကြောင်သယ်သေတ္တာ အစစ် ဝယ်ပေးပါ့မယ်။”
ချန်ဟွိုက်အန်က တောင်းပန်သည့်သဘောဖြင့် အဖုံးကို ပိတ်လိုက်စဉ် ပြောလိုက်သည်။
ပါ့ကျီက အတွင်း၌ ထိုင်နေပြီး အတွင်းစိတ် လုံးဝကို အေးစက်နေသည်။
သို့သော် သူက ချက်ချင်း စိတ်ကို ငြိမ်သက်အောင် လုပ်လိုက်သည်။
[ ဘာမှ မဖြစ်ဘူး။ ဒါက တကယ်တော့ အခွင့်အရေးပဲ ]
ဒီကွန်တိန်နာကို သယ်ရတာ မလွယ်ဘူး။ ဒါကြောင့် သူဌေးက ကိုင်ထားရလိမ့်မယ်။
ဆိုလိုတာက...
သူဌေး အခန်းထဲက ထွက်သွားတာနဲ့ ပါ့ကျီ ခုန်ထွက်ပြီး ထွက်ပြေးလို့ရတယ်...
[ ကမ္ဘာကြီးက ငါ့အပိုင် ဖြစ်လာလိမ့်မယ်... ခွီးဟီးဟီး... ကောင်းကင်က အကန့်အသတ်ပဲ... သမုဒ္ဒရာက ငါ့ရဲ့ ကစားကွင်းပဲ... ]
ထိုအံ့ဩဖွယ် အတွေးများ ပေါ်လာပြီး မကြာခင်...
အဖုံး ပြန်ပွင့်လာသည်။
ငါးကြင်းစိမ်းကြီး တစ်ကောင်ကို အတွင်းထဲ ပစ်ထည့်လိုက်၏။
ပါ့ကျီ - “...”
ငါးကြင်းစိမ်း - “...”
အဖုံး ပြန်ပိတ်သွား၏။
ချန်ဟွိုက်အန်၏ အသံ အပြင်ဘက်မှ လွင့်မျောလာသည်။
“အာ့၊ ဒီ ငါးကို သယ်ရတာ အလုပ်ရှုပ်တယ်။ ပါ့ကျီ စားဖို့ သေတ္တာထဲ ထည့်ထားလိုက်တာ ပိုကောင်းတယ်။”
ပါ့ကျီနှင့် ငါးကြင်းစိမ်း မျက်လုံးချင်း ဆုံသွားသည်။
ငါးကြင်းက နှစ်ချက် ရိုက်ခတ်လိုက်ပြီး မျက်ရည်များ ပြည့်နေသော ငါးမျက်လုံးကြီးများဖြင့် ပါ့ကျီကို ကြည့်နေ၏။
စိတ်ပျက်အားငယ်စွာ တောင်းပန်ခြင်းများ ပြည့်နှက်နေလေသည်။
[ ...တော်ပါပြီ။ ငါလည်း မကြာခင် ထွက်ပြေးတော့မှာပဲ။ ဒါကို လွှတ်ပေးလိုက်တာ ပိုကောင်းတယ် ]
ပါ့ကျီက ဆာလောင်မှုကို အတင်းအကျပ် နှိမ်နင်းလိုက်ပြီး သူ့ကိုယ်သူ ယုံကြည်အောင် လုပ်လိုက်သည်။
[ ငါ့အရွယ် ကြောင်တစ်ကောင်က ဒီလောက် ငါးကြီးကို စားနိုင်မှာ မဟုတ်ပါဘူး။ နည်းနည်းလေးပဲ သည်းခံလိုက်... ]
နောက်ထပ် နည်းနည်းလေးပဲ၊ လွတ်လပ်ခွင့်က လက်တစ်ကမ်းမှာ ရှိနေပြီ...
နောက်တစ်စက္ကန့်တွင်...
