အခန်း (၂၀၀၁-၂၀၀၅)
Vol. 103 Ch. 2001-2005
Chapter 2001
တစ်ချိန်တုန်းက မေတ္တာတရားကြီးမားသော ဗုဒ္ဓကျင့်ကြံသူတစ်ယောက်သည် အကယ်၍ သူသည် သက်ရှိသတ္တဝါများကို ကယ်တင်နိုင်ခြင်းမရှိပါက သူ၏ရုပ်ခန္ဓာကိုယ်ဖြင့် ငရဲသို့ကျရောက်ပြီး ဘယ်သောအခါမှ ဗုဒ္ဓဖြစ်မလာစေရန် ကျိန်ဆိုခဲ့သည်။
ဤသည်က စိတ်ကူးယဥ်ဆန်သောတွေးတောမှုမဟုတ်ဘဲ ကျင့်ကြံခြင်းလမ်းစဥ်တစ်မျိုးပင်။
ကျင့်ကြံသူတစ်ယောက်သည် နိမ့်ပါးသောအရည်အချင်းမျိုးရှိနေလျှင်ပင် ကောင်းမှုကုသိုလ်စွမ်းအားများ စုဆောင်းနိုင်သရွေ့ ကောင်းကင်ဘုံ၏ကောင်းချီးပေးမှုကိုခံရပြီး မမျှော်လင့်ထားသောအံ့အားသင့်ဖွယ် ကိစ္စများနှင့် ကြုံတွေ့ရပေမည်။
ယခုလက်ရှိချိန်တွင် လုယွီသည် အငြိုးကြီးစိတ်ဝိညာဥ်တစ်ကောင်ကို လွတ်မြောက်သွားစေသည့်အချိန်တိုင်း ထိုစိတ်ဝိညာဥ်သည် သူ၏စိတ်နှလုံးသားအောက်ခြေမှနေ၍ လုယွီအပေါ် နက်နက်ရှိုင်းရှိုင်း ကျေးဇူးတင်နေလေ၏။
သန့်စင်သော ကောင်းမှုကုသိုလ်စွမ်းအားများသည် လုယွီ၏အလင်းဘီးကြီးအတွင်းသို့ စီးဝင်နေသည်။ဤအချိန်အခိုက်အတန့်တွင် လုယွီသည် လောကကြီး၏တစ်ဦးတည်းသောနတ်ဘုရားနှင့် တူညီနေပေ၏။
"ကောင်းမှုကုသိုလ်စွမ်းအားတွေနဲ့ ငါ့ရဲ့ကျင့်ကြံဆင့်အတားအဆီးကို ချိုးဖျက်နိုင်တော့မယ်"
လုယွီသည် ကောင်းမှုကုသိုလ်စွမ်းအားများကိုအသုံးပြု၍ သူ၏အတားအဆီးကိုချိုးဖျက်ရန် ဆုံးဖြတ်လိုက်သည်။
လုယွီ၏ခန္ဓာကိုယ်အတွင်း၌ ခပ်အုပ်အုပ်ပေါက်ကွဲသံများ မြည်ဟီးလာသည်။အစွမ်းထက်သော မှော်စွမ်းအားများသည် သူ၏ခန္ဓာကိုယ်တစ်ခုလုံးရှိ မရီးဒါန်းများအတွင်းသို့ စီးဝင်လာပြီးနောက် ချက်ချင်းဆိုသလိုပင် သူ၏ခန္ဓာကိုယ်ရှိအပ်စိုက်မှတ်များအားလုံး ပွင့်သွားခဲ့သည်။
အကယ်၍ တစ်စုံတစ်ယောက်မှ အနီးကပ်ကြည့်ရှုပါက လုယွီ၏ခန္ဓာကိုယ်အတွင်းရှိ မရီးဒါန်းများကို ရွှေရောင်အလင်းတန်းစီးကြောင်းများဖြင့် ရစ်ပတ်ထားသည်ကို တွေ့မြင်ရပေမည်။ထိုမရီးဒါန်းများသည် သလင်းကျောက်ကဲ့သို့ ကြည်လင်နေပြီး နှိုင်းယှဥ်ပြစရာမရှိအောင် မာကျောကြမ်းတမ်းနေသည်။
ဝေါင်း....
လုယွီ၏ရင်ဘတ်အတွင်းတွင် ခပ်သဲ့သဲ့နဂါးဟိန်းသံတစ်သံက ပဲ့တင်ထပ်နေသည်။
ယေဘုယျကျကျပြောဆိုရပါက လောကီအင်မော်တယ်နယ်ပယ် အထွတ်အထိပ်အဆင့်ကျင့်ကြံသူတွင် အစစ်အမှန်နဂါးတစ်ကောင်၏ခွန်အားမှာ အကန့်အသတ်ဖြစ်သည်။
သို့ရာတွင် လုယွီထံတွင် အစစ်အမှန်နဂါးနှစ်ကောင်၏ခွန်အားမျိုး ပိုင်ဆိုင်ထားပြီးလေပြီ။
ယခုလက်ရှိချိန်တွင် အကန့်အသတ်မရှိသော ကောင်းမှုကုသိုလ်စွမ်းအားများ စုဝေးလာခြင်းနှင့်အတူ အစစ်အမှန်နဂါးတစ်ကောင်၏ပုံရိပ်က လုယွီ၏နောက်၌ သိပ်သည်းစပြုလာသည်။
ဤသည်က ကောင်းကင်ကုသိုလ်စွမ်းအားများမှ ဖြစ်တည်လာသော အစစ်အမှန်နဂါးဖြစ်ပြီး အစွမ်စထက်ကာ လွှမ်းမိုးချုပ်ကိုင်နိုင်မှုကြီးမားသည်။
"ရှစ်ဖန့်...ခင်ဗျားမှာ ဘာဝှက်ဖဲတွေရှိသေးလဲ...ထပ်ပြီးထုတ်လိုက်အုံး"
လုယွီက လေထုအတွင်း၌ မတ်တတ်ရပ်နေပြီး ခြေတစ်လှမ်းရှေ့တိုးလိုက်သည်နှင့် လေဟာနယ်အတွင်း၌ လှိုင်းဂယက်များ ဖြစ်ပေါ်သွားသည်။
ဝေါင်း....
မိုးကောင်းကင်တုန်ခါလုမတက် နဂါးဟိန်းသံကြီးက ထပ်မံ၍ထွက်ပေါ်လာသည်။လုယွီသည် အစစ်အမှန်နဂါးတစ်ကောင်၏ပုံရိပ်ကို ထပ်မံ၍သိပ်သည်းပြီးလေပြီ။
အစစ်အမှန်နဂါးလေးကောင်၏စွမ်းအား...
