မင်းက တကယ် (၁၁) နှစ်ပဲ ရှိသေးတာလား
Vol. 22 Ch. 324
~အစစ်အမှန် နက်ရှိုင်းဂိုဏ်း၏ တာအိုကွင်းပြင်ဝယ် ...၊
မူလကမူ သူတို့သည် အစစ်အမှန် နက်ရှိုင်းဂိုဏ်းမှ အဆင့်တက်ရောက်ခါစ ကောင်းကင်ဘုံလူသား တစ်ဦး၏ ဂုဏ်ပြုပွဲကို လာရောက် တက်ရောက်ကြသည်ဟုသာ ထင်မှတ်ထားခဲ့ကြလေသည်။
ဤ အဆင့်တက်ရောက်ခါစ ပုဂ္ဂိုလ်မှာ ဒဏ္ဍာရီလာ ဂိုဏ်းတည်ထောင်သူ ဘိုးဘေးကြီး 'အစစ်အမှန် နက်ရှိုင်း စစ်မှန်သူ ဧကရာဇ်' ဖြစ်နေလိမ့်မည်ဟု မည်သူက ထင်မှတ်ထားခဲ့မည်နည်း။
အားလုံးက 'တာအိုဆရာ ပိုင်ရှန်' အား ငေးမောကြည့်နေကြလေသည်။
တိုက်ပွဲ ပြီးသွားပြီ ဆိုတော့မှ အစပိုင်းက တင်းမာမှုတွေ လျော့ကျသွားကြ၏။
သည်အချိန်ကျမှ ဘာတွေ ဖြစ်ပျက်ခဲ့လဲ ဆိုတာ သူတို့ သဘောပေါက်လာကြ၏။
လူရိုင်းဧကရာဇ်နှင့် ဗုဒ္ဓပေါင်ရှုတို့ ပြန်လည် ထွက်ခွာသွားကြသောအခါ၊ မူလက ဆူညံပွက်လောရိုက်နေခဲ့သော ကွင်းပြင်ကြီးသည် တဖြည်းဖြည်း ငြိမ်သက်သွားခဲ့လေ၏။
သို့သော် လူတိုင်း၏ မျက်ဝန်းထဲ၌မူ အံ့သြတုန်လှုပ်မှုများ လျော့ပါးသွားခြင်း မရှိသေးပါ။
"စစ်မှန်သူ ဧကရာဇ်ကြီးကို ဂါရဝပြုပါတယ် ခင်ဗျာ..."
ခမ်းနားထည်ဝါသော အသံကြီး တစ်ခု အစစ်အမှန် နက်ရှိုင်းတောင် ပေါ်တွင် ပဲ့တင်ထပ်သွားပြီး အားလုံးက ရိုသေစွာ ဦးညွှတ်လိုက်ကြလေသည်။
ဤသူကား သက်ရှိထင်ရှား ရှိနေသော စစ်မှန်သူ ဧကရာဇ်ကြီးပင် ဖြစ်လေသည်။
သူ့ထံမှ လမ်းညွှန်မှု အနည်းငယ်မျှ ရရှိလိုက်လျှင်ပင် ပြိုင်ဘက်ကင်း အခွင့်အရေးကြီး တစ်ရပ်ကို ပိုင်ဆိုင်လိုက်ရသကဲ့သို့ပင် ဖြစ်၏။ စကားလုံးများဖြင့်ပင် ဖော်ပြ၍ မရနိုင်သော ကံကောင်းမှုမျိုးပင် ဖြစ်သည်။
သူတို့၏ မျက်လုံးများထဲတွင် ပြင်းပြသော ဆန္ဒများ ပြည့်နှက်နေ၏။
'တာအိုဆရာ ပိုင်ရှန်'က ရိုးရှင်းစွာ ပြုံးပြီး လက်ဝှေ့ယမ်းလိုက်သည်။
ယခု သူတို့ ပေါ်ထွက်လာကြပြီ ဆိုတော့ ဆက်ပြီး ဖုံးကွယ်ထားစရာ မလိုတော့ပါ။ ဘာပဲဖြစ်ဖြစ် နောက်ရက်နည်းနည်း ကြာရင် ရှေးဟောင်း သူတော်စင်တွေ အကုန်လုံး ထွက်ပေါ်လာကြတော့မည်ပင်။
"ကျွန်တော် 'တာအိုဆရာ ပိုင်ရှန်'ရဲ့ ကောင်းကင်ဘုံလူသား ဂုဏ်ပြုပွဲကို လာတက်ပေးကြတဲ့ မိတ်ဆွေများ အားလုံးကို ကျေးဇူးတင်ပါတယ်... ပြီးတော့ လန့်သွားကြတဲ့အတွက်လည်း တောင်းပန်ပါတယ်..."
