အခန်း (၂၀၅၆-၂၀၆၀)
Vol. 106 Ch. 2056-2060
Chapter 2056
"ဒေါ်လေး"
ရှောင်လင်းအာ၏မျက်နှာပေါ်တွင် ကြေကွဲဝမ်းနည်းမှုများနှင့် ပြည့်နှက်နေပြီး သူမက ကျယ်လောင်စွာအော်ဟစ်လိုက်၏။
"ကျွန်မတို့မိသားစုကနေ ဆေးပညာရှင်တွေအများကြီး ဖိတ်ကြားခဲ့ပေမယ့် ဘယ်သူကမှ အမကိုမကုသနိုင်ခဲ့ဘူး...ဘာလို့ အဲ့ဒီဆေးပညာရှင်တွေကို ဆက်ပြီးယုံကြည်ရမှာလဲ"
ရှောင်လီက သူမ၏တူမဘက်သို့လှည့်၍ အေးစက်စက်လေသံဖြင့် ပြောဆိုသည်။
"နင့်ရဲ့အမက မိသားစုခေါင်းဆောင်ငယ်ဖြစ်ပြီးတော့ ငါတို့ရှောင်မိသားစုရဲ့အနာဂတ်မျှော်လင့်ချက်ပဲ...ကုသမှုမှန်သမျှကို ငါတို့က ဂရုစိုက်ရမယ်...သူ့ရဲ့ရောဂါအခြေအနေက အရမ်းရှုပ်ထွေးတယ်...ဆေးပညာရှင်တွေက သူ့ရဲ့ရောဂါဇစ်မြစ်ကိုမရှာနိုင်တာ သာမာန်ကိစ္စတစ်ရပ်ပဲ...နင်က ငယ်သေးတော့ ဒါတွေကိုနားလည်အုံးမှာမဟုတ်ဘူး"
စကားဆုံးသည်နှင့် ရှောင်လီက နံဘေးဘက်ရှိအစေခံများကို အော်ဟစ်လိုက်၏။
"နင်တို့က ငါပြောတာကို မကြားကြဘူးလား...ဆေးလုံးကို မြန်မြန်ယူလာခဲ့ကြစမ်း"
အစေခံများသည် နှောင့်နှေးဝံ့ခြင်းမရှိသဖြင့် ဆေးလုံးကိုယူဆောင်၍ အခန်းအတွင်းသို့ ဝင်လိုက်ကြသည်။
လုယွီက ထိုမြင်ကွင်းကိုမြင်သည်နှင့် မျက်မှောင်ကြုတ်လိုက်၏။
"သူ့ရဲ့ရောဂါက မီးအဆိပ်ကြောင့်ဖြစ်တာမဟုတ်ဘူး...တကယ်လို့ မင်းတို့က သူ့ကို ဒီဆေးလုံးမျိုးတွေ ထပ်ပြီးတိုက်နေအုံးမယ်ဆိုရင် သူ့ရဲ့ရောဂါအခြေအနေ ပိုပြီးဆိုးရွားလာလိမ့်မယ်"
လုယွီသည် အခန်းအတွင်းသို့မဝင်ရသေးသည့်တိုင် ရှောင်ချင်သည် မည်သည်ကြောင့် ဤကဲ့သို့နာမကျန်းဖြစ်နေသည်ကို သိရှိထားပြီးလေပြီ။
သို့ရာတွင် ယခုလက်ရှိချိန်၌ ရှောင်လင်းအာမှလွဲ၍ တခြားကျန်ရှိနေသောသူများအားလုံးက သူ့ကို လူလိမ်လူညာတစ်ယောက်ဟု သတ်မှတ်ထားကြသည်။
"မင်းရဲ့အသက်ငယ်သေးတာကိုကြည့်ပြီး ငါ မင်းကို အကြံတစ်ခုပေးချင်တယ်...ငါတို့ရှောင်အိမ်တော်က မင်း အလွယ်တကူလှည့်စားလို့ရတဲ့ နေရာမျိုးမဟုတ်ဘူး...ငါတို့မိသားစုရဲ့အကြီးဆုံးသခင်မလေး နိုးထလာတဲ့အချိန်ကျမှ ငါ မင်းနဲ့စာရင်းရှင်းမယ်"
ရှောင်လီက အေးစက်တင်းမာသောအကြည့်ဖြင့် လုယွီကိုကြည့်၍ ပြောဆိုသည်။
တခြားသူများ၏လုယွီအပေါ်ကြည့်သော မျက်လုံးအကြည့်များတွင်လည်း လှောင်ပြောင်သရော်မှုများနှင့် ပြည့်နှက်နေပေ၏။
အကယ်၍ တစ်စုံတစ်ယောက်သည် လိမ်ညာပြောဆိုလိုပါက စွမ်းဆောင်နိုင်မှုတချို့ရှိရပေမည်။
ယေဘုယျကျကျပြောဆိုရလျှင် အကယ်၍ ဆေးပညာရှင်တစ်ယောက်ဖြစ်လိုသူသည် ဆေးသန့်စင်ရာ၌ အရည်အချင်းမရှိလျှင်ပင် နှစ်ပေါင်းများစွာကြာအောင် အတွေ့အကြုံများကိုစုဆောင်း၍ နာမည်ကျော်ကြားသော သမားတော်တစ်ယောက်အဖြစ် ရပ်တည်နိုင်သည်။
နာမည်ကျော်ကြားသောသမားတော်အများစုသည် ဆံပင်များဖြူဖွေးနေပြီဖြစ်သော လူအိုကြီးများဖြစ်ပေ၏။
တခြားတစ်ဖက်တွင် လုယွီသည် အသက်အလွန်ငယ်နေသဖြင့် မည်သည့်နည်းနှင့်မျှ သူ့ထံတွင် အတွေ့အကြုံအမြောက်အများမရှိနိုင်ချေ။
"ဟား ဟား ဟား...စိတ်ဝင်စားစရာပဲ...ငါ အရမ်းသိချင်မိတယ်...ဒီဆရာသခင်မှာက ဘယ်လိုအမြင်မျိုးရှိနေတာလဲ"
ဆရာသခင်သုန်က ရုတ်တရက် အပြုံးနှင့်ပြောဆိုသည်။
လုယွီက တည်ငြိမ်စွာ ပြောဆိုလိုက်၏။
"သူရဲ့ခန္ဓာကိုယ်ထဲကို မီးအဆိပ်ဝင်နေတာမဟုတ်ဘူး...အဲ့ဒီအစား သူကျင့်ကြံတဲ့ မီးဒြပ်စင်အထူးပြုကျင့်ကြံနည်းစနစ်က သူ့ရဲ့ခန္ဓာကိုယ်ထဲမှာ အတားအဆီးကို ရောက်နေတာပဲ...သူက ရှေးဟောင်းသွေးမျိုးဆက်တစ်ခုကို အသက်သွင်းထားပြီးတော့ အခုလက်ရှိအချိန်က သူ ကျင့်ကြံဆင့်ချိုးဖျက်တော့မယ့် အထွတ်အထိပ်အခြေအနေကိုရောက်နေတယ်...စိတ်ပျက်ဖို့ကောင်းတာတစ်ခုက သူ့ဆီမှာ ကျင့်ကြံဆင့်ချိုးဖျက်နိုင်ဖို့အတွက် လုံလောက်တဲ့စွမ်းအားမရှိဘူး...ဒါကြောင့် သူက သတိလစ်မေ့မျောသွားတာပဲ"
"ငါက လုံလောက်တဲ့ မီးဒြပ်စင်စွမ်းအားတွေကို အသုံးပြုပြီးတော့ သူ အဆင့်ချိုးဖျက်နိုင်အောင် ကူညီပေးလိုက်တာနဲ့...သူ့ရဲ့သတိလစ်မေ့မျောနေတဲ့ရောဂါက ယူပစ်သလို ဖြေရှင်းပြီးသားဖြစ်သွားလိမ့်မယ်"
