← Chapters

အခန်း (၁၉၆၆-၁၉၇၀)

Vol. 102 Ch. 1966-1970

အခန်း (၁၉၆၆-၁၉၇၀)

Vol. 102 Ch. 1966-1970

Chapter 1966

ဤအချိန်အခိုက်အတန့်တွင် လုယွီ၏စိတ်ဝိညာဥ်သည် ရုတ်တရက် အံ့သြတုန်လှုပ်ဖွယ် ပြောင်းလဲသွားခဲ့သည်။

မူလက တိတ်ဆိတ်ငြိမ်သက်နေသော လောကီအင်မော်တယ်စိတ်ဝိညာဥ်သည် ရုတ်တရက် အလွန်ကြီးမားသော မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီးအဖြစ်သို့ ​အသွင်ပြောင်းသွားပေ၏။

ရှေးဟောင်းကောင်းကင်ဘုံတရားရုံး၏အကြွင်းအကျန်နယ်မြေအတွင်း၌ လုယွီသည် ကောင်းကင်ဘုံမိုးကြိုးကပ်ဘေးကို ဖြတ်ကျော်ပြီးနောက် သူသည် အစစ်အမှန်အင်မော်တယ်တစ်ယောက်ဖြစ်လာကာ သူ၏တာအိုသခင်စိတ်ဝိညာဥ်သည်လည်း ကြီးထွားလာခဲ့သည်။

တာအိုသခင်၏နောက်တွင် အုပ်စိုးသူအဆင့်ရှိသည်။

လုယွီ၏တာအိုသခင်စိတ်ဝိညာဥ်သည် ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်၏အကြွင်းအကျန်စိတ်ဝိညာဥ်ကို ဝါးမျိုပြီးနောက် အုပ်စိုးသူတစ်ယောက်၏အရိပ်အယောင်မျိုး ရရှိထားပြီးလေပြီ။

ဤအချိန်တွင် လုယွီသည် သူ့စိတ်ဝိညာဥ်စွမ်းအားကို အပြည့်အဝထုတ်လွှက်ထားလေ၏။လုယွီ၏စိတ်ဝိညာဥ်ကို ကြောက်ရွံနေသည့်အလား ဖေးထျန်ကွမ်း၏မိုးကောင်းကင်လှိုဏ်ဂူ ရုတ်တရက်တုန်ခါသွားသည်။

"ဒါက နယ်မြေသခင်လား...မဟုတ်သေးဘူး...ဒါလည်း မဖြစ်နိုင်ဘူး...နယ်မြေသခင်တွေမှာတောင် ဒီလောက်ထိအစွမ်းထက်တဲ့စိတ်ဝိညာဥ်မျိုး ရှိမှာမဟုတ်ဘူး"

ဖေးထျန်ကွမ်းသည် လုယွီ၏စိတ်ဝိညာဥ်ကိုကြည့်ပြီး သူ၏အသိစိတ်လွတ်ကင်းသွားသကဲ့သို့ ခံစားလိုက်ရသည်။

မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီး၏နောက်ရှိ အလင်းဘီးကြီးမှနေ၍ တုန်လှုပ်ချောက်ချားဖွယ် ဖိအားအရှိန်အဝါများကို အဆက်မပြတ်ထုတ်လွှက်ပေးနေသည်။ဤသည်က နတ်ဘုရားတစ်ပါးသည် လောကကြီးအတွင်းရှိသက်ရှိများအား အထင်အမြင်သေးသောအကြည့်ဖြင့် ကြည့်နေသကဲ့သို့ပင်။

ဖေးထျန်ကွမ်းက လုယွီသည် အလွန်ထူးချွန်သောအရည်အချင်းရှိသည့် လူငယ်တစ်ယောက်ဟုသာ အစဥ်အမြဲတွေးထင်ထားခဲ့သည်။

သို့ရာတွင် သူ၏အတွေးများ မှားယွင်းခဲ့ပေ၏။

ရှူး...ရှူး...

ခြိမ်းခြောက်မှုကို အာရုံခံမိပုံဖြင့် ရှည်လျားသောမြွေနက်ကြီးက ရုတ်တရက် နိုးထလာသည်။ထိုမြွေနက်ကြီး၏မျက်လုံးများအတွင်းမှနေ၍ ရောင်စုံအလင်းတန်းများ ဖြာထွက်နေသည်။

မြွေနက်ကြီး၏ခန္ဓာကိုယ်မှနေ၍ အဆိပ်အခိုးအငွေ့များ တလိမ့်လိမ့်ထွက်ပေါ်လာပြီး လုယွီထံဦးတည်၍ အလျှင်အမြန် ပျံ့နှံ့လာသည်။ထိုအရာသည် ကျူးကျော်လာသူကို အဆိပ်ငွေ့များဖြင့် ဝါးမျိုလိုပုံရသည်။

လုယွီသည် မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီးအသွင် ပြောင်းလဲထားပြီး မြွေနက်ကြီးနှင့်ရင်ဆိုင်ရချိန်တွင် သူ၏လက်ချောင်းများကို လှုပ်ခတ်လိုက်၏။

ရုတ်ချည်းဆိုသလိုပင် ထောင်နှင့်ချီသော မဟာတာအိုဥပဒေသများသည် စိတ်ဝိညာဥ်ဓမ္မပုံရိပ်ယောင်ကြီး၏လက်ချောင်းထိပ်မှ ထွက်ပေါ်လာသည့်အလား သူ့ရှေ့ရှိ အမှောင်ထုကြီးကို ပျောက်ကွယ်သွားစေသည်။

အဖြူရောင်အလင်းတန်းတစ်တန်းက မိုးကောင်းကင်လှိုဏ်ဂူတစ်ခုလုံးကို ချက်ချင်းဆိုသလိုပင် လွှမ်းခြုံသွားခဲ့သည်။

မြွေနက်ကြီးထံမှ ရုတ်တရက် စူးရှနာကျင်စွာအော်ဟစ်လိုက်သော အသံကြီးထွက်ပေါ်လာပြီး သူ၏ခန္ဓာကိုယ်မှအဆိပ်များကို အလျှင်အမြန် ဖယ်ရှားခံလိုက်ရ၏။

အသက်ရှုချိန်အနည်းငယ်အတွင်းမှာပင် မြွေနက်ကြီး အကြွင်းမဲ့ရှုံးနိမ့်သွားခဲ့သည်။

သို့ရာတွင် အကြွင်းအကျန်အဆိပ်များသည် ဖေးထျန်ကွမ်း၏စိတ်ဝိညာဥ်ကို ဆက်လက်၍တိုက်စားနေဆဲပင်။

"ဒါဆိုရင် ဒီအဆိပ်တွေကြားထဲမှာ မဟာတာအိုဥပဒေသတစ်ခု ပုန်းအောင်းနေတာပဲ...ဒီအဆိပ်က ဒီလောက်ထိခေါင်းမာနေတာ အံ့အားသင့်စရာမရှိတော့ဘူး"

လုယွီက မျက်မှောင်ကြုတ်လိုက်၏။ထို့နောက် သူ၏လက်ကိုဆန့်တားကာ အကြွင်းအကျန်အဆိပ်များ စုဝေးရာမှဖြစ်တည်လာသော မြွေနက်ငယ်လေးကို ဖမ်းဆုပ်လိုက်သည်။

ရှူး...ရှူး...

