← Chapters

အခန်း (၁၉၈၁-၁၉၈၅)

Vol. 102 Ch. 1981-1985

အခန်း (၁၉၈၁-၁၉၈၅)

Vol. 102 Ch. 1981-1985

Chapter 1981

အရှင်ရှောင်ဟု ဆိုလိုက်သလော....

လူတိုင်းက ကူကယ်ရာမဲ့စွာဖြင့် လုယွီကို ကြည့်လိုက်ကြ၏။

ဤသည်က ရွှယ်အင်မော်တယ်ကျင့်ကြံသူ တစ်ယောက်ပင်။

ထိုအဆင့်ကျင့်ကြံသူများသည် မည်သည့်အင်အားစုဘက်တွင်ရှိနေပါစေ ထိပ်ဆုံးအဆင့်၌ရပ်တည်နိုင်သော တည်ရှိမှုကြီးများဖြစ်သည်။

သို့ရာတွင် ယခုလက်ရှိချိန်၌ ရွှယ်အင်မော်တယ်ကျင့်ကြံသူသုံးယောက်သည် လုယွီ၏နောက်လိုက်များ ဖြစ်နေကြ၏။ဤသည်က လူအများအား အမှန်တကယ်ကိုပင် မနာလိုအားကျဖြစ်စေသည်။

"အဲ့ဒီကောင်လေးက ထိပ်သီးမိသားစုကြီးတစ်ခုက သခင်လေးတစ်ယောက်ပဲဖြစ်မယ်...ဖြစ်နိုင်တာတော့ သူက တော်ဝင်မြို့တော်က ရှောင်မိသားစုဝင်များ ဖြစ်နေမလား"

"ရှစ်ဆယ်ရာခိုင်နှုန်းလောက် ဖြစ်နိုင်တယ်....တော်ဝင်မြို့တော်မှာရှိတဲ့ ထိပ်သီးမိသားစုကလူတွေကပဲ ဒီလိုမျိုးအစွမ်းထက်ကျင့်ကြံသူတွေကို နောက်လိုက်အဖြစ်နဲ့ ထားနိုင်လိမ့်မယ်"

လုယွီသည် ထိုတိုင်ပင်ဆွေးနွေးနေသံများကို မကြားသကဲ့သို့ ပြုမူနေပြီး သူ၏လက်နှစ်ဖက်ကိုပူးဆုပ်ကာ ပြောဆိုလိုက်၏။

"တပ်မှူးချုပ်...ရှုရာနယ်မြေက အစွမ်းထက်ရှုရာတွေရောက်မလာခင် ကျွန်တော်တို့စစ်တပ်က ဒီနေရာကနေ တက်နိုင်သမျှ အမြန်ဆုံးထွက်ခွာသင့်တယ်"

ရှားဟိုလီသည်လည်း အခြေအနေသည် နှောင့်နှေးကြန့်ကြာနေ၍မရကြောင်း သိရှိထားပြီးလေပြီ။ထို့ကြောင့် သူက ခေါင်းညိတ်၍ ပြောဆိုလိုက်၏။

"ဒါက အမှန်ပဲ...ငါ့ရဲ့အမိန့်ကို ထုတ်ပြန်လိုက်စမ်း...စစ်တပ်တစ်ခုလုံး ထွက်ခွာဖို့အသင့်ပြင်...ဒီနေရာမှာ ဆက်မနေတော့ဘူး"

တူ.....

သာယာနာပျော်ဖွယ်တံပိုးခရာသံသည် ကြယ်မြစ်များအကြား၌ ပဲ့တင်ထပ်ပျံ့နှံ့သွားသည်။

စစ်သင်္ဘောကြီးများ စတင်၍ရွေ့လျားလာပြီး တိုက်ပွဲကွင်းပြင်မှ အလျှင်အမြန်ထွက်ခွာခဲ့တော့သည်။

သန်းနှင့်ချီသောနတ်ဆိုးသားရဲမျိုးနွယ်များ၏ ကာကွယ်စောင့်ရှောက်မှုရှိနေသဖြင့် ရှုရာများသည် စစ်သင်္ဘောများကို ကူကယ်ရာမဲ့စွာ ကြည့်နေရုံမှလွဲ၍ မည်သည့်အရာမျှ ပြုလုပ်နိုင်ခြင်းမရှိချေ။

ရှုရာဧကရာဇ်လေးယောက်ပင် ဆက်တိုက်ရှုံးနိမ့်ခဲ့ရသဖြင့် တခြားရှုရာများသည် စစ်သင်္ဘောများအနီးသို့ ချဥ်းကပ်ရန်ပင် ထိတ်လန့်ကြောက်ရွံနေသည်။

"သူတို့ကို ဒီအတိုင်း လွှက်ပေးလိုက်ရတော့မှာလား"

ရှုရာဧကရာဇ်ရှစ်ဖန့်၏အသံတွင် မလိုလားသောအရိပ်အယောင်များဖြင့် ပြည့်နှက်နေသည်။

သူနှင့်နတ်ဆိုးဧကရာဇ်ကျို့ဖုန်းကြားတွင် ယခင်ကတည်းက ရန်ငြှိုးရန်စများရှိသည်။ယခုလက်ရှိအချိန်တွင် နတ်ဆိုးဧကရာဇ်ကျို့ဖုန်းသည် သူတို့၏ဝိုင်းရံပိတ်ဆို့ထားမှုအောက်မှ ရှားဟိုလီကို ပြောင်ပြောင်တင်းတင်း ခေါ်ထုတ်သွားခဲ့ရာ သူ့အား မျက်နှာပျက်စရာဖြစ်စေသည်။

အကယ်၍ ရှားဟိုလီတို့လူစုသာ ဤအတိုင်း အေးအေးလူလူ ထွက်ခွာသွားနိုင်ပါက သူတို့လေးယောက်သည် ရှုရာနယ်မြေ၏ရယ်စရာပြက်လုံးတစ်ခု ဖြစ်လာပေမည်။

ရှုရာဧကရာဇ်လေးယောက်အကြားတွင် အားအကောင်းဆုံးဖြစ်သော မိုးကြိုးမီး၏မျက်နှာအမူအယာ သုန်မှုန်နေပြီး သူက တစ်စုံတစ်ခုကိုတွေးတောနေသည့်အလား သူ၏မျက်လုံးများအတွင်း၌ မိုးကြိုးနှင့်မီးများက တပြိုင်နက်တည်း ထွက်ပေါ်လာသည်။

ရုတ်ချည်းဆိုသလိုပင် ရှုရာဧကရာဇ်မိုးကြိုးမီး၏မျက်နှာထက်၌ တုန်လှုပ်ချောက်ချားဖွယ်ကောင်းသော အပြုံးတစ်ခုထင်ဟပ်လာပေ၏။

"မြင့်မြတ်တဲ့နတ်ဘုရား...ပြန်ရှင်သန်လာတော့မှာပါ"

ထိုစကားကိုပြောဆိုလိုက်သည်နှင့် တခြားရှုရာဧကရာဇ်များ၏မျက်နှာများပေါ်၌ စိတ်ကျေနပ်သွားသောအရိပ်အယောင်များ ပြည့်နှက်သွားသည်။

"သူတို့ လွတ်မြောက်နိုင်မှာမဟုတ်ဘူး"

ရှုရာဧကရာဇ်မိုးကြိုးမီးသည် တရွေ့ရွေ့ဝေးကွာသွားသော စစ်သင်္ဘောများနှင့်သားရဲဒီရေလှိုင်းကြီးကိုကြည့်ပြီး သူ၏မျက်နှာပေါ်၌ အေးစက်စက်အပြုံးတစ်ခု ထင်ဟပ်လာသည်။

တာယွီတော်ဝင်စစ်သင်္ဘောပေါ်ရှိ...တပ်မှူးချုပ်ခန်းမအတွင်း၌....