လုယွီ၏စကား အဆုံးသတ်သွားချိန်တွင် ဆရာသခင်သုန်က ကျယ်လောင်စွာအော်ဟစ်ရယ်မောလိုက်သည်။
"ဟား...ဟား...ဟား...ငါက တကယ့်ကို ရယ်ရလွန်းလို့သေတော့မှာပဲ...တကယ်လို့ မင်းက တခြားဆေးပညာရှင်တွေရဲ့ အတွေးအမြင်အတိုင်းလိုက်ပြီးပြောမယ်ဆိုရင် ငါ ဘာကိုမှသတိပြုမိမှာမဟုတ်ဘူး...ဒါပေမယ့် မင်းက မတူညီတဲ့လမ်းကြောင်းကို ရွေးချယ်ခဲ့တယ်...သူ့ရဲ့ နံဘေးပတ်ဝန်းကျင်မှာပျံ့နှံ့နေတဲ့ မီးဒြပ်စင်စွမ်းအင်တွေကိုကြည့်ရင်...ဒါက သူ့ရဲ့ခန္ဓာကိုယ်ထဲကို မီးအဆိပ်ဝင်ရောက်ထားတဲ့ ရောဂါလက္ခဏာဆိုတာ သိသာထင်ရှားနေတယ်....ငါက အခန်းထဲကိုဝင်ပြီး သူ့ကိုသေချာမစစ်ဆေးရသေးတာတောင် ဒါကို ရှင်းရှင်းလင်းလင်း သိနိုင်တယ်"
ဆရာသခင်သုန်က အူလှိုက်သည်းလှိုက်ရယ်မောပြီး ပြောဆိုသည်။
ရှောင်လီကလည်း သူမ၏ခေါင်းကို ခါယမ်းလိုက်၏။
"အကြီးဆုံးသခင်မလေး မွေးဖွားလာတဲ့အချိန်ကတည်းက ဘိုးဘေးကိုယ်တိုင် သူ့ကိုစမ်းသပ်ပြီးသွားပြီ...သူ့ဆီမှာ ထူးခြားတဲ့ ဘာသွေးမျိုးဆက်မှရှိမနေဘူး...မင်းက အရေးမပါတဲ့သူတစ်ယောက်ပဲ...မင်းက အရင်တုန်းက ငါတို့ရဲ့သခင်မလေးကို မမြင်တွေ့ဖူးဘူးလို့ ငါ ထင်တယ်...ဘယ်လိုလုပ်ပြီး ဒီလိုမျိုး ရမ်းသမ်းပြီးမှန်းဆဝံ့တာလဲ...မင်းက မောက်မာဝံ့ကြွားပြီး တကယ့်ကိုအကြောက်အလန့်မရှိတာပဲ"
ဤအချိန်အခိုက်အတန့်တွင် ရှောင်လင်းအာ၏မျက်လုံးများပင် ပြူးကျယ်နေပြီး သူမက လုယွီကို စူးစိုက်၍ကြည့်နေသည်။
လုယွီက တည်ငြိမ်စွာ ပြောဆိုလိုက်၏။
"တကယ်လို့ မင်းတို့က ဒီဆေးလုံး သူ့ကိုတိုက်ပြီးပြီဆိုရင်...လဖက်ရည်တစ်ခွက်ပြင်ဆင်စာ အချိန်ပြီးတာနဲ့ ရလဒ်ကို မင်းတို့သိရလိမ့်မယ်"
ဆရာသခင်သုန်က လှောင်ပြောင်သရော်လိုက်သည်။
"ဘာမှ မစိုးရိမ်ပါနဲ့...အစစ်အမှန်ဆေးပညာရှင်ဆိုတာ ဘယ်လိုမျိုးလဲဆိုတာ မင်းကို သိခွင့်ပြုလိုက်မယ်"
လူတိုင်းက စိတ်လှုပ်ရှားစွာဖြင့် ပြင်ပတွင် စောင့်ဆိုင်းနေကြ၏။သို့သော် မကြာမီမှာပင် အစေခံတစ်ယောက်က အခန်းအတွင်းမှ ပြေးထွက်လာသည်။
"သခင်မကြီး...အကြီးဆုံးသခင်မလေး နိုးလာပြီ"
ထိုအစေခံ၏မျက်နှာထက်၌ အံ့အားသင့်မှုများဖြင့် ပြည့်နှက်နေသည်။
Chapter 2057
နိုးထလာပြီဟု ဆိုသလော...
လူတိုင်းက မတ်တတ်ထရပ်လိုက်ကြပြီး ဤအချိန်အခိုက်အတန့်တွင် ဆရာသခင်သုန်အပေါ် သူတို့၏လေးစားကြည်ညိုမှုကို စကားလုံးဖြင့်ပင် မဖော်ပြနိုင်ကြတော့ချေ။
သူတို့အားလုံး ဤနေရာသို့ရောက်လာကြခြင်းမှာ ရှောင်ချင်ကို ကုသရန်ပင်။ထို့ကြောင့် သူတို့သည် သူမ၏ရောဂါအခြေအနေ မည်မျှထိရှုပ်ထွေးသည်ကို သိရှိထားကြ၏။
သို့ရာတွင် ဆရာသခင်သုန်သည် ဆေးလုံးတစ်လုံးတည်းဖြင့် ရှောင်ချင်ကို နိုးထအောင်ပြုလုပ်နိုင်ခဲ့သလော။
ဤသည်က ခွန်အားပင်။
ကျင့်ကြံခြင်းလောကတွင်ဖြစ်စေ ဆေးပညာလောကတွင်ဖြစ်စေ အရာအားလုံး ခွန်အားပေါ်တွင်သာ မူတည်နေသည်။
"မျှော်လင့်ထားသလိုပဲ...စီနီယာရဲ့ဆေးပညာစွမ်းရည်က အရမ်းမြင့်မားတာပါလား...ကျွန်တော်ရဲ့ညံဖျင်းမှုအတွက် အရှက်ရမိပါတယ်"
ယခင်က မောက်မာဝံ့ကြွားနေသော ဆရာသခင်သုန်သည် ယခုလက်ရှိချိန်တွင် သူ၏ခေါင်းကိုငုံ၍ ဆရာသခင်ဖန်ကို စီနီယာဟု ခေါ်ဆိုလိုက်၏။
ဤအချိန်တခဏတွင် ဆရာသခင်သုန်သည် လက်ရှိနေရာတွင်ရှိနေသော လူများအားလုံး၏အာရုံစိုက်ခြင်းကို ခံနေရသည်။
တခြားတစ်ဖက်ရှိ လုယွီသည်မူ တခြားသူများ၏ပြက်ရယ်ပြုစရာ ဖြစ်လာခဲ့သည်။
"ဟား ဟား ဟား...ဒီကောင်လေးက ခုဏက လိမ်ညာစကားတွေ ပြောနေခဲ့တာ...အခု သူ ဘာပြောနိုင်သေးလဲ"
"သူက ရှောင်အိမ်တော်ကို အခွင့်အရေးယူဖို့ရောက်လာတာလို့ ငါ ထင်တယ်...ဒါပေမယ့် သူက အစစ်အမှန်ဆေးပညာရှင်တစ်ယောက်နဲ့ ဆုံတွေ့ရမယ်လို့ မျှော်လင့်ထားမိပုံမရဘူး"
"ရှောင်မိသားစုက ဒီကိစ္စကို အလွတ်ပေးမှာမဟုတ်ဘူး....ဒီကောင်စုတ်လေး ဘယ်လိုကံဆိုးမိုးမှောင်ကျမလဲဆိုတာ ငါတို့ စောင့်ကြည့်ကြရအောင်"
ပတ်ဝန်းကျင်ရှိလူများသည် စကားပြောဆိုနေကြပြီး သူတို့၏အသံများသည် ကျယ်လောင်ပြီးကြည်လင်ပြတ်သားနေပေ၏။သူတို့၏စကားများကို လုယွီကြားသွားမည်ကို အနည်းငယ်မျှပင် စိုးရိမ်ပူပန်ပုံမရချေ။
