အခန်း (၂၀၂၁-၂၀၂၅)
Vol. 104 Ch. 2021-2025
Chapter 2021
သခင်မကြီးရှားဟိုသည် အံ့အားသင့်သွားပုံမရဘဲ သူမက အပြုံးနှင့်ပြောဆိုလိုက်သည်။
"ဦးရီးတော်အတွက် ညစာစားပွဲ ပြင်ဆင်ပေးထားပြီးသားပါ...ခဏနေတာနဲ့ ရှင် ညစာစားပွဲကျင်းပလို့ရပြီ"
လုံယွင်ရှန်းသည် ဤသည်ကအခွင့်အရေးတစ်ခုက နားလည်လိုက်သဖြင့် သူမက ရှေ့သို့ခြေတစ်လှမ်းတက်ကာ ပြောဆိုလိုက်၏။
"ဦးလေး...ကျွန်မက...."
ထိုအချိန်မှာပင် လမ်း၏တစ်ဖက်ခြမ်းဆီမှနေ၍ ကျယ်လောင်သောမြင်းခွာသံများ ထွက်ပေါ်လာသည်။
မြင်းများပေါ်တွင် အစိမ်းရောင်ဝတ်စုံဝတ်ဆင်ထားသောအရာရှိတစ်ယောက်နှင့် စစ်သားဆယ်ယောက်ကျော်ရှိနေသည်။
ထိုလူတစ်စု အလျှင်စလိုတိုးဝင်လာခြင်းကိုမြင်သည်နှင့် ရှားဟိုလီ၏သီးသန့်တပ်သားများသည် သူတို့၏ဓားများနှင့်လှံရှည်များကိုဆွဲထုတ်ကာ သူတို့ထံမှ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ မြင့်တက်လာသည်။
"ဦးရီးတော်ရှားဟိုလီဆိုတာ ဘယ်သူလဲ"
အစိမ်းရောင်ဝတ်စုံဝတ်အရာရှိက အော်ဟစ်မေးမြန်းလေ၏။
ရှားဟိုလီသည် သူ၏လက်ကိုဆန့်ထုတ်၍ သူ၏တပ်သားများကိုဟန့်တားပြီး ကျယ်လောင်သောအသံဖြင့် ပြောဆိုလိုက်သည်။
"ငါပဲ"
"ဦးရီးတော်ရှားဟိုလီက တော်ဝင်မြို့တော်ကိုပြန်ရောက်တာနဲ့ နှောင့်နှေးကြန့်ကြာမှုမရှိဘဲ တော်ဝင်စစ်ရေးဌာနကို သတင်းပို့ရမယ်လို့ အမိန့်ထုတ်ပြန်ထားတယ်"
အစိမ်းရောင်ဝတ်စုံဝတ်အရာရှိက အော်ဟစ်ပြောဆိုသည်။
ထို့နောက် စာလိပ်တစ်လိပ်က ရှားဟိုလီ၏လက်အတွင်းသို့ ကျရောက်လာသည်။
"ဒီအချိန်ကြီးကို ဆင့်ခေါ်တာလား"
ရှားဟိုလီက မျက်မှောင်ကြုတ်ပြီး စာလိပ်ကိုဖွင့်ဖတ်လိုက်၏။ရုတ်ချည်းဆိုသလိုပင် သူ၏မျက်နှာအမူအယာ ပြောင်းလဲသွားသည်။
"ညီလေးလု...ဒီရက်တွေအတွင်းမှာတော့ ငါ မင်းနဲ့အတူ သောက်နိုင်မှာမဟုတ်ဘူး...ငါ ပြန်လာတဲ့အခါကျရင် မင်းနဲ့ငါ မမှောက်မချင်း မနားရဘူး"
ရှားဟိုလီက ရယ်မောရင်း ပြောဆိုသည်။
တော်ဝင်စစ်ရေးဌာနမှအမိန့်ကို မလိုက်နာ၍မရသဖြင့် ရှားဟိုလီသည် အစိမ်းရောင်ဝတ်စုံဝတ်အရာရှိနှင့်အတူ ထွက်ခွာသွားတော့သည်။
ဤမြင်ကွင်းသည် လုံယွင်ရှန်းကို ပြောစရာစကားမရှိဘဲ ဆွံအသွားစေ၏။
"နင် အိမ်တော်မှာ နည်းနည်းကြာကြာထပ်နေမယ်ဆိုရင် နားလည်သွားလိမ့်မယ်...ဘယ်လိုပဲဖြစ်ဖြစ် သူက စစ်တပ်ရဲ့အရာရှိတစ်ယောက်လေ....ဘာလုပ်ရမယ်ဆိုတာကို တခါတလေ သူ့မှာရွေးချယ်ခွင့်မရှိဘူး"
ထို့နောက် သခင်မကြီးရှားဟိုက အိမ်တော်ထိန်းဘက်သို့လှည့်၍ ပြောဆိုလိုက်သည်။
"လာကြစမ်း...ဒီလူငယ်လေးကို အနောက်ဘက်ခြံဝန်းကိုခေါ်သွားပြီးတော့ သူနေဖို့နေရာတစ်နေရာ စီစဥ်ပေးလိုက်စမ်း"
လုယွီသည် သခင်မကြီးရှားဟိုထံမှ အေးစက်တင်းမာမှုအရိပ်အယောင်တချို့ကို ခံစားမိသည်။
သို့ရာတွင် သူသည် ဤကဲ့သို့ကိစ္စငယ်လေးအတွက်ဖြင့် ဂရုစိုက်လိုခြင်းမရှိချေ။မည်သို့ပင်ဆိုစေကာမူ သူသည် သခင်မကြီးရှားနှင့် ယခင်ကမဆုံတွေ့ဖူးသဖြင့် သူနှင့်သူမအကြားတွင် မည်သည့်ရန်ငြိုးရန်စမျှမရှိနိုင်ချေ။
"သခင်မကြီးကို ကျေးဇူးတင်ပါတယ်"
လုယွီသည် အိမ်တော်ထိန်း၏နောက်သို့လိုက်၍ အနောက်ဘက်ခြံဝန်းထံသို့ လျှောက်လှမ်းသွားလိုက်၏။
လုယွီထွက်ခွါသွားသည်နှင့် သခင်မကြီးရှားဟိုက လုံယွင်ရှန်းကို ပြောဆိုလေသည်။
"ရှန်းအာ....နင်လည်း အနားသွားယူတော့လေ...ဒီရက်တွေအတွင်းမှာ မင်း တော်ဝင်မြို့တော်ကို ကောင်းကောင်းလည်ပတ်သင့်တယ်...ပြီးတော့ မိတ်ဆွေသူငယ်ချင်းတွေလည်း ရှာသင့်တယ်...နင့်ရဲ့ဦးလေး တော်ဝင်စစ်ရေးဌာနကို သတင်းသွားပို့တာက အနည်းဆုံး ရက်နည်းနည်းလောက်တော့ကြာလိမ့်မယ်"
'ဒါက အရမ်းကြာလွန်းတယ်'
လုံယွင်ရှန်းသည် သူမ၏စိတ်အတွင်းမှ ညည်းတွားနေသော်လည်း ထုတ်ဖော်ပြောဆိုခြင်းမပြုဝံ့သဖြင့် သူမက နာခံရို့ကျိုးဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။
တခြားတစ်ဖက်တွင်မူ လုယွီသည် အိမ်တော်ထိန်းနှင့်အတူ အနောက်ဘက်ခြံဝန်းသို့ ရောက်ရှိသွားခဲ့သည်။
ရှားဟိုအိမ်တော်သည် အလွန်အမင်းကျယ်ဝန်းပေ၏။အနောက်ဘက်ခြံဝန်းသည် ဝင်္ကပါတစ်ခုနှင့်တူညီနေပြီး ခမ်းနားထည်ဝါသောအဆောက်အအုံအမြောက်အများရှိနေသည်။ရေအိုင်များအတွင်းမှလည်း ထူထပ်သိပ်သည်းသောစိတ်ဝိညာဥ်စွမ်းအားများကို ထုတ်လွှက်ပေးနေရာ ကျင့်ကြံသူများအတွက် မြင့်မြတ်နယ်မြေဟုဆိုနိုင်သည်။
အိမ်တော်အတွင်းတွင် ထောင်နှင့်ချီသောအစေခံများ လှုပ်ရှားသွားလာနေသည်။လမ်းတလျှောက်လုံး၌ အလွန်လှပသော အဆောင်များကိုလည်း နေရာအနှံ့ မြင်တွေ့နေရ၏။
"ဧည့်သည်....ဒီနေရာက မင်း နေဖို့နေရာပဲ!
