အခန်း (၁၉၅၁-၁၉၅၅)
Vol. 101 Ch. 1951-1955
Chapter 1951
"တက်ကြွယန်ခန္ဓာကိုယ်"
ထန်ကျင်းက ကျယ်လောင်စွာအော်ဟစ်ကြုံးဝါးပြီးနောက် မီးလူသားကြီးအသွင်သို့ ပြောင်းလဲသွားခဲ့သည်။
ဤအချိန်အခိုက်အတန့်တွင် ထန်ကျင်း၏ခန္ဓာကိုယ်မှနေ၍ ပူပြင်းလောင်ကျွမ်းနေသောမီးတောက်များ ထွက်ပေါ်နေပြီး သူက မီးတောက်နတ်ဘုရားတစ်ပါးနှင့်တူညီနေကာ ဂုဏ်ယူဝင့်ကြွားသောအကြည့်ဖြင့် လူအများကို ကြည့်နေသည်။
"ဗိုလ်ချုပ်ထန်က သူ့ရဲ့ဝှက်ဖဲကို အသုံးပြုလိုက်ပြီပဲ"
"ငါက ဒီနေ့ သူ့ရဲ့ရှေးဟောင်းကျင့်ကြံနည်းစနစ်ကို မြင်ခွင့်ရလိမ့်မယ်လို့ မျှော်လင့်မထားမိဘူး"
"သူ ရှေးဟောင်းနယ်မြေထဲကို ပထမဆုံးစတင်ဝင်ရောက်တဲ့အချိန်တုန်းက ထွက်ပြေးလွတ်မြောက်နိုင်ဖို့အတွက် သူက ဒီရှေးဟောင်းကျင့်ကြံနည်းစနစ်ကို အသုံးပြုခဲ့ရတယ်...ဒီတစ်ကြိမ်တော့ သူက အရာအားလုံး ထုတ်သုံးလိုက်ပုံရတယ်"
မီးတောက်များအကြားမှနေ၍ ထန်ကျင်းက ကျယ်လောင်စွာအော်ဟစ်ရယ်မောပြီး ပြောဆိုလိုက်၏။
"ကောင်လေး...ငါက ဒီနည်းစနစ်ကို အသုံးပြုလိုက်တဲ့အတွက်...တကယ်လို့ မင်း သေဆုံးသွားခဲ့ရင် အလောင်းအပြည့်အစုံ ချန်ထားပေးမယ်လို့ ငါ အာမမခံနိုင်ဘူး...မှတ်ထားစမ်း...ဒါက မင်းရဲ့မောက်မာမှုကြောင့်ပဲ"
သူ့ရှေ့ရှိ ထန်ကျင်းကိုကြည့်ပြီး လုယွီက သူ၏ခေါင်းကို ကူကယ်ရာမဲ့စွာ ခါယမ်းလိုက်သည်။
"မင်းရထားတာက လက်ဆင့်ကမ်းလာတာ အချိန်ဘယ်လောက်ကြာခဲ့ပြီမှန်းတောင် မသိနိုင်တဲ့ ကျုံးရုံအစစ်အမှန်ခန္ဓာကိုယ်ရဲ့အပိုင်းအစပဲ"
လုယွီက သက်ပြင်းတစ်ချက်ရှိုက်၍ ဆက်လက်ပြောဆိုသည်။
"မဟုတ်သေးဘူး...ဒါက ဘယ်လိုနည်းနဲ့မှ ကျူးရုံအစစ်အမှန်ခန္ဓာကိုယ်မဖြစ်နိုင်ဘူး...တစ်စုံတစ်ယောက်က ဒီမှော်မန္တန်ရဲ့လှည့်ပတ်ပုံကို လေ့လာဆန်းစစ်ပြီးတော့ သူကိုယ်တိုင် ကောက်ချက်ချထားတဲ့ဟာပဲဖြစ်မယ်...ကံဆိုးချင်တော့ အဲ့ဒီလူဟာ သူ့ရဲ့စွမ်းအားအကန့်အသတ်ကြောင့် ချွတ်ယွင်းချက်ရှိတဲ့မှော်မန္တန်ကိုပဲ ဖန်တီးနိုင်ခဲ့တယ်"
"ဒါကို ရှေးဟောင်းကျင့်ကြံနည်းစနစ်လို့ခေါ်ဖို့ရော ထိုက်တန်လို့လား"
လုယွီ၏မှတ်ချက်စကားကိုကြားချိန်တွင် ထန်ကျင်း၏မျက်လုံးများ နီမြန်းသွားသည်။
"ခွေးမသား...ငါ မင်းကို သတ်မယ်"
ထန်ကျင်းက ဒေါသတကြီး အော်ဟစ်ကြုံးဝါးလိုက်၏။သူက မီးလူသားခန္ဓာကိုယ်ကြီးကို ထိန်းချုပ်၍ လုယွီထံသို့ တဟုန်ထိုးတိုးဝင်တိုက်ခိုက်လေသည်။
တုန်လှုပ်ချောက်ချားဖွယ်တိုက်ခိုက်မှုနှင့် ရင်ဆိုင်နေရသည့်တိုင် လုယွီသည် တည်ငြိမ်အေးဆေးနေဆဲပင်။
"ဒီနေ့ အစစ်အမှန်ရှေးဟောင်းကျင့်ကြံနည်းစနစ်က ဘာလဲဆိုတာ ငါ မင်းကို ပြပေးမယ်"
လုယွီက အေးစက်စက်နှာမှုတ်ပြီး သူ၏လက်ကိုညင်သာစွာမြှောက်လိုက်ရာ ချက်ချင်းဆိုသလိုပင် သူ၏ခန္ဓာကိုယ်အတွင်းရှိ မှော်စွမ်းအားများ မြင့်တက်လာသည်။
ထိုမှော်စွမ်းအားများသည် လုယွီ၏ခေါင်းထက်၌ စုဝေးစပြုလာပြီး နောက်ဆုံး၌ မီးတောက်လူဘီလူးကြီးတစ်ကောင်အဖြစ် စုဝေးသွားသည်။
ရှေးဟောင်းသိုင်းပညာနည်းစနစ်...ကျူးရုံအစစ်အမှန်ခန္ဓာကိုယ်...
ခရက်....
ပင်မခန်းမ၏ခေါင်မိုး အပိုင်းပိုင်းအစစ ကြေမွှပျက်စီးသွားလေ၏။
လုယွီ၏ဓမ္မပုံရိပ်ယောင်ကြီးသည် ထန်ကျင်း၏မီးလူသားကြီးထက် ဆယ်ဆကျော်ပို၍ကြီးမားသည်။
"သေစမ်း"
လုယွီက သူ၏လက်ကိုမြှောက်၍ သူ၏လက်ဝါးကို အောက်သို့ရိုက်ချလိုက်သည်။
ဘန်းခနဲမြည်သံနှင့်အတူ ခန်းမတစ်ခုလုံး ပြင်းပြင်းထန်ထန် တုန်ခါသွားသည်။
ထိုလက်ဝါးကျရောက်လာသော ခန်းမ၏ကြမ်းပြင်ပေါ်၌ အချိုင့်ရာကြီးတစ်ခု ဖြစ်ပေါ်သွားလေ၏။ထိုအချိုင့်ရာကြီးသည် လက်ဝါးရာပုံစံရှိသည်။
အစောပိုင်းတွင် တုန်လှုပ်ချောက်ချားဖွယ်အရှိန်အဝါကို ထုတ်လွှက်ထားသော ထန်ကျင်းသည် ပြင်းပြင်းထန်ထန် ရိုက်နှက်ခံထားရသဖြင့် အချိုင့်ရာကြီးအတွင်း၌ လဲလျောင်းနေပြီး မလှုပ်ရှားနိုင်တော့ချေ။
"ဗိုလ်ချုပ် ထန်"
အရာရှိများက ထိတ်လန့်တကြား အော်ဟစ်လိုက်ကြ၏။
ထန်ကျင်းသည် အချိုင့်ရာကြီးအတွင်း၌ ပြားကပ်နေပြီး သူ၏ကြွက်သားနှင့်အရိုးများမှ သွေးများယိုစီးကျနေကာ သူ၏ခန္ဓာကိုယ်တစ်စုလုံး စုတ်ပြတ်သတ်နေသည်။
သူသည် အမှန်တကယ်ကိုပင် လက်ဝါးတစ်ချက်တည်းဖြင့် သေသည်အထိ ရိုက်နှက်ခံလိုက်ရသလော...