သူက ဟန်ဆောင်မနေပေ။ ဧည့်သည်တော် အားလုံး ဂုဏ်ယူဝမ်းမြောက်သွားကြပြီး မထိုက်တန်ကြောင်း အလျင်အမြန် ပြောဆိုကြလေသည်။
အစစ်အမှန် နက်ရှိုင်းဂိုဏ်းသားတွေကတော့ အပျော်ဆုံး ဖြစ်ရ၏။
ဒဏ္ဍာရီလာ ဘိုးဘေးကြီး သူတို့ရှေ့မှောက် ရောက်လာတာဟာ အိပ်မက်တစ်ခု လက်တွေ့ ဖြစ်လာသလို ခံစားရပြီး ဝါရင့် တာအိုဆရာကြီး အများစု မျက်ရည်ကျကုန်ကြ၏။ သာမန် ရိုးရှင်းသည့် စစ်မှန်သူ ပိုင်ရှန်းက သူတို့၏ ဘိုးဘေးကြီး ဖြစ်နေလိမ့်မည်ဟု မည်သည့်အချိန်ကမှ မတွေးခဲ့ဖူးကြပေ။
နင်ချီကတော့ မည်သည့် အချိန်က ပြန်ရောက်နေမှန်း မသိပါ။
တာအိုဆရာ လုံရှန်းက သူ့ကို လှမ်းကြည့်လိုက်တော့ နင်ချီက ပြုံးပြီး ခေါင်းညိတ်ပြလိုက်သည်။ ဆရာလုံရှန်း စိတ်သက်သာရာ ရသွားသလို၊ ဆရာတပည့် နှစ်ယောက်ကြားက နားလည်မှု ရှိပုံကိုလည်း ကျေနပ်နေမိသည်။ တခြား အစစ်အမှန် သိုင်းဂိုဏ်းသားတွေကတော့ ဘာမှ မသိကြပါ။
ကျွမ်းချန်နှင့် လီလင်းတို့မှလွဲ၍ ဆိုရပေမည်...။ သူတို့သည်ကား အနည်းငယ် သံသယ ဝင်နေကြလေ၏။
ထိုစဉ်၊ 'တာအိုဆရာ ပိုင်ရှန်'က နင်ချီကို တစ်ချက် လှမ်းကြည့်လိုက်ပြီးနောက် အသံကို မြှင့်ကာ ပြောလိုက်သည်။
"ဒီနေ့... ခင်ဗျားတို့ အားလုံးကို ကောင်းကင်ဘုံလူသား လမ်းစဉ် အကြောင်း ရှင်းပြပေးပါ့မယ်..."