ထိုမြွေနက်ငယ်လေးသည် ဖမ်းဆီးခံရသော်လည်း လုယွီကို သတိပေးနေသကဲ့သို့ ရှုးရှုးရှဲရှဲအသံများ ထွက်ပေါ်နေဆဲပင်။

"တကယ်လို့ မင်းရဲ့အစစ်အမှန်ခန္ဓာကိုယ်သာ ဒီနေရာမှာရှိနေရင် ငါ နည်းနည်းကြောက်မိနိုင်တယ်...ဒါပေမယ့် အကြွင်းအကျန်စိတ်ဝိညာဥ်သက်သက်နဲ့တော့ မင်းက သေလမ်းရှာနေတာပဲ"

လုယွီက အေးစက်စက်နှာမှုတ်ပြီး မြွေနက်ငယ်လေးကို ဖျစ်ညှစ်လိုက်၏။

ရုတ်ချည်းဆိုသလိုပင် မြွေနက်ငယ်လေးသည် ချေမွှဖျက်ဆီးခံလိုက်ရပြီး အနက်ရောင်အခိုးအငွေ့များအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီးသည် သူ၏ပါးစပ်ကြီးကိုကျယ်လောင်စွာဖွင့်ဟ၍ အနက်ရောင်အခိုးအငွေ့များကို ပြင်းပြင်းထန်ထန် ရှိုက်သွင်းလိုက်သည်။အချိန်တခဏအတွင်းမှာပင် အနက်ရောင်အခိုးအငွေ့များအားလုံးသည် မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီး၏ ဝါးမျိုခြင်းကို ခံလိုက်ရ၏။

"ဒါဆိုရင် ဒါက အဆိပ်ဥပဒေသပေါ့...ဒါပေမယ့် ဒါက မပြည့်စုံတဲ့ မဟာတာအိုဥပဒေသတစ်ခုဖြစ်နေတယ်...တကယ်လို့ ငါက ပြီးပြည့်စုံတဲ့ဥပဒေသကိုသာရမယ်ဆိုရင် ငါ ဒါကို ငါ့အတွက်အသုံးပြုနိုင်လိမ့်မယ်"

လုယွီ၏မိုးကောင်းကင်လှိုဏ်ဂူအတွင်းရှိ မဟာတာအိုတံခါး၏ရှေ့၌ နောက်ထပ်ရုပ်ထုတစ်ခု ထပ်မံ၍ထွက်ပေါ်လာသည်။

ထိုရုပ်ထုသည် ခေါင်းကိုးလုံးမြွေနဂါးပုံစံရှိပြီး အလွန်အမင်း တုန်လှုပ်ချောက်ချားဖွယ်ကောင်းသည်

ဤသည်က အဆိပ်ဥပဒေသပင်။

လုယွီ၏လက်ချောင်းထိပ်၌ ထူထပ်သိပ်သည်းသော အနက်ရောင်အခိုးအငွေ့များ ဖြစ်တည်လာပေ၏။ထိုအခိုးအငွေ့များအတွင်း၌ မည်မျှထိများပြားသော အဆိပ်အမျိုးအစားများ ပါဝင်နေမှန်း မည်သူမျှမသိနိုင်ချေ။

အကယ်၍ သူသည် တခြားသူများနှင့်တိုက်ခိုက်ရာ၌ ထိုအဆိပ်ကို အသုံးပြုလိုက်ပါက ကျဥ်းထဲကျပ်ထဲအခြေအနေမျိုးတွင် တစ်ဖက်ရန်သူများကို သတ်ဖြတ်နိုင်ပေမည်။

လုယွီသည် ဖေးထျန်ကွမ်း၏အဆိပ်ကို အပြည့်အဝဖယ်ရှားပြီးလေပြီ။

****

တော်ဝင်မြို့တော်၏အနက်ရှိုင်းဆုံးနေရာ၌တည်ရှိသော ခြံဝန်းတစ်ခု၏အနောက်ဘက်တောင်၌....

ဤနေရာသည် မိသားစု၏တားမြစ်နေရာတစ်ခုဖြစ်သည်။အကယ်၍ မိသားစုမှ တိုက်ရိုက်မျိုးဆက်များဖြစ်နေလျှင်ပင် ဤနေရာသို့ အခွင့်အာဏာမရှိဘဲ ဝင်ရောက်မိပါက သေဒဏ်အပြစ်ပေးခြင်း ခံရပေမည်။

အနောက်ဘက်တောင်၏နက်ရှိုင်းသောနေရာ၌ မြင့်မားသောနန်းတော်တစ်ခုရှိနေသည်။ထိုနန်းတော်၏ပတ်ဝန်းကျင်ကို ထူထပ်သိပ်သည်းသော စိတ်ဝိညာဥ်စွမ်းအင်များ လွှမ်းခြုံထားသော်လည်း ဤနေရာသည် အလွန်တိတ်ဆိတ်ငြိမ်သက်ကာ လူသူကင်းမဲ့နေသည်။

"ငါ ခတ်ထားတဲ့အဆိပ်ကို တစ်စုံတစ်ယောက်က ဖယ်ရှားသွားတာကို ငါ ခံစားမိတယ်"

နန်းတော်အတွင်းမှနေ၍ အိုမင်းသောအသံတစ်သံက ပဲ့တင်ထပ်ထွက်ပေါ်လာသည်။

ထိုဒေါသတကြီးအော်ငေါက်သံကိုကြားသည်နှင့် လူရိပ်အမြောက်အများ ထွက်ပေါ်လာပြီး နန်းတော်၏တံခါးရှေ့၌ ဒူးထောက်လိုက်ကြ၏။

"ငါ့ရဲ့အဆိပ်ကို ဘယ်သူဖယ်ရှားလိုက်တာလဲဆိုတာကို ရှာကြစမ်း...ဖေးထျန်ကွမ်းနဲ့ ခုလတ်တလောအချိန်မှာ အနီးကပ်ဆုံး ဘယ်သူရှိနေလဲဆိုတာပါကိုပါ ကြည့်ခဲ့ကြစမ်း"

Chapter 1967

သူတော်စင်ပင်လယ်ကြယ်နယ်မြေပေါ်တွင်ရှိနေသော လုယွီနှင့်ဖေးထျန်ကွမ်းတို့သည် တော်ဝင်မြို့တော်အတွင်း၌ ဖြစ်ပျက်သွားသော ကိစ္စများကိုသိရှိခြင်းမရှိချေ။

ဝုန်း...

သူ၏ခန္ဓာကိုယ်အတွင်းရှိ မိုးကောင်းကင်လှိုဏ်ဂူအတွင်းမှ ကျယ်လောင်သောတုန်ခါသံကြီး ထွက်ပေါ်လာခြင်းနှင့်အတူ ဖေးထျန်ကွမ်း၏စိတ်ဝိညာဥ်သည် အချုပ်အနှောင်များအားလုံး ပျောက်ကွယ်သွားသဖြင့် ချက်ချင်းဆိုသလိုပင် စွမ်းအားများပွင့်အံထွက်လာသည်။

အကန့်အသတ်မရှိသော ဖိအားအရှိန်အဝါတစ်ရပ်က အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားပြီး အချိန်အတော်ကြာ အိပ်မောကျနေခဲ့သော ရှေးဟောင်းကြောက်မက်ဖွယ်မှော်သားရဲကြီးတစ်ကောင်က ရုတ်တရက် သူ၏မျက်လုံးများကို ဖွင့်လိုက်သကဲ့သို့ပင်။

ဖေးထျန်ကွမ်းသည် သူ၏ရွှယ်အင်မော်တယ်ကျင့်ကြံဆင့်စွမ်းအားကို တဖန်ပြန်၍ အသုံးပြုနိုင်လေပြီ။

ဤအချိန်အခိုက်အတန့်တွင် ဖေးထျန်ကွမ်းသည် ရွှယ်အင်မော်တယ်ကျင့်ကြံသူအဖြစ်သို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။

"ဟား ဟား ဟား...ဝေ့မိသားစု ...ငါက ရွှယ်အင်မော်တယ်နယ်ပယ်ခွန်အားကို ပြန်ရလိမ့်မယ်လို့ မင်းတို့ မျှော်လင့်မိမှာမဟုတ်ဘူး"

ဖေးထျန်ကွမ်းက ပျော်ရွှင်ဝမ်းမြောက်စွာဖြင့် အော်ဟစ်ရယ်မောလိုက်၏။

ဖေးထျန်ကွမ်းသည် ယခင်က အနည်းငယ်အိုမင်းနေသော လူအိုကြီးတစ်ယောက်ဟု ဆိုနိုင်သည်။ယခုလက်ရှိချိန်တွင် ဖေးထျန်ကွမ်းသည် စူးရှချွန်ထက်သောဓားတစ်ချောင်းကို ဓားအိမ်မှထုတ်လိုက်သကဲ့သို့ သူ၏စူးရှထက်မြက်မှုများ ပြန်လည်ထွက်ပေါ်လာခဲ့သည်။

"ဖေးထျန်ကွမ်း...ငါ မင်းကို ကူညီပေးနိုင်တယ်...ဒါပေမယ့် ငါ့မှာ တောင်းဆိုမှုတချို့ရှိတယ်"