လူတိုင်းသည် လုယွီကိုစူးစိုက်၍ကြည့်နေကြပြီး သူတို့၏မျက်လုံးများအတွင်း၌ မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေသည်။
ဤသည်က စတုတ္ထဆင့်စစ်ဗိုလ်ချုပ်မျိုးတွင်ရှိနေသင့်သည့် စွမ်းအားမျိုးမဟုတ်ချေ။
လုယွီက အုပ်ချုပ်သူပလ္လင်ပေါ်တွင်ထိုင်နေသော ဟယ်ကောင်းဖေးကိုကြည့်၍ ပြောဆိုလိုက်၏။
"ဒါက မင်း ထိုင်ရမယ့်နေရာလား"
ဟယ်ကောင်းဖေး၏ခြေထောက်များ တုန်ရီသွားပြီး သူက အုပ်ချုပ်သူပလ္လင်ပေါ်မှ ပြုတ်ကျသွားသည်။
"မြေကမ္ဘာအင်မော်တယ် အစောပိုင်းအဆင့်တွေနဲ့ ငါ့ရှေ့မှာလာပြီး မဆင်မခြင်လုပ်ဝံ့ကြတယ်ပေါ့လေ"
လုယွီက အရာရှိများကို ဝေ့ဝိုက်၍ကြည့်လိုက်သည်။
"မင်းတို့ကောင်တွေက ပုန်ကန်ရဲကြတယ်မလား...အဲ့ဒီတော့ မင်းတို့က သတ္တိကောင်းကြမယ့်ပုံပဲ"
ခန်းမအတွင်းရှိအရာရှိများအားလုံး တိတ်ဆိတ်ငြိမ်သက်နေကြသည်။
အစောပိုင်းက လုယွီ ပြောဆိုလိုက်သော စကားလုံးများသည် ခန်းမအတွင်းရှိအရာရှိများကို လှောင်ပြောင်သရော်သည့်သဘောမျိုး သက်ရောက်လေ၏။
သို့ရာတွင် မည်သည့်အရာရှိကမျှ စကားတစ်ခွန်းတစ်လေပင် မပြောဆိုဝံ့ချေ။
မြေကမ္ဘာအင်မော်တယ်မဟာစစ်ဗိုလ်ချုပ်တစ်ယောက်ကိုပင် လုယွီက လက်ဝါးရိုက်ချက်တစ်ချက်တည်းဖြင့် သတ်ဖြတ်ခဲ့သူဖြစ်သည်။
ဤကဲ့သို့ ခွန်အားမျိုးရှိနေသော လုယွီ၏ရှေ့၌ မည်သည့်အရာရှိက မဆင်မခြင် စကားပြောဆိုဝံ့မည်နည်း။
"ငါ့ကိုမထိနဲ့...ငါ့ရဲ့အဖေက ရှန့်လင်းမြို့အရှင်နော်...တကယ်လို့ မင်း ငါ့ကိုသတ်ရင် ငါ့အဖေက မင်းကို အလွတ်ပေးမှာမဟုတ်ဘူး"
ဟယ်ကောင်းဖေးက ရက်စက်ကြမ်းကြုတ်သောမျက်နှာအမူအယာဖြင့် အော်ဟစ်လိုက်၏။
လုယွီသည် ဟယ်ကောင်းဖေးနှင့်စကားပြောဆို၍ အချိန်ဖြုန်းလိုစိတ်မရှိချေ။
သူ၏လက်မှဓားချီတစ်လှိုင်း ထုတ်လွှက်လိုက်ခြင်းနှင့်အတူ ဟယ်ကောင်းဖေး၏ခေါင်း မြေပြင်ပေါ်သို့ ပြုတ်ကျသွားတော့သည်။
Chapter 1952
ဘုန်း...
ဦးခေါင်းမဲ့သွားသော ဟယ်ကောင်းဖေး၏ခန္ဓာကိုယ်ကြီးသည် တုန်ခါပြီး မြေပြင်ပေါ်သို့ ပြိုလဲကျသွားတော့သည်။
အခြေအနေကို စောင့်ကြည့်နေကြသူများအားလုံး တုန်လှုပ်ချောက်ချားသွားကြ၏။
ဟယ်ကောင်းဖေးသည် အရည်အချင်းမရှိသော်လည်း သူသည် ရှန့်လင်းမြို့အရှင်၏သားဖြစ်သည်။
လုယွီသည် ရှန့်လင်းမြို့အရှင်၏မျက်နှာကိုပင် ထောက်ထားညှာတာခြင်းမရှိချေ။
လုယွီသည် ရှန့်လင်းမြို့အရှင်ကို မျက်နှာသာမပေးရုံသာမက ဟယ်ကောင်းဖေးကို မတွန့်မဆုတ် သတ်ဖြတ်ခဲ့သည်။
သူသည် ဟယ်ကောင်းဖေးကိုပင် သတ်ဖြတ်ခဲ့သဖြင့် နောက်တစ်ကြိမ်လှုပ်ရှားမှုတွင် သူ မည်သူ့အား သတ်ဖြတ်မည်နည်း။
မည်သူမျှ သေချာမပြောနိုင်ချေ။
"ရှားဟိုလီရဲ့လက်အောက်မှာ ဒီလိုမွန်းစတားကောင်မျိုး ရုတ်တရက်ကြီး ဘာလို့ထွက်ပေါ်လာရတာလဲ"
ဤမေးခွန်းသည် အရာရှိများအားလုံး၏စိတ်နှလုံးသားများအတွင်း၌ ဖြတ်ပြေးသွားသည်။
လုယွီက ထိုလူများအားလုံးကို ဝေ့ဝိုက်ကြည့်၍ စစ်သားတစ်ယောက်ထံသို့ တန်းတန်းမတ်မတ် လျှောက်လှမ်းသွားလိုက်၏။ထို့နောက် သူက အသံနက်ကြီးဖြင့် ပြောဆိုသည်။
"မင်းတို့ဖမ်းထားတဲ့လူတွေ ဘယ်နေရာမှာလဲ"
