← Chapters

အခန်း (၂၀၄၁-၂၀၄၅)

Vol. 105 Ch. 2041-2045

အခန်း (၂၀၄၁-၂၀၄၅)

Vol. 105 Ch. 2041-2045

Chapter 2041

ရွှံစေးမျောက်ရုပ်ထုသည် ချက်ချင်းဆိုသလိုပင် မြေပြင်ပေါ်၌ ချိပ်ပိတ်ခံလိုက်ရပြီး မလှုပ်ရှားနိုင်တော့ချေ။

"ရပ်လိုက်...ထပ်ပြီးမတိုက်ခိုက်နဲ့တော့...ငါ အရှုံးပေးတယ်"

ရွှံစေးမျောက်ရုပ်ထုက ပျာပျာသလဲ အော်ဟစ်လိုက်၏။

သို့ရာတွင် လုယွီထံ၌ ရပ်တန့်မည့်ရည်ရွယ်ချက်မျိုး မရှိချေ။သူက လက်ကိုဆန့်ထုတ်၍ လက်ယပ်ခေါ်သောဟန်ပန် ပြုလုပ်လိုက်သည်။သူ၏နောက်ရှိ မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီး၏လက်သည်လည်း ဆန့်ထွက်လာပြီး ချက်ချင်းဆိုသလိုပင် ရှည်လျားသောအနက်ရောင်ကြာပွတ်တစ်ခုအသွင် ပြောင်းလဲသွားသည်။

ဤသည်က လုယွီ၏အတိတ်ဘဝတွင် အသုံးပြုခဲ့သော မှော်လက်နက်ဖြစ်ပြီး 'အလောင်းကောင်ကြာပွတ်'ဟုအမည်ရသည်။ထိုအရာအား စိတ်ဝိညာဥ်များကိုရိုက်နှက်ရာ၌ အထူးအသုံးပြုကာ မြေအောက်လောကနယ်မြေအတွင်းရှိ မရေမတွက်နိုင်သော စိတ်ဝိညာဥ်များသည် အလောင်းကောင်ကြာပွတ်ကိုမြင်သည်နှင့် အဝေးသို့တိမ်းရှောင်ထွက်ပြေးကြ၏။

ဝှစ်...ဝှစ်...ဝှစ်...

အလောင်းကောင်ကြာပွတ်သည် ရွှံစေးမျောက်ရုပ်ထုပေါ်သို့ ကျရောက်သွားသည်နှင့် အတွင်းမှနေ၍ စူးရှနာကျင်စွာအော်ဟစ်လိုက်သောအသံကြီး ထွက်ပေါ်လာသည်။

"အား...အား...နာလိုက်တာ...ထပ်ပြီးမရိုက်နဲ့တော့"

"ကောင်လေး...တကယ်လို့ မင်း ရပ်တန့်လိုက်မယ်ဆိုရင်...ငါက မင်းကို ကြီးမားတဲ့အခွင့်အရေးတစ်ခုပေးမယ်"

လုယွီက အေးစက်တင်းမာသောလေသံဖြင့်​ ပြောဆိုလေ၏။

"ငါက မင်းရဲ့စိတ်ဝိညာဥ်ကိုဝါးမျိုလိုက်မယ်ဆိုရင်...မင်း ပိုင်ဆိုင်တဲ့အရာအားလုံး ငါ့လက်ထဲရောက်လာမှာပဲ"

"ငါ့ရဲ့စိတ်ဝိညာဥ်ကို ဝါးမျိုမှာလား...ဟား ဟား ဟား...မင်းမှာ အရည်အချင်းတချို့ရှိတာတော့ ငါ ဝန်ခံရလိမ့်မယ်...ဒါပေမယ့် မင်း တစ်ယောက်တည်းသက်သက်နဲ့တော့ ငါ့ရဲ့စိတ်ဝိညာဥ်ကို ဝါးမျိုနိုင်မှာမဟုတ်ဘူး"

ရွှံစေးမျောက်ရုပ်ထုက အခိုင်အမာယုံကြည်ချက်ရှိသောလေသံဖြင့် ဆက်လက်ပြောဆိုသည်။

"တကယ်လို့ မင်းမှာ အစွမ်းထက်တဲ့စိတ်ဝိညာဥ်သာမရှိဘူးဆိုရင်...ငါ့ရဲ့ရုပ်သေးဖြစ်လာပြီးတော့ ငါ့ရဲ့အမိန့်ကိုနာခံနေရလောက်ပြီ...ဒါပေမယ့် မင်းမှာ အရမ်းကောင်းတဲ့စွမ်းအားမျိုးရှိနေတော့ ငါက မင်းကိုလေးစားတဲ့အနေနဲ့ မင်းနဲ့ယှဥ်ပြိုင်တိုက်ခိုက်ဖို့ကိုလိုလားတယ်"

လုယွီက အေးစက်စက် ပြုံးလိုက်၏။

"ငါက ခုထိ မင်းရဲ့သရုပ်မှန်ကို မသိရသေးဘူး...ဘာလဲ...မင်းက ငါ့ကို ရွှံစေးမျောက်ရုပ်ထုတစ်ခုနဲ့ ရင်ဆိုင်စေချင်တာလား"

ရွှံစေးမျောက်ရုပ်ထုအတွင်းမှစိတ်ဝိညာဥ် အလွန်အစွမ်းထက်သည်ကို လုယွီက သတိပြုမိပြီးဖြစ်သည်။ထိုစိတ်ဝိညာဥ်သည် တာအိုသခင်တစ်ယောက်၏စိတ်ဝိညာဥ်ဖြင့်ပင် နှိုင်းယှဥ်နိုင်သည်။

ဤကဲ့သို့စိတ်ဝိညာဥ်မျိုးသည် သာမာန်လူသားမျိုးပိုင်ဆိုင်နိုင်သည့်အရာမျိုးမဟုတ်ချေ။

"ငါက...သေသင့်တယ်...ငါ ဘယ်သူလဲ...ငါက ဘယ်သူလဲ....သောက်ချေးပဲ...ငါက ငါ့ကိုယ်ငါ ဘယ်သူဆိုတာကို မေ့သွားပြန်ပြီ"

ရွှံစေးမျောက်ရုပ်ထုအတွင်းမှနေ၍ အလွန်အမင်းနာကျင်မှုများနှင့် ပြည့်နှက်နေသောအသံ ထွက်ပေါ်လာသည်။ထိုအရာအတွင်းရှိ စိတ်ဝိညာဥ်သည် သူ၏နားနှင့်ပါးပြင်တို့ကို ကုတ်ခြစ်နေပုံသော်လည်း သူသည် မည်သည့်အရာကိုမျှ စဥ်းစားတွေးတောမိပုံမရချေ။

"ကောင်လေး....ငါ ဘယ်သူလဲဆိုတာကို မင်း ဂရုမစိုက်နဲ့...မင်း သက်ရှည်မီးအိမ်ကိုသိလား....မင်းက ငါနဲ့အတူကျင့်ကြံပြီးတော့ ငါ့ရဲ့ရန်သူကိုသတ်နိုင်တာနဲ့ ငါက သက်ရှည်မီးအိမ်ကို ထွန်းညှိနိုင်မယ့် လျှို့ဝှက်နည်းလမ်း မင်းကိုပြောပြမယ်"

ရွှံစေးမျောက်ရုပ်ထုက အော်ဟစ်ပြောဆိုလေသည်။

ကောင်းကင်နှင့်မြေပြင်ကြားတွင် ကျင့်ကြံနေကြသော သက်ရှိမျိုးနွယ်များအားလုံးသည် အသက်ရှည်ခြင်းကို ရှာဖွေနေကြ၏။ဤသည်က အလွန်အမင်းခက်ခဲသောကိစ္စဖြစ်သော်လည်း သက်ရှိမျိုးနွယ်များသည် မျိုးဆက်ပေါင်းထောင်နှင့်ချီ၍ ဖြတ်သန်းခဲ့ပြီးနောက် နည်းလမ်းနှစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည်။