လုယွီက သူ၏လက်နှစ်ရက်ကိုနောက်ပစ်၍ တည်ငြိမ်သောအသံဖြင့် ပြောဆိုသည်။

ဖေးထျန်ကွမ်းက လုယွီကို စူးစိုက်၍ကြည့်လိုက်၏။

"မင်းက ဘယ်လိုနည်းနဲ့မှ သာမာန်လောကီအင်မော်တယ်တစ်ယောက် မဖြစ်နိုင်ဘူး...မင်းက ဘယ်သူလဲ"

"ငါ့ရဲ့ခန္ဓာကိုယ်ထဲက အဆိပ်ကိုဖယ်ရှားဖို့အတွက် အနည်းဆုံး နယ်မြေသခင်ကျင့်ကြံဆင့်ရှိဖို့လိုအပ်တယ်...မင်းက ဒီအဆိပ်ကို အလွယ်တကူဖယ်ရှားနိုင်မှာတော့ အနည်းဆုံး မင်းရဲ့ကျင့်ကြံဆင့်က နယ်မြေသခင်အထွတ်အထိပ်အဆင့်မှာရှိနေတယ်"

လုယွီသည် သူ၏ကျင့်ကြံဆင့်နှင့်ပတ်သတ်၍ စကားတစ်ခွန်းမျှ တုံ့ပြန်ပြောဆိုခြင်း မပြုချေ။

"ကောင်းပြီလေ...ငါ မင်းကို တဲ့တဲ့ပဲပြောမယ်"

လုယွီက ပြောင်ပြောင်တင်းတင်း ပြောဆိုလိုက်သည်။

"ဖေးသခင်ကြီး...ငါက မင်းရဲ့အရည်အချင်းကို သဘောကျတယ်...ငါ မင်းကို ကယ်တင်ခဲ့ရတဲ့ အကြောင်းအရင်းက မင်းကို ငါ့အတွက် အလုပ်လုပ်ပေးစေချင်လို့ပဲ"

ဖေးထျန်ကွမ်းသည် နက်နက်နဲနဲ စဥ်းစားတွေးတောနေသော်လည်း လုယွီက အလျင်စလို တိုက်တွန်းခြင်းမရှိချေ။

"ကောင်းပြီလေ...ငါက စွန့်ပစ်ခံထားရတဲ့ လူတစ်ယောက်ပါ...မင်းက ငါ့အပေါ်မှာ ကျေးဇူးအများကြီးရှိတယ်...ပြီးတော့ ငါတို့သားအဖနှစ်ယောက်ရဲ့အသက်ကို ကယ်တင်ထားခဲ့တာ...ငါက ငါ့ရဲ့ဘဝနဲ့ မင်းကို ပြန်ပေးဆပ်မယ်"

ဖေးထျန်ကွမ်းက တည်ကြည်လေးနက်စွာ ပြောဆိုသည်။

ထို့သိုဆိုလိုက်ခြင်းကြောင့် လုယွီသည် ရွှယ်အင်မော်တယ်အစွမ်းထက်ကျင့်ကြံသူတစ်ယောက်ကို သူ၏လက်အောက်သို့ အောင်မြင်စွာ ခေါ်ယူနိုင်ခဲ့သည်။

"ငါ့ရဲ့နာမည်က လုယွီ...ရှောင်ယန်းဆိုတာက ငါ့ရဲ့နာမည်တုတစ်ခုပဲ...လွန်ခဲ့တဲ့နှစ်အနည်းငယ်တုန်းက ငါက ဝမ်ရှန့်သူတော်စင်ရဲ့မျက်နှာသာပေးမှုကို ရရှိခဲ့ပြီးတော့ သူ့ကိုဆရာအဖြစ် အသိအမှတ်ပြုခဲ့တယ်"

လုယွီက သူ၏သရုပ်မှန်ကို ဖေးထျန်ကွမ်းအား ရိုးရိုးသားသား ထုတ်ဖော်ပြောဆိုလိုက်သည်။

ဝမ်ရှန့်၏တပည့်ဟု ဆိုသလော...

ဖေးထျန်ကွမ်းက အံ့အားသင့်နေသောအကြည့်ဖြင့် လုယွီကို ကြည့်လိုက်၏။

"မင်းက ချောင်ကျတဲ့နေရာက ဗိုလ်ချုပ်ငယ်လေးတစ်ယောက်လို့ ငါ ထင်ထားခဲ့တာ...မင်းမှာ ဒီလိုအဆင့်အတန်းမျိုး ရှိနေမယ်လို့ ငါ မျှော်လင့်မထားမိဘူး"

ဖေးထျန်ကွမ်း၏ လုယွီအပေါ်အတွေးအမြင်များ ပြောင်းလဲသွားခဲ့သည်။အကယ်၍ လုယွီသည် သာမာန်လောကီအင်မော်တယ်တစ်ယောက်ဆိုပါက သူ့ထံတွင် အလွန်ထူးချွန်သော အရည်အချင်းရှိသည့်တိုင် ဖေးထျန်ကွမ်းသည် သူ့အပေါ် သစ္စာစောင့်သိမည်မဟုတ်ချေ။

မည်သည့် ရွှယ်အင်မော်တယ်အစွမ်းထက်ကျင့်ကြံသူမဆို သူတို့၏ကိုယ်ပိုင်မာန်မာနရှိသည်။

သို့ရာတွင် ယခုလက်ရှိချိန်၌ လုယွီပြသထားသောခွန်အားသည် ရွှယ်အင်မော်တယ်ထက် များစွာကျော်လွန်နေပြီး နယ်မြေသခင်အဆင့်သို့ပင် ရောက်ရှိနေနိုင်သည်။

ဖေးထျန်ကွမ်းသည် လုယွီ၏လက်အောက်ငယ်သားအဖြစ် သူ့ကိုယ်သူ ဝန်ခံရလျှင်ပင် သူ့အတွက် အရှက်ရစရာမရှိချေ။

"ဝမ်ရှန့်ရဲ့တပည့်ဆိုတဲ့အဆင့်အတန်းက မြင့်မြတ်ပေမယ့်...တကယ်လို့ မင်း မြို့တော်ကိုရောက်တဲ့အချိန်ကျရင်...အရင်ကလို ကောင်းမွန်တဲ့ဘဝမျိုး ရမှာမဟုတ်ဘူး"

ဖေးထျန်ကွမ်းက ထပ်ခါတလဲလဲ သက်ပြင်းရှိုက်လိုက်၏။

လုယွီက မျက်မှောင်ကြုတ်လိုက်သည်။

"ဘာလို့လဲ"

ဖေးထျန်ကွမ်းက အလေးအနက်ထားသောလေသံဖြင့် ပြောဆိုသည်။

"မင်း တော်ဝင်မြို့တော်က ထိပ်သီးမိသားစုကြီးရှစ်ခုအကြောင်းကို ကြားဖူးလား"

လုယွီက မျက်ခုံပင့်၍ မေးမြန်းသည်။

"မိသားစုကြီးရှစ်ခုလား"

ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်၏မှတ်ဥာဏ်များအရ တော်ဝင်မြို့တော်တွင် မိသားစုအမြောက်အများရှိနေသော်လည်း ထိပ်သီးမိသားစုကြီးများရှိနေသည်ဟု ဘယ်သောအခါမှ မကြားဖူးခဲ့ချေ။

"ဒါက ခုလတ်တလောနှစ်တွေကမှ တော်ဝင်မြို့တော်အတွင်းမှာ ဖြစ်ပေါ်လာတဲ့ သြဇာအာဏာလွှမ်းမိုးမှုတွေပဲ...အဲ့ဒီမိသားစုကြီးရှစ်ခုက အင်အားကြီးမားပြီးတော့ အဆက်အသွယ်ကောင်းတွေရှိတယ်...သူတို့က တာယွီအင်ပါယာရဲ့အဓိကသော့ချက်နေရာတွေကို ချုပ်ကိုင်ထားခဲ့တယ်...သူတို့ရဲ့အရိပ်အယောင်တွေက တော်ဝင်နန်းတော်ရဲ့နေရာတိုင်းမှာရှိနေတယ်"