လုယွီ သူ့မျက်လုံးရှေ့ကိုရောက်လာသည်ကိုကြည့်ပြီး ထိုစစ်သား၏ခြေထောက်များ တုန်ရီသွားကာ သူက ဒူးထောက်လိုက်၏။
ဤသည်က မဟာစစ်ဗိုလ်ချုပ်တစ်ယောက်ကိုပင် လက်ဝါးတစ်ချက်တည်းဖြင့် ရိုက်သတ်ခဲ့သူဖြစ်ရာ သူ့ကဲ့သို့ စစ်သားငယ်လေးဆိုလျှင် ဆိုဖွယ်ရာပင်မရှိချေ။
ထိုစစ်သား၏နှုတ်ခမ်းများ တဆတ်ဆတ်တုန်နေပြီး သူသည် အချိန်အတိုင်းအတာတစ်ခုထိ စကားမပြောနိုင်ချေ။
"ပြောစမ်း"
လုယွီ၏မျက်လုံးများအတွင်းမှနေ၍ ရုတ်တရက် တောက်ပသောအလင်းရောင်များ ဖြာထွက်လာသည်။
လုယွီထံတွင် တာအိုသခင်စိတ်ဝိညာဥ်ရှိနေသဖြင့် ဤကဲ့သို့သာမာန်ကျင့်ကြံသူများအတွက် ဧကရာဇ်တစ်ပါးသည် သာမာန်လူတစ်ယောက်နှင့်တွေ့ဆုံသည့်အလား အရှိန်အဝါသက်သက်ဖြင့်ပင် ဖိနှိပ်ထားနိုင်သည်။
စစ်သား၏ခန္ဓာကိုယ် တောင့်တင်းသွားပြီး သူက ချက်ချင်းဆိုသလိုပင် တုံ့ပြန်ပြောဆိုလေ၏။
"သူတို့ကို အုပ်ချုပ်သူအိမ်တော်ရဲ့နောက်က အကျဥ်းထောင်ထဲမှာ ဖမ်းဆီးထားပါတယ်"
"ငါ့ကို အဲ့ဒီနေရာကို ခေါ်သွားစမ်း"
လုယွီက ပြောဆိုသည်။
ထိုစစ်သား၏စိတ်ဝိညာဥ်တစ်ခုလုံးကို လုယွီ အပြည့်အဝထိန်းချုပ်ထားပြီးလေပြီ။
သူ၏စကားကိုကြားသည်နှင့် ထိုစစ်သားသည် အချိနိဖြုန်းမနေဘဲ နောက်သို့ပြန်လှည့်ကာ လုယွီကို လမ်းပြ၍ခေါ်ဆောင်သွားတော့သည်။
"မင်းတို့ကောင်တွေအားလုံး...မင်းတို့ကိုယ်မင်းတို့ ဂရုစိုက်နေကြတော့"
လုယွီက ကျန်ရှိနေသောလူများကို ဝေ့ဝိုက်ကြည့်ပြီး ပြောဆိုလိုက်၏။
လုယွီထွက်ခွာသွားချိန်တွင် ပင်မခန်းမအတွင်းရှိလူများအားလုံးသည် သူတို့၏ပခုံးပေါ်မှ ဝန်ထုပ်ဝန်ပိုးကြီး ကျသွားသကဲ့သို့ ခံစားလိုက်ရသည်။
တချို့လူများသည် ထန်ကျင်း၏နံဘေးသို့ အပြေးသွား၍ ဂရုတစိုက် လေ့လာဆန်းစစ်လိုက်ကြသည်။ထန်ကျင်း၏သေဆုံးခြင်းသည် အလွန်ဆိုးရွားကြောင်း သူတို့အားလုံး တွေ့ရှိလိုက်ရ၏။သူ၏ခန္ဓာကိုယ်မှ အရိုးများအားလုံးနီးပါး ကြေမွပျက်စီးသွားခဲ့သည်။
"မြေကမ္ဘာအင်မော်တယ်နယ်ပယ်မှာ...ခန္ဓာကိုယ်တစ်ခုလုံးမှာရှိတဲ့ ကြွက်သားတွေနဲ့အရိုးအရွတ်တွေကို တစ်ကြိမ်ထိန်းညှိပြီးသွားပြီ...တချို့မှော်ရတနာတွေ ပေါက်ကွဲသွားရင်တောင် ဒီလိုမျိုးအစွမ်းထက်ကျင့်ကြံသူကို ထိခိုက်ဒဏ်ရာပြင်းပြင်းထန်ထန် ရစေမှာမဟုတ်ဘူး...ဒါပေမယ့် ဒီကောင်လေးကတော့ လက်ဝါးတစ်ချက်တည်းနဲ့ ထန်ကျင်းကို ဒီလိုပုံစံမျိုးဖြစ်စေခဲ့တယ်"
"ဒါက စိတ်ကူးယဥ်ကြည့်ဖို့တောင် ခက်ခဲလွန်းတယ်"
ထိုမြင်ကွင်းကိုကြည့်ပြီး အရာရှိများအားလုံး ထိတ်လန့်တုန်လှုပ်သွားသည်။တစ်ချိန်တည်းမှာပင် သူတို့၏စိတ်နှလုံးသားအတွင်းမှ လုယွီအပေါ် ထိတ်လန့်ကြောက်ရွံစိတ်များ ပို၍ပြင်းထန်လာပေ၏။
အကျဥ်းထောင်အတွင်း၌...
ဤနေရာရှိ အကျဥ်းခန်းများအားလုံး အခြေခံအားဖြင့် ဗလာဟင်းလင်းဖြစ်နေသည်။အုပ်ချုပ်သူလီလုံမှုနှင့်အတူ အကျဥ်းခန်းများအတွင်းမှ အကျဥ်းသားများလည်း ပျောက်ကွယ်သွားခဲ့သည်။
ယခုလက်ရှိချိန်၌ ပုန်ကန်မှုကိုမလိုလားခဲ့သော အရာရှိများနှင့်စစ်သားများကို ဤနေရာ၌ ဖမ်းဆီးထိန်းသိမ်းထားလေ၏။
ထိုလူများအကြား၌ ဖေးထျန်ကွမ်းနှင့် လတ်တလောဖမ်းဆီးခံထားရသော ချောင်ပေတို့ရှိနေသည်။
ရွှပ်...ရွှပ်...ရွှပ်...