ပထမတစ်ခုမှာ မဟာတာအိုတံခါးကိုဖွင့်နိုင်ရန်ဖြစ်ပြီး တခြားတစ်ခုမှာ သက်ရှည်မီးအိမ်ကိုထွန်းညှိရန်ဖြစ်သည်။

ယခုလက်ရှိချိန်တွင် လောကကြီးအတွင်းရှိ မြောက်များစွာသောကျင့်ကြံသူများသည် မဟာတာအိုလမ်းကြောင်းကို နားလည်သဘောပေါက်ထားကြပြီး တာအိုသခင်အဆင့်ထိ တက်လှမ်းနိုင်ကြ၏။နောက်ဆုံး၌ သူတို့သည် မဟာတာအိုအပေါ် သူတို့၏ကိုယ်ပိုင်နားလည်သဘောပေါက်မှုများအပေါ် မှီခို၍ ထာဝရအသက်ကို ရရှိလာသည်။

တခြားနည်းလမ်းတစ်ခုမှာ လူသားခန္ဓာကိုယ်၏အကန့်အသတ်ကိုချိုးဖျက်၍ သူတော်စင်ခန္ဓာကိုယ်ကိုရယူနိုင်ရန်ပင်။တစ်စုံတစ်ယောက်သည် သူ၏ခန္ဓာကိုယ်အတွင်းရှိ သက်ရှည်မီးအိမ်ကို ထွန်းညှိနိုင်သရွေ့ ထိုသူသည် ခေတ်အဆက်ဆက်ကုန်လွန်သည့်တိုင် ဆွေးမြည့်ပျက်စီးသွားမည်မဟုတ်ဘဲ ထာဝရအသက်ကိုရရှိနိုင်ပေမည်။

သို့ရာတွင် သက်ရှည်မီးအိမ်ကိုထွန်းညှိနိုင်မှာ အလွန်အမင်း ခက်ခဲလှ၏။ရှေးဟောင်းကောင်းကင်ဘုံတရားရုံး ပြိုလဲသွားခြင်းနှင့်အတူ ထိုနည်းလမ်းသည်လည်း ပျောက်ကွယ်သွားခဲ့သည်။

သို့ရာတွင် ကျင့်ကြံခြင်းလမ်းကြောင်း၌ ​တိုက်ပွဲများသည် အကန့်အသတ်မရှိလေရာ မည်သည့်ရုပ်ခန္ဓာကိုယ်မဆို လွယ်လင့်တကူ ပျက်စီးနိုင်သည်။သက်ရှည်မီးအိမ်ကို ထွန်းညှိထားသူသည် ရုပ်ခန္ဓာကိုယ်ပျက်စီး၍ အသက်သေဆုံးခြင်းမရှိလျှင်ပင် တခြားသူ၏ရုပ်ခန္ဓာကိုယ်ကိုခိုးယူ၍ ပြန်လည်မွေးဖွားရမည်ဖြစ်ကာ ထိုသူ၏ခွန်အား အကြီးအကျယ်ယုတ်လျော့သွားနိုင်သည်။ထို့ကြောင့် ကျင့်ကြံသူအနည်းစုသာလျှင် သက်ရှည်မီးအိမ်ထွန်းညှိသည့်နည်းလမ်းကို အသုံးပြုကြသည်။

လုယွီက ယခင်အတိုင်း အေးဆေးတည်ငြိမ်နေဆဲပင်။

"အဖြူရောင်ဝံပုလွေတစ်ကောင်ကို မင်းက လက်ဗလာနဲ့ဖမ်းဆီးဖို့ ကြံစည်နေတာလား...ဘယ်လိုလုပ်ပြီး သက်ရှည်မီးအိမ် ထွန်းညှိတဲ့ကိစ္စမျိုးကို မင်းက လက်လွတ်စပါယ် ပြောထွက်တာလဲ"

"တော်တော်သတိကြီးတဲ့ ကောင်စုတ်လေးပဲ...ငါက ဘာလို့ ဒီလိုကောင်စုတ်လေးရဲ့လက်ထဲကို ဆိုးဆိုးရွားရွား ကျရောက်သွားရတာလဲ...မင်းက ငါ့ကို သံသယရှိနေမှတော့ ငါ မင်းကို မလှည့်စားဘူးဆိုတာ မင်း သိအောင်လို့ နည်းစနစ်တစ်ခု လွှဲပြောင်းပေးမယ်"

ရွှံစေးရုပ်ထုသည် ရုတ်တရက် လေးနက်တည်ကြည်သောအသံနှင့် ရှည်လျားပြီးရှုပ်ထွေးသောမန္တန်တစ်ပုဒ်ရွတ်ဆိုလိုက်ရာ ထိုအသံသည် လုယွီ၏နားအတွင်းသို့ ဝင်ရောက်လာပေ၏။

လုယွီသည် ပလ္လင်ခွေထိုင်၍ ထိုကျင့်ကြံနည်းစနစ်၏အကြောင်းအရာများကို နားထောင်လိုက်သည်။

သူ၏အတွေ့အကြုံအရ ဤကျင့်ကြံနည်းစနစ်သည် သာမာန်ထက်သာလွန်ထူးကဲသည်ကို အတပ်ပြောနိုင်သည်။

ထိုအရာကို လွတ်လပ်မှုရရှိရန်အတွက် ပေးသည်ဆိုပါက လုယွီ ငြင်းပယ်ရန် အကြောင်းမရှိချေ။သူက ပလ္လင်ခွေထိုင်၍ ရွှံစေးမျောက်ရုပ်ထု၏မှော်မန္တန်ကို ဂရုတစိုက်နားထောင်လိုက်၏။

လူတစ်ယောက်နှင့် ရွှံစေးမျောက်ရုပ်ထုတစ်ခုသည် မျက်နှာချင်းဆိုင်ထိုင်နေပြီး ရှည်လျားရှုပ်ထွေးသောမန္တန်သံများက သူတို့၏နံဘေးပတ်ဝန်းကျင်၌ ပဲ့တင်ထပ်နေသည်။

Chapter 2042

ထိုမှော်မန္တန်သံကို နားထောင်ပြီးနောက် လုယွီက အလေးအနက်ထားစပြုလာသည်။ဤအချိန်အခိုက်အတန့်တွင် သူ၏စိတ်အတွင်း၌ ဖရိုဖရဲဖြစ်နေသော အတွေးများအားလုံး ပျောက်ကွယ်သွားပြီးနောက် သူသည် မှော်မန္တန်ကို လေ့လာဆင်ခြင်ခြင်းအတွင်းတွင်သာ နစ်မြုပ်နေသည်။

ဤအချိန်တခဏတွင် လုယွီသည် မြင့်မားသောဗုဒ္ဓဘုရားကျောင်းတစ်ခုအတွင်းသို့ ရောက်ရှိသွားပုံရသည်။ဝေဝါးဝါးရွှေရောင်ဗုဒ္ဓရုပ်ပွါးတော်များသည် သူ့ကိုဝိုင်းရံထားကြပြီး သူတို့၏အဆက်မပြတ်ကျမ်းစာရွတ်ဖတ်သံများက သူ၏နားအတွင်းသို့ ဝင်ရောက်လာသည်။

မြောက်မြားစွာသောကျမ်းစာစာလုံးများသည် လူတစ်ယောက်၏ဦးနှောက်ကို ဆေးကြောသန့်စင်နေသကဲ့သို့ ထိုလူ၏စိတ်နှလုံးသားအတွင်း၌ ပြည့်နှက်သွားစေသည်။

ထိုကျမ်းစာမှလာသော အစွမ်းထက်သည့်စွမ်းအားများကို လုယွီက ခံစားမိပေ၏။

သူ၏စိတ်အတွင်းရှိ ဝေဝါးဝါးပုံရိပ်တစ်ခုစီတွင် ကြယ်နယ်မြေများကိုပင် လွယ်လင့်တကူဖျက်ဆီးပစ်နိုင်သည့် တုန်လှုပ်ချောက်ချားဖွယ်စွမ်းအားမျိုး ပါဝင်နေပုံရသည်။

လုယွီ၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီနေသည်ကိုကြည့်ပြီး ရွှံစေးမျောက်ရုပ်ထုထံမှနေ၍ သရော်တော်တော်အသံတစ်သံ ထွက်ပေါ်လာသည်။