အိမ်တော်ထိန်းက လုယွီကို ခြံဝန်းငယ်တစ်ခုအတွင်းသို့ ခေါ်ဆောင်သွားခဲ့သည်။
ထိုခြံဝန်းသည် အလွန်သာမာန်ဆန်ပြီး အိပ်ဆောင်တစ်ဆောင်နှင့်မိုးမခပင်တစ်ပင်ကလွဲ၍ တခြားအရာမရှိချေ။ထို့ပြင် ဤနေရာတွင် စိတ်ဝိညာဥ်စွမ်းအင်များ အလွန်ကျဲပါးသည်။
ခြံဝန်းအတွင်းသို့ဝင်လိုက်သည်နှင့် လုယွီသည် အသံတိုးတိုးကျယ်ကျယ်များကို ကြားရခြင်းနှင့်အတူယှဥ်တွဲ၍ စိတ်ဝိညာဥ်စွမ်းအင်လှုပ်ခတ်နေမှုများကို မြင်တွေ့လိုက်ရသည်။ကြည့်ရသည်မှာ ဤနေရာနှင့်မလှမ်းမကမ်း၌ လူတချို့တိုက်ခိုက်နေခြင်းဖြစ်နိုင်သည်။
"ဒီနေရာက...."
လုယွီက မျက်မှောင်ကြုတ်လိုက်၏။
"ဧည့်သည်...ဒီနေရာမှာ အရင်ဆုံးခဏတော့ နေလိုက်ပါအုံး....ပထမတန်းစားဧည့်သည်ခန်းတွေက ပြည့်နေတယ်...ငါတို့ရဲ့အိမ်တော်သခင်ကြီး တိုက်ပွဲမှာ အောင်နိုင်ခဲ့တဲ့သတင်းကိုကြားတာနဲ့...လူတွေအများကြီးက သူ့ကို ဂုဏ်ပြုစကားပြောဆိုဖို့ ရောက်လာကြတယ်"
အိမ်တော်ထိန်းသည် အပြုံးတုတစ်ခုနှင့်အတူ စကားလုံးအနည်းငယ်ဖြင့်ရှင်းပြ၍ နောက်သို့ပြန်လှည့်ကာ ထွက်ခွာသွားတော့သည်။
လုယွီက ခေါင်းခါယမ်းလိုက်၏။ကြည့်ရသည်မှာ ရှားဟိုလီသည် သူ၏အဆင့်အတန်းနှင့်ပတ်သတ်၍ ရှင်းရှင်းလင်းလင်းပြောဆိုခဲ့ရန် အချိန်ရခဲ့ပုံမပေါ်ချေ။
ဤတစ်ကြိမ်တွင် ရှားဟိုလီသည် တိုက်ပွဲကိုအနိုင်ရရှိခဲ့ခြင်းမှာ လုယွီက သူ့အား အချိန်မီကယ်တင်နိုင်ခဲ့ခြင်းကြောင့်ဖြစ်သည်။ထိုသို့မဟုတ်ပါက ရှားဟိုလီသည် သေသည်အထိ ရှုရာစစ်တပ်များ၏ချောင်ပိတ်ထားခြင်းခံရပေမည်။
"ဒါက အဆင်ပြေပါတယ်...ဘယ်လိုပဲဖြစ်ဖြစ် ငါ နေဖို့နေရာတစ်နေရာရှိနေတာပဲလေ"
ခပ်ဖျော့ဖျော့အပြုံးနှင့်အတူ လုယွီက ခြံဝန်းတံခါးကိုတွန်းဖွင့်ရန် သူ၏လက်ကိုဆန့်တန်းလိုက်သည်။
သို့သော် ထိုအချိန်မှာပင် သူ၏နောက်မှနေ၍ ကြမ်းကြမ်းတမ်းတမ်းအသံတစ်သံ ထွက်ပေါ်လာသည်။
"ညီငယ်လေး...ဖြစ်နိုင်တာတော့ မင်းလည်း ရှားဟိုအိမ်တော်ရဲ့အလုပ်သင်တစ်ယောက်လား"
Chapter 2022
လုယွီက နောက်သို့လှည့်ကြည့်လိုက်ရာ သန်မာထွားကျိုင်းသောလူလတ်ပိုင်းကြီးတစ်ယောက်က သူ့ထံသို့လျှောက်လှမ်းလာခြင်းကို တွေ့မြင်မိသည်။
"အလုပ်သင်လား"
လုယွီက တီးတိုးရေရွတ်လိုက်၏။
လုယွီ ဇဝေဇဝါဖြစ်နေသည်ကိုမြင်သဖြင့် လူလတ်ပိုင်းကြီးက သူ၏လက်ဖြင့် လုယွီ၏ပခုံးကိုပုတ်ကာ ရယ်မောလိုက်သည်။
"မင်းက ခုမှအိမ်တော်ကိုရောက်လာတာ...ဟုတ်တယ်မလား...ဒါက ပြဿနာမရှိပါဘူး...နောင်တစ်ချိန်မှာ ငါတို့အားလုံးက သခင်ကြီးအတွက် အလုပ်လုပ်ကြမှာပဲလေ...သခင်ကြီးက ဒီတစ်ကြိမ်မှာ ကြီးမားတဲ့စစ်ရေးအောင်မြင်မှု ရရှိခဲ့တယ်...သူက နောင်အနာဂတ်မှာ ဒီထက်ပိုပြီး ရာထူးအဆင့်တွေတိုးလာမယ်ဆိုတာ သေချာတယ်...တကယ်လို့ မင်းက ဒီအိမ်တော်မှာ အလုပ်လုပ်မယ်ဆိုရင် မင်းအတွက်လည်း အကျိုးကျေးဇူးတွေအများကြီးရနိုင်တယ်"
"မင်းက ခုမှ အိမ်တော်ကိုရောက်လာတဲ့သူဆိုတော့...ဒီနေရာမှာ မင်းမသိသေးတဲ့ စည်းမျဥ်းတွေအများကြီးရှိနေတယ်...တကယ်လို့ မင်းက ငါ့ကို တန်ဖိုးရှိတာတစ်ခုခုပေးမယ်ဆိုရင် ဒီအိမ်တော်ရဲ့စည်းမျဥ်းတွေအကြောင်း မင်းကို ငါ သင်ပေးမယ်...ဘယ်လိုသဘောရလဲ"
လုယွီက ခေါင်းခါပြလိုက်၏။
"မင်း မှားနေပြီ...ငါက အလုပ်သင်တစ်ယောက်မဟုတ်ဘူး....ငါက ဒီအိမ်တော်ရဲ့ဧည့်သည်တစ်ယောက်ပဲ"
စကားဆုံးသည်နှင့် လုယွီက လူလတ်ပိုင်းကြီးကို လျစ်လျှူရှု၍ ခြံဝန်းအတွင်းသို့ ဝင်ခဲ့တော့သည်။
"ဖွီ...သောက်ကျိုးနည်း ကောင်စုတ်လေး...မင်းက ဘာတွေလာပြီး ဟန်ဆောင်နေတာလဲ...မင်းက ဒီလိုမျိုး အဆင့်နိမ့်ဧည့်သည်ခန်းမှာနေနေရတာတောင် ဒီအိမ်တော်ရဲ့အထူးဧည့်သည်တစ်ယောက်လို ဟန်ဆောင်ချင်သေးတယ်"
လူလတ်ပိုင်းကြီးက တံတွေးတစ်ချက်ထွေး၍ ပြောဆိုလိုက်ပြီးနောက် သူ၏မျက်လုံးများအတွင်း၌ သရော်တော်တော်အရိပ်အယောင်များ ထင်ဟပ်နေသည်။
ဤခြံဝန်းသည် အမှန်တကယ်ကိုပင် စွန့်ပစ်ခံနေရာတစ်ခုဖြစ်ပုံရသည်။ကြည့်ရသည်မှာ ဤနေရာကို မည်သူမျှ ကြည့်ရှုစောင့်ရှောက်ပုံမရဘဲ ခြံဝန်းအတွင်းရှိ လမ်းကျဥ်းလေးပေါ်တွင်ပင် မြက်ခြောက်များ ဖုံးလွှမ်းနေသည်။
လုယွီက အိမ်အတွင်းသို့ ဝင်လိုက်၏။အိမ်အတွင်းရှိ ပရိဘောဂများသည် ဟောင်းနွမ်းနေသော်လည်း အပြည့်အစုံရှိသည်ဟု ဆိုနိုင်သည်။