ချန်ဟွိုက်အန် ထပ်မံ ပြောလိုက်၏။
“အဆောင်တွေကိုလည်း တံခါးနဲ့ ပြတင်းပေါက်တွေကနေ ခွာလိုက်မယ်။ အဲဒါတွေက ငါ့အတွက် ယွမ် ၂သိန်း ကုန်ကျခဲ့တာ။ သွားပြီ။ တကယ့် အလိမ်အပညာပဲ။”
ဖြန်း...
လက်တစ်ဖက်က ကွန်တိန်နာပေါ် ဖိချလိုက်သည်။
ပါ့ကျီ၏ နှလုံးသား ရင်ဘတ်ထဲမှ ခုန်ထွက်လုနီးပါး ဖြစ်သွား၏။
တုန်ယင်လျက် သူ ဖြည်းဖြည်းချင်း မော့ကြည့်လိုက်သည်။
အဖုံးပါးကို ဖြတ်၍ စက္ကူပြား လေးထောင့် နှစ်ခုကို ကွန်တိန်နာ၏ ထိပ်တွင် ဖိထားသည်ကို သူ လုံးဝ မမြင်နိုင်သလောက် ရှိသည်။
၎င်းတို့သည် တံခါးနှင့် ပြတင်းပေါက်မှ ခုမှ ခွာလိုက်သော အဆောင်များပင်...
ပြီးတော့ ဆရာကြီးက အဲဒါတွေကို ပေါ့ပေါ့ဆဆ သေတ္တာပေါ် ပစ်တင်လိုက်တာ...
[ အဟက်... ငါ အရမ်းကို တုံးအလွန်းတာပဲ ]
ပါ့ကျီသည် ၄၅ ဒီဂရီထောင့်မှ အဖုံးကို စိုက်ကြည့်နေကာ မျက်လုံးက မျက်ရည်များ ပြည့်လျှံနေသည်။
[ ဒါက ဆရာကြီးပဲ... ငါ့ရဲ့ သေးငယ်တဲ့ အကြံအစည်ကို ဘယ်လိုလုပ် မမြင်နိုင်ရမလဲ ]
[ သူ သတိမထားမိရင်တောင် သူ့ရဲ့ မျက်ကွယ်ကံကြမ္မာက ငါ့ကို ဆက်ပြီး နှိမ်နင်းနေလိမ့်မယ်... ]
[ ထွက်ပြေးဖို့ လုံးဝ မဖြစ်နိုင်ဘူး။ လုံးဝထွက်ပြေးလို့ မရဘူး... ]
တစ်ချိန်တည်းမှာပင် ချန်ဟွိုက်အန်က သူ၏ ပေါ့ပေါ့ဆဆ လုပ်ရပ်များက ပါ့ကျီကို တည်ရှိမှုဆိုင်ရာ အကျပ်အတည်း အခြေအနေသို့ ပို့ဆောင်လိုက်သည်ကို လုံးဝ သတိမထားမိပေ။
သူ အထုပ်အပိုး ထုပ်ပိုးပြီးလေပြီ။
အဝတ်အစားများနှင့် ထိုအိုးစိုက်အပင်က ခရီးဆောင်အိတ်ထဲသို့ ရောက်သွားသည်။
သိုလှောင်သေတ္တာ (ယခု တိပ်ဖြင့် တင်းကျပ်စွာ ပတ်ထား)ကို ထိပ်တွင် လုံခြုံစွာ ချည်ထား၏။
သူ့ကိုယ်သူ ဟောင်းနွမ်းနေသော အားကစားဝတ်စုံဟောင်းကို ဝတ်ဆင်ထားသည်။
အနည်းနည်း ခေတ်နောက်ကျနေသော်လည်း သူ အသားကျနေသည်။
သူ အပြင်ထွက်သောအခါ မိန်းကလေးများက သူ၏ အဆက်အသွယ်ကို မတောင်းရန်တော့ မတားဆီးနိုင်ပေ။
သို့သော်လည်း...
သူ တံခါးဖွင့်လိုက်သည်နှင့်....
အနီးအနားမှ အော်သံတစ်ခု ထွက်ပေါ်လာ၏။
“အား... မိစ္ဆာ... မိစ္ဆာ......”