တာအို ဟောကြားရမည့် အချိန်အခါသို့ ရောက်ရှိနေခဲ့ချေပြီ။
စောစောပိုင်းက တာ့ကျွယ်ကျောင်းတော်မှ လူများ ဝင်ရောက် မွှေနှောက်သွားခဲ့သဖြင့်သာ ရပ်တန့်သွားခဲ့ရခြင်း ဖြစ်၏။ ယခုအခါ အနှောင့်အယှက် ဟူသမျှ မရှိတော့ပြီ ဖြစ်ရာ၊ ဆက်လက် ဆောင်ရွက်၍ ရနိုင်ပေပြီ။
လက်ဆောင်ယူပြီးလျှင် ပြန်ပေးရသည်က ထုံးစံပဲ မဟုတ်ပါလား။
ပရိသတ်အားလုံး ဝုန်းခနဲ ဖြစ်သွားကြ၏။
စစ်မှန်သူ ဧကရာဇ် ကိုယ်တိုင် တာအို ဟောပြောမည် ဆိုတာ မျှော်လင့်ထားတာထက် အများကြီး ပိုလွန်နေလေ၏။ တာအိုဆရာ လုံရှန်းတောင်မှ ကိုယ်ကို မတ်လိုက်မိသည်။ နင်ချီတောင်မှ မျှော်လင့်တကြီး ဖြစ်သွားသည်။
တာအိုစင်မြင့်ပေါ်တွင်...၊
'တာအိုဆရာ ပိုင်ရှန်'က ပေါ့ပေါ့ပါးပါး ထိုင်လိုက်ပြီး ခမ်းနားသော တာအိုအသံ ထွက်ပေါ်လာလေ၏။
"ကောင်းကင်ဘုံလူသား ဆိုတာ ကောင်းကင်၊ မြေကြီး၊ လူသား ပန်းပွင့်သုံးပွင့်ကို ကျင့်ကြံရတာပါ... ကောင်းကင်၊ မြေကြီး၊ လူသား လို့ နာမည် သုံးမျိုး ခွဲထားပေမယ့်... အရင်းအမြစ်ကတော့ 'လူသား' ဆိုတဲ့ စကားလုံးကနေ မကွဲထွက်သွားပါဘူး..."
ယခု အချိန်မှာ 'တာအိုဆရာ ပိုင်ရှန်'၏ ပုံစံက လွတ်လပ်ပေါ့ပါးနေပြီး ကောင်းကင်ဘုံလူသား သဘောတရားတွေကို ဖြည်းဖြည်းချင်း ရှင်းပြနေ၏။ စစ်မှန်သူ ဧကရာဇ် တစ်ပါး၏ အရှိန်အဝါတွေ အလိုလို ထွက်ပေါ်နေ၏။ တစ်ခါတစ်ရံ ကောင်းကင်ယံတွင် တောင်ကုန်းများ၊ မြစ်ချောင်းများ ပုံရိပ်ယောင်များ ပေါ်လာလိုက်၊ ကြိုးကြာဖြူများ ပျံဝဲလာလိုက်နှင့်... ခမ်းနားသော တာအိုအသံက ဧည့်သည်တော်များကို ဖမ်းစားထားပြီး ဉာဏ်အလင်း ပွင့်သွားသလို ခံစားစေသည်။
နင်ချီ သိလိုက်သည်။
'တာအိုဆရာ ပိုင်ရှန်'က တကယ့်ကို ပွင့်ပွင့်လင်းလင်း ပြောပြနေတာပဲ။’
ယနေ့ ဖြစ်ပျက်ခဲ့သည့် ကိစ္စရပ်များအတွက် လျော်ကြေးပေးလို၍လော၊ သို့တည်းမဟုတ် အခြားသော အကြောင်းရင်း ရှိနေ၍လော မသိရပါ...။
သူသည် ကောင်းကင်ဘုံလူသား လမ်းစဉ်နှင့် ပတ်သက်၍ ရှင်းလင်းပြတ်သားစွာ၊ အကုန်အစင် ဟောကြားနေခြင်း ဖြစ်လေသည်။
ဤမျှသာ မကသေးပါ...။ သူ၏ ဆန်းကြယ်နက်နဲသော စွမ်းအားများကိုပါ အသုံးပြုလျက် အခြားသူများအား ကူညီထောက်ပံ့ပေးနေသေး၏။