"အဲ့ဒီအချိန်တုန်းက...ငါက တရားစီရင်ရေးခုံရုံးရဲ့ပြစ်ဒဏ်စီရင်ရေးဌာနက အမတ်တစ်ယောက်...မိသားစုကြီးရှစ်ခုထဲက ဝေ့မိသားစုရဲ့သခင်လေး ဝေ့ရှင်းလီက အင်ပါယာရဲ့နေရာအနှံ့အပြားကို လှည့်လည်သွားလာနေတဲ့အချိန်မှာ...သူက ကြယ်နယ်မြေအရှင်သခင်တစ်ယောက်ကို သေတဲ့အထိရိုက်နှက်ခဲ့တယ်...အဲ့ဒီကြယ်နယ်မြေအရှင်သခင်ရဲ့ မိန်းမတွေနဲ့ကလေးတွေအားလုံးကိုလည်း သူက သတ်ဖြတ်ခဲ့တယ်"

"ငါက အရမ်းဒေါသထွက်သွားပြီးတော့ ဝေ့ရှင်းလီကိုဖမ်းဆီးဖို့ အမိန့်ထုတ်ခဲ့တယ်..ဒါပေမယ့် အဲ့ဒီအမိန့်ထုတ်ပြန်ပြီး ခုနစ်ရက် ရှစ်ရက်လောက်အကြာမှာ ငါ အဆိပ်မိသွားမယ်လို့ မျှော်လင့်မထားမိဘူး...နောက်တစ်နေ့မှာ ငါက စုံစမ်းစစ်ဆေးရေးအရာရှိရဲ့ စွပ်စွဲပြစ်တင်တာကို ခံရတယ်..ဒါကြောင့် ငါ့ဆီမှာ ရွေးချယ်စရာမရှိတော့ဘဲ ရာထူးကနေနှုတ်ထွက်ပြီး ဇာတိမြေကို ပြန်လာခဲ့တာပဲ"

Chapter 1968

လုယွီ၏မျက်လုံးများတွင် အေးစက်စက်အလင်းရောင်များ ဖြတ်ပြေးသွားသည်။

"မင်းက ထိပ်သီးကျောင်းတော်သားတစ်ယောက် ဖြစ်ခဲ့တဲ့သူ...မင်းမှာလည်း အဆက်အသွယ်တွေအများကြီးရှိမှာပဲလေ...သူတို့က မင်းအပေါ်ကို ဘာလို့ဒီလိုမျိုး ကြံစည်ဝံ့တာလဲ"

"တကယ်တော့ သူတို့ချည်းပဲဆို ဘယ်လုပ်ဝံ့မလဲ....ငါ့ကို အဆိပ်ခတ်တဲ့ကိစ္စက အရမ်းကိုပုန်းလျိုးကွယ်လျိုးနိုင်လွန်းတယ်...ဝေ့မိသားစုက အားမနည်းဘူးဆိုပေမယ့်....သူတို့က မိသားစုကြီးရှစ်ခုအကြားမှာ အားအနည်းဆုံးလို့ ယူဆနိုင်တယ်...သူတို့ ငါ့ကို လုပ်ကြံဝံ့တဲ့အဓိကအကြောင်းအရင်းက သူတို့မိသားစုနဲ့ရှမိသားစုကြားက မဟာမိတ်လက်ထပ်ပွဲကြောင့်ပဲ"

ဖေးထျန်ကွမ်းက အလေးအနက်ထားသောလေသံဖြင့် ပြောဆိုသည်။

ရှမိသားစု၏လက်ချက် ထပ်မံ၍ဖြစ်နေပြန်သလော....

လုယွီက အေးစက်တင်းမာသောလေသံဖြင့် မေးမြန်းသည်။

"ဒါက ရှမိသားစုရဲ့အင်အားက တော်ဝင်နန်းတွင်းမှာ လုံလောက်တဲ့ သြဇာအာဏာလွှမ်းမိုးမှုရှိနေတယ်လို့ ဆိုလိုနေတာ မဟုတ်လား"

ဖေးထျန်ကွမ်း၏မျက်နှာပေါ်၌ ခါးသည်းသောအပြုံးတစ်ခု ထင်ဟပ်လာသည်။

"ငါ့လို တရားစီရင်ရေးအမတ်ငယ်လေးကို မပြောနဲ့...တကယ်လို့ ငါက ပထမအဆင့်အမတ်ကြီးဖြစ်နေရင်တောင် သူတို့က မလုပ်ရဲတာမရှိဘူး...ရှမိသားစုက ချမ်းသာကြွယ်ဝဆုံးမိသားစုအဖြစ် ရပ်တည်နေခဲ့တာ အချိန်အတော်ကြာနေပြီ...ဒီနှစ်တွေအတွင်းမှာ တော်ဝင်စစ်ရေးဌာနထဲကို ရှမိသားစုက သူတို့ရဲ့လက်တံတွေဆန့်ထုတ်လာခဲ့တယ်...တော်ဝင်စစ်တပ်ရဲ့ ဗိုလ်ချုပ်တွေ တပ်မှူးတွေကနေပြီးတော့ အစောင့်တပ်တွေအထိ ရှမိသားစုရဲ့အရိပ်အယောင်တွေ ရှိနေတယ်"

"ငါ အဆိပ်မိထားတယ်ဆိုတာကို လူတိုင်းနီးပါးသိကြတယ်...ငါ့ကိုအရင်က စွပ်စွဲပြစ်တင်ခဲ့တဲ့ စုံစမ်းစစ်ဆေးရေးအရာရှိကတောင် ဒီကိစ္စကိုသိပေမယ့် သူက စကားတစ်ခွန်းမှ မဆိုဝံ့ဘူး...ရှမိသားစုရဲ့ ဘိုးဘေးတချို့က နှစ်တွေအကြာကြီးကျင့်ကြံလာခဲ့ပြီးတော့ သူတို့က မယုံကြည်နိုင်တဲ့အဆင့်တစ်ခုကိုရောက်နေပြီ...ငါ့လို ရွှယ်အင်မော်တယ်ကျင့်ကြံသူလေးမပြောနဲ့...နယ်မြေသခင်အဆင့်ကျင့်ကြံသူတွေတောင် ရှမိသားစုကို ရန်မစဝံ့ကြဘူး"

ဖေးထျန်ကွမ်းက စကားအနည်းငယ်သာ ပြောဆိုခြင်းဖြစ်သော်လည်း လုယွီသည် ထိတ်လန့်တုန်လှုပ်နေပေ၏။

အကယ်၍ ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်သာရှိနေပါက ကြယ်နယ်မြေအရှင်သခင်တစ်ယောက်သေဆုံးသွားလျှင် အတိအကျမှတ်တမ်းတင်ခြင်းခံရပေမည်။

ထိုကြယ်နယ်မြေသခင်ကို မည်သူက မည်သည့်အကြောင်းကြောင့် သတ်ဖြတ်သည် ဥပဒေအရဟုတ်မဟုတ်ကို မှတ်တမ်းတင်ထားရသည်။

အကယ်၍ ဥပဒေကိုချိုးဖောက်ခဲ့ပါက ပြစ်မှုကျူးလွန်သူသည် တာအိုသခင်အဆင့်ဖြစ်နေပါစေ ကွပ်မျက်ခြင်းခံရပေမည်။

ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်၏အကြီးမားဆုံးဆန္ဒမှာ ကောင်းကင်နှင့်မြေပြင်အကြားရှိ သက်ရှိမျိုးနွယ်များအားလုံးကို ဥပဒေနှင့်အညီ စီမံအုပ်ချုပ်နိုင်သော ကျင့်ကြံခြင်းနိုင်ငံတော်တစ်ခုကို တည်ထောင်နိုင်ရန်ပင်။

အင်အားကြီးသူများသည် အင်အားနည်းသူများကို မဆင်မခြင်သတ်ခွင့်မရှိချေ။အရာအားလုံးကို ဥပဒေနှင့်အညီ ထိန်းချုပ်ထားပြီး ဥပဒေ၏အထက်တွင် မည်သူမျှရှိမနေစေရပေ။

ဤသည်က မဖြစ်နိုင်သောရည်မှန်းချက်ဖြစ်ပုံရသော်လည်း ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်သည် အမှန်တကယ် အကောင်အထည်ဖော်နိုင်ခဲ့၏။

ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ် သက်ရှိထင်ရှားရှိနေစဥ်တွင် ရှမိသားစုပင်လျှင် ခေါင်းငုံ၍နေနေရပြီး နှစ်စဥ်နှစ်တိုင်း အလွန်များပြားသောအခွန်အခများကို ပေးဆောင်ရသည်။

"ရှမိသားစု ဒီလိုမျိုးတွေလုပ်နေတာကို...ဧကရာဇ်မင်းဘက်က ဘာတုံ့ပြန်မှုမှမရှိဘူးလား"

လုယွီက မေးမြန်းသည်။

"ဧကရာဇ်မင်းလား"

ဖေးထျန်ကွမ်းက ကူကယ်ရာမဲ့စွာ ရယ်မောပြီး ပြောဆိုလိုက်၏။

"အခုလက်ရှိ ဧကရာဇ်လင်းလုံက ထီးနန်းကိုလုယူခဲ့တဲ့သူတစ်ယောက်လေ...တကယ်လို့ သူ့ရဲ့နောက်မှာ ထောက်ပံပေးနေတဲ့ တစ်စုံတစ်ယောက်သာရှိမနေဘူးဆိုရင်...သူ့ရဲ့ခွန်အားသက်သက်နဲ့ တာယွီအင်ပါယာကို ဘယ်လိုလုပ်ပြီး ထိန်းချုပ်နိုင်မှာလဲ"

"သူ့ရဲ့နောက်ကွယ်ကနေ ကူညီထောက်ပံပေးနေတာက ဘယ်သူလဲ"

လုယွီ၏အသံသည် တည်ငြိမ်နေသော်လည်း သူ့စိတ်နှလုံးသား၏အနက်ရှိုင်းဆုံးနေရာတွင်မူ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများက တဖြည်းဖြည်းမြင့်တက်လာသည်။

"ရှမိသားစုပဲ"

ဖေးထျန်ကွမ်းက သရော်တော်တော်လေသံဖြင့် ပြောဆိုသည်။

"တခြားသူတွေကတော့ ဒီကိစ္စတွေကို သိချင်မှသိမယ်...ဒါပေမယ့် ငါကတော့ ရှင်းရှင်းလင်းလင်းသိထားတယ်...ရှမိသားစုက ရှန်လင်းလုံကို ဟန်ပြဧကရာဇ်အဖြစ်ထားပြီးတော့ သူတို့က နောက်ကွယ်ကနေ မရေမတွက်နိုင်တဲ့အကျိုးအမြတ်တွေကို သိမ်းယူနေတာပဲ...တာယွီအင်ပါယာတစ်ခုလုံးမှာ စိတ်ဝိညာဥ်သွေးကြောဆယ်ခုကျော်ပဲရှိပေမယ့်...ရှမိသားစုတစ်ခုတည်းနဲ့ စိတ်ဝိညာဥ်သွေးကြောငါးခုကို အပိုင်စီးထားခဲ့တယ်...ဒီစီတ်ဝိညာဥ်သွေးကြောတွေရဲ့ အကူအညီနဲ့ သူတို့ရဲ့ရှမိသားစုက အစွမ်းထက်ကျင့်ကြံသူတွေကို အဆက်မပြတ်မွေးထုတ်ပေးနိုင်ခဲ့တယ်...သူတို့ရဲ့အင်အားကလည်း တစတစ ပိုပြီးကြီးမားလာတယ်"

ရှမိသားစု ထပ်မံ၍ ဖြစ်နေပြန်လေပြီ။

"အခုချိန်မှာ အတိတ်တုန်းက တော်ဝင်မိသားစုဟောင်းကလည်း ရှမိသားစုကို မယှဥ်နိုင်တော့ဘူး"

"ပြီးတော့ ငါ မင်းကို ပြောပြချင်တာက...အခုလက်ရှိချိန်မှာ ကွန်ဖြူးရှပ်ကျောင်းတော်က ရှမိသားစုရဲ့ ပစ်ပယ်ခြင်းကိုခံထားရတယ် ...လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်းမှာ တော်ဝင်ကျောင်းတော်ရဲ့ ကျောင်းတော်သား လေးဆယ်ရာခိုင်နှုန်းလောက်ပဲ ကွန်ဖြူးရှပ်ကျောင်းတော်ကဖြစ်ပြီးတော့...ကျန်တဲ့ကျောင်းတော်သားတွေက ရှမိသားစုက ထောက်ပံပေးထားတဲ့ စစ်ဝါဒီကျောင်းတော်သားတွေပဲ"

"နောင်တစ်ချိန်မှာ အဲ့ဒီစစ်ဝါဒီကျောင်းတော်သားတွေ တော်ဝင်နန်းတွင်းကို ရောက်လာတဲ့အခါကျရင်...သူတို့ကို ကူညီထောက်ပံပေးခဲ့တဲ့အတွက် ရှမိသားစုကို အရမ်းကျေးဇူးတင်ကြလိမ့်မယ်...အနာဂတ်မှာ ရှမိသားစုက လောကကြီးတစ်ခုလုံးကို အုပ်စိုးဖို့တောင် အခက်အခဲရှိတော့မှာမဟုတ်ဘူး"

ဖေးထျန်ကွမ်းက လုယွီကို စူးစိုက်ကြည့်ပြီး ပြောဆိုလိုက်သည်။

"တကယ်လို့ ဝမ်ရှန့်သူတော်စင်ရဲ့အရည်အချင်းရှိတဲ့ မျိုးဆက်သစ်တပည့်တစ်ယောက် တော်ဝင်မြို့တော်ကို ရောက်လာတယ်ဆိုတာကိုသာ ရှမိသားစုကလူတွေသိသွားရင်....သူတို့က မင်းကို သုတ်သင်ဖယ်ရှားဖို့ အင်အားမစိုက်ထုတ်ဘဲ နေမှာတဲ့လား"

လုယွီက သူ၏ခေါင်းကိုခါယမ်းပြပြီး တည်ငြိမ်စွာ ပြောဆိုလိုက်၏။

"သူတို့က ဘယ်လိုလူမျိုးနဲ့ သူတို့ရင်ဆိုင်နေရတယ်ဆိုတာကို မသိကြသေးဘူး...ငါက သူတို့မထိသင့်တဲ့သူဆိုတာကို ရှမိသားစု သိစေရမယ်"

Chapter 1969

အချိန်တခဏကြာပြီးနောက် လုယွီ၏စိတ်ဝိညာဥ်သည် ဖေးထျန်ကွမ်း၏မိုးကောင်းကင်လှိုဏ်ဂူအတွင်းမှ ပြန်လည်ထွက်ခွါခဲ့တော့သည်။

ဖူး...

ဖေးထျန်ကွမ်း၏ခန္ဓာကိုယ် ရုတ်တရက်တုန်ရီသွားပြီး သူ၏ပါးစပ်မှ သွေးမည်းများ ပန်းထွက်လာသည်။

"အဖေ..."

ဖေးရှို့ရှို့သည် အလွန်ထိတ်လန့်တုန်လှုပ်သွားပြီး ဖေးထျန်းကွမ်းကို တွဲထူပေးလိုက်၏။

သို့သော် ထိုအချိန်မှာပင် ဖေးထျန်ကွမ်း၏မျက်လုံးများ ရုတ်တရက်ပွင့်လာသည်။သူ၏မျက်လုံးအတွင်း၌ စူးရှတောက်ပသောအလင်းတန်းများ ဖြတ်ပြေးသွားပြီး ယခင်ကဲ့သို့ အိုမင်းနွမ်းနယ်နေသောအရိပ်အယောင်မျိုး မရှိတော့ချေ။

အစွမ်းထက်သောအရှိန်အဝါတစ်ရပ်က ဖေးထျန်ကွမ်း၏ခန္ဓာကိုယ်မှနေ၍ ပွင့်အံထွက်လာသည်။သူသည် အတိတ်မှာကဲ့သို့ ရွှယ်အင်မော်တစ်ယောက်၏အရှိန်အဝါမျိုး ပြန်လည်ရရှိသွားလေပြီ။

"အဖေ...အဖေရဲ့ကျင့်ကြံဆင့်ကို ပြန်ရသွားပြီလား"