"ငါ့ရဲ့အမကို ငါတွေ့ချင်တယ်"
ဤအခြေအနေမျိုးသို့ ရောက်ရှိနေသည့်တိုင် ရှောင်လင်းအာသည် လုယွီကို အပြစ်တင်ခြင်းမရှိဘဲ သူမက အလွန်စိုးရိမ်ပူပန်နေသော မျက်နှာအမူအယာဖြင့် တံခါးဝသို့ပြေးသွားသည်။
ရှောင်လီက ရှောင်လင်းအာကို ဟန့်တားလိုက်သည်။
"မရသေးဘူး...နင့်ရဲ့အမက ခုဏလေးကမှနိုးလာတာ...အခုချိန်မှာ သူက အရမ်းအားနည်းနေတုန်းပဲ...သူ ပြန်ကောင်းလာတဲ့အချိန်ထိ စောင့်လိုက်အုံး"
ရှောင်လင်းအာသည် စိုးရိမ်ပူပန်နေဆဲဖြစ်သော်လည်း သူမက တံခါးဝ၌မတ်တတ်ရပ်၍ စောင့်ဆိုင်းနေလိုက်၏။
လူတိုင်း စိတ်သက်သာရာရသွားသော အချိန်မှာပင် ရုတ်တရက် ပြင်းထန်သောတုန်ခါသံတစ်သံက အိမ်တော်အတွင်းမှ မြည်ဟီးလာသည်။
ဘုန်း...
မီးတောက်များသည် ချက်ချင်းဆိုသလိုပင် အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားပြီး မျက်တောင်တခတ်စာအတွင်းမှာပင် အနီးအနားရှိ အဆောက်အအုံများကို လောင်ကျွမ်းသွားစေသည်။
ထိုလောင်ကျွမ်းနေသောမီးတောက်များမှနေ၍ ပြင်းထန်သောတုန်ခါလှိုင်းတစ်လှိုင်းအဖြစ် ဖွဲ့စည်းသွားပြီး ချက်ချင်းဆိုသလိုပင် ခြံဝန်းတစ်ခုလုံးအနှံ့ ဖြတ်သန်းသွားသည်။
ဤသည်က ရုတ်တရက်ဆန်စွာဖြစ်ပေါ်လာခြင်းဖြစ်၍ ရှောင်လီသည် အချိန်မီတုံ့ပြန်နိုင်ခြင်းမရှိချေ။
ဒေါင်....
ရှောင်လီ၏လက်ကောက်ဝတ်ရှိ လက်ကောက်မှနေ၍ တိုးညှင်းသောအသံတစ်သံ ထွက်ပေါ်လာခြင်းနှင့်အတူ အကာအကွယ်အလွှာတစ်ခု ထွက်ပေါ်လာပြီး သူမနှင့်ရှောင်လင်းအာ၏ပတ်ဝန်းကျင်နေရာတဝိုက်ကို လွှမ်းခြုံသွားသည်။
တခြားအစေခံများသည် ကံကောင်းခြင်းမရှိချေ။တချို့အစေခံများသည် အချိန်မီရှောင်ရှားနိုင်ခြင်းမရှိသဖြင့် မီးတောက်များ၏လွှမ်းခြုံခြင်းကိုခံရကာ သူတို့၏အရိုးအစအနပင် ကျန်ရစ်ခြင်းမရှိချေ။
"သခင်မကြီး...ဂရုစိုက်ပါ"
ရှောင်အိမ်တော်မှအစောင့်များသည် ရှေ့သို့တရကြမ်းပြေးဝင်လာကြပြီး ရှောင်လီနှင့်ရှောင်လင်းအာကို စောင့်ရှောက်ကာ ပြင်ပသို့ခေါ်ထုတ်သွားရန် ကြိုးပမ်းလိုက်ကြ၏။
"ဘာတွေဖြစ်နေတာလဲ...ငါ့ရဲ့အမက ခုထိ အခန်းထဲမှာရှိနေတုန်းပဲ"
ရှောင်လင်းအာသည် အလွန်အမင်းစိုးရိမ်နေပြီး မီးတောက်များလွှမ်းခြုံနေသောအိမ်တော်ကို စူးစိုက်၍ကြည့်လိုက်သည်။
ထိုအချိန်မှာပင် ပုံရိပ်တစ်ရိပ်က ရုတ်တရက် လေထုအတွင်း၌ ထွက်ပေါ်လာသည်။
ထိုပုံရိပ်သည် မိန်းကလေးတစ်ယောက်ဖြစ်ပြီး သူမ၏ခန္ဓာကိုယ်တစ်ခုလုံးကို မီးတောက်များဖုံးလွှမ်းနေပေ၏။သူမ၏မျက်လုံးအတွင်း၌ လောင်ကျွမ်းနေသော အငွေ့အသက်များဖြင့် ပြည့်နှက်နေသည်။သူမ၏နောက်ကျောရှိ လေဟာနယ်အတွင်းတွင် မီးတောက်တောင်ပံတစ်စုံက ဖြည်းညှင်းစွာထွက်ပေါ်လာသည်။
သူမ၏ရှေ့တွင် အေးစက်စက်အရှိန်အဝါများ ထုတ်လွှင့်ထားသော ဆေးလုံးတစ်လုံးရှိနေသည်။ဤသည်က ဆရာသခင်သုန် သူမအတွက် ပြင်ဆင်ပေးထားသော ဧကရာဇ်အဆင့်ဆေးလုံးပင်။
ခြစ်ခြစ်တောက်ပူပြင်းသောမီးတောက်များနှင့် ဆေးလုံးမှအရိုးကွဲမတက်အေးစိမ့်မှုများသည် အပြည့်အဝကွဲပြားခြားနားသော အရှိန်အဝါနှစ်ခုသည် ညီမျှစွာယှဥ်ပြိုင်နေကြ၏။
ထိုမြင်ကွင်းကိုမြင်သည်နှင့် ဆရာသခင်သုန်က ရုတ်တရက် အပျော်လွန်သွားသည်။
"လူတိုင်းပဲ ဘာမှမစိုးရိမ်ကြနဲ့...ငါ့ရဲ့ဆေးလုံးက မီးအဆိပ်ကို ဆန့်ကျင်တိုက်ခိုက်နိုင်တယ်...ဆေးစွမ်းအားတွေက မီးအဆိပ်ကို အပြည့်အဝဖိနှိပ်သွားနိုင်တဲ့အချိန်ကျရင် မင်းတို့ရဲ့အကြီးဆုံးသခင်မလေး ပြန်ကောင်းသွားလိမ့်မယ်"
ဆရာသခင်သုန်၏အာမခံချက်ကိုကြားသည်နှင့် တခြားသူများအားလုံး၏စိတ်နှလုံးသားများ အေးဆေးတည်ငြိမ်သွားသည်။
မီးတောက်များသည် ပြင်းထန်စွာလောင်ကျွမ်းနေသော်လည်း ကံကောင်းထောက်မစွာဖြင့် ဆေးပညာရှင်များသည် ခြံဝန်းအတွင်း၌သာရှိနေပြီး အိမ်တော်၏အနီးတွင်ရှိမနေသဖြင့် သက်ရောက်မှုမရှိချေ။
"မကောင်းတော့ဘူး"
ထိုအချိန်မှာပင် လုယွီက ရှောင်ချင်၏အရှိန်အဝါကို သတိပြုမိသွားသည်။သူ၏မျက်ခုံးများ မြင့်တက်သွားပြီး ချက်ချင်းဆိုသလိုပင် ထိုနေရာသို့ပျံသန်းသွားလိုက်၏။