လုယွီသည် ခုံစောင်းတစ်ခုထံသို့လျှောက်သွားပြီး ထိုအရာပေါ်ရှိ ဖုန်မှုန့်များကို သူ၏လက်ဖြင့်တောက်ထုတ်လိုက်သည်။ထို့နောက် သူက စက္ကူဖြူတစ်ရွက်ကိုဖြန့်၍ မှင်သွေးကာ စုတ်တံကိုကိုင်ပြီး စာရွက်ပေါ်၌ ရေးသားလိုက်သည်။စာရေးသားပြီးသည်နှင့် သူက ထိုစာကို စာပို့ခိုတစ်ကောင်နှင့် ဖေးထျန်ကွမ်းထံသို့ ပို့ဆောင်လိုက်တော့သည်။
မည်သို့ပင်ဆိုစေကာမူ ဖေးထျန်ကွမ်းသည် အရာရှိတစ်ယောက်အဖြစ် တော်ဝင်မြို့တော်၌ အချိန်အတော်ကြာ နေထိုင်ခဲ့ဖူးသည်။ထို့ကြောင့်ဖေးထျန်ကွမ်းသည် သူ့ထက်ပို၍ တော်ဝင်မြို့တော်ကို ရင်းနှီးကျွမ်းဝင်မှုရှိမည်မှာ တိကျသေချာလှ၏။
လုယွီထံတွင် ယခုလက်ရှိချိန်၌ အစစ်အမှန်နဂါးခြောက်ကောင်၏ခွန်အားမျိုးရှိနေသဖြင့် သူ၏အကန့်အသတ်နှင့် နီးကပ်နေလေပြီ။သူ၏ခွန်အားကို ထပ်မံ၍တိုးမြှင့်လိုပါက သူ၏ကျင့်ကြံဆင့်နယ်ပယ်ကို အရင်ဆုံးမြှင့်တင်ရပေမည်။
မြေကမ္ဘာအင်မော်တယ်တစ်ယောက်ဖြစ်လာရန်အတွက် အခြေခံအကျဆုံးလိုအပ်ချက်များမှာ ဒြပ်စင်ငါးမျိုးချီများကို စုဆောင်းနိုင်ရန်ပင်။
ယခုလက်ရှိချိန်တွင် လုယွီထံ၌ ရေဒြပ်စင်ချီ သစ်သားဒြပ်စင်ချီနှင့် သတ္ထုဒြပ်စင်များသည် ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိနေလေပြီ။သူသည် ဒြပ်စင်ငါးမျိုးချီများအားလုံး ပြီးပြည့်စုံစေရန် ခြေတစ်လှမ်းသာ ကျန်ရှိတော့သည်။ထို့ကြောင့် ယခုလက်ရှိချိန်တွင် သူ့အတွက် လုံလောက်သော ဒြပ်စင်ငါးမျိုးချီများ ရရှိရန်လိုအပ်သည်။
ထိုအခြေအနေကိုအခွင့်ကောင်းယူ၍ လုယွီသည် တော်ဝင်မြို့တော်အတွင်း၌ ဒြပ်စင်ငါးမျိုးချီများ မည်သည့်နေရာမှ သူ ရရှိနိုင်မည်ဆိုသည်နှင့် မြို့တော်၏အင်အားစုများအကြောင်းကို ဖေးထျန်ကွမ်းထံသို့ မေးမြန်းထားခဲ့သည်။
"စိတ်ဝိညာဥ်စုစည်းခြင်းဝင်္ကပါ...စတင်စမ်း"
စာပေးပို့ပြီးနောက် လုယွီသည် သူ၏လက်ချောင်းများကိုလှုပ်ခတ်၍ စိတ်ဝိညာဥ်စွမ်းအင်အလင်းတန်းများနှင့်ပြည့်နှက်နေသော ဝင်္ကပါကြီးတစ်ခုကို အခန်းအတွင်း၌ ခင်းကျင်းလိုက်သည်။
ဤကြီးမားသော စိတ်ဝိညာဥ်စုစည်စခြင်းဝင်္ကပါကြောင့် လုယွီရှိနေသော အိမ်အတွင်း၌ စိတ်ဝိညာဥ်စွမ်းအင်များဖြင့် ပြည့်နှက်သွားပေ၏။အရပ်မျက်နှာအဘက်ဘက်မှ စိတ်ဝိညာဥ်စွမ်းအင်များသည် လုယွီရှိနေသောနေရာ၌ စုဝေးလာသည်။
"ငါ ရှုရာဧကရာဇ်ရှစ်ဖန့်နဲ့တိုက်ခိုက်နေတဲ့အချိန်တုန်းက ငါ့ရဲ့ခွန်အားကို အလျှင်စလို မြှင့်တင်ခဲ့မိတယ်...ငါက အခု အဲ့ဒီစွမ်းအားတွေကို တည်ငြိမ်အောင်လုပ်ဖို့လိုအပ်တယ်"
လုယွီက သက်ပြင်းတစ်ချက်ရှိုက်ပြီး သူ၏စိတ်ကိုတည်ငြိမ်အောင် ထိန်းသိမ်းလိုက်၏။
ဝင်္ကပါကြီး၏လွှမ်းမိုးမှုအောက်တွင် စိတ်ဝိညာဥ်စွမ်းအင်စီးကြောင်းများသည် လုယွီ၏ခန္ဓာကိုယ်မှတဆင့် သူ၏မိုးကောင်းကင်လှိုဏ်ဂူအတွင်းသို့ အဆက်မပြတ်စီးဝင်နေသည်။
သူ၏မိုးကောင်းကင်လှိုဏ်ဂူအတွင်း၌ အစစ်အမှန်နဂါးခြောက်ကောင်၏ပုံရိပ်သည် တဖြည်းဖြည်း ပို၍ကျစ်လစ်သိပ်သည်းကာ အသက်ဝင်လာပြီး ပြင်းထန်ပြီးအစွမ်းထက်သောစွမ်းအားများကို ထုတ်ဖော်ပြသနေပေ၏။
တလိမ့်လိမ့်စီးဝင်နေသော စိတ်ဝိညာဥ်စွမ်းအားများသည် လုယွီ၏ခန္ဓာကိုယ်အနှံ့ လှည့်ပတ်နေပြီး သူ၏စွမ်းအားများကို ပြန်လည်ဖြည့်တင်းပေးနေသည်။
ထိုအချိန်မှာပင် လုယွီသည် သူ့စိတ်ဝိညာဥ်၏စွမ်းအားမှတဆင့် သူ၏မိုးကောင်းကင်လှိုဏ်ဂူအတွင်း၌ ချိပ်ပိတ်ထားသော ရှုရာဧကရာဇ်ရှစ်ဖန့်၏စိတ်ဝိညာဥ်ကို သတိပြုမိသွားသည်။
ဤအချိန်အခိုက်အတန့်တွင် ရှုရာဧကရာဇ်ရှစ်ဖန့်၏စိတ်ဝိညာဥ်သည် မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီး၏ဖိနှိပ်ခြင်းကိုခံထားရပြီး ရုပ်ထုတစ်ခုအလား မလှုပ်မယှက်ရှိနေသည်။
လုယွီက လေဟာနယ်အတွင်းသို့ လက်ညှိုးညွှန်လိုက်ချိန်တွင် တစ်ချိန်လုံးအိပ်မောကျနေပုံရသော ရှုရာဧကရာဇ်ရှစ်ဖန့်၏စိတ်ဝိညာဥ် ရုတ်တရက်နိုးထလာပေ၏။သူ၏မျက်လုံးများအတွင်းမှနေ၍ အနက်ရောင်အလင်းတန်းများ ဖြာထွက်လာသည်။
"ကောင်လေး...ငါ မင်းကို စောင့်နေတာ"
ရှုရာဧကရာဇ်ရှစ်ဖန့်၏စိတ်ဝိညာဥ်သည် ကျယ်လောင်စွာအော်ဟစ်ရယ်မောပြီး သူက လုယွီထံဦးတည်၍ တဟုန်ထိုးပြေးဝင်လာခဲ့သည်။