သန့်ရှင်းရေးသမား၏ အသံ ဖြစ်သည်။
ခေါင်းလှည့်ကြည့်လိုက်ရာ ချန်ဟွိုက်အန်က အမျိုးသမီးသည် ကြမ်းပြင်ပေါ်တွင် လဲကျနေပြီး နံရံကို ကပ်လျက်၊ ကြောက်လန့်တုန်လှုပ်နေသည်ကို တွေ့လိုက်ရသည်။
ခန်းမထဲတွင် နီညိုရောင် ကော်ဇောနှင့်...
အမည်းရောင် အမွေးထူထူ ကြွက်ကြီးတစ်ကောင် တဖြည်းဖြည်း ချဉ်းကပ်လာနေသည်။
သူ၏ ကြမ်းတမ်းသော အမည်းရောင် အမွေးက နံရံကို ပွတ်ဆွဲနေပြီး ချွန်ထက်သော ကျွီခနဲ အသံ ထွက်ပေါ်လာသည်။
သူ၏ ကိုယ်ခန္ဓာ မည်မျှ မာကျောသည်ကို သက်သေပြနေ၏။
သူက ကြောက်လန့်နေသော သန့်ရှင်းရေးသမားကို တစ်ချက်ပင် မကြည့်ခဲ့ပေ။
သူ၏ သွေးနီရောင် မျက်လုံးများသည် ခန်းမ၏ အဆုံးတွင် ရပ်နေသော ပုံရိပ်ကိုသာ စိုက်ကြည့်နေ၏။
ချန်ဟွိုက်အန်ကိုပင်။
တစ်လှမ်း။
နှစ်လှမ်း။
တွားသွားသော လက်သည်းများကဲ့သို့ လှုပ်ရှားနေ၏။
နတ်ဆိုး ချဉ်းကပ်လာ သကဲ့သို့ပင်။
“မျိုးဗီဇပြောင်းလဲနေတဲ့ ကြွက်လား...”
ချန်ဟွိုက်အန်က ထိုကြွက်မိစ္ဆာကို စိုက်ကြည့်နေသည်။
ထူးဆန်းစွာပင် သူ ကြောက်ရွံ့ခြင်း မခံစားရပေ။
သူ၏ စိတ်က မသိစိတ်ဖြင့် တာအိုပညာရှင် ချင်းရွှမ်းနှင့် နှိုင်းယှဉ်လိုက်ပြီး ထိုကြွက်က ဘာမှ မဟုတ်ကြောင်း တွေ့လိုက်ရသည်။
၎င်းက သူ ထျန်းမန်တောင်တွင် ကြုံတွေ့ခဲ့ရသော မျိုးဗီဇပြောင်းလဲနေသည့် ဝံပုလွေလောက်ပင် ခြိမ်းခြောက်မှု မရှိပေ။
သို့သော် ယုတ္တိသဘောအရ သူ ကိုယ်ခံပစ္စည်း တစ်ခုခုကို ဆွဲယူသင့်သည်ဟု သူ တွေးလိုက်သည်။
စဉ်းစားရန် နောက်ကျသွားလေပြီ။
အမည်းရောင် အမွေးထူထူ ကြွက်က ရုတ်တရက် ခုန်ဝင်လိုက်သည်...
“ဂရီး......”
၎င်းက ရမ်းကားစွာ ခုန်ပေါက်ပြီး အော်ဟစ်နေသည်။
အမည်းရောင် လေဆင်နှာမောင်းသည် ခန်းမကို ကြောက်မက်ဖွယ်ကောင်းသော အရှိန်ဖြင့် ဖြတ်တောက်နေ၏။
အလွန် မြန်လွန်းသည်...
ချန်ဟွိုက်အန် ရှောင်တိမ်းဖို့ အချိန်မရလိုက်ပေ။
ဗီဇအရ သူက မျက်နှာကို ကာကွယ်ရန် လက်နှစ်ဖက်ကို မြှောက်လိုက်သည်။ သူ၏ စိတ်က လုံးဝ ဗလာဖြစ်သွား၏။
သို့သော်...