"လူသားတွေရဲ့စိတ်နှလုံးသားက တကယ့်ကိုခိုင်မာမှုမရှိတာပဲ....မင်းက ငါ့ကို ထိန်းချုပ်ချင်နေမှတော့ ငါမှာ ရွေးချယ်စရာလမ်းမရှိလို့ ဒီအခြေအနေကိုအခွင့်ကောင်းယူလိုက်ရတာပဲ...ငါက မင်းရဲ့စိတ်ဝိညာဥ်ကို ခုချိန်မှာ ဘာမှမလုပ်နိုင်သေးပေမယ့် မင်းရဲ့ခန္ဓာကိုယ်ကို ငါ ထိန်းချုပ်ပြီးတဲ့အချိန်ကျရင် ဒါက ငါ့ရဲ့လက်ဝါးတစ်ဖက်ကိုလှန်လိုက်သလိုမျိုး လွယ်ကူသွားလိမ့်မယ်"

ရွှံစေးမျောက်ရုပ်ထုက လုယွီကို ခြေဆုံးခေါင်းဆုံးကြည့်လိုက်၏။

"ဘယ်လောက်တောင် အားကောင်းတဲ့ရုပ်ခန္ဓာကိုယ်လဲ...ငါ ရင်းနှီးတဲ့ အငွေ့အသက်မျိုး ရနေသလိုပဲ...ဒါပေမယ့် မကြာခင်မှာ ဒါက ငါ့ရဲ့ရုပ်သေးဖြစ်တော့မှာ....သေသင့်တဲ့ မကောင်းဆိုးရွားကောင်...ငါက ရုပ်သေးတချို့ထပ်ထိန်းချုပ်ပြီးတာနဲ့ မင်းကို ငါ သေအောင်ရိုက်ပစ်မယ်"

ရွှံစေးမျောက်ရုပ်ထုက နက်နက်နဲနဲတွေးတောနေစဥ်မှာပင် ရုတ်တရက် လေပြင်းတစ်ချက်က လုယွီ၏ခန္ဓာကိုယ်ကို ဝေ့ဝိုက်၍တိုက်ခတ်လာသည်။

ထိုလေပြင်းတိုက်ခတ်လာသည်နှင့် လုယွီ၏ခန္ဓာကိုယ်ပေါ်ရှိ အစိမ်းရောင်ဝတ်စုံ ရုတ်တရက် ပေါက်ကွဲသွားပြီး သူ၏ကျစ်လစ်ပြီးအားကောင်းသန်မာသော အပေါ်ပိုင်းခန္ဓာကိုယ် ထွက်ပေါ်လာသည်။

တောက်ပသောရွှေရောင်နဂါးတစ်ကောင်က လုယွီ၏နောက်ကျောတွင် ရစ်ခွေနေပြီး အဆက်မပြတ်ရွေ့လျားနေပေ၏။

ဘန်း...ဘန်း...ဘန်း...

လုယွီ၏ခန္ဓာကိုယ်မှ ဆူညံသံများထွက်ပေါ်နေခြင်းနှင့်အတူ စိတ်ဝိညာဥ်စွမ်းအားများ တလိမ့်လိမ့်စီးဝင်လာခြင်း​ကြောင့် သူ၏မရီးဒါန်းများမှအတားအဆီးများ တစ်ခုပြီးတစ်ခု ကျိုးပျက်သွားသည်။

ဝေါင်း....

ရှေးဟောင်းခေတ်ကာလမှ အစစ်အမှန်နဂါးတစ်ကောင်သံ၏ဟိန်းဟောက်သံကဲ့သို့ အသံကြီးထွက်ပေါ်လာသည်။။လုယွီ၏မိုးကောင်းကင်လှိုဏ်ဂူအတွင်းမှ အစစ်အမှန်နဂါးခြောက်ကောင် တပြိုင်နက်တည်း ဟိန်းဟောက်လိုက်ခြင်းဖြစ်ပေ၏။

"မဖြစ်နိုင်ဘူး....ဘယ်လိုဖြစ်ပြီး ဒီလိုအစွမ်းထက်တဲ့ ခန္ဓာကိုယ်မျိုးရှိနေတာလဲ...ဒီကောင်လေးရဲ့ကျင့်ကြံဆင့်နယ်ပယ်က မမြင့်မားသေးပေမယ့် သူ့ရဲ့ရုပ်ခန္ဓာကိုယ်အင်အားက အဲ့ဒီမကောင်းဆိုးရွားရဲ့တပည့်တွေနဲ့တောင် နှိုင်းယှဥ်လို့ရတယ်"

လုယွီ၏အရှိန်အဝါများ ပို၍ပို၍မြင့်မားလာသော်လည်း သူ၏ရုပ်ခန္ဓာကိုယ်သည် အကန့်အသတ်သို့ရောက်ရှိနေပုံရခြင်းကို ရွှံစေးမျောက်ရုပ်ထုက သတိပြုလိုက်မိ၏။ဤအချိန်အခိုက်အတန့်တွင် လုယွီ၏ခန္ဓာကိုယ်မွှေးညှင်းပေါက်များမှ သွေးများယိုစီးကျနေသည်။

ဤသည်က အလွန်များပြားသော စိတ်ဝိညာဥ်စွမ်းအင်များကို စုဆောင်းမိခြင်း​၏ရလဒ်အနေဖြင့် သူ၏မရီးဒါန်းများ အလွန်အကျွံဖောင်းကားလာခြင်းပင်။

"ဒါက ငါ ပထမဆုံးရရှိတဲ့ ရုပ်သေးပဲ...တကယ်လို့ ငါက မကောင်းဆိုးရွားကောင်နဲ့ရင်ဆိုင်ရမယ်ဆိုရင် သူက အသင့်တော်ဆုံးလူပဲ...သူကိုယ်သူ သေတွင်းထဲတွန်းပို့နေတာကို ငါ ဒီအတိုင်းထိုင်ကြည့်နေလို့မဖြစ်ဘူး"

ရွှံစေးမျောက်ရုပ်ထုက အလွန်အမင်း စိတ်လှုပ်ရှားနေသည်။အချိန်တခဏကြာ တွေးတောပြီးနောက် သူက ဆုံးဖြတ်ချက်ချလိုက်၏။

"ဆန့်ကျင်ဘက်အနေနဲ့တွေးကြည့်ရရင်...ဒါက ငါ့ရဲ့ရုပ်သေးပဲ...ငါ ဒါကို နှစ်ခါထပ်မလုပ်နိုင်ဘူး...ငါရဲ့ဝှက်ဖဲတွေကိုသုံးပြီးတော့ သူ့ကိုကယ်တင်ရလိမ့်မယ်"

ဤအချိန်အခိုက်အတန့်တွင် ရွှံစေးမျောက်ရုပ်ထု၏ပါးစပ်မှ ထွက်ပေါ်နေသော ကျမ်းစာသံရုတ်တရက် ပြောင်းလဲသွားသည်။ဤတစ်ကြိမ်မန္တန်ရွတ်ဆိုသံတွင် အကန့်အသတ်မရှိသောသတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ ပါဝင်နေပုံရသည်။ရွှံစေးမျောက်ရုပ်ထုသည် မန္တန်ရွတ်ဆိုနေချိန်တွင် ထောင်နှင့်ချီသောစစ်သားများ၏ တပ်မှူးနှင့်တူညီနေပြီး သူ၏လက်ညှိုးတစ်ချက် ညွှန်လိုက်သည်နှင့် မြောက်မြားစွာသောသက်ရှိများ၏ ကံကြမ္မာကို ထိန်းချုပ်နိုင်ပုံရသည်။

ဤအချိန်အခိုက်အတန့်တွင် လုယွီ၏စိတ်အတွင်းရှိမြင်ကွင်း တဖန်ပြန်၍ပြောင်းလဲသွားသည်။

သူသည် သူ၏ကိုယ်ပိုင်မိုးကောင်းကင်လှိုဏ်ဂူအတွင်း၌ တဖန်ပြန်၍ ထွက်ပေါ်လာပေ၏။

မဟာတာအိုတံခါးသည် ပိတ်နေဆဲဖြစ်သော်လည်း တံခါး၏ရှေ့၌ ဖယောင်းတိုင်တစ်ချောင်း ရုတ်တရက် ထွက်ပေါ်လာသည်။

