အခန်း (၂၀၇၁-၂၀၇၅)
Vol. 107 Ch. 2071-2075
Chapter 2071
"သိုလှောင်ခန်းထဲမှာလား"
လက်ထောက်အရာရှိက အေးစက်စက်နှာတစ်ချက် မှုတ်လိုက်သည်။
"ငါတို့ အဲ့ဒီနေရာကိုရှာပြီးပြီ...အထဲမှာ ဘာမှရှိမနေဘူး...မင်း နားလည်မှုလွဲနေတာပဲဖြစ်မယ်"
လက်ထောက်အရာရှိ၏လေသံသည် အလွန်အမင်းအေးစက်တင်းမာနေပြီး အနည်းငယ်မျှပင် ချိုသာယဥ်ကျေးမှုရှိမနေချေ။
သူ့ရှေ့ရှိလုယွီသည် အတုအယောင်တစ်ယောက်သာဖြစ်မည်ဟု သူ အခိုင်အမာယုံကြည်ထားသည်။
တာယွီ၏စည်းမျဥ်းဥပဒေများအရ အရာရှိတစ်ယောက်အဖြစ် ဟန်ဆောင်ခြင်းသည် နတ်ဆိုးကျင့်ကြံနည်းစနစ်များကိုကျင့်ကြံခြင်းနှင့်တူညီပြီး ကြီးလေးသောရာဇဝတ်မှုကြီးဖြစ်သည်။
လုယွီက ခေါင်းခါယမ်းလိုက်၏။
"ဒီလိုဆိုရင်ရော...မင်းတို့ရှာဖွေနေတဲ့အချိန်တုန်းက သူ အဲ့ဒီနေရာမှာရှိမနေဘူး...မင်းတို့ ရှာဖွေပြီးတော့မှ သူ အဲ့ဒီအခန်းထဲမှာပုန်းနေရင် ဘယ်လိုလုပ်မလဲ...မင်းတို့ သတိလက်လွတ်ဖြစ်နေတဲ့အချိန်မှာ သူ အခန်းထဲဝင်ပြီးပုန်းအောင်းဖို့ဆိုတာ ခက်ခဲတဲ့ကိစ္စမဟုတ်ဘူး"
လက်ထောက်အရာရှိက သရော်တော်တော်လေသံဖြင့် ပြောဆိုသည်။
"ငါ ထင်တာတော့ မင်းက သံသယဖြစ်ဖို့အကောင်းဆုံးလူပဲ"
သူသည် လုယွီကိုဖမ်းဆီးရန်အတွက် အမိန့်ပေးတော့မည့်အချိန်မှာပင် သိုလှောင်ခန်းအတွင်းမှနေ၍ ထူးဆန်းသောအသံတစ်သံထွက်ပေါ်လာသည်။
လူရိပ်တစ်ရိပ်သည် ရုတ်တရက် သိုလှောင်ခန်းအတွင်းမှ တဟုန်ထိုးထွက်ပေါ်လာပြီး ထွက်ပြေးရန်အတွက် တံခါးအနီးသို့ဦးတည်၍ ချဥ်းကပ်သွားသည်။
ထိုလူရိပ်၏ခန္ဓာကိုယ်တစ်ခုလုံးကို အနက်ရောင်အခိုးအငွေ့များဖြင့် လွှမ်းခြုံထားသည်။လူတိုင်းသည် ပြင်းထန်သောနတ်ဆိုးအငွေ့အသက်ကို ခံစားလိုက်ရ၏။ထိုလူသည် နတ်ဆိုးကျင့်ကြံသူတစ်ယောက်ဖြစ်မည်မှာ တိကျသေချာသည်။
"ဒီလိုလူစားမျိုးက ဘယ်လိုလုပ်ပြီး တော်ဝင်မြို့တော်ထဲမှာ ထွက်ပေါ်လာတာလဲ"
လုခိုင်က အေးစက်စက်နှာတစ်ချက်မှုတ်ပြီး သူ၏ဓားကို ဆွဲထုတ်လိုက်သည်။ရုတ်ချည်းဆိုသလိုပင် ဓားအလင်းတန်းတစ်တန်းသည် နတ်ဆိုးကျင့်ကြံသူနောက်သို့ လိုက်ပါသွားသည်။
ဝှစ်...
