← Chapters

အခန်း (၁၉၆၁-၁၉၆၅)

Vol. 101 Ch. 1961-1965

အခန်း (၁၉၆၁-၁၉၆၅)

Vol. 101 Ch. 1961-1965

Chapter 1961

ထိုဓားချီထွက်ပေါ်လာသည်နှင့် ဖေးထျန်ကွမ်း၏အရှိန်အဟုန် ချက်ချင်းပြောင်းလဲသွားသည်။

ဘုန်း...

ယခုလက်ရှိနေရာရှိ လူများအားလုံးသည် ပြင်းထန်သောဖိအားအရှိန်အဝါတစ်ရပ် သူတို့ပေါ်သို့ သက်ရောက်လာသကဲ့သို့ ခံစားလိုက်ရ၏။

ဖေးထျန်ကွမ်း၏နောက်ရှိ ကျောက်တုံးစားပွဲသည် ထိုဖိအားအရှိန်အဝါကို တောင့်မခံနိုင်သဖြင့် ပေါက်ကွဲသွားကာ ကျောက်သားမှုန့်များအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

ဖေးထျန်ကွမ်းက သူ၏အင်္ကျီလက်ကို ညင်သာစွာဝှေ့ယမ်းလိုက်ရာ ဓားချီနှစ်လှိုင်းက မြောက်ပိုင်းတောင်ရိုးဓားအင်မော်တယ်၏နံဘေးရှိ လူထွားကြီးနှစ်ယောက်ထံသို့ တိုးဝင်သွားသည်။

"လာတာကောင်းတယ်"

လူထွားကြီးနှစ်ယောက်သည် လေထုအတွင်းသိုခုန်တက်ပြီး ထိုဓားချီလှိုင်းများကို ပိတ်ပင်ဟန့်တားရန် ကြိုးပမ်းလိုက်၏။

သူတို့နှစ်ယောက်၏ခန္ဓာကိုယ်များပေါ်တွင် တောက်ပသောမြေသားလွှာများရှိနေသည်။ထိုလူနှစ်ယောက်သည် မြေဒြပ်စင်အထူးပြု ကျင့်ကြံသူများဖြစ်မည်မှာ သိသာထင်ရှားသည်။

မြေဒြပ်စင်အထူးပြုကျင့်ကြံသူများသည် များသောအားဖြင့် အလွန်အမင်းခုခံနိုင်စွမ်း မြင့်မားသဖြင့် သူတို့အား ရုတ်ချည်းသတ်ဖြတ်နိုင်ရန် လွန်စွာခက်ခဲသည်။

သို့ရာတွင် သူတို့ လေပေါ်သို့ ခုန်တက်လာသော အချိန်အခိုက်အတန့်မှာပင် ဓားချီလှိုင်းနှစ်ခုက သူတို့ထံသို့ ရောက်ရှိလာပေ၏။

ဒုတ်...ဒုတ်...

ခပ်အုပ်အုပ်အသံနှစ်သံ ထွက်ပေါ်လာသည်။

ထိုလူထွားကြီးနှစ်ယောက်သည် လောကီအင်မော်တယ်နယ်ပယ်အထွတ်အဆင့် ကျင့်ကြံသူများဖြစ်သည်။သူတို့၏မှော်စွမ်းအားများကို လှည့်ပတ်လိုက်သည်နှင့် သူတို့၏ခန္ဓာကိုယ်များကို ထူထပ်မာကြောသော မြေဒြပ်စင်စွမ်းအားသံချပ်ကာများက လွှမ်းခြုံသွားပြီး ဖျက်ဆီး၍မရနိုင်တော့ချေ။

သို့ရာတွင် ထိုဓားချီများသည် သူတို့၏မှော်စွမ်းအင်အကာအကွယ်အလွှာများကို စက္ကူတစ်ချပ်ကဲ့သို့ တိုက်ရိုက်ထိုးဖောက်သွားသည်။

"ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ..."

လူထွားကြီးနှစ်ယောက်၏မျက်လုံးများ ပြူးကျယ်နေပြီးနောက် သူတို့က နေရာမှာပင် လဲကျသေဆုံးသွားတော့သည်။

သူတို့ မည်မျှပင် စဥ်းစားတွေးတောနေပါစေ သူတို့ ခရားထဲမှလိပ်တစ်ကောင်ဟု ယူဆခဲ့သော ဖေးထျန်ကွမ်းထံတွင် ဤကဲ့သို့ကြီးမားသောခွန်အားမျိုးရှိနေသည်ကို သူတို့ နားမလည်နိုင်ကြချေ။

"ဖေးသခင်ကြီး....ဟူး...."

မြောက်ပိုင်းတောင်ရိုးဓားအင်မော်တယ်သည် တစ်စုံတစ်ခုကို တွေးတောမိသွားပုံဖြင့် သူက လေးလံသောသက်ပြင်းတစ်ချက်ရှိုက်လိုက်၏။

လူထွားကြီးနှစ်ယောက် အလွန်လျှင်မြန်စွာဖြင့် သေဆုံးသွားလေပြီ။လူတိုင်းသည် သူတို့အား ချေမွှဖျက်ဆီးနိုင်ပုံရသော ဖိအားအရှိန်အဝါကို ခံစားလိုက်ရသည်။

ရွှယ်အင်မော်တယ်....

မဟာစစ်ဗိုလ်ချုပ်က ထိုစကားလုံးများကို ခက်ခက်ခဲခဲအားယူ၍ ပြောဆိုလိုက်သည်။

သူသည် ဤကြီးမားသောအရှိန်အဝါကြောင့် ကောင်းကင်နှင့်မြေပြင်အကြားမှ ဥပဒေသများ ပြောင်းလဲသွားသည်ကို ခံစားမိလေ၏။

ဤသည်က ရွှယ်အင်မော်တယ်များသာ ပြုလုပ်နိုင်သောအရာဖြစ်သည်။

မဟာစစ်ဗိုလ်ချုပ်က ထိတ်လန့်တုန်လှုပ်နေပြီး သူက တုန်ရီနေသောလေသံဖြင့် ပြောဆိုသည်။

"ဒါက မဖြစ်နိုင်ဘူး...ဘယ်လိုလုပ်ပြီး မင်းက ရွှယ်အင်မော်တယ်တစ်ယောက် ဖြစ်နေတာလဲ"

သူတို့ကဲ့သို့ ဝေးလံခေါင်သီသောကြယ်နယ်မြေများတွင် နေထိုင်သူများသည် တော်ဝင်မြို့တော်နှင့် အလွန်အလှမ်းကွာဝေးသဖြင့် သူတို့ နားလည်သဘောပေါက်နိုင်ခြင်းမရှိသော ကိစ္စများစွာရှိသည်။

ဖေးထျန်ကွမ်းသည် တော်ဝင်ကျောင်းတော်၏ထိပ်တန်းကျောင်းတော်သားတစ်ယောက် ဖြစ်ခဲ့သူပင်။

တာယွီအင်ပါယာ၏လက်အောက်တွင် မြောက်မြားစွာသောကြယ်နယ်မြေများရှိနေသဖြင့် တော်ဝင်ကျောင်းတော်တွင် အစွမ်းထက်သူ အမြောက်အများရှိနေသည်။အဆုံးသတ်တွင် ဖေးထျန်ကွမ်းသည် ထိုလူများ၏ရှေ့၌ ရပ်တည်နိုင်ခဲ့သည်။

တာယွီအင်ပါယာအတွင်းရှိ ကျင့်ကြံသူများ၏တော်ဝင်စာမေးပွဲသည် သေမျိုးနိုင်ငံများနှင့် ကွဲပြားခြားနားသည်။ထိုစာမေးပွဲတွင် စာပေနှင့်သိုင်းပညာစွမ်းရည်ဟူ၍ ခွဲခြားထားခြင်းမရှိချေ။

တော်ဝင်စာမေးပွဲကို ဖြတ်ကျော်နိုင်ရန်အတွက် တစ်စုံတစ်ယောက်သည် လုံလောက်သောအသိပညာဗဟုသုတ ရှိရမည်သာမက လုံလောက်သောကျင့်ကြံဆင့်နယ်ပယ်ရှိရန်လည်း လိုအပ်သည်။

"မကောင်းတော့ဘူး.. သွားကြစို့"