ထိုဖယောင်းတိုင်၏ထိပ်၌ မီးတောက်ငယ်တစ်ခုက ဖြည်းညှင်းစွာ တောက်လောင်နေသည်။သို့ရာတွင် သူတွေဝေမိန်းမောနေစဥ်မှာပင် ထိုမီးတောက်သည် ယခင်ကလောင်ကျွမ်းဖူးခြင်းမရှိသည့်အလား အရိပ်အယောင်ပင်မကျန်ရှိဘဲ ပျောက်ကွယ်သွားခဲ့သည်။

"ဒါက သက်ရှည်မီးအိမ်လား"

လုယွီသည် စိတ်လှုပ်ရှားသွားပြီး သူက သက်ရှည်မီးအိမ်အနီးသို့ ချဥ်းကပ်သွားရန် ကြံရွယ်လိုက်၏။

သို့ရာတွင် ထိုအတွေး ထွက်ပေါ်လာသည်နှင့် သူ၏စိတ်ဝိညာဥ်သည် ရွှံနွံအတွင်း၌ နစ်မြုပ်သွားသည့်အလား ခံစားလိုက်ရပြီး ခြေတစ်လှမ်းလှမ်းရန်ပင် အလွန်အမင်းခက်ခဲနေသည်။

လုယွီ၏ရုပ်ခန္ဓာကိုယ်ပြင်ပတွင်ရှိနေသော ရွှံစေးမျောက်ရုပ်ထုက အဆက်မပြတ် ညည်းတွားနေလေ၏။

"မဟုတ်သေးဘူး...ဘာလို့ သူ့ရဲ့အရှိန်အဝါက ရုတ်တရက်ကြီး အားနည်းသွားတာလဲ"

ရွှံစေးမျောက်ရုပ်ထုက အော်ဟစ်လိုက်သည်။

Chapter 2043

လုယွီ၏အရှိန်အဝါ တစတစ ပို၍အားနည်းလာသည်။

ရွှံစေးမျောက်ရုပ်ထုသည် စိုးရိမ်ပူပန်မှုကြောင့် ပျာယာခတ်နေပေ၏။ဤသည်က သူ ကြီးမားသောအခက်အခဲများအကြားမှ ရှာဖွေတွေ့ရှိခဲ့သော ရုပ်သေးဖြစ်သည်။မည်သည့်နည်းဖြင့် ဤကဲ့သို့စွန့်ပစ်လိုက်နိုင်မည်နည်း။

"အဲ့ဒီ သေသင့်တဲ့မကောင်းဆိုးရွားကောင်ကတော့...ငါက ဒီလိုမျိုး ပြီးပြည့်စုံတဲ့ရုပ်သေးကို နောက်တစ်ကြိမ်ရှာတွေ့ဖို့ မလွယ်တော့ဘူး...ငါက အဲ့ဒီမကောင်းဆိုးရွားကို တန်ကြေးပြန်ပေးဆပ်ရအောင်လုပ်ရမယ်"

ရွှံစေးမျောက်ရုပ်ထုသည် ပြတ်ပြတ်သားသား ဆုံးဖြတ်ချက်ချလိုက်ပုံဖြင့် သူ၏ရှေ့၌ ရွှေရောင်ဆေးလုံးတစ်လုံးကို သိပ်သည်းလိုက်၏။

ညင်သာသောရိုက်ချက်တစ်ချက်နှင့်အတူ ထိုဆေးလုံးသည် လုယွီ၏နံဘေးနားသို့ မျောလွင့်လာသည်။တလိမ့်လိမ့်စီးဆင်းနေသော ဆေးစွမ်းအားများသည် လုယွီ၏အသက် ရှုရှိုက်နေရာမှတဆင့် သူ၏ခန္ဓာကိုယ်အတွင်းသို့ စီးဝင်သွားပေ၏။

ထိုဆေးစွမ်းအားများသည် အလွန်အမင်းအားကောင်းပြီး အစွမ်းထက်သည်။အကယ်၍ လုယွီသည် ရှေးဟောင်းခန္ဓာကိုယ်သန့်စင်နည်းစနစ်နှစ်မျိုးဖြင့် သူ၏ခန္ဓာကိုယ်ကို သန့်စင်ထားခြင်းမရှိပါက သူ၏မရီးဒါန်းများ တိုက်ရိုက်ပေါက်ကွဲသွားနိုင်သည်။

ထိုဆေးလုံး၏ကူညီထောက်ပံမှုဖြင့် လုယွီ၏အရှိန်အဝါသည် တဖန်ပြန်၍အားကောင်းလာပြီး ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိသွားပေ၏။

သို့ရာတွင် ဤအခြေအနေသည် တည်မြဲခြင်းမရှိချေ။မကြာမီမှာပင် လုယွီ၏အရှိန်အဝါ တဖန်ပြန်၍ အားနည်းသွားသည်။

"ငါ့ဆီမှာ ဆေးလုံးတချို့ကျန်သေးတယ်...ငါက ဒီကောင်စုတ်လေးပေါ်မှာ အကုန်လုံးအသုံးပြုလိုက်ရမလား....ထားလိုက်တော့....ဒီတစ်ကြိမ်မှာ ငါ့ရဲ့သွေးတွေအကုန်လုံး ခန်းခြောက်သွားမယ်ဆိုရင်တောင်...ငါက အဲ့ဒီမကောင်းဆိုးရွားကောင်တွေအားလုံးကို သတ်နိုင်ရမယ်"

ရွှံစေးမျောက်ရုပ်ထုသည် ဆေးလုံးအမြောက်အများကို သိုဝှက်ထားသော်လည်း သူသည် ထိုဆေးလုံးများအကြောင်းကို ရှင်းရှင်းလင်းလင်းသိပုံမရချေ။

ထိုဆေးလုံးများအနက် အများစုမှနေ၍ ရှေးကျသောအရှိန်အဝါများ ထုတ်လွှက်နေသည်။တချို့ဆေးလုံးများသည် နဂါးများ ကျားများအဖြစ်သို့ပင် အသွင်ပြောင်းလဲသွားကြ၏။

ဤဆေးလုံးများသည် မည်သည့်အမျိုးအစားဖြစ်နေပါစေ ပြင်ပကမ္ဘာလောကတွင် ထွက်ပေါ်လာပါက ကြီးမားသောရုန်းရင်းဆန်ခတ်မှုကြီးကို ဖြစ်ပွါးစေပေလိမ့်မည်။ထိုဆေးလုံးများအနက်မှအများစုသည် ရှေးဟောင်းနတ်ဘုရားဆေးလုံးများဖြစ်ပြီး သမိုင်းတွင်ပျောက်ဆုံးနေခဲ့သည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။မရေမတွက်နိုင်သော နှစ်ပေါင်းများစွာ ကြာမြင့်လာသည့်တိုင် ထိုဆေးလုံးများ၏နဂိုမူလအငွေ့အသက်များ ပျောက်ကွယ်သွားခြင်းမရှိသေးချေ။

မြောက်မြားစွာသော ဆေးစွမ်းအားများက လုယွီ၏ခန္ဓာကိုယ်အတွင်းသို့ စီးဝင်နေသည်။

ဆေးစွမ်းအားများ အရူးအမူး စီးဝင်နေမှုကြောင့် လုယွီ၏အရှိန်အဝါ တဖန်ပြန်၍မြင့်တက်လာလေ၏။သူ၏ခန္ဓာကိုယ်အတွင်းရှိ မရီးဒါန်းများသည် ဆေးလုံးများကြောင့် အလွှာတစ်လွှာပြီးတစ်လွှာ ထိန်းညှိပြုပြင်ပြီးဖြစ်ကာ အလွန်အမင်း အားကောင်းလာသည်။

"ကောင်းကင်နဲ့မြေပြင်ကို ဆေးမီးဖိုအနေနဲ့အသုံးပြုပြီး....ဆေးလုံးတွေကို သန့်စင်မယ်"