Chapter 2058
လုယွီသည် အနက်ရောင်ပုံရိပ်တစ်ခုအသွင်ပြောင်းလဲသွားပြီး မျက်တောင်တခတ်စာအချိန်အတွင်းမှာပင် ရှောင်ချင်၏နံဘေးသို့ ရောက်ရှိသွားသည်။
"အမ်...ဟိုကောင်စုတ်လေးက အကြီးဆုံးသခင်မလေးရဲ့အနားကို သွားနေပါလား"
"သူ့ကို မြန်မြန်ဟန့်တားထားကြစမ်း...သခင်မလေးရဲ့ကုသမှုကို အနှောက်အယှက်မဖြစ်စေနဲ့"
အစောင့်များသည် ရှေ့သို့တရကြမ်းပြေးဝင်လိုက်ကြသော်လည်း မမျှော်လင့်ဘဲ သူတို့၏နံဘေးပတ်ဝန်းကျင်ရှိမီးတောက်များမှာ ပို၍ပြင်းထန်လာသည်။ထိုအစောင့်များသည် အဝေးမှစောင့်ကြည့်နေရုံသာတတ်နိုင်ပြီး ရှောင်ချင်အနီးသို့ မချဥ်းကပ်နိုင်ကြချေ။
လုယွီသည် ရုတ်တရက် လေထုအတွင်းသို့ ပျံသန်းသွားပြီး ရှောင်ချင်၏နောက်ကျောသို့ ရောက်ရှိသွားသည်။
ဤအချိန်အခိုက်အတန့်တွင် ရှောင်ချင်၏ခန္ဓာကိုယ်တစ်ခုလုံး ခြစ်ခြစ်တောက်ပူပြင်းသောမီးတောက်များဖြင့် လွှမ်းခြုံနေသည်။
ထိုမီးတောက်များ၏အပူရှိန်သည် အလွန်အမင်းမြင့်မားပြီး လောကကြီးအတွင်းရှိ အရာရာတိုင်းကို လောင်ကျွမ်းစေနိုင်ပုံရသည်။မီးတောက်များ ပြင်းထန်စွာ လောင်ကျွမ်းနေခြင်းကြောင့် ပတ်ဝန်းကျင်ရှိလေထုပင် လှုပ်ခတ်စပြုလာပေ၏။
"ကောင်လေး...ငါတို့ရဲ့ရှေ့မှာ မင်း အကြီးဆုံးသခင်မလေးကိုထိဖို့ စဥ်းတောင်မစဥ်းစားနဲ့"
ထိုအချိန်မှာပင် ပတ်ဝန်းကျင်ရှိခြံဝန်းများအတွင်းမှနေ၍ အဖိုးအိုဆယ်ယောက်ကျော်ခန့် ရုတ်တရက် ပြေးထွက်လာသည်။
ထိုအဖိုးအိုများအားလုံးသည် ရှောင်မိသားစု၏ဧည့်အကြီးအကဲများဖြစ်သည်။တော်ဝင်မြို့တော်အတွင်းရှိ မိသားစုကြီးများသည် အစွမ်းထက်ကျင့်ကြံသူများကို ဧည့်အကြီးအကဲများအဖြစ် ငှါးယမ်းထားလေ့ရှိသည်။
ရှောင်မိသားစု၏ဧည့်အကြီးအကဲများသည် အနိမ့်ဆုံးအနေဖြင့် လောကီအင်မော်တယ်ကျင့်ကြံသူများဖြစ်ပေ၏။ယခုလက်ရှိချိန်တွင် ဧည့်အကြီးအကဲအများစုသည် လောကီအင်မော်တယ်အထွတ်အထိပ်အဆင့်ကျင့်ကြံသူများဖြစ်ပြီး တချို့သူများမှာ မြေကမ္ဘာအင်မော်တယ်များဖြစ်သည်။
ပြင်ပတွင် မြေကမ္ဘာအင်မော်တယ်များသည် စစ်တပ်အတွင်း၌ စစ်ဗိုလ်ချုပ်ရာထူးရရှိရန် လုံလောက်သည်ထက်ပင်ပိုနေသည်။
သို့ရာတွင် ရှောင်မိသားစုအတွင်း၌ သူတို့သည် ဧည့်အကြီးအကဲအဆင့်တွင်သာရှိသည်။
ဤသည်က ရှောင်မိသားစု၏အခြေခံအုတ်မြစ်ကို ဖော်ပြနေခြင်းပင်။
ဤအချိန်အခိုက်အတန့်တွင် လုယွီသည် ရှောင်ချင်၏အနီးသို့ပြေးဝင်သွားပြီး သူမ၏ကုသမှုကို နှောက်ယှက်တော့မည်ကိုမြင်ချိန်တွင် ရှောင်မိသားစုမှဧည့်အကြီးအကဲများအားလုံးသည် လုယွီကို ဟန့်တားရန်အတွက် တစ်ယောက်ပြီးတစ်ယောက် ပြေးထွက်လာကြ၏။
"မြန်မြန်...ခင်ဗျားတို့အားလုံး တိုက်ခိုက်ကြစမ်း...အကြီးဆုံးသခင်မလေးရဲ့ကျင့်ကြံမှုကို သူ့ကြောင့်အနှောက်အယှက်မဖြစ်စေနဲ့"
ရှောင်ယွမ်က ကျယ်လောင်စွာအော်ဟစ်လိုက်ပြီး သူ၏လေသံအတွင်း၌ ဒေါသများဖြင့်ပြည့်နှက်နေသည်။
ရှောင်ယွမ်ထံတွင် ကိုယ်ပိုင်အစီအစဥ်များရှိနေသဖြင့် ရှောင်ချင်၏ကုသမှုတွင် မည်သည့်အမှားအယွင်းမျှ ဖြစ်ပေါ်လာခွင့်ကို သူ မပေးနိုင်ချေ။
အကယ်၍ ထိုကောင်လေးသည် ပြဿနာရှာမည်ကိုသာ သူ ကြိုသိခဲ့ပါက အိမ်တော်တံခါးဝတွင် ဆုံတွေ့ခဲ့စဥ်အချိန်တွင် သူ ကိုယ်တိုင်ကိုယ်ကျ ဖြေရှင်းခဲ့ပေမည်။
ရှောင်ယွမ်က ထိုအကြောင်းကိုတွေးတောမိသည်နှင့် သူက နောင်တရနေမိသည်။
ဧည့်အကြီးအကဲများအားလုံး ပြေးဝင်လာသည်ကိုကြည့်ပြီး လုယွီက ခက်ထန်တင်းမာသောအသံဖြင့် ကျယ်လောင်စွာအော်ဟစ်လိုက်၏။
"ခင်ဗျားတို့အားလုံး...ဒီနေရာက ထွက်သွားကြစမ်း"
ထိုအော်ဟစ်ကြုံးဝါးသံနှင့်အတူ လုယွီ၏ခန္ဓာကိုယ်မှနေ၍ အစွမ်းထက်သောအားလှိုင်းတစ်ရပ် ပွင့်အံ့ထွက်လာရာ သူ့ထံပျံသန်းဝင်လာသော ဧည့်အကြီးအကဲများအားလုံး လွင့်ထွက်သွားသည်။
လုယွီ၏လက်ရှိခွန်အားသည် ရွှယ်အင်မော်တယ်နယ်ပယ်အစောပိုင်းအဆင့် ကျင့်ကြံသူများကိုပင် တိုက်ခိုက်နိုင်လေရာ လောကီအင်မော်တယ်နှင့်မြေကမ္ဘာအင်မော်တယ်များဆိုလျှင် ထည့်သွင်းဖော်ပြရန်ပင် မလိုအပ်ချေ။
ဘန်း...ဘန်း...ဘန်း...