ထိုမြင်ကွင်းကိုမြင်သည်နှင့် မဟာစစ်ဗိုလ်ချုပ်သည် တုံ့ဆိုင်းမနေဘဲ နောက်သို့ပြန်လှည့်ကာ ထွက်ပြေးခဲ့တော့သည်။

အကယ်၍ သူ ဤနေရာ၌ဆက်၍နေနေပါက ဖေးထျန်ကွမ်း၏သတ်ဖြတ်ခြင်းကို ခံရပေမည်။ရွှယ်အင်မော်တယ်တစ်ယောက်၏ရှေ့တွင် သူထံ၌ အနည်းငယ်မျှပင် ခုခံကာကွယ်နိုင်စွမ်းမရှိချေ။

ဖေးထျန်ကွမ်းက အေးစက်စက်နှာမှုတ်ပြီး သူက မဟာစစ်ဗိုလ်ချုပ်ထံဦးတည်၍ နောက်ထပ်ဓားချီတစ်လှိုင်းကို ထုတ်လွှက်လိုက်၏။

မဟာစစ်ဗိုလ်ချုပ်၏ရှေ့တွင် စစ်သားအမြောက်အများရှိနေသော်လည်း ထိုဓားချီဖြတ်သန်းသွားသည်နှင့် သူတို့သည် ခုခံကာကွယ်နိုင်စွမ်းမရှိဘဲ ချက်ချင်းပင် သူတို့၏ခန္ဓာကိုယ်များ အစိတ်စိတ်အမွှာမွှာပြိုကွဲကာ သေဆုံးသွားတော့သည်။

သို့ရာတွင် ထိုဓားချီ မဟာစစ်ဗိုလ်ချုပ်ထံသို့ ရောက်လုဆဲဆဲအချိန်တွင် ဖေးထျန်းကွမ်းထံမှနေ၍ ရုတ်တရက် ညည်းသံသဲ့သဲ့ထွက်ပေါ်လာပြီး သူ၏ပါးစပ်ထောင့်မှ သွေးများယိုစီးကျလာသည်။

အရာရာတိုင်းကို ဆုတ်ဖြဲပစ်နိုင်ပုံရသော ဓားချီသည် ပါးလွှာသောလေထုအတွင်း၌ ပျောက်ကွယ်သွားတော့သည်။

ဖေးထျန်ကွမ်း၏ပါးစပ်မှ သွေးများအန်ထွက်လာပြီး သူ၏ခန္ဓာကိုယ် အဆက်မပြတ်တုန်ရီနေသည်။

အမွှေးတိုင်တစ်တိုင်လောင်ကျွမ်းချိန်စာမပြည့်မီမှာပင် ဖေးထျန်ကွမ်းသည် ပြိုင်ဘက်ကင်းရွှယ်အင်မော်တယ်ကျင့်ကြံသူအဖြစ်မှနေ၍ မည်သည့်မှော်စွမ်းအင်လှုပ်ခတ်မှုမှမရှိသော သာမာန်လူလတ်ပိုင်းကြီးအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

"အဖေ..."

ဖေးရှို့ရှို့က စိုးရိမ်ပူပန်တကြီး အော်ဟစ်လိုက်ပြီး ဖေးထျန်ကွမ်းကို တွဲထူပေးလိုက်၏။

မဟာစစ်ဗိုလ်ချုပ်သည် နောက်သို့ပြန်လှည့်လာပြီးနောက် သူက တစ်စုံတစ်ခုကို တွေးတောမိသွားပုံဖြင့် သရော်တော်တော် ပြောဆိုလေသည်။

"ဖေးသခင်ကြီး...ရှမိသားစုက မင်းအပေါ်မှာ တစ်ခုခုလုပ်ထားတယ်ဆိုတဲ့ ကောလဟာလက အမှန်ဖြစ်နေပုံပဲ...ဒါကြောင့် မင်း တော်ဝင်မြို့တော်ကနေ ထွက်ခွာလာခဲ့တာ....သူတို့က မင်းကို ဘာတွေလုပ်ခဲ့လဲဆိုတာ ငါ တကယ်ကို သိချင်မိတယ်...ဘယ်လိုပဲဖြစ်ဖြစ် မင်းက ရွှယ်အင်မော်တယ်တစ်ယောက်ရဲ့စွမ်းအားမျိုး ထုတ်ဖော်နိုင်တော့မှာမဟုတ်ဘူး"

"ခုဏတုန်းက မင်း ငါ့ကိုသတ်ဖို့ကြံရွယ်ခဲ့တယ်...ဒါကြောင့် ဘာတွေပဲဖြစ်နေပါစေ ဒီနေ့ ငါက မင်းရဲ့လက်တစ်ဖက်ကို ဖြတ်ရလိမ့်မယ်"

Chapter 1962

"တကယ်လို့ နင် ငါ့ရဲ့အဖေကို ထိချင်တယ်ဆိုရင်...ငါ့ကို အရင်ဖြတ်ကျော်ရမယ်"

ဖေးရှို့ရှို့က သူမ၏ဓားကိုဆွဲထုတ်၍ ဖေးထျန်ကွမ်း၏ရှေ့၌ မတ်တတ်ရပ်လိုက်သည်။

"သွားတော့...မင်း ဒီနေရာမှာဘာလုပ်နေတာလဲ"

ဖေးထျန်ကွမ်းက ဒေါသတကြီး အော်ဟစ်လိုက်သော်လည်း သူ၏အသံမှာ အလွန်အမင်း အားပျော့နေသည်။

ဖေးရှို့ရှို့သည် ခေါင်းမာစွာဖြင့် သူမ၏ခေါင်းကိုခါယမ်းကာ ဖေးထျန်ကွမ်း၏ရှေ့၌ ဆက်လက်၍ကာကွယ်ပေးထားသည်။

"ဟား ဟား ဟား...ဖေးသခင်ကြီး...မင်းမှာ ဒီလိုသမီးကောင်းလေးတစ်ယောက်ရှိတာ မင်း တကယ်ကို ကံကောင်းတာပဲ...ကံဆိုးချင်တော့ သူက မကြာခင်မှာပဲ သေဆုံးရတော့မယ်"

မဟာစစ်ဗိုလ်ချုပ်က ကောက်ကျစ်ယုတ်မာသောအပြုံးနှင့် ပြောဆိုသည်။

စကားဆုံးသည်နှင့် မဟာစစ်ဗိုလ်ချုပ်၏လက်အတွင်း၌ သွေးနီရောင်ဓားချီတစ်လှိုင်းထွက်ပေါ်လာပြီးနောက် ဖေးရှို့ရှို့ထံဦးတည်ကာ ပြင်းပြင်းထန်ထန် ခုတ်ပိုင်းလိုက်၏။

ထိုဓားချီသည် အလွန်ရက်စက်ကြမ်းကြုတ်ပြီး အစွမ်းထက်သည်။ပတ်ဝန်းကျင်ရှိ လေဟာနယ်တစ်ခုလုံးကို ထိုဓားချီအလင်းတန်းက လွှမ်းခြုံထားသည်။

ထိုဓားချီကျရောက်လုဆဲဆဲအချိန်မှာပင်....

'ဒေါင်'ဟူသောအသံတစ်သံကို ကြားလိုက်ရပြီး ဆေဘာဓားချီတစ်လှိုင်းက ထိုသွေးနီရောင်ဓားချီလှိုင်းကို ပိတ်ဆို့ဟန့်တားထားလေသည်။

"ဖေးသခင်ကြီး...ရှို့ရှို့ကိုခေါ်ပြီး မြန်မြန်ထွက်သွားတော့...ငါ ကြာကြာတောင့်ခံနိုင်မှာမဟုတ်ဘူး"

မြောက်ပိုင်းတောင်ရိုးဓားအင်မော်တယ်၏ပါးစပ်မှလည်း သွေးများအဆက်မပြတ် ယိုစီးကျနေသည်။

သူသည် လောကီအင်မော်တယ်တစ်ယောက်ဖြစ်ပြီး သူ့ရှေ့မှမဟာစစ်ဗိုလ်ချုပ်မှာ မြေကမ္ဘာအင်မော်တယ်တစ်ယောက်ဖြစ်နေသည်။

မြေကမ္ဘာအင်မော်တယ်နှင့်လောကီအင်မော်တယ်အကြားတွင် ကွာဟချက်မှာအလွန်ကြီးမားသည်။

သူသည် ဓားပညာရပ်တွင် ထူးချွန်သူတစ်ယောက်ဖြစ်သော်လည်း ကျင့်ကြံဆင့်နယ်ပယ်ကွာခြားချက်ကို ကျော်လွှား၍အနိုင်ယူနိုင်စွမ်းမရှိချေ။

