ခန်း (၂၀၁၆-၂၀၂၀)
Vol. 104 Ch. 2016-2020
Chapter 2016
အစွမ်းထက်သောနတ်ဘုရားစိတ်အာရုံနှစ်ခု၏ ဆွေးနွေးပွဲရလဒ်သည် ကျိုးရှောင်၏အသက်ကိုတန်ကြေးအဖြစ်ပေးဆပ်စေကြောင်း သိသာထင်ရှားလှ၏။
"ကျိုးရှောင် သေပြီ...ငါ သူတို့ကို ခေါ်သွားတော့မယ်"
ခရမ်းရောင်ဝတ်စုံဝတ်အဖိုးအို၏မျက်နှာပေါ်၌ သရော်တော်တော်အပြုံးတစ်ခု ထင်ဟပ်လာကာ သူက ရှုရာစစ်တပ်ကိုခေါ်ဆောင်၍ တိုက်ပွဲကွင်းပြင်မှ ထွက်ခွါသွားတော့သည်။
နတ်ဘုရားဓားအမတ်ကြီးသည် ထိုမြင်ကွင်းကိုမြင်သော်လည်း မည်သည့်လှုပ်ရှားမှုမျိုးမျှ ပြုလုပ်ခြင်းမရှိချေ။သူ့အား ကြပ်ကြပ်မတ်မတ် သတိပေးခံထားရသည်မှာ သိသာထင်ရှားလှ၏။
မိုးကောင်းကင်တုန်ခါလုမတက် တိုက်ပွဲကြီးသည် ဤပုံစံအတိုင်း ပြီးဆုံးသွားလေပြီ။
"ကံကောင်းထောက်မလို့ အဲ့ဒီလူအိုကြီး နောက်ဆုံးတော့ ထွက်သွားခဲ့ပြီ"
နတ်ဆိုးသားရဲဧကရာဇ်နှစ်ယောက်၏မျက်ခွံများ တဆတ်ဆတ်တုန်နေသည်။သူတို့သည် ခရမ်းရောင်ဝတ်စုံဝတ်အဖိုးအိုကို စတင်မြင်တွေ့စဥ်ကတည်းက လိပ်ပြာလွင့်လုမတက် ထိတ်လန့်ကြောက်ရွံနေကြသည်။
ကြွင်းကျန်သောလူများသည်လည်း ထိတ်လန်တုန်လှုပ်ဖွယ်ကိစ္စမှ လွတ်မြောက်လာပြီးဖြစ်သဖြင့် တဖြည်းဖြည်း စိတ်သက်သာရာရလာကြသည်။
ယခုလက်ရှိနေရာတွင်ရှိနေသောလူများအနက်မှ လူနည်းစု၏မျက်နှာအမူအယာများကသာ အစမှအဆုံးတိုင် ပြောင်းလဲခြင်းမရှိချေ။လုယွီကိုမူ ထည့်သွင်းဖော်ပြရန် မလိုအပ်ပေ။အတိတ်ဘဝတွင် သူသည် တာအိုသခင်ဖြစ်ခဲ့သဖြင့် ကိစ္စအမျိုးမျိုးနှင့် ကြုံတွေ့ဖူးပြီးဖြစ်သည်။သူ၏စိတ်အခြေအနေသည် ဤအဆင့်တိုက်ပွဲမျှနှင့် ပြောင်းလဲမှုရှိမည်မဟုတ်ချေ။
ဖေးထျန်ကွမ်းသည် အချိန်တခဏသာ အသိစိတ်လွတ်ကင်းသွားပြီးနောက် သူ၏ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။သူသည် လုယွီကဲ့သို့ပင် အစွမ်းထက်ကျင့်ကြံသူနှစ်ယောက်၏တိုက်ပွဲကို စူးစမ်းလေ့လာနေလေ၏။
ဖေးထျန်ကွမ်းသည် အစောပိုင်းကတိုက်ပွဲပြီးဆုံးသည့်နောက် ကောက်ချက်ချမှုများ ဆက်တိုက်ပြုလုပ်နေခြင်းကို သတိပြုမိသည်။ကြည့်ရသည်မှာ ဖေးထျန်ကွမ်းသည်လည်း ဤတိုက်ပွဲမှနေ၍ တစ်စုံတစ်ခုကို ရရှိသွားပုံရသည်။
"ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်က ဖေးထျန်ကွမ်းကို တရားစီရင်ရေးအမတ်ကြီးအနေနဲ့ခန့်အပ်ထားခဲ့တာ အံ့အားသင့်စရာမရှိတော့ဘူး...သူ့မှာ တကယ့်ကို အရည်အချင်းတချို့ရှိနေတာပဲ"
လုယွီက ထိုကိစ္စကို သူ၏စိတ်အတွင်း၌ မှတ်သားလိုက်၏။
"နတ်ဘုရားဓားအမတ်ကြီး"
ရှားဟိုလီက မတ်တတ်ထရပ်ပြီး နတ်ဘုရားဓားအမတ်ကြီးကို ကြိုဆိုနှုတ်ဆက်လိုက်သည်။
"ဒီတစ်ကြိမ်တော့ အမတ်ကြီးကို ကျေးဇူးတင်ရတော့မယ်...မဟုတ်ရင် ကျွန်တော်ရဲ့စစ်သားတွေအားလုံး ဒီနေရာမှာ သေဆုံးသွားနိုင်တယ်"
နတ်ဘုရားဓားအမတ်ကြီးက သူ၏လက်ကို ဝှေ့ယမ်းပြလိုက်၏။
"ဒါတွေအားလုံးက တော်ဝင်နန်းတော်အတွက်ပါပဲ...ငါက တော်ဝင်ဝန်ကြီးဌာနကနေ အမိန့်ရလို့ ဒီနေရာကိုရောက်လာခဲ့တာ"
နတ်ဘုရားဓားအမတ်ကြီး၏အဆင့်အတန်းဖြင့် သူ့အား တစ်နေရာသို့ စေလွှက်နိုင်ရန် တော်ဝင်စစ်ရေးဌာန၏အမိန့်ဖြင့်ဆိုပါက လွန်စွာခက်ခဲပေမည်။အကယ်၍ နတ်ဘုရားဓားအမတ်ကြီးကဲ့သို့ အဆင့်မျိုးကို လှုပ်ရှားစေလိုပါက အနည်းဆုံးအနေဖြင့် တော်ဝင်ဝန်ကြီးဌာန၏ခွင့်ပြုချက်ရရှိရန် လိုအပ်သည်။
ထို့နောက် နတ်ဘုရားဓားအမတ်ကြီးသည် ယခုလက်ရှိနေရာတွင်ရှိနေသော စစ်သားများအားလုံးကိုကြည့်ပြီး ချီးမွမ်းစကားပြောဆိုလိုက်၏။
"မင်းတို့ ဒီတစ်ကြိမ်လုပ်တာကောင်းတယ်...မင်းတို့က ရှုရာစစ်တပ်ကို နှောင့်နှေးကြန့်ကြာအောင် အချိန်ဆွဲထားနိုင်ခဲ့တယ်...ဒါကြောင့် သူတို့က အနီးအနားကကြယ်နယ်မြေတွေကို သွားပြီးမတိုက်ခိုက်နိုင်ခဲ့ဘူး...တော်ဝင်နန်းတော်က ဒီစစ်ရေးအောင်မြင်မှုကို မှတ်တမ်းတင်ထားတယ်...နောင်တစ်ချိန်ကျရင် မင်းတို့အားလုံးအတွက် တိုက်ပွဲအကျိုးဆောင်ရမှတ်တွေကို ငါ ကိုယ်တိုင်ကိုယ်ကျ တောင်းခံပေးမယ်"
နတ်ဘုရားဓားအမတ်ကြီး၏စကားကိုကြားသည်နှင့် စစ်သားများအားလုံး ပျော်ရွှင်ဝမ်းမြောက်သွားကြသည်။
နတ်ဘုရားဓားအမတ်ကြီးသည် တိုက်ခိုက်ရာတွင် တခြားသူများကိုသတ်ဖြတ်ရန်အတွက် ဓားအိမ်အတွင်းမှထုတ်လိုက်သော ဓားတစ်ချောင်းနှင့်တူညီသည်။သို့ရာတွင် သူသည် တော်ဝင်စစ်တပ်မှစစ်သားများနှင့် ပြောဆိုဆက်ဆံရာတွင် နွေဦးလေပြေညှင်းကဲ့သို့ ခံစားချက်မျိုးကို ပေးစွမ်းနေလေ၏။
"ခုဏက နတ်ဘုရားစိတ်အာရုံက....."