ဖေးရှို့ရှို့က သူမ၏မျက်နှာပေါ်ရှိ မျက်ရည်များကိုသုတ်လိုက်ပြီး သူမ၏မျက်နှာတပြင်လုံး မယုံကြည်နိုင်သောအရိပ်အယောင်များဖြင့် ပြည့်နှက်နေသည်။

ဖေးထျန်ကွမ်း၏ခန္ဓာကိုယ်အတွင်းမှ အဆိပ်ကိုကုသရန် မြောက်မြားစွာသော သမားတော်များနှင့်အစွမ်းထက်ကျင့်ကြံသူများကို ဖိတ်ခေါ်ခဲ့သော်လည်း မည်သူမျှ ကုသနိုင်ခြင်းမရှိချေ။

ဖေးမိသားစုသည် ဖေးထျန်ကွမ်း အဆိပ်မိနေစဥ်အချိန်မှစ၍ တဖြည်းဖြည်းဆုတ်ယုတ်လာကာ အထီးကျန်ဆန်လာခဲ့သည်။

ယခုလက်ရှိချိန်တွင် သူမ၏ဖခင်သည် ယခင်ကျင့်ကြံဆင့်နယ်ပယ်ကို ပြန်လည်ရရှိလာမည်ဟု သူမ မျှော်လင့်မထားမိပေ။

"ဘာမှမစိုးရိမ်နဲ့တော့...အဖေရဲ့ အရင်ကျင့်ကြံဆင့်နယ်ပယ်ကို ပြန်ရသွားပြီ...ငါက မင်းကို ဒီထက်ပိုပြီး ခက်ခဲကြမ်းတမ်းမှုတွေ မခံစားစေရတော့ဘူး"

ဖေးထျန်ကွမ်းက ဖေးရှို့ရှို့၏ပခုံးကို ညင်သာစွာပုတ်၍ နူးညံနွေးထွေးသောအသံဖြင့် ပြောဆိုလေ၏။

ထို့နောက် ဖေးထျန်ကွမ်းက စိတ်ရှုပ်ထွေးနေသောအမူအယာဖြင့် လုယွီကိုကြည့်ကာ ရုတ်တရက် သူက ဦးညွှတ်အရိုအသေပြု၍ ပြောဆိုလိုက်သည်။

"အရှင့်ရဲ့ကူညီမှုအတွက် ကျေးဇူးတင်ပါတယ်...ဒီဖေးက ကျေးဇူးအရမ်းတင်မိပါတယ်"

"အဖေ...အဖေ ဘာလုပ်နေတာလဲ"

ဖေးရှို့ရှို့က သူမ၏မျက်လုံးများကိုပင် သူမ မယုံကြည်နိုင်တော့ချေ။

အကယ်၍ လုယွီသည် သူမတို့အား ကယ်တင်ခဲ့သည်ဆိုလျှင်ပင် သူမဖခင်၏အဆင့်အတန်းဖြင့် လုယွီကို ဦးညွှတ်အရိုအသေပြုရန်မလိုချေ။

ဖေးထျန်ကွမ်း၏မျက်နှာက တည်ကြည်လေးနက်နေသည်။

"ရှို့ရှို့...မရိုင်းပျနဲ့...သူက အဖေရဲ့ကယ်တင်ရှင်ပဲ...တကယ်လို့ ဗိုလ်ချုပ်ရှောင်ကြောင့်သာမဟုတ်ရင်...ငါ ဘယ်တော့မှ ပြန်ကောင်းလာမှာမဟုတ်ဘူး"

ဘာ....

ဖေးရှို့ရှို့က ထိတ်လန့်တုန်လှုပ်စွာဖြင့် လုယွီကို ကြည့်လိုက်၏။လုယွီသည် သူမဖခင်၏ခန္ဓာကိုယ်အတွင်းမှအဆိပ်ကို အမှန်တကယ်ကိုပင် ဖယ်ရှားပေးနိုင်ခဲ့သလော။

မည်သို့ပင်ဆိုစေကာမူ လုယွီသည် သူမနှင့်မျိုးဆက်တူ လူငယ်တစ်ယောက်ဖြစ်သည်။မည်သည်ကြောင့် သူ့ထံတွင် ဤကဲ့သို့အရည်အချင်းမျိုးရှိနေသနည်း။

မည်သို့ပင်ဆိုစေကာမူ လုယွီသည် သူမနှင့်မျိုးဆက်တူ လူငယ်တစ်ယောက်ဖြစ်သည်။မည်သည်ကြောင့် သူ့ထံတွင် ဤကဲ့သို့အရည်အချင်းမျိုးရှိနေသနည်း။

ထို့နောက် ဖေးထျန်ကွမ်းက မြောက်ပိုင်းတောင်ရိုးဓားအင်မော်တယ်ထံသွား၍ ကုသပေးလေသည်။

မြောက်ပိုင်းတောင်ရိုးဓားအင်မော်တယ်သည် တစ်ချိန်က မိသားစုကြီးတစ်စု၏လိုက်လံသတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။နောက်ပိုင်းတွင် ဖေးထျန်ကွမ်းက သူ့အားကယ်တင်ခဲ့သဖြင့် သူ အသက်ချမ်းသာရာရခဲ့သည်။

ဖေးထျန်ကွမ်း လော့ရွှေကြယ်မြစ်သို့ ပြန်ရောက်လာသည်ဟူသောသတင်းကို ကြားသည်နှင့် မြောက်ပိုင်းတောင်ရိုးဓားအင်မော်တယ်သည် ဖေးထျန်ကွမ်းကို ကာကွယ်စောင့်ရှောက်ပေးရန်အတွက် ရောက်ရှိလာပေ၏။

ယခုလက်ရှိချိန်တွင် ဖေးထျန်ကွမ်းသည် ရွှယ်အင်မော်တယ်နယ်ပယ်ကျင့်ကြံဆင့်ကို ပြန်လည်ရရှိနေပြီဖြစ်သဖြင့် လောကီအင်မော်တယ်တစ်ယောက်ကို ကုသပေးရန်မှာ သူ့အတွက်ခက်ခဲသောကိစ္စတစ်ရပ်မဟုတ်ချေ။

ဖေးထျန်ကွမ်း၏လမ်းညွှန်မှုဖြင့် မြောက်ပိုင်းတောင်ရိုးဓားအင်မော်တယ်သည်လည်း လုယွီ၏လက်အောက်သို့ ဝင်ရောက်လာခဲ့သည်။

ဖေးထျန်ကွမ်းကို ရှာဖွေပြီးနောက် လုယွီသည် ပုန်းကွယ်နဂါးတပ်ခွဲကိုဦးဆောင်၍ အနက်ရောင်တိမ်တိုက်ကြယ်နယ်မြေထံသို့ ထွက်ခွာခဲ့တော့သည်။

သူတော်စင်ပင်လယ်ကြယ်နယ်မြေမှထွက်ခွာခဲ့စဥ်တွင် လုယွီ၏အင်အားစုအတွင်း၌ ပုန်းကွယ်နဂါးတပ်ခွဲအပြင် ဤကြယ်နယ်မြေပေါ်ရှိ မရေမတွက်နိုင်သော နတ်ဆိုးသားရဲများလည်းပါဝင်သည်။

အပြစ်သားပင်လယ်ကြယ်နယ်မြေပေါ်တွင် နတ်ဆိုးသားရဲဧကရာဇ်သုံးပါးရှိသည်။တံခါးပိတ်ကျင့်ကြံနေသော နတ်ဆိုးသားရဲဧကရာဇ်တစ်ပါးမှလွဲ၍ လီရှန်နှင့်ကျို့ဖုန်းတို့သည် လုယွီကိုကူညီရန် သဘောတူညီခဲ့ကြ၏။

ကြယ်မြစ်အတွင်း၌ မရေမတွက်နိုင်သော နတ်ဆိုးသားရဲများသည် လုယွီ၏အမိန့်အောက်၌ အနက်ရောင်တိမ်တိုက်ကြယ်နယ်မြေထံသို့ ဦးတည်၍ ချီတက်နေကြသည်။

သူတော်စင်ပင်လယ်ကြယ်နယ်မြေပေါ်မှ ပုန်ကန်သူအင်အားစုများသည် လုယွီ၏အင်အားအစုအဖွဲ့ကိုမြင်သည်နှင့် မဟန့်တားဝံ့ကြချေ။