"ဒါက ငါ့ရဲ့စည်းတံဆိပ်ခတ်နှိပ်ထားတဲ့ ပုဂ္ဂိုလ်ရေးစာလွှာပဲ...ဒီတိုက်ပွဲမှာ မင်းက ထူးချွန်တဲ့ စစ်ရေးအောင်မြင်မှုတွေရရှိခဲ့တယ်....မင်း တော်ဝင်မြို့တော်ကို ရောက်တဲ့အချိန်ကျရင်....တော်ဝင်စစ်ရေးဌာနကိုသွားပြီး မင်းရဲ့တိုက်ပွဲအောင်မြင်မှုတွေကို မှတ်တမ်းတင်ထားတော့"

ရှားဟိုလီသည် စာရေးသားနေခြင်းကို ရပ်တန့်ပြီး ကြေးနီစည်းတံဆိပ်တစ်ခုကိုထုတ်ယူကာ စာလွှာပေါ်၌ ခတ်နှိပ်လိုက်၏။

ထိုစည်းတံဆိပ်ခတ်နှိပ်ပြီးသည်နှင့် စာရွက်တစ်ရွက်လုံးမှနေ၍ ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာသည်။စာရွက်ပေါ်ရှိ စာလုံးတစ်လုံးစီတိုင်းမှ စူးရှထက်မြက်သော သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ ထွက်ပေါ်နေသည်။

ဤှသည်က မိုးကောင်းကင်ယန်ကြယ်မြစ်မှ အထူးပြုလုပ်ထားသော မိုးကောင်းကင်ယန်စာရွက်ဖြစ်သည်။ထိုစာရွက်ကို ရှုပ်ထွေးသောပါဝင်ပစ္စည်းများဖြင့် ပြုလုပ်ထားပြီး အစွမ်းထက်ကျင့်ကြံသူများ၏အင်အားပြည့်ရိုက်ချက်များကိုပင် ခံနိုင်ရည်ရှိကာ လွယ်လင့်တကူဖျက်ဆီး၍မရနိုင်ချေ။

စာလွှာပေါ်တွင် စည်းတံဆိပ်ခတ်နှိပ်ပြီးသည်နှင့် တော်ဝင်စစ်ရေးဌာနသည် လုယွီ၏စစ်ရေးအောင်မြင်မှုများအကြောင်း သိရှိသွားလေပြီ။

တော်ဝင်နန်းတော်၏စစ်တပ်ကို ကယ်တင်ခဲ့ခြင်း...ရှုရာဧကရာဇ်များကို အနိုင်ယူခဲ့ခြင်း...သူတော်စင်ပင်လယ်ကြယ်နယ်မြေမှ ပုန်ကန်မှုများကို တည်ငြိမ်စေခဲ့ခြင်း...

ထိုကဲ့သို့ စစ်ရေးအောင်မြင်မှုများကို သာမာန်လူများ စိတ်ကူးပင်ယဥ်ကြည့်ဖူးမည်မဟုတ်ချေ။

လုယွီသည် မြေကမ္ဘာအင်မော်တယ်နယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်နိုင်သည်နှင့် တော်ဝင်နန်းတော်မှနေ၍ သူ့အား မဟာစစ်ဗိုလ်ချုပ်ရာထူးကို တိုက်ရိုက်ခန့်အပ်ပေမည်။

လုယွီ၏အသက်အရွယ်အရ သူသည် တာယွီတော်ဝင်စစ်တပ်တစ်ခုလုံးတွင် မဟာစစ်ဗိုလ်ချုပ်တစ်ယောက် ဖြစ်လာပေလိမ့်မည်။

"မြေကမ္ဘာအင်မော်တယ်နယ်ပယ်ကို ချိုးဖျက်ဝင်ရောက်နိုင်ဖို့ဆိုတာ လွယ်တဲ့ကိစ္စမဟုတ်ဘူး...လူငယ်ပါရမီရှင်တွေအများကြီးက အဲ့ဒီနေရာမှာပဲ တစ်ဆို့နေတက်ကြတယ်...သူရဲ့တိုးတက်မှုနှုန်းက အရမ်းမြန်ဆန်လွန်းတယ်...သူက သဘာဝမှော်ရတနာတွေနဲ့ထိပ်တန်းအဆင့်ဆေးလုံးတွေအများကြီးကို အသုံးပြုပြီးတော့ ကျင့်ကြံဆင့်မြင့်မားလာတာပဲဖြစ်မယ်...သူ့ရဲ့ကျင့်ကြံဆင့်အခြေခံက ခိုင်မာမှုရှိမှာမဟုတ်ဘူး...သူ မြေကမ္ဘာအင်မော်တယ်နယ်ပယ်ကို ချိုးဖျက်ဝင်ရောက်နိုင်ဖို့ဆိုတာ အရမ်းကို ခက်ခဲလိမ့်မယ်"

"သူက ရှောင်မိသားစုဝင်တစ်ယောက်များ ဖြစ်နေမလား...အဲ့ဒီလိုဆိုရင်တော့ သူ မြေကမ္ဘာနည်းလမ်းကို ချိုးဖျက်ဝင်ရောက်နိုင်တဲ့နည်းလမ်းတွေအများကြီး ရှောင်မိသားစုမှာရှိနေမှာပဲ"

စစ်ဗိုလ်ချုပ်များသည် တီးတိုးပြောဆိုနေကြပြီး သူတို့က မနာလိုအားကျသောအကြည့်များဖြင့် လုယွီကို ကြည့်နေကြ၏။

"တပ်မှူးချုပ်ကို ကျေးဇူးတင်ပါတယ်"

လုယွီသည် ထိုစာလွှာကိုယူ၍ သိမ်းဆည်းလိုက်သည်။သူ၏အမူအယာသည် မောက်မာဝံ့ကြွားခြင်းမရှိ နှိမ့်ချခြင်းလည်းမရှိချေ။

ဤှသည်က သူ၏အစီအစဥ်များအနက်မှ တစိတ်တပိုင်းပင်။

ဖေးထျန်ကွမ်း၏အကြံပြုချက်အရ လုယွီသည် မဟာစစ်ဗိုလ်ချုပ်ရာထူးကိုရရှိသည်နှင့် တော်ဝင်စစ်တပ်တွင် နေရာတစ်ခုရရှိသွားလေပြီ။အကယ်၍ သူ ထိုထက်ပို၍ ဆက်သွားလိုပါက တော်ဝင်စာမေးပွဲတွင်ပါဝင်ယှဥ်ပြိုင်၍ အဆင့်မြင့်အရာရှိလမ်းကြောင်းကို လျှောက်လှမ်းရပေမည်။

Chapter 1982

လုယွီသည် သူတော်စင်၏တပည့်ဖြစ်သော်လည်း အကယ်၍ သူသည် တော်ဝင်စာမေးပွဲကို ဖြတ်ကျော်နိုင်ခြင်းမရှိဘဲ အရာရှိတစ်ယောက်ဖြစ်လာပါက သူ၏နာမည်ဂုဏ်သတင်းမှာ ကောင်းမွန်မည်မဟုတ်ချေ။

ဤသည်က အစကဏဦးမှစတင်၍ ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ် ချမှတ်ခဲ့သောစည်းမျဥ်းဖြစ်ပြီး ယခုလက်ရှိအချိန်ထိတိုင် တည်မြဲနေဆဲပင်။

ရှားဟိုလီသည် စာလွှာကို လုယွီထံလက်ကမ်းပေးပြီးနောက် သူက ထပ်မံ၍ပြောဆိုလိုက်၏။

"ဗိုလ်ချုပ်ရှောင်က တော်ဝင်မြို့တော်ကိုသွားပြီး တော်ဝင်စာမေးပွဲမှာ ဝင်ပြီးဖြေဆိုမယ်လို့ ဖေးသခင်ကြီးဆီကနေ ငါကြားထားတယ်"

"အဲ့ဒီလိုလုပ်ဖို့ ကျွန်တော် ရည်ရွယ်ထားပါတယ်"

လုယွီက တုံ့ပြန်ပြောဆိုသည်။

"ငါက တော်ဝင်မြို့တော်မှာ မိတ်ဆွေအပေါင်းအသင်း များများစားစားမရှိပေမယ့်...မင်းကို တော်ဝင်စစ်ဆေးရေးနန်းတော်ကို ပို့ပေးဖို့ဆိုတာ ငါ့အတွက်ခက်ခဲတဲ့ကိစ္စမဟုတ်ဘူး"

ရှားဟိုလီက သူ၏မုတ်ဆိတ်မွှေးများကို ပွတ်သပ်ရင်း ပြောဆိုလေသည်။

အကယ်၍ တစ်စုံတစ်ယောက်သည် နောက်နှစ်တွင်ကျင်းပမည့် တော်ဝင်စာမေးပွဲကို ဝင်ရောက်ဖြေဆိုလိုပါက ထိုလူ့ထံတွင် ကျောင်းတော်သားအဆင့်အတန်းရှိရန် လိုအပ်သည်။