ဤှအချိန်အခိုက်အတန့်တွင် လုယွီ၏ခန္ဓာကိုယ်တစ်ခုလုံး ရွှေရောင်တောက်ပနေပြီး သူ၏မရီးဒါန်းများအားလုံး စွမ်းအားများဖြင့် ပြည့်နှက်ကာ မာကျောကြမ်းတမ်းနေသည်။
သူသည် ယခင်ထက်နှစ်ဆခန့် အစွမ်းထက်သွားလေပြီ။
သို့ရာတွင် ဤှသည်က အဆုံးသတ်မဟုတ်သေးချေ။
ပတ်ဝန်းကျင်ရှိ အငြိုးကြီးစိတ်ဝိညာဥ်များ မြေအောက်နန်းတော်အတွင်းသို့ အဆက်မပြတ်ဝင်ရောက်နေသည်နှင့်အမျှ လုယွီ စုပ်ယူရရှိသော ကောင်းမှုကုသိုလ်စွမ်းအားများ ပို၍သန့်စင်အားကောင်းလာပေ၏။
ယခုလက်ရှိချိန်တွင် လုယွီ၏ခွန်အားသည် မြေကမ္ဘာအင်မော်တယ်တစ်ယောက်ထက် ကျော်လွန်သွားလေပြီ။သူသည် ကျူးရုံအစစ်အမှန်ခန္ဓာကိုယ်ကို အသုံးမပြုလျှင်ပင် မြေကမ္ဘာအင်မော်တယ်အထွတ်အထိပ်အဆင့်တစ်ယောက်ကို တိုက်ခိုက်နိုင်ပေမည်။
ဤသည်က လုယွီသည် ရှေးဟောင်းအစစ်အမှန်အင်မော်တယ်ဖြစ်နေခြင်းကြောင့်ပင်။သူ၏ရုပ်ခန္ဓာကိုယ်သည် သာမာန်ထက်သာလွန်ထူးကဲသဖြင့် ဤစွမ်းအားမျိုးကို အပြည့်အဝထိန်းချုပ်နိုင်စွမ်းရှိသည်။
ရှုရာဧကရာဇ်ရှစ်ဖန့်က ထိုမြင်ကွင်းကိုမြင်ချိန်တွင် သူက ကူကယ်ရာမဲ့စွာဖြင့် မျက်မှောင်ကြုတ်လိုက်မိ၏။
"အဲ့ဒီကောင်လေးရဲ့အရှိန်အဝါက ပိုပြီးတောင် အားကောင်းလာတယ်...ငါ သူကို ဟန့်တားနိုင်မှရမယ်"
အချိန်တခဏကြာ တွေဝေတုံ့ဆိုင်းနေပြီးနောက် ရှုရာဧကရာဇ်ရှစ်ဖန့်က ပြတ်ပြတ်သားသား ဆုံးဖြတ်ချက်ချလိုက်သည်။
သူ၏ခန္ဓာကိုယ်တစ်ခုလုံးအတွင်းရှိ သွေးစွမ်းအားများကိုနှိုးဆွ၍ သူ၏ရှေ့တွင် သွေးနီရောင်လက်ဝါးပုံရိပ်ကြီးအဖြစ် သိပ်သည်းလိုက်သည်။ထိုလက်ဝါးပုံရိပ်ကြီးသည် နေရာအနှံ့၌ပြန့်ကျဲနေသော သွေးများကိုသိပ်သည်း၍ ကြီးကျယ်ခမ်းနားသောအရှိန်အဝါကို ထုတ်လွှက်နေလေ၏။
"သေစမ်း"
ရှုရာဧကရာဇ်ရှစ်ဖန့်က လက်ဝါးတစ်ချက်ရိုက်ထုတ်လိုက်ရာ သွေးနီရောင်လက်ဝါးပုံရိပ်ကြီးသည် လုယွီထံသို့ တဟုန်ထိုးပြေးဝင်သွားသည်။
ထိုသွေးနီရောင်လက်ဝါးပုံရိပ်ကြီးနှင့်ရင်ဆိုင်ရသည့်တိုင် လုယွီသည် ရှောင်ရှားခြင်းမရှိချေ။
"ရှစ်ဖန့်...ခင်ဗျား ခုချိန်မှာ ကျုပ်ကို ဘာမှမလုပ်နိုင်တော့ဘူး"
လုယွီက ရုတ်တရက် ရှေ့သို့တိုးလိုက်ရာ သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှမှော်စွမ်းအားများ ရုတ်တရက်ပွင့်အံထွက်လာသည်။
ကောင်းမှုကုသိုလ်စွမ်းအားများ၏ကူညီထောက်ပံမှုဖြင့် ဤအချိန်တွင် လုယွီထံ၌ အစစ်အမှန်နဂါးငါးကောင်၏ခွန်အားမျိုး ပိုင်ဆိုင်ထားသည်။
ထို့ပြင် ကျူးရုံအစစ်အမှန်ခန္ဓာကိုယ်၏ကောင်းချီးပေးမှုနှင့်အတူ လုယွီ၏ခွန်အားသည် အစစ်အမှန်နဂါးဆယ်ကောင်၏စွမ်းအားထက် ကျော်လွန်သွားလေပြီ။
ဤအချိန်အခိုက်အတန့်တွင် လုယွီထံ၌ ရွှယ်အင်မော်တယ်တစ်ယောက်နှင့် ယှဥ်ပြိုင်နိုင်သည့်စွမ်းအားမျိုး ရှိနေလေ၏။
လုယွီ၏လက်ချောင်းများ လှုပ်ခတ်လိုက်မှုနှင့်အတူ ဆယ်မီတာကျော်ရှည်လျားသော အဖြူရောင်ဓားချီတစ်လှိုင်းက လုယွီ၏လက်အတွင်း၌ ထွက်ပေါ်လာသည်။
ရှေးဟောင်းသိုင်းပညာနည်းစနစ်...အင်မော်တယ်သုတ်သင်ဓားချက်...
ထိုဓားချက်သည် အလွန်ကျယ်ပြန့်ပြီး ကြီးကျယ်ခမ်းနားကာ သွေးနီရောင်လက်ဝါးပုံရိပ်ကြီးကို ကြေမွပျက်စီးသွားစေပြီး ရှုရာဧကရာဇ်ရှစ်ဖန့်ကို ရိုက်ခတ်မိသွားသည်။
ထိုဓားချက်၏အောက်တွင် ရှုရာဧကရာဇ်ရှစ်ဖန့်သည် ခုခံနိုင်စွမ်းကင်းမဲ့နေလေ၏။
Chapter 2002
ဝှစ်...
ထိုဓားချီနှင့်ထိတွေ့မိသည်နှင့် ရှုရာဧကရာဇ်ရှစ်ဖန့်၏ခန္ဓာကိုယ်တွင် အပေါက်ကြီးတစ်ခုအဖြစ် ပွင့်ထွက်သွားပြီး သွေးများက နေရာအနှံ့အပြားသို့ ဖြာကျသွားသည်။
စူးရှသောဓားချီသည် ထိုဒဏ်ရာတဝိုက်ကို ဆက်လက်၍တိုက်စားနေပြီး ပြန်လည်ကုသ၍မရစေရန် ဟန့်တားနေသည်။
"ထပ်ပြီး ဖြတ်တောက်စမ်း"
လုယွီသည် အင်မော်တယ်သုတ်သင်ဓားချီကို ထိန်းချုပ်လိုက်ရာ နောက်ထပ်ဓားအလင်းတန်းတစ်ခုက ကောင်းကင်ယံကို ဖြတ်သန်းသွားသည်။
ဤတစ်ကြိမ်တွင် ဓားချီသည် လျှပ်ပြက်သကဲ့သို့ အလွန်လျှင်မြန်စွာ ထွက်ပေါ်လာခဲ့ပြီး ကိုးဘဝရန်ငြိုးခန္ဓာကိုယ်၏ခေါင်းကိုးလုံးမှတစ်လုံးကို ခုတ်ပိုင်းလိုက်၏။
ထိုဦးခေါင်းထံမှ စူးရှနာကျင်သောအော်ဟစ်သံများ ထွက်ပေါ်နေသော်လည်း လုယွီထံတွင် ဗုဒ္ဓကျင့်ကြံသူများကဲ့သို့ သနားကြင်နာမှုများ ရှိမနေချေ။ထိုအစား သူ၏မျက်နှာပေါ်တွင် ရက်စက်ကြမ်းကြုတ်သောအရိပ်အယောင်များသာ ထင်ဟပ်နေသည်။