ဤသည်မှာ သိုင်းသူတော်စင် အဆင့် ပညာရှင်ကြီး တစ်ဦး၏ ကောင်းကင်ဘုံလူသား လမ်းစဉ်အပေါ် ထားရှိသည့် အမြင်သဘောထားပင် ဖြစ်သည်။ အမြင့်ဆုံးသော နေရာမှနေ၍ ကြည့်ရှုမြင်တွေ့ရသည့် ထူးခြားသော ရှုထောင့်တစ်ရပ်ပင် ဖြစ်လေသည်။
နင်ချီပင်လျှင် အကျိုးကျေးဇူးများ ရရှိနေသည် ဆိုပါက အခြားသူများ အဖို့မူ ဆိုဖွယ်ရာပင် မရှိတော့ချေ။
အချို့ဆိုလျှင် မျက်ရည်များပင် ကျဆင်းလျက် ရှိကြ၏။
"နံနက်ခင်း၌ တာအိုကို နာကြားရလျှင် ညနေချမ်း၌ သေဆုံးရစေကာမူ ကျေနပ်နိုင်ပါပြီ" ဟူသော စကားကဲ့သို့ပင် ဖြစ်နေကြလေပြီ။
အချိန် မည်မျှ ကုန်ဆုံးသွားမှန်းပင် မသိနိုင်တော့ပါ...။
'တာအိုဆရာ ပိုင်ရှန်' တာအို ပို့ချသညါကို ဖြည်းဖြည်းချင်း ရပ်လိုက်တော့မှ အားလုံး သတိဝင်လာကြ၏။
ဧည့်သည်တော်များ အားလုံး စိတ်ကူးယဉ် ကမ္ဘာထဲမှာ ကျန်ရစ်နေဆဲပင်။ အားလုံး တစ်ခုမဟုတ် တစ်ခုတော့ အကျိုးထူး ရလိုက်ကြ၏။ တချို့ဆို နေရာမှာပင် အဆင့်တက်သွားကြသူတွေတောင် ရှိပါ၏။ ကျေးဇူးတင်လွန်း၍ မဆုံးနိုင်ကြပါ။
"စစ်မှန်သူ ဧကရာဇ်ရဲ့ တာအိုကြားမှုအတွက် ကျေးဇူးအထူးတင်ရှိပါတယ် ခင်ဗျာ..."
အားလုံး စိတ်လှုပ်ရှားစွာဖြင့် ကျေးဇူးတင်စကား ဆိုကြ၏။
ဒါက ယဉ်ကျေးမှုအရ ပြောတာ မဟုတ်ပါချေ။ အမှန်စင်စစ်၊ ရင်ထဲက လာခြင်းပါ။
ဒီနေ့ 'တာအိုဆရာ ပိုင်ရှန်' ဟောကြားသွားတာတွေက ကောင်းကင်ဘုံလူသား လမ်းစဉ် ၏ လျှို့ဝှက်ချက် အကုန်လုံးကို ဖွင့်ချပြလိုက်သလိုပါပင်။ အရင်တုန်းက ကျင်းပခဲ့သော မည်သည့်ပွဲမှာမှ ယခုလို အခွင့်အရေးမျိုး မရနိုင်ခဲ့ပါ။ အကျိုးအမြတ် အများဆုံး ရလိုက်သူတွေကတော့ လက်ရှိ ကောင်းကင်ဘုံလူသား အဆင့် ပညာရှင်တွေ ဖြစ်၏။
ယနေ့ ဟောပြောပွဲက သူတို့၏ သံသယတွေကို ရှင်းထုတ်ပေးလိုက်သလို၊ တစ်ဆင့်ချင်း ဆက်သွားမည် ဆိုလျှင် သူတို့ ဘယ်တုန်းကမှ မမှန်းရဲခဲ့သော အဆင့်တွေကို ရောက်နိုင်တော့မည်လေ။
ချီအနှစ်သာရ နယ်ပယ် အဆင့်ရှိသော လူငယ်များ အတွက်လည်း များစွာ အကျိုးဖြစ်ထွန်းစေခဲ့၏။ ကောင်းကင်ဘုံလူသား အဆင့်သည် သူတို့နှင့် ဝေးကွာနေသေးသော်လည်း၊ ယနေ့ ရှင်းပြချက်များသည် သူတို့ လျှောက်လှမ်းရမည့် ပန်းတိုင်ကို သတ်မှတ်ပေးလိုက်သကဲ့သို့ ဖြစ်သွားခဲ့လေသည်။
'တာအိုဆရာ ပိုင်ရှန်'က တဟားဟား ရယ်မောလိုက်ပြီး မျက်ခုံးပင့်လိုက်သည်။
"မင်းတို့ သေချာ မှတ်သားထားပြီး ကြိုးစားကြပါ..."