"လောကီအင်မော်တယ်တစ်ယောက်က...ငါ့ကို ဟန့်တားရဲတာလား"

မဟာစစ်ဗိုလ်ချုပ်သည် အစောပိုင်းက အရှက်ကွဲခဲ့ရသဖြင့် အလွန်ဒေါသထွက်နေပြီး သူ၏ဓားချီလှိုင်းကို ပို၍ဖြန့်ကျက်လိုက်၏။

မြောက်ပိုင်းတောင်ရိုးဓားအင်မော်တယ်သည် သူ၏ခန္ဓာကိုယ်ကို ရှေ့တိုးနောက်ငင်လုပ်ကာ ဓားချီလှိုင်းများကို ခက်ခက်ခဲခဲရှောင်ရှားနေရသည်။သို့ရာတွင် သူ၏လှုပ်ရှားမှုများ အလွန်နှေးကွေးလေးလံလာခဲ့သည်။

"သေစမ်း"

မဟာစစ်ဗိုလ်ချုပ်သည် မကြာမီမှာပင် မြောက်ပိုင်းတောင်ရိုးဓားအင်မော်တယ်၏ဟာကွက်တစ်ခုကို ရှာတွေ့သွားပြီး သူ၏လက်ဝါးဖြင့် ပြင်းပြင်းထန်ထန် ရိုက်နှက်လိုက်သည်။

​ကြောက်မက်ဖွယ်မှော်စွမ်းအားများ ရောယှက်နေသော လက်ဝါးရိုက်ချက်သည် ချက်ချင်းဆိုသလိုပင် မြောက်ပိုင်းတောင်ရိုးဓားအင်မော်တယ်၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားခဲ့သည်။

ဖူး...

မြောက်ပိုင်းတောင်ရိုးဓားအင်မော်တယ်၏ပါးစပ်မှ သွေးများအန်ထွက်လာပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံး နံရံအတွင်းသို့ နစ်ဝင်သွားကာ မလှုပ်ရှားနိုင်တော့ချေ။

ဤသည်က မြေကမ္ဘာအင်မော်တယ်တစ်ယောက်၏စွမ်းအားပင်။

လောကီအင်မော်တယ်အထွတ်အထိပ်အဆင့် ကျင့်ကြံသူများပင်လျှင် မြေကမ္ဘာအင်မော်တယ်တစ်ယောက်ကို အနိုင်ယူနိုင်ရန် လွန်စွာခက်ခဲသည်။

ထို့ပြင် မြောက်ပိုင်းတောင်ရိုးဓားအင်မော်တယ်သည် လူထွားကြီးနှစ်ယောက်နှင့် တိုက်ခိုက်ရာ၌ ဒဏ်ရာရရှိပြီးဖြစ်ရာ မည်သည့်နည်းနှင့်မျှ မဟာစစ်ဗိုလ်ချုပ်၏ပြိုင်ဘက်မဖြစ်နိုင်ချေ။

"ဖေးသခင်ကြီး...မင်းက ခုထိ ထွက်မသွားသေးဘူးပဲ ...မင်းက မင်းရဲ့မိတ်ဆွေ အချိန်ဆွဲပေးထားတာကို ကျရှုံးသွားစေပြီ...အခု မင်းကို ဘယ်သူလာပြီး ကယ်တင်နိုင်အုံးမှာလဲ"

မဟာစစ်ဗိုလ်ချုပ်က ဖေးထျန်ကွမ်းထံသို့ ဖြည်းညှင်းစွာ လျှောက်လှမ်းလာလေ၏။

သူသည် ဖေးထျန်ကွမ်း၏ပျာယာခတ်နေသောအမူအယာကို မြင်တွေ့လိုသည်။သူရှေ့၌ ဖေးထျန်ကွမ်း ဒူးထောက်၍ အသနားခံတောင်းပန်ပါက ပို၍ပင် ကောင်းမွန်ပေလိမ့်မည်။

ကံအကြောင်းမလှစွာဖြင့် အဆုံးသတ်၌ သူ စိတ်ပျက်သွားခဲ့ရသည်။

ဖေးထျန်ကွမ်း၏မျက်နှာအမူအယာသည် ယခင်အတိုင်း အေးဆေးတည်ငြိမ်နေဆဲပင်။

"ငါက တော်ဝင်နန်းတော်ကနေ နှုတ်ထွက်ခဲ့ပေမယ့် ငါ့ဆီမှာ တရားစီရင်ရေးအမတ်ကြီးဆိုတဲ့ တရားဝင်အရာရှိရာထူးရှိနေတုန်းပဲ...တကယ်လို့ မင်း ငါ့ကို သတ်လိုက်တာနဲ့...တော်ဝင်စစ်ရေးဋ္ဌာနက မင်းလုပ်ခဲ့တယ်ဆိုတာကို ချက်ချင်းသိသွားမှာပဲ...အဲ့ဒီအချိန်ကျရင် အကျိုးဆက်တွေကို မင်း ခံနိုင်ရည်ရှိမှာလား"

ဖေးထျန်ကွမ်းက အေးစက်တင်းမာသောလေသံဖြင့် ပြောဆိုသည်။

မဟာစစ်ဗိုလ်ချုပ်၏ခြေလှမ်းများ ရုတ်တရက် တုံ့ဆိုင်းသွားသည်။သို့သော် မကြာမီမှာပင် သရော်တော်တော်အပြုံးတစ်ခုက သူ၏မျက်နှာပေါ်၌ ထွက်ပေါ်လာသည်။

"ငါက ဆွေစဥ်မျိုးဆက်ကိုးဆက်လုံး အပြစ်ပေးခံရမယ့် ပြစ်မှုကြီးကို ကျုးလွန်ပြီးသွားပြီ...ငါက တော်ဝင်နန်းတော်ရဲ့အမြင်ကို ဂရုစိုက်နေမယ်လို့ မင်း ထင်နေတာလား...တကယ်လို့ တော်ဝင်နန်းတော်က သိသွားရင်တောင် ဘာဖြစ်လာနိုင်မှာမလို့လဲ...အချိန်ကျလာရင် တော်ဝင်နန်းတော်က သူတို့ကိုယ်သူတို့တောင် မနည်းဂရုစိုက်နေရမှာ...ငါ့ကို ဂရုစိုက်နေဖို့ သူတို့ဆီမှာ ဘယ်လိုလုပ်ပြီး အချိန်ရှိမှာလဲ...ဟား ဟား ဟား"

မဟာစစ်ဗိုလ်ချုပ်က ဖေးထျန်ကွမ်းကို စုန်ချည်ဆန်ချည်ကြည့်၍ ဆက်လက်ပြောဆိုသည်။

"ဒါပေမယ့် ငါက မင်းကို သတ်မှာမဟုတ်ဘူး...ခုဏက ငါ့ကိုသတ်ဖို့ကြိုးစားခဲ့တဲ့ တရားစီရင်ရေးအမတ်ကြီးက သူ့ရဲ့ခြေလက်တွေဆုံးရှုံးသွားပြီး ငါ့ကို အသနားခံတောင်းပန်နေတာကို ငါ မြင်ချင်တယ်"

စကားဆုံးသည်နှင့် မဟာစစ်ဗိုလ်ချုပ်က တိုက်ခိုက်မှုကိုစတင်ရန် ဟန်ပြင်လိုက်၏။

သို့သော် ထိုအချိန်မှာပင် အေးစက်စက်အသံတစ်သံက သူ၏နောက်မှ ထွက်ပေါ်လာသည်။

"တော်ဝင်နန်းတော်က ဒီကိစ္စကို ဂရုမစိုက်နိုင်ဘူးလို့ ဘယ်ကောင်က ပြောတာလဲ"

"ဘယ်သူလဲ"

မဟာစစ်ဗိုလ်ချုပ်က ထိတ်လန့်တုန်လှုပ်သွားပြီး သူက နောက်သို့အလျှင်အမြန် လှည့်ကြည့်လိုက်သည်။

မကြာမီမှာပင် သူ၏နောက်ရှိ ခေါင်မိုးတစ်ခုပေါ်၌ စစ်ဗိုလ်ချုပ်သံချပ်ကာဝတ်စုံကို ဝတ်ဆင်ထားသော လူငယ်တစ်ယောက် မတ်တတ်ရပ်နေသည်ကို သူ မြင်တွေ့လိုက်ရ၏။