ဧည့်အကြီးအကဲများအားလုံး လွင့်ထွက်သွားသော အချိန်အခိုက်အတန့်တွင် ယခုလက်ရှိနေရာရှိ လူများအားလုံး ထိတ်လန့်တုန်လှုပ်သွားကြ၏။
ဤလူငယ်သည် လူလိမ်တစ်ယောက် မဟုတ်လော...
မည်သည်ကြောင့် သူ့ထံတွင် ဤကဲ့သို့ခွန်အားမျိုး ရှိနေသနည်း။
"ဒီလူငယ်ရဲ့ခွန်အားက ကျွန်တော်တို့ရဲ့အထက်မှာရှိနေတယ်...မဟာအကြီးအကဲတို့က ကျေးဇူးပြုပြီး လှုပ်ရှားပေးပါ"
ဧည့်အကြီးအကဲများသည် ရှုံးနိမ့်သွားကြသော်လည်း စိတ်ပျက်အားလျှော့သွားခြင်းမရှိချေ။
တော်ဝင်မြို့တော်အတွင်းရှိ မိသားစုကြီးရှစ်ခုအနက်မှတစ်ခုဖြစ်သော ရှောင်မိသားစု၏အခြေခံအုတ်မြစ်သည် အလွန်အမင်းနက်ရှိုင်းပေ၏
"တော်သင့်ပြီ လူငယ်လေး...မြန်မြန်ရပ်လိုက်စမ်း"
အသံနက်ကြီးတစ်သံက ရှောင်အိမ်တော်တစ်ခုလုံးအနှံ့ ပဲ့တင်ထပ်ပျံ့နှံ့သွားသည်။
ထိုအသံနှင့်အတူယှဥ်တွဲ၍ အရာအားလုံးကို ချေမွှဖျက်ဆီးပစ်နိုင်ပုံရသော ဖိအားအရှိန်အဝါတစ်ရပ်ထွက်ပေါ်လာပြီး လူတိုင်း၏ခေါင်းထက်သို့ တသမတ်တည်း သက်ဆင်းလာသည်။
လက်ရှိနေရာတွင်ရှိနေသော လူတိုင်းနီးပါးသည် ထိုဖိအားအရှိန်အဝါကို ခံစားလိုက်ရ၏။
ဤသည်က ရွှယ်အင်မော်တယ်တစ်ယောက်ပင်။
ရှောင်မိသားစုဘိုးဘေးသည် အိမ်တော်၌မရှိလျှင်ပင် ရွှယ်အင်မော်တယ်တစ်ယောက်မှနေ၍ အိမ်တော်ကို အမြဲတစေစောင့်ကြပ်နေသည်။ထို့ကြောင့် အပြင်လူများသည် ရှောင်မိသားစုကို လျှော့တွက်ဝံ့ခြင်းမရှိချေ။
လုယွီသည် တစ်ချိန်လုံး ရှောင်ချင်၏နဖူးကိုသာ လေ့လာဆန်းစစ်နေသည်။သူမ၏နူးညံပြီးဖြူဖွေးသောနဖူးပြင်ပေါ်တွင် အနီရောင်ဖီးနစ်ငှက်အမှတ်အသားထွက်ပေါ်လာသည်ကို မြင်သည်နှင့် လုယွီ၏မျက်လုံးအတွင်း၌ အလင်းတန်းများ ဖြတ်ပြေးသွားသည်။
ဤအချိန်အခိုက်အတန့်တွင် လုယွီသည် နံဘေးပတ်ဝန်းကျင်မှ ပြောဆိုနေသမျှ အရာအားလုံးကို မကြားသကဲ့သို့သာ ပြုမူနေသည်။
လုယွီက သူ၏လက်ကိုဆန့်ထုတ်ပြီး ရှောင်ချင်၏မျက်ခုံးနှစ်ခုကြား အလယ်ဗဟိုတည့်တည့်သို့ ဖြည်းညှင်းစွာလက်ညှိုးညွှန်လိုက်၏။
"အတင့်ရဲလှချည်လား"
လုယွီသည် သူ၏ဖိအားအရှိန်အဝါအောက်သို့ရောက်နေသည့်တိုင် လှုပ်ရှားဝံ့သည်ကိုကြည့်ပြီး ရှောင်အိမ်တော်၏နက်ရှိုင်းသောနေရာတွင်ရှိနေသော ရွှယ်အင်မော်တယ်က ဒေါသတကြီးအော်ဟစ်လိုက်သည်။
Chapter 2059
ဝှစ်...