နတ်ဆိုးကျင့်ကြံသူသည် တံခါးအနီးသို့မရောက်မီအချိန်မှာပင် ထိုဓားချီ၏ရိုက်ခတ်ခြင်းကို ခံလိုက်ရ၏။သူ၏ခေါင်းကို ဓားချီထွင်းဖောက်သွားပြီး မြေပြင်ပေါ်သို့လဲကျကာ သေဆုံးသွားတော့သည်။
ပထမထပ်တွင်ရှိနေသောသူများသည် ထိုနတ်ဆိုးကျင့်ကြံသူ သေဆုံးသွားချိန်မှသာ သူတို့၏ထိတ်လန့်တုန်လှုပ်နေမှုမှ အသိစိတ်ပြန်ဝင်လာကြသည်။
"သခင်လေးလုက တကယ့်ကိုပဲ မိသားစုကြီးတစ်ခုကလူ ဖြစ်ထိုက်ပါတယ်...သူ့ရဲ့တုံ့ပြန်မှုက လျှပ်ပြက်သလို လျှင်မြန်တာပဲ"
"ကောလဟာလတွေအရတော့ သခင်လေးလုက တော်ဝင်မြို့တော်ထဲက လူငယ်အစွမ်းထက်ကျင့်ကြံသူတွေထဲကတစ်ယောက်လို့ ဆိုကြတယ်...သူ့မှာ ဒီလိုခွန်အားမျိုးရှိတာ အံ့အားသင့်စရာမရှိတော့ဘူး"
လူအများသည် လုခိုင်၏အနားတွင်ဝိုင်းရံ၍ သူတို့တက်စွမ်းသမျှ အစွမ်းကုန်မြှောက်ပင့်ပြောဆိုနေကြ၏။
"သူက လမ်းလွဲနည်းစနစ်တွေကိုကျင့်ကြံထားတဲ့ နတ်ဆိုးကျင့်ကြံသူလေးပါပဲ...သူ့ကိုသတ်ဖို့ဆိုတာ ငါ့ရဲ့လက်ဝါးကိုလှန်လိုက်သလိုမျိုး လွယ်ကူတယ်...ဘာမှ အရေးပါတဲ့ကိစ္စမဟုတ်ဘူး"
လုခိုင်သည် သူ၏ခေါင်းကိုမော့၍ ပတ်ဝန်းကျင်ရှိလူအများ၏ချီးမွမ်းမြှောက်ပင့်မှုများကို ခံယူနေသည်။သူ့ကိုကြည့်ရသည်မှာ အလွန်အမင်း စိတ်ကျေနပ်နှစ်သိမ့်နေပုံရသည်။
"ဒါပေမယ့်...ဒီလူက တစ်ခုခုထူးဆန်းနေတယ်လို့ ငါ ခံစားနေရတယ်...သိုလှောင်ခန်းက အရမ်းချောင်ကျတဲ့နေရာမှာရှိနေတာ...ဘယ်လိုလုပ်ပြီး သူက အကြည့်တစ်ချက်နဲ့ နတ်ဆိုးကျင့်ကြံသူ အဲ့ဒီနေရာမှာပုန်းနေတယ်ဆိုတာ သိနိုင်တာလဲ"
လုခိုင်သည် ရုတ်တရက် စကားလမ်းကြောင်း ပြောင်းလဲလိုက်၏။
လုံယွင်ရှန်းက သရော်တော်တော် ဝင်ရောက်ပြောဆိုသည်။
"ဒီကောင်လေးက နတ်ဆိုးကျင့်ကြံသူဖြစ်မယ်လို့ ငါတော့ထင်တယ်...သူက သူ့ရဲ့အပေါင်းအဖော်ကိုဖော်ထုတ်ပြီးတော့ သူကိုယ်သူကာကွယ်ဖို့ စီစဥ်ထားတာပဲ...မဟုတ်ရင် သူက နတ်ဆိုးကျင့်ကြံသူပုန်းအောင်းနေတဲ့နေရာကို အကြည့်တစ်ချက်နဲ့ ဘယ်လိုလုပ်ပြီးသိမှာလဲ"