လုယွီသည် သူ၏နတ်ဘုရားစိတ်အာရုံအောက်တွင် ဖေးထျန်ကွမ်း၏အရှိန်အဝါကို အာရုံခံမိသည်နှင့် တရကြမ်းအပြေးလာခဲ့သည်။

နောက်ဆုံး၌ ဖေးထျန်ကွမ်း အသတ်ခံရလုဆဲဆဲ အခြေအနေတွင် သူ အချိန်မီရောက်ရှိလာနိုင်ခဲ့သည်။

"ဖေးသခင်ကြီး...ကျွန်တော်တို့ ထပ်ပြီးဆုံတွေ့ရပြန်ပြီ"

လုယွီက ဖေးထျန်ကွမ်းကိုကြည့်၍ ပြောဆိုလိုက်သည်။

Chapter 1963

စကားဆုံးသည်နှင့် လုယွီက ရှေ့သို့ ခြေတစ်လှမ်းလှမ်းလိုက်ပြီးနောက် ချက်ချင်းဆိုသလိုပင် ဖေးထျန်ကွမ်း၏ရှေ့၌ ထွက်ပေါ်လာခဲ့သည်။

"ရှောင်ယန်း...နင်လား"

ဖေးရှို့ရှို့က သူမ၏လှပသောမျက်လုံးတစ်စုံဖြင့် လုယွီကို စူးစိုက်၍ကြည့်နေပြီး သူမ၏မျက်နှာပေါ်၌ မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေသည်။

သူမသည် လုယွီအား ထပ်မံ၍ဆုံတွေ့ရတော့မည်မဟုတ်ဟု တွေးထင်ထားခဲ့သည်။သူမ၏စိတ်နှလုံးသားအတွင်းမှ လုယွီ၏ပုံရိပ်ပင်လျှင် တစတစ ဝေဝါးသွားလေပြီ။

သို့ရာတွင် ယခုလက်ရှိချိန်၌ လုယွီက ထပ်မံ၍ ထွက်ပေါ်လာခဲ့သည်။

ရုတ်တရက် ဖေးရှို့ရှို့က တစ်စုံတစ်ခုကို တွေးတောမိသွားပုံဖြင့် ပျာပျာသလဲ အော်ဟစ်လိုက်၏။

"နင် မြန်မြန်ထွက်သွားတော့...ဒီနေရာက ကိစ္စတွေက နင်နဲ့ ဘာမှမဆိုင်ဘူး"

"မင်းက ဘယ်သူလဲ"

မဟာစစ်ဗိုလ်ချုပ်က လုယွီကို စူးစိုက်ကြည့်ပြီး မေးမြန်းလေသည်။

လုယွီက ဤကဲ့သို့ယင်ကောင်ငယ်လေးတစ်ကောင်နှင့် စကားပြောဆို၍ အချိန်ဖြုန်းလိုစိတ်မရှိချေ။သူက တည်ငြိမ်စွာ ပြောဆိုလိုက်၏။

"ပုန်ကန်သူစစ်တပ်က စစ်ရှုံးနိမ့်သွားပြီ ...မင်း ထွက်သွားသင့်တယ်"

"ရယ်စရာကောင်းလိုက်တာ...မင်းက ဗိုလ်ချုပ်အဆင့်လောက်နဲ့ ငါ့ကိုလာပြီး ညွှန်ပြရဲတာလား"

မဟာစစ်ဗိုလ်ချုပ်သည် အလွန်ဒေါသထွက်သွားပြီး သူက လုယွီကို ဖမ်းဆုပ်နိုင်ရန်အတွက် ခြေလှမ်းကျဲကြီးများဖြင့် ရှေ့သို့တိုးလိုက်သည်။

"ဂရုစိုက်..."

ဖေးရှို့ရှို့က စိုးရိမ်ပူပန်တကြီး အော်ဟစ်လေသည်။

လုယွီက အေးစက်စက်အကြည့်ဖြင့် မဟာစစ်ဗိုလ်ချုပ်ကို စောင်းငဲ့၍ကြည့်လိုက်၏။သူ၏အင်္ကျီလက်ကိုဝှေ့ယမ်းလိုက်မှုနှင့်အတူ သူ၏လက်ချောင်းထိပ်မှ အားလှိုင်းတစ်လှိုင်း ထွက်ပေါ်လာသည်။

မဟာစစ်ဗိုလ်ချုပ်က ပြက်ရယ်ပြုရယ်မောလိုက်၏။သူက မှော်စွမ်းအားကိုပင် အသုံးပြုခြင်းမရှိဘဲ ထိုတိုက်ခိုက်မှုကို ဟန့်တားရန်အတွက် သူ၏လက်ကို ဆန့်တန်းလိုက်သည်။

ဘုန်း....

ကျယ်လောင်သောအသံတစ်သံကို ကြားပြီးနောက် မဟာစစ်ဗိုလ်ချုပ်၏မျက်နှာအမူအယာ ရုတ်တရက်ပျက်ယွင်းသွားပြီး သူ့အားလျှပ်စီးဖြင့်ရိုက်နှက်ခံလိုက်ရသကဲ့သို့ သူ၏ခန္ဓာကိုယ်တစ်ခုလုံး ကျွမ်းထိုးမှောက်ခုံဖြစ်ကာ နောက်သို့လွင့်ထွက်သွားသည်။

သူသည် လေထုအတွင်း၌ ချာလည်ရမ်းနေပြီးနောက် မြေပြင်ပေါ်သို့ ပြင်းပြင်းထန်ထန် ပြုတ်ကျလာပေ၏။

"သေစမ်း"

မဟာစစ်ဗိုလ်က ဒေါသတကြီးအော်ဟစ်ကြုံးဝါးပြီး မတ်တတ်ထရပ်လိုက်သည်။

လုယွီက မဟာစစ်ဗိုလ်ချုပ်ကိုတစ်ချက်ကြည့်ပြီး တည်ငြိမ်စွာပြောဆိုသည်။

"တကယ်လို့ မင်းက ထွက်မသွားချင်ဘူးဆိုရင်လည်း...သေလိုက်တော့"

ရုတ်ချည်းဆိုသလိုပင် လုယွီ၏လက်ဝါးတစ်ဖက်ကို တောက်ပသောရွှေရောင်အလင်းတန်းများက လွှမ်းခြုံသွားသည်။

ထိုရွှေရောင်အလင်းတန်းများ လွှမ်းခြုံထားမှုနှင့်အတူ လုယွီ၏လက်ဝါးသည် သတ္တုဖြင့်သွန်းလောင်းထားသကဲ့သို့ ကျစ်လစ်သိပ်သည်းသွားပေ၏။

လုယွီက သူ၏လက်ဝါးကို ရှေ့သို့တွန်းပို့လိုက်သည်နှင့် ပြင်းထန်သောအားလှိုင်းတစ်ရပ်က ရုတ်တရက် ပွင့်အံထွက်လာသည်။

ရှေးဟောင်းသိုင်းပညာနည်းစနစ်....ထိုက်ယွမ်လက်ဝါး ...