မှောင်မည်းနေသောအကျဥ်းခန်းအတွင်း၌ ထောင်စောင့်တစ်ယောက်သည် ကြာပွတ်တစ်ချောင်းကိုဝှေ့ယမ်း၍ သံလက်ထိပ်အခတ်ခံထားရသော လူကြီးတစ်ယောက်ကို အားကုန်ရိုက်နှက်နေသည်။
ထိုလူကြီး၏ကျစ်လစ်သောခန္ဓာကိုယ်အပေါ်ပိုင်းတွင် နက်ရှိုင်းသောကြာပွတ်ရာများဖြင့် ပြည့်နှက်နေပေ၏။သူ၏ခန္ဓာကိုယ်အရေပြားများမှ သွေးများယိုစီးကျနေပြီး သူ၏နံဘေးပတ်ဝန်းကျင်တွင် သွေးစသွေးနများရှိနေသည်။
ထိုလူကြီးသည် အစောပိုင်းကမှ ဖမ်းဆီးထိန်းသိမ်းခံထားရသော မဟာစစ်ဗိုလ်ချုပ်ချောင်ပေပင်။
ချောင်ပေ၏ခွန်အားသည် သာမာန်ထက်သာလွန်ထူးကဲသော်လည်း သူ၏လက်သီးနှစ်ဖက်ဖြင့် လူအမြောက်အများကို ရင်ဆိုင်ရန်မဖြစ်နိုင်ချေ။ပုန်ကန်သူအရာရှိများနှင့်နတ်ဆိုးသားရဲဘုရင်များ၏ ဝိုင်းဝန်းတိုက်ခိုက်မှုအောက်တွင် ချောင်ပေထံ၌ ရွေးချယ်စရာလမ်းမရှိတော့ဘဲ ဖမ်းဆီးခံလိုက်ရသည်။
"ခုထိ မပြောသေးဘူးလား...ဟီး ဟီး...ဒါက ပြဿနာမရှိဘူး...ငါ့ဆီမှာ မင်းနဲ့ကစားဖို့ အချိန်တွေအများကြီးရှိတယ်"
ထောင်စောင့်က သရော်တော်တော် ပြောဆိုသည်။
ထောင်စောင့်၏လက်အတွင်းမှ ကြာပွတ်ကို နတ်ဘုရားကြာပွတ်ဟုခေါ်ဆိုပြီး လူတစ်ယောက်၏စိတ်ဝိညာဥ်ကို ထိခိုက်နာကျင်စေသောအရာဖြစ်သည်။
ဖမ်းဆီးခံရသောကျင့်ကြံသူအများစုသည် သူတို့၏ရုပ်ခန္ဓာကိုယ်များ အလွန်အမင်းသန်မာအားကောင်းသည့်တိုင် နတ်ဘုရားကြာပွတ်ကြောင့် သူတို့၏စိတ်ဝိညာဥ်များ အလွန်အမင်းနာကျင်မှုကို ခံစားရသည်။
ဤသည်က စိတ်ဝိညာဥ်၏အနက်ရှိုင်းဆုံးနေရာမှလာသောနာကျင်မှုဖြစ်ပြီး သန်မာအားကောင်းသောကျင့်ကြံသူများကိုပင် ရူးသွပ်သွားစေနိုင်သည်။
Chapter 1953
ချောင်ပေသည် သူ၏ခေါင်းကိုမော့၍ ကြောက်မက်ဖွယ်အကြည့်ဖြင့် ထောင်စောင့်ကို ကြည့်လိုက်၏။
အကြည့်တစ်ချက်ဖြင့်ပင် ထောင်စောင့်၏ကြာပွတ်ဝှေ့ယမ်းနေမှု အချိန်တခဏကြာ တုံ့ဆိုင်းသွားခဲ့သည်။
မည်သို့ပင်ဆိုစေကာမူ သူ့ရှေ့၌ရှိနေသူမှာ မဟာစစ်ဗိုလ်ချုပ်တစ်ယောက်ဖြစ်သည်။
သို့ရာတွင် ထိုအတွေးသည် အချိန်တခဏသာကြာပြီးနောက် ပျောက်ကွယ်သွားခဲ့သည်။
"မင်းကိုယ်မင်း ဗိုလ်ချုပ်တစ်ယောက်ဖြစ်နေတုန်းပဲလို့ ထင်နေတာလား...ဒီနေရာကို ရောက်လာတဲ့သူက ဘယ်ကောင်ကြီးပဲဖြစ်နေနေ ငါ ဂရုမစိုက်ဘူး...အကုန်လုံး ငါ့ရှေ့မှာ ဒူးထောက်ရမှာပဲ"
ထောင်စောင့်က သရော်တော်တော်ပြောဆိုပြီး သူ၏လက်မှကြာပွတ်ကို ဆက်လက်၍ ဝှေ့ယမ်းလိုက်၏။
ရုတ်ချည်းဆိုသလိုပင် ချောင်ပေသည် အံ့အားသင့်တုန်လှုပ်နေသော မျက်လုံးများဖြင့် သူ၏နောက်ဘက်သို့ကြည့်နေခြင်းကို သူ မြင်တွေ့လိုက်ရသည်။
"မင်း ဘယ်လိုလုပ်ပြီး ဒီနေရာကို ရောက်လာတာလဲ"
ချောင်ပေ၏အသံက အက်ရှရှ ဖြစ်နေသည်။
ထောင်စောင့်သည် အနည်းငယ်ကြက်သေသေသွားသော်လည်း သူက ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်၏။
"မင်း ငါ့ကို လှည့်စားနေတာလား...မင်းက ဒီနေရာကို ရောက်လာပြီးမှတော့ မင်းကို ဘယ်သူမှလာကယ်မှာမဟုတ်ဘူး...သူတော်စင်ပင်လယ်ကြယ်နယ်မြေထဲကို မင်း ဝင်ရောက်လာနိုင်အောင် ကူညီပေးခဲ့တဲ့သူက ဘယ်သူလဲ...ငါ့ကို မြန်မြန်ပြောစမ်း"
စကားဆုံးသည်နှင့် သူက ဆက်လက်၍ရိုက်နှက်ရန်ရည်ရွယ်၍ သူ့လက်အတွင်းရှိ ကြာပွတ်ကိုမြှောက်လိုက်သည်။
သို့သော် ထိုအချိန်မှာပင် သူ၏နောက်မှနေ၍ အေးစက်စက်အသံတစ်သံ ထွက်ပေါ်လာသည်။
"သူ့ကို သူတော်စင်ပင်လယ်ကြယ်နယ်မြေထဲကို ခေါ်လာခဲ့တဲ့သူက ငါပဲ"
လုယွီက ထောင်စောင့်၏အနောက်၌ ထွက်ပေါ်လာလေ၏။
တစ်စုံတစ်ယောက်၏အသံ သူ၏နောက်မှထွက်ပေါ်လာသည်ကိုကြားသဖြင့် ထောင်စောင့်က လှည့်ကြည့်လိုက်ရာ ချက်ချင်းဆိုသလိုပင် သူက လုယွီအား မြင်တွေ့မိသည်။
"မင်းက...."
ထောင်စောင့်သည် အံ့အားသင့်တုန်လှုပ်သွားပြီးနောက် ရုတ်တရက် သူက တစ်စုံတစ်ခုကိုတွေးတောမိသွားကာ ကျယ်လောင်စွာ အော်ဟစ်လိုက်၏။
"လာကြစမ်း....မြန်မြန်လာကြစမ်း...ထောင်ထဲကို ကျူးကျော်ဝင်ရောက်လာသူ ရှိနေတယ်"
သူ အကြိမ်အနည်းငယ်ခန့် အော်ဟစ်နေသော်လည်း ပြင်ပ၌ တိတ်ဆိတ်ငြိမ်သက်နေပြီး မည်သည့်အသံဗလံမှ မကြားရချေ။
ထိုအချိန်မှာပင် သိုက်ဖုန်းသည် နောက်လိုက်စစ်သားများနှင့်အတူ ရောက်ရှိလာပြီး ရိုသေလေးစားသောအသံဖြင့် ပြောဆိုလေသည်။
"အရှင်...အပြင်မှာရှိတဲ့ ပုန်ကန်သူအစောင့်တွေအားလုံးကို သုတ်သင်ပြီးပါပြီ...ပုန်ကန်တဲ့သူတချို့ ကျန်နေသေးပေမယ့် ကျွန်တော်က လက်အောက်ငယ်သားတွေကို စေလွှက်ပြီး သူတို့ကို အမြစ်ပြတ်သုတ်သင်ခိုင်းထားတယ်"
ဘာ...
ထောင်စောင့်၏မျက်နှာတပြင်လုံး ဖြူရော်သွားပြီး သူက ထွက်ပြေးရန်ဟန်ပြင်လိုက်သည်။
လုယွီသည် အချိန်ဖြုန်းလိုစိတ်မရှိချေ။သူ၏လက်ချောင်းများကို လှုပ်ခတ်လိုက်မှုနှင့်အတူ ဓားချီတစ်လှိုင်းက ထိုထောင်စောင့်၏လည်ပင်းကို ဖြတ်တောက်သွားတော့သည်။
ဘုန်း...