တခြားသူများကလည်း လုံယွင်ရှန်း၏အမြင်ကို သဘောတူညီကြပုံဖြင့် ခေါင်းညိတ်လိုက်ကြ၏။
လက်ထောက်အရာရှိသည် ရှေ့သို့လျှောက်လှမ်းသွားပြီး နတ်ဆိုးကျင့်ကြံသူ၏အလောင်းကိုစစ်ဆေးကာ ပြောဆိုလိုက်သည်။
"သူက အနက်ရောင်ကြယ်ဘုရားကျောင်းကလူပဲ...အဲ့ဒီနတ်ဆိုးဂိုဏ်းတွေနဲ့လမ်းလွဲကျင့်ကြံသူတွေကို တော်ဝင်စစ်တပ်က ဆက်တိုက်ဆိုသလို အမြစ်ပြတ်သုတ်သင်နေတာ...ဒါပေမယ့် သူတို့က ခဏခဏ ပြန်ထွက်ပေါ်လာတယ်"
ထိုသို့ပြောဆိုပြီးနောက် လက်ထောက်အရာရှိသည် နတ်ဆိုးကျင့်ကြံသူ၏အလောင်းကို သယ်ဆောင်သွားရန် သူ၏လက်အောက်ငယ်သားများကို အမိန့်ပေးလိုက်၏။ထို့နောက် သူက လုယွီကို အေးစက်တင်းမာသောအကြည့်ဖြင့်ကြည့်၍ ပြောဆိုသည်။
"လာကြစမ်း...သူ့ကို အုပ်ချုပ်ရေးမှူးရုံးဆီကောင်းကောင်းမွန်မွန် ခေါ်သွားကြစမ်း"
ယခုလက်ရှိချိန်တွင် လက်ထောက်အရာရှိသည် လုယွီကို ယဥ်ယဥ်ကျေးကျေးဆက်ဆံလိုခြင်းမရှိချေ။လုယွီသည် ဗိုလ်ချုပ်တစ်ယောက်မဖြစ်နိုင်ဟု သူ အတပ်ပြောနိုင်သည်။သူသည် နတ်ဆိုးကျင့်ကြံသူ၏အပေါင်းအဖော်တစ်ယောက်ပင် ဖြစ်နိုင်ပေ၏။
"ဟွန့်...နင်က ဒါနဲ့ပဲထိုက်တန်တယ်"
လုယွီကို မြို့စောင်တပ်မှစစ်သားများ ဝိုင်းရံထားသည်ကိုကြည့်ပြီး လုံယွင်ရှန်း၏နှလုံးခုန်နှုန်းများ မြန်ဆန်နေသည်။
စစ်သားများသည် သံကြိုးများကိုကိုင်ဆောင်၍ သူ့ထံချဥ်းကပ်လာသည်ကိုကြည့်ပြီး လုယွီက မျက်မှောင်ကြုတ်လိုက်သည်။
နတ်ဆိုးကျင့်ကြံသူများသည် သူ့အား စစ်သားများဝိုင်းရံထားသော အခြေအနေကို အခွင့်ကောင်းယူ၍ ဤနေရာမှထွက်ခွါသွားရန် ပြင်ဆင်နေကြသည်ကို သူ အာရုံခံမိသည်။
"မင်းတို့အားလုံးက အချိန်ဖြုန်းနေကြတာပဲ"
လုယွီက သူ၏ခေါင်းကိုခါယမ်းပြီး သက်ပြင်းတစ်ချက်ရှိုက်လိုက်၏။
လက်ထောက်အရာရှိက သရော်တော်တော် ပြောဆိုသည်။
"မင်း ဒီနေရာမှာရှိနေတာက တစ်ယောက်ယောက်ကို စောင့်နေတာလို့ မင်း ပြောခဲ့တယ်...ဒါပေမယ့် မင်း ပြောနေတဲ့လူက ဘယ်သူလဲ"
Chapter 2072
လုယွီက တည်ငြိမ်စွာ ပြောဆိုသည်။
"ငါ ပြောပြတော့ရော မင်း သိမှာမလို့လား...မင်းက ခုထိ အမှန်ကို မမြင်နိုင်သေးဘူးပဲ"