ရွှံစေးမျောက်ရုပ်ထုထံမှ အေးစက်စက်အော်သံနှင့်အတူ လုယွီ၏ခြေဖဝါးအောက်ရှိမြေပြင် ရုတ်တရက်အက်ကွဲသွားကာ မြေအောက်မှနေ၍ ခြစ်ခြစ်တောက်ပူပြင်းသောမီးတောက်များ တိုးထွက်လာပေ၏။

ထိုမီးတောက်များသည် လုယွီကို လွှမ်းခြုံသွားပြီး ဆေးလုံးများကို အရူးအမူး သန့်စင်နေတော့သည်။

တစ်ချိန်တည်းမှာပင် မိုးကောင်းကင်လှိုဏ်ဂူအတွင်းသို့ ရောက်ရှိနေသော လုယွီ၏စိတ်ဝိညာဥ်သည် တောင်ပံတပ်ပေးလိုက်သော ကျားတစ်ကောင်အလား သက်ရှည်မီးအိမ်ထံသို့ တရွေ့ရွေ့ချဥ်းကပ်နေသည်။

"ဒီမျောက်က ငါ့ကို သူ့ရဲ့ရုပ်သေးအဖြစ် ဆက်ဆံနေတာပါလား"

လုယွီက စဥ်းစားတွေးတောပြီးနောက် ချက်ချင်းဆိုသလိုပင် မည်သည့်ကိစ္စရပ်များ ဖြစ်ပျက်နေသည်ကို သိရှိသွားပေ၏။

ထိုအကြောင်းအရင်းများကြောင့် ရွှံစေးမျောက်ရုပ်ထုသည် တန်ကြေးများစွာပေးဆပ်၍ လုယွီ၏ခွန်အားကို များစွာမြှင့်တင်ပေးနေခြင်းဖြစ်သည်။

ယခင်က လုယွီထံတွင် ရှေးဟောင်းခန္ဓာကိုယ်နည်းစနစ်နှစ်မျိုးရှိနေခြင်းကြောင့် အစစ်အမှန်နဂါးခြောက်ကောင်၏ခွန်အားမှာ သူ၏အကန့်အသတ်ပင်။

သို့ရာတွင် ရွှံစေးမျောက်ရုပ်ထုထံတွင် မည်သည့်နေရာမှ ရရှိလာသည်မှန်းမသိသော အဖိုးတန်ရှားပါးသည့် ဆေးလုံးများရှိနေသည့်အပြင် အများစုမှာ ပျောက်ဆုံးသွားပြီဖြစ်သော ရှေးဟောင်းနတ်ဘုရားဆေးလုံးများရှိနေသည်။

ထိုဆေးလုံးများသည် အလွန်လျှို့ဝှက်ဆန်းကြယ်ပြီး ​အစွမ်းထက်သောဆေးစွမ်းအားများမှတဆင့် မည်သည့်အရာမဆိုပြုလုပ်နိုင်သော မှော်စွမ်းအားများအဖြစ်သို့ ပြောင်းလဲသွားပေ၏။

အမှန်အားဖြင့် အစောပိုင်းက ကျောက်တုံးမျောက်ရုပ်ထုမှ လုယွီကို သင်ကြားပေးခဲ့သော ကျင့်ကြံနည်းစနစ်မှနေ၍ သူ၏ခန္ဓာကိုယ်အတွင်း၌ တခြားခန္ဓာကိုယ်ကျင့်ကြံနည်းစနစ်တစ်ခုအဖြစ် စတင်၍သိပ်သည်းနေသည်။

ထိုကျင့်ကြံနည်းစနစ်သည် မြင့်မြတ်ဧကရာဇ်ခန္ဓာကိုယ်နည်းစနစ်နှင့် မူလဘူတအကြွင်းမဲ့ခန္ဓာကိုယ်နည်းစနစ်တို့ဖြင့်ပင် နှိုင်းယှဥ်နိုင်ကာ လုယွီ၏ရုပ်ခန္ဓာကိုယ်ခွန်အားကို ရူးသွပ်လုမခမ်း တိုးတက်စေသည်။

သက်ရှည်မီးအိမ်ကိုထွန်းညှိရန်အတွက် တုန်လှုပ်ချောက်ချားဖွယ်သွေးချီစွမ်းအားများ လိုအပ်သည်။သို့ရာတွင် မြောက်များစွာသောဆေးလုံးများ၏ဆေးစွမ်းအားများဖြင့် ကူညီထောက်ပံမှုကြောင့် လုယွီသည် တဖြည်းဖြည်းနှင့် မီးအိမ်၏အနီးသို့ ချဥ်းကပ်နိုင်ခဲ့ပေ၏။

လုယွီသည် သက်ရှည်မီးအိမ်အနီးသို့ ဆက်လက်၍လျှောက်လှမ်းလိုက်သည်။

သူ လှမ်းနေသော ခြေတစ်လှမ်းတိုင်းသည် အလွန်အမင်းလေးလံပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှ ကြွက်သားနှင့်အရိုးများ ကြေမွပျက်စီးသွားပုံရသည်။

သူ၏ခန္ဓာကိုယ်ကို အဆက်မပြတ်ဆုတ်ဖြဲခံနေရသကဲ့သို့ ခံစားနေရပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံး ရှေ့နောက်လှုပ်ယမ်းနေပေ၏။ဤအချိန်အခိုက်အတန့်တွင် လုယွီ၏ခန္ဓာကိုယ်တစ်ခုလုံးသည် တိကျသေချာသောမျှခြေတစ်ခုသို့ ရောက်ရှိသွားပုံရသည်။

ဟူး....

လုယွီ ခြေတစ်လှမ်းလှမ်းလိုက်စဥ်မှာပင် သူ၏မိုးကောင်းကင်လှိုဏ်ဂူ ရုတ်တရက်တုန်ရီသွားပြီး အစစ်အမှန်နဂါးတစ်ကောင်၏ပုံရိပ် ထပ်မံ၍ သိပ်သည်းသွားပေ၏။

Chapter 2044

မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် လုယွီသည် လောကီအင်မော်တယ်တစ်ယောက်၏အကန့်အသတ်ကို ချိုးဖျက်နိုင်ခဲ့လေပြီ။

လုယွီ၏ခန္ဓာကိုယ်အတွင်းတွင် အစွမ်းထက်သော မှော်စွမ်းအားများက ဝရုန်းသုန်းကား သောင်းကျမ်းနေသည်။ဤအချိန်အခိုက်အတန့်တွင် လုယွီသည် ရှေးဟောင်းအချိန်ကာလများမှ နတ်ဘုရားတစ်ပါးနှင့်တူညီနေကာ သူ၏ခွန်အားသည် ပြိုင်ဘက်ကင်းပင်။

သက်ရှည်မီးအိမ်နှင့် ခြေလှမ်းအနည်းငယ်အကွာသို့ ရောက်ရှိချိန်တွင် လုယွီက ရုတ်တရက် ရပ်တန့်လိုက်၏။

ဤအချိန်အခိုက်အတန့်တွင် လုယွီသည် ကျဥ်းထဲကျပ်ထဲအခြေအနေသို့ ရောက်ရှိနေလေပြီ။

လုယွီက သူ ရှေ့သို့ဆက်လက်၍ လျှောက်လှမ်းပါက သေခြင်းတရား၏ခြိမ်းခြောက်မှုကို ခံစားနေရသည်။

"ကြည့်ရတာတော့ ငါ့ရဲ့ရုပ်ခန္ဓာကိုယ်က သက်ရှည်မီးအိမ်ကိုထွန်းညှိဖို့ လုံလောက်အောင် မသန်မာသေးတဲ့ပုံပဲ...တကယ်လို့ ငါရှေ့ကိုဆက်ပြီးလျှောက်လှမ်းလိုက်မယ်ဆိုရင် ငါ့ရဲ့ခွန်အား တိုးတက်မလာရုံသာမက ငါ သေတောင်သေသွားနိုင်တယ်"

လုယွီက သူ၏ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး သူ၏ခန္ဓာကိုယ်အတွင်း၌ ထကြွသောင်းကျန်းနေသော သွေးချီများကို ခံစားလိုက်၏။

သူ၏သွေးချီများသည် နဂါးတစ်ကောင်အလား အဆက်မပြတ်စီးဆင်းနေသည်။

ဤသည်က ရှေးဟောင်းခေတ်ကာလမှ အင်မော်တယ်တစ်ယောက်၏ အထိမ်းအမှတ်သင်္ကေတပင်။

ယခုလက်ရှိချိန်၌ အကယ်၍ လုယွီသည် မှော်စွမ်းအားများကို အသုံးမပြုလျှင်ပင် သူ၏ရုပ်ခန္ဓာကိုယ်ခွန်အားသက်သက်ဖြင့် အစောပိုင်းရွှယ်အင်မော်တယ်တစ်ယောက်ကို စိန်ခေါ်တိုက်ခိုက်နိုင်သည်။

ဘုန်း...