ရှားဟိုလီသည် တစ်စုံတစ်ခုကို ပြောဆိုလိုသော်လည်း တစ်ဝက်တစ်ပျက်မှာပင် ရပ်တန့်လိုက်သည်။
နတ်ဘုရားဓားအမတ်ကြီးက သူ၏လက်ကို ဝှေ့ယမ်းပြလေသည်။
"ဒီကိစ္စကို ငါတို့ ထပ်ပြီးတွေးတောနေစရာမလိုတော့ဘူး...မင်းသားဆုက ဒီနေရာမှာရှိတဲ့ကိစ္စတွေအားလုံးကို လွှဲပြောင်းပြီးတာဝန်ယူသွားပြီ"
မင်းသားဆုဟု ဆိုလိုက်သလော...
"ဒါက အဲ့ဒီပုဂ္ဂိုလ်လား..."
ရှားဟိုလီသည် အနည်းငယ်အံ့အားသင့်သွားပြီးနောက် သူက ရိုသေလေးစားသောအသံဖြင့် ရေရွတ်လိုက်၏။
လုယွီ၏မျက်ခုံးများလည်း မြင့်တက်သွားသည်။မင်းသားဆုသည် သူနှင့်သိကျွမ်းဖူးသူ ဖြစ်နေသည်။
မင်းသားဆုသည် မြေအောက်လောကနယ်မြေ၏နယ်စပ်ကိုစောင့်ကြပ်ရန် တာယွီအင်ပါယာမှ စေလွှက်ထားသူဖြစ်ပြီး အစွမ်းထက်သောတာအိုသခင်တစ်ယောက်လည်းဖြစ်သည်။
အတိတ်ဘဝတွင် လုယွီသည် မင်းသားဆုနှင့် တစ်ကြိမ်တိုက်ခိုက်ဖူးပေ၏။အဆုံးသတ်တွင် မင်းသားဆုသည် ရှုံးနိမ့်သွားခဲ့သော်လည်း လုယွီ၏တိုက်ခိုက်မှုကို တိုက်ကွက်ပေါင်းရာနှင့်ချီ၍ ခုခံနိုင်ခဲ့သည်။ထို့ကြောင့် တာယွီအင်ပါယာအတွင်းရှိ မင်းသားများအကြား၌ မင်းသားဆုသည် ထူးချွန်သောအရည်အချင်းရှိသူဟုဆိုနိုင်သည်။
ယခုလက်ရှိချိန်တွင် ဤကိစ္စများအကြား၌ တာယွီတော်ဝင်နန်းတော်မှမင်းသားတစ်ပါး ဝင်ရောက်စွက်ဖက်လာပြီဖြစ်ရာ မည်သူကမျှ မေးခွန်းထုတ်ဝံ့ခြင်းမရှိတော့ချေ။ရှားဟိုလီသည် တစ်စုံတစ်ခုကို တွေးတောမိပုံဖြင့် မျက်မှောင်ကြုတ်လိုက်သော်လည်း သူသည် မည်သည့်စကားကိုမျှ ထပ်မံပြောဆိုခြင်းမရှိပေ။
"ရှားဟိုလီ...မင်းရဲ့လက်အောက်ငယ်သားတွေကိုခေါ်ဆောင်ပြီး တော်ဝင်နန်းတော်ကိုပြန်တော့"
ထို့နောက် နတ်ဘုရားဓားအမတ်ကြီး၏အကြည့်က ရုတ်တရက် လုယွီထံသို့ ကျရောက်လာသည်။
"မင်းအတွက်ကတော့...တစ်စုံတစ်ယောက်က မင်းဆီကို စာတစ်စောင်ပေးပေးဖို့ ငါ့ကို တောင်းဆိုထားတယ်"
Chapter 2017
နတ်ဘုရားဓားအမတ်ကြီး ထိုစကားကိုပြောဆိုလိုက်ချိန်တွင် ပတ်ဝန်းကျင်ရှိလူများ၏မျက်လုံးအကြည့်များက လုယွီထံသို့ စူးစိုက်၍ကျရောက်လာသည်။
အစောပိုင်းက တိုက်ပွဲတွင် လုယွီ၏လုပ်ဆောင်ချက်သည် အလွန်ထူးချွန်ပြီး ရွှယ်အင်မော်တယ်တစ်ယောက်နှင့်ပင် နှိုင်းယှဥ်နိုင်သည်။
ထို့ပြင် လုယွီသည် ရှုရာဧကရာဇ်တစ်ယောက်ကိုပင် နှိမ်နင်းနိုင်ခဲ့သည်။ဤကဲ့သို့တိုက်ပွဲအကျိုးဆောင်မှုမျိုးနှင့်ဆိုပါက တော်ဝင်နန်းတော်သည် သူ့အား ဆုလာဘ်ကြီးကြီးမားမားချီးမြှင့်မည်မှာ တိကျသေချာလှ၏။
အကယ်၍ နတ်ဘုရားဓားအမတ်ကြီးသည် လုယွီအား အဆင့်မြင့်ရာထူးကိုခန့်အပ်မည်ဟု ကတိပေးလျှင်ပင် မည်သူမျှအံ့သြမည်မဟုတ်ချေ။သို့ရာတွင် နတ်ဘုရားဓားအမတ်ကြီးသည် သူ့ထံ၌ လုယွီကိုပေးရန် စာတစ်စောင်ရှိသည်ဟု ပြောဆိုနေပေ၏။
နတ်ဘုရားဓားအမတ်ကြီး ကိုယ်တိုင်ကိုယ်ကျ စာယူဆောင်သွားရန် တောင်းဆိုနိုင်သည်မှာ မည်သူဖြစ်သနည်း။
"မင်း ဒီစာကို နောက်မှဖတ်လို့ရတယ်...ဒါပေမယ့် ငါ အရမ်းသိချင်မိတယ်...မင်းလို ဝေးလံခေါင်သီတဲ့ကြယ်နယ်မြေတစ်ခုက ဗိုလ်ချုပ်ငယ်လေးတစ်ယောက်က တော်ဝင်ဝန်ကြီးတစ်ယောက်နဲ့ ဘယ်လိုလုပ်ပြီးသိကျွမ်းခဲ့တာလဲ"
နတ်ဘုရားဓားအမတ်ကြီးက မေးမြန်းသည်။
ဘာ....