လုယွီထွက်ခွာသွားပြီးနောက် ပုန်ကန်သူအရာရှိများက တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြသည်။

ယခုလက်ရှိချိန်၌ သူတို့သည် သူတို့ကိုယ်သူတို့ ပုန်ကန်သူများအဖြစ် ထုတ်ဖော်ပြောဆိုပြီးဖြစ်သည်။အကယ်၍ သူတို့ နောက်ပြန်ဆုတ်လိုလျှင်ပင် တော်ဝင်နန်းတွင်းတွင် သူတို့နေထိုင်ရန် နေရာရှိမည်မဟုတ်ချေ။

"ငါတို့ ထွက်ပြေးကြမလား"

တစ်စုံတစ်ယောက်က တုန်ရီနေသောလေသံဖြင့် ပြောဆိုသည်။

"မင်းတို့က ဘယ်သွားမလို့လဲ"

ထိုအချိန်မှာပင် အသံနက်ကြီးတစ်သံက ပင်မခန်းမတစ်ခုလုံးအနှံ့ ပဲ့တင်ထပ်ပျံ့နှံ့သွားသည်။

ပုန်ကန်သူအရာရှိများအားလုံး ထိတ်လန့်တုန်လှုပ်သွားကြ၏။သူတို့၏ခေါင်းများကို တပြိုင်နက်တည်း လှည့်ကြည့်လိုက်ကြရာ ပင်မခန်းမ၏အဓိကပလ္လင်ပေါ်၌ လူလတ်ပိုင်းကြီးတစ်ယောက် ထိုင်နေခြင်းကို မြင်တွေ့မိသည်။

"အုပ်...အုပ်ချုပ်သူအရှင်"

ပုန်ကန်သူအရာရှိများအားလုံး တုန်လှုပ်ချောက်ချားသွားသည်။

လီလုံချင်းသည် လော့ရွှေကြယ်မြစ်ကို နှစ်ပေါင်းများစွာကြာအောင် အုပ်ချုပ်ခဲ့သူဖြစ်သဖြင့် အရာရှိများအားလုံးနီးပါးသည် သူကိုမြင်သည်နှင့် ထိတ်လန့်ကြောက်ရွံမှုကို ခံစားကြရ၏။

"အုပ်ချုပ်သူအရှင်...ကျေးဇူးပြုပြီး ခွင့်လွှက်ပေးပါ...အုပ်ချုပ်သူအရှင် ကျေးဇူးပြုပြီး အသက်ချမ်းသာပေးပါ"

ပုန်ကန်သူအရာရှိများသည် ခွင့်လွှက်မှုရရှိရန်အတွက် အဆက်မပြတ် အသနားခံတောင်းပန်နေကြသည်။

လီလုံချင်းသည် တင်းမာခက်ထန်နေသောမျက်လုံးအကြည့်ဖြင့် ထိုလူများအားလုံးကိုကြည့်ပြီး ပြောဆိုလိုက်သည်။

"အမှိုက်တစ်သိုက်...မင်းတို့ကိုချန်ထားလို့လည်း ဘာအသုံးဝင်မှာလဲ"

ဓားအလင်းရောင်တစ်လှိုင်းက ချက်ချင်းဆိုသလိုပင် ခန်းမတစ်ခုလုံးကို ဝေ့ဝိုက်၍ဖြတ်သန်းသွားသည်။

ခန်းမအတွင်းရှိ ပုန်ကန်သူအရာရှိများအားလုံး တစ်ချိန်တည်းသေဆုံးသွားကြပြီး သွေးများက မြစ်ပြင်တမျှ စီးဆင်းနေတော့သည်။

Chapter 1970

မျက်တောင်တခတ်စာအချိန်အတွင်းမှာပင် ခန်းမတစ်ခုလုံး သွေးများဖြင့် ဖုံးလွှမ်းသွားသည်။

အုပ်ချုပ်သူပလ္လင်ပေါ်၌ထိုင်နေသော လီလုံချင်းသည် သူ့ရှေ့ရှိသွေးများကို အနည်းငယ်မျှပင် ဂရုစိုက်ပုံမရချေ။

ထိုအချိန်မှာပင် ခန်းမအတွင်းသို့ မိန်းမစိုးတချို့ဝင်ရောက်လာပြီး သူတို့၏နောက်၌ လူတစ်စု လိုက်ပါလာကြသည်။

"အရှင်...သူတို့တွေက ဗဟိုစစ်ရေးဌာနကစေလွှက်လိုက်တဲ့ အရာရှိတွေပါ"

မိန်းမစိုးများအနက်မှတစ်ယောက်က ရိုသေလေးစားစွာ ပြောဆိုသည်။

"သူတို့က အချိန်တိုအတွင်းမှာ လော့ရွှေကြယ်မြစ်ကို တာဝန်ယူအုပ်ချုပ်ပြီးတော့...ဒီနယ်မြေကို ကျွန်တော်တို့ တာယွီအင်ပါယာရဲ့ပိုင်နက်နယ်မြေ လုံးလုံးလျားလျားဖြစ်သွားအောင် ပြုလုပ်ပေးမှာပါ"

စကားဆုံးသည်နှင့် ထိုမိန်းမစိုးက သူ၏လက်ကို ဝှေ့ယမ်းလိုက်ရာ အစေခံတစ်စုက ခန်းမအတွင်းသို့ ပြေးဝင်လာသည်။ထိုအစေခံများသည် ပုန်ကန်သူအရာရှိများ၏အလောင်းများကို ပြင်ပသို့သယ်ထုတ်သွားပြီး ကြမ်းပြင်တစ်ခုလုံးကို သန့်စင်လိုက်ကြ၏။

ထိုအစေခံများ၏လှုပ်ရှားမှုသည် အလွန်လျှင်မြန်ပြီး အမွှေးတိုင်တစ်တိုင်လောင်ကျွမ်းချိန်စာ မပြည့်မီမှာပင် သူတို့က ခန်းမတစ်ခုလုံးကို တောက်ပြောင်သန့်ရှင်းသွားစေသည်။

အစေခံများထွက်ခွာသွားပြီးနောက် မိန်းမစိုးတစ်ယောက်က ရိုသေလေးစားစွာ ပြောဆိုသည်။

"ကျွန်တော်တို့က လူတွေစေလွှက်ပြီး နေရာအနှံ့ရှာဖွေခိုင်းခဲ့တယ်...သူတော်စင်ပင်လယ်ကြယ်နယ်မြေပေါ်မှာ ရှုရာနတ်ဘုရား တည်ဆောက်ခဲ့တဲ့ အတုအယောင်ယဇ်ပလ္လင်တွေအားလုံးလည်း ပျက်စီးနေပြီ...အဲ့ဒီနေရာတွေမှာလဲ ရှုရာနတ်ဘုရားရဲ့အငွေ့အသက်က နည်းနည်းလေးတောင်မကျန်ခဲ့ဘူး....ရှုရာနတ်ဘုရားက အမှန်တကယ်ကို သေဆုံးသွားခဲ့ပါပြီ"

"ရှုရာနတ်ဘုရားကို ဘယ်သူသတ်သွားတာလဲဆိုတာ စုံစမ်းပြီးပြီလား"

လီလုံချင်းက အလေးအနက်ထားသောလေသံဖြင့် မေးမြန်းသည်။

မိန်းမစိုးက တုံပြန်ပြောဆိုလေ၏။

"ကျွန်တော်တို့ရဲ့စုံစမ်းစစ်ဆေးမှုတွေအရ...ဖြစ်နိုင်ချေအရှိဆုံးလူကတော့ ဦးရီးတော်ရှားဟိုလီရဲ့လက်အောက်က ရွှမ်းဝူစစ်ဗိုလ်ချုပ်ရှောင်ယန်းပဲ"

"ဒါက သူလား"

လီလုံချင်း၏မျက်ခုံးများ မြင့်တက်သွားသည်။

"အဲ့ဒီကောင်လေးက လောကီအင်မော်တယ်တစ်ယောက်လေ...ဘယ်လိုလုပ်ပြီး သူ့မှာ ဒီလိုစွမ်းအားမျိုး ရှိနေတာလဲ"