သို့ရာတွင် ယခုလက်ရှိချိန်၌ ကြယ်မြစ်များ၏ပူးပေါင်းစစ်ဆေးစမ်းသပ်မှုမှာ ပြီးဆုံးသွားလေပြီ။အကယ်၍ တစ်စုံတစ်ယောက်သည် တော်ဝင်စာမေးပွဲကို ဝင်ရောက်ဖြေဆိုလိုပါက ကျင့်ကြံရန်အတွက် တော်ဝင်စုံစမ်းစစ်ဆေးရေးနန်းတော် သို့မဟုတ် မဟာကျောင်းတော်ငါးခုသို့ ဝင်ရောက်ရပေမည်။ထိုနေရာများတွင်ပြုလုပ်သည့် စာမေးပွဲကို အောင်မြင်ပြီးမှသာ ထိုလူသည် တော်ဝင်စာမေးပွဲတွင် ဝင်ရောက်ယှဥ်ပြိုင်ရန် အရည်အချင်းပြည့်မီပေလိမ့်မည်။

ထိုနေရာများအကြားတွင် တော်ဝင်စုံစမ်းစစ်ဆေးရေးနန်းတော်သည် ဝင်ရောက်နိုင်ရန် အခက်ခဲဆုံးဖြစ်သည်။မဟာအမတ်ကြီးများနှင့်မြင့်မြတ်သူမိသားစုများ၏မျိုးဆက်များသာ တော်ဝင်စုံစမ်းစစ်ဆေးရေးနန်းတော်သို့ ဝင်ရောက်နိုင်သည်။

လူအမြောက်အများသည် အကယ်၍ သူတို့သည် ချမ်းသာကြွယ်ဝသူများဖြစ်သည့်တိုင် တော်ဝင်စုံစမ်းစစ်ဆေးရေးနန်းတော်သို့ ဝင်ရောက်နိုင်ခြင်းမရှိချေ။

တခြားကျောင်းတော်ငါးခုသည် သူတို့ထံတွင် သက်ဆိုင်ရာစာပေသူတော်စင်များရှိနေသဖြင့် သူတို့ထံမှ ကျောင်းတော်သားများသည်လည်း ရွေးချယ်ခံစာရင်းတွင် ပါဝင်ပေ၏။တော်ဝင်စာမေးပွဲအတွက် ထိုကျောင်းတော်များမှ နေရာတစ်နေရာစီရရှိသည်။

ရှားဟိုလီသည် တသီးတခြားနေတက်သူဖြစ်သော်လည်း သူသည် တော်ဝင်နန်းတော်မှအဆင့်မြင့်အရာရှိတစ်ယောက်ဖြစ်သဖြင့် လုယွီအား ထောက်ခံပေးနိုင်သော အရည်အချင်းရှိသည်။

ပတ်ဝန်းကျင်ရှိစစ်ဗိုလ်ချုပ်များသည် လုယွီကို မနားလိုအားကျသောအကြည့်များဖြင့် ကြည့်နေကြ၏။

ဤကဲ့သို့အခွင့်အရေးမျိုးသည် ဘဝတသက်တာတွင် တစ်ကြိမ်သာရနိုင်သော အခွင့်အရေးကြီးမျိုးဖြစ်သည်။

တာယွီအင်ပါယာ၏လက်အောက်တွင် ကြယ်နယ်မြေအမြောက်အများရှိနေသဖြင့် လက်ရွေးစင်ပါရမီရှင်များကို ရွေးထုတ်သည့်နည်းလမ်းများမှာ အလွန်အမင်းကြမ်းတမ်းပြင်းထန်သည်။

သာမာန်သေမျိုးနိုင်ငံတော်များနှင့်မတူညီဘဲ တာယွီအင်ပါယာမှ တော်ဝင်စာမေးပွဲကို စာပေနှင့်တိုက်ခိုက်ရေးဟူ၍ ခွဲခြားကျင်းပခြင်းမရှိချေ။တော်ဝင်စာမေးပွဲတွင် ဝင်ရောက်ယှဥ်ပြိုင်မည့် မည်သူမဆို စစ်ရေးနှင့်တိုက်ခိုက်ရေးပညာရပ်နှစ်ခုလုံး၌ အရည်အချင်းပြည့်မီရပေမည်။

ကြယ်မြစ်များ၏ပူးပေါင်းစုံစမ်းစစ်ဆေးမှုကို အနည်းဆုံးအချိန်တစ်လခန့်ယူ၍ ကျင်းပလေ့ရှိသည်။ဤစုံစမ်းစစ်ဆေးမှုတွင် သန်းနှင့်ချီသောလူများ ပါဝင်ယှဥ်ပြိုင်ခဲ့သော်လည်း လူထောင်ဂဏန်းခန့်သာ ရွေးချယ်ခံရလေ၏။

အဆင့်မြင့်ကျောင်းတော်သားအဖြစ် ရွေးချယ်ခံရသူသည် အနည်းဆုံး သိုင်းသူတော်စင်နယ်ပယ်ကျင့်ကြံဆင့် ရှိရပေမည်။

မြောက်မြားစွာသောပါရမီရှင်များ၏ ယှဥ်ပြိုင်ပွဲဖြစ်သဖြင့် လူအများစုသည် အဆင့်မြင့်ကျောင်းတော်သား အဆင့်အတန်းကို ရရှိခြင်းမရှိချေ။

ယခုလက်ရှိချိန်တွင် လုယွီသည် သူ့အား တော်ဝင်စုံစမ်းစစ်ဆေးရေးနန်းတော်သို့ တိုက်ရိုက်ပို့ဆောင်ပေးမည်ဟူသော ရှားဟိုလီထံမှ ကတိစကားကိုရရှိထားသည်။ဤသည်က ကောင်းကင်ဘုံကို ခြေတစ်လှမ်းနှင့် တက်လှမ်းနိုင်ခဲ့သည့်အလားပင်။

"ဒီကိစ္စအတွက်တော့ ဦးရီးတော်ရှားဟိုလီ စိုးရိမ်ပူပန်နေစရာ မလိုအပ်ပါဘူး...ကျွန်တော်မှာ ကိုယ်ပိုင်လမ်းကြောင်းရှိပြီးသားပါ"

လုယွီက ရှားဟိုလီ၏စကားကို ငြင်းပယ်လိုက်၏။

မည်သို့ပင်ဆိုစေကာမူ သူသည် သူတော်စင်၏တပည့်တစ်ယောက်ဖြစ်သည်။အကယ်၍ သူ တော်ဝင်စာမေးပွဲတွင် ဝင်ရောက်ယှဥ်ပြိုင်လိုပါက သူ့ထံတွင် နည်းလမ်းများရှိပေသည်။

သို့ရာတွင် သူသည် ရှားဟိုလီထံမှ ထောက်ခံမှုကို ရယူလိုက်သည်နှင့် သူ၏ကျောထောက်နောက်ခံအဖြစ် ရှားဟိုလီရှိနေကြောင်း လူတိုင်း သိရှိသွားကြပေမည်။ဤသည်က သူ၏အနာဂတ်အရာရှိလမ်းကြောင်းအတွက် ကောင်းမွန်သောအရာမဟုတ်ချေ။

လုယွီ ငြင်းဆန်မည်ဟု မည်သူမျှ မျှော်လင့်မထားမိကြချေ။

သိုက်ဖုန်းနှင့်လီကျင်းရှန့်တို့သည် ခြေဆောင့်နေသော်လည်း ဤနေရာ၌ ရှားဟိုလီရှိနေသဖြင့် သူတို့က စကားတစ်ခွန်းမျှ ဝင်ရောက်ပြောဆိုဝံ့ခြင်းမရှိချေ။

သို့ရာတွင် ဖေးထျန်ကွမ်းသည် သူ၏မျက်လုံးများကိုဖွင့်၍ အံ့အားသင့်မှုတချို့ဖြင့် လုယွီကို ကြည့်နေသည်။သူ၏မျက်လုံးများအတွင်း၌ စိတ်သက်သာရာရသွားသော အရိပ်အယောင်များ ထင်ဟပ်နေသည်။

ပတ်ဝန်းကျင်ရှိ စစ်ဗိုလ်ချုပ်များသည်လည်း အံ့အားသင့်တုန်လှုပ်နေသည်။လုယွီသည် ဤကဲ့သို့ဆုံးဖြတ်ချက်မျိုးချမည်ဟု သူတို့အားလုံး တွေးထင်ထားခြင်းမရှိချေ။

"သူက နေရာငယ်လေးကနေလာတဲ့ နိမ့်ကျတဲ့သူတစ်ယောက်များ ဖြစ်နေမလား...သူက တော်ဝင်စုံစမ်းစစ်ဆေးရေးနန်းတော်ကို ဝင်ခွင့်ရတယ်ဆိုတာ ဘာကိုဆိုလိုတယ်ဆိုတာကို သိပုံမရဘူး"

လူအများသည် အေးစက်စက်အကြည့်ဖြင့် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြ၏။

ထိုအချိန်မှာပင် ရုတ်တရက် စစ်သင်္ဘောတစ်စင်းလုံး ပြင်းပြင်းထန်ထန် တုန်ခါသွားသည်။

ပြင်ပမှနေ၍ စစ်သားတစ်ယောက် ထိတ်လန့်တကြားအပြေးဝင်လာပြီး ပြောဆိုလိုက်သည်။

"တပ်မှူးချုပ်...အပြင်ဘက်မှာ...ရှုရာနယ်မြေကအင်အားစုတွေ လာနေတယ်"

ဝေါင်း...