ဓားချီဖြင့်ခုတ်ပိုင်းခံလိုက်ရသော ဦးခေါင်းပြတ်ကြီးမှနေ၍ စူးရှကျယ်လောင်သော အော်ဟစ်သံတစ်သံ ထွက်ပေါ်လာပြီးနောက် အခိုးအငွေ့အဖြစ်သို့ ပြောင်းလဲသွားတော့သည်။
"သောက်ချေးပဲ...ကောင်စုတ်လေး...မင်း ဘယ်လိုမှော်နည်းစနစ်မျိုးတွေ သုံးနေတာလဲ"
ရှုရာဧကရာဇ်ရှစ်ဖန့်သည် သူ ဆင့်ခေါ်ထားသော ကိုးဘဝရန်ငြိုးခန္ဓာကိုယ် ပျက်စီးပြိုလဲတော့မည့် အရိပ်အယောင်များ ထွက်ပေါ်လာသည်ကို ရုတ်တရက် ခံစားမိလေ၏။
သူသည် ရှေးဟောင်းကောင်းကင်ဘုံရန်ငြိုးတရားဂိုဏ်းမှ ကျင့်ကြံနည်းစနစ်များကိုကျင့်ကြံသူဖြစ်၍ သူ၏နည်းစနစ်များမှာ ပြိုင်ဘက်ကင်းဖြစ်သည်ဟု ယူဆထားသည်။သို့ရာတွင် လုယွီ၏ကျင့်ကြံနည်းစနစ်များသည် ရှေးယောင်းကောင်းကင်ဘုံတရားရုံးမှ အမတ်ကြီးချွယ်ဖန်တီးခဲ့သော နည်းစနစ်များဖြစ်နေသည်ကို သူ သိရှိနိုင်မည်မဟုတ်ချေ။
အမတ်ကြီးချွယ်သည် မဟာမိုးကောင်းကင်ရွှယ်အင်မော်တယ်တစ်ယောက်ဖြစ်ပြီး ကောင်းကင်ဘုံတရားရုံးတွင် ထိပ်တန်းတည်ရှိမှုကြီးဖြစ်သည်။အချိန်ကာလကြာမြင့်သည်အထိ သူသည် အသက်ရှင်နေထိုင်နိုင်ခဲ့သည်။
သူဖန်တီးခဲ့သော ကျင့်ကြံနည်းစနစ်များသည် အလွန်အမင်း အစွမ်းထက်သည်။လုယွီနှင့်ရင်ဆိုင်ရချိန်တွင် ရှေးဟောင်းကောင်းကင်ဘုံရန်ငြိုးတရားဂိုဏ်းမှ မှော်နည်းစနစ်များသည် အောက်တန်းကျသောအဆင့်တွင်သာရှိပြီး တိုက်ခိုက်မှုတစ်ခုကိုပင် ခုခံနိုင်စွမ်းမရှိချေ။
ထိုဓားချီသည် ကိုးဘဝရန်ငြိုးခန္ဓာကိုယ်မှ ခေါင်းများကို ဖြတ်တောက်ပြီးသည့်တိုင် ရပ်တန့်သွားခြင်းမရှိဘဲ ဒဏ်ရာတဝိုက်ကို အဆက်မပြတ်တိုက်စားကာ ပြန်လည်ကောင်းမွန်လာမှုမရှိစေရန် ဟန့်တားနေသည်။
"ကောင်လေး...ငါ မင်းကို သေတဲ့အထိတိုက်ခိုက်မယ်"
ရှုရာဧကရာဇ်ရှစ်ဖန့်သည် ဒေါသတကြီးအော်ဟစ်လိုက်ပြီးနောက် ကြွင်းကျန်သောအငြိုးကြီးစိတ်ဝိညာဥ်ရှစ်ကောင်က သူ၏ခန္ဓာကိုယ်မှ ပျံဝဲထွက်လာသည်။
ရုတ်ချည်းဆိုသလိုပင် ပတ်ဝန်းကျင်နေရာတစ်ခုလုံး အရိုးကွဲမတက်အေးစိမ့်မှုလှိုင်းများ လွှမ်းခြုံသွားသည်။ထိုအေးစိမ့်မှုသည် ပတ်ဝန်းကျင်နေရာတဝိုက်၌ ရှိနေသူများအားလုံးကို တုန်ရီသွားစေသည်။
အငြိုးကြီးစိတ်ဝိညာဥ်ရှစ်ကောင် လုယွီနှင့်နီးကပ်လာချိန်တွင် ရုတ်တရက် အဖိုးအိုအသွင်ရှိသောစိတ်ဝိညာဥ်သည် နောက်သို့ပြန်လှည့်၍ ရှုရာစစ်တပ်ထံဦးတည်၍ ပျံသန်းသွားသည်။
ဤှသည်က ရှုရာဧကရာဇ်ရှစ်ဖန့်၏ယောင်ပြတိုက်ခိုက်မှုပင်။သူ၏အစစ်အမှန်ရည်ရွယ်ချက်မှာ ဤတိုက်ပွဲနေရာမှ ထွက်ပြေးနိုင်ရန်ဖြစ်သည်။
ရှုရာဧကရာဇ်ရှစ်ဖန့်သည် သူ၏ဝှက်ဖဲများအားလုံးကို အသုံးပြုပြီးလေပြီ။သို့ရာတွင် လုယွီထံ၌ သူ့အား ထိန်းချုပ်ဟန့်တားရန် အကန့်အသတ်မရှိသောနည်းလမ်းမျိူးရှိနေပုံရသည်။
သူ ထိတ်လန့်ကြောက်ရွံနေပေ၏။ရှုရာဧကရာဇ်ရှစ်ဖန့်သည် သူ့ရှေ့ရှိလူငယ်လေးထံမှနေ၍ သူ့အားသတ်ဖြတ်နိုင်သော ခြိမ်းခြောက်မှုအငွေ့အသက်ကို ခံစားမိသည်။
"ထွက်ပြေးချင်တာလား"
တခြားအငြိုးကြီးစိတ်ဝိညာဥ်များ သူ၏လမ်းကြောင်းအား ပိတ်ဆို့ထားသည်ကိုကြည့်ပြီး လုယွီ၏လည်ချောင်းအတွင်းမှနေ၍ အော်ဟစ်ကြုံးဝါးသံတစ်သံ ထွက်ပေါ်လာသည်။
မြေအောက်လောကနတ်ဘုရား၏အော်ဟစ်ကြုံးဝါးသံ....
ဤသည်က မြေအောက်လောက၏အရှင်သခင်သည် သရဲတစ္ဆေစိတ်ဝိညာဥ်များကို ဆူပူကြိမ်းမောင်းလိုက်သည်နှင့် တူညီပေ၏။လုယွီနှင့်နီးကပ်နေသော အငြိုးကြီးစိတ်ဝိညာဥ်များ နောက်သို့ဆုတ်သွားကြပြီး ထိုစိတ်ဝိညာဥ်များ၏ခန္ဓာကိုယ်များအားလုံး ပျက်ပြယ်သွားလုမတက် မှုန်ဝါးသွားသည်။
"ရှစ်ဖန့်...ကျုပ် ခင်ဗျားကို ဒီနေ့ ဘယ်နည်းနဲ့မှ အလွတ်မပေးနိုင်ဘူး"
လုယွီ၏မျက်လုံးအတွင်း၌ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ ထင်ဟပ်လာသည်။
ယခုလက်ရှိချိန်တွင် သူသည်လည်း အကန့်အသတ်သို့ ရောက်ရှိနေလေပြီ။
ကျူးရုံအစစ်အမှန်ခန္ဓာကိုယ်ကို အဆက်မပြတ်နှိုးဆွခဲ့သည့်အပြင် ကျင့်ကြံဆင့်ချိုးဖျက်ခဲ့မှုကြောင့် လုယွီ၏မိုးကောင်းကင်လှိုဏ်ဂူအတွင်းရှိ မှော်စွမ်းအားများ ခန်းခြောက်လုဆဲဆဲအခြေအနေသို့ ရောက်ရှိနေသည်။
"ဒီလျှို့ဝှက်နည်းစနစ်ရဲ့အချိန်အကန်အသတ်ပြည့်သွားတာနဲ့ ငါက အချိန်တစ်ခုထိ အားနည်းသွားမှာ... ငါ သူကို ချက်ချင်းသတ်ပစ်မှရမယ်"
လုယွီသည် တွေဝေတုံ့ဆိုင်းနေခြင်းမရှိတော့ဘဲ သူ၏ကိုယ်ပိုင်အသက်စွမ်းအားကို လောင်ကျွမ်းလိုက်၏။
အစစ်အမှန်နဂါးဆယ့်တစ်ကောင်၏စွမ်းအား...
အစစ်အမှန်နဂါးဆယ့်နှစ်ကောင်....
အစစ်အမှန်နဂါး ဆယ့်ရှစ်ကောင်....