လူတိုင်း ကြက်သေသေသွားကြ၏။
တာယွီအင်ပါယာတွင် တော်ဝင်ဝန်ကြီးများသည် ဧကရာဇ်မင်း၏အနီးကပ်အမတ်ကြီးများဖြစ်သည်။သူတို့သည် မြင့်မားသောအဆင့်အတန်းရှိပြီး အချက်အချာကျသောရာထူးနေရာများကို အချိန်အတော်ကြာနေရာယူထားနိုင်သူများဖြစ်ပေ၏။
တော်ဝင်ဝန်ကြီးဌာနမှအမတ်ကြီးများသည် အဆင့်အတန်းမြင့်မားပြီး မြင့်မြတ်သူများဖြစ်သဖြင့် လူအမြောက်အများသည် သူတို့ထံမှမျက်နှာသာရရန် ကြိုးပမ်းလိုကြသော်လည်း သူတို့ထံ၌ နည်းလမ်းမရှိချေ။
လုယွီသည် သာမာန်မဟုတ်သောအရည်အချင်းမျိုးကို ထုတ်ဖော်ပြသထားသော်လည်း သူသည် ရှားဟိုလီ၏လက်အောက်မှ စတုတ္ထဆင့်စစ်ဗိုလ်ချုပ်သာဖြစ်သည်။မည်သည်ကြောင့် တော်ဝင်ဝန်ကြီးတစ်ယောက်က သူ့ထံ အထူးသီးသန့်စာတစ်စောင် ပေးပို့သနည်း။
လုယွီက မေးမြန်းသည်။
"အရှင်အမတ်ကြီး...ဘယ်သူက ကျွန်တော်ဆီကို စာပို့လိုက်တာလဲ"
နတ်ဘုရားဓားအမတ်ကြီးက အနည်းငယ်ကြက်သေသေသွားပေ၏။ထို့နောက် သူက ချက်ချင်းဆိုသလိုပင် ရယ်မောကာ သူ၏ခေါင်းကိုခါယမ်းပြလိုက်သည်။
"မင်း သိမယ်လို့ ငါကထင်နေတာ...ဒီဖူကျစ်ရွှယ်ကတော့ မင်းကိုလည်း ကောင်းကောင်းဖုံးကွယ်ထားပုံပဲ"
လုယွီက ဤစာသည် ဝမ်ရှန့်သူတော်စင်၏တပည့်တစ်ယောက်ဖြစ်သော ဖူကျစ်ရွှယ်ထံမှစာဖြစ်ကြောင်း နားလည်သဘောပေါက်သွားသည်။
မည်သည့်တုံ့ဆိုင်းခြင်းမျှမရှိဘဲ လုယွီက စာကိုဖွင့်၍ဖတ်လိုက်၏။
စာအတွင်း၌ ဖူကျစ်ရွှယ်သည် လုယွီအား တော်ဝင်မြို့တော်သို့ လာရောက်ရန် ပြောဆိုထားသည်။သို့ရာတွင် သူသည် တချို့အကြောင်းကိစ္စများကြောင့် တော်ဝင်မြို့တော်၌ရှိမနေသဖြင့် နောက်ထပ်တစ်လအကြာတွင် တွေ့ဆုံရန် ချိန်းဆိုခဲ့သည်။
ဖူကျစ်ရွှယ်သည် သူ၏အကျပ်အတည်းအကြောင်းကို ဖော်ပြပြီးနောက် စာ၏အဆုံးသတ်တွင် ကျမ်းစာတစ်အုပ်မှကဗျာတစ်ပုဒ်ကို အသုံးပြုထားလေ၏။
"နှစ်ပေါင်းတစ်ရာတိုင် အိုမင်းဟောင်းနွမ်းနေတဲ့ဓားတစ်လက်က တိတ်ဆိတ်ငြိမ်သက်နေတယ်...ဓားအိမ်ထဲကထွက်လာတဲ့ တစ်နေ့ကျရင် နတ်ဆိုးတွေအားလုံးကို ဖြတ်ပိုင်းနိုင်လိမ့်မယ်"
"စီနီယာအကိုကတော့ တကယ့်ကို အကြံအစည်ကောင်းတဲ့သူပဲ"
လုယွီက သက်ပြင်းတစ်ချက် ရှိုက်လိုက်သည်။
ဖူကျစ်ရွှယ်သည် သူ့အား စူးစမ်းလေ့လာပြီးဖြစ်သည်မှာ သိသာထင်ရှားနေသည့်အပြင် လုယွီ၏နာမည်တုကိုလည်း သိရှိနေပေသည်။
သို့ရာတွင် စာအတွင်းရှိနောက်ဆုံးစာကြောင်းများသည် အာမခံချက်တစ်ခုဖြစ်နေသဖြင့် လုယွီသည် သူ၏နာမည်တုကို ဆက်လက်၍အသုံးပြုနေရန် မလိုအပ်တော့ချေ။
အတိတ်တွင် ရှကွေ့ကျုံးသည် သူ့အားသတ်ဖြတ်လိုသဖြင့် သူ၏သရုပ်မှန်ကိုဖုံးကွယ်၍ နေထိုင်ခဲ့ရသည်။သို့ရာတွင် ယခုလက်ရှိချိန်၌ သူ ထိုသို့ပြုလုပ်ရန်မလိုတော့ပေ။
ဤတိုက်ပွဲအပြီးတွင် လုယွီ၏ 'အလားအလာ' ထွက်ပေါ်လာခဲ့လေပြီ။ယခုချိန်၌ သူ၏ကျင့်ကြံဆင့်နယ်ပယ်သည် မြင့်မားခြင်းမရှိသေးသည့်တိုင် တော်ဝင်နန်းတော်မှလူတိုင်း၏ စိတ်အာရုံကို ဆွဲဆောင်နိုင်စွမ်းရှိသည်။ရှကွေ့ကျုံးသည် နတ်ဘုရားအမတ်ကြီးရှစ်ယောက်အနက်မှ တစ်ယောက်ဖြစ်သည့်တိုင် သူသည် သတိကြီးသူတစ်ယောက်ဖြစ်၍ လုယွီကို မဆင်မခြင်တိုက်ခိုက်မည်မဟုတ်ချေ။
ထို့နောက် သူ၏လက်နှစ်ဖက်ကိုပူးဆုပ်၍ နတ်ဘုရားဓားအမတ်ကြီးကို ဂါရဝပြုကာ ပြောဆိုလိုက်၏။
"ကျွန်တော်နာမည်က လုယွီပါ...ကျွန်တော်က ကံကောင်းထောက်မပြီးတော့ ဝမ်ရှန့်သူတော်စင်ယီဟန်ရဲ့တပည့်ဖြစ်လာခဲ့တယ်...ရှောင်ယန်းဆိုတာက ကျွန်တော်ရဲ့နာမည်တုပါ...တချို့အကြောင်းကိစ္စလေးတွေကြောင့် အရင်က ကျွန်တော်ရဲ့နာမည်အမှန်ကို အသုံးမပြုနိုင်ခဲ့ဘူး....ဒါကြောင့် ကျွန်တော်က နာမည်တုတစ်ခုကို အသုံးပြုခဲ့ရတယ်"
"ဟား ဟား ဟား...မင်းနဲ့ဖူကျစ်ရွှယ်က တကယ့်ကို ဆရာတူညီအကိုတွေပဲ...သူကလည်း သေမျိုးနိုင်ငံတွေကို လှည့်ပတ်သွားလာတဲ့အခါကျရင် နာမည်တုအသုံးပြုရတာကို သဘောကျတယ်...သူက သူ့ကိုယ်သူ လွတ်လပ်တဲ့ကျောင်းတော်သားလို့ နာမည်ပေးပြီးတော့ တခြားသူတွေကို ကျီစယ်တတ်တယ်"
နတ်ဘုရားဓားအမတ်ကြီးသည် ကျယ်လောင်စွာအော်ဟစ်ရယ်မောလိုက်ပြီး သူ့ထံတွင် အဆင့်မြင့်အရာရှိတစ်ယောက်ဟူသော အမူအယာမျိုးပင်ရှိမနေချေ။