မိုးကောင်းကင်တုန်ခါလုမတက် ဟိန်းဟောက်သံကြီးနှင့်အတူ နတ်ဆိုးဧကရာဇ်လီရှန်သည် ပြင်ပ၌တိုက်ခိုက်နေလေပြီ။

ကျယ်လောင်သောတိုက်ခိုက်နေသံများကလည်း စစ်သင်္ဘော၏ပြင်ပ၌ ထွက်ပေါ်နေသည်။

လုယွီနှင့်ရှားဟိုလီ၏မျက်နှာအမူအယာများ တပြိုင်နက်တည်း ပြောင်းလဲသွားပြီး သူတို့က ပြင်ပသို့ ပြေးထွက်လိုက်ကြ၏။

ပြင်ပရှိ ကြယ်တာရာမိုးကောင်းကင်တစ်ခုလုံး ခြစ်ခြစ်တောက်ပူပြင်းသောနေမင်းကြီးကဲ့သို့ မီးတောက်များ နေရာအနှံ့လောင်ကျွမ်းနေပြီး တခြားတစ်ဖက်ခြမ်းတွင် ရွှေရောင်အလင်းတန်းများ တောက်ပနေသည်ကို သူတို့က တွေ့မြင်လိုက်ကြရသည်။

ထိုရွှေရောင်အလင်းတန်း၏အောက်တွင် ကောင်းကင်နှင့်မြေပြင်အနှံ့ ပြည့်နှက်နေသော ရှုရာများရှိနေသည်။ပတ်ဝန်းကျင်နေရာအနှံ့ ထူထပ်သိပ်သည်းသောရှုရာများ ထူထပ်သိပ်သည်းစွာ အတူတကွ စုဝေးနေကြ၏။

Chapter 1983

မူလကဆုတ်ခွာသွားသောရှုရာများ မထင်မှတ်ဘဲ ပြန်လည်ထွက်ပေါ်လာခဲ့သည်။

"ဘာလို့လဲ...ဒီရှုရာတွေက သေမှာကို မကြောက်ကြဘူးလား"

မြောက်မြားစွာသောစစ်သားများသည် ကုန်းပတ်ပေါ်၌ ဖြူရော်သောမျက်နှာအမူအယာများဖြင့် မတ်တတ်ရပ်နေသည်။

ယခုလက်ရှိချိန်တွင် ဖေးထျန်ကွမ်းနှင့်နတ်ဆိုးဧကရာဇ်နှစ်ယောက် သူတို့ဘက်၌ရှိနေသည်။ထို့ပြင် ရှားဟိုလီ၏တုန်လှုပ်ချောက်ချားဖွယ်ခွန်အားလည်း ရှိနေသဖြင့် ရှုရာများ ချဥ်းကပ်ဝံ့တော့မည်မဟုတ်ဟု သူတို့အားလုံး တွေးထင်ခဲ့ကြသည်။

သို့သော် မကြာမီမှာပင် သူတို့၏အတွေးများ မှားယွင်းသွားကြောင်း သူတို့အားလုံး သိရှိလိုက်ရ၏။

သူတို့၏ ကောင်းကင်နှင့်မြေပြင် ပိတ်ဖုံးလုမတက် အလွန်များပြားသော ရှုရာများက ဒီရေလှိုင်းများအလားရှိနေသည်။

ရှုရာအင်အားစုများအကြားတွင် သာမာန်ရှုရာများသာမက ရှုရာဘုရင်ကဲ့သို့ အစွမ်းထက်တည်ရှိမှုကြီးများလည်း ပါဝင်နေပေ၏။

ပို၍တုန်လှုပ်ချောက်ချားဖွယ်ကောင်းသောအချက်မှာ ရှုရာစစ်တပ်များ၏နောက်ဆုံးမှ တည်ရှိမှုကြီးများပင်။

ထိုတည်ရှိမှုများကို ရှုရာစစ်တပ်က ခြံရံထားသည်။သူတို့၏အစွမ်းထက်သော အရှိန်အဝါများသည် မိုးကောင်းကင်ယံတိုင် ထိုးတက်နေပြီး အထက်ကိုးကောင်းကင်ဘုံကိုပင် ထွင်းဖောက်သွားသယောင်ရှိသည်။

ထိုအရှိန်အဝါတစ်ခုစီသည် ခရမ်းရောင်တောက်ပနေပြီး ရှည်လျားသောနဂါးတစ်ကောင်နှင့်တူညီကာ တုန်လှုပ်ချောက်ချားသော အရှိန်အအဟုန်ဖြင့် ကောင်းကင်ယံထိတိုင် ပျံ့လွင့်နေသည်။

ဤှသည်က ရှုရာဧကရာဇ်များ၏အရှိန်အဝါများပင်။

"တစ်...နှစ်...သုံး...ရှုရာနယ်မြေဘက်က ရှုရာဧကရာဇ်ရှစ်ယောက်တောင် စေလွှက်လိုက်တာပါလား"

ရှားဟိုလီက မျက်မှောင်ကြုတ်လိုက်ပြီး သူ၏မျက်နှာအမူအယာမှာ အလွန်အမင်း တည်ကြည်လေးနက်နေသည်။

ရွှယ်အင်မော်တယ်များ ထုတ်လွှက်ထားသော ဖိအားအရှိန်အဝါကို စစ်သားများအားလုံး ခံစားနေရ၏။

ထိုက်တောင်ကြီးတစ်လုံးကဲ့သို့ အစွမ်းထက်သော ဖိအားအရှိန်အဝါကြောင့် စစ်သားများအားလုံး စိတ်ဓာတ်ကျဆင်းနေကြသည်။

"အဖိုးကြီးကျိုးရှောင်ကိုယ်တိုင် ထွက်ပေါ်လာမှတော့ ဒီတစ်ကြိမ်မှာ ရှုရာနယ်မြေဘက်ကနေ တန်ကြေးကြီးကြီးမားမားပေးဆပ်ဖို့ အဆင်သင့်ပြင်ထားပုံပဲ"

ဖေးထျန်ကွမ်း၏ ယခင်က တည်ငြိမ်အေးဆေးနေသော မျက်နှာအမူအယာလည်း ပျက်ယွင်းသွားပြီး သူ၏မျက်ခုံးနှစ်ဖက်ကို အနည်းငယ်စုကျုံထားသည်။

သူ၏မျက်လုံးအကြည့်သည် ရှုရာအင်အားစုများ၏အလယ်ဗဟိုတည့်တည့်သို့ ကျရောက်သွားပေ၏။

ထိုနေရာတွင် ခန္ဓာကိုယ်တစ်ကိုယ်လုံး မီးတောက်များဖုံးလွှမ်းနေသော ကြောက်မက်ဖွယ်မှော်သားရဲကြီးသုံးကောင်သည် ကြီးမားသောရထားလုံးတစ်စင်းကိုစီးပြီး တရွေ့ရွေ့ ရှေ့တိုးလာသည်။

ထိုရထားလုံးကို ပိုးထည်စများဖြင့် တင်းတင်းကျပ်ကျပ်ရစ်ပတ်ထားသဖြင့် လူအများသည် အတွင်း၌ရှိနေသောအရာကို မြင်တွေ့နိုင်စွမ်းမရှိချေ။

သို့ရာတွင် ပတ်ဝန်းကျင်ရှိရှုရာများသည် အလွန်ရိုသေလေးစားသော အမူအယာများဖြင့် ရထားလုံးကို ခြံရံထားကြ၏။