အနက်ရောင်အရိပ်တစ်ရိပ်သည် လေဟာနယ်ကိုဖြတ်သန်း၍ ချက်ချင်းဆိုသလိုပင် လုယွီ၏ရှေ့သို့ ရောက်ရှိလာသည်။
ဤသည်က အနက်ရောင်ကိုယ်ကျပ်အင်္ကျီကိုဝတ်ဆင်ထားသော လူလတ်ပိုင်းကြီးတစ်ယောက်ပင်။ထိုလူလတ်ပိုင်းကြီး၏လက်အတွင်း၌ လှံရှည်တစ်ချောင်းကို ကိုင်ဆောင်ထားပြီး သုန်မှုန်နေသောမျက်နှာအမူအယာဖြင့် လုယွီကို စူးစိုက်၍ကြည့်နေသည်။
"မဟာအကြီးအကဲ ထွက်လာပြီပဲ"
"ကောင်းတယ်...မဟာအကြီးအကဲသာရှိနေရင် အဲ့ဒီကောင်လေးက အလောင်းအပြည့်အစုံတောင်မကျန်ဘဲ သေရလိမ့်မယ်"
"ဟား ဟား ဟား...မင်းက ငါတို့ရှောင်အိမ်တော်ကိုလာပြီး မဆင်မခြင်ပြုဝံ့တယ်...မင်းက တကယ့်ကို သေလမ်းရှာနေတာပဲ"
အနက်ရောင်ဝတ်စုံဝတ်လူ ထွက်ပေါ်လာသည်ကိုမြင်ချိန်တွင် ရှောင်မိသားစုမှလူများ၏ယုံကြည်ချက်များ ပြန်လည်ရရှိသွားပုံရသည်။
"မင်းတို့အိမ်တော်ရဲ့အကြီးဆုံးသခင်မလေးကို သေစေချင်တယ်ဆိုရင် မင်းတို့ ဆက်ပြီးတိုက်ခိုက်နိုင်တယ်...ငါ စကားကိုတဲ့တိုးပဲပြောတက်တဲ့အတွက် ခွင့်လွှတ်ပေးပါ...အခုလက်ရှိကုသမှုနည်းလမ်းက မှားနေတယ်...တကယ်လို့ မင်းတို့ဒီအတိုင်း ဆက်လုပ်နေမယ်ဆိုရင် သူက အသက်အန္တရာယ်ကျရောက်သွားနိုင်တယ်"
လုယွီက မဟာအကြီးအကဲကို စောင်းငဲ့၍ကြည့်ကာ လေးနက်တည်ကြည်သောအသံဖြင့် ပြောဆိုလိုက်သည်။
အကယ်၍ ဤရွှယ်အင်မော်တယ်သည် ခေါင်းမာနေပါက လုယွီသည် သူနှင့်တိုက်ခိုက်ရန်ရည်ရွယ်ချက်မရှိချေ။
သူ ဤနေရာသို့လာရသည့်အကြောင်းအရင်းမှာ စိတ်ဝိညာဥ်မီးတောက်နယ်မြေကိုဝင်ခွင့်ရရန်ပင်။သူနှင့်ရှောင်မိသားစုသည် ယခင်က ပတ်သက်ဆက်နွယ်ဖူးခြင်းမရှိသဖြင့် ရန်ငြိုးမုန်းတီးမှုများလည်းရှိမနေချေ။ထို့ကြောင့် တခြားသူ၏အိမ်တော်အတွင်း၌ သူ ပြင်းပြင်းထန်ထန်တိုက်ခိုက်လိုခြင်းမရှိပေ။
ဤအချိန်အခိုက်အတန့်တွင် မဟာအကြီးအကဲသည် ကြက်သေသေနေလေ၏။သူသည် မည်ကဲ့သို့ဆက်လုပ်ရမည်ကို ဝေခွဲရခက်နေပုံဖြင့် လုယွီကိုသာစူးစိုက်ကြည့်နေသည်။
ထိုအချိန်မှာပင် တစ်ချိန်လုံးတိတ်ဆိတ်ငြိမ်သက်နေခဲ့သော ရှောင်ချင်က တုန်ရီနေသောအသံဖြင့် ပြောဆိုလိုက်၏။
"နားထောင်လိုက်...သူပြောတဲ့အတိုင်း နားထောင်လိုက်ပါ"
ပတ်ဝန်းကျင်နေရာတဝိုက်လုံး မီးတောက်များဖြင့် ဖုံးလွှမ်းနေသည်။ပြင်ပရှိလူများသည် အတွင်းရှိစကားပြောဆိုနေမှုများကို မကြားနိုင်သော်လည်း မဟာအကြီးအကဲကမူ ရှောင်ချင်၏စကားကို ပီပီပြင်ပြင် ကြားလိုက်ရ၏။
"သခင်မလေး...ဒီကောင်လေးက ဘယ်သူလဲ"
မဟာအကြီးအကဲက မယုံကြည်နိုင်စွာဖြင့် မေးမြန်းသည်။
သူသည် တစ်ချိန်လုံး ဤနေရာသို့ထွက်လာခြင်းမရှိသော်လည်း သူ၏နတ်ဘုရားစိတ်အာရုံကိုဖြန့်ကျက်၍ ရှောင်အိမ်တော်၏ထောင့်တစ်နေရာတိုင်းကို လေ့လာဆန်းစစ်နေခဲ့သည်။
ထို့ကြောင့် ဤနေရာ၌ဖြစ်ပျက်ခဲ့သမျှ ကိစ္စများအားလုံးကို သူ သိရှိထားပြီးလေပြီ။
သူက လုယွီသည် တခြားသူများကို လိမ်လည်ရန်ရောက်လာသော လူလိမ်လူညာတစ်ယောက်ဟုသာ မူလက တွေးထင်ထားခဲ့သည်။သို့ရာတွင် ယခုလက်ရှိချိန်၌ သူ မြင်တွေ့နေရသော လုယွီ၏ပုံပန်းသွင်ပြင်သည် လူလိမ်တစ်ယောက်နှင့် အနည်းငယ်မျှပင် တူညီခြင်းမရှိချေ။
ရှောင်ချင်သည် သူမ၏ပါးစပ်ကိုဖွင့်ဟ၍ ထပ်မံ၍စကားပြောနိုင်ခြင်း မရှိတော့ချေ။သူမသည် တစ်စုံတစ်ခုကို အားတင်း၍တောင့်ခံနေရသည့်အလား သူမ၏မျက်လုံးကို စုံမှိတ်ထားလေ၏။
သက်ပြင်းရှည်ကြီးတစ်ချက်ချပြီးနောက် မဟာအကြီးအကဲက နောက်ဆုံးတွင် အလေးအနက်ထားသောလေသံဖြင့် ပြောဆိုလိုက်သည်။
"ကောင်းပြီလေ...ကောင်လေး...ငါ မင်းကိုမတိုက်ခိုက်တော့ဘူး...ဒါပေမယ့် ငါ ဒီနေရာမှာပဲရှိနေမယ်...တကယ်လို့ မင်း မဟုတ်မမှန်တာတစ်ခုခု လှုပ်ရှားတာနဲ့ ငါ မင်းကို ချက်ချင်းသတ်ပစ်မယ်"
စကားဆုံးသည်နှင့် မဟာအကြီးအကဲသည် သူ၏လှံရှည်ကို ပြန်လည်သိမ်းဆည်း၍ နံဘေးတစ်ဖက်၍ ပလ္လင်ခွေထိုင်လိုက်၏။
အဝေးမှစောင့်ကြည့်နေကြသော ရှောင်မိသားစုဝင်များသည် မဟာအကြီးအကဲက သူ၏လှံရှည်ကိုပြန်လည်သိမ်းဆည်းလိုက်ခြင်းကိုမြင်ချိန်တွင် သူတို့အားလုံး ကြက်သေသေသွားကြသည်။
"ဘာတွေဖြစ်နေတာလဲ...မဟာအကြီးအကဲက ဘာလို့ အဲ့ဒီကောင်လေးကို မသတ်တာလဲ"
"ငါ သိပြီ...အဲ့ဒီကောင်လေးက အကြီးဆုံးသခင်မလေးကိုအသုံးပြုပြီး မဟာအကြီးအကဲကို ခြိမ်းခြောက်ထားပုံရတယ်.....မဟာအကြီးအကဲက အစွမ်းထက်ပေမယ့်...သူက သခင်မလေးကိုထိခိုက်မှာကို စိုးရိမ်နေတာကြောင့် မတိုက်ခိုက်ဝံ့တာပဲဖြစ်မယ်"
လူအားလုံး တိုင်ပင်ဆွေးနွေးနေကြချိန်တွင် ရှောင်လင်းအာ၏မျက်နှာအမူအယာ တစတစ ပို၍ပျက်ယွင်းလာသည်။
သူမသည် လုယွီကို ဆေးပညာရှင်တစ်ယောက်ဟု သူမ၏မသိစိတ်မှ ယုံကြည်နေမိသဖြင့် အိမ်တော်အတွင်းသို့ ခေါ်ဆောင်လာခဲ့သည်။
သို့ရာတွင် ယခုလက်ရှိချိန်တွင် လုယွီသည် ရှောင်ချင်၏နံဘေးသို့ ပျံသန်းသွားပြီး သူမ၏ကုသမှုကို အနှောက်အယှက်ပေးနေလေ၏။
"လူလိမ်....လူလိမ်ကြီး"