"ဟား ဟား ဟား...ငါက ကျင့်ကြံခြင်းလောကမှာ နှစ်တွေအကြာကြီး ကျင်လည်ကျက်စားလာခဲ့တာ...ဘယ်လိုလုပ်ပြီး မင်းလိုကောင်စုတ်လေးရဲ့လက်ထဲမှာ ရှုံးနိမ့်နိုင်မှာလဲ...မင်းရဲ့ရုပ်ခန္ဓာကိုယ်ကို လိမ်လိမ်မာမာနဲ့ ငါ့ဆီလွှဲပြောင်းပေးတာ ပိုကောင်းလိမ့်မယ်"
ရှုရာဧကရာဇ်ရှစ်ဖန့်က ကျယ်လောင်စွာအော်ဟစ်ရယ်မောပြီး ပြောဆိုလိုက်၏။
သူသည် လုယွီ သတိလက်လွတ်နေသည့်အချိန်ကို အခွင့်ကောင်းယူ၍ သေစေနိုင်သောတိုက်ခိုက်မှုမျိုးနှင့် တိုက်ခိုက်နိုင်ရန်အလို့ငှါ တစ်ချိန်လုံး သတိလစ်မေ့မြောနေသယောင် ဟန်ဆောင်ခဲ့ရသည်။
Chapter 2023
ရှုရာဧကရာဇ်ရှစ်ဖန့်နှင့်ရင်ဆိုင်ရချိန်တွင် လုယွီ၏နှုတ်ခမ်းထောင့်၌ သရော်တော်တော်အပြုံးတစ်ခုရှိနေသည်။
"ရှစ်ဖန့်...ကျုပ် ခင်ဗျားကို သတိမထားမိဘူးလို့ ခင်ဗျားထင်နေတာလား"
လုယွီက ကူကယ်ရာမဲ့စွာဖြင့် သူ၏ခေါင်းကိုခါယမ်းပြီး သူ့ထံချဥ်းကပ်လာသော ရှုရာဧကရာဇ်ရှစ်ဖန့်၏စိတ်ဝိညာဥ်ကို စောင့်ကြည့်နေသည်။
"လျှို့ဝှက်ဆန်းကြယ်ချင်ယောင်ဆောင်နေတယ်"
ရှုရာဧကရာဇ်ရှစ်ဖန့်၏အရှိန်နှုန်းသည် ပို၍လျှင်မြန်လာပြီး လုယွီအနီးသို့ ရောက်ရှိလုဆဲဆဲဖြစ်လာသည်။
သို့ရာတွင် သူ၏စိတ်ဝိညာဥ် လုယွီ၏အနီးသို့ ရောက်ရှိသွားစဥ်တွင် ပြင်းထန်သောအားလှိုင်းတစ်ရပ်က ရုတ်တရက် သူ့ပေါ်သို့သက်ရောက်လာပေ၏။
ဧရာမမြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီးက ရှုရာဧကရာဇ်ရှစ်ဖန့်၏နောက်၌ ထွက်ပေါ်လာသည်။ထိုပုံရိပ်ယောင်ကြီး၏လက် ဆန့်ထွက်လာပြီး ရှုရာဧကရာဇ်ရှစ်ဖန့်၏စိတ်ဝိညာဥ်ပေါ်သို့ ဖိနှိပ်လိုက်၏။
ဘုန်း...
ရှုရာဧကရာဇ်ရှစ်ဖန့်၏စိတ်ဝိညာဥ်သည် အနည်းငယ်မျှပင် ခုခံကာကွယ်နိုင်စွမ်းမရှိဘဲ မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီး၏ဖိနှိပ်ခြင်းကို ခံလိုက်ရသည်။
တစ်ချိန်တည်းမှာပင် လုယွီ၏စိတ်ဝိညာဥ်မှစွမ်းအားများ အပြည့်အဝ ပွင့်အံထွက်လာသည်။
သူ၏စိတ်ဝိညာဥ်မှစွမ်းအားသည် အားအကောင်းဆုံးတာအိုသခင်တစ်ယောက်၏ အမှတ်သင်္ကေတဖြစ်သဖြင့် ပင်လယ်တမျှကျယ်ပြန့်ပြီး တောင်ကြီးတစ်လုံးကဲ့သို့ လေးလံသည်။
"မင်း...မင်း...မင်းက ဘယ်သူလဲ"
ရှုရာဧကရာဇ်ရှစ်ဖန့်၏စကားများ ထစ်ငေါ့နေပြီး သူ၏မျက်လုံးများပြူးကျယ်နေကာ ထိတ်လန့်ကြောက်ရွံမှုအရိပ်အယောင်များ ထင်ဟပ်နေသည်။
"ကျုပ် ဘယ်သူလဲဆိုတာ ခင်ဗျားသိဖို့ မလိုအပ်ဘူး"
လုယွီသည် အတင့်ရဲသောလှုပ်ရှားမှုမျိုးဖြင့် ရှုရာဧကရာဇ်ရှစ်ဖန့်၏စိတ်ဝိညာဥ်မှ အသိစိတ်များအားလုံးကို ဖယ်ရှားရှင်းလင်းလိုက်၏။
ရှုရာမျိုးနွယ်မှထိပ်သီးအစွမ်းထက်ကျင့်ကြံသူတစ်ယောက်သည် စိတ်ဝိညာဥ်တစ်ခုအဖြစ်နှင့်သာ ကျန်ရှိတော့သဖြင့် လုယွီ၏တိုက်ခိုက်မှုကို အနည်းငယ်မျှပင် ခုခံကာကွယ်နိုင်စွမ်းမရှိချေ။
"ဒါဆိုရင် ရှေးဟောင်းကောင်းကင်ဘုံရန်ငြိုးတရားဂိုဏ်းရဲ့ အမွေအနှစ်နယ်မြေက ခုထိရှိနေသေးတာပဲ...ရှစ်ဖန့်ရဲ့ခွန်အားက အကန့်အသတ်ရှိနေတာကြောင့် သူက အမွေအနှစ်ရဲ့တစ်စိတ်တစ်ပိုင်းကိုပဲ ရယူနိုင်ခဲ့တယ်....တကယ်လို့ အခွင့်အရေးရလို့ရှိရင် ငါ အဲ့ဒီနေရာကို တစ်ချက်သွားကြည့်ရမယ်"
လုယွီသည် ရှုရာဧကရာဇ်ရှစ်ဖန့်ကို ဖိနှိပ်ပြီးနောက် သူက ချက်ချင်းဆိုသလိုပင် တစ်ဖက်လူ၏မှတ်ဥာဏ်များကို ဖတ်ရှုလိုက်သည်။
ထို့နောက် သူက ရှုရာဧကရာဇ်ရှစ်ဖန့်ကိုကြည့်၍ ပြောဆိုသည်။
"ငါက မင်းရဲ့နာမည်ကို လုရှင်းလို့ပေးမယ်...နောင်တစ်ချိန်ကျရင် ငါက မင်းအတွက် ရုပ်ခန္ဓာကောင်းတစ်ခုရှာပေးမယ်...အခုချိန်ကစပြီး မင်းက ငါ့ရဲ့ရုပ်သေးဖြစ်သွားပြီ"
'လုရှင်း'က ချက်ချင်းဆိုသလိုပင် ဦးညွှတ်အရိုအသေပြု၍ လုယွီကို ကျေးဇူးတင်ကြောင်း ဖော်ပြလိုက်သည်။ရှုရာဧကရာဇ်ရှစ်ဖန့်၏စိတ်ဝိညာဥ်သည် လုယွီ၏ထိန်းချုပ်မှုကို အပြည့်အဝ ခံယူလိုက်ရလေပြီ။ယခုချိန်မှစ၍ သူသည် လုယွီ၏ရုပ်သေး လုရှင်းဖြစ်သွားလေရာ ရှုရာဧကရာဇ်ရှစ်ဖန့်ဟူ၍ ဆက်လက်တည်ရှိတော့မည်မဟုတ်ချေ။
လုယွီသည် ကောင်းမွန်သောရုပ်ခန္ဓာတစ်ခုကိုရှာတွေ့သည်နှင့် လီရှင်း၏စိတ်ဝိညာဥ်နှင့်ပေါင်းစပ်ကာ သူ၏နံဘေး၌ အရံတိုက်ခိုက်မှုခွန်အားတစ်ခုကို ထားနိုင်ပေမည်။
အမ်...