ကျူးရုံအစစ်အမှန်ခန္ဓာကိုယ်၏ကူညီထောက်ပံမှုဖြင့် လုယွီ၏ခွန်အားသည် တုန်လှုပ်ချောက်ချားဖွယ်အခြေအနေတစ်ခုသို့ ရောက်ရှိသွားခဲ့သည်။
လုယွီ၏ခွန်အားများ အဆက်မပြတ်မြင့်တက်လာသည်ကိုခံစားမိသော ရှုရာဧကရာဇ်ရှစ်ဖန့်သည် လိပ်ပြာလွင့်လုမတက် ထိတ်လန့်ကြောက်ရွံနေပေ၏။
"ကျိုးရှောင်...ကျွန်တော်ကို ကယ်ပါအုံး"
ရှုရာဧကရာဇ်ရှစ်ဖန့်က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
ဤနေရာ၌ဖြစ်ပျက်ခဲ့သော တိုက်ပွဲသည် တိုက်ပွဲကွင်းပြင်တစ်ခုလုံးမှလူများ၏၏စိတ်အာရုံကို ဆွဲဆောင်ထားနိုင်ခဲ့သည်။
သို့ရာတွင် နောက်ဆုံး၌ ရှုံးနိမ့်သွားသူသည် ရှုရာဧကရာဇ်ရှစ်ဖန့်ဖြစ်နေမည်ဟု မည်သူကမျှ မျှော်လင့်မထားမိကြချေ။
"လူသားမျိုးနွယ်စစ်ဗိုလ်ချုပ်တစ်ယောက်က ရှုရာဧကရာဇ်ရှစ်ဖန့်ကို အနိုင်ယူလိုက်တူလား"
"ဒီကောင်လေးကို ဆက်ပြီးကြီးထွားခွင့်ပြုလို့မဖြစ်ဘူး...မဟုတ်ရင် နောင်အနာဂတ်မှာ ငါတို့ရှုရာနယ်မြေအတွက် ပြဿနာကြီးတစ်ခုဖြစ်လာမှာသေချာတယ်"
Chapter 2003
ရှုရာဧကရာဇ်ရှစ်ဖန့်၏အကူအညီတောင်းခံသံကြီးက ရှုရာစစ်တပ်တစ်ခုလုံးအနှံ့ ပဲ့တင်ထပ်ပျံ့နှံ့သွားသည်။
မကြာမီမှာပင် ရှုရာစစ်တပ်မှအစွမ်းထက်ကျင့်ကြံသူများသည် ထိုအကူအညီတောင်းခံမှုကို သဘောတူညီလိုက်ကြပုံရသည်။ရုတ်ချည်းဆိုသလိုပင် သူတို့သည် ပြင်းထန်သောမှော်စွမ်းအားများဖြင့် လုယွီထံဦးတည်ကာ တိုက်ခိုက်လိုက်ကြ၏။
"စက်ဆုပ်ဖို့ကောင်းလိုက်တာ"
ရှားဟိုလီက ထိုမြင်ကွင်းကိုမြင်သည်နှင့် ကျယ်လောင်စွာ အော်ဟစ်ကြုံးဝါးလိုက်သည်။
လုယွီသည် လောကီအင်မော်တယ်နယ်ပယ်ဖြင့်ပင် ရှုရာဧကရာဇ်ရှစ်ဖန့်ကို အဆက်မပြတ်နောက်ဆုတ်အောင် ဖိအားပေးတိုက်ခိုက်နိုင်ပြီး သတ်ဖြတ်နိုင်စွမ်းပင်ရှိသည်ကို လူတိုင်း တွေ့မြင်မိကြ၏။သူ၏အနာဂတ်အောင်မြင်မှုမှာ အကန့်အသတ်ရှိမည်မဟုတ်ချေ။
အကယ်၍ လုယွီသည် သူ၏အသက်ကိုဆက်လက်၍ ထိန်းသိမ်းထားနိုင်ပါက သူသည် တာယွီအင်ပါယာ၏ပါရမီရှင်တစ်ယောက်ဖြစ်လာမည်မှာ တိကျသေချာသည်။
"မိုးကြိုးဝေလ ကြုံးဝါးသံ"
ရှားဟိုလီသည် ဒေါသတကြီး အော်ဟစ်ကြုံးဝါးလိုက်၏။သူ၏လက်နှစ်ဖက်မှ မိုးကြိုးလှိုင်းများ တလိမ့်လိမ့်ထွက်လာပြီး ပတ်ဝန်းကျင်ရှိရန်သူများအားလုံးကို တိုက်ခိုက်လိုက်သည်။
အစွမ်းထက်သော ရှုရာများသည် ရှားဟိုလီကို ဝိုင်းရံထားကြပြီး သူက ဒေါသတကြီးဖြင့် ပြင်းပြင်းထန်ထန်တိုက်ခိုက်သည့်တိုင် သူတို့က နောက်ဆုတ်သွားခြင်းမရှိချေ။
"ဟား ဟား ဟား...ရှားဟိုလီ...မင်းတို့လူသားမျိုးနွယ်တွေရဲ့ပါရမီရှင်က ဒီနေ့ ဒီနေရာမှာ သေရတော့မယ်"
ရှုရာဧကရာဇ်များသည် သရော်တော်တော်ပြောဆိုပြီး ရှားဟိုလီ၏လမ်းကြောင်းကိုပိတ်ဆို့ဟန့်တားထားကာ လုယွီကို သွားရောက်ကယ်တင်ခွင့်မပြုပေ။
ထိုရှုရာများ၏တားဆီးဟန့်တားထားခြင်းကြောင့် ရှားဟိုလီသည် လုယွီကို ကယ်တင်လိုသော်လည်း စွမ်းဆောင်နိုင်ခြင်းမရှိချေ။
"မင်းတို့ ရှုရာနယ်မြေတစ်ခုလုံး ဒီကိစ္စအတွက် နောင်တရစေရမယ်...ငါ တော်ဝင်နန်းတော်ကို သတင်းပို့ပြီးတဲ့အချိန်ထိ စောင့်နေကြစမ်း...တော်ဝင်နန်းတော်ကနေ စစ်ကူတွေစေလွှက်လိုက်တာနဲ့ ငါ မင်းတို့ရှုရာတွေအားလုံးကို အမြစ်ပြတ်သုတ်သင်ပစ်မယ်"
ရှားဟိုလီက ဒေါသတကြီး အော်ဟစ်ကြုံးဝါးလိုက်၏။
သို့ရာတွင် ရှုရာဧကရာဇ်များကမူ ထိုသို့တွေးတောပုံမရချေ။
"ငါတို့မျိုးနွယ်ရဲ့နတ်ဘုရားက ပြန်ရှင်သန်လာခဲ့ပြီ...အချိန်ကျလာတာနဲ့ မင်းတို့တော်ဝင်နန်းတော်ကလူတွေတောင် သူတို့ကိုယ်သူတို့ ခက်ခက်ခဲခဲကာကွယ်နေရမှာ...မင်းက ငါတို့မျိုးနွယ်ကို အမြစ်ပြတ်သုတ်သင်ချင်တာလား...ဟား ဟား ဟား...ရယ်စရာတွေမပြောစမ်းနဲ့"
လူသားမျိုးနွယ်မှအစွမ်းထက်ကျင့်ကြံသူများအားလုံး ထိန်းချုပ်ဟန့်တားခံနေရချိန်တွင် ရှုရာနယ်မြေမှအစွမ်းထက်ကျင့်ကြံသူများက သူတို့၏မှော်မန္တန်များဖြင့် လုယွီကို ပြင်းပြင်းထန်ထန် တိုက်ခိုက်လိုက်ကြ၏။
ထိုမှော်မန္တန်များ၏စွမ်းအားများသည် ရှုရာဧကရာဇ်များထံမှဖြစ်သည်။အကယ်၍ ထိုစွမ်းအားလှိုင်းများသာ လုယွီကို ရိုက်ခတ်မိသွားပါက သူ သေဆုံးသွားရမည်မှာ သံသယဖြစ်ဖွယ်မရှိချေ။
"ငါ့ဆီမှာ အကာအကွယ်အနေနဲ့ ကောင်းကင်ဘုံဧကရာဇ်ရဲ့တိုက်ပွဲဝင်သံချပ်ကာရှိတယ်...ဒီတိုက်ခိုက်မှုတွေက ငါ့ကို သေစေနိုင်မှာမဟုတ်ဘူး...ငါက ဒီအခြေအနေကိုအခွင့်ကောင်းယူပြီး ရှစ်ဖန့်ကိုသတ်ဖြတ်တာ ပိုကောင်းလိမ့်မယ်"
လုယွီ၏စိတ်အတွင်း၌ အစီအစဥ်တစ်ခုရှိနေသည်။
လုယွီက ရုတ်တရက် ပတ်ဝန်းကျင်ကိုလှည့်ပတ်ကြည့်ပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်၏။
"ရှစ်ဖန့်...ခင်ဗျား မလွတ်စေရဘူး...ဒီနေ့ မင်းကို ဘယ်သူကမှ ကယ်တင်နိုင်မှာမဟုတ်ဘူး"
စကားဆုံးသည်နှင့် လုယွီသည် သူ၏နှစ်တစ်ရာ အသက်စွမ်းအားကို လောင်ကျွမ်းလိုက်သည်။ရုတ်ချည်းဆိုသလိုပင် ပြင်းထန်သောအားလှိုင်းတစ်ရပ်က သူ၏ခန္ဓာကိုယ်တွင်းအင်္ဂါများအတွင်းသို့ စီးဝင်လာခဲ့သည်။
ရုတ်ချည်းဆိုသလိုပင် လုယွီက ရှုရာဧကရာဇ်ရှစ်ဖန့်ပျံသန်းသွားသည့်ဘက်သို့ ခြေတစ်လှမ်းလှမ်းလိုက်သည်။
ပတ်ဝန်းကျင်ရှိ လေဟာနယ် ပြင်းပြင်းထန်ထန် တွန့်ခေါက်သွားသည်။ထိုလေဟာနယ်တွန့်ခေါက်သွားခြင်းနှင့်အတူ လုယွီ၏မှော်စွမ်းအားများဖြင့် သိပ်သည်းထားသော ခြေထောက်ကြီးတစ်ဖက်သည် ရှုရာဧကရာဇ်ရှစ်ဖန့်၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားလေ၏။
အစစ်အမှန်နဂါးဆယ့်ရှစ်ကောင်၏ခွန်အားက ချက်ချင်းဆိုသလို ပွင့်အံထွက်လာသည်။
ရှေးဟောင်းသိုင်းပညာနည်းစနစ်...ရှေးဟောင်းနတ်ဘုရားကောင်းကင်ဘုံတက်လှမ်းခြင်း...