"မင်းက ရှုရာဧကရာဇ်ကျိုးရှောင် အကြောင်းပြောနေတာလား..သူက အတိတ်တုန်းက ရှုရာနယ်မြေရဲ့အရှင်သခင်ဟောင်းမဟုတ်လား"

ရှားဟိုလီ၏မျက်လုံးများအတွင်း၌ တောက်ပသောအလင်းရောင်များ ဖြာထွက်သွားသည်။

ဖေးထျန်ကွမ်းက ကူကယ်ရာမဲ့ပုံဖြင့် သူ၏ခေါင်းကိုခါယမ်းပြီး သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။

"အမှန်ပဲ..ခုရောက်လာတာက ကျိုးရှောင်ပဲ...ငါ တော်ဝင်တရားစီရင်ရေးဌာနမှာ အလုပ်လုပ်နေတဲ့အချိန်တုန်းက ကြယ်နယ်မြေတွေရဲ့အကြောင်းတွေကို အကြမ်းဖျင်းနားလည်သဘောပေါက်ခဲ့တယ်...ကျိုးရှောင်က တော်ဝင်နန်းတော်ကနေ သူ့ကို ရှုရာနယ်မြေရဲ့အရှင်သခင်ရာထူးက ထုတ်ပယ်လိုက်ကတည်းက အချိန်အကြာကြီး တိတ်ဆိတ်ငြိမ်သက်နေခဲ့တာ...သူ့ရဲ့သားကို သူ့ရဲ့ရန်သူတွေသတ်သွားတုန်းကတောင် သူ အပြင်ကို ထွက်မလာခဲ့ဘူး...သူက ဒီနေရာကိုလာပြီး သူ့ရဲ့ဒေါသတွေကိုဖွင့်ထုတ်မယ်လို့ ငါ မျှော်လင့်မထားမိဘူး"

တစ်ဖက်ရန်သူများသည် နယ်မြေသခင်အဆင့်အစွမ်းထက်ရှုရာတစ်ယောက်ကို စေလွှက်လိုက်လေ၏။

တာအိုတတိယဆင့်ကို လောကီအင်မော်တယ် မြေကမ္ဘာအင်မော်တယ် ရွှယ်အင်မော်တယ် နယ်မြေသခင်နှင့် တာအိုသခင်ဟူ၍ ခွဲခြားထားသည်။

နယ်မြေသခင်များသည် တာအိုတတိယဆင့်၏စတုတ္ထမြောက်နယ်ပယ်ကျင့်ကြံသူများဖြစ်သည်။သူတို့သည် မဟာတာအိုကို နားလည်သဘောပေါက်ထားကြပြီး သေဆုံးခြင်းနှင့်ရှင်သန်ခြင်းကို လေ့လာဆင်ခြင်ထားနိုင်ကြ၏။သူတို့၏နယ်မြေအတွင်းရှိ သန်းဆယ်နှင့်ချီသော သက်ရှိမျိုးနွယ်များ၏ကံကြမ္မာများကို ထိန်းချုပ်နိုင်သည်။

ဤနယ်ပယ်သို့ ရောက်ရှိသွားသူများသည် ရှေးဟောင်းခေတ်မှအင်မော်တယ်တစ်ယောက်၏လမ်းကြောင်းဖြင့် နီးကပ်သွားလေပြီ။နယ်မြေသခင်များသည် တခြားသူများ ခုခံတိုက်ခိုက်နိုင်ရန်ခက်ခဲသော တားမြစ်မှော်မန္တန်တချို့ကိုပင် ရွတ်ဆိုနိုင်သည်။

ပို၍အရေးကြီးဆုံးအချက်မှာ နယ်မြေသခင်အဆင့်သို့ရောက်ရှိသွားသူသည် သူ၏ကိုယ်ပိုင်နယ်မြေကိုဖန်တီးနိုင်သောစွမ်းရည်မျိုး ရှိလာခြင်းပင်။

ထိုနယ်မြေအတွင်း၌ နယ်မြေသခင်သည် သံသယဖြစ်ဖွယ်မရှိ အကြွင်းမဲ့အာဏာရှင်ဖြစ်သည်။

ရွှယ်အင်မော်တယ်များသည် အလွန်အစွမ်းထက်သော်လည်း နယ်မြေသခင်များ၏မျက်လုံးအတွင်း၌ သူတို့သည် ပုရွက်ဆိတ်ငယ်လေးများနှင့် ကွဲပြားခြားနားခြင်းမရှိချေ။

ဤကဲ့သို့ အစွမ်းထက်ရန်သူတစ်ယောက်နှင့် ရင်ဆိုင်နေရသဖြင့် လူများအားလုံး၏စိတ်နှလုံးသားများ တုန်ရီနေသည်။

"တပ်မှူးချုပ်...ကျွန်တော်တို့ အဝိုင်းခံထားရတယ်"

ကင်းထောက်တစ်ယောက်က သတင်းပို့လေသည်။

ဤနေရာပတ်ဝန်းကျင်တွင် မည်မျှထိများပြားသောရှုရာများရှိနေသည်ကို မည်သူမျှ မသိနိုင်ချေ။

ထိုရှုရာများသည် အတူတကွစုရုံး၍ အခိုင်အမာခြေကုပ်ယူထားကြသည်။အကြည့်တစ်ချက်ဖြင့်ပင် ခုထပ်သိပ်သည်းစွာ စုဝေးနေသော ရှုရာများကို တွေ့မြင်နိုင်ပြီး သူတို့က ပတ်ဝန်းကျင်ရှိ ကြယ်နယ်မြေများကိုပင် အပိုင်စီးထားခဲ့သည်။

ဤရှုရာများ၏အရေအတွက်သည် သန်းထောင်နှင့်ချီရှိနေသည်ဟုသာ ခန့်မှန်းတွက်ချက်နိုင်ပေမည်။

တခြားတစ်ဖက်ရှိ လုယွီ၏ဘက်တွင် သန်းနှင့်ချီသော နတ်ဆိုးသားရဲများရှိနေသည်။

သို့ရာတွင် အလွန်များပြားသော ရှုရာအင်အားစု၏ရှေ့တွင် လုယွီ၏အစုအဖွဲ့သည် အလွန်နည်းပါးပြီး ထည့်သွင်းဖော်ပြရန်ပင် မထိုက်တန်ချေ။

Chapter 1984

"ဒီတစ်ကြိမ်တော့...ရှုရာနယ်မြေက အင်အားပြည့်ထုတ်သုံးလာတာပဲ"

ဖေးထျန်းကွမ်း၏မျက်လုံးများတွင် တည်ကြည်လေးနက်မှုအရိပ်အယောင်များ ထင်ဟပ်နေသည်။

"ရှုရာဧကရာဇ်ကျိုးရှောင်က ဒီလောက်အချိန်အကြာကြီး ပုန်းအောင်းနေခဲ့တာ...သာမာန်အခြေအနေမျိုးမှာ သူက အလွယ်တကူ လှုပ်ရှားမှုလုပ်မှာမဟုတ်ဘူး...သူ ဒီနေရာကိုရောက်လာတဲ့ အကြောင်းအရင်းက သူ ငါတို့အားလုံးကို သတ်ဖြတ်နိုင်မှာ သေချာလို့ပဲ"

"ဒါပေမယ့် ငါတို့အားလုံးကို အမြစ်ပြတ်သုတ်သင်ဖို့ဆိုရင် ရှုရာဧကရာဇ်ခုနစ်ယောက်နဲ့တင် လုံလောက်တယ်...ဘာလို့ သူ ကိုယ်တိုင်ကိုယ်ကျ ထွက်လာခဲ့တာလဲ"

ယခုလက်ရှိနေရာတွင် ယခင်ကရှုရာဧကရာဇ်လေးယောက်အပြင် စုစုပေါင်း ရှုရာဧကရာဇ်ဆယ့်နှစ်ယောက်ရှိနေသည်။

ထိုရှုရာဧကရာဇ်များသည် နတ်ဆိုးဆန်သောစွမ်းအားများကို ပိုင်ဆိုင်ထားရုံသာမက သူတို့၏ကျင့်ကြံဆင့်နယ်ပယ်များမှာ အလွန်နက်နဲသိမ်မွေ့သည်။သူတို့အားလုံး စုစည်း၍ရောက်ရှိနေမှုကြောင့် ကောင်းကင်ယံတခွင်လုံး၏အရောင်အသွေးများပင် ပြောင်းလဲနေသည်။