ထောင်စောင့်၏အသက်ကင်းမဲ့နေသော ခန္ဓာကိုယ်ကြီးက မြေပြင်ပေါ်သို့ ပြုတ်ကျသွားလေ၏။
လုယွီ ရောက်လာသည်ကိုကြည့်ပြီး ချောင်ပေက ခါးသည်းသောလေသံဖြင့် ပြောဆိုသည်။
"အဆုံးသတ်ကျတော့ ငါ့ကိုလာကယ်မယ့်လူက မင်းဖြစ်နေမယ်လို့ ငါ မထင်ထားမိဘူး...အရာအားလုံးက ငါ့ရဲ့အပြစ်တွေပါပဲ.. ငါက ခေါင်းမာပြီး မင်းပေးတဲ့အကြံဥာဏ်ကို မလိုက်နာခဲ့မိဘူး"
သူတော်စင်ပင်လယ်ကြယ်နယ်မြေအတွင်းသို့ ဝင်ရောက်လာခဲ့ပြီးနောက် လော့ရွှေကြယ်မြစ်၏အဆင့်မြင့်အရာရှိများသည် ပုန်ကန်သူများဖြစ်နေသဖြင့် သတိထားရန် လုယွီက သူ့အား သတိပေးခဲ့သည်။
သို့ရာတွင် ချောင်ပေသည် လုယွီ၏အကြံဥာဏ်အတိုင်း လိုက်နာဆောင်ရွက်ခြင်းမရှိသောကြောင့် သူ ရှန့်လင်းမြို့အတွင်းသို့ ဝင်ရောက်မိသည်နှင့် ဝိုင်းရံတိုက်ခိုက်ခံရကာ ဖမ်းဆီးခံခဲ့ရသည်။
သူ့ထံတွင် နှစ်ပေါင်းများစွာတိုက်ခိုက်မှုအတွေ့အကြုံများ ရှိနေသော်လည်း အဆုံးသတ်၌ လူငယ်တစ်ယောက်ခန့်ပင် အမြင်မရှိလေရာ ချောင်ပေသည် ကူကယ်ရာမဲ့စွာဖြင့် ရှက်ရွံမှုကို ခံစားနေရ၏။
လုယွီ၏မျက်နှာသည် တည်ငြိမ်အေးဆေးနေပြီး သူက ပေါ့ပေါ့ပါးပါးလေသံဖြင့် ပြောဆိုသည်။
"ဗိုလ်ချုပ်ချောင်က ကိုယ့်ကိုကိုယ် အပြစ်မတင်ပါနဲ့...ဘယ်လိုပဲဖြစ်ဖြစ် ဒီကိစ္စက ရုတ်တရက်ကြီး ဖြစ်သွားခဲ့တာ...ဗိုလ်ချုပ်ချောင်နဲ့ငါက တွေ့ဆုံခဲ့တာမကြာသေးတော့...ဗိုလ်ချုပ်ချောင်က ငါ့စကားကို ဘယ်လိုလုပ်ပြီး ယုံကြည်မှာလဲ"
ချောင်ပေ၏ခန္ဓာကိုယ်ပေါ်၌ ကြယ်ပျံသံမဏိဖြင့်ပြုလုပ်ထားသော သံကြိုးကြီးများဖြင့် တုပ်နှောင်ခံထားရဆဲပင်။
လုယွီက ဓားချီတစ်လှိုင်း ပစ်လွှက်ပြီး ထိုသံကြိုးကြီးများအားလုံးကို ခုတ်ပိုင်းလိုက်၏။
ချောင်ပေသည် သူ၏လွတ်လပ်မှုကို ပြန်လည်ရရှိသွားလေပြီ။
သို့ရာတွင် သူ့ကိုကြည့်ရသည်မှာ အလွန်အမင်းအားနည်းနေပုံရသည်။သူ၏ခန္ဓာကိုယ်ပေါ်၌ အချုပ်အနှောင်များမရှိတော့သည်တိုင် သူ မတ်တတ်ရပ်လိုက်စဥ်တွင် အနည်းငယ်တုန်ရီနေပေ၏။
"သူတို့က ငါ့ရဲ့ခန္ဓာကိုယ်ပေါ်မှာ ချိပ်စည်းတစ်ခုထားခဲ့တယ်...အခုချိန်မှာ ငါ့ရဲ့မှော်စွမ်းအားတွေကို အသုံးမပြုနိုင်သေးဘူး...ငါ့ရဲ့ရုပ်ခန္ဓာကိုယ်ခွန်အားတွေတောင် တော်တော်လေးလျော့ကျနေတယ်"
ချောင်ပေက သက်ပြင်းတစ်ချက်ရှိုက်၍ ပြောဆိုသည်။
ယခုလက်ရှိချိန်တွင် သူ၏လွတ်လပ်မှုပြန်လည်ရရှိသွားသည့်တိုင် သူ၏နဂိုမူလခွန်အားကို ပြန်လည်ရရှိစေရန်အတွက် သူ အချိန်တစ်ခုယူရပေမည်။
"ဒါက မလိုအပ်ပါဘူး"
လုယွီက ဆေးလုံးတစ်လုံးကိုထုတ်ယူပြီးနောက် သူ၏မှော်စွမ်းအားများကိုအသုံးပြု၍ ဆေးစွမ်းအားများကိုသိပ်သည်းကာ ချောင်ပေ၏ခန္ဓာကိုယ်အတွင်းသို့ ရိုက်ထည့်လိုက်သည်။
ချောင်ပေ၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ခါသွားပြီးနောက် ချက်ချင်းဆိုသလိုပင် သူ၏ခန္ဓာကိုယ်အတွင်းရှိချိပ်စည်း အလျှင်အမြန်အရည်ပျော်ကျလာခြင်းကို ခံစားမိသည်။
အသက်ရှုရှိန်အနည်းငယ်အတွင်းမှာပင် ချောင်ပေ၏အရှိန်အဝါများ ပြန်လည်ကောင်းမွန်စပြုလာသည်။
ဘုန်း...
ချောင်ပေ၏ခန္ဓာကိုယ်အတွင်းမှ ခပ်အုပ်အုပ်အသံတစ်သံ ထွက်ပေါ်လာခြင်းနှင့်အတူ သူ၏ခန္ဓာကိုယ်အတွင်းရှိချိပ်စည်းကို အပြည့်အဝဖယ်ရှားပြီးလေပြီ။
Chapter 1954
တစ်ချိန်တည်းမှာပင် ချောင်ပေက သူ၏မျက်လုံးများကို ဖွင့်လိုက်သည်။
"ကျေးဇူးတင်ပါတယ်...မင်းရဲ့ကူညီပေးမှုအတွက် ငါ မင်းကို အရမ်းကျေးဇူးတင်ပါတယ်"
ချောင်ပေသည် လုယွီကို အလွန်ကျေးဇူးတင်နေလေ၏။
အရာရှိရာထူးအဆင့်အရဖြစ်စေ အတွေ့အကြုံအရဖြစ်စေ လုယွီသည် ချောင်ပေထက် များစွာပို၍နိမ့်ပါးသည်။
သို့ရာတွင် လုယွီသည် ဤနေရာသို့ ဝင်ရောက်လာပြီး သူ့ကိုကယ်တင်ခဲ့သဖြင့် ချောင်ပေ၏စိတ်နှလုံးသားအတွင်း၌ လုယွီအပေါ် ကျေးဇူးတင်မှုများနှင့် ပြည့်နှက်နေသည်။
လုယွီအား သူနှင့်မျိုးဆက်တူလူတစ်ယောက်ကဲ့သို့ ဆက်ဆံရန် ချောင်ပေက ဆုံးဖြတ်ချက်ချလိုက်၏။
"အပြင်မှာ ပုန်ကန်သူတွေရှိနေတယ်...မင်း ဘယ်လိုလုပ်ပြီး ဝင်လာတာလဲ"
ချောင်ပေက ရုတ်တရက် မေးမြန်းလိုက်သည်။
ဤသည်က သူ ဝေခွဲရခက်နေသောကိစ္စလည်းဖြစ်သည်။
သူ ဝင်ရောက်လာစဥ်အချိန်တွင် ပုန်ကန်သူများသည် အုပ်ချုပ်သူအိမ်တော်ကိုအပိုင်စီးထားသည့်အပြင် ရှန့်လင်းမြို့ကိုလည်း သိမ်းပိုက်ထားခဲ့သည်။
ယခုလက်ရှိချိန်တွင် ရှန်လင်းမြို့တစ်မြို့လုံး ပုန်ကန်သူများနှင့်ပြည့်နှက်နေလေရာ လုယွီနှင့် သူ၏လက်အောက်သားများသည် မည်သည့်နည်းဖြင့် ဤနေရာသို့ ရောက်ရှိလာခဲ့သနည်း။
"မြန်မြန်ထွက်သွားကြစို့...တကယ်လို့ သူတို့ပြန်ဖမ်းမိရင် ငါတို့အားလုံး ဒုက္ခရောက်သွားနိုင်တယ်"
ချောင်ပေက အလျင်စလို ပြောဆိုသည်။
"ဒါက အဆင်ပြေပါတယ်"
လုယွီက တည်ငြိမ်သောအသံဖြင့် ပြောဆိုလေ၏။
"ငါက ထန်ကျင်းကို သတ်ခဲ့တယ်...သူတို့တွေ ငါ့ကိုထိရဲမှာမဟုတ်ဘူး"
ဘာ...