ထိုအချိန်မှာပင် ရုတ်တရက် လုယွီက မျက်မှောင်ကြုတ်လိုက်၏။
ထို့နောက် လုယွီ၏နတ်ဘုရားစိတ်အာရုံသည် သူ၏မိုးကောင်းကင်လှိုဏ်ဂူအတွင်းမှနေ၍ ချက်ချင်းဆိုသလိုပင် သူ၏ခန္ဓာကိုယ်ထံသို့ ပြန်လည်ရောက်ရှိသွားသည်။
ပတ်ဝန်းကျင်၌ စိတ်ဝိညာဥ်စွမ်းအင်များ စတင်၍စုဝေးနေလေပြီ။စိတ်ဝိညာဥ်စုစည်းခြင်းဝင်္ကပါကြီး၏သက်ရောက်မှုကြောင့် ပတ်ဝန်းကျင်ရှိစိတ်ဝိညာဥ်စွမ်းအင်များ အဆက်မပြတ်စီးဝင်နေကာ အိမ်တစ်လုံးလုံးအနှံ့ စိတ်ဝိညာဥ်စွမ်းအင်များဖြင့် ပြည့်နှက်နေသည်။
သို့ရာတွင် ရုတ်တရက် လုယွီ၏သိုလှောင်အိတ်အတွင်းမှ အားလှိုင်းတစ်ရပ်ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်ရှိ စိတ်ဝိညာဥ်စွမ်းအင်များကို ဝါးမျိုနေလေ၏။
လုယွီသည် သိုလှောင်အိတ်အတွင်းသို့ကြည့်လိုက်ရာ ဟိုဟိုဒီဒီပြေးလွှားနေသော အနက်ရောင်အရိပ်တစ်ရိပ်ကို တွေ့မြင်မိသည်။
သူက အနီးကပ်လေ့လာဆန်းစစ်လိုက်ရာ ထိုအနက်ရောင်ပုံရိပ်မှာ ရွှံစေးမျောက်ရုပ်ထုဖြစ်နေသည်။
ရှုရာဧကရာဇ်၏နှလုံးကို သူ ဖျက်ဆီးနေစဥ်တွင် ရွှံစေးမျောက်ရုပ်ထုသည် ရုတ်တရက်ထွက်ပေါ်လာပြီး နှလုံးသွေးများအားလုံးကို စုပ်ယူသွားခဲ့သည်။
ထိုအချိန်တုန်းက အရေးပေါ်အခြေအနေဖြစ်နေသဖြင့် လုယွီသည် ရွှံစေးမျောက်ရုပ်ထုကို ဂရုတစိုက်လေ့လာဆန်းစစ်ရခြင်းမရှိဘဲ သူ၏သိုလှောင်အိတ်အတွင်းသို့ ပြန်လည်ဝင်ရောက်လာသည်ကိုသာ စောင့်ကြည့်နေခဲ့ရ၏။
ဤရွှံစေးမျောက်ရုပ်ထုတွင် စိတ်ဝိညာဥ်လှုပ်ခတ်မှုလှိုင်း အရိပ်အယောင်များရှိနေမည်ဟု သူ မျှော်လင့်မထားမိချေ။
"အဲ့ဒီထဲမှာ တစ်ခုခုရှိနေပုံပဲ"
လုယွီ၏မျက်လုံးများ စူးရှရှတောက်ပသွားသည်။
သိုလှောင်အိတ်အတွင်း၌ အချိန်တခဏကြာ ပြေးလွှားပြီးနောက် ရွှံစေးမျောက်ရုပ်ထုသည် အနည်းငယ်တုန်ရီလာပြီးနောက် အခန်းပြတင်းပေါက်မှနေ၍ ပြင်ပသို့ပျံသန်းသွားလေ၏။
"မျှော်လင့်ထားသလိုပဲ မင်းမှာအသိစိတ်ရှိနေတာကိုး...ဒါပေမယ့် မင်း အရင်က ရှုရာနတ်ဘုရားရဲ့နှလုံးသွေးကို ငါ့ဆီကနေ ယူသွားခဲ့တယ်...အခုကျတော့ မင်းက ထွက်ပြေးချင်နေတယ်...ဘယ်လိုလုပ်ပြီး ဒီလိုမမျှတတဲ့ကိစ္စမျိုး လောကကြီးထဲမှာရှိနေတာလဲ"
ရုတ်ချည်းဆိုသလိုပင် လုယွီက သူ၏လက်ကိုဆန့်တန်းလိုက်ရာ မှော်စွမ်းအင်လက်ဝါးကြီးက ရွှံစေးမျောက်ရုပ်ထုပေါ်သို့ ကျရောက်သွားသည်။
ထိုမှော်စွမ်းအင်လက်ဝါးကြီးသည် ပြင်းပြင်းထန်ထန် ကျရောက်သွားသော်လည်း မမျှော်လင့်ဘဲ ရွှံစေးမျောက်ရုပ်ထုထံမှ ရွှေရောင်အလင်းတန်းများထွက်ပေါ်လာကာ မှော်စွမ်းအင်လှိုင်းများကို ကန်ထွက်သွားစေသည်။
"ပြေးချင်နေတုန်းပဲလား"
လုယွီက အေးစက်စက်နှာတစ်ချက်မှုတ်ပြီးနောက် ရွှံစေးမျောက်ရုပ်ထုကိုဖမ်းဆီးရန် ခြေလှမ်းကျဲကြီးများဖြင့် ရှေ့သို့တိုးလိုက်၏။
သို့ရာတွင် ရွှံစေးမျောက်ရုပ်ထုသည် အလျှင်အမြန်ပျံသန်းသွားပြီး မျက်တောင်တခတ်စာအချိန်အတွင်းမှာပင် ပျောက်ကွယ်သွားခဲ့သည်။
Chapter 2024
"မင်းက ဒီနေရာရဲ့ပတ်ဝန်းကျင်မှာပုန်းအောင်းနိုင်တာနဲ့ပဲ အဆင်ပြေပြီလို့ ထင်နေတာလား"
လုယွီ၏မျက်နှာ သုန်မှုန်နေပြီး သူ၏မျက်လုံးများအတွင်းမှနေ၍ ခရမ်းရောင်အလင်းတန်းများ ဖြာထွက်လာသည်။
လုယွီ၏အမြင်အာရုံအောက်တွင် ရှားဟိုအိမ်တော်တစ်ခုလုံး၏လူများမှနေ၍ သစ်ပင်ပန်းမန်များတွင် တွယ်ကပ်နေသောပိုးမွှားများပါမကျန် လွတ်မြောက်ခြင်းမရှိချေ။
မကြာမီမှာပင် လုယွီသည် ရွှံစေးမျောက်ရုပ်ထု၏တည်နေရာကို တွေ့ရှိသွားပေ၏။
ထိုအရာသည် အနောက်ဘက်ခြံဝန်းရှိဥယျာဥ်တစ်ခုအတွင်း၌ ပုန်းအောင်းနေသည်။ဤအချိန်အခိုက်အတန့်တွင် ရွှံစေးမျောက်ရုပ်ထုသည် စင်္ကြန်လမ်းတစ်ခုအနီးရှိ မြက်များအကြား၌ရှိနေသည်။အကယ်၍ တစ်စုံတစ်ယောက်မှနေ၍ ဂရုတစိုက်မကြည့်ရှုပါက ထိုအရာ၏တည်ရှိမှုကို သတိပြုမိမည်မဟုတ်ချေ။
"ဟမ့်..မင်းက ငါ့ရဲ့စိတ်ဝိညာဥ်စွမ်းအင်တွေကို ဝါးမျိုခဲ့တယ်...ထွက်သွားဖို့စဥ်းတောင်မစဥ်းစားနဲ့"
လုယွီက အေးစက်စက် နှာတစ်ချက်မှုတ်လိုက်၏။သူက မှော်မန္တန်တစ်ပုဒ်ကို ရွတ်ဆိုလိုက်ရာ လေထုကိုဖြတ်သန်းပြီး ရွှံစေးမျောက်ရုပ်ထုထံသို့ ကျရောက်သွားသည်။
ရှေးဟောင်းသိုင်းပညာနည်းစနစ်...အရပ်ရှစ်မျက်နှာချိပ်ပိတ်ခြင်း.....