နတ်ဘုရားဓားအမတ်ကြီးသည် ဖူကျစ်ရွှယ်နှင့် ဆက်ဆံရေးကောင်းတစ်ခုရှိနေမည်ကို လုယွီက အတပ်ပြောနိုင်ပေ၏။သို့မဟုတ်ပါက သူသည် ရယ်မောနေနိုင်မည်မဟုတ်ချေ။
မည်သို့ပင်ဆိုစေကာမူ ဤကိစ္စသည် သူ့အတွက် မည်သည့်နစ်နာမှုမျှ ရှိမည်မဟုတ်ချေ။
"ဗိုလ်ချုပ်လု...ငါ့မှာ အရေးကြီးကိစ္စတစ်ခုလုပ်စရာရှိနေတယ်...ငါ ဒီနေရာမှာ ဆက်ပြီးနေလို့မရတော့ဘူး ..ဒီဓားပျံက မင်းအတွက်ပဲ...ဒီထဲမှာ ငါ့ရဲ့စွမ်းအားပြည့်တိုက်ခိုက်မှုတစ်ခုပါတယ်...တကယ်လို့ မင်း အန္တရာယ်နဲ့တွေ့မယ်ဆိုရင်...ဒီဓားပျံကို အချိန်မရွေး အသုံးပြုနိုင်တယ်"
နတ်ဘုရားဓားအမတ်ကြီးက သူ၏လက်ချောင်းများကိုလှုပ်ခတ်လိုက်ရာ ဓားပျံတစ်ချောင်းက သူ၏လက်အတွင်းသို့ ရောက်ရှိလာသည်။ရုတ်ချည်းဆိုသလိုပင် နတ်ဘုရားဓားအမတ်ကြီး၏လက်ဝါးမှ အစိမ်းရောင်အလင်းတန်းများ ထွက်ပေါ်လာပြီး ဓားပျံအတွင်းသို့ တဖြည်းဖြည်း ထည့်သွင်းလိုက်၏။
Chapter 2018
ဓားပျံတစ်လက်လုံး အနည်းငယ်တုန်ခါသွားပြီးနောက် အေးစက်စက်အလင်းတန်းတစ်တန်းက ထက်ရှသောဓားသွားအနှံ့ ပျံ့နှံ့သွားသည်။
ထို့နောက် ဓားပျံသည် လုယွီ၏လက်အတွင်းသို့ ကျရောက်လာလေ၏။
"နတ်ဘုရားဓားအမတ်ကြီးကို ကျေးဇူးတင်ပါတယ်"
လုယွီသည် သူ၏လက်နှစ်ဖက်ကိုပူးဆုပ်၍ ဂါရဝပြုပြီးနောက် ထိုဓားပျံကိုဆုပ်ကိုင်လိုက်သည်။ရုတ်ချည်းဆိုသလိုပင် သူသည် ထိုဓားပျံမှနေ၍ ပြင်းထန်သောဓားစိတ်ဆန္ဒတစ်ခုကို ခံစားမိသည်။
'တကယ်လို့ ငါ့မှာအချိန်ရှိတယ်ဆိုရင်...ငါက ဒီဓားစိတ်ဆန္ဒကနေပြီးတော့ ကျီစစ် ကျီမို အမြွှာအင်မော်တယ်နှစ်ယောက်ရဲ့အမွေအနှစ်ကို လေ့လာဆင်ခြင်နိုင်လိမ့်မယ်'
လုယွီသည် ပျော်ရွှင်ဝမ်းမြောက်စွာဖြင့် တွေးတောနေပေ၏။
ဤဓားပျံသည် အသက်ကယ်မှော်လက်နက်တစ်ခုဖြစ်ရုံသာမက အလွန်အမင်းအဖိုးတန်သော ရှေးဟောင်းအမွေအနှစ်တစ်ခုလည်းဖြစ်သည်။
"မင်းက မဆိုးဘူး...မင်း တော်ဝင်မြို့တော်ကို ရောက်လာတဲ့အခါကျရင်...ငါ့နဲ့အတူသောက်ကြရအောင်"
နတ်ဘုရားဓားအမတ်ကြီးသည် ခေါင်းညိတ်ပြပြီးနောက် သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို ဓားအလင်းတန်းတစ်ခုအဖြစ်သို့ အသွင်ပြောင်း၍ လူသူအများ၏မြင်ကွင်းရှေ့မှ ချက်ချင်းဆိုသလိုပင် ပျောက်ကွယ်သွားတော့သည်။
ဤနတ်ဘုရားဓားအမတ်ကြီးသည် အလွန်လျှင်မြန်စွာ ရောက်ရှိလာပြီးနောက် လွတ်လပ်သောအပြုအမူမျိုးဖြင့် ပြန်လည်ထွက်ခွါသွားခဲ့သည်။
နတ်ဘုရားဓားအမတ်ကြီး ထွက်ခွာသွားချိန်တွင် လူအများသည် အံ့အားသင့်တုန်လှုပ်နေရာမှ အသိပြန်ဝင်လာကြပြီး လုယွီကို ထပ်မံ၍ကြည့်လိုက်ကြ၏။သို့ရာတွင် သူတို့၏အကြည့်များသည် ယခင်နှင့် မတူကွဲပြားနေလေပြီ။
နတ်ဘုရားဓားအမတ်ကြီးသည် လုယွီကို ကိုယ်တိုင်ကိုယ်ကျ မှော်လက်နက်တစ်ခုပေးခဲ့သည်။ဤသည်က သူသည် လုယွီကို သူ့အတွက်အရေးကြီးသူတစ်ယောက်ဟု ယူဆထားကြောင်း သိသာထင်ရှားနေသည်။
အကယ်၍ တစ်စုံတစ်ယောက်သည် ယခုလက်ရှိချိန်တွင် လုယွီကို သတ်ဖြတ်လိုပါက ထိုလူသည် နတ်ဘုရားဓားအမတ်ကြီးကို ရန်စဝံ့ခြင်းရှိမရှိကို ထည့်သွင်းစဥ်းစားရပေမည်။
ရှားဟိုလီက စိတ်ခံစားချက်အပြည့်ဖြင့် သက်ပြင်းတစ်ချက်ရှိုက်လိုက်၏။
"ဗိုလ်ချုပ်လုက ဝမ်ရှန့်သူတော်စင်ယီဟန်ရဲ့တပည့်ဖြစ်နေမယ်လို့ ငါ မျှော်လင့်မထားမိဘူး...မင်းက ဒီ လောက်အသက်ငယ်ငယ်လေးနဲ့ ခုလောက်ထိထူးချွန်နေတာ အံ့အားသင့်စရာမရှိတော့ဘူး...ငါက မင်းကို အရင်က မှားယွင်းပြီးအကဲဖြတ်ခဲ့မိတယ်"
ဖေးထျန်ကွမ်းနှင့်အောင်းကွမ်းတို့သည် လုယွီ၏သရုပ်မှန်ကို ယခင်ကတည်းက သိရှိပြီးဖြစ်သော်လည်း သိုက်ဖုန်း လုကျင်းရှန့်နှင့် တခြားလူများကမူ မသိရှိချေ။လုယွီ၏သရုပ်မှန်ကို သိရှိသွားချိန်တွင် သူတို့သည် အချိန်တခဏကြာ ကြက်သေသေသွားပြီးနောက် သူတို့၏မျက်နှာပေါ်၌ ပျော်ရွှင်ဝမ်းမြောက်မှုအရိပ်အယောင်များ ထင်ဟပ်လာသည်။
ဝမ်ရှန့်သူတော်စင်ဟန်လီသည် တော်ဝင်နန်းတွင်း၏မဟာဆရာသခင်သုံးယောက်အနက်မှတစ်ယောက်ဖြစ်ပြီး အမတ်ကြီးများအကြားတွင် အဆင့်မြင့်ဆုံးအဆင့်အတန်းကိုရရှိထားသည်။