ချောင်ပေက ရုတ်တရက် ကြက်သေသေသွားသည်။
လုယွီသည် တော်ဝင်နန်းတော်မှခန့်အပ်ထားသော မဟာစစ်ဗိုလ်ချုပ်တစ်ယောက်ကို သတ်ဖြတ်ခဲ့သလော...
သူ၏လေ့လာဆန်းစစ်မှုအရ လုယွီထံတွင် စိတ်ဝိညာဥ်ကျောက်တုံး အမြောက်အများရှိပြီး ချမ်းသာကြွယ်ဝသူဖြစ်သော်လည်း လောကီအင်မော်တယ်အထွတ်အထိပ်အဆင့်ကျင့်ကြံသူတစ်ယောက်ဖြစ်သည်။
လောကီအင်မော်တယ်နှင့်မြေကမ္ဘာအင်မော်တယ်အကြား၌ ကွာဟမှုအလွန်ကြီးမားသည်။ထိုကျင့်ကြံဆင့်နယ်ပယ်များတွင် တစ်စုံတစ်ယောက်သည် နယ်ပယ်ကြီးတစ်ခုသာလွန်သူကို သတ်ဖြတ်နိုင်ရန်မှာ အလွန်အမင်းခက်ခဲသောကိစ္စပင်။
"သူက စိတ်ဝိညာဥ်အမြှောက်တွေကိုအသုံးပြုပြီး သတ်လိုက်တာပဲဖြစ်မယ်...သူ့ဆီမှာ စိတ်ဝိညာဥ်ကျောက်တုံးတွေ ဘယ်လောက်များများတောင် ရှိနေတာလဲ"
ချောင်ပေက သူ၏စိတ်နှလုံးသားအတွင်းမှ မှန်းဆတွေးတောလိုက်၏။
ထိုအချိန်မှာပင်...
လုယွီက မေးမြန်းလေသည်။
"ဖေးထျန်ကွမ်းတို့လူစုကို ဘယ်နေရာမှာ ဖမ်းချုပ်ထားတာလဲ"
ချောင်ပေက ခေါင်းခါပြလိုက်သည်။
"ငါ ဒီနေရာမှာ ဖမ်းချုပ်ခံရပြီးကတည်းက ငါ့ရဲ့နတ်ဘုရားစိတ်အာရုံကို ချိပ်ပိတ်ခံထားရတယ်...ဒါကြောင့် ဖေးသခင်ကြီးကို ဘယ်နေရာမှာ ဖမ်းချုပ်ထားလဲဆိုတာ ငါ မသိဘူး"
လုယွီက မျက်မှောင်ကြုတ်လိုက်၏။
အကယ်၍ ဖေးထျန်ကွမ်းသည် ဤနေရာတွင် ဖမ်းချုပ်ထားခြင်းမခံရပါက မည်သည့်နေရာသို့ ရောက်ရှိသွားသနည်း။
သူ ရှန့်လင်းမြို့သို့ပြန်လာရသည့် အဓိကအကြောင်းအရင်းမှာ ဖေးထျန်ကွမ်းကို ကယ်တင်ရန်ပင်။
ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်၏မှတ်ဥာဏ်များအရ သခင်ကြီးဖေးသည် မဟာဗျူဟာပညာရပ်၌ အလွန်ထူးချွန်ပြောင်မြောက်သူဖြစ်သည်။သူသည် အနာဂတ်တွင် အမတ်ချုပ်ကြီးတစ်ယောက်ဖြစ်လာရန် အသင့်တော်ဆုံးလူဖြစ်ပေ၏။
အကယ်၍ ဖေးထျန်ကွမ်းကိုသာ သူ၏လက်အောက်သို့ ခေါ်ဆောင်နိုင်ပါက နောင်တစ်ချိန်တွင် သူ၏သြဇာအာဏာလွှမ်းမိုးမှု ပို၍ကျယ်ပြန့်သွားမည်မှာ တိကျသေချာလှသည်။
"ဖေးထျန်ကွမ်းကို ဘယ်နေရာမှာ ဖမ်းချုပ်ထားတာလဲ...ပြောစမ်း"
လုယွီက သူ့အားလမ်းပြခေါ်ဆောင်လာသောစစ်သားကို စောင်းငဲ့ကြည့်ပြီး မေးမြန်းလိုက်၏။
ထိုစစ်သားက တုန်ရီနေသောအသံဖြင့် ပြောဆိုသည်။
"မနေ့ညက..ဖေးသခင်ကြီးက အခွင့်ကောင်းရှာပြီး ထွက်ပြေးလွတ်မြောက်သွားခဲ့တယ်...ကျွန်တော်တို့က လူတွေစေလွှက်ပြီးတော့ သူ့ကို ရှာဖွေနေခဲ့တာပါ"
"သူ ထွက်ပြေးသွားပြီလား"
လုယွီက အနည်းငယ်မျှပင် အံ့အားသင့်သွားပုံမရချေ။
ဖေးထျန်ကွမ်း၏ကျင့်ကြံဆင့်နယ်ပယ်သည် မြင့်မားခြင်းမရှိသော်လည်း သူသည် ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်၏ တရားစီရင်ရေးအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။အကယ်၍ သူသည် ဤကဲ့သို့ သေးငယ်သောအကျဥ်းထောင်အတွင်းတွင် လှောင်ပိတ်ခံရပါက သူ၏အမည်နာမနှင့် ထိုက်တန်မည်မဟုတ်ချေ။
"ထွက်သွားစမ်း"
လုယွီက ထိုစစ်သားအားစောင်းငဲ့ကြည့်ပြီး အော်ဟစ်လိုက်သည်နှင့် အဝေးသို့ထွက်ပြေးသွားတော့သည်။
သိုက်ဖုန်းက မေးမြန်းလိုက်၏။
"အရှင်...ရှန့်လင်းမြို့ထဲက သူပုန်တွေကို ကျွန်တော်တို့ ဘာလုပ်လိုက်ရမလဲ"
လုယွီသည် လျှပ်ပြက်သကဲ့သို့လျှင်မြန်သောနည်းလမ်းကိုအသုံးပြု၍ ပင်မခန်းမအတွင်းရှိ အဓိကပုန်ကန်သူစစ်ဗိုလ်ချုပ်များကို ခြိမ်းခြောက်နိုင်ခဲ့ပြီးဖြစ်သည်။
သို့ရာတွင် ဤသည်က အကြီးစားပုန်ကန်မှုကြီးပင်။
သူတော်စင်ပင်လယ်ကြယ်နယ်မြေအပြင် လော့ရွှေကြယ်မြစ်အတွင်းရှိ ကြယ်နယ်မြေအများစုတွင်လည်း ပုန်ကန်သူများရှိနေသည်။
ဤပုန်ကန်သူများသည် အကန့်အသတ်မရှိလေရာ သူတို့ပုန်းကွယ်နဂါးတပ်ခွဲတစ်ခုတည်းဖြင့် နေရာအနှံ့သို့သွားရောက်၍နှိမ်နင်းရန် မဖြစ်နိုင်ချေ။
လုယွီက တည်ငြိမ်စွာ ပြောဆိုသည်။
"အဲ့ဒီပုန်ကန်သူတွေနဲ့ပတ်သတ်ပြီး ဘာမှစိုးရိမ်နေစရာမလိုဘူး...မကြာခင်မှာ တော်ဝင်နန်းတော်ကနေ လူတွေစေလွှက်ပြီး အဲ့ဒီကိစ္စကို ဖြေရှင်းခိုင်းလိမ့်မယ်...ငါ ဖေးထျန်ကွမ်းကို ကယ်တင်ပြီးတာနဲ့ တပ်မှူးချုပ်ကိုကယ်တင်ဖို့ အနက်ရောင်တိမ်တိုက်ကြယ်နယ်မြေကို သွားမယ်"