ဤအချိန်အခိုက်အတန့်တွင် ရွှံစေးမျောက်ရုပ်ထုသည်လည်း တစ်စုံတစ်ခုမှားယွင်းနေခြင်းကို သတိပြုမိပုံဖြင့် ထွက်ပြေးရန် ကြိုးပမ်းလေသည်။
သို့ရာတွင် သူ၏နံဘေးပတ်လည်ရှိလေဟာနယ်သည် ကျစ်လစ်သိပ်သည်းသွားပုံရသည်။သူ မည်မျှပင် ကြိုးပမ်းနေပါစေ ဤနယ်မြေအတွင်းမှ လွတ်မြောက်နိုင်ခြင်းမရှိချေ။
"မင်းမှာ ဘယ်လိုနောက်ခံမျိုးရှိလဲဆိုတာ ငါ ကြည့်ကြည့်ရအောင်"
လုယွီသည် ရွှံစေးမျောက်ရုပ်ထုကို ကိုင်ဆောင်ပြီးနောက် သူ၏မျက်လုံးအတွင်းမှ ခရမ်းရောင်အလင်းတန်းများ ဖြာထွက်လာပေ၏။
သူ ရွှံစေးမျောက်ရုပ်ထုကိုကောက်ကိုင်လိုက်သော အချိန်တခဏတွင် နတ်ဘုရားစိတ်အာရုံတစ်ခုက သူ၏နားအတွင်းသို့ ဝင်ရောက်လာသည်။
"ကောင်လေး...မင်း ငါ့ကိုလွှက်ပေးတာနဲ့...ငါ မင်းကို နတ်ဘုရားစွမ်းအားတွေပေးမယ်"
ထိုအသံသည်စူးရှပြီး မျောက်တစ်ကောင်က လူသားစကားကိုပြောဆိုနေခြင်းနှင့် တူညီသည်။
လုယွီသည် မပြောင်းမလဲ တည်ငြိမ်နေပြီး သူ၏မျက်လုံးများဖြင့် ရွှံစေးမျောက်ရုပ်ထုကို စူးစိုက်ကြည့်နေဆဲပင်။
အချိန်တခဏကြာပြီးနောက် လုယွီသည် သူ့အားလွှက်မပေးခြင်းကိုမြင်သည်နှင့် သူက ရှည်လျားပြီးငြီးငွေ့ဖွယ်ကောင်းသောကျမ်းစာတစ်ပုဒ်ကို စတင်၍ရွတ်ဆိုလိုက်၏။
လုယွီက မျက်မှောင်ကြုတ်လိုက်သည်။သူသည် ထိုကျမ်းစာနောက်သို့ လိုက်ပါ၍ နားထောင်ရင်းမှ တဖြည်းဖြည်း တိတ်ဆိတ်ငြိမ်သက်မှုက သူ့အားလွှမ်းခြုံသွားခဲ့သည်။
ဤအချိန်အခိုက်အတန့်တွင် လုယွီသည် ဗုဒ္ဓခန်းမအတွင်း၌ရှိနေပုံရသည်။မြောက်များစွာသောရဟန်းတော်များက သူ့ကိုဝိုင်းရံထားပြီး ဂါထာမန္တန်များကိုကျယ်လောင်စွာရွတ်ဆို၍ သူ၏စိတ်ကိုပြောင်းလဲရန် ကြံရွယ်နေကြ၏။
လုယွီ မလှုပ်မယှက်နေနေသည်ကိုကြည့်ပြီး ရွှံစေးမျောက်ရုပ်ထုထံမှနေ၍ မောက်မာဝံ့ကြွားသော သရော်တော်တော်ရယ်သံတစ်သံ ထွက်ပေါ်လာသည်။
သို့ရာတွင် ထိုသရော်တော်တော်ရယ်မောသံသည် ကြာရှည်ခံခြင်းမရှိချေ။လုယွီ၏မျက်လုံးများသည် ရုတ်တရက် တဖန်ပြန်၍ ကြည်လင်လာပေ၏။
ဤအချိန်အခိုက်အတန့်သည် အသက်ရှုချိန်အနည်းငယ်ခန့်သာ ကြာမြင့်သည်။
"ဒါက ဗုဒ္ဓဂိုဏ်းရဲ့ကျင့်ကြံနည်းစနစ်ပဲ...မင်းက ငါ့ရဲ့စိတ်ကို သန့်စင်ဖို့ကြိုးစားနေတယ်...ဒါပေမယ့် ငါ့ရဲ့စိတ်ဆန္ဒက တိုင်းတာလို့မရအောင်ခိုင်မာတယ်ဆိုတာ မင်း မသိဘူး...ဘယ်သူက ငါ့ရဲ့စိတ်ကို သန့်စင်နိုင်မှာလဲ"
လုယွီက အေးစက်စက် နှာတစ်ချက်မှုတ်လိုက်သည်။ထို့နောက် သူသည် ချိပ်တံဆိပ်များကိုထပ်မံဖွဲ့စည်း၍ ရွှံစေးမျောက်ရုပ်ထုပေါ်သို့ ခတ်နှိပ်လိုက်၏။
"ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ"
ရွှံစေးမျောက်ရုပ်ထုထံမှနေ၍ မယုံကြည်နိုင်မှုကြောင့် အံ့အားတသင့်ရေရွတ်လိုက်သောအသံကြီး ထွက်ပေါ်လာသည်။
"ဒီတစ်ကြိမ်တော့...ငါ မင်းကို အလွတ်မပေးနိုင်တော့ဘူး"
လုယွီက သူ၏အစစ်အမှန်သွေးတစ်စက်ကို ရွှံစေးမျောက်ရုပ်ထုပေါ်သို့ချလိုက်သည်။
လုယွီ၏ကျင့်ကြံဆင့်နယ်ပယ်ဖြင့် သူ၏အစစ်အမှန်သွေးတစ်စက်သည် တောင်များနှင့်မြစ်များကိုပင် ဖိနှိပ်ထားနိုင်စွမ်းရှိသည်။
ရွှံစေးမျောက်ရုပ်ထု၏အသံ တစတစတိမ်ဝင်သွားပြီး နောက်ဆုံး၌ မည်သည့်အသံဗလံမျှ မကြားရတော့ချေ။
ရွှံစေးမျောက်ရုပ်ထုကို ဖိနှိပ်ပြီးနောက် လုယွီသည် သူ၏မျက်လုံးများကိုမှိတ်၍ စဥ်းစားတွေးတောနေလေ၏။အချိန်တခဏကြာပြီးနောက် သူက တီးတိုးရေရွတ်လိုက်သည်။