ထိုလက်ဝါးရိုက်ချက် ကျရောက်လာသည်နှင့် ကျယ်လောင်သော ဘုန်းခနဲအသံကြီးက အဘက်ဘက်သို့ ပဲ့တင်ထပ်ပျံ့နှံ့သွားပြီး ပတ်ဝန်းကျင်ရှိမြေပြင် ရုတ်တရက်ကျွံဝင်သွားသည်။

ပြင်ပမှစောင့်ကြည့်နေကြသူများ၏အမြင်တွင် ဧရာမရွှေရောင်လက်ဝါးကြီးတစ်ဖက် မိုးကောင်ကင်ယံမှ ကျရောက်လာပြီး မဟာစစ်ဗိုလ်ချုပ်ပေါ်သို့ ပြင်းပြင်းထန်ထန်ကျရောက်သွားသည်ကို မြင်တွေ့ရပေ၏။

မဟာစစ်ဗိုလ်ချုပ် နေရာမှာပင် သေဆုံးသွားလေပြီ။

သူသည် မြေကမ္ဘာအင်မော်တယ်နယ်ပယ်အား ချိုးဖျက်ဝင်ရောက်နိုင်ခဲ့သော်လည်း သူ၏ကျင့်ကြံဆင့်အခြေခံသည် ခိုင်မာမှုမရှိချေ။တခြားတစ်ဖက်မှ လုယွီသည် ရှေးဟောင်းလောကီအင်မော်တယ် အထွတ်အထိပ်အဆင့်ဖြစ်ပေ၏။

လုယွီသည် လျှို့ဝှက်နည်းစနစ်များအသုံးမပြုလျှင်ပင် မြေကမ္ဘာအင်မော်တယ် အလယ်အလတ်အဆင့်များကိုပင် ယှဥ်ပြိုင်တိုက်ခိုက်နိုင်လေရာ မဟာစစ်ဗိုလ်ချုပ်ကဲ့သို့ မြေကမ္ဘာအင်မော်တယ်အစောပိုင်းအဆင့်တစ်ယောက်ဆိုလျှင် ဆိုဖွယ်ရာပင်မရှိတော့ချေ။

"သူက မြေကမ္ဘာအင်မော်တယ်တစ်ယောက်ကို တကယ်ကြီးသတ်လိုက်တာလား"

ဖေးရှို့ရှို့က ပါးစပ်အဟောင်းသားဖြစ်နေပြီး သူမရှေ့ရှိမြင်ကွင်းကို မယုံကြည်နိုင်သောအကြည့်ဖြင့် ကြည့်နေသည်။

ဤသည်က မြေကမ္ဘာအင်မော်တယ်တစ်ယောက်ဖြစ်ပြီး လောကီအင်မော်တယ်များနှင့် ကွဲပြားခြားနားသည်။ကောင်းကင်ဘုံနယ်မြေအတွင်းတွင် မြေကမ္ဘာအင်မော်တယ်များကို အစွမ်းထက်ကျင့်ကြံသူများဟု ခေါ်ဆိုနိုင်သည်။

သို့ရာတွင် လုယွီ၏လက်အတွင်း၌ မဟာစစ်ဗိုလ်ချုပ်သည် ခုခံတိုက်ခိုက်ရန်ပင် အခွင့်အရေးမရရှိဘဲ လက်ဝါးရိုက်ချက်တစ်ချက်တည်းဖြင့် သေဆုံးသွားလေ၏။

လုယွီည် မည်သည့်အချိန်ကစ၍ ဤမျှထိသန်မာအားကောင်းသွားရသနည်း။

"မင်းရဲ့အကူအညီအတွက် ကျေးဇူးတင်ပါတယ်"

ဖေးထျန်ကွမ်းသည် အလွန်အားနည်းနေဆဲဖြစ်ပြီး သူက ဖေးရှို့ရှို့၏အကူအညီဖြင့် မတ်တတ်ထရပ်လိုက်သည်။

လုယွီက ခေါင်းခါပြလေသည်။

"တကယ်လို့ ကျွန်တော်မကူညီဘူးဆိုရင်တောင်....ဖေးသခင်ကြီးမှာ ဒီနေရာကထွက်သွားနိုင်မယ့် နည်းလမ်းတစ်ခုရှိနေမှာပါ...ကျွန်တော်က လက်တစ်ဖက်ကမ်းပြီး ကူညီပေးရုံပါပဲ"

ဖေးထျန်ကွမ်းက ခေါင်းမော့၍ အံ့အားသင့်တုန်လှုပ်နေသောအကြည့်ဖြင့် လုယွီကို ကြည့်လိုက်သည်။

"ဗိုလ်ချုပ်ရှောင်မှာ ဒီလိုစူးရှတဲ့အမြင်မျိုးရှိနေမယ်လို့ ငါ မျှော်လင့်မထားမိဘူး"

ထို့နောက် ဖေးထျန်ကွမ်းက သူ၏အင်္ကျီလက်မောင်းကြားမှ ကျောက်စိမ်းဆံထိုးတစ်ခုကိုထုတ်ယူကာ လုယွီထံ လက်ကမ်းပေးလိုက်၏။

"စစ်ရေးဝန်ကြီးသီကျန်းရဲ့တိုက်ခိုက်မှုတစ်ခုကို ဒီထဲမှာ ချိပ်ပိတ်ထားတယ်...မြေကမ္ဘာအင်မော်တယ်ကို မပြောနဲ့...ရွှယ်အင်မော်တယ်တစ်ယောက်ကိုတောင် သေဆုံးသွားစေနိုင်တယ်"

ဖေးထျန်ကွမ်၏ပါးစပ်မှ သွေးများထပ်မံ၍ အန်ထွက်လာသည်။

အမှန်အားဖြင့် ထိုကျောက်စိမ်းဆံထိုးကို လုယွီ မြင်တွေ့ပြီးသည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။

"ဗိုလ်ချုပ်ရှောင်...ငါ ထပ်ပြီးကြာကြာတောင့်မခံနိုင်လောက်တော့ဘူး...ဒီကျောက်စိမ်းဆံထိုးကို မင်း ယူလိုက်ပါ...ကျေးဇူးပြုပြီးတော့ ငါ့ရဲ့သမီးကို ဒီနေရာနဲ့ဝေးတဲ့နေရာဆီ ခေါ်သွားပေးပါ"

ဖေးထျန်ကွမ်းက တောင်းဆိုလိုက်၏။

"အဖေ..."

ဖေးရှို့ရှို့၏မျက်နှာပေါ်၌ ဝမ်းနည်းကြေကွဲမှုများနှင့် ပြည့်နှက်နေသည်။

တော်ဝင်မြို့တော်မှ ထွက်ခွာလာခဲ့ပြီးနောက် သူ၏ခန္ဓာကိုယ်အခြေအနေ တစတစပို၍ဆိုးရွားလာသည်ကို ဖေးထျန်ကွမ်းက ကောင်းစွာသတိပြုမိပြီးဖြစ်သည်။

လုယွီက ကျောက်စိမ်းဆံထိုးကိုပြန်ပေးပြီး သူ၏ခေါင်းကိုခါယမ်းကာ ပြောဆိုလိုက်၏။

"ဒါက အဆင်ပြေသွားမှာပါ...ဖေးသခင်ကြီးရဲ့အတွင်းဒဏ်ရာတွေကို ကျွန်တော် ကုသပေးနိုင်တယ်"

Chapter 1964

"မင်း ကုသပေးနိုင်တာလား"

ဖေးထျန်ကွမ်းက ခါးသည်းသောအပြုံးဖြင့် သူ၏ခေါင်းကို ခါယမ်းလိုက်၏။

"အသုံးဝင်မှာ မဟုတ်ဘူး...ငါ့ရဲ့ခန္ဓာကိုယ်ထဲကအဆိပ်ကို မင်း ကုသပေးနိုင်မှာမဟုတ်ဘူး"

စကာားပြောဆိုရင်းနှင့်ပင် ဖေးထျန်ကွမ်း၏ပါးစပ်မှ သွေးအမြောက်အများ အန်ထွက်လာခဲ့သည်။သွေးများက မြေပြင်ပေါ်သို့ ဖြာကျသွားပေရာ သူတို့အားလုံး ထိတ်လန့်တုန်လှုပ်သွားကြသည်။

ဖေးရှို့ရှို့က အလွန်အမင်း တုန်လှုပ်ချောက်ချားနေသည်။

"အဖေ...ဘယ်လိုလုပ်ပြီး အဆိပ်မိတာလဲ...ဘာလို့ သမီးကို အစကတည်းက မပြောရတာလဲ"

ပြန်တွေးကြည့်ပါက ဖေးထျန်ကွမ်းသည် ရွှယ်အင်မော်တယ်တစ်ယောက်ဖြစ်သည့်အပြင် တော်ဝင်နန်းတော်၏အဆင့်မြင့်အရာရှိတစ်ယောက်လည်းဖြစ်သည်။သူ၏စွမ်းအားသည် နယ်မြေတစ်ခုလုံးကို တုန်လှုပ်ချောက်ချားစေပေ၏။

သို့သော် နောက်ပိုင်းတွင် ဖေးထျန်ကွမ်းသည် အရာရှိရာထူးမှ နှုတ်ထွက်ခဲ့သည့်အပြင် တော်ဝင်မြို့တော်မှနေ၍ ဇာတိမြေသို့ပြန်လာခဲ့သည်။သူ၏ခွန်အားသည်လည်း အကြီးအကျယ်ယုတ်လျော့သွားပြီး လောကီအင်မော်တယ်တစ်ယောက်၏ခွန်အားမျိုးကိုသာ ထုတ်ဖော်အသုံးပြုနိုင်တော့သည်။