နောက်ထပ်အချိန်အခိုက်အတန့်တွင် လုယွီသည် သူ၏နတ်ဘုရားစိတ်အာရုံကို မိုးကောင်းကင်လှိုဏ်ဂူအတွင်းမှ ပြန်လည်ရုတ်သိမ်းလိုက်၏။

"ဒီတစ်ကြိမ်တော့ ငါက တန်ကြေးအများကြီး ပေးဆပ်ခဲ့ရတယ်...ဒါပေမယ့် ငါက အဲ့ဒီမကောင်းဆိုးရွားကောင်တွေကို သတ်နိုင်တာနဲ့ ဒါက ထိုက်တန်တယ်....ဟား ဟား ဟား....ငါက ရုပ်သေးကိုရပြီးပြီဆိုတာနဲ့ ငါက မင်းရဲ့နှလုံးသွေးတွေ ထွက်တဲ့အထိ ရိုက်နှက်ပြီးတော့ မင်းရဲ့အပြစ်တွေအတွက် ငါ့ရှေ့မှာ ဒူးထောက်ပြီးဝန်ခံရအောင် ငါ လုပ်ပြမယ်"

ရွှံစေးမျောက်ရုပ်ထုသည် သူ၏ကိုယ်ပိုင်အမုန်းတရားများအတွင်း၌သာ နစ်မြုပ်နေပြီး လုယွီ၏မျက်လုံးများ ပြန်လည်ကြည်လင်နေခြင်းကို သတိမပြုမိချေ။

လုယွီက သူ၏လက်ကိုဆန့်ထုတ်ပြီး ရွှံစေးမျောက်ရုပ်ထုကို ဆုပ်ကိုင်လိုက်သည်။

"ဘာလဲ...မင်း...မင်က ငါ့ရဲ့ထိန်းချုပ်မှုအောက်မှာ မဟုတ်ဘူးလား...ဗုဒ္ဓကျမ်းစာတွေက မင်းကို အပြည့်အဝ မထိန်းချုပ်နိုင်ဘူးလား"

ရွှံစေးမျောက်ရုပ်ထုသည် အလွန်အမင်းအံ့အားသင့်သွားပြီး သူက ဗုဒ္ဓကျမ်းစာများကို အလျှင်အမြန်ရွတ်ဆိုလိုက်၏။

သို့ရာတွင် ဤရှည်လျားရှုပ်ထွေးသော ဗုဒ္ဓကျမ်းစာများသည် လုယွီကို တစိုးတစိမျှပင် သက်ရောက်စေခြင်းမရှိချေ။

"ဒီဗုဒ္ဓကျမ်းစာလောက်နဲ့ ငါ့ရဲ့စိတ်ဆန္ဒကို လွှမ်းမိုးနိုင်မှာတဲ့လား"

လုယွီက အလောင်းကောင်ကြာပွတ်ဖြင့် ရွှံစေးမျောက်ရုပ်ထုကို ထပ်မံ၍ရိုက်နှက်လိုက်သည်။

ရုတ်ချည်းဆိုသလိုပင် ရွှံစေးမျောက်ရုပ်ထုထံမှနေ၍ စူးရှနာကျင်စွာအော်ဟစ်လိုက်သောအသံကြီးထွက်ပေါ်လာသည်။

"ရပ်လိုက်...ရပ်လိုက်တော့....မင်းက တကယ်အရည်အချင်းရှိတဲ့ကောင်ဆိုတာ ငါ ဝန်ခံတယ်...အခု ငါတို့ အမှန်တကယ် ပူးပေါင်းဆောင်ရွက်ကြရအောင်"

ရွှံစေးမျောက်ရုပ်ထုသည် နာကျင်မှုကြောင့် ငိုညည်းသံဖြင့် ပြောဆိုလေ၏။

လုယွီက အေးစက်စက် နှာမှုတ်လိုက်သည်။

"ဟမ့်....မင်းက ငါ့ကို ဆန့်ကျင်တိုက်ခိုက်ဖို့ အကြိမ်ပေါင်းများစွာ အကွက်ချခဲ့တယ်...တကယ်လို့သာ မင်းရဲ့နည်းစနစ်တွေကို ပျက်ပြယ်စေတဲ့နည်းလမ်း ငါ့ဆီမှာမရှိဘူးဆိုရင် ငါက မင်းရဲ့ရုပ်သေးဖြစ်နေလောက်ပြီ...မင်းက ငါ့ကိုထပ်ပြီး လှည့်စားချင်သေးတာလား"

"မဟုတ်ဘူး...မင်း သက်ရှည်မီးအိမ်ရဲ့တည်ရှိမှုကို အာရုံခံမိတယ်မလား...တကယ်လို့ ငါ ခန့်မှန်းတာမမှားဘူးဆိုရင် မင်းရဲ့ခန္ဓာကိုယ်ကို ကာကွယ်ပေးထားတဲ့ အစွမ်းထက်ခန္ဓာကိုယ်ကျင့်ကြံနည်းစနစ် မင်းဆီမှာရှိနေတယ်မလား....ဒါပေမယ့် ငါ့ရဲ့ခန္ဓာကိုယ်ကျင့်ကြံနည်းစနစ်ရဲ့ထောက်ပံပေးမှုမပါဘဲနဲ့ မင်း ဒီအဆင့်ထိရောက်အောင် မကျင့်ကြံနိုင်ဘူး"

ရွှံစေးမျောက်ရုပ်ထုသည် သူ့အား လုယွီနာကျင်အောင်လုပ်မည်ကို စိုးရွံသဖြင့် ပျာပျာသလဲပြောဆိုလေ၏။

လုယွီက မျက်မှောင်ကြုတ်လိုက်သည်။ရွှံစေးမျောက်ရုပ်ထု ပြောဆိုသောစကားများမှာ အမှန်တရားပင်။

အစောပိုင်းက ရွှံစေးမျောက်ရုပ်ထု ရွတ်ဆိုသော မန္တန်များမှတဆင့် သူသည် ကျင့်ကြံနည်းစနစ်တချို့အကြောင်းကို အနည်းငယ်သိခဲ့ရသည်။သို့ရာတွင် ထိုကျင့်ကြံနည်းစနစ်များသည် ပြည့်စုံခြင်းမရှိသဖြင့် ဟာကွက်များရှိနေပေ၏။

လုယွီသည် ယခင်ကတည်းက ခန္ဓာကိုယ်ကျင့်ကြံနည်းစနစ်နှစ်မျိုးကို လေ့ကျင့်ထားသော်လည်း သူသည် သက်ရှည်မီးအိမ်ရှိရာလမ်းကြောင်းအတွင်းသို့ တစ်ကြိမ်တစ်ခါမျှ ခြေချဖူးခြင်းမရှိချေ။

အတိတ်ဘဝတွင် သူသည် မဟာတာအိုဥပဒေသများကို ကျင့်ကြံခဲ့ပြီးနောက် တာအိုသခင်ဖြစ်လာခဲ့သည်။ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်နှင့် နောက်ဆုံးတိုက်ပွဲအတွင်း၌ သူ မဟာတာအိုတံခါးကိုဖွင့်နိုင်ခဲ့သော်လည်း ဤသည်ကအဆုံးသတ်ပင်။