စကားဆုံးသည်နှင့် လုယွီက အနောက်ဘက်ခြံဝန်းဘက်သို့ ထပ်မံ၍စောင်းငဲ့ကြည့်လိုက်၏။
သူ၏အာရုံခံနိုင်မှုအောက်တွင် ထိုနတ်ဆိုးကျင့်ကြံသူများသည် ငြိမ်သက်နေခြင်းမရှိချေ။သူတို့သည် ပတ်ဝန်းကျင်၌ လှည့်ပတ်လှုပ်ရှားနေကြပြီး ရေအိုင်၏အနက်ရှိုင်းဆုံးနေရာသို့ ငုပ်ဆင်းရန် ကြံရွယ်နေကြသည်။
ဤအချိန်အခိုက်အတန့်တွင် မြို့စောင့်တပ်မှစစ်သားများ နေရာအနှံ့အပြား၌ရှိနေသည်။အကယ်၍ သူတို့ပြင်ပသို့ ထွက်လိုက်ပါက သူတို့အား လွယ်လင့်တကူ ရှာဖွေတွေ့ရှိသွားပေလိမ့်မည်။ထို့ကြောင့် သူတို့သည် မြူခိုးများဖုံးလွှမ်းနေသောရေအိုင်အတွင်း၌ ပုန်းအောင်းနေရန် ဆုံးဖြတ်လိုက်ကြ၏။
သို့ရာတွင် ယခုလက်ရှိချိန်၌ စစ်သားများအားလုံးသည် လုယွီကိုဝိုင်းရံ၍ အချိန်ဖြုန်းနေကြသည်။ဤသည်က အဓိပ္ပါယ်မရှိသောကိစ္စပင်။
"ဟား ဟား ဟား...ငါ ရယ်ရလွန်းလို့သေတော့မယ်...နင်က ဒီအခြေအနေထိရောက်နေတာတောင် ဝန်ခံဖို့ကို ငြင်းဆန်နေတုန်းပဲ...ငါ နင်ကို တစ်ခုပြောလိုက်မယ်...နင် ဘယ်လောက်ပဲခေါင်းမာနေပါစေ အသုံးဝင်မှာမဟုတ်ဘူး...နင်က ရှားဟိုအိမ်တော်မှာလည်း ပုံမှန်မဟုတ်တဲ့ကိစ္စမျိုးတွေ လုပ်ခဲ့တယ်ဆိုတာ ငါကိုယ်တိုင် မြင်ခဲ့ရတယ်...ကြည့်ရတာတော့ နင်က နတ်ဆိုးကျင့်ကြံသူတွေနဲ့ တကယ်ကိုပဲ ပတ်သက်နေပုံရတယ်"
လုံယွင်ရှန်းသည် လုယွီကိုတိုက်ခိုက်နိုင်မည့်ကိစ္စကို လက်လွတ်ခံခြင်းမရှိချေ။
လုယွီ ကျဥ်းထဲကျပ်ထဲရောက်ရှိနေခြင်းသည် သူမအတွက် ကြီးမားသောအောင်မြင်မှုရရှိခြင်းပင်။
'နင် ငါ့ကို နှိမ့်ချပြီး မပြောဆိုခဲ့သင့်ဘူး...အခုချိန်မှာ နင်က ဖမ်းဆီးခံရတော့မယ့် သံသယရှိသူတစ်ယောက်...ငါကတော့ မြင့်မြတ်တဲ့ ဧည့်သည်တော်တစ်ယောက်ပဲ'
လုခိုင်၏မျက်လုံးများက တောက်ပနေသည်။ရုတ်တရက် သူက လုယွီ၏နံဘေးသို့ လျှောက်လှမ်းသွားပြီး အေးစက်စက်လေသံဖြင့် ပြောဆိုလိုက်သည်။