လူတိုင်းက ဖေးထျန်ကွမ်းသည် သူ၏ကျင့်ကြံခြင်း၌ တစ်စုံတစ်ခု မှားယွင်းသွားသောကြောင့်ဖြစ်မည်ဟု ထင်ကြေးပေးခဲ့ကြ၏။

သို့ရာတွင် အစစ်အမှန်အခြေအနေမှာ ဖေးထျန်ကွမ်းသည် အဆိပ်မိနေခြင်းပင်။

ရွှယ်အင်မော်တယ်ကျင့်ကြံသူများနှင့် မိုးကောင်းကင်တာအိုကြားတွင် ဆက်သွယ်ချက်တစ်ခုရှိသည်။သူတို့၏ခန္ဓာကိုယ်သည် မဖျက်ဆီးနိုင်လုနီးပါးဖြစ်ပြီး အဆိပ်များအားလုံးနီးပါးကို ပျက်ပြယ်စေနိုင်စွမ်းရှိသည်။

ဖေးထျန်ကွမ်း၏ကျင့်ကြံဆင့်ဖြင့် သူ့အား အဆိပိမ်နိုင်သည့် အခွင့်အရေးမှာ အလွန်ရှားပါးသည်။

"ငါမိထားတဲ့အဆင့်က နယ်မြေသခင်အဆင့်တစ်ယောက်ဆီကပဲ...တခြားနယ်မြေသခင်တစ်ယောက်ကို တန်ကြေးကြီးကြီးပေးပြီး ဒီအဆိပ်ကို ချေဖျက်စေတာကလွဲလို့...တခြားဘယ်နည်းလမ်းနဲ့မှ ဒီအဆိပ်ကို ဖယ်ရှားနိုင်မှာမဟုတ်ဘူး"

ဖေးထျန်ကွမ်းက ခါးသည်းသောလေသံဖြင့် ပြောဆိုလိုက်၏။

ဖေးရှို့ရှို့က စိုးရိမ်ပူပန်တကြီး ပြောဆိုသည်။

"ဦးလေးသီကျန်းကို အကူအညီတောင်းလို့မရဘူးလား...သူက နယ်မြေသခင်တစ်ယောက် မဟုတ်လား"

စစ်ရေးဝန်ကြီးသီကျန်းသည် အစွမ်းထက်ကျင့်ကြံသူတစ်ယောက်ပင်။လွန်ခဲ့သောနှစ်ပေါင်းများစွာအကြာကတည်းက သူသည် နယ်မြေသခင်အဆင့်သို့ ချိုးဖျက်ဝင်ရောက်ပြီးဖြစ်သည်။

ရွှယ်အင်မော်တယ်၏အထက်ကျင့်ကြံဆင့်နယ်ပယ်သည် နယ်မြေသခင်ဖြစ်ပေ၏။

နယ်မြေသခင်များ၏ခန္ဓာကိုယ်အတွင်း၌ သူတို့၏ကိုယ်ပိုင်ကမ္ဘာငယ်လေးတစ်ခုရှိနေသဖြင့် သူတို့၏မှော်စွမ်းအားများကို အကန့်အသတ်မရှိ ထုတ်ယူအသုံးပြုနိုင်ကာ သူတို့၏ဘဝသက်တမ်းမှာလည်း အဆုံးမရှိချေ။

နယ်မြေသခင်အဆင့်ကျင့်ကြံသူများသည် ကောင်းကင်ဘုံနယ်မြေအတွင်း၌ ထိပ်သီးအစွမ်းထက်ပုဂ္ဂိုလ်များဖြစ်ပေ၏။သူတို့ကို တော်ဝင်နန်းတော်၏အဆင့်မြင့်အရာရှိ ရာထူးနေရာများ၌ ခန့်အပ်ခြင်းခံရနိုင်သညိ။

ဖေးထျန်ကွမ်းက ဖေးရှို့ရှို့၏ခေါင်းကို ညင်သာစွာပုတ်လိုက်၏။

"သီကျန်းမှာလည်း သူ့ရဲ့စိုးရိမ်ပူပန်မှုတွေရှိနေတယ်...သူက ငါ့ကို တော်ဝင်မြို့တော်ရဲ့ပြင်ပကိုထွက်နိုင်အောင် ကူညီပြီးသွားပြီ...တကယ်လို့ ငါ့ရဲ့ခန္ဓာကိုယ်ထဲကအဆိပ်ကို သူ ကူညီပြီးဖယ်ရှားပေးလိုက်မယ်ဆိုရင် သူက စည်းမျဥ်းတွေကို ချိုးဖောက်ရလိမ့်မယ်...အဲ့ဒါရဲ့နောက်ကွယ်က အကျိုးဆက်တွေကို သူ တောင့်ခံနိုင်မှာ မဟုတ်ဘူး"

ရုတ်ချည်းဆိုသလိုပင် ဖေးထျန်ကွမ်းက တောင်းဆိုလိုသောအကြည့်ဖြင့် လုယွီကိုကြည့်၍ ပြောဆိုသည်။

"ဗိုလ်ချုပ်ရှောင်...မင်းက ကောင်းကင်ဘုံရဲ့ချီးမြှောက်ခံ ပါရမီရှင်တစ်ယောက်ပဲ..မင်းရဲ့အနာဂတ်အောင်မြင်မှုက အကန့်အသတ်ရှိမှာမဟုတ်ဘူး....ငါက အတွေ့အကြုံတွေအများကြီးရပြီးတဲ့နောက်မှာ ငါ့မှာ တခြားဘာအတွေးမှမရှိတော့ဘူး...မင်း ရှို့ရှို့ကို ခေါ်သွားပေးနိုင်မလား"

ဤသည်က အပြစ်ကင်းစင်သော တောင်းဆိုမှုတစ်ခုပင်။

ဖေးထျန်ကွမ်းသည် အတိတ်တွင် အောင်မြင်မှုအမြောက်အများရရှိပြီး ထင်ရှားကျော်ကြားခဲ့သူဖြစ်သော်လည်း ယခုလက်ရှိချိန်တွင် သူ၏သမီးဖြစ်သူအတွက် မှီခိုအားထားရာကို ရှာဖွေပေးနေသည့် စိုးရိမ်ပူပန်နေသော ဖခင်တစ်ယောက်သာဖြစ်သည်။

ဖေးရှို့ရှို့၏မျက်နှာတပြင်လုံး မျက်ရည်များဖြင့် ပြည့်နှက်နေပေ၏။

"မဟုတ်ဘူး...အဖေ...ကျွန်မ ထွက်မသွားနိုင်ဘူး"

ဖေးထျန်ကွမ်းက ဒေါသတကြီး အော်ငေါက်လိုက်သည်။

"မင်းက ခုချိန်ထိ စိတ်ဆိုးစိတ်ကောက်ပြီး ကလေးတစ်ယောက်လို နေနေတုန်းပဲလား....ငါက လူတွေအများကြီးကို ရန်စစော်ကားခဲ့မိတယ်...ဘာလဲ....မင်းက ငါ့ရဲ့နောက်မှာနေပြီး ငါ့ရဲ့ခြေထောက်ကိုဆွဲထားချင်တာလား"

"ဖေးသခင်ကြီးရဲ့ခန္ဓာကိုယ်ထဲကအဆိပ်ကို ကျွန်တော် ဖယ်ရှားပေးနိုင်လောက်တယ်"

လုယွီက အချိန်အတော်ကြာစဥ်းစားတွေးတောပြီးနောက် ရုတ်တရက် သူ၏လက်ဖြင့် ဖေးထျန်ကွမ်း၏လက်ကိုဆုပ်ကိုင်လိုက်၏။

"ဒါက အသုံးဝင်မှာမဟုတ်ဘူး...ငါ့ရဲ့ခန္ဓာကိုယ်ထဲက အဆိပ်အကြောင်းကို ငါ ကောင်းကောင်းသိတယ်"

ဖေးထျန်ကွမ်းက ခါးသည်းစွာပြုံး၍ ကူကယ်ရာမဲ့စွာ သူ၏ခေါင်းကိုခါယမ်းလေသည်။

သူ တော်ဝင်မြို့တော်၌ ရှိနေစဥ်တွင် နာမည်ကျော်ကြားသောသမားတော်များကိုပင့်ဆောင်၍ သူ့အားကုသစေခဲ့သော်လည်း အသုံးဝင်ခြင်းမရှိချေ။