ခြေတစ်လှမ်းဖြင့်ပင် ရှုရာဧကရာဇ်ရှစ်ဖန့်က သွေးတစ်လုတ်အန်ထုတ်လိုက်ရပြီး သူ၏ကြွင်းကျန်နေသော ကိုးဘဝရန်ငြိုးခန္ဓာကိုယ်သည်လည်း ရုတ်တရက်ကွဲထွက်သွားသည်။
ကိုးဘဝရန်ငြိုးခန္ဓာကိုယ်မှနေ၍ အနက်ရောင်အလင်းတန်းများ ထွက်ပေါ်လာပြီး အဝေးတစ်နေရာသို့ဦးတည်၍ ခွဲဖြာကာထွက်ပြေးသွားလေ၏။
ထိုမြင်ကွင်းသည် အလွန်အမင်းမြန်ဆန်စွာဖြစ်ပျက်သွားခဲ့သည်။မည်သည့်အလင်းတန်းသည် ရှုရာဧကရာဇ်ရှစ်ဖန့်ဖြစ်ကြောင်း ခွဲခြားရန်မလွယ်ကူချေ။
"ဟမ့်...ပြေးချင်သေးတာလား"
လုယွီက အေးစက်စက်နှာမှုတ်လိုက်ပြီးနောက် သူ၏နောက်ရှိ မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီး၏လက်အတွင်း၌ အစိမ်းရောင်မီးအိမ်တစ်လုံး ထွက်ပေါ်လာသည်။ထိုမီးအိမ်မှအလင်းတန်းတစ်ခုသည် ချိတ်အသွင်ပြောင်းလဲသွားပြီး အဝေးသို့ထွက်ပြေးသွားသော ရှုရာဧကရာဇ်ရှစ်ဖန့်၏ပုံရိပ်ယောင်ကို ချိတ်ဆွဲလိုက်၏။
ရှုရာဧကရာဇ်ရှစ်ဖန့် ချိပ်ပိတ်ခံလိုက်ရပုံပေါ်လွင်နေသည်။အစိမ်းရောင်အလင်းတန်းများအကြားတွင် သူ၏စိတ်ဝိညာဥ်သည် ထိတ်လန့်တုန်လှုပ်နေသောမျက်နှာအမူအယာဖြင့်ရှိနေသည်။
"အရှင်ကျိုးရှောင်...ကျွန်တော်ကို ကယ်ပါအုံး"
ရှုရာဧကရာဇ်ရှစ်ဖန့်သည် သေရေးရှင်ရေးအခြေအနေမျိုးနှင့် ကြုံတွေ့နေသဖြင့် သူ အရှက်ရမည်ကို စိုးရိမ်ပူပန်ခြင်းမရှိတော့ဘဲ အော်ဟစ်၍အကူအညီ တောင်းခံလိုက်သည်။
"ဒါက အသုံးမဝင်ဘူး...ခင်ဗျားကို ဘယ်သူမှကယ်တင်နိုင်မှာမဟုတ်ဘူး"
လုယွီ၏မျက်လုံးအတွင်း၌ အေးစက်စက်အလင်းရောင်များ ဖြတ်ပြေးသွားသည်။သူက အစိမ်းရောင်မီးအိမ်ကိုထိန်းချုပ်၍ ရှုရာဧကရာဇ်ရှစ်ဖန့်၏စိတ်ဝိညာဥ်ကို ဆွဲယူလိုက်၏။
ထို့နောက် မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီး၏ပါးစပ်ကြီးပွင့်လာပြီး ထိုစိတ်ဝိညာဥ်ကို ဝါးမျိုလိုက်တော့သည်။
ရှုရာဧကရာဇ်ရှစ်ဖန့်၏စိတ်ဝိညာဥ်သည် လုယွီ၏ချိပ်ပိတ်ခြင်းကိုခံရပြီး အရိပ်အယောင်ပင် မကျန်ရှိတော့ချေ။
လုယွီ၏စိတ်ဝိညာဥ်သည် တာအိုသခင်၏စိတ်ဝိညာဥ်ဖြစ်သည်။ရှုရာဧကရာဇ်ရှစ်ဖန့်သည် အနည်းငယ်မျှပင် ခုခံကာကွယ်နိုင်ခြင်းမရှိဘဲ ချိပ်ပိတ်ခံလိုက်ရ၏။
Chapter 2004
"ကောင်လေး...မင်းက ငါ့ကိုချိပ်ပိတ်လို့ရမယ်လို့ ထင်နေတာလား"
ရှုရာဧကရာဇ်ရှစ်ဖန့်သည် မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီး၏ဝါးမျိုခြင်းကိုခံရပြီးနောက် လုယွီ၏ချိပ်ပိတ်ခံထားရမှုမှ လွတ်မြောက်စေရန်အတွက် ပြင်းပြင်းထန်ထန် ရုန်းကန်နေသည်။
လုယွီနှင့်တူညီစွာပင် သူသည်လည်း မောပန်းနွမ်းနယ်နေပြီး သူ၏မှော်စွမ်းအားများ ကုန်ခမ်းနေလေပြီ။သို့ရာတွင် မည်သို့ပင်ဆိုစေကာမူ ရှစ်ဖန့်သည် ရှုရာဧကရာဇ်တစ်ယောက်ဖြစ်၍ သာမာန်အငြိုးကြီးစိတ်ဝိညာဥ်များထက် များစွာပို၍အားကောင်းသည်။
"ရှစ်ဖန့်...ခင်ဗျားက ကျုပ်ရဲ့ချိပ်ပိတ်တာကို ခံရပြီးပြီ...ချိုးဖျက်နိုင်ဖို့ဆိုတာ စဥ်းတောင်မစဥ်းစားနဲ့"
လုယွီက အေးစက်စက် နှာတစ်ချက်မှုတ်လိုက်သည်။သူ့စိတ်ဝိညာဥ်မှစွမ်းအားများ ရုတ်တရက်ပွင့်အံထွက်လာပြီး ရှုရာဧကရာဇ်ရှစ်ဖန့်၏စိတ်ဝိညာဥ်ကို ဖိနှိပ်လိုက်၏။
ရှုရာဧကရာဇ်ရှစ်ဖန့်သည် အစပထမ၌ ကြက်သေသေနေသော်လည်း မကြာမီမှာပင် သူ၏စိတ်ဝိညာဥ်တစ်ခုလုံး ပြင်းပြင်းထန်ထန် တုန်ခါလာခဲ့သည်။
"မဟုတ်ဘူး...မင်းက လောကီအင်မော်တယ်တစ်ယောက် မဖြစ်နိုင်ဘူး...မင်းရဲ့စွမ်းအားက လောကီအင်မော်တယ်တစ်ယောက် ပိုင်ဆိုင်နိုင်တဲ့အရာမျိုးမဟုတ်ဘူး"
ရှုရာဧကရာဇ်ရှစ်ဖန့်က ထိတ်လန့်တကြား အော်ဟစ်လိုက်၏။
သို့ရာတွင် သူ အလွန်နောက်ကျသွားလေပြီ။
လုယွီသည် သူ့စိတ်ဝိညာဥ်မှစွမ်းအားကိုအသုံးပြု၍ ရှုရာဧကရာဇ်ရှစ်ဖန့်၏စိတ်ဝိညာဥ်မှအကာအကွယ်များကို ချိုးဖျက်လိုက်သည်။ထို့နောက် သူ၏အမှတ်အသားကို ရှုရာဧကရာဇ်ရှစ်ဖန့်၏စိတ်ဝိညာဥ်မှ အနက်ရှိုင်းဆုံးနေရာတွင် ခတ်နှိပ်လိုက်၏။
ထိုအရာများအားလုံး ပြုလုပ်ပြီးချိန်တွင် လုယွီက သူ၏ခန္ဓာကိုယ်တစ်ခုလုံး အားနည်းသွားခြင်းကို ခံစားမိသည်။သူထံ၌ လက်ချောင်းတစ်ချောင်းမြှောက်တင်ရန်ပင် ခွန်အားမကျန်ရှိတော့ချေ။