"မင်းတို့လိုလူစားမျိုးတွေက အရမ်းခေါင်းမာတယ်ဆိုတာ ငါ သိထားပြီးသား...ဒါပေမယ့် မင်း မြို့စောင့်တပ်ကိုခေါ်သွားခံရပြီးတော့ နှိပ်စက်ညှင်းပန်းခံရတာနဲ့ မင်း နောင်တရမှာ သေချာတယ်"
"ငါက နတ်ဆိုးကျင့်ကြံသူတစ်ယောက်လို့ မင်း သေချာပြောနိုင်လား"
လုယွီက တည်ငြိမ်စွာ ပြောဆိုသည်။
လုခိုင်က အေးစက်စက်အပြုံးဖြင့် ပြောဆိုလေ၏။
"ငါ့ရဲ့လူကဲခတ်မှုက မှားယွင်းမှာမဟုတ်ဘူး...တကယ်လို့ ငါ မင်းအပေါ်မှာ မှားယွင်းပြီးအကဲခတ်မိတယ်ဆိုရင်...မင်း လုမိသားစုကိုလာပြီးတော့ လျော်ကြေးတောင်းခံနိုင်တယ်"
ထိုစကားဆုံးသည်နှင့် လုခိုင်က သူ၏လက်ကိုဝှေ့ယမ်းလိုက်သည်။
"အချိန်က တန်ဖိုးရှိတယ်...ဒီကောင်လေးကိုဖမ်းဆီးပြီး သေသေချာချာ စစ်မေးသင့်တယ်"
လက်ထောက်အရာရှိသည် မေးခွန်းများထပ်မံ၍မေးမြန်းရန် စိတ်ဝင်စားခြင်းမရှိတော့ချေ။သူက သူ၏လက်အောက်ငယ်သားများကိုခေါ်၍ လုယွီအားဖမ်းဆီးရန် ဟန်ပြင်လိုက်၏။
လုယွီက သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။
သူ၏ရာထူးအဆင့်အတန်းသည် ဤကဲ့သို့ပြဿနာကြောင့် ပေါ်ထွက်သွားမည်ဟု သူ မျှော်လင့်မထားမိချေ။
'ကြည့်ရတာတော့ တော်ဝင်မြို့တော်မှာ ငါ့ရဲ့နာမည်ဂုဏ်သတင်းကို ပျံ့နှံ့အောင်လုပ်ရမယ့်ပုံပဲ"
လုယွီက သူ၏စိတ်နှလုံးသားအတွင်းမှနေ၍ ညည်းတွားလိုက်မိသည်။
ထိုအချိန်မှာပင် တံလျှပ်ပင်လယ်မျှော်စင်၏ခန်းမအတွင်း၌ ကျယ်လောင်သောခြေလှမ်းချသံတစ်သံက ပဲ့တင်ထပ်ပျံ့နှံ့လာသည်။
"ဟား ဟား ဟား...ဂျူနီယာညီလေး...ငါက ဒီဝိုင်ကို သိုဝှက်ထားတာ အချိန်အတော်ကြာနေပြီ....ဘယ်လောက်ထိကြာလဲဆို ငါ ဒါကို မေ့တောင်မေ့နေခဲ့တာ...ဒီနေ့တော့ ငါတို့ရဲ့စိတ်နှလုံးသားတွေ ကျေနပ်အားရမှုရစေဖို့အတွက် မင်းနဲ့ငါ အတူသောက်ကြရအောင်"
ဖူကျစ်ရွှယ်က ကျယ်လောင်စွာအော်ဟစ်ရယ်မောရင်း ခန်းမအတွင်းသို့ ဝင်ရောက်လာပေ၏။
လုယွီက ဖူကျစ်ရွှယ်သည် နောက်ထပ်အစိမ်းရောင်ဝတ်စုံတစ်စုံကို ပြောင်းလဲဝတ်ဆင်ထားခြင်းကို သတိပြုမိသည်။ဖူကျစ်ရွှယ်၏လက်အတွင်း၌ ဝိုင်အိုးတစ်လုံးကို ကိုင်ဆောင်ထားပြီး သူက ရယ်ပြုံး၍ လျှောက်လှမ်းလာသည်။