လုယွီသည် ဤအမိန့်များအားလုံးကို အချိန်တိုအတွင်း ထုတ်ပြန်လိုက်ခြင်းဖြစ်သဖြင့် ချောင်ပေက စိတ်ရှုပ်ထွေးသွားလေ၏။
"ဗိုလ်ချုပ်ချောင်...မင်းက အရင်မင်းရဲ့အစောင့်တပ်ဆီ ပြန်သွားမှာလား...ဒါမှမဟုတ် ငါ့နောက်ကိုလိုက်မလား"
လုယွီက ချောင်ပေဘက်သို့လှည့်၍ မေးမြန်းလိုက်သည်။
ချောင်ပေသည် အနည်းငယ်တုံ့ဆိုင်းနေသော်လည်း အချိန်အကြာကြီး စဥ်းစားတွေးတောခြင်းမရှိဘဲ သဘောတူညီခဲ့သည်။
ယခုလက်ရှိချိန်တွင် သူတော်စင်ပင်လယ်ကြယ်နယ်မြေပေါ်၌ သူ့အတွက်နေရာမရှိချေ။
အကယ်၍ လုယွီသာ အဝေးသို့ထွက်သွားပါက သူတစ်ယောက်တည်း သူတော်စင်ပင်လယ်ကြယ်နယ်မြေပေါ်၌ နေခဲ့ရန်မှာ အလွန်အမင်းအန္တရာယ်များပေမည်။
သူ ယခုချိန်မှစပြီး လုယွီ၏နောက်သို့လိုက်ပါသွားသည်က သူ့အတွက် ပို၍ကောင်းမွန်ပေလိမ့်မည်။
Chapter 1955
ဘုန်း...
ထိုအချိန်မှာပင် ကျယ်လောင်သောပေါက်ကွဲသံတစ်သံက အကျဥ်းထောင်၏အထက်မှ မြည်ဟီးလာသည်။
အကျဥ်းထောင်၏အထက်ရှိ အုတ်ချပ်များမှ သဲများအလွှာလိုက် ကွာကျကာ မြေပြင်ပေါ်သို့ ပြုတ်ကျလာပေ၏။
"မကောင်းတော့ဘူး...အပြင်ဘက်မှာ အားကောင်းတဲ့အရှိန်အဝါတစ်ခု ရှိနေတယ်"
အကျဥ်းထောင်၏ပြင်ပတွင် ထွက်ပေါ်နေသော တုန်လှုပ်ချောက်ချားဖွယ် အရှိန်အဝါကို အာရုံခံမိချိန်တွင် သိုက်ဖုန်းနှင့်ချောင်ပေတို့၏ မျက်နှာအမူအယာများ တပြိုင်နက်တည်း ပျက်ယွင်းသွားသည်။
ထိုအရှိန်အဝါသည် ထိုက်တောင်ကြီးကဲ့သို့ အလွန်လေးလံပြီး လူအများအား အသက်ရှုရန်ခက်ခဲစေသော မွန်းကြပ်မှုမျိုး ပေးစွမ်းနေသည်။
လုယွီ၏မျက်နှာ သုန်မှုန်နေပြီး သူက ခြေလှမ်းကျဲကြီးများဖြင့် အကျဥ်းထောင်ပြင်ပသို့ လျှောက်လှမ်းသွားလိုက်၏။
သူက လေထုအတွင်းသို့ ခုန်တက်လိုက်သည်နှင့် ပုန်းကွယ်နဂါးတပ်ခွဲမှစစ်သားများသည် အုပ်ချုပ်သူအိမ်တော်၏တံခါး၌ ချောင်ပိတ်ထားခံရပြီး ရွေ့လျားနိုင်ခြင်းမရှိသည်ကို တွေ့မြင်မိသည်။
အုပ်ချုပ်သူအိမ်တော်၏ပြင်ပ၌ နတ်ဆိုးသားရဲတစ်စုက မတ်တတ်ရပ်နေပြီး သူတို့က သွေးဆာနေသောမျက်လုံးများဖြင့် ယခုလက်ရှိနေရာ၌ရှိနေသူများကို စူးစိုက်၍ကြည့်နေသည်။
အကယ်၍ ပုန်းကွယ်နဂါးတပ်ခွဲကို နဂါးတချို့ကသာ စောင့်ရှောက်ပေးနေခြင်းမရှိပါက ထိုနတ်ဆိုးသားရဲများသည် တရကြမ်းတိုးဝင်တိုက်ခိုက်၍ သတ်ဖြတ်ခြင်းကို စတင်ပြုလုပ်နေပေမည်။
ထိုနတ်ဆိုးသားရဲများ၏အလယ်ဗဟို၌ ခမ်းနားထည်ဝါသော ရွှေရောင်ရထားလုံးတစ်စင်းရှိနေသည်။
ဤသည်က ဧကရာဇ်မင်းတစ်ပါး တိုင်းခမ်းလှည့်လည်လာသကဲ့သို့ပင်။ပတ်ဝန်းကျင်ရှိနတ်ဆိုးသားရဲတချို့၏လက်များအတွင်း၌ တဖျပ်ဖျပ်လူးလွန့်နေသောအလံများကို ကိုင်ဆောင်ထားရာ အလွန်အမင်း ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းသော မြင်ကွင်းဖြစ်သည်။
"အမ်...မကောင်းတော့ဘူး...ဒါက နတ်ဆိုးသားရဲမျိုးနွယ်ရဲ့ နဝမဖီးနစ်နတ်ဆိုးဧကရာဇ်ပဲ"
ချောင်ပေသည် အလံများပေါ်၌ရေးဆွဲထားသော သွေးနီရောင်ဖီးနစ်အမှတ်အသားကို မြင်တွေ့ချိန်တွင် သူ၏မျက်နှာတပြင်လုံး ဖြူရော်သွားသည်အထိ ထိတ်လန့်ကြောက်ရွံသွားပေ၏။
နတ်ဆိုးသားရဲများသည် ရှေ့သို့တိုးလာကြပြီးနောက် ရွှေရောင်ရထားလုံးက လေထုအတွင်း၌ တည်ငြိမ်စွာရပ်တန့်သွားသည်။ထို့နောက် ရထားလုံးအတွင်းမှနေ၍ အေးစက်စက်အမျိုးသမီးအသံတစ်သံ ထွက်ပေါ်လာသည်။
"ဘာလဲ...ခုချိန်ထိ လီလုံချင်းကို ရှာမတွေ့ကြသေးဘူးလား"
ထိုအသံသည် ညှို့အားပြင်းပြီး သာယာနာပျော်ဖွယ်ရှိပုံရသည်။သို့ရာတွင် လူအများ၏နားအတွင်းသို့ ဝင်ရောက်သွားချိန်၌ ထိုအသံသည် အချိန်အတော်ကြာ အိပ်မောကျနေသော ရှေးဟောင်းမှော်သားရဲကြီးတစ်ကောင် ရုတ်တရက်ထ၍ ဟိန်းဟောက်လိုက်သည်နှင့် တူညီပေ၏။ထိုအသံကိုကြားမိသူများသည် သူတို့၏ကျောရိုးများအတွင်းမှ ချမ်းစိမ့်လာမှုကို ခံစားလိုက်ရသည်။
နတ်ဆိုးဧကရာဇ်တစ်ယောက် ရောက်ရှိလာသလော...