ကြွက်က မတိုက်ခိုက်ခဲ့ပေ။
ထိခိုက်မှု မရှိကြောင်း ကြားလိုက်ရာ ချန်ဟွိုက်အန် ဖြည်းဖြည်းချင်း လက်များကို လျှော့ချလိုက်သည်။
ကြွက်နက်ကြီးက နှစ်မီတာအကွာတွင် ရပ်တန့်သွားသည်။
သူတို့ မျိုးစိတ် မတူသော်လည်း ကြွက်၏ တုန်ယင်နေသော မျက်လုံးများနှင့် တုန်ခါနေသော ခန္ဓာကိုယ်ထဲရှိ ထိတ်လန့်မှုကို သူ ရှင်းရှင်းလင်းလင်း မြင်နိုင်၏။
“သူ ငါ့ကို ကြောက်နေတာလား...”
ချန်ဟွိုက်အန် သူ၏ ဆုံးဖြတ်ချက်ကို အတည်ပြုရင်း ကိုယ့်ကိုယ်ကိုယ် တည်ငြိမ်အောင် လုပ်လိုက်သည်။
ကြွက်၏ အောက်တွင် အဝါရောင် အရည် အိုင်တစ်ခု လျင်မြန်စွာ ပျံ့နှံ့နေ၏။
၎င်းက သေးထွက်ကျနေခြင်းပင်။
သူ ရှေ့သို့ အနည်းငယ် လှမ်းလိုက်သည်။
သူက အမည်းရောင် အမွေးထူသော ကြွက်၏ ရှေ့တွင် ရပ်နေချိန်၌ပင် ၎င်းက မလှုပ်ရှားရဲခဲ့ပေ။
“တကယ်လား။ မင်း ငါ့ကို ကြောက်တာလား။ ဒါပဲလား။ ခွီးဟီးဟီး...”
ချန်ဟွိုက်အန်က တုန်လှုပ်နေသော ကြွက်၏ ရှေ့တွင် ခါးတွင် လက်တင်ကာ ရပ်နေလျက် ယုံကြည်မှုဖြင့် ဖောင်းကားလာသည်။
ကြွက်၏ ထိတ်လန့်သော အကြည့်က သူ၏ သိုလှောင်သေတ္တာပေါ်တွင် အမှန်တကယ် စူးစိုက်နေသည်ကို လုံးဝ သတိမထားမိခဲ့ပေ။
“ဒါက အသက်စွမ်းအားအဆင့် ကွာခြားမှုကြောင့် ဖြစ်လာတဲ့ ကြောက်ရွံ့မှုလား...”
“ဝိုး... ဒါက ငါ မြင်ဖူးသမျှ အထဲမှာ အကြီးဆုံး ကြွက်ပဲ။”
သူက ရှားပါး နမူနာတစ်ခုလို ကြည့်ရင်း ကြွက်ပတ်လည်ကို လှည့်ပတ်ကြည့်ရှုနေလိုက်ျသည်။
၎င်းက ရပ်တန့်နေခဲ့သည်။ နဖူးပေါ်တွင် အဆောင်များ ကပ်ထားသော ဒရာမာများထဲမှ ထိုခုန်ဆွခုန်ဆွ ဖုတ်ကောင်များကဲ့သို့ပင်။
ဆိုးရွားသော အကြံတစ်ခုက ချန်ဟွိုက်အန်ထံ ရောက်လာခဲ့သည်။
သူ၏ အိတ်ကပ်ထဲမှ မိုးကြိုးမီး အဆောင်ကို ဆွဲထုတ်ကာ ကြွက်၏ နဖူးပေါ် ဖိလိုက်၏။
“ခွီးဟီးဟီး...”
“ဒီနေ့တော့ မင်းကို ဖုတ်ကောင်ကြွက် ကော့စပလေး လုပ်ခိုင်းမယ်...”