"ဗုဒ္ဓရဲ့မဟာကျမ်းစာ...ဒါက ငါရဲ့အတိတ်ဘဝမှာ ကြုံတွေ့ခဲ့ရတဲ့ ဗုဒ္ဓကျင့်ကြံသူတွေအသုံးပြုတဲ့ ကျမ်းစာထက်တောင် ပိုပြီးအစွမ်းထက်သေးတယ်...ဒီရွှံစေးမျောက်ရုပ်ထုက ဗုဒ္ဓရဲ့သက်ရှိမျိုးနွယ်တစ်ယောက်များ ဖြစ်နေမလား"
လုယွီ ဇဝေဇဝါဖြစ်နေဆဲဖြစ်သော်လည်း သူ ကိစ္စတစ်ရပ်ကို ပြတ်ပြတ်သားသား ဆုံးဖြတ်ချက်ချလိုက်သည်မှာ သူ ရွှံစေးမျောက်ရုပ်ထုကို မည်သည့်နည်းနှင့်မျှ အလွတ်မပေးနိုင်ချေ။
ထိုအချိန်မှာပင် မှော်စွမ်းအင်လှုပ်ခတ်မှုလှိုင်းတစ်လှိုင်းက ပတ်ဝန်းကျင်မှ ထွက်ပေါ်လာသည်။
ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်ရာ လုယွီသည် ဥယျာဥ်အတွင်းရှိ ရေကန်၏အလယ်ဗဟို၌ မိန်းကလေးတစ်ယောက်သည် ရေပေါ်တွင်ခြေချ၍ ဓားရေးကစားနေခြင်းကို တွေ့မြင်မိပေ၏။
ထိုမိန်းကလေးသည် ရေဒြပ်စင်အထူးပြုဓားနည်းစနစ်ကို ကျင့်ကြံနေပုံရသည်။သူမ ဓားကိုဝှေ့ယမ်းလိုက်သည့်အချိန်တိုင်း ဓားနှင့်အတူ ရေလှိုင်းများက ရှေ့နောက်မျောလွင့်နေကာ သူမ၏နံဘေးပတ်ဝန်းကျင်၌ ရေပန်းများဖြာထွကိနေသောဓားပျံတစ်လက်ကို ဖြစ်ပေါ်စေသည်။
"ဒီဓားနည်းစနစ်ကိုကြည့်ရတာ မဆိုးဘူး...ကံဆိုးချင်တော့ ဒါက အလှကြည့်ဖို့သက်သက်ပဲ သင့်တော်တယ်"
လုယွီက ကူကယ်ရာမဲ့စွာဖြင့် သူ၏ခေါင်းကိုခါယမ်းလိုက်၏။
ဤကဲ့သို့ဓားနည်းစနစ်မျိုးသည် အထူးသီးသန့်သရုပ်ပြမှုလုပ်ဆောင်ရုံမှလွဲ၍ အသုံးဝင်ခြင်းမရှိချေ။
စကားဆုံးသည်နှင့် လုယွီက နောက်သို့ပြန်လှည့်၍ ထွက်ခွာခဲ့တော့သည်။
သို့သော် ထိုအချိန်မှာပင် ရေကန်အတွင်း၌ ဓားရေးကစားနေသော မိန်းကလေးသည် ရုတ်တရက် သူမ၏ဓားရှည်ကို ဆွဲထုတ်လိုက်၏။ထိုဓားရှည် ခါယမ်းလိုက်မှုနှင့်အတူ ဓားချီတစ်လှိုင်းက ဖြာထွက်သွားသည်။
Chapter 2025
ဝှစ်...
ထိုဓားချီလှိုင်းသည် ရေကန်အတွင်းသို့ကျရောက်သွားပြီးနောက် ရေလှိုင်းများဖြာထွက်လာသည်။
လုံယွင်ရှန်းသည် ရေကန်ပေါ်၌မတ်တတ်ရပ်နေပြီး သူမနှင့်မလှမ်းမကမ်းအကွာအဝေးရှိ လုယွီ၏ပုံရိပ်ကို ကြည့်လိုက်၏။သူမက ကူကယ်ရာမဲ့စွာဖြင့် အနည်းငယ်ဒေါသထွက်သွားခဲ့သည်။
လုယွီသည် သူမအား တစ်ချက်သာစောင်းငဲ့ကြည့်ပြီးနောက် နောက်သို့ပြန်လှည့်ထွက်သွားရာ သူမအား အထင်သေးသည့်သဘောမျိုးသက်ရောက်သည်။ဤသည်က လုံယွင်ရှန်းကို စိတ်မကြည်မသာ ဖြစ်သွားစေပေ၏။
လုံမိသားစုတည်ရှိရာ ကြယ်မြစ်အတွင်း၌ လုံယွင်ရှန်းကို လူငယ်မျိုးဆက်သစ်များ၏ခေါင်းဆောင်ဟု ဆိုနိုင်သည်။
မည်သည့်ဂိုဏ်းများမှလူများဖြစ်စေ သူမကိုမြင်တွေ့သည်နှင့် နတ်မိမယ်လုံဟုခေါ်ဆိုကာ ရိုသေလေးစားစွာ ဆက်ဆံကြ၏။သူမ မည်သည့်နေရာကို သွားသည်ဖြစ်စေ လူသူအများ၏အဓိကအာရုံစူးစိုက်ခံရသူဖြစ်သည်။
ဤကောင်စုတ်လေးသည် မည်သည့်နေရာမှနေ၍ သတ္တိများ ရရှိထားသနည်း။
ရှပ်....ရှပ်...ရှပ်...
ရေမျက်နှာပြင်ပေါ်၌ လမ်းလျှောက်ပြီးနောက် လုံယွင်ရှန်းက လုယွီ၏ရှေ့သို့ ရောက်ရှိလာသည်။သူမက ထိုလူငယ်သည် ဦးရီးတော်ရှားဟိုလီနှင့် ရထားလုံးအတူစီးနင်းလာသူဖြစ်ကြောင်း သိရှိလိုက်ရ၏။
သူမ၏စိတ်နှလုံးသားအတွင်းမှ ဒေါသများကိုချိုးနှိမ်ပြီး လုံယွင်ရှန်းက မေးမြန်းလိုက်သည်။
"ငါ လေ့ကျင့်နေတာကို နင် ကြည့်နေတာလား"
လုယွီက ခေါင်းညိမ့်ပြလိုက်၏။
"အင်း..."