တာယွီအင်ပါယာ၏မဟာဆရာသခင်သုံးယောက်လုံးသည် ကွန်ဖြူးရှပ်စာပေသူတော်စင်များဖြစ်ပြီး ယီဟန်သည် အစောဆုံးမဟာဆရာသခင်ဖြစ်လာသူဖြစ်ကာ တော်ဝင်ကျောင်းတော်၏ဆရာသခင်တစ်ယောက်လည်းဖြစ်သည်။ဧကရာဇ်မင်းပင်လျှင် သူ့ကို လေးလေးစားစားဆက်ဆံရ၏။
လုယွီသည် ဝမ်ရှန့်သူတော်စင်ယီဟန်၏တပည့်ဖြစ်သဖြင့် သူ၏အဆင့်အတန်းသည် ယခုလက်ရှိနေရာတွင်ရှိနေသူများအားလုံးထက် ပို၍မြင့်မားသည်။
အမှန်အားဖြင့် လုယွီ၏အဆင့်အတန်း ပို၍မြင့်မားလေလေ သူ၏လက်အောက်ငယ်သားများဖြစ်သော သိုက်ဖုန်းတို့လူစုအတွက် နောင်အနာဂတ်တွင် ပို၍ကြီးမားသောအောင်မြင်မှုများ ရရှိနိုင်လေလေပင်။
"အရှင်ငယ်"
နတ်ဆိုးသားရဲဧကရာဇ်နှစ်ယောက်ဖြစ်သော လီရှန်နှင့်ကျို့ဖုန်းက လုယွီထံလျှောက်လှမ်းလာပြီး ပြောဆိုလိုက်သည်။
"ကျွန်တော်တို့က အရှင်ငယ်ကို ကူညီပေးရမယ့်တာဝန်ပြီးသွားပါပြီ...ဒီနေရာကနေပဲ ကျွန်တော်တို့ ပြန်ပါတော့မယ်"
နတ်ဆိုးသားရဲဧကရာဇ်နှစ်ယောက်သည် လုယွီ၏ပင်လယ်သူတော်စင်တံဆိပ်ပြားကြောင့် ဤနေရာသို့ လာရောက်ကူညီကြခြင်းဖြစ်သည်။သို့ရာတွင် ယခုလက်ရှိချိန်၌ သူတို့သည် ဤနေရာ၌ဆက်၍နေလိုစိတ်မရှိတော့ချေ။
ခရမ်းရောင်ဝတ်စုံဝတ်အဖိုးအိုသည် သူတို့အား လိပ်ပြာလွင့်လုမတက် ထိတ်လန့်ကြောက်ရွံစေခဲ့၏။ယခုလက်ရှိချိန်တွင် သူတို့သည် သူတော်စင်ပင်လယ်ကြယ်နယ်မြေသို့ အမြန်ဆုံးပြန်၍ အနားယူလိုကြသည်။
လုယွီသည် ထိုနတ်ဆိုးသားရဲဧကရာဇ်နှစ်ယောက်၏အတွေးများကို ကောင်းစွာသိရှိသည်။
"ဒါက ခရမ်းရောင်ချီတစ်ထောင်ဆေးလုံးပဲ...မင်းတို့ ယူလိုက်"
လုယွီက သူ၏အင်္ကျီလက်ကိုဝှေ့ယမ်းလိုက်ရာ ချက်ချင်းဆိုသလိုပင် ဆေးလုံးတချို့က နတ်ဆိုးသားရဲဧကရာဇ်ကျို့ဖုန်း၏လက်အတွင်းသို့ ကျရောက်သွားသည်။
ကျို့ဖုန်းသည် ဆေးလုံးတစ်လုံးကိုကောက်ယူပြီး အနံ့ခံကြည့်ပြီးနောက် သူမက အံ့အားတသင့် ပြောဆိုလိုက်၏။
"ထိပ်တန်းစိတ်ဝိညာဥ်ချိတ်ဆက်ခြင်းအဆင့် ဆေးလုံးတွေပဲ"
ခရမ်းရောင်ချီဆေးလုံးသည် နတ်ဆိုးသားရဲများ၏ကျင့်ကြံဆင့်နယ်ပယ်ကို တိုးတက်အောင်ပြုလုပ်ရာ၌ ကူညီထောက်ပံမှုပေးနိုင်သည်။
နတ်ဆိုးသားရဲဧကရာဇ်အဆင့်များပင်လျှင် ခရမ်းရောင်ချီဆေးလုံးကို ဝါးမျိုပါက သူတို့၏ကျင့်ကြံဆင့် တိုးတက်သွားပေမည်။
အထူးသဖြင့် ထိပ်တန်းစိတ်ဝိညာဥ်ချိတ်ဆက်ခြင်းအဆင့်ဆေးလုံးများသည် နတ်ဆိုးသားရဲများအတွက် အလွန်အမင်းအဖိုးတန်ရှားပါးလှ၏။
သာမာန်အားဖြင့် နတ်ဆိုးမျိုးနွယ်တွင် ဆေးပညာရှင်များကို အလွန်ရှားရှားပါးပါး တွေ့မြင်ရသည်။ထို့ကြောင့် နတ်ဆိုးသားရဲများသည် သူတို့၏ခွန်အားကို အလျှင်အမြန်တိုးတက်စေရန်အတွက် ဆေးပညာရှင်များကို မြှောက်ပင့်ခယနေရန် လိုအပ်သည့်အပြင် တခါတရံ၌ ထိုဆေးပညာရှင်များကို ကာကွယ်စောင့်ရှောက်ပေးရသည်။သို့မှသာလျှင် ဆေးပညာရှင်များသည် ဆေးလုံးများ ရရှိနိုင်ပေ၏။
တချိန်တုန်းက ခရမ်းရောင်ချီ ဆေးလုံးကိုရရှိရန်အတွက် နတ်ဆိုးသားရဲအမြောက်အများ အလုအယက် တိုက်ခိုက်ကြရသည်။မမျှော်လင့်ပဲ ယခုချိန်၌ လုယွီသည် သူတို့အား ဆေးလုံးများကို လွယ်လင့်တကူ ထုတ်ပေးခဲ့သည်။
"အရှင်ငယ်...တကယ်လို့ ကျွန်မတို့ကို အရှင်ငယ်လိုအပ်လာတဲ့အချိန်တိုင်း...ကျွန်မတို့ လာပြီးကူညီပါ့မယ်"
နတ်ဆိုးသားရဲဧကရာဇ်ကျို့ဖုန်း၏မျက်လုံးများသည် ညှို့ဓာတ်အပြည့်ဖြင့် တောက်ပနေပြီး သူမ၏မျက်နှာပေါ်တွင် အပြုံးများဖြင့် ပြည့်နှက်နေသည်။
သူမတို့နတ်ဆိုးမျိုးနွယ်သည် ဤတစ်ကြိမ်ကိစ္စတွင် အကျိုးအမြတ်များ ရရှိခဲ့သည်။
နတ်ဆိုးမျိုးနွယ်များ ထွက်ခွါသွားပြီးနောက် တော်ဝင်စစ်တပ်သည်လည်း စစ်စခန်းသို့ ပြန်လည်ရောက်ရှိလာခဲ့၏။
စစ်စခန်း၌ကျန်နေခဲ့သော ရှဟယ်သည် ရှားဟိုလီ အသက်ရှင်ရက်ပြန်လာနိုင်မည်ဟု မျှော်လင့်မထားမိသဖြင့် သူသည် အံ့အားသင့်သွားကာ ထိတ်လန့်ကြောက်ရွံနေသည်။
သို့ရာတွင် ရှားဟိုလီသည် ရှဟယ်အား အရေးတယူလုပ်နေရန် အချိန်မရှိချေ။ယခုချိန်တွင် လေဟာနယ်ဓားပြများနှင့်ရှုရာများ၏ ပူးပေါင်းပုန်ကန်မှုကို နှိမ်နင်းပြီးဖြစ်သဖြင့် သူ မြို့တော်သို့ပြန်ရန် အချိန်ကျလေပြီ။
ရက်အနည်းအကြာတွင် လုယွီသည် ရှားဟိုလီ၏စစ်တပ်နှင့်အတူ တော်ဝင်မြို့တော်သို့ဦးတည်၍ ထွက်ခွာခဲ့တော့သည်။
Chapter 2019
တာယွီအင်ပါယာ...တော်ဝင်မြို့တော်...