တခြားတစ်ဖက်ရှိ သက်ရှည်မီးအိမ်ကိုထွန်းညှိရန်မှာ အလွန်အမင်းခက်ခဲပြီး အန္တရာယ်များသောလမ်းကြောင်းဖြစ်သည်။ရှေးဟောင်းအချိန်ကာလများမှစတင်၍ မြောက်မြားစွာသောကျင့်ကြံသူတို့သည် ထိုလမ်းကြောင်းကို ကြိုးစားခဲ့ကြသော်လည်း သူတို့အနက်မှအများစုသည် ကျရှုံးသွားကာ နောက်ဆုံး၌ အရိုးစုများအဖြစ်သို့ ပြောင်းလဲသွားခဲ့ကြ၏။

"ခုဏက ငါ မင်းကို လက်ဆင့်ကမ်းပေးတဲ့အရာက သက်ရှည်မီးအိမ်ကိုထွန်းညှိနိုင်မယ့် နည်းစနစ်ရဲ့တစိတ်တစ်ပိုင်းပဲ...ဒါပေမယ့် ငါ ပြန်နိုးထလာတဲ့အချိန်မှာ ငါ့ရဲ့မှတ်ဥာဏ်တွေ တော်တော်များများ ပျောက်ဆုံးနေပြီးတော့ ငါ ဘာကိုမှရှင်းရှင်းလင်းလင်းမမှတ်မိဘူး....တကယ်လို့ မင်းက ငါနဲ့ပူးပေါင်းမယ်ဆိုရင် အဲ့ဒီကျင့်ကြံနည်းစနစ် ငါ မင်းကို လက်ဆင့်ကမ်းပေးမယ်"

"မင်း သေချာစဥ်းစားကြည့်ပါအုံး....ဒီနည်းစနစ်ရဲ့တစိတ်တစ်ပိုင်းနဲ့တင် မင်းရဲ့ရုပ်ခန္ဓာကိုယ်က ရွှယ်အင်မော်တယ်တွေနဲ့ နှိုင်းယှဥ်လို့ရနေပြီ....တကယ်လို့ မင်းက နည်းစနစ်အပြည့်အစုံကိုသာ ကျင့်ကြံနိုင်မယ်ဆိုရင် မင်းရဲ့အနာဂတ်ကျင့်ကြံမှုလမ်းကြောင်းမှာ ကြီးမားတဲ့အောင်မြင်မှုမျိုးရမှာပဲ"

ရွှံစေးမျောက်ရုပ်ထုက လုယွီကို သွေးဆောင်ဖြားယောင်းနိုင်ရန် ကြိုးပမ်းနေသည်။

Chapter 2045

ရွှံစေးမျောက်ရုပ်ထုပြောဆိုသည့် စကားများသည် တစ်ဖက်လူကို အမှန်တကယ်ကိုပင် စိတ်လှုပ်ရှားစေနိုင်သည်။

ဤှသည်က အမှန်တရားပင်။နည်းစနစ်၏တစိတ်တစ်ဒေသကပင်လျှင် လူအများကို အလွန်အစွမ်းထက်အောင် ပြုလုပ်ပေးနိုင်သည်။အကယ်၍ နည်းစနစ်အပြည့်အစုံကို ကျင့်ကြံရပါက ထိုလူသည် ထာဝရအသက်ကိုရရှိသွားနိုင်မည်လော။

ဤစကားလုံးများသည် သာမာန်လူများအပေါ်တွင် အလုပ်ဖြစ်ကောင်းဖြစ်နိုင်သော်လည်း လုယွီသည် မည်ကဲ့သို့လူစားမျိုးဖြစ်သနည်း။

အတိတ်ဘဝတွင် သူသည် ကောင်းကင်ဘုံနယ်မြေအတွင်း၌ ပြိုင်ဘက်ကင်းအဖြစ် ရပ်တည်နိုင်ခဲ့သူဖြစ်သည်။သူ၏အတွေ့အကြုံများကို ဂျူနီယာမျိုးဆက်မှကျင့်ကြံသူများ ယှဥ်ပြိုင်နိုင်မည်မဟုတ်ချေ။

ယခုလက်ရှိချိန်တွင် ရွှံစေးမျောက်ရုပ်ထုသည် လူအများ၏စိတ်နှလုံးသားကို လှည့်စားနိုင်သော စကားတချို့ကိုပြောဆိုနေကာ သူ လိုရာအချက်သို့ရောက်ရန် ဆွဲခေါ်နေသည်။

အကယ်၍ တစ်စုံတစ်ယောက်သည် ကြိုတင်ပြင်ဆင်ထားခြင်းမရှိပါက ရွှံစေးမျောက်ရုပ်ထု၏လှည့်စားခြင်းကိုခံရပြီး ထောင်ချောက်အတွင်းသို့ ကျရောက်သွားပေမည်။

"စိတ်ဝင်စားစရာပဲ...ဒါက ဒီလောက်ထိလွယ်ကူနေမှတော့ ဘာလို့ မင်း ကိုယ်တိုင်ကိုယ်ကျ မကြိုးစားကြည့်တာလဲ...မင်းရဲ့အရည်အချင်းနဲ့ဆိုရင် ဘယ်သူကမှ မင်းကို မဟန့်တားနိုင်မှာ ငါ စိုးရိမ်မိတယ်...ဟုတ်တယ်မလား"

လုယွီက ခပ်ဖျော့ဖျော့အပြုံးနှင့် ပြောဆိုသည်။

"တကယ်တော့ ငါက အားကောင်းတဲ့လက်ထောက်တစ်ယောက် လိုအပ်လို့ပဲ...အဲ့ဒီခေါင်းပြောင်မကောင်းဆိုးရွားက အရမ်းရက်စက်ကြမ်းကြုတ်တယ်....ငါတောင် အရမ်းဂရုစိုက်ပြီး နေနေရတာ...မင်း ဘာမှစိတ်မပူနဲ့...အဲ့ဒီနည်းစနစ်ရဲ့ ကျန်နေတဲ့အစိတ်အပိုင်းက ခေါင်းပြောင်မကောင်းဆိုးရွားရဲ့လက်ထဲမှာရှိတယ်...တကယ်လို့ ငါတို့က အဲ့ဒီကောင်ကို သတ်နိုင်မယ်ဆိုရင်...နည်းစနစ်အပြည့်အစုံက ငါတို့ရဲ့လက်ထဲကို ရောက်လာမှာပဲ"

ရွှံစေးမျောက်ရုပ်ထုက ဆက်လက်၍ သွေးဆောင်ဖြားယောင်းလေသည်။

လုယွီက ခေါင်းခါပြလိုက်၏။

"မင်းပြောသလိုဆို သူက အရမ်းအစွမ်းထက်တဲ့ ပြိုင်ဘက်တစ်ယောက်ဖြစ်နေမှာ...ဒီနည်းစနစ်တစ်ခုတည်းအတွက်နဲ့တော့ လက်ဗလာနဲ့ဝံပုလွေဖမ်းဖို့ မလုံလောက်ဘူး"

ရွှံစေးမျောက်ရုပ်ထု၏လေသံ ပြတ်တောက်သွားသည်။လုယွီသည် သူ မျှော်လင့်ထားသည်ထက်ကျော်လွန်၍ တွက်ချက်နေမည်ဟု သူ တွေးတောမထားမိချေ။

သို့ရာတွင် မကြာမီမှာပင် သူသည် ဒေါသထွက်စပြုလာပြီး ရူးသွပ်လုနီးပါးဖြစ်နေလေ၏။

"ငါ့ရဲ့ပိုင်ဆိုင်မှုတွေအားလုံး မင်းအပေါ်မှာ အသုံးပြုပြီးပြီလေ....ခွေးမသားလေး ဒီဆေးလုံးတွေကို ငါ ဘယ်လောက်ထိကြာအောင် သိမ်းဆည်းထားခဲ့တယ်ဆိုတာ မင်း သိလား...ငါ ဆေးလုံးတစ်လုံးတောင် မသုံးဘဲနဲ့ မင်းကို အကုန်ပေးလိုက်တာလေ...ကောင်စုတ်လေး...ဒါတောင် မင်းက ခုထိစိတ်မကျေနပ်သေးဘူးလား"