ရှောင်လင်းအာက မြေပြင်ပေါ်သို့ ပြင်းပြင်းထန်ထန် ခြေဆောင့်နင်းလိုက်သည်။သူမ၏လှပချောမောသော မျက်နှာတပြင်လုံး နီမြန်းနေပြီး သူမ၏မျက်လုံးများအတွင်း၌ မျက်ရည်များဖြင့် ပြည့်နှက်နေသည်။
ရှောင်လီကမူ မျက်မှောင်တင်းတင်းကြပ်ကြပ်ကြုတ်ထားပြီး မည်သည့်အရာကိုမျှပြောဆိုခြင်းမရှိချေ။
အကယ်၍ တော်ဝင်နန်းတော်မှပြောင်းရွှေ့အမိန့်ကြောင့်သာမဟုတ်ပါက ရှောင်မိသားစုဘိုးဘေးသည် အစွမ်းထက်သောမိသားစုဝင်အများစုကိုခေါ်ဆောင်၍ အိမ်တော်မှထွက်ခွာသွားမည်မဟုတ်ချေ။သူမသည် မည်သည်ကြောင့် ထိုကောင်စုတ်လေးကို ဤနေရာတွင် ထင်တိုင်းကြဲခွင့်ပြုနိုင်မည်နည်း။
မီးတောက်များအကြားတွင် လုယွီသည် ရှောင်ချင်၏ချောမောလှပသော မျက်နှာလေးကို ကြည့်နေလေ၏။သို့ရာတွင် သူ၏မျက်လုံးအကြည့်သည် ရှောင်ချင်၏နဖူးပေါ်ရှိ မီးတောက်အမှတ်အသားပေါ်တွင်သာ အခိုင်အမာကျရောက်နေသည်။
ပတ်ဝန်းကျင်ရှိမီးတောက်များ ပိုမိုပြင်းထန်လာမှုနှင့်အတူ ထိုမီးတောက်အမှတ်အသား ပြောင်းလဲစပြုလာသည်။ထိုအမှတ်အသားသည် တောင်ပံဖြန့်ကျက်၍ပျံသန်းတော့မည့် ဖီးနစ်ငှက်တစ်ကောင်နှင့် တူညီလာပေ၏။
"ဖီးနစ်နီးဗားနား...နတ်ဘုရားဖီးနစ်ခန္ဓာကိုယ်အမျိုးအစား...ငါက ဒါကို ရှေးဟောင်းကောင်းကင်းဘုံတရားရုံးရဲ့မှတ်တမ်းတွေထဲမှာပဲ မြင်တွေ့ဖူးတယ်...ဒီလောက်အချိန်တွေကြာညောင်းလာခဲ့ပြီးမှ ဒီလိုခန္ဓာကိုယ်ဖွဲ့စည်းပုံမျိုးကို ငါ မြင်တွေ့ရမယ်လို့ မျှော်လင့်မထားမိဘူး"
လုယွီက တီးတိုးရေရွတ်လိုက်သည်။
Chapter 2060
ဖီးနစ်ငှက်သည် ရှေးဟောင်းကောင်းကင်ဘုံတရားရုံးအတွင်း၌ နတ်ဘုရားသတ္တဝါတစ်မျိုးဖြစ်ပြီး အတိတ်နိမိတ်ကောင်းသော သင်္ကေတတစ်ခုအဖြစ် ယုံကြည်ကိုးကွယ်ကြသည်။
နတ်ဘုရားသားရဲလေးကောင်ကဲ့သို့ပင် အကယ်၍ ဖီးနစ်ငှက်တစ်ကောင် တိုင်းပြည်အတွင်း၌ ထွက်ပေါ်လာပါက ထိုတိုင်းပြည်၏ရာသီဥတုကောင်းမွန်ခြင်းနှင့်စည်ပင်သာယာဝပြောခြင်းတို့ကို ဖော်ပြနေသော နိမိတ်လက္ခဏာဖြစ်သည်။
ထိုရှေးဟောင်းနတ်ဘုရားသားရဲများတွင် သာမာန်လူများ စိတ်ကူးယဥ်နိုင်စွမ်းမရှိသော မွေးရာပါအရည်အချင်းများရှိကြ၏။သူတို့သည် မွေးဖွားလာစဥ်အချိန်မှစ၍ လူသားမျိုးနွယ်များထက် အင်အားများစွာပို၍သာလွန်သည့်အပြင် အသိဥာဏ်လည်းကြွယ်ဝကြသည်။
ရှေးဟောင်းကောင်းကင်ဘုံတရားရုံး ပြိုလဲသွားခြင်းနှင့်အတူ မြောက်များစွာသောနတ်ဘုရားသားရဲများ၏သွေးမျိုးဆက်များသည် လူသားလောကအတွင်းသို့ ရောက်ရှိလာကြ၏။ထိုသွေးမျိုးဆက်များ နိုးထလာသော တချို့လူများသည် ရှေးဟောင်းနတ်ဘုရားသားရဲများ၏ နတ်ဘုရားစွမ်းရည် တစိတ်တဒေသကိုရရှိပြီး သာမာန်လူများ စိတ်ကူးယဥ်နိုင်စွမ်းမရှိသော စွမ်းအားမျိုးပိုင်ဆိုင်ကြသည်။
လုယွီသည် လူသားမျိုးနွယ်တစ်ယောက်ဖြစ် သလို ရှေးဟောင်းအစစ်အမှန်နဂါးတစ်ကောင်၏ အကြွင်းအကျန်စိတ်ဝိညာဥ်ကို ဝါးမျိုထားခဲ့သည်။ထို့ကြောင့် သူ၏ခန္ဓာကိုယ်အတွင်းတွင် အစစ်အမှန်နဂါးများ၏စွမ်းအားများကို ပို၍စုဆောင်းနိုင်သည်နှင့်အမျှ တစတစ ပို၍အားကောင်းလာကာ လူသားခန္ဓာကိုယ်အကန့်အသတ်ထက်ပင် ကျော်လွန်နေလေပြီ။
ဤသည်က နတ်ဘုရားသားရဲသွေးမျိုးဆက်၏စွမ်းအားပင်။
လုယွီသည် ရှောင်လင်းအာထံ၌ အထူးခန္ဓာကိုယ်ဖွဲ့စည်းပုံရှိနေသည်ကို အကြည့်တစ်ချက်ဖြင့်ပင် တွေ့မြင်နိုင်ခဲ့သည်။မမျှော်လင့်ဘဲ ရှောင်လင်းအာနှင့်တူညီစွာ ရှောင်ချင်ထံတွင်လည်း နတ်ဘုရားသားရဲသွေးမျိုးဆက်ရှိနေသည်။
"မင်းက မင်းရဲ့သွေးမျိုးဆက်ကို နိုးထစေချင်ခဲ့တယ်...ဒါပေမယ့် မင်းရဲ့ခွန်အားက လုံလောက်မှုမရှိသေးဘူး...ဒါက အရမ်းအလျင်လိုလွန်းတယ်...တကယ်လို့ မင်းက နှစ်နည်းနည်းလောက် ထပ်ကျင့်ကြံပြီးမှ မင်းရဲ့သွေးမျိုးဆက်ကို နိုးထစေမယ်ဆိုရင် ဒီလိုကိစ္စမျိုးဖြစ်လာမှာမဟုတ်ဘူး"
လုယွီက ခေါင်းခါယမ်း၍ ပြောဆိုလိုက်၏။
နတ်ဘုရားသားရဲသွေးမျိုးဆက်ကို နိုးထစေခြင်းသည် ကျိုးကြောင်းချင့်ချိန်၍ပြုလုပ်ရသောကိစ္စမျိုးဖြစ်သည်။အကယ်၍ တစ်စုံတစ်ယောက်သည် အချိန်မတန်သေးဘဲ နတ်ဘုရားသားရဲသွေးမျိုးဆက်ကို နိုးထနိုင်ရန်ကြိုးပမ်းပါက တန်ပြန်ဒဏ်ကို ခံစားရပေမည်။
"ဒီဆေးပညာရှင်တွေက ဒီလိုထူးခြားတဲ့သွေးမျိုးဆက်မျိုးကို ဘယ်လိုလုပ်ပြီး သိနိုင်မှာလဲ...ရှေးဟောင်းအချိန်ကာလအတွင်းမှာတောင် ဒီလိုသွေးမျိုးဆက်ကို နိုးထစေနိုင်တဲ့သူက လူတစ်သိန်းမှာတစ်ယောက်ပဲရှိတယ်...သူတို့ ဒါကိုမသိတာက သာမာန်ပါပဲ...ဒါပေမယ့် မင်းက ငါနဲ့ဆုံတွေ့ခဲ့ရမှတော့ ငါ မင်းကို ကူညီပေးမယ်"
ထို့နောက် လုယွီက လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်သည်။ထိုလက်ဝါးရိုက်ချက်နှင့်အတူ နဂါးတစ်ကောင်၏ဟိန်းဟောက်သံကို ခပ်သဲ့သဲ့ကြားနေရပြီး အေးစက်သောအရှိန်အဝါများ ထုတ်လွှင့်နေသော အင်ပါယာအဆင့်ဆေးလုံးကို လွင့်ထွက်သွားစေသည်။
"ငါ့ရဲ့ဆေးလုံး..."