ဤနေရာသည် တာယွီအင်ပါယာတစ်ခုလုံး၏အဓိကအချက်အချာနေရာဖြစ်ပြီး ကြယ်နယ်မြေရှစ်ခုမှ ဝိုင်းရံထားသည်။
အကယ်၍ ကြယ်မြစ်တစ်ခုကို စစ်တုရင်ခုံတစ်ခုံဟု ယူဆပါက တော်ဝင်မြို့တော်သည် စစ်တုရင်၏အလယ်ဗဟိုနေရာဖြစ်သော 'ကောင်းကင်ဘုံ၏မူလအစ'နေရာတွင်တည်ရှိပြီး နံဘေးပတ်ဝန်းကျင်ရှိ ကြယ်နယ်မြေများအားလုံး၏ပြောင်းလဲမှုများကို ထိန်းချုပ်နိုင်သည်။
တော်ဝင်မြို့တော်သည် မြို့တစ်မြို့ဖြစ်သည့်အပြင် ကြီးမားသောကြယ်နယ်မြေတစ်ခုလည်းဖြစ်သည်။မြောက်မြားစွာသော တောင်တန်းများ ရေကန်များနှင့် မြစ်ချောင်းများသည် တော်ဝင်မြို့တော်၏ပိုင်နက်နယ်မြေအတွင်း၌ပါရှိသည်။
တော်ဝင်မြို့တော်၏ပြင်ပတွင် မြောက်မြားစွာသောဝင်္ကပါပညာရှင်များက ဝင်္ကပါများကို ခင်းကျင်းထားပေ၏။ထိုဝင်္ကပါများသည် တော်ဝင်မြို့တော်၏ပိုင်နက်နယ်မြေတစ်ခုလုံးကို လွှမ်းခြုံပြီး မြို့တော်ကို အခိုင်အမာကာကွယ်ထားသည်။တာယွီအင်ပါယာတစ်ခုလုံးတွင် စည်ကားသိုက်မြိုက်ဆုံးနေရာဖြစ်သည့် တော်ဝင်မြို့တော်တွင် စိတ်ဝိညာဥ်သွေးကြောသုံးခုရှိသဖြင့် သိပ်သည်းသောစိတ်ဝိညာဥ်စွမ်းအင်များက မြို့တော်၏နေရာတိုင်း၌ ရစ်သိုင်းလွှမ်းခြုံနေသည်။
ရှားဟိုလီ၏စစ်တပ်သည် တော်ဝင်မြို့တော်သို့ ဦးတည်၍သွားနေခဲ့ရာ လမ်းတစ်ဝက်၌ လေဟာနယ်သင်္ဘောအမြောက်အများကို မြင်တွေ့ရသည်။
လေဟာနယ်သင်္ဘောအများစု၏ရွက်တိုင်များတွင် သက်ဆိုင်ရာကုန်သည်အဖွဲ့အစည်းများနှင့် မိသားစုကြီးများ၏အလံကို ချည်နှောင်ထားပေ၏။ပတ်ဝန်းကျင်ရှိ ကောင်းကင်ယံတခွင်လုံး၌ လေဟာနယ်သင်္ဘောများနှင့်ပြည့်နှက်နေရာ အလွန်သက်ဝင်လှုပ်ရှားသောမြင်ကွင်းဖြစ်သည်။
တချို့ရွက်လွှင့်လမ်းကြောင်းများ၌ လေဟာနယ်သင်္ဘောအမြောက်အများ စီတန်းနေသည်။ထိုလေဟာနယ်သင်္ဘောများအားလုံးသည် တော်ဝင်မြို့တော်သို့ ဦးတည်နေကြခြင်းဖြစ်ရာ မြို့တော်မည်မျှစည်ကားသိုက်မြိုက်ကြောင်းကို ပြသနေလေ၏။
သို့ရာတွင် ရှားဟိုလီသည် သာမာန်ကုန်သည်လေဟာနယ်သင်္ဘောများ သွားလာ၍မရသော တော်ဝင်စစ်ရေးဌာန၏သီးသန့်ရွှက်လွှင့်လမ်းကြောင်းအတိုင်း ပျံသန်းလာခဲ့သဖြင့် သူတို့၏ခရီးစဥ်တစ်ခုလုံး ချောမွေ့ခဲ့သည်။
"ရပ်လိုက်စမ်း...ငါတို့က တော်ဝင်မြို့တော်ရဲ့ စစ်ရေးစုံစမ်းထောက်လှမ်းရေးဌာနခွဲကပဲ...မင်းတို့က ဘယ်တပ်ရင်းကလဲ"
အဝေးတစ်နေရာမှနေ၍ အရာရှိတချို့ ပျံသန်းလာပြီး စစ်သင်္ဘောကုန်းပတ်ပေါ်သို့ ခုန်တက်လာကြ၏။
လုယွီက ထိုအရာရှိများ၏မျက်လုံးများသည် စူးရှတောက်ပနေပြီး သူတို့၏အရှိန်အဝါများမှာ တည်ငြိမ်ကြောင်း သတိပြုမိသည်။ထိုအရာရှိများအားလုံးသည် စိတ်ပုံထွင်းနယ်ပယ်ကျင့်ကြံသူများဖြစ်နေသည်။
အကယ်၍ သူတို့သည် ပြင်ပလောကတွင်ဆိုပါက ဂိုဏ်းတစ်ဂိုဏ်း၏အကြီးအကဲများ ဖြစ်နိုင်သော်လည်း တာယွီအင်ပါယာတွင်မူ သာမာန်အရာရှိအဆင့်သာရှိသည်။
ရှားဟိုလီသည် သူ၏အရာရှိတံဆိပ်ပြားနှင့်တော်ဝင်စစ်ရေးဌာန၏အမိန့်စာလွှာကို ထုတ်ပြလိုက်၏။
အရာရှိများက ထိုအရာများကို စေ့စေ့စပ်စပ်စစ်ဆေးပြီးနောက် ရိုသေလေးစားစွာ ပြောဆိုလေသည်။
"ဦးရီးတော်ရှားဟိုလီပဲ....ဦးရီးတော်ရဲ့စစ်တပ်က ဗာမီလီယန်စစ်စခန်းမှာ ယာယီစခန်းချထားလို့ရတယ်"
တော်ဝင်မြို့တော်၏အနီးအနားတွင် စစ်တပ်များစခန်းချရန်အတွက် အထူးသီးသန့်အသုံးပြုသော ကြယ်နယ်မြေလေးခုရှိပြီး ဗာမီလီယန်စစ်စခန်းသည် ထိုအရာများအနက်မှတစ်ခုဖြစ်သည်။
ရှားဟိုလီသည် စစ်ရေးကိစ္စများနှင့် များစွာရင်းနှီးကျွမ်းဝင်ပေ၏။မည်သို့ပင်ဆိုစေကာမူ သူသည် တော်ဝင်နန်းတွင်း၌ မြင့်မားသောအဆင့်အတန်းရှိပြီး အခွင့်အာဏာရှိသူလည်းဖြစ်သည်။သူသည် သူ၏လက်အောက်ငယ်များကို အလျှင်အမြန်နေရာချထားပေးပြီးနောက် လုယွီကိုခေါ်ဆောင်ကာ မြို့တော်အတွင်းသို့ ဝင်လာခဲ့တော့သည်။
သူသည် ယခင်ကတည်းက လုယွီနှင့်မိတ်ဆွေဖွဲ့ရန် ရည်ရွယ်ထားပေ၏။ထို့ပြင် ယခုလက်ရှိချိန်၌ သူက လုယွီသည် ဝမ်ရှန့်သူတော်စင်၏တပည့်ဖြစ်ကြောင်း သိရှိသွားသဖြင့် ပို၍ပင်မျက်နှာသာပေး၍ ဆက်ဆံနေသည်။
သူတို့နှစ်ယောက်သည် ကျယ်ဝန်းပြီးခမ်းနားထည်ဝါသော ရထားလုံးတစ်စင်းအတွင်း၌ထိုင်နေပြီး ကူးပြောင်းရေးဝင်္ကပါအတွင်းသို့ ဝင်ခဲ့ကြသည်။ကူးပြောင်းရေးဝင်္ကပါမှ ထွက်လာသည်နှင့် ချက်ချင်းဆိုသလိုပင် သူတို့ထံတိုးဝင်လာသော အားကောင်းသည့် စိတ်ဝိညာဥ်စွမ်းအင်များကို ခံစားမိပေ၏။