ဤသည်က လူသားမျိုးနွယ်၏ရွှယ်အင်မော်တယ်နယ်ပယ်နှင့် ညီမျှသော အစွမ်းထက်နတ်ဆိုးသားရဲတစ်ကောင်ပင်။
လောကီအင်မော်တယ်ဖြစ်စေ မြေကမ္ဘာအင်မော်တယ်ဖြစ်စေ ရွှယ်အင်မော်တယ်တစ်ယောက်၏ရှေ့မှောက်တွင် ပုရွက်ဆိတ်တစ်ကောင်အဆင့်သာရှိသည်။
ပတ်ဝန်းကျင်နေရာတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေပြီး မည်သူကမျှ စကားမပြောဝံ့ကြချေ။
"အရှင်ကျို့ဖုန်း...လီလုံချင်းကို ခုထိရှာမတွေ့သေးပါဘူး...ဒါပေမယ့် ဦးရီးတော်ရှားဟိုလီရဲ့လက်အောက်က ဗိုလ်ချုပ်တစ်ယောက် ရုတ်တရက်ကြီး ရောက်လာခဲ့တယ်...သူက ကျွန်တော်တို့ကို ထိခိုက်ဒဏ်ရာရအောင် တိုက်ခိုက်ခဲ့ပြီးတော့ မဟာစစ်ဗိုလ်ချုပ်ထန်ကျင်းကို သတ်ဖြတ်ခဲ့တယ်"
ပင်မခန်းမအတွင်းရှိ အရာရှိများသည် တစ်ယောက်ပြီးတစ်ယောက် ပြင်ပသို့ပြေးထွက်၍ ရထားလုံးရှေ့သို့သွားကာ ညည်းတွားပြောဆိုကြ၏။
ချောင်ပေက မျက်မှောင်ကြုတ်၍ ပြောဆိုသည်။
"မကောင်းတော့ဘူး...အမြန် ပြေးကြရအောင်...နတ်ဆိုးဧကရာဇ် ထွက်လာရင် ငါတို့ လွတ်မြောက်နိုင်တော့မှာမဟုတ်ဘူးး"
ရွှယ်အင်မော်တယ်တစ်ယောက်သည် လက်တစ်ဖက်မြှောက်လိုက်ရုံဖြင့် ကြယ်နယ်မြေများကို ဖျက်ဆီးနိုင်ပြီး အလွန်စွမ်းအားကြီးမားသည်။
ထိုနယ်ပယ်သို့ရောက်ရှိသွားသော ကျင့်ကြံသူများကို သာမာန်အမြင်ဖြင့် တိုင်းတာ၍မရချေ။
လုယွီက သူ၏ခေါင်းကို ခါယမ်းပြလိုက်သည်။
"ငါ ထွက်သွားလို့ မရသေးဘူး...ပြီးတော့ ငါ့ဆီမှာ လုပ်စရာကိစ္စတွေကျန်သေးတယ်"
ဘာ....
ချောင်ပေသည် လုယွီကိုတစ်ချက်ကြည့်ပြီး သူ၏ခေါင်းကိုခါယမ်းကာ ခါးသက်သက်ရယ်မောလိုက်၏။
"ကောင်းပြီလေ...ငါ သေရရင်တောင် အနည်းဆုံးတော့ ထောင်ထဲမှာမသေရဘူးပေါ့"
"မဟုတ်ဘူး...ငါဆိုလိုတာက ငါတို့တစ်ယောက်မှ သေမှာမဟုတ်ဘူး"
လုယွီက ပေါ့ပေါ့ပါးပါးလေသံဖြင့် ပြောဆိုသည်။
ချောင်ပေ၏မျက်လုံးများ ပြူးကျယ်သွားသည်။
"မင်းမှာ စိတ်ဝိညာဥ်အမြှောက်တွေအများကြီးရှိတာ ငါ သိတယ်...ဒါပေမယ့် မင်း ရာနဲ့ချီတဲ့စိတ်ဝိညာဥ်အမြှောက်တွေကို တပြိုင်နက်တည်းပစ်ခတ်ရင်တောင် နတ်ဆိုးဧကရာဇ်ကိုသတ်ဖြတ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး"
လုယွီက တုံ့ပြန်၍ဖြေရှင်းခြင်းမျိူးမရှိသည့်အပြင် သူ၏မျက်နှာပေါ်၌ ထိတ်လန့်ကြောက်ရွံသောအရိပ်အယောင် အနည်းငယ်မျှပင် ရှိမနေချေ။
ဤသည်က ချောင်ပေအား ပို၍ပင် ဇဝေဇဝါဖြစ်သွားစေသည်။မည်သို့ပင်ဆိုစေကာမူ သူသည် နတ်ဆိုးဧကရာဇ်အဆင့် အစွမ်းထက်တည်ရှိမှုကြီးကို ရင်ဆိုင်နိုင်မည့်နည်းလမ်းကို အမှန်တကယ်ကိုပင် စဥ်းစား၍မရချေ။
တစ်ချိန်တည်းမှာပင် ပင်မခန်းမအတွင်းရှိအရာရှိများသည် နောက်ဆုံး၌ လွတ်လမ်းတစ်ခုရှာဖွေတွေ့ရှိသွားပုံဖြင့် စိတ်သက်သာရာရသွားကြ၏။
ဤပုန်ကန်မှုအတွင်း၌ သူတို့သည် နတ်ဆိုးသားရဲများထံမှနေ၍ ကူညီထောက်ပံမှုကို များစွာရရှိခဲ့သည်။
နတ်ဆိုးဧကရာဇ်သာ ဤနေရာ၌ရှိနေပါက လုယွီ မည်မျှထိ အစွမ်းထက်နေပါစေ အချည်းနှီးသာဖြစ်သွားပေမည်။
"ဦးရီးတော်ရှားဟိုလီရဲ့လက်အောက်ကလား"
အလွန်ညှို့အားပြင်းသည့်အသံတစ်သံက ရထားလုံးအတွင်းမှနေ၍ ထပ်မံ၍ထွက်ပေါ်လာသည်။
ထို့နောက် ခရမ်းရောင်ဝတ်စုံဝတ်ဆင်ထားသော အမျိုးသမီးတစ်ယောက်က ရထားလုံးအတွင်းမှ ထွက်ပေါ်လာခဲ့သည်။သူမ၏ဆံပင်များကို စုစည်းထားပြီး သူမ၏မျက်နှာသည် ချောမောလှပကာ ကျက်သရေရှိသည်။
သူမက လူအုပ်ကြီးကို ဝေ့ဝိုက်ကြည့်ပြီးနောက် ရုတ်တရက် သူမ၏မျက်လုံးအကြည့်က လုယွီပေါ်သို့ အခိုင်အမာကျရောက်သွားသည်။
"နင်က သူတို့ပြောနေတဲ့လူပဲဖြစ်မယ်...ဟုတ်တယ်မလား"
ကျို့ဖုန်းက ခပ်ဖျော့ဖျော့အပြုံးနှင့် ပြောဆိုလိုက်၏။