"ငါ့ရဲ့ဓားနည်းစနစ်ကို နင် ဘယ်လိုထင်လဲ...နင် အမှန်အတိုင်းပြောတာကို ငါ ကြားချင်တယ်"
လုံယွင်ရှန်းက တင်းမာခက်ထန်သောလေသံဖြင့် မေးခွန်းထုတ်လေသည်။
လုယွီက မျက်မှောင်ကြုတ်လိုက်သော်လည်း သူက အမှန်အတိုင်း ပြောဆိုလိုက်သည်။
"တောက်ပပေမယ့် အသုံးမဝင်ဘူး...ဓားချီလှိုင်းကလည်း ဖရိုဖရဲဖြစ်နေတယ်...မင်းရဲ့ကျင့်ကြံဆင့်အခြေခံကို ကျစ်လစ်သိပ်သည်းအောင်အရင်လုပ်တာ ပိုကောင်းလိမ့်မယ်...မဟုတ်ရင် မင်း ရန်သူနဲ့ရင်ဆိုင်တွေ့တဲ့အချိန်မျိုးမှာ တစ်ဖက်လူက မင်းရဲ့ဓားနည်းစနစ်ထဲက ဟာကွက်တွေကို အလွယ်တကူရှာတွေ့သွားနိုင်တယ်"
ဤသည်က ကောင်းမွန်သော အကြံပေးခြင်းပင်။
အတိတ်တွင် ကောင်းကင်ဘုံနယ်မြေအတွင်း၌ မြောက်များစွာသောလူများသည် မြေအောက်လောကတာအိုသခင်၏လမ်းညွှန်မှုကို ခံယူလိုသော်လည်း သူတို့ထံ၌ အခွင့်အရေးမရှိခဲ့ချေ။
လုယွီ၏အမြင်အရ လုံယွင်ရှန်းသည် ဂိုဏ်းကြီးတစ်ဂိုဏ်း၏တပည့်တစ်ယောက် ဖြစ်ပေမည်။သူမ လေ့ကျင့်နေသော ဓားနည်းစနစ်သည် ကောင်းမွန်သော်လည်း သူမ၏ကျင့်ကြံခြင်းအခြေခံသည် ခိုင်မာမှုမရှိချေ။ထို့ကြောင့် သူမ၏လှုပ်ရှားမှုတိုင်း၌ ဟာကွက်အမြောက်အများဖြစ်ပေါ်နေသည်။
"နင် မသိဘဲနဲ့မပြောနဲ့...ငါ့ရဲ့ဓားနည်းစနစ်က ငါတို့မိသားစုအစဥ်အဆက် လက်ဆင့်ကမ်းလာတဲ့ လျှို့ဝှက်နည်းစနစ်တစ်ခုပဲ...ငါရဲ့တိုက်ရိုက်မျိုးဆက်ဆိုတဲ့ အဆင့်အတန်းကြောင့်သာမဟုတ်ရင် ငါ ဒီနည်းစနစ်ကို သင်ယူခွင့်ရှိမှာမဟုတ်ဘူး"
လုယွင်ရှန်းက စိတ်မကျေမနပ်ဖြစ်နေသောလေသံဖြင့် ပြောဆိုလိုက်၏။
"နင်က ဘယ်သူလဲ...ဘယ်နေရာက လာတာလဲ...ဘာလို့ ငါ့ရဲ့ဓားနည်းစနစ်ကို ဒီလိုပုံစံမျိုးနဲ့ ဝေဖန်ရဲတာလဲ"
"လုယွီ...တော်ဝင်စစ်တပ်မှာ တာဝန်ထမ်းဆောင်နေတယ်"
လုယွီက ဆက်လက်ပြောဆိုသည်။
"ရေအမျိုးအစားဓားနည်းစနစ်တွေက နူးညံသိမ်မွေ့တဲ့ခွန်အားမျိုးလိုအပ်တယ်...ဒီဓားနည်းစနစ်ကို ပြင်းပြင်းထန်ထန် အသုံးပြုတာက နည်းစနစ်ရဲ့သဘောသဘာဝနဲ့ လွဲချော်နေပြီးတော့ အနှစ်သာရကို ပျောက်ဆုံးသွားစေတယ်"
"လုယွီ...နင်က လုမိသားစုဝင်တစ်ယောက်လား"
လုံယွင်ရှန်းက ရုတ်တရက် အံ့အားတသင့် မေးမြန်းလိုက်၏။
လုမိသားစုသည် တော်ဝင်မြို့တော်ရှိထိပ်သီးမိသားစုကြီးရှစ်ခုအနက်မှတစ်ခုပင်။
ဤနှစ်များအတွင်းတွင် လုမိသားစုသည် တဖြည်းဖြည်းနိမ့်ကျလာသော်လည်း ပိန်လှီနေသောသစ်ကုလားအုတ်တစ်ကောင်သည် မြင်းတစ်ကောင်ထက် ပို၍ကြီးမားသည်။လုမိသားစု၏အခြေခံအုတ်မြစ်သည် ဝေးလံခေါင်သီသောကြယ်နယ်မြေတစ်ခုမှ သူမတို့၏မိသားစုငယ်လေး ယှဥ်ပြိုင်နိုင်မည့်အရာမျိုးမဟုတ်ချေ။
လုယွီက ခေါင်းခါပြလေသည်။
"ငါက တော်ဝင်မြို့တော်ရဲ့လုမိသားစုဝင်မဟုတ်ဘူး...ငါက မင်းရဲ့ဓားနည်းစနစ်ထဲက အားနည်းချက်တွေကို ထောက်ပြရုံပဲ...ဒါတွေကို တိုက်ပွဲအတွေ့အကြုံနည်းနည်းရှိတဲ့ ဘယ်သူမဆို မြင်နိုင်တယ်"
သူမသည် မိသားစုအတွင်း၌ သခင်မလေးတစ်ယောက်ဖြစ်သဖြင့် သာမာန်အရဆိုလျှင် သူမနှင့်မျိုးဆက်တူလူငယ်များနှင့်သာ တိုက်ခိုက်မှုခြင်း ဖလှယ်ခဲ့ပေမည်။သူမသည် အစစ်အမှန် သေရေးရှင်ရေးတိုက်ပွဲမျိုးကို ကြုံတွေ့ဖူးခြင်းမရှိချေ။
"နင်က လုမိသားစုဝင်မဟုတ်ဘူးပဲ"
လုံယွင်ရှန်းက ခနဲ့တဲ့တဲ့လေသံဖြင့် ဆက်လက်ပြောဆိုသည်။
"နင် ဒီလောက်ထိ လေကြီးလေကျယ်ပြောနေမှတော့...ငါနဲ့ယှဥ်ပြိုင်တိုက်ခိုက်ပြီး နင်ရဲ့အရည်အချင်းကို ပြပါလား"
သူမနှင့်မျိုးဆက်တူလူငယ်များအကြားတွင် သူမနှင့်ယှဥ်ပြိုင်နိုင်သူဟူ၍ လူနည်းစုသာရှိမည်ဟု သူမက အခိုင်အမာယုံကြည်ထားသည်။
"တောင်းပန်ပါတယ်...ငါ မအားသေးဘူး"
လုယွီက နောက်သို့ပြန်လှည့်ကာ ထွက်ခွါခဲ့တော့သည်။
သူ့အတွက် အချိန်ဟူသည်မှာ အလွန်အဖိုးတန်ရှားပါးသောအရာဖြစ်၍ လုံယွင်ရှန်းနှင့်ဆက်လက်၍ အချိန်ဖြုန်းလိုစိတ်မရှိချေ။
လုံယွင်ရှန်းသည် သူမ၏စိတ်နှလုံးသားအတွင်း၌ အလွန်ဒေါသထွက်နေသော်လည်း လုယွီသည် ဦးရီးတော်ရှားဟိုလီနှင့် ရထားလုံးတစ်စင်းတည်း အတူစီးနင်းလာသူဖြစ်ကြောင်း ပြန်လည်တွေးတောလိုက်မိ၏။သူမသည် လုယွီ၏အဆင့်အတန်းနှင့်ပတ်သတ်၍ အနည်းငယ်ဇဝေဇဝါဖြစ်နေသည်။
"ရှန်းအာ...နင်က ဒီနေရာကို ရောက်နေတာလား...ငါက နင့်ကို နေရာအနှံ့လိုက်ရှာနေတာ"
ထိုအချိန်မှာပင် ဥယျာဥ်၏တစ်ဖက်ခြမ်းမှနေ၍ သခင်မကြီးရှားဟိုက အစေခံတစ်စုခြံရံကာ ရောက်ရှိလာသည်။
လုံယွင်ရှန်းက ထိုမြင်ကွင်းကိုမြင်သည်နှင့် အလျှင်စလို ဂါရဝပြုလိုက်၏။
"ဒေါ်လေး"
"ရှန်းအာ...ငါက တော်ဝင်မြို့တော်ရဲ့မိသားစုကြီးတွေက လူငယ်တွေနဲ့ နင့်ကိုတွေ့ဆုံပေးဖို့ စီစဥ်ထားတယ်...နောက်ရက်အနည်းငယ်အတွင်းမှာ သူတို့က အတွေ့အကြုံရှာဖို့ လျှို့ဝှက်နယ်မြေတစ်ခုကို သွားကြလိမ့်မယ်...အဲ့ဒီအချိန်ကျရင် နင်လည်း သူတို့နဲ့အတူ လိုက်သွားရမယ်...ဒါက နင့်အတွက် အတွေ့အကြုံကောင်းကောင်း ရစေလိမ့်မယ်"
ရှားဟိုလီ၏ဇနီးသည်ဝမ်ယန်းက ပြောဆိုသည်။
Thank For Reading.