သူတို့၏ရှေ့၌ လူစည်ကားသောစျေးတစ်စျေးရှိနေသည်။လမ်းများသည် အလွန်ကျယ်ဝန်းသဖြင့် ရာနှင့်ချီသောနတ်ဆိုးမှော်သားရဲများ ဖြတ်လျှောက်လျှင်ပင် ချောင်ချောင်ချိချိ သွားလာနိုင်သည်။မြို့တော်အတွင်းရှိ အဆောက်အအုံများသည် ရိုးရှင်းပြီးကြီးကျယ်ခမ်းနားကာ ထိုအရာများ၏နံဘေးပတ်လည်၌ အကာအကွယ်ဝင်္ကပါများကို ခင်းကျင်းထားလေ၏။
လမ်းများပေါ်တွင် လူသူအမြောက်အများ လှုပ်ရှားသွားလာနေကြပြီး လမ်းတစ်ဖက်တစ်ချက်ရှိဆိုင်များအတွင်းမှ ဆူညံသံများထွက်ပေါ်နေကာ အလွန်သက်ဝင်လှုပ်ရှားနေသည်။
"ညီလေးလု...ဒါက မင်း ပထမဆုံးအကြိမ် တော်ဝင်မြို့တော်ကို ရောက်ဖူးတာလား"
ရှားဟိုလီက အပြုံးနှင့်မေးမြန်းသည်။
လုယွီအပေါ် ရှားဟိုလီ၏ပြောဆိုဆက်ဆံမှုသည် သိသိသာသာ ပြောင်းလဲသွားပေ၏။
လုယွီက ခေါင်းခါပြလေသည်။
"ဒါက ဒုတိယအကြိမ်ပါ"
တော်ဝင်မြို့တော်သို့ သူ ပထမဆုံးအကြိမ်ချဖူးခဲ့သည်မှာ သူ၏အတိတ်ဘဝတွင် ဖြစ်သည်။ထိုအချိန်တုန်းက သူသည် ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်ကိုစိန်ခေါ်ရန် ဤနေရာသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်ပေ၏။
သို့ရာတွင် ထိုအချိန်တုန်းက ဤနေရာတွင် ယခုကဲ့သို့ငြိမ်းချမ်းသာယာသောမြင်ကွင်းမျိုး မရှိချေ။လုယွီရောက်ရှိလာချိန်တွင် တော်ဝင်မြို့တော်တစ်ခုလုံး စစ်အုပ်ချုပ်ရေးအောက်၌ရှိနေပြီး တော်ဝင်စစ်တပ်မှတပ်ရင်းလေးခုလုံးသည် သတိကြီးစွာထား၍ လုယွီကို စောင့်ကြည့်နေခဲ့ကြ၏။
တခြားတစ်ဖက်တွင် အစွမ်းထက်သောတာအိုသခင်အမြောက်အများကိုလည်း လုယွီကို ရင်ဆိုင်တိုက်ခိုက်ရန်အတွက် တော်ဝင်နန်းတော်မှ စေလွှတ်ခဲ့သည်။
"ညီလေးလုက တော်ဝင်မြို့တော်မှာနေဖို့ နေရာတစ်နေရာရှိနေပြီလား"
ရှားဟိုလီက မေးမြန်းသည်။
လုယွီက ခေါင်းခါပြလိုက်၏။တော်ဝင်မြို့တော်တွင် သူနှင့်သိကျွမ်းသူဟူ၍ လူနည်းစုသာရှိပေမည်။
ရှားဟိုလီက သူ၏မုတ်ဆိတ်မွှေးများကိုပွတ်သပ်နေရင်းမှ အပြုံးနှင့် ပြောဆိုလိုက်သည်။
"ဒီလိုဆိုမှတော့ ညီလေးလုက အချိန်ကျလာတဲ့အထိ ငါ့ရဲ့အိမ်တော်မှာလိုက်နေပါလား...ဘယ်လိုသဘောရလဲ"
Chapter 2020
"ငါက တော်ဝင်ဝန်ကြီးဌာနကိုလူလွှက်ပြီး စုံစမ်းခိုင်းထားတယ်...အရှင်ဖူက အနည်းဆုံးနောက်လလောက်ကျမှ တော်ဝင်မြို့တော်ကို ပြန်ရောက်လာမှာ...တကယ်လို့ မင်း အခုချိန် သူ့ဆီသွားရင်လည်း အချည်းနှီးဖြစ်မှာပဲ"
ရှားဟိုလီက လုယွီကို ရှင်းပြလိုက်၏။
လုယွီ၏စီနီယာအကိုဖြစ်သူ ဖူကျစ်ရွှယ်သည် တော်ဝင်နန်းတွင်း၏အရေးပါသောရာထူးနေရာတစ်ခုကို ရရှိထားသည်။သူသည် ထိပ်တန်းကျောင်းတော်သားတစ်ယောက် ဖြစ်ခဲ့သည့်အပြင် ယခုလက်ရှိချိန်၌ တော်ဝင်ဝန်ကြီးဌာန၏အမတ်ကြီးရာထူးကိုရရှိထားပြီး ဝမ်ဟွားစာပေခန်းမ၏လက်ထောက်မဟာဆရာသခင်တစ်ယောက်လည်းဖြစ်သည်။ဖူကျစ်ရွှယ်သည် တော်ဝင်နန်းတော်တွင် မြင့်မားသောရာထူးကို ရရှိထားသည့်အပြင် စာပေလောကတွင်လည်း မြင့်မားသောဂုဏ်သတင်းရှိသည်။
ထို့ကြောင့် ဖူကျစ်ရွှယ်သည် တော်ဝင်မြို့တော်၌သာ အစဥ်အမြဲနေထိုင်လေ့ရှိပေ၏။အကယ်၍ အရေးကြီးကိစ္စတစ်စုံတစ်ခုမရှိပါက သူသည် တော်ဝင်မြို့တော်မှ ထွက်ခွါမည်မဟုတ်ချေ။
လုယွီသည် ဟန်ဆောင်ငြင်းပယ်မှုမျိုး ပြုလုပ်ခြင်းမရှိဘဲ ခပ်ဖျော့ဖျော့အပြုံးနှင့် ပြောဆိုလိုက်၏။
"ဒါဆိုလည်း ဦးရီးတော်ရှားကို အခက်တွေ့စေမိပြီ"
"ဟား ဟား ဟား....ငါ့ကို ဒီလိုမျိုးခေါ်တာက မရင်းနှီးသလိုမျိုး ငါ ခံစားရတယ်...ငါက မင်းထက် အသက်နည်းနည်းပဲကြီးတာ...အခုချိန်ကစပြီး မင်းနဲ့ငါ ညီအကိုတွေလိုပဲ ပြောဆိုဆက်ဆံကြရအောင်"
ရှားဟိုလီက ရယ်မောရင်း ပြောဆိုသည်။
လုယွီကမူ စိတ်လှုပ်ရှားသွားခြင်းမျိုးမရှိချေ။သူက ခေါင်းညိမ့်ပြပြီး မည်သည့်စကားကိုမျှ ပြောဆိုခြင်းမရှိပေ။
ဤရထားလုံးကို နတ်ဆိုးသားရဲမြင်းများက ဆွဲနေခြင်းဖြစ်သည်။ထိုမြင်းများသည် တစ်ရက်တွင် မိုင်တစ်ထောင်ကျော်ခန့် ခရီးသွားလာနိုင်သဖြင့် အချိန်နာရီခန့်အကြာတွင် ဦးရီးတော်ရှားဟိုလီ၏အိမ်တော်သို့ ရောက်ရှိလာခဲ့သည်။