သူသည် ကူကယ်ရာမဲ့စွာဖြင့် သေဆုံးခြင်းမှ ရှောင်ရှားနိုင်ရန်အလို့ငှါ တော်ဝင်မြို့တော်မှ ထွက်ခွါလာခဲ့ပြီး ဝေးလံခေါင်သီသော လော့ရွှေကြယ်မြစ်သို့ ပြန်လာခဲ့ခြင်းဖြစ်သည်။

"ဒီအဆိပ်က ငါ့ရဲ့စိတ်ဝိညာဥ်ကို ရည်ရွယ်တိုက်ခိုက်နေတာ....နယ်မြေသခင်တစ်ယောက်က သူ့ရဲ့စိတ်ဝိညာဥ်ကစွမ်းအားကိုအသုံးပြုပြီး ငါ့ရဲ့ခန္ဓာကိုယ်ထဲက အဆိပ်ကို ဖယ်ရှားပေးတာကလွဲရင် ကျန်တဲ့နည်းလမ်းတွေက အသုံးဝင်မှာမဟုတ်ဘူး....အဲ့ဒီလိုမှမဟုတ်ရင် ရိုးရှင်းတဲ့ဆေးလုံးတွေနဲ့မှော်စွမ်းအားတွေက ငါ့ရဲ့အဆိပ်ကို ပျက်ပြယ်စေမှာမဟုတ်ဘူး"

ဖေးထျန်ကွမ်းက သက်ပြင်းရှိုက်လိုက်၏။သူ၏မျက်နှာတပြင်လုံး အရေးအကြောင်းများနှင့် ပြည့်နှက်နေသည်။

လုယွီသည် တည်ငြိမ်နေဆဲဖြစ်ပြီး သူ့စိတ်ဝိညာဥ်၏စွမ်းအားကိုအသုံးပြုကာ ဖေးထျန်ကွမ်း၏မိုးကောင်းကင်လှိုဏ်ဂူအတွင်းသို့ ဝင်ရောက်လိုက်၏။

ဤအချိန်တွင် ဖေးထျန်ကွမ်း၏မိုးကောင်းကင်လှိုဏ်ဂူတစ်ခုလုံး ဖရိုဖရဲဖြစ်နေကာ မှောင်မည်းပြီးအေးစက်သောအငွေ့အသက်များဖြင့် ဝိုင်းရံနေသည်။

အကယ်၍ သာမာန်စိတ်ဝိညာဥ်တစ်ခုသာ ဤနေရာသို့ရောက်ရှိလာပါက ချက်ချင်းဆိုသလိုပင် ဒဏ်ရာအပြင်းအထန်ရရှိသွားပေမည်။

"အံ့အားသင့်စရာ မရှိတော့ဘူး...ဒီအဆိပ်က စိတ်ဝိညာဥ်ရဲ့အနက်ရှိုင်းဆုံးနေရာထိတောင် စိမ့်ဝင်နေပြီ"

လုယွီသည် သူ့ရှေ့ရှိစိတ်ဝိညာဥ်ကိုကြည့်ပြီး မျက်မှောင်ကြုတ်လိုက်၏။

သူသည် မိုးကောင်းကင်လှိုဏ်ဂူ၏အနက်ရှိုင်းဆုံးနေရာ၌ ပိန်းပိတ်သည်အထိနက်မှောင်နေသော ဖေးထျန်ကွမ်း၏စိတ်ဝိညာဥ်ကို မြင်တွေ့မိသည်။

ဖေးထျန်ကွမ်း၏စိတ်ဝိညာဥ်ကို ရှည်လျားသောမြွေနက်ကြီးတစ်ကောင်က ရစ်ပတ်ထားပြီး ထိုမြွေ၏မျက်လုံးများအတွင်း၌ စူးရှသောအေးစက်စက်အလင်းတန်းများနှင့် ပြည့်နှက်နေသည်။

Chapter 1965

သက်ရှိတစ်ယောက်၏အရှိန်အဝါကို အာရုံခံမိပုံဖြင့် မြွေနက်ကြီးသည် အေးစက်စက်မျက်လုံးများဖြင့် လုယွီကို သတိပေးနေသကဲ့သို့ စူးစူးဝါးဝါးစိုက်ကြည့်နေသည်။

မြွေနက်ကြီး၏ရစ်ပတ်ခြင်းကိုခံထားရသော ဖေးထျန်းကွမ်း၏စိတ်ဝိညာဥ်မှမျက်လုံးများပွင့်လာပြီး သူက အားနည်းသောအသံဖြင့် ပြောဆိုလိုက်၏။

"မင်းရဲ့စွမ်းအားတွေကို မဖြုန်းတီးနဲ့...ဒါက အဆိပ်ရဲ့စိတ်ဝိညာဥ်ပဲ...မင်းရဲ့စွမ်းအားနဲ့ ဒါကိုဖယ်ရှားနိုင်မှာမဟုတ်ဘူး"

ယခုလက်ရှိချိန်တွင် ဖေးထျန်ကွမ်းတွင် အတိတ်မှာကဲ့သို့ ရွှယ်အင်မော်တယ်တစ်ယောက်၏စွမ်းအားမျိုးမရှိတော့ချေ။

ဤမြွေနက်ကြီးတည်ရှိနေမှုကြောင့် ဖေးထျန်ကွမ်းသည် သူ့နဂိုမူလစွမ်းအား၏အစိတ်အပိုင်းအနည်းငယ်ကိုသာ ထုတ်ဖော်အသုံးပြုနိုင်သည်။

ထိုစွမ်းအားအစိတ်အပိုင်းအနည်းငယ်ကို ထုတ်ဖော်အသုံးပြုခြင်းကပင်လျှင် သူ၏မှော်စွမ်းအားများအားလုံးကို ကုန်ခမ်းသွားစေသည်။

လုယွီက မျက်မှောင်တင်းတင်းကြပ်ကြပ်ကြုတ်ထားပြီး ရှေ့သို့ခြေလှမ်းအနည်းငယ်လျှောက်လှမ်းလိုက်သည်။ထိုအချိန်မှာပင် အဆိပ်၏စိတ်ဝိညာဥ်တည်ရှိသောနေရာမှနေ၍ တရှုးရှုးအသံများ ထွက်ပေါ်လာပေ၏။

ထို့နောက် လုယွီ၏ခြေထောက်အောက်မှ အနက်ရောင်အခိုးအငွေ့များထွက်ပေါ်လာပြီး မိုးကောင်းကင်လှိုဏ်ဂူတစ်ခုလုံးအနှံ့ ပျံ့နှံ့သွားသည်။

"ဖေးသခင်ကြီးကို အဆိပ်ခတ်ဖို့အတွက်...တစ်ဖက်လူက အရမ်းကိုအင်အားစိုက်ထုတ်ထားတာပါလား"

လုယွီက ညည်းတွားလိုက်၏။

သူ၏အာရုံခံနိုင်မှုအရ ဖေးထျန်းကွမ်းကို အဆိပ်ခန်ရန် အဆိပ်တစ်မျိုးတည်း အသုံးပြုထားခြင်းမဟုတ်ချေ။အနည်းဆုံး အဆိပ်ကိုးမျိုးခန့်ကို ရောစပ်၍အသုံးပြုထားခြင်းဖြစ်သည်။

သာမာန်အချိန်မျိုးတွင် ထိုအဆိပ်ကိုးမျိုးလုံးသည် တစ်မျိုးနှင့်တစ်မျိုး ညီမျှနေသည်။အဆုံးသတ်၌ ထိုအဆိပ်သည် ဖေးထျန်ကွမ်း၏ကျင့်ကြံဆင့်နယ်ပယ်ကို ဖိနှိပ်ထားနိုင်သော်လည်း သူ့အားသတ်ဖြတ်နိုင်မည်မဟုတ်ချေ။

အကယ်၍ ဖေးထျန်ကွမ်းသည် ရွှယ်အင်မော်တယ်တစ်ယောက်၏စွမ်းအားကို အတင်းအကြပ်ထုတ်ဖော်အသုံးပြုလိုက်ပါက အဆိပ်၏တန်ပြန်ဆိုးကျိုးကိုခံစားရပြီး မမျှော်လင့်ထားသောအကျိုးဆက်များ ဖြစ်ပေါ်လာပေမည်။