လုယွီသည် ချီစောင့်ကြည့်ခြင်းနည်းစနစ်ကိုအသုံးပြု၍ ထိုရှုရာဧကရာဇ်များကို ကြည့်လိုက်၏။ထိုရှုရာဧကရာဇ်ဆယ့်နှစ်ယောက်၏အကြားတွင် အလွန်အစွမ်းထက်သော တည်ရှိမှုကြီးတစ်ခုရှိနေသည်။

ထိုတည်ရှိမှုကြီးသည် ရှုရာဧကရာဇ်ကျိုးရှောင်ထက်ပင် ပို၍အစွမ်းထက်နေသည်။

"ရှုရာနတ်ဘုရားလား...သူက ရှုရာနတ်ဘုရားရဲ့အသွေးသားတစ်ခုခုကနေ ပြန်ရှင်သန်လာတာလား"

လုယွီက တီးတိုးရေရွတ်လိုက်ပြီးနောက် သူ၏မျက်လုံးအတွင်း၌ သိချင်စိတ်ပြင်းပြသောအရိပ်အယောင်များ ဖြတ်ပြေးသွားသည်။

လုယွီသည် ရှုရာနတ်ဘုရား၏လက်တစ်ဖက်နှင့်နှလုံးကို ဖျက်ဆီးနိုင်ခဲ့သော်လည်း တခြားခန္ဓာကိုယ်အစိတ်အပိုင်းများ ကျန်ရှိနေဆဲပင်။

ဤသည်က သူ့ထံရှိနေသော ကောင်းကင်ဘုံဧကရာဇ်ကိုယ်ပွါးနှင့်တူညီပြီး အကယ်၍ ထိုခန္ဓာကိုယ်ကို အစွမ်းထက်ကျင့်ကြံသူတစ်ယောက်မှ ထိန်းချုပ်ထားသည့်တိုင် ကောင်းကင်နှင့်မြေပြင်ကို ဖျက်ဆီးနိုင်သောစွမ်းအားမျိုး ပိုင်ဆိုင်ထားဆဲဖြစ်သည်။

လူများအားလုံး၏အကြည့်များအောက်တွင် လက်တစ်ဖက်ပြတ်နေသော နတ်ဘုရားရုပ်ထုတစ်ခုသည် ရှုရာစစ်တပ်အကြားမှ တရွေ့ရွေ့ ထွက်ပေါ်လာလေ၏။ထိုရုပ်ထုတစ်ခုလုံးကို ပြဒါးများဖြင့် ဖုံးလွမ်းထားပြီး ထူထပ်သိပ်သည်းသော အနက်ရောင်သင်္ကေတအက္ခရာများကို ရေးဆွဲထားသည်။ထိုအရာကိုကြည့်ရသည်မှာ အလွန်အမင်း တုန်လှုပ်ချောက်ချားဖွယ်ရာပင်။

"နတ်ဘုရားရဲ့အမိန့်တော်အရ...လူသားတွေနဲ့နတ်ဆိုးသားရဲတွေအားလုံးကို သတ်ဖြတ်စမ်း"

ရှုရာဧကရာဇ်ကျိုးရှောင်၏အသံက ပတ်ဝန်းကျင်နေရာအဘက်ဘက်သို့ ပဲ့တင်ထပ်ပျံ့နှံ့သွားသည်။

သန်းထောင်နှင့်ချီသောရှုရာများသည် တပြိုင်နက်တည်း ကျယ်လောင်စွာ အော်ဟစ်ကြုံးဝါးပြီး တော်ဝင်စစ်တပ်ထံသို့ တရကြမ်းပြေးဝင်၍ တိုက်ခိုက်ကြ၏။

ဤမျှများပြားသော ရှုရာများနှင့်ရင်ဆိုင်နေရသဖြင့် အစဥ်အမြဲအရေအတွက်သာလွန်မှုနှင့် အနိုင်ယူလေ့ရှိသော နတ်ဆိုးသားရဲများပင် စိတ်ဓာတ်ကျဆင်းသွားသကဲ့သို့ ခံစားနေရသည်။

"တပ်မှူးချုပ်...ဒီစစ်သင်္ဘောတွေပေါ်မှာ စိတ်ဝိညာဥ်အမြှောက် ဘယ်လောက်များများရှိနေလဲ"

လုယွီက မေးမြန်းသည်။

ရှားဟိုလီက အချိန်တခဏကြာ စဥ်းစားတွေးတောပြီးနောက် ပြောဆိုလေ၏။

"ငါနဲ့အတူ စိတ်ဝိညာဥ်အမြှောက်အလက်တစ်သောင်းလောက် ပါလာတယ်...ဒါပေမယ့် အနက်ရောင်တိမ်တိုက်ကြယ်နယ်မြေပေါ်မှာ ခုခံကာကွယ်တဲ့အချိန်တုန်းက....ငါ ယူဆောင်လာခဲ့တဲ့ စိတ်ဝိညာဥ်ကျောက်တုံးတွေ အကုန်လုံးကို သုံးစွဲပြီးသွားပြီ...ငါတို့က အများဆုံးအနေနဲ့ စိတ်ဝိညာဥ်အမြှောက်တစ်ထောင်လောက်ကို သုံးကြိမ်ပဲပစ်ခတ်လို့ရတော့မယ်"

လုယွီက အလျှင်အမြန် ဆုံးဖြတ်ချက်ချလိုက်သည်။

"အခုချက်ချင်း စိတ်ဝိညာဥ်အမြှောက်တွေအားလုံးကို သယ်ဆောင်ခိုင်းလိုက်ပါ"

တစ်ဖက်ရန်သူများ၏ပင်လယ်သမုဒ္ဒရာတမျှများပြားသော အင်အားနှင့်ရင်ဆိုင်ရချိန်တွင် စိတ်ဝိညာဥ်အမြှောက်များသည် ကြီးမားသောသက်ရောက်မှုမျိုးရအောင် စွမ်းဆောင်နိုင်ပေမည်။

သို့ရာတွင် အကယ်၍ စိတ်ဝိညာဥ်အမြှောက်များကို အသုံးပြုလိုပါက အလွန်များပြားသော စိတ်ဝိညာဥ်ကျောက်တုံးများ လိုအပ်သည်။

စစ်ဗျူဟာရှင်တစ်ယောက်က ခနဲ့တဲ့တဲ့ ပြောဆိုလေ၏။

"ဗိုလ်ချုပ်ရှောင်...ဘယ်လိုပဲဖြစ်ဖြစ် မင်းက အရမ်းငယ်သေးတော့ ထောက်ပံပစ္စည်းတွေရဲ့အရေးပါမှုကို မသိဘူး...စိတ်ဝိညာဥ်အမြှောက်တွေက အရမ်းအစွမ်းထက်ပေမယ့် တကယ်လို့ စိတ်ဝိညာဥ်ကျောက်တုံးတွေရဲ့အထောက်အပံမရှိဘူးဆိုရင် ဒါတွေက သံတိုသံစတွေပဲ...အဆင့်နိမ့်မှော်လက်နက်တွေလောက်တောင် အသုံးမဝင်ဘူး"

စစ်ဗိုလ်ချုပ်များသည်လည်း သူတို့၏ခေါင်းများကိုခါယမ်းပြီး သူတို့ကလည်း သဘောတူညီခြင်းမရှိချေ။

အမှန်အားဖြင့် လုယွီသည် ကောင်းကင်ဘုံ၏ချီးမြှောက်ခံပါရမီရှင်တစ်ယောက်ဖြစ်သော်လည်း သူ၏အသက်သည် အလွန်ငယ်ရွယ်နေပေ၏။စစ်တပ်အတွင်းရှိ အရေးကိစ္စတော်တော်များများကို သူ နားလည်သေးပုံမရချေ။

သို့ရာတွင် လုယွီက အလေးအနက်ထားသောလေသံဖြင့် ဆက်လက်ပြောဆိုသည်။

"စိတ်ဝိညာဥ်အမြှောက်တွေအားလုံးကို ထုတ်ယူခဲ့ပါ...စိတ်ဝိညာဥ်ကျောက်တုံးတွေအတွက် ကျွန်တော့်တာဝန်ထားလိုက်"

ထို့နောက် သူ၏လက်တစ်ဖက်ကိုမြှောက်လိုက်ရာ ပင်လယ်သမုဒ္ဒရာတမျှများပြားသော စိတ်ဝိညာဥ်ကျောက်တုံးများက ရုတ်တရက် သူ၏နောက်၌ ထွက်ပေါ်လာသည်။

"ဒါက..."