တော်ဝင်မြို့တော်အတွင်းတွင် ဦးရီးတော်ရှားဟိုလီ၏အိမ်တော်ကို အလွန်ခမ်းနားထည်ဝါစွာ တည်ဆောက်ထားပြီး နေရာကျယ်ဝန်းသည်။အဝေးမှကြည့်ပါက အိမ်တော်သည် မြို့တစ်မြို့နှင့်တူညီပေ၏။မြောက်မြားစွာသောအဆောက်အအုံများ ခြံဝန်းအတွင်း၌ရှိနေပြီး မြစ်တစ်စင်းက အိမ်တော်ကိုဖြတ်သန်း၍ စီးဆင်းနေသည်။
အိမ်တော်တံခါးမကြီး၏အရှေ့၌ အစေခံတစ်စုက မတ်တတ်ရပ်၍ စောင့်ဆိုင်းနေကြ၏။ထိုလူစု၏ရှေ့ဆုံးတွင် ခမ်းနားထည်ဝါသောပိုးထည်ဝတ်စုံကို ဝတ်ဆင်ထားသည့် ရှားဟိုလီ၏ဇနီးရှိနေသည်။
သူမ၏နောက်တွင် အမျိုးသမီးငယ်တစ်ယောက်ရှိပြီး ထိုမိန်းကလေး၏မျက်ခုံးတစ်စုံသည် ရှားဟိုလီနှင့် ခပ်ဆင်ဆင်တူနေပေ၏။သူမ၏အသားအရေသည် ကျောက်စိမ်းကဲ့သို့ ဖြူစင်ချောမွေ့နေပြီး သူမ၏ပါးပြင်နှစ်ဖက်က နီမြန်းနေသည်။သူမ၏မျက်လုံးတစ်စုံသည်လည်း စူးရှတောက်ပကာ တက်ကြွလန်းဆန်းမှုများ ထင်ဟပ်နေပေ၏။
"ဒေါ်လေး....ဦးလေးက ဒီတစ်ကြိမ်တိုက်ပွဲကိုအောင်နိုင်ခဲ့တယ်လို့ ကျွန်မကြားထားတယ်...တော်ဝင်နန်းတော်ကနေ သူ့ကို ဆုလာဘ်တွေအများကြီးချီးမြှင့်မှာသေချာတယ်"
မိန်းကလေးက အနည်းငယ်စိတ်လှုပ်ရှားနေသောအသံဖြင့် ပြောဆိုသည်။
သူမ၏နာမည်သည် လုံယွင်ရှန်းဖြစ်ပြီး ရှားဟိုလီ၏ဇနီးသည်ဘက်မှ အကြီးဆုံးသခင်မလေးဖြစ်သည်။ဤတစ်ကြိမ်တွင် သူမသည် တော်ဝင်မြို့တော်သို့ အလည်အပတ်ရောက်ရှိနေခြင်းဖြစ်ပေ၏။
လုံမိသားစုသည် ဝေးလံခေါင်သီသောကြယ်နယ်မြေတစ်ခုမှ မိသားစုတစ်စုဖြစ်သဖြင့် တော်ဝင်မြို့တော်အတွင်းမှ အစွမ်းထက်သောမိသားစုကြီးများနှင့် နှိုင်းယှဥ်၍မရချေ။
လုံယွင်ရှန်းအတွက်မူ တော်ဝင်နန်းတွင်းမှအဆင့်မြင့်အရာရှိတစ်ယောက်ဖြစ်သော ဦးလေးသည် နတ်ဘုရားကဲ့သို့ တည်ရှိမှုကြီးပင်။
"ဒီတစ်ကြိမ် ငါ တော်ဝင်မြို့တော်ကို ရောက်လာတဲ့အချိန်မှာ...ငါက အင်အားကြီးတဲ့မိသားစုကလူတွေနဲ့ မိတ်ဆွေဖွဲ့ရမယ်...မဟုတ်ရင် ငါက နေရာငယ်လေးမှာပဲ တသက်လုံးနေနေရပြီးတော့...လောကကြီးကို ဘယ်တော့မှမြင်ရမှာမဟုတ်ဘူး"
လုယွင်ရှန်းက စိတ်ဆုံးဖြတ်ချက်ချလိုက်သည်။
မကြာမီမှာပင် သူတို့၏မြင်ကွင်းအတွင်းသို့ သံချပ်ကာစစ်သားများ တစ်ဖက်တစ်ချက်ခြံရံလာသော ရထားလုံးတစ်စီးက ဝင်ရောက်လာပေ၏။
တော်ဝင်မြို့တော်တွင် ရှားဟိုလီ၏သီးသန့်တပ်သား အယောက်သုံးရာရှိသည်။ထိုအစောင့်များသည် တိုက်ပွဲအတွေ့အကြုံရင့်ကျင်ပြီးဖြစ်သဖြင့် သူတို့၏ရုပ်ခန္ဓာကိုယ်များကို ထိန်းညှိပြီးသားဖြစ်ကာ သူတို့ထံ၌ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများဖြင့် ပြည့်နှက်နေသည်။
ထိုသီးသန့်တပ်သားအယောက်သုံးရာနှင့်အတူ ရှားဟိုလီ၏ရထားလုံးသည် အိမ်တော်တံခါးမကြီးရှေ့သို့ ရောက်ရှိလာသည်။
"မိသားစုခေါင်းဆောင် တိုက်ပွဲအောင်နိုင်မှုနဲ့အတူပြန်လာတာကို ဂုဏ်ပြုကြိုဆိုပါတယ်"
အစေခံများအားလုံးက တပြိုင်နက်တည်း အော်ဟစ်လိုက်ကြ၏။
ရှားဟိုလီက အပြုံးနှင့်အတူ လုယွီအားပြောဆိုသည်။
"ညီလေးလု...ဒီတစ်ကြိမ်တိုက်ပွဲကို အနိုင်ရခဲ့တာက...မင်းကို ကျေးဇူးတင်ရမယ်...အိမ်တော်ကိုရောက်တာနဲ့ ငါတို့ ကောင်းကောင်းသောက်ကြရအောင်"
"ဒါက ပြဿနာမရှိပါဘူး"
လုယွီက ခပ်ဖျော့ဖျော့အပြုံးနှင့်ပြောဆိုလိုက်ပြီး သူက ငြင်းပယ်ခြင်းမပြုချေ။
ရှားဟိုလီသည် ပွင့်လင်းသောစိတ်နေသဘောထားမျိုးရှိပြီး စကားကိုဗြောင်ကျကျပြောဆိုတက်သူဖြစ်ကြောင်း သူ သိရှိပြီးဖြစ်သည်။ဖြစ်နိုင်သည်မှာ ရှားဟိုလီသည် တော်ဝင်နန်းတွင်း၌ မိတ်ဆွေအမြောက်အများမရှိနိုင်ချေ။
လုယွီ၏ခွန်အားသည် ယခုလက်ရှိချိန်၌ အစစ်အမှန်နဂါးခြောက်ကောင်၏စွမ်းအားရှိနေပြီး ရွှယ်အင်မော်တယ်တစ်ယောက်၏ခွန်အားနှင့် တူညီလုနီးပါးပင်။ကျင့်ကြံခြင်းလောကတွင် ခွန်အားသည်သာ အဓိကဖြစ်ရာ ရှားဟိုလီနှင့်ညီအကိုဖွဲ့ခြင်းသည် မသင့်လျော်ဟု သူ မခံစားရချေ။
သူတို့နှစ်ယောက် ရထားလုံးပေါ်မှထွက်လာစဥ်တွင် သခင်မကြီးရှားဟိုက အစေခံတသိုက်နှင့်အတူ ချက်ချင်းပင် ကြိုဆိုနှုတ်ဆက်လေ၏။
"အဲ့ဒီလူက ဘယ်သူပါလိမ့်...သူကိုကြည့်ရတာ အသက်ငယ်သေးပုံပဲ...သူက ငါ့ရဲ့ဦးလေးနဲ့ ရထားလုံးအတူတူစီးလာတယ်"
လုံယွင်ရှန်းသည် လုယွီကို ကြီးမားသောစိတ်ဝင်စားမှုဖြင့် စူးစိုက်ကြည့်နေသည်။
"မိန်းမ...ညစာစားပွဲပြင်ဆင်လိုက်တော့...ငါက ညီလေးလုနဲ့အတူ ကောင်းကောင်းသောက်ရမယ်"
ရှားဟိုလီက ကျယ်လောင်စွာ အော်ဟစ်ရယ်မောကာ လက်ဝှေ့ယမ်း၍ ပြောဆိုလိုက်သည်။