ဆရာသခင်သုန်သည် အလွန်အမင်း စိတ်လှုပ်ရှားနေပေ၏။သူသည် မှော်မန္တန်တစ်ပုဒ်ကိုရွတ်ဆို၍ လွင့်ထွက်သွားသော ဧကရာဇ်အဆင့်ဆေးလုံးကို အလျှင်အမြန် ဖမ်းဆီးလိုက်သည်။
ဆေးလုံး၏ထိန်းချုပ်ဟန့်တားမှုမရှိတော့သဖြင့် ရှောင်ချင်၏နံဘေးပတ်ဝန်းကျင်ရှိ မီးတောက်များသည် ပို၍ပြင်းထန်လာပြီး မီတာပေါင်းများစွာကွာဝေးသောနေရာထိ ပြန့်ကားလာသည်။
"မြန်မြန်...နောက်ကို နည်းနည်းလောက်ထပ်ဆုတ်ကြစမ်း"
စောင့်ကြည့်နေကြသူများသည် ထိတ်လန့်တုန်လှုပ်စွာဖြင့် နောက်သို့ဆုတ်လိုက်ကြ၏။
"သူ ဘာလုပ်ဖို့ ကြိုးစားနေတာလဲ...အကြီးဆုံးသခင်မလေးရဲ့ခန္ဓာကိုယ်ပေါ်က မီးတောက်တွေက ပိုပြီးပြင်းထန်လာပြီ"
"သူက အကြီးဆုံးသခင်မလေးကို မီးလောင်ကျွမ်းပြီးသေအောင်များ လုပ်နေတာလား...အဲ့ဒီကောင် ရူးများရူးနေတာလား"
လူတိုင်းက ရှောင်ချင်သေဆုံးတော့မည်ဟု တွေးတောနေကြချိန်တွင် လုယွီက ရုတ်တရက် ဆေးလုံးတစ်လုံးကို ထုတ်ယူလိုက်သည်။
ထိုဆေးလုံး၏ကိုယ်ထည်တစ်ခုလုံး သွေးရောင်နီမြန်းနေပြီး ထိုအရာပေါ်၌ ရှေးဟောင်းစည်းတံဆိပ်သင်္ကေတတချို့ကို ရေးထွင်းထားသည်။ထိုဆေးလုံး ထွက်ပေါ်လာသည်နှင့် အလွန်အမင်း နက်နဲသိမ်မွေ့သော ဖိအားအရှိန်အဝါမျိုး ထုတ်လွှက်လိုက်၏။
ဘုန်း..
ကောင်းကင်ယံအတွင်း၌ အနက်ရောင်တိမ်တိုက်များ စုဝေးလာသည်။
ထိုဆေးလုံးထွက်ပေါ်လာသည်ကို ကောင်းကင်ဘုံမှတားဖြစ်နေသည့်အလား မိုးကောင်းကင်တာအိုသည် ဒေါသတကြီးဖြင့် ထိုအရာကို ဖျက်ဆီးပစ်လိုပုံရသည်။
"ဒါကလည်း တကယ့်ကိုပဲ ဧကရာဇ်အဆင့်ဆေးလုံးတစ်လုံး ဖြစ်နေပါလား"
စူးရှသောအမြင်အာရုံရှိသည့် ဆေးပညာရှင်တစ်ယောက်က ချက်ချင်းဆိုသလိုပင် မယုံကြည်နိုင်သောအသံဖြင့် အော်ဟစ်လိုက်၏။
ဆရာသခင်သုန်သည် မျက်တောင်မခတ်ဘဲ လုယွီ၏လက်အတွင်းရှိဆေးလုံးကို စူးစိုက်၍ကြည့်နေသည်။သူ၏မျက်လုံးတစ်စုံသည် သွေးနီရောင်သို့ ပြောင်းလဲသွားပေ၏။
သူထံ၌ရှိနေသော ဧကရာဇ်အဆင့်ဆေးလုံးကို သန့်စင်နိုင်ရန်အတွက် အဖိုးတန်ရှားပါးသောဆေးပင်အမြောက်အများကို သူ အသုံးပြုခဲ့ရသည်။
သို့ရာတွင် ယခုလက်ရှိအချိန်၌ လုယွီ၏လက်အတွင်းတွင် နောက်ထပ်ဧကရာဇ်အဆင့်ဆေးလုံးတစ်လုံး ထပ်မံ၍ထွက်ပေါ်လာခဲ့သည်။
ထို့ပြင် လုယွီ၏ဆေးလုံးသည် သူ၏ဆေးလုံးထက် ပို၍ပင် အရည်အသွေးကောင်းမွန်ပုံရသည်။
"မဖြစ်နိုင်ဘူး...ဒါက ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ"
ဆရာသခင်သုန်၏မျက်နှာပေါ်၌ ရက်စက်ကြမ်းကြုတ်သောအမူအယာမျိုး ထွက်ပေါ်လာပေ၏။
လူအားလုံး၏အကြည့်များအောက်တွင် လုယွီက ထိုဆေးလုံးကို ရှောင်ချင်အား တိုက်ကျွေးလိုက်သည်။
"မီးနတ်ဘုရားဆေးလုံး...ဒီထဲမှာ မီးနတ်ဘုရားကျူးရုံရဲ့စိတ်ဆန္ဒအရိပ်အယောင်တွေပါဝင်နေတယ်...ဒါက မီးဒြပ်စင်တွေရဲ့ပေါက်ကွဲမှုကို အစပျိုးပေးနိုင်ဆုံးဆေးလုံးပဲ...မင်းက ဒီဆေးလုံးကိုအသုံးပြုပြီး ဖီးနစ်သွေးမျိုးဆက်ကို နိုးထစေနိုင်လိမ့်မယ်"
လုယွီက တီးတိုးပြောဆိုလိုက်၏။