အစောပိုင်းက လုယွီကို လှောင်ပြောင်သရော်နေကြသော စစ်ဗျူဟာရှင်များနှင့်စစ်ဗိုလ်ချုပ်များအားလုံး၏မျက်နှာများ နီမြန်းသွားပြီး သူတို့၏သရော်တော်တော်ရယ်မောသံများ ချက်ချင်းဆိုသလိုပင် ရပ်တန့်သွားသည်။

သူတို့ရှေ့ရှိ စိတ်ဝိညာဥ်ကျောက်တုံးပင်လယ်ကြီးသည် သူတို့၏စိတ်နှလုံးသားများကို အပြည့်အဝ ထိတ်လန့်တုန်လှုပ်သွားစေ၏။

"အဲ့ဒီကောင်လေးက ရှောင်မိသားစုဝင်ပဲဖြစ်မယ်...သူက ရှောင်မိသားစုရဲ့တိုက်ရိုက်မျိုးဆက်တစ်ယောက်တောင် ဖြစ်နေနိုင်တယ်...ဘာလို့ သူ ဒီလောက်ထိ ချမ်းသာကြွယ်ဝနေတာလဲ"

"သူက ဦးရီးတော်ရှားဟိုလီရဲ့ထောက်ခံချက်ကို ငြင်းပယ်တာ အံ့အားသင့်စရာမရှိတော့ဘူး...ရှောင်မိသားစုရဲ့နောက်ခံသာရှိနေရင် သူက ဦးရီးတော်ရှားဟိုလီရဲ့ထောက်ခံချက်ကို အာရုံစိုက်စရာမလိုဘူး"

သူတို့ရှေ့ရှိ မရေမတွက်နိုင်သော စိတ်ဝိညာဥ်ကျောက်တုံးများကိုကြည့်ပြီး သူတို့အားလုံးသည် စိတ်နှလုံးသားအတွင်းမှ အော်ဟစ်ညည်းတွားနေမိကြ၏။

ရှားဟိုလီပင်လျှင် သူ့ရှေ့ရှိ စိတ်ဝိညာဥ်ကျောက်တုံးများကိုကြည့်ပြီး သူ၏အသိစိတ် အနည်းငယ်လွတ်ကင်းသွားသကဲ့သို့ ခံစားလိုက်ရသည်။

သို့ရာတွင် မည်သို့ပင်ဆိုစေကာမူ သူသည် အစွမ်းထက်သော ရွှယ်အင်မော်တယ်တစ်ယောက်ဖြစ်သည်။သူသည် မရေမတွက်နိုင်သော ဘဝမုန်တိုင်းများကို ဖြတ်ကျော်ပြီးဖြစ်သဖြင့် ချက်ချင်းဆိုသလိုပင် အမိန့်ပေးလိုက်၏။

"စစ်သည်တွေအားလုံး စိတ်ဝိညာဥ်အမြှောက်တေံအားလုံးကို ထုတ်ယူပြီးတော့ ရန်သူကိုခုခံဖို့ ပြင်ဆင်ကြစမ်း"

Chapter 1985

ရှားဟိုလီ၏စစ်တပ်သည် အလွန်စည်းစနစ်ကျပေ၏။အချိန်တခဏသာ ထိတ်လန့်တုန်လှုပ်ပြီးနောက် စစ်သားများသည် စိတ်ဝိညာဥ်အမြှောက်များအားလုံးကိုထုတ်ယူပြီး စစ်သင်္ဘောများ၌ တပ်ဆင်လိုက်ကြသည်။

လုယွီ၏စိတ်ဝိညာဥ်ကျောက်တုံးများ ထောက်ပံမှုဖြင့် စိတ်ဝိညာဥ်အမြှောက်များအားလုံးကို အဆင်သင့်ပြင်ဆင်ပြီး တပြိုင်နက်တည်းပစ်ခတ်လိုက်၏။

ဘုန်း...ဘုန်း...

စိတ်ဝိညာဥ်အမြှောက်မှအလင်းတန်းများ၏ ရိုက်ခတ်ခြင်းခံရသောရှုရာများသည် ချက်ချင်းဆိုသလို အမှုန်အမွှားအဖြစ်သို့ ပြောင်းလဲသွားတော့သည်။သောင်းနှင့်ချီသောစိတ်ဝိညာဥ်အမြှောက်များကို တပြိုင်နက်တည်း ပစ်ခတ်လိုက်ခြင်းဖြစ်သဖြင့် ပတ်ဝန်းကျင်ရှိကောင်းကင်ယံတခွင်လုံး စိတ်ဝိညာဥ်အမြှောက်မှအလင်းတန်းများဖြင့် လွှမ်းခြုံသွားသည်။

အချိန်တိုအတွင်းမှာပင် စစ်သင်္ဘောများနှင့်နတ်ဆိုးမှော်သားရဲများရှေ့၌ လေဟာနယ်တစ်ခု ထွက်ပေါ်လာသည်။

"ဗိုလ်ချုပ်ရှောင်...ဒီတစ်ကြိမ်တော့ မင်းကို ငါ အရမ်းကျေးဇူးတင်တယ်...ဒီတိုက်ပွဲအကျိုးဆောင်မှုကို ငါ ကိုယ်တိုင် တော်ဝင်စစ်ရေးဌာနကို တင်ပြပေးမယ်"

ရှားဟိုလီ၏အသံသည် စိတ်လှုပ်ရှားမှုများနှင့် ပြည့်နှက်နေပေ၏။

အကယ်၍ အရေအတွက်အလွန်များပြားသော ရှုရာစစ်တပ်ကို ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်ရပါက တာယွီတော်ဝင်စစ်တပ်နှင့်နတ်ဆိုးသားရဲများအားလုံး အချိန်တခဏအတွင်းမှာပင် သေကြေပျက်စီးသွားနိုင်သည်။

သို့ရာတွင် စိတ်ဝိညာဥ်အမြှောက်များ၏ ကူညီထောက်ပံမှုကြောင့် ရှုရာများ၏အင်အား တစတစ အားနည်းသွားခဲ့သည်။

ဟမ့်....

ထိုမြင်ကွင်းကိုမြင်သည်နှင့် ရှုရာဧကရာဇ်ကျိုးရှောင်သည် အေးစက်စက်နှာတစ်ချက်မှုတ်ပြီး သူ၏လက်ချောင်းများကို လှုပ်ခတ်လိုက်၏။

ရုတ်ချည်းဆိုသလိုပင် သူ၏လက်မှနေ၍ အနက်ရောင်အခိုးအငွေ့အမျှင်တန်းများ ထွက်ပေါ်လာသည်။ထိုအရာများသည် မြောက်မြားစွာသောစိတ်ဝိညာဥ်အမြှောက်များမှအလင်းတန်းများကို ဖြတ်ကျော်၍ စစ်သင်္ဘောတစ်စင်းကို ပြင်းပြင်းထန်ထန် ရိုက်ခတ်မိသွားသည်။

ဘုန်း...