ဖူကျစ်ရွှယ်သည် ကောင်းမွန်စွာဖုံးကွယ်ထားသော်လည်း သူ၏ခန္ဓာကိုယ်ပေါ်၌ မှော်စွမ်းအင်လှုပ်ခတ်မှုလှိုင်းများရှိနေခြင်းကို လုယွီက သတိပြုမိသည်။သူသည် တိုက်ပွဲကြီးတစ်ခုကို ရင်ဆိုင်တိုက်ခိုက်လာခြင်းမှာ သိသာထင်ရှားလှ၏။
"ဘာလို့ ဒီနေရာမှာ လူတွေအများကြီး စုဝေးနေကြတာလဲ...ဂျူနီယာညီလေး...သူတို့က ဘာလုပ်နေကြတာလဲ"
ဖူကျစ်ရွှယ်က လူအုပ်ကြီးကိုဝေ့ဝိုက်ကြည့်ပြီး မေးမြန်းလိုက်သည်။
လက်ထောက်အရာရှိက တစ်စုံတစ်ယောက်သည် ခန်းမအတွင်းသို့ဝင်လာပြီး လုယွီကို ဂျူနီယာညီလေးဟု ခေါ်ဆိုသည်အားကြားချိန်တွင် သူက ဒေါသတကြီး အော်ဟစ်လေသည်။
"လာကြစမ်း...သူ့ကို သေသေချာချာ စစ်ဆေးကြစမ်း"
စစ်သားများသည် အမိန့်ပေးသံကိုကြားသည်နှင့် ဖူကျစ်ရွှယ်ထံဦးတည်၍ အပြေးသွားကြ၏။
"ရပ်လိုက်စမ်း"
လုခိုင်က လက်ထောက်အရာရှိကိုကြည့်၍ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
လုခိုင်၏မျက်လုံးအတွင်း၌ မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေသည်။သူက ဖူကျစ်ရွှယ်ထံသို့ အလျှင်အမြန်လျှောက်လှမ်းသွားပြီး အရိုအသေပြုလိုက်၏။
"ကျွန်တော်လုခိုင်က အမတ်ကြီးဖူကို ဂါရဝပြုပါတယ်"
ခန်းမအတွင်းသို့ ဝင်ရောက်လာသူကို လုခိုင်ကပင် ရိုသေလေးစားစွာ အရိုအသေပြုနေရသည်။ထိုသူသည် မည်သူဖြစ်သနည်း။
ဖူကျစ်ရွှယ်၏မျက်လုံးများ ကျဥ်းမြောင်းသွားသည်။
"မင်းက ငါ့ကို သိလို့လား"
"ကျွန်တော်က တော်ဝင်အတွင်းဝန်ရုံးက အမတ်ကြီးဖူရဲ့အကြောင်းကို ကြားဖူးပါတယ်"
လုခိုင်၏အသံတွင် ရိုလေလေးစားမှုနှင့်ထိတ်လန့်ကြောက်ရွံမှုအရိပ်အယောင်များ ရောယှက်၍ပါဝင်နေသည်။
စကားဆုံးသည်နှင့် လုခိုင်က နောက်သို့ပြန်လှည့်ကာ အော်ဟစ်လိုက်၏။
"မြန်မြန် အရိုအသေပြုကြစမ်း...ဒါက အတွင်းဝန်ရုံးရဲ့အမတ်ကြီးဖူပဲ"
ဤအချိန်အခိုက်အတန့်တွင် လုခိုင်နောက်၌ရှိနေသောလူများအားလုံး ကြက်သေသေသွားသည်။
သူတို့ရှေ့ရှိလူသည် အမှန်တကယ်ကိုပင် အတွင်းဝန်အမတ်ကြီးဖြစ်နေသလော....