လုယွီ ရှန့်လင်းမြို့သို့ရောက်ရှိလာခဲ့စဥ်တွင် ညစာစားပွဲ၌ လီလုံချင်းနှင့် တွေ့ဆုံခဲ့ရသည်။

ထိုအချိန်တုန်းက လီလုံချင်းသည် လုယွီအပေါ် အမြင်ကောင်းရှိသော်လည်း သူက ဆက်ဆံရေးကောင်းတစ်ခုကို ထိန်းသိမ်းရုံသာဖြစ်သည်။

သူ့အတွက် လောကီအင်မော်တယ်နယ်ပယ်ကျင့်ကြံသူဟူသည်မှာ ပုရွက်ဆိတ်တစ်ကောင်နှင့်တူညီပြီး အထူးတလည်ဖော်ပြနေရန် မထိုက်တန်ချေ။

ရှုရာနတ်ဘုရားကို ရင်ဆိုင်နိုင်ရန် လုယွီကဲ့သို့ လောကီအင်မော်တယ်မဆိုထားနှင့် လီလုံချင်းပင်လျှင် မြောက်မြားစွာသော ကြိုတင်ပြင်ဆင်မှုများကို ပြုလုပ်ထားခဲ့ရသည်။

မိန်းမစိုးက ဆက်လက်၍ ပြောဆိုလေ၏။

"သူက လောကီအင်မော်တယ်တစ်ယောက်ဆိုပေမယ့်...ကျွန်တော်တို့ ရထားတဲ့ သတင်းအချက်အလက်တွေအရ....သူ့ရဲ့လက်ထဲမှာ ​လုပ်ကြံသတ်ဖြတ်ခြင်းခန်းမက မြေကမ္ဘာအင်မော်တယ်တစ်ယောက် သေဆုံးသွားခဲ့ရတယ်"

"နောက်ပြီးတော့ ရှားဟိုလီရဲ့စစ်စခန်းက ရှမိသားဝင်မဟာစစ်ဗိုလ်ချုပ်တစ်ယောက်က ရှောင်ယန်းကို စိန်ခေါ်လိုခဲ့တယ်...သူတို့နှစ်ယောက်က အကြိမ်ရေများစွာတိုက်ခိုက်ခဲ့ကြပေမယ့် ရှမိသားစုဝင်မဟာစစ်ဗိုလ်ချုပ်က ရှောင်ယန်းကို ဘာမှမလုပ်နိုင်ခဲ့ဘူး"

"ရှမိသားစုဝင်တစ်ယောက်လား..."

လီလုံချင်း၏မျက်လုံးအတွင်း၌ အထင်အမြင်သေးသောအရိပ်အယောင်များ ဖြတ်ပြေးသွားသည်။

မိန်းမစိုးက ဆက်လက်ပြောဆိုသည်။

"ဒီတစ်ကြိမ်တော့ သူက သူတော်စင်ပင်လယ်ကြယ်နယ်မြေပေါ်မှာ သူက ရုတ်တရက်ကြီး ထွက်ပေါ်လာခဲ့တယ်...သူက ရာနဲ့ချီတဲ့စိတ်ဝိညာဥ်အမြှောက်တွေကို အသုံးပြုပြီးတော့ နတ်ဆိုးသားရဲတွေရဲ့ပိတ်ဆို့ဟန့်တားထားမှုကို ချိုးဖောက်ဝင်ရောက်လာခဲ့တယ်...ပြီးတော့ သူက ပင်မခန်းမထဲမှာ ထန်ကျင်းကို သတ်ခဲ့တယ်"

လီလုံချင်း၏မျက်ခုံးများ မြင့်တက်သွားသည်။

"ထန်ကျင်းကို သူ သတ်လိုက်တာလား"

သူသည် လော့ရွှေကြယ်မြစ်၏အုပ်ချုပ်သူဖြစ်သဖြင့် ဤနယ်မြေအတွင်းရှိ အရာရှိများ၏ခွန်အားများအကြောင်းကို မည်သူမျှ သူ့ထက်ပို၍သိမည်မဟုတ်ချေ။

ထန်ကျင်းထံ၌ ရှေးဟောင်းကျင့်ကြံနည်းစနစ်တစ်ခုရှိနေသည်။လော့ရွှေကြယ်မြစ်အတွင်းရှိ အရာရှိများအကြားတွင် ထန်ကျင်း၏ခွန်အားကို ထိပ်တန်းအဆင့်ဟု ယူဆနိုင်ပေ၏။

သို့ရာတွင် ဤကဲ့သို့လူစားမျိုးသည် လုယွီ၏လက်ဝါးတစ်ချက်တည်းဖြင့် နေရာမှာပင် သေဆုံးသွားခဲ့ရသည်။

ဤကဲ့သို့ တိုးတက်မှုနှုန်းမှာ လွန်စွာမြန်ဆန်လှသည်။လီလုံချင်းသည် ရွှယ်အင်မော်တယ်တစ်ယောက်ဖြစ်နေသည့်တိုင် ဤကိစ္စကို မယုံကြည်နိုင်သကဲ့သို့ ခံစားနေရဆဲပင်။

မိန်းမစိုး၏စကားသံက ထပ်မံ၍ထွက်ပေါ်လာသည်။

"ပိုပြီးအံ့အားသင့်စရာကောင်းတဲ့ကိစ္စက....အဲ့ဒီဗိုလ်ချုပ်ရှောင်ယန်းက သူတော်စင်ပင်လယ်ကြယ်နယ်မြေပေါ်က နတ်ဆိုးဧကရာဇ်နှစ်ပါးကို ခေါ်ထုတ်သွားတာပဲ ...ပြီးတော့ ဖေးထျန်ကွမ်းကလည်း သူ့နောက်ကို လိုက်သွားတယ်"

နတ်ဆိုးဧကရာဇ်နှစ်ပါး...ဖေးထျန်ကွမ်း....

လီလုံချင်း၏မျက်လုံးများ ချက်ချင်းဆိုသလိုပင် လင်းလက်တောက်ပသွားသည်။

"နတ်ဆိုးဧကရာဇ်နှစ်ပါးက ဘယ်လိုလုပ်ပြီး သူ့နောက်ကို လိုက်သွားတာလဲ...ပြီးတော့ ဖေးထျန်ကွမ်းက မာနကြီးပြီး အရမ်းမောက်မာဝံ့ကြွားတဲ့သူ...အရှင်ဧကရာဇ်က သူ့ကို အကြိမ်ပေါင်းများစွာ ဖိတ်ခေါ်ခဲ့တာတောင် သူက မလိုက်နာခဲ့ဘူး...သူက တကယ်ကြီး အဲ့ဒီကောင်လေးနောက်ကို လိုက်သွားတာလား"

"သတင်းအချက်အလက်တွေအရတော့ ရှောင်ယန်းက တံဆိပ်ပြားတစ်ခုကို ထုတ်ပြလိုက်တာနဲ့ နတ်ဆိုးဧကရာဇ်နှစ်ပါးရဲ့အပြုအမူတွေ ချက်ချင်းပြောင်းလဲသွားခဲ့တယ်...သူတို့က သူ့ကို အရှင်ငယ်လေးလို့တောင်မှ ခေါ်ကြတယ်"

လီလုံချင်း၏မျက်လုံးများ ကျဥ်းမြောင်းသွားပြီး သူက တီးတိုးရေရွတ်လိုက်၏။

"အရှင်ငယ်လေးတဲ့လား"

သူက မိန်းမစိုးကိုကြည့်ပြီး ပြောဆိုလိုက်သည်။

"ငါ အဲ့ဒီအကြောင်းကိုသိပြီ...သူတော်စင်ပင်လယ်ကြယ်နယ်မြေက မင်းရဲ့ထိန်းချုပ်မှုအောက်မှာရှိနေတယ်...အရှင်မင်းကြီး တံခါးပိတ်ကျင့်ကြံရာကနေ ထွက်မလာမချင်း မင်း ရှောင်ယန်းကို ရန်သွားမစနဲ့"

စကားဆုံးသည်နှင့် လီလုံချင်း၏ပုံရိပ် ချက်ချင်းဆိုသလိုပင် ပျောက်ကွယ်သွားတော့သည်။

ဤသည်က သူ၏ကိုယ်ပွါးပုံရိပ်ယောင်တစ်ခုပင်။

All Chapters