အကယ်၍ နယ်မြေသခင်တစ်ယောက်မှနေ၍ ဖေးထျန်ကွမ်း၏အဆိပ်ကိုဖယ်ရှားပေးရန် ဆန္ဒရှိနေလျှင်ပင် ပျက်ပြယ်သွားစေရန် အနည်းဆုံးဆယ်နှစ်ခန့် အချိန်ယူရပေလိမ့်မည်။

ဖေးထျန်ကွမ်းက သက်ပြင်းတစ်ချက်ရှိုက်၍ ပြောဆိုလိုက်၏။

"ငါက တော်ဝင်တရားစီရင်ရေးဌာနမှာနေတဲ့အချိန်တုန်းက လူတော်တော်များများကို ရန်စစော်ကားခဲ့မိတယ်....မိသားစုကြီးရှစ်ခုထဲမှာ ငါ့ကိုအရှင်လတ်လတ်ဝါးစားချင်တဲ့သူတွေ ဘယ်လောက်များများရှိနေလဲဆိုတာ ငါ မသိဘူး...ကံဆိုးချင်တော့ ငါက တော်ဝင်ကျောင်းတော်ရဲ့ထိပ်သီးကျောင်းတော်သားတစ်ယောက်ဖြစ်ခဲ့တဲ့အတွက် ငါ့ရဲ့ရည်မှန်းချက်ပန်းတိုင်က အရမ်းကြီးမားတယ်...သူတို့က ငါ့ကို တိုက်ရိုက်မသတ်ဖြတ်နိုင်ကြတော့ အဆိပ်ကိုအသုံးပြုပြီး ငါ့ရဲ့ဘဝကို သေတာထက်ဆိုးတဲ့ဘဝကိုရောက်အောင်လုပ်ခဲ့တယ်"

ဖေးထျန်ကွမ်းက ရုတ်တရက် လုယွီကိုစူးစိုက်၍ ကြည့်လိုက်သည်။

"ငါ့ရဲ့လက်ကျန်ဘဝသက်တမ်းကို ငါ့ရဲ့ဇာတိမြေဖြစ်တဲ့ သူတော်စင်ပင်လယ်ကြယ်နယ်မြေမှာပဲ ကုန်ဆုံးစေမယ်လို့ ငါ တွေးထားခဲ့တယ်...ဒါပေမယ့် ငါက ပုန်ကန်မှုကြီးနဲ့ ပက်ပင်းရင်ဆိုင်ရမယ်လို့ မျှော်လင့်မထားမိဘူး...ဗိုလ်ချုပ်ရှောင်...ငါက တော်ဝင်မြို့တော်ထဲမှာ မရေမတွက်နိုင်တဲ့ လူငယ်ပါရမီရှင်တွေအများကြီးကို မြင်တွေ့ဖူးပေမယ့် ငါ့မျက်လုံးထဲမှာ မင်းလောက် ဘယ်သူမှမကောင်းဘူး"

"ဖေးသခင်ကြီးက ဘာကိုဆိုလိုချင်တာလဲ"

လုယွီက ဗြောင်ကျကျမေးမြန်းလိုက်သည်။

"ဘာလို့လဲဆိုရင်တော့ ငါ မင်းကို ထွင်းဖောက်မမြင်နိုင်လို့ပဲ"

ဖေးထျန်ကွမ်းက လုယွီကို ထပ်မံ၍စူးစိုက်ကြည့်လေသည်။

"တကယ်လို့ တော်ဝင်မိသားစုကလူငယ်တစ်ယောက် ငါရှေ့မှာရောက်နေရင်တောင် အဲ့ဒီလူက ဘယ်လိုလူမျိုးလဲဆိုတာ ငါ ပြောနိုင်တယ်...ဒါပေမယ့် မင်းတစ်ယောက်တည်းကပဲ အရမ်းသိမ်မွေ့နက်နဲပြီး နားမလည်နိုင်တဲ့ခံစားချက်မျိုး ငါ့ကို ပေးနိုင်တယ်"

"ငါက လူတစ်ယောက်ကိုစေလွှက်ပြီး မင်းရဲ့အကြောင်းကို စုံစမ်းခိုင်းထားတယ်...မင်းက ရှားဟိုလီရဲ့လက်အောက်က တပ်ခွဲမှူးကနေ ရွှမ်းဝူစစ်ဗိုလ်ချုပ်အဆင့်ကို ရာထူးတိုးလာခဲ့တဲ့သူ...မင်းရဲ့အသက်အရွယ်အရ...မင်းမှာရှိတဲ့ ကျင့်ကြံဆင့်နယ်ပယ်နဲ့ဆိုရင် နာမည်ကျော်ကြားတဲ့သူတစ်ယောက် ဖြစ်သင့်တယ်...ဒါပေမယ့် ငါ မင်းအကြောင်းကို တစ်ခါမှမကြားဖူးဘူး"

"မင်းမှာ နဂါးအစောင့်ဆိုတဲ့အဆင့်အတန်းလည်းရှိနေတယ်...ဒါပေမယ့် ကြေးအဆင့်နဂါးအစောင့်ဆိုတာ မင်းရှိနေရမယ့် အဆင့်မျိုးမဟုတ်ဘူး....မင်း ပြသထားတဲ့ ပါရမီအရည်အချင်းနဲ့ဆိုရင် နဂါးအစောင့်တပ်က မင်းကို လက်ရွေးစင်တစ်ယောက်အဖြစ်နဲ့ မြေတောင်မြှောက်ပေးနေလောက်ပြီ...သူတို့က မင်းကို ဒီအတိုင်းလွှက်ထားမှာမဟုတ်ဘူး"

လုယွီက ပြောဆိုသည်။

"ဖေးသခင်ကြီးက ဘာလို့ ဒီအကြောင်းတွေ ကျွန်တော်ကို ပြောပြနေတာလဲ"

ဖေးထျန်ကွမ်းက ခါးသည်းစွာ ရယ်မောလိုက်၏။

"ငါ မင်းကို ပြောပြနိုင်တာက...ငါက ရွှယ်အင်မော်တယ်စွမ်းအားကို ထုတ်ဖော်အသုံးပြုလိုက်တော့ အဆိပ်တွေက ငါ့ရဲ့စိတ်ဝိညာဥ်ထဲကို ပိုပြီးနက်နက်ရှိုင်းရှိုင်း စိမ့်ဝင်နေပြီ....ငါ အချိန်အကြာကြီး အသက်မရှင်နိုင်တော့မှာကို ငါ စိုးရိမ်မိတယ်"

"ငါက မင်း ရှို့ရှို့ကို လက်ထပ်စေချင်တယ်"

ဤစကားလုံးသည် ကမ္ဘာလောကကြီးတစ်ခုလုံးကို တုန်ခါသွားစေသည့်အလားပင်။

လုယွီက အံ့အားသင့်နေသောအကြည့်ဖြင့် ဖေးထျန်ကွမ်းကို ကြည့်လိုက်သည်။

ဖေးထျန်ကွမ်းထံတွင် သမီးတစ်ယောက်သာရှိပေ၏။မမျှော်လင့်ဘဲ သူသည် သူ၏သမီးကို လုယွီနှင့် လက်ထပ်ပေးရန် ဆန္ဒရှိနေသည်။

"မင်းက ရှို့ရှို့ကို မင်းရဲ့ဇနီးအဖြစ် လက်ထပ်လိုက်တာနဲ့...ငါ ချန်ထားခဲ့တဲ့ စည်းစိမ်ဥစ္စာတွေနဲ့ရတနာတွေအားလုံးက မင်းအတွက်ပဲ...ငါ မင်းကို အများကြီးမတောင်းဆိုပါဘူး...မင်း ငါ့သမီးကို စောင့်ရှောက်ပေးမယ်ဆိုရင် ငါ ကျေနပ်ပြီ"

ဖေးထျန်ကွမ်းက လုယွီကိုကြည့်၍ ပြောဆိုသည်။

လုယွီက သူ၏ခေါင်းကိုခါယမ်းပြီး တည်ငြိမ်စွာပြောဆိုလိုက်၏။

"ဖေးထျန်ကွမ်း....မင်း ငါ့ကို အခုထိထွင်းဖောက်မမြင်နိုင်သေးဘူး...ငါ့ကို လောကီအင်မော်တယ်တစ်ယောက်လို့ မင်း တကယ်ကြီး ထင်နေတာလား"

Thank For Reading.

All Chapters