Chapter 2073
"ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ...ဘယ်လိုလုပ်ပြီး သူက ဒီလိုပုဂ္ဂိုလ်မျိုးနဲ့ သိကျွမ်းနေတာလဲ"
လုံယွင်ရှန်းသည် သူမ၏လက်ဖြင့် သူမ၏ဝတ်စုံထောင့်တစ်နေရာကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားကာ သူမ၏မျက်လုံးအတွင်း၌ နာကျည်းမုန်းတီးမှုများ ထိတ်လန့်တုန်လှုပ်မှုများဖြင့် ပြည့်နှက်နေသည်။
တော်ဝင်အတွင်းဝန်ရုံးတွင် အတွင်းဝန်ခြောက်ယောက်သာရှိပြီး သူတို့အနက်မှမည်သူမဆိုသူ၏လက်အောက်တွင် လူပေါင်းထောင်သောင်းချီ၍ရှိနေကာ အမတ်ကြီးများအဖြစ် တာဝန်ထမ်းဆောင်နေကြသည်။
ဤသည်က အစစ်အမှန် ရာထူးကြီးပုဂ္ဂိုလ်တစ်ယောက်ပင်။ဦးရီးတော်ရှားဟိုလီပင်လျှင် အတွင်းဝန်ရုံး၏ထိန်းချုပ်မှုအောက်တွင်ရှိသည်။
"အတွင်းဝန်အမတ်ကြီးကို အရိုအသေပြုပါတယ်"
လက်ရှိနေရာတွင်ရှိနေသူများအားလုံး ဦးညွှတ်၍အရိုအသေပြုလိုက်ကြ၏။
တံလျှပ်ပင်လယ်မျှော်စင်မှတာဝန်ခံနှင့် အစေခံတစ်စုသည် ထိတ်လန့်ကြောက်ရွံစွာဖြင့် သူတို့၏ခေါင်းများနှင့်မြေပြင်ထိကပ်လုမတက် ဦးညွှတ်၍အရိုအသေပြုနေကြသည်။
သူတို့သည် တံလျှပ်ပင်လယ်မျှော်စင်အတွင်း၌ အဆင့်မြင့်အရာရှိအမြောက်အများကို မြင်တွေ့ဖူးသော်လည်း ဤမျှထိအဆင့်မြင့်သော ပုဂ္ဂိုလ်မျိုးကို တစ်ကြိမ်တစ်ခါမျှ မြင်တွေ့ဖူးခြင်းမရှိချေ။
လက်ထောက်အရာရှိ၏နဖူးပြင်ပေါ်တွင် ချွေးစေးများဖြင့် ဖုံးလွှမ်းနေသည်။သူသည် သံပြားကြီးကိုကန်မိပြီဖြစ်ကြောင်း ကောင်းစွာသိရှိပေ၏။
"ဝမ်ကျီး...မင်းက ငါ့ထက်အရင်ရောက်နေမယ်လို့ ငါ မျှော်လင့်မထားမိဘူး...ဒါပေမယ့် ဝိုင်ကောင်းတစ်အိုးက နောက်ကျတာကို မကြောက်ရွံဘူး...ငါ့ရဲ့ဝိုင်က မင်းဟာထက်ပိုကောင်းမှာ သေချာတယ်"
နောက်ထပ်ကြည်လင်ပြတ်သားသောအသံတစ်သံ ထွက်ပေါ်လာသည်။နတ်ဘုရားဓားအမတ်ကြီးက ရယ်မောရင်း ခန်းမအတွင်းသို့ ဝင်ရောက်လာလေ၏။
နတ်ဘုရားအမတ်ကြီးသည် ပွင့်ပွင့်လင်းနေတက်သူဖြစ်၍ ဖူကျစ်ရွှယ်ကဲ့သို့ သူ၏အရှိန်အဝါများကို ထိန်းချုပ်ဟန့်တားထားခြင်းမရှိချေ။သူ၏ပိုးထည်ဝတ်စုံတွင် ကုတ်ခြစ်ရာများအပြည့်ရှိနေသည်။သူသည်လည်း ပြင်းထန်သောတိုက်ပွဲတစ်ပွဲကို ရင်ဆိုင်တိုက်ခိုက်ခဲ့ခြင်းမှာ သိသာထင်ရှားလှ၏။