"လောကီအင်မော်တယ်နယ်ပယ်ရုပ်ခန္ဓာကိုယ်နဲ့ တာအိုသခင်အဆင့်စိတ်ဝိညာဥ်ကို ဖိအားပေးပြီးအသုံးပြုရတာက တကယ့်ကို မလွယ်ကူတဲ့ကိစ္စပဲ"
လုယွီက ကူကယ်ရာမဲ့စွာဖြင့် ခါးသည်းစွာပြုံးလိုက်သည်။
ဘုန်း...
သူ၏နောက်ရှိ မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီးကလည်း ချက်ချင်းဆိုသလိုပင် ပျောက်ကွယ်သွားခဲ့သည်။
လုယွီထံတွင် ခေါင်းအစခြေအဆုံး ခွန်အားတစိုးတစိမျှပင် မကျန်ရှိတော့ချေ။
ထို့အပြင် ယခုလက်ရှိချိန်၌ အစွမ်းထက်ရှုရာများ၏မှော်စွမ်းအင်လှိုင်းများက ဘက်ပေါင်းစုံမှနေ၍ လုယွီ၏အနီးသို့ ရောက်ရှိနေလေပြီ။
ဤအချိန်အခိုက်အတန့်တွင် လုယွီထံတွင် ထိုတိုက်ခိုက်မှုများကိုခုခံနိုင်ရန် ခွန်အားမရှိတော့ချေ။သူ၏တစ်ခုတည်းသောမျှော်လင့်ချက်မှာ ကောင်းကင်ဘုံဧကရာဇ်၏တိုက်ပွဲဝင်သံချပ်ကာသည် ထိုမှော်စွမ်းအင်လှိုင်းများအားလုံးကို ခုခံကာကွယ်နိုင်ရန်ပင်။
တုန်ခါသံများနှင့်အတူ မှော်စွမ်းအင်လှိုင်းများက လုယွီထံသို့ ရောက်ရှိလာခဲ့သည်။လုယွီ၏မျက်နှာသည် ယခင်အတိုင်း အေးဆေးတည်ငြိမ်နေဆဲဖြစ်ပြီး သူ၏စိတ်နှလုံးသားသည်လည်း ရေကဲ့သို့ တညိငြိမ်အေးချမ်းနေပေ၏။
အတိတ်ဘဝတွင် သူသည် မြောက်များစွာသောတာအိုသခင်များ၏ဝိုင်းရံတိုက်ခိုက်ခြင်းကို ခံနေရစဥ်တွင်ပင် ထိတ်ထိတ်ပျာပျာဖြစ်သွားခြင်းမျိုး မရှိခဲ့ချေ။
ဝှစ်...
ထိုမှော်စွမ်းအင်လှိုင်းများ လုယွီပေါ်သို့ ကျရောက်လုဆဲဆဲအချိန်မှာပင် တောက်ပသောရွှေရောင်အလင်းတန်းတစ်တန်းက ရုတ်တရက် မိုးကောင်းကင်ယံကိုဖြတ်သန်း၍ ကျရောက်လာသည်။
ထိုရွှေရောင်အလင်းတန်းအကြားတွင် ထက်ရှသောဓားချီတစ်လှိုင်း ရောယှက်နေပြီး လေပြင်းမုန်တိုင်းတစ်ခုအလား မှော်စွမ်းအင်လှိုင်းများကို ရိုက်ခတ်သွားသည်။
ဘုန်း ..ဘုန်း...ဘုန်း...
လုယွီ၏ရှေ့၌ ပေါက်ကွဲသံများ အဆက်မပြတ်ထွက်ပေါ်လာပေ၏။
လုယွီ၏အနီးသို့ရောက်ရှိနေသော မှော်စွမ်းအင်လှိုင်းများအားလုံး ထိုဓားချီ၏ချေမွှဖျက်ဆီးခြင်းခံလိုက်ရသည်။
"ပုန်ကန်နေတဲ့ကောင်တွေ...မင်းတို့က ဘယ်လိုသတ္တိမျိုးနဲ့ တော်ဝင်နန်းတော်ကစစ်ဗိုလ်ချုပ်တစ်ယောက်ကို တိုက်ခိုက်ဝံ့တာလဲ"
ဒေါသတကြီးအော်ဟစ်ကြုံးဝါးသံတစ်သံက ကောင်းကင်ယံတခွင်လုံးအနှံ့ ပဲ့တင်ထပ်ပျံ့နှံ့သွားသည်။
အဝေးရှိလေဟာနယ်အတွင်းမှနေ၍ ဓားပျံတစ်လက် ပျံသန်းလာသည်ကို တိုက်ပွဲကွင်းပြင်၌ရှိနေသူများအားလုံး မြင်တွေ့မိကြ၏။ထိုဓားပျံပေါ်တွင် လူလတ်ပိုင်းကြီးတစ်ယောက်က စီးနင်းလိုက်ပါလာသည်။
ထိုလူလတ်ပိုင်းကြီးသည် ရွှေရောင်သရဖူကိုဝတ်ဆင်ထားပြီး နဂါးအမှတ်အသားပါသောရွှေရောင်ပိုးထည်ဝတ်စုံကို ဝတ်ဆင်ထားသည်။သူသည် တိမ်ဖိနပ်ကိုစီးထားပြီး သူ၏ခါးတွင် ကြံ့ကျောက်စိမ်းခါးပတ်ကို ပတ်ထားသည်။သူထံတွင် ဓားသဏ္ဌာန်မျက်ခုံးမွှေးတစ်စုံရှိပြီး သူ၏မျက်လုံးများမှာ ကြယ်ရောင်တောက်ပနေပေ၏။သူ၏အင်္ကျီလက်နှစ်ဖက်သည် လေနှင့်အတူ တဖျပ်ဖျပ်လူးလွန့်နေသည်။
ထိုလူလတ်ပိုင်းကြီးနှင့်အတူ မြောက်မြားစွာသောဓားပျံများကလည်း ကောင်းကင်ယံအနှံ့ပြည့်နေသည်။
ထိုဓားပျံများ၏အရေအတွက်သည် သန်းရာနှင့်ချီနေပြီး ကောင်းကင်နှင့်မြေပြင်ပိတ်ဖုံးလုမတက် အလွန်များပြားပေ၏။ထိုဓားပျံပင်လယ်ကြီးသည် ချက်ချင်းဆိုသလိုပင် ရှုရာစစ်တပ်ထံသို့ ကျဆင်းသွားသည်။
"အား...မကောင်းတော့ဘူး...တော်ဝင်နန်းတော်က အစွမ်းထက်ကျင့်ကြံသူတွေ ရောက်လာပြီ"
"ထွက်သွားကြ...ဒီနေရာက မြန်မြန်ထွက်သွားကြစမ်း"
ရှုရာဘုရင်များသည် ထိုမြင်ကွင်းကိုမြင်သည်နှင့် ထိတ်လန့်တကြားအော်ဟစ်ကာ နောက်သို့ပြန်လှည့်၍ ထွက်ပြေးကြတော့သည်။
အချိန်မီထွက်ပြေးနိုင်ခြင်းမရှိသော ရှုရာများကို ဓားပျံများက ထွင်းဖောက်သွားသဖြင့် ရှုရာအမြောက်အများ သွေးအိုင်များအတွင်းသို့ လဲကျသွားလေ၏။
မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် ရှုရာအမြောက်အများ သေဆုံးသွားသဖြင့် ရှားဟိုလီ၏စစ်တပ်အပေါ် သက်ရောက်နေသောဖိအား ချက်ချင်းဆိုသလိုပင် လျော့ကျသွားသည်။
"ဟမ့်...ကြည့်ရတာတော့ တော်ဝင်နန်းတော်မှာ ဘယ်သူမှမရှိတော့ပုံပဲ...သူတို့က မင်းကို အသေခံဖို့ ဒီနေရာကိုလွှက်လိုက်တာလား"
ထိုမြင်ကွင်းကိုမြင်သည်နှင့် ရှုရာဧကရာဇ်မိုးကြိုးမီးက ဒေါသတကြီးအော်ဟစ်ကြုံးဝါးလိုက်၏။သူက ချက်ချင်းဆိုသလိုပင် မှော်စွမ်းအားများကိုလှည့်ပတ်ကာ ရှေ့သို့ခုန်တက်လိုက်သည်။
သူ၏မျိုးနွယ်ဝင်များသည် ရှေ့ဆုံးမှ တိုက်ခိုက်နေကြသည်။အစောပိုင်းက ဓားပျံပင်လယ်ကြီး ကျရောက်လာချိန်တွင် သူ၏မျိုးနွယ်ဝင်အမြောက်အများ သေကြေပျက်စီးခဲ့ရသည်။
တခြားရှုရာဧကရာဇ်များကမူ မလှုပ်ရှားကြသေးချေ။
ရှုရာဧကရာဇ်မိုးကြိုးမီး လေထုအတွင်းသို့ ခုန်တက်လိုက်သောအချိန်မှာပင် တစ်စုံတစ်ယောက်က အော်ဟစ်လိုက်သည်။
"မိုးကြိုးမီး...အဲ့ဒီနေရာကို မသွားနဲ့"
Chapter 2005
ရှုရာဧကရာဇ်မိုးကြိုးမီးသည် ထိုသတိပေးသံကိုကြားသော်လည်း သူက အနည်းငယ်မျှပင်ဂရုစိုက်ခြင်းမရှိချေ။
ရှုရာဧကရာဇ်မိုးကြိုးမီးသည် ရှုရာဧကရာဇ်ရှစ်ဖန့်နှင့် ကွဲပြားခြားနားပေ၏။သူသည် ရှုရာဧကရာဇ်အဆင့်သို့ရောက်ရှိနေသည်မှာ အချိန်အတော်ကြာမြင့်နေပြီဖြစ်၍ သူ၏ကျင့်ကြံဆင့်နယ်ပယ်မှာ အလွန်အမင်းနက်နဲသိမ်မွေ့သည်။
တစ်ဖက်လူသည် လူသားမျိုးနွယ်မှအစွမ်းထက်ကျင့်ကြံသူဖြစ်သည့်တိုင် သူ့ထံတွင် တန်ပြန်တိုက်ခိုက်နိုင်မည့်စွမ်းအားမျိုးရှိသည်ဟု ရှုရာဧကရာဇ်မိုးကြိုးမီးက အခိုင်အမာယုံကြည်ထားသည်။
သူ၏မျိုးနွယ်အမြောက်အများသေဆုံးသွားခဲ့စဥ်တွင် အကယ်၍ သူ ရှေ့ထွက်၍မတိုက်ခိုက်ပါက နောင်အနာဂတ်တွင် သူသည် ရှုရာနယ်မြေမှရှုရာများကို အမိန့်ပေးနိုင်တော့မည်မဟုတ်ချေ။
ရှုရာဧကရာဇ်မိုးကြိုးမီး လှုပ်ရှားလာသည်ကိုကြည့်ပြီး လူလတ်ပိုင်းကြီးက အကဲဖြတ်နေသောအကြည့်ဖြင့် သူ့အား စုန်ချည်ဆန်ချည်ကြည့်လိုက်၏။
"သေချင်နေတာလား"
"ဟား ဟား ဟား...မင်းက တော်ဝင်နန်းတော်ကနေ စေလွှက်လိုက်တဲ့ အစွမ်းထက်ကျင့်ကြံသူလား...မင်း ဘယ်လောက်အစွမ်းထက်လဲဆိုတာ ငါ ကြည့်ကြည့်ရအောင်"
ရှုရာဧကရာဇ်မိုးကြိုးမီးသည် ကျယ်လောင်စွာအော်ဟစ်ကြုံးဝါးပြီး သူ၏မိုးကြိုးနှင့်မီးများရစ်သိုင်းနေသောလက်နှစ်ဖက်ကို ဆန့်ထုတ်ပြီး မိုးကြိုးပင်လယ်နှင့်မီးပင်လယ်ကြီးအဖြစ် ဖန်တီးလိုက်သည်။
ထိုမိုးကြိုးနှင့်မီးများ အတူတကွစုဝေးသွားပြီးနောက် ရှုရာဧကရာဇ်မိုးကြိုးမီး၏နောက်၌ ဧရာမမိုးကြိုးမီးတောက်ခြင်္သေ့ကြီးအဖြစ် ဖွဲ့စည်းသွားသည်။ထိုခြင်္သေ့ကြီးသည် အစွယ်များကိုဖြဲဟ၍ လက်သည်းများကိုဝှေ့ယမ်းကာ လူလတ်ပိုင်းကြီးအား ဆုတ်ဖြဲတော့မည့်ပုံဖြင့် တိုးဝင်သွားလေ၏။
သူသည် လူလတ်ပိုင်းကြီး၏အနီးသို့ရောက်ရှိသွားချိန်တွင် ထိုလူလတ်ပိုင်းကြီးက ရုတ်တရက် အေးစက်စက်နှာတစ်ချက်မှုတ်ပြီး သူ၏လက်တစ်ဖက်ကိုဆန့်ထုတ်ကာ အောက်သို့ဖိနှိပ်လိုက်သည်။
ရှုရာဧကရာဇ်မိုးကြိုးမီး၏ပတ်ဝန်းကျင်ရှိလေဟာနယ် ရုတ်တရက် ကျစ်လစ်သိပ်သည်းသွားပြီး သူသည် အတွင်း၌ လှောင်ပိတ်မိနေသည်။
ရှုရာဧကရာဇ်မိုးကြိုးမီး၏မျက်နှာအမူအယာသည် မောက်မာနေရာမှနေ၍ တဖြည်းဖြည်း ထိတ်လန့်ကြောက်ရွံမှုသို့ ပြောင်းလဲသွားခဲ့သည်။
"နယ်...နယ်မြေသခင် ကျင့်ကြံသူ"
ရှုရာဧကရာဇ်မိုးကြိုးမီး၏အသံသည် တုန်ရီနေပြီး သူ၏စိတ်နှလုံးသားအတွင်းမှ ထိတ်လန့်ကြောက်ရွံမှုသည် အထွတ်အထိပ်အခြေအနေသို့ ရောက်ရှိသွားလေပြီ။
ဤသည်က သူ မကျော်လွှားနိုင်သောတောင်ကြီးတစ်လုံးကို ရင်ဆိုင်နေရသည်နှင့် တူညီပေ၏။သူ၏ကျယ်ပြန့်ပြီး ကြီးကျယ်ခမ်းနားသော မှော်စွမ်းအားများအားလုံးလည်း ချေမွှဖျက်ဆီးခံလိုက်ရသည်။
ရှုရာဧကရာဇ်မိုးကြိုးမီး၏နံဘေးပတ်ဝန်းကျင်ရှိ လေဟာနယ် ပြင်းပြင်းထန်ထန်လှုပ်ခတ်နေခြင်းကို လူတိုင်း တွေ့မြင်မိကြသည်။ထို့နောက် သူ၏ပုံရိပ်သည်လည်း ထိုလေဟာနယ်လှုပ်ခတ်မှုနှင့်အတူ တွန့်လိမ်စပြုလာသည်။
ဘုန်း...ဘုန်း...ဘုန်း...