အကယ်၍ ယခုလက်ရှိချိန်၌ ရွှံစေးမျောက်ရုပ်ထု၏မျက်နှာအမူအယာကို တွေ့မြင်နိုင်ပါက ခါးသည်းမှုနှင့်ဒေါသထွက်မှုများ ရောယှက်၍ပြည့်နှက်နေပေမည်။

ဤသည်က အလွန်အမင်းနှမြောတွန့်တိုတက်သူတစ်ယောက်၏ စည်းစိမ်ဥစ္စာများ ရုတ်တရက် ပျောက်ကွယ်သွားသကဲ့သို့ပင်။ထိုကိစ္စသည် ရွှံစေးမျောက်ရုပ်ထုအတွက် အလွန်ဝမ်းနည်းကြေကွဲစရာဖြစ်ပေ၏။

လုယွီက အေးစက်စက်အသံဖြင့် ပြောဆိုသည်။

"ရှုရာနတ်ဘုရားရဲ့နှလုံးသွေးကို မင်း ဝါးမျိုသွားတာလေ...မင်းက ငါ့ကို ချောင်းမြောင်းတိုက်ခိုက်ဖို့လည်း ကြံရွယ်ခဲ့သေးတယ်...ငါ ခုထိ အဲ့ဒီစာရင်းတွေကို မင်းနဲ့မရှင်းရသေးဘူးနော်"

ရွှံစေးမျောက်ရုပ်ထုသည် အချိန်တခဏကြာ တိတ်ဆိတ်ငြိမ်သက်သွားပြီးမှ အလေးအနက်ထားသောလေသံဖြင့် ပြောဆိုလိုက်၏။

"ငါ့ဆီမှာ ကျင့်ကြံနည်းစနစ်တစ်ခုရှိသေးတယ်...ဒါပေမယ့် ငါ မင်းကို အလွယ်တကူ သင်မပေးနိုင်ဘူး...အခုချိန်မှာ ငါက ရွှံစေးမျောက်ရုပ်ထုထဲမှာ ပိတ်မိနေတယ်....ဒါကြောင့် ငါက ဒီထဲကနေထွက်နိုင်ဖို့ လုံလောက်တဲ့နတ်ဘုရားစွမ်းအင်တွေကို စုပ်ယူနိုင်ဖို့ လိုအပ်တယ်...တကယ်လို့ မင်းက နတ်ဘုရားဆယ်ယောက်ကျော်လောက် ထပ်ပြီးဖမ်းနိုင်မယ်ဆိုရင် ငါ အပြင်ကိုထွက်လို့ရပြီ"

ရှုရာနတ်ဘုရား၏ပုန်ကန်မှုသည် တာယွီအင်ပါယာတစ်ခုလုံးကို ထိတ်လန့်တုန်လှုပ်သွားစေသည်။သို့ရာတွင် ရွှံစေးမျောက်ရုပ်ထု၏နှုတ်မှ ထွက်လာသောအချိန်တွင် ရှုရာနတ်ဘုရားသည် နိမ့်ကျသောအဆင့်မျိုးသို့ ရောက်ရှိသွားပေ၏။

လုယွီထံ၌ လိုက်လျောမည့်အမူအယာမျိုးမရှိသည်ကိုမြင်သော ရွှံစေးမျောက်ရုပ်ထုက အလေးအနက်ထားသောလေသံဖြင့် ဆက်လက်ပြောဆိုသည်။

"ငါကလွဲပြီးတော့ သက်ရှည်မီးအိမ်ကိုထွန်းညှိနိုင်မယ့် လျှို့ဝှက်နည်းလမ်းကို ဘယ်သူမှမသိဘူး...တကယ်လို့ အခုချိန်မှာ မင်း ငါ့ကို သတ်မယ်ဆိုရင် မင်း သက်ရှည်မီးအိမ်ကိုထွန်းညှိနိုင်ဖို့ကို စဥ်းတောင်မစဥ်းစားနဲ့...ပြီးတော့ ငါ့ဆီမှာ ဘာမှမရှိတော့ဘူး...မင်း ငါ့ကို သတ်လိုက်ရင်တောင် မင်း ဘာမှရမှာမဟုတ်ဘူး"

"မင်းက ငါ့ကို လှည့်စားချင်တာလား"

လုယွီက အေးစက်စက်နှာမှုတ်ပြီးနောက် ချက်ချင်းဆိုသလိုပင် အဋ္ဌဂံချိပ်ပိတ်ခြင်းနည်းစနစ်ကို အသုံးပြု၍ ရွှံစေးမျောက်ရုပ်ထုကို ချိပ်ပိတ်လိုက်သည်။

ရွှံစေးမျောက်ရုပ်ထုသည် ထပ်မံ၍ချိပ်ပိတ်ခံရတော့မည်ကိုမြင်ချိန်၌ အလျင်စလို ပြောဆိုလေသည်။

"တော်သင့်ပြီ...ငါ့ဆီမှာ ငါ့ရဲ့မွေးရာပါစိတ်ဝိညာဥ်ကနေ သိပ်သည်းထားတဲ့ ဆံပင်တစ်ချောင်းရှိတယ်...အဲ့ဒါက ငါ့ရဲ့နတ်ဘုရားစွမ်းအားကို အသုံးပြုနိုင်တယ်...မင်း သေရေးရှင်ရေးအခြေအနေမျိုးထဲ ကျရောက်နေတဲ့အချိန်မှာ ဒါက မင်းကို တစ်ကြိမ်ကယ်တင်ပေးနိုင်လိမ့်မယ်...ဒါက ငါ့ရဲ့အစစ်အမှန်ဝှက်ဖဲပဲ...တကယ်လို့ မင်း ပါးစပ်ကနေ ဆက်ပြီးငါ့ကို ဆူငေါက်နေအုံးမယ်ဆိုရင် ငါ မင်းကို ဒီဆံပင်မပေးတော့ဘူး"

ရွှံစေးမျောက်ရုပ်ထု၏ခန္ဓာကိုယ်မှနေ၍ ရုတ်တရက် အမွှေးတစ်မွှေး ကျွတ်ကျလာပြီး အလွန်အမင်းနူးညံသော ဆံပင်တစ်ချောင်းအဖြစ်သို့ ပြောင်းလဲသွားကာ လုယွီ၏လက်အတွင်းသို့ ကျရောက်လာလေ၏။

လုယွီက ထိုအရာကို ညင်သာစွာထိတွေ့ကြည့်လိုက်သည်နှင့် ထိုအရာအတွင်း၌ အကန့်အသတ်မရှိသောစွမ်းအားများ ပါဝင်နေခြင်းကို ခံစားမိသည်။ဤအရာသည် သာမာန်ထက်သာလွန်သော မှော်ရတနာတစ်ခုဖြစ်သည်မှာ သိသာထင်ရှားလှ၏။

"အရင်ဆုံး စကားပြောကြည့်ရအောင်....မင်းက ဘယ်သူ့ကိုသတ်ချင်တာလဲ"

လုယွီက လေးနက်တည်ကြည်သောအသံဖြင့် ပြောဆိုသည်။

"သောက်ချေး ခေါင်းပြောင်မကောင်းဆိုးရွားကိုလေ...သူက ငါ သတိလက်လွတ်နေတဲ့အချိန်ကို အခွင့်ကောင်းယူပြီးတော့ ငါ့ကို ခိုးကြောင်ခိုးဝှက်တိုက်ခိုက်ခဲ့တယ်...ပြီးတော့ သူက ငါ့ကို ရွှံစေးမျောက်ရုပ်ထုထဲမှာ ချိပ်ပိတ်ထားခဲ့တယ်...နှစ်တွေထောင်သောင်းချီ ဖြတ်သန်းလာခဲ့ပြီးမှ ငါ ပြန်နိုးထလာခဲ့တာ...တကယ်လို့ ငါက အဲ့ဒီခေါင်းပြောင်ကြီးကို မသတ်နိုင်ဘူးဆိုရင်...ငါ မျောက်တစ်ကောင် မဟုတ်တော့ဘူးလို့ ကျိန်ဆိုတယ်"

Thank For Reading.

All Chapters