သူ့စကားထဲမှာ သတိပေးတာလိုလို၊ အားပေးတာလိုလို အဓိပ္ပာယ်တွေ ပါဝင်နေသဖြင့် အားလုံး ပိုပြီး ကျေးဇူးတင်သွားကြ၏။ နင်ချီ မျက်ခုံးပင့်လိုက်မိသည်။
အစောပိုင်းကမူ 'တာအိုဆရာ ပိုင်ရှန်'သည် ပွဲပျက်သွားခြင်းအတွက် လျော်ကြေးပေးခြင်း ဖြစ်သည်ဟု ထင်မှတ်ခဲ့မိသော်လည်း၊ ယခု ကြည့်ရှုရသည်မှာ ထိုအချက် တစ်ခုတည်း မဟုတ်တော့ချေ။ သို့မဟုတ်ပါက သူသည် ဤမျှလောက် ရက်ရက်ရောရော သင်ကြားပေးမည် မဟုတ်ချေ။
ခံစားရသည်မှာ... လူတိုင်း၏ စွမ်းအားများ တိုးတက်လာစေကာ တစ်စုံတစ်ရာကို ရင်ဆိုင်နိုင်စေချင်သည့် ပုံစံမျိုး ဖြစ်လေသည်။
နင်ချီ စတင် သုံးသပ်မိလိုက်သည်။
အားလုံးက ရိုသေစွာ ဦးညွှတ်လိုက်ကြ၏။
"စစ်မှန်သူ ဧကရာဇ်ရဲ့ သွန်သင်ဆုံးမမှုတွေကို မှတ်သားထားပါ့မယ် ခင်ဗျာ..."
ခဏတာ တိတ်ဆိတ်သွားပြီးနောက်... ကောင်းကင်ဘုံလူသား အဆင့် ပညာရှင် တစ်ဦး ရဲဝံ့စွာ မတ်တပ်ရပ်လိုက်သည်။ လောကမှာ နံပါတ်တစ်ဟူ၍ ကျော်ကြားသော ယင်ယန်ဂိုဏ်းက စစ်မှန်သူ ယန်လီ ဖြစ်သည်။ သူ အသက်ပြင်းပြင်း ရှူလိုက်ပြီး မေးလိုက်၏။
"စစ်မှန်သူ ဧကရာဇ်ကို မေးစရာ တစ်ခု ရှိပါတယ် ခင်ဗျာ..."
အားလုံး ရင်တုန်သွားကြ၏။
'တာအိုဆရာ ပိုင်ရှန်'က အေးဆေးစွာ ပြောလိုက်သည်။
"မေးလေ..."
စစ်မှန်သူ ယန်လီက အမှားမပါအောင် သတိထားပြီး မေးလိုက်သည်။
"စစ်မှန်သူ ဧကရာဇ်က... နှစ်ပေါင်း သောင်းချီ အသက်ရှင်နေခဲ့တာလား ခင်ဗျာ..."
'တာအိုဆရာ ပိုင်ရှန်' ဖြည်းညင်းစွာ ခေါင်းခါလိုက်သည်။
"မဟုတ်ဘူး... သိုင်းသူတော်စင် တစ်ယောက်က အလွန်ဆုံး နှစ်ပေါင်း သုံးထောင်လောက်ပဲ အသက်ရှင်နိုင်တာပါ... ငါတို့ ရှေးဟောင်း သူတော်စင်တွေကတော့... မတူညီတဲ့ နည်းလမ်းတွေကို သုံးပြီး ဒီလောကကြီးဆီ ရောက်လာကြတာ..."
နင်ချီ၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။
"စစ်မှန်သူ ဧကရာဇ်... ရှေးဟောင်း သူတော်စင်တွေ တစ်ယောက်ပြီးတစ်ယောက် ပေါ်ထွက်လာကြတာ... ကြီးမားတဲ့ အဖြစ်အပျက်ကြီး တစ်ခုခု ဖြစ်လာတော့မလို့လား ခင်ဗျာ..."
မျက်လုံးများစွာက မျှော်လင့်တကြီး ကြည့်နေကြပြီး၊ မရေရာသော စိုးရိမ်မှုများကိုလည်း ခံစားနေကြရ၏။
'တာအိုဆရာ ပိုင်ရှန်' အကြာကြီး တိတ်ဆိတ်နေပြီးမှ သက်ပြင်းချလိုက်သည်။
"အချိန် မတန်သေးပါဘူးကွာ…”