တော်ဝင်နန်းတော်မှဧရာမစစ်သင်္ဘောကြီးသည် အနက်ရောင်လေစီးကြောင်းများ၏ရိုက်ခတ်ခံရမှုအောက်တွင် ရုတ်တရက် ကြေမွပျက်စီးသွားလေ၏။စစ်သင်္ဘောမှအပိုင်းအစများသည် စစ်သားများ၏ခြေပြတ်လက်ပြတ်များနှင့်အတူ နေရာအနှံ့သို့ လွင့်ထွက်သွားသည်။

"သေချင်နေတာလား"

ရှားဟိုလီ၏မျက်လုံးများနီမြန်းသွားပြီး သူ့ရှေ့ရှိစားပွဲခုံကို သူ့လက်ဖြင့်ရိုက်ပုတ်ကာ မတ်တတ်ထရပ်လိုက်၏။

ထိုစစ်သင်္ဘောပေါ်တွင် အနည်းဆုံးစစ်သည်အင်အားငါးသောင်းခန့်ရှိနေသည်။

သို့ရာတွင် ရှုရာဧကရာဇ်ကျိုးရှောင်၏တိုက်ခိုက်မှုအောက်တွင် စစ်သားငါးသောင်းသည် ပုရွက်ဆိတ်ငယ်လေးများကဲ့သို့ မျက်တောင်တခတ်စာအချိန်အတွင်းမှာပင် သေဆုံးသွားကြရ၏။

"ရှုရာဧကရာဇ်ကျိုးရှောင်...မင်းက တော်ဝင်နန်းတော်ကို ဆန့်ကျင်ပြီးတိုက်ခိုက်ဝံ့တာလား...တော်ဝင်နန်းတွင်းက အစွမ်းထက်ကျင့်ကြံသူတွေ ရောက်လာတဲ့အခါကျရင် မင်းတို့ရှုရာနယ်မြေတစ်ခုလုံးကို သုတ်သင်ရှင်းလင်းပြီးတော့ မင်းတို့ရဲ့မျိုးနွယ်တွေအကုန်လုံး အမြစ်ပြတ်သုတ်သင်ခံရမှာ သေချာတယ်"

ရှားဟိုလီသည် လေဟာနယ်အတွင်း၌ မတ်တတ်ရပ်နေသည်။သူ၏လက်ဖဝါးအတွင်းမှနေ၍ မိုးကြိုးလှိုင်းများ တလိမ့်လိမ့်ထွက်ပေါ်လာပြီးနောက် စုဝေးသွားကာ သူ၏ခေါင်းထက်၌ဝေလငါးပုံရိပ်ယောင်ကြီးအဖြစ် ဖွဲ့စည်းသွားသည်။

ထိုဝေလငါးပုံရိပ်ယောင်ကြီးသည် အလွန်ကြီးမားပြီး စစ်သင်္ဘောတစ်စင်းအရွယ်အစားခန့်ရှိသည်။ဝေလငါးကြီး၏နဖူးထက်တွင် စူးရှသောဦးချိုတစ်ချောင်းရှိပြီး ထိုအရာပေါ်၌ ရှုပ်ထွေးသောသင်္ကေတအက္ခရာအမြောက်အများကို ရေးထွင်းထားသည်။ထိုဦးချိုပေါ်၌ အနက်ရောင်မိုးကြိုးလှိုင်းများလည်း စုဝေးနေပေ၏။

ဤသည်က ရှေးဟောင်းခေတ်အတွင်းမှ မိုးကြိုးဝေလသားရဲဖြစ်ပြီး ရှေးဟောင်းအချိန်ကာကများအတွင်းတွင် နယ်မြေတစ်ခုကို လွှမ်းမိုးအုပ်ချုပ်နိုင်ခဲ့သော နတ်ဆိုးမှော်သားရဲဖြစ်သည်။

ကောလဟာလများအရ မိုးကြိုးဝေလများသည် ကြောက်မက်ဖွယ်မှော်သားရဲများကို အစာအဖြစ်စားသုံးသည်ဟု ဆိုကြ၏။ပင်လယ်ပြင်အတွင်း၌ ကျက်စားသွားလာနေသော ရှေးဟောင်းကြောက်မက်ဖွယ်မှော်သားရဲများသည် မိုးကြိုးဝေလများ၏စားသုံးခြင်းကို ခံကြရသည်။

ရှားဟိုလီသည် ရှေးဟောင်းခေတ်မှ မိုးကြိုးဝေလ၏စွမ်းအားကို ဝါးမျိုနိုင်ခဲ့သည်။သူ၏မှော်စွမ်းအားများသည် အလွန်အမင်းတုန်လှုပ်ချောက်ချားဖွယ်ကောင်းသဖြင့် ကျင့်ကြံဆင့်နယ်ပယ်တူအတွင်းတွင် လူနည်းစုကသာ သူနှင့်ယှဥ်ပြိုင်နိုင်သည်။

"ကောင်းကင်ဘုံမိုးကြိုးရိုက်ခတ်ရင်...မိုးကောင်းကင်တစ်ခုလုံးကိုတောင် တုန်ခါစေနိုင်တယ်"

ရှားဟိုလီက ခြေတစ်လှမ်းရှေ့တိုးလိုက်ရာ သူ၏လက်ဝါးအတွင်းမှ မိုးကြိုးလှိုင်းများ လူးလွန့်၍ထွက်ပေါ်လာပြီး ရှုရာဧကရာဇ်ကျိုးရှောင်ထံသို့ဦးတည်၍ ကျရောက်သွားသည်။

သို့သော် သူသည် ရှုရာဧကရာဇ်ကျိုးရှောင်နှင့် နီးကပ်သွားသောအချိန်တွင် တခြားရှုရာဧကရာဇ်နှစ်ယောက်က ရှေ့သို့ထွက်လာပြီး ရှားဟိုလီကို ရင်ဆိုင်တိုက်ခိုက်လိုက်၏။

နှစ်ဖက်စလုံးသည် ရွှယ်အင်မော်တယ်နယ်ပယ်ကျင့်ကြံသူများဖြစ်သဖြင့် တိုက်ပွဲသည် အလွန်ပြင်းထန်ပြီး ကြယ်မြစ်အတွင်း၌ လေဟာနယ်အက်ကွဲကြောင်းများပင် ဖြစ်ပေါ်လာခဲ့သည်။

တခြားတစ်ဖက်တွင်....အဓိကတိုက်ပွဲကွင်းပြင်၌...

စစ်သင်္ဘောတစ်စင်းဆုံးရှုံးသွားမှုကြောင့် တော်ဝင်စစ်တပ်၏စိတ်ဝိညာဥ်အမြှောက်များဖြင့် တိုက်ခိုက်နေသောနေရာတွင် ကွာဟချက်တစ်ခု ရုတ်တရက်ဖြစ်ပေါ်သွားလေ၏။

ရှုရာစစ်တပ်သည် ချက်ချင်းဆိုသလိုပင် ထိုဟာကွက်နေရာကို ရှာဖွေတွေ့ရှိသွားသည်။ရုတ်ချည်းဆိုသလိုပင် သန်းနှင့်ချီသောရှုရာများသည် ထိုဟာကွက်နေရာကိုဖြတ်ကျော်၍ တရကြမ်းပြေးဝင်လာကြသည်။

"အားလုံးပဲ...သူတို့ကို တိုက်ခိုက်ကြစမ်း"

လီကျင်းရှန့် သိုက်ဖုန်းနှင့် နတ်ဆိုးသားရဲဧကရာဇ်နှစ်ယောက်တို့သည် သူတို့၏မျက်လုံးများ နီမြန်းလာသည်အထိ ပြင်းပြင်းထန်ထန် တိုက်ခိုက်လိုက်ကြ၏။

နတ်ဆိုးသားရဲများသည် စစ်သင်္ဘောများ၏ပြင်ပမှ ဝိုင်းရံကာကွယ်ပေးနေပြီး ရှေ့ဆုံးမှဦးဆောင်ကာ ရှုရာများကို တိုက်ခိုက်နေသည်။

ရှုရာများ၏ခန္ဓာကိုယ်ဖွဲ့စည်းပုံသည် လူသားမျိုးနွယ်များထက် ပို၍အဆင့်မြင့်သည်။သို့ရာတွင် နတ်ဆိုးသားရဲများသည် ရှုရာများထက် ပို၍သာလွန်သောခန္ဓာကိုယ်ဖွဲ့စည်းပုံရှိပေ၏။ထူးဆန်းသောသန္ဓေပြောင်းသားရဲတချို့သည် သူတို့၏သန်မာသောရုပ်ခန္ဓာကိုယ်အင်အားကို အသုံးပြု၍ ရှုရာများကို အစိတ်စိတ်အမွှာမွှာ ဆုတ်ဖြဲနေလေသည်။

"လူသားတွေကိုသတ်ကြ...နတ်ဆိုးသားရဲတွေကို သတ်ကြစမ်း"

ရှုရာများသည် သွေးရူးသွေးတန်း တိုက်ခိုက်နေကြ၏။သူတို့၏မျက်လုံးများအတွင်း၌ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများနှင့် ပြည့်နှက်နေပြီး သူတို့ရှေ့ရှိနတ်ဆိုးသားရဲများကို ပြင်းပြင်းထန်ထန် တိုက်ခိုက်နေသည်။

ဖေးထျန်ကွမ်းသည် ဓားတစ်လက်ကိုကိုင်ဆောင်၍ ရှုရာဧကရာဇ်သုံးယောက်နှင့် ပြင်းထန်သောတိုက်ပွဲတစ်ခုကို ဆင်နွှဲနေလေသည်။

Thank For Reading.

All Chapters