ဤနေရာနှင့်နီးကပ်သောနေရာတွင် ရှိနေသူများသည် ခပ်အုပ်အုပ်အသံသုံးသံထွက်ပေါ်လာသည်ကို ကြားလိုက်ရ၏။မူလက အရပ်မြင့်ပြီး ကြီးကျယ်ခမ်းနားသော ရှုရာဧကရာဇ်မိုးကြိုးမီး၏ကိုယ်နေဟန်ထား တွန့်လိမ်၍ပုံပျက်သွားပြီး သူ၏အရိုးများ ကျိုးပဲ့အက်ကွဲသံထွက်ပေါ်လာသည်။
ရှုရာဧကရာဇ်မိုးကြိုးမီးသည် လူလတ်ပိုင်းကြီး၏လက်အတွင်း၌ ကလေးငယ်တစ်ယောက်နှင့် တူညီနေသည်။သူသည် တိုက်ခိုက်မှုတစ်ခုကိုပင် ခုခံကာကွယ်နိုင်စွမ်းမရှိချေ။
ရှုရာဧကရာဇ်မိုးကြိုးမီး သေခြင်းနှင့်နီးကပ်နေသည်ကိုမြင်ချိန်တွင် တစ်ချိန်လုံးတိတ်ဆိတ်ငြိမ်သက်နေခဲ့သည့် ရှုရာဧကရာဇ်ကျိုးရှောင်က ရုတ်တရက် ပြောဆိုလိုက်၏။
"ရပ်လိုက်စမ်း"
ဟူး...
နောက်ထပ်လျှို့ဝှက်ဆန်းကြယ်သောအားလှိုင်းတစ်လှိုင်း ရောက်ရှိလာပြီးနောက် ရှုရာဧကရာဇ်မိုးကြိုးမီး၏ချိပ်ပိတ်ခံထားရမှုကို ပျက်ပြယ်သွားစေသည်။
မိုးကြိုးမီးသည် ချိပ်ပိတ်ခံထားရမှုမှလွတ်မြောက်သည်နှင့် သူ့ရှေ့ရှိလူလတ်ပိုင်းကြီးကို ထိတ်လန့်ကြောက်ရွံသောအကြည့်ဖြင့် ကြည့်လိုက်၏။
ယခုလက်ရှိအချိန်တွင် သူ၏ခန္ဓာကိုယ်တစ်ခုလုံး သွေးများရွှဲနစ်နေပြီး သူ၏ခြေလက်အရိုးများလည်း ကျိုးပဲ့နေလေပြီ။သူသည် ကျိုးရှောင်၏ဆွဲခေါ်မှုနောက်သို့ လိုက်ပါနေရုံသာ တက်နိုင်တော့သည်။
ထိုမြင်ကွင်းကိုမြင်သည်နှင့် လူလတ်ပိုင်းကြီးက သူ၏ခေါင်းကိုခါယမ်းကာ သရော်တော်တော်ပြောဆိုလိုက်၏။
"ငါ မင်းကို ထွက်မသွားခိုင်းဘူးလေ...မင်းက ဘယ်နေရာကို သွားမှာလဲ"
စွမ်းအားလှိုင်းတစ်ရပ်က ပတ်ဝန်းကျင်ရှိလေဟာနယ်ကို ချက်ချင်းဆိုသလိုပင် လွှမ်းခြုံသွားသည်။ထွက်ပြေးနေသော ရှုရာဧကရာဇ်မိုးကြိုးမီးသည် ထပ်မံ၍ချိပ်ပိတ်ခံလိုက်ရပြီး မလှုပ်ရှားနိုင်တော့ချေ။
"ကယ်ပါ...ငါ့ကို ကယ်ကြပါ"
ရှုရာဧကရာဇ်မိုးကြိုးမီးက စိတ်ဓာတ်ကျဆင်းစွာဖြင့် အော်ဟစ်လိုက်သည်။
အကယ်၍ သာမာန်နယ်မြေသခင်တစ်ယောက်နှင့် တိုက်ခိုက်ရလျှင်ပင် လွတ်မြောက်အောင်ထွက်ပြေးနိုင်သောအရည်အချင်းမျိုး သူ့ထံတွင်ရှိသည်။
ကံဆိုးစွာဖြင့် ယခုလက်ရှိချိန်တွင် သူ ရင်ဆိုင်နေရငည်မှာ သာမာန်နယ်မြေသခင်မဟုတ်ချေ။
"ကျိုးရှောင်...မင်းအဆင့်လောက်နဲ့...ငါ့ကိုဟန့်တားဖို့ မကြိုးစားစမ်းနဲ့"
လူလတ်ပိုင်းကြီးက သရော်တော်တော်ပြောဆိုပြီး သူက ထပ်မံ၍တိုက်ခိုက်လိုက်၏။
ရက်စက်ကြမ်းကြုတ်ပြီးပြင်းထန်သော ဓားချီတစ်လှိုင်းက လေဟာနယ်ကိုဖြတ်သန်းသွားပြီး ရှုရာဧကရာဇ်မိုးကြိုးမီးကို ဖြတ်ပိုင်းလိုက်သည်။
ရှုရာဧကရာဇ်မိုးကြိုးမီးထံမှ စူးရှနာကျင်စွာအော်ဟစ်လိုက်သောအသံကြီး ထွက်ပေါ်လာသည်။သူ၏ခန္ဓာကိုယ်သည် တဟုန်းဟုန်းတောက်လောင်နေသောမီးတောက်များဖြင့် လောင်ကျွမ်းခံနေရပုံရသည်။ထို့နောက် ဓားချီသည် ရှုရာဧကရာဇ်မိုးကြိုးမီး၏ခန္ဓာကိုယ်ကို ဖြတ်တောက်သွားပြီး သူ့အား ရက်စက်ကြမ်းကြုတ်စွာ သတ်ဖြတ်လိုက်တော့သည်။
ရှုရာဧကရာဇ်ကျိုးရှောင်သည် ရှုရာဧကရာဇ်မိုးကြိုးမီး၏သေဆုံးမှုကို အနည်းငယ်မျှပင် အံ့အားသင့်တုန်လှုပ်သွားပုံမရချေ။
"ကျိုးရှောင်...ဒါပြီးရင် မင်းအလှည့်ပဲ"
ထို့နောက် လူလတ်ပိုင်းကြီး၏အကြည့်သည် ကျန်ရှိနေသောရှုရာဧကရာဇ်များ၏မျက်နှာများပေါ်သို့ ဖြတ်ပြေးသွားပြီး သူက အေးစက်တင်းမာသောလေသံဖြင့် ပြောဆိုလိုက်၏။
"ဘာမှမစိုးရိမ်နဲ့...ခဏနေကျရင် မင်းတို့အလှည့်ရောက်လာတော့မှာ...မင်းတို့က ပုန်ကန်ရဲမှတော့ မင်းတို့ရဲ့အသက်တွေကို ဒီနေ့ ဒီနေရာမှာပဲ ထားခဲ့ကြတော့"
Thank For Reading.