နတ်ဘုရားဓားအမတ်ကြီးကိုမြင်တွေ့ချိန်တွင် လက်ထောက်အရာရှိ၏ခြေထောက်များ ပျော့ခွေသွားပြီး ချက်ချင်းဆိုသလိုပင် သူက ကြမ်းပြင်ပေါ်၌ ဒူးထောက်လိုက်သည်။
"လက်အောက်ငယ်သားက နတ်ဘုရားဓားအမတ်ကြီးကို အရိုအသေပြုပါတယ်"
တော်ဝင်နန်းတွင်း၏နတ်ဘုရားအမတ်ကြီးရှစ်ယောက်အနက်မှတစ်ယောက်ကို တော်ဝင်မြို့တော်၏မြို့စောင့်တပ်မှ မည်သူမဆို မသိရှိဘဲနေဝံ့မည်နည်း။
နတ်ဘုရားဓားအမတ်ကြီးများသည် တော်ဝင်နန်းတွင်းတစ်ခုလုံး၏မျက်နှာစာဖြစ်ပြီး မြင့်မြတ်သူများအကြားတွင် အားအကောင်းဆုံးတိုက်ခိုက်ရေးစွမ်းအားရှိသူများဖြစ်သည်။
လက်ထောက်အရာရှိ၏စိတ်နှလုံးသားသည် ချောက်နက်ကြီးတစ်ခုအတွင်း ပြုတ်ကျသွားသကဲ့လို့ ဗလာဟင်းလင်းဖြစ်နေသည်။သူကဲ့သို့ လက်ထောက်အရာရှိတစ်ယောက်ကိုမဆိုထားနှင့် မြို့စောင့်တပ်မှတပ်မှူးပင်လျှင် နတ်ဘုရားဓားအမတ်ကြီးကိုမြင်သည်နှင့် ရိုသေလေးစားစွာ အရိုအသေပြုရပေမည်။
"အမ်...ဒီနေရာမှာ ဘာတွေဖြစ်နေတာလဲ"
နတ်ဘုရားဓားအမတ်ကြီး၏မျက်လုံးများ ကျဥ်းမြောင်းသွားပြီး သူ၏မျက်လုံးမှ ခြိမ်းခြောက်နိုင်စွမ်းရှိသော အလင်းတန်းများ ဖြာထွက်လာသည်။
ဤအချိန်အခိုက်အတန့်တွင် လက်ရှိနေရာ၌ရှိနေသူများအားလုံးသည် သူတို့၏အသက်များသည် သူတို့၏ထိန်းချုပ်မှုအောက်၌ မရှိတော့သည့်အလား သူတို့၏စိတ်နှလုံးသားများအောက်ခြေမှချမ်းစိမ့်လာမှုကို ခံစားလိုက်ရ၏။
လုံယွင်ရှန်းသည် ပို၍ပင်ထိတ်လန့်ကြောက်ရွံနေသည်။သူမ၏ကျင့်ကြံဆင့်နယ်ပယ်သည် သာမာန်ထက်သာလွန်ထူးကဲသည်ဟု တွေးထင်ထားသော်လည်း နတ်ဘုရားဓားအမတ်ကြီးကဲ့သို့အစွမ်းထက်ကျင့်ကြံသူရှေ့အရောက်တွင် သူမကိုယ်သူမ ဖော်ပြရန်ပင်မထိုက်တန်ဟု ခံစားနေရသည်။
နတ်ဘုရားဓားအမတ်ကြီး၏မျက်လုံးအကြည့်သည် ရုတ်တရက် အဝေးတစ်နေရာသို့ကျရောက်သွားပြီး မျက်မှောင်ကြုတ်လိုက်၏။
"ဒီကြွက်တွေက ဘယ်အချိန်တုန်းကစပြီး တော်ဝင်မြို့တော်ထဲကို ရောက်နေတာလဲ"
ထို့နောက် သူ၏လက်ကိုဆန့်ထုတ်ပြီး အနောက်ဘက်ခြံဝန်းသို့ဦးတည်ကာ လှုပ်ရှားမှုတစ်ခုပြုလုပ်လိုက်သည်။
ရုတ်ချည်းဆိုသလိုပင် မမြင်နိုင်သောအားလှိုင်းတစ်ရပ်က လေဟာနယ်ကိုထွင်းဖောက်သွားပြီး တံလျှပ်ပင်လယ်မျှော်စင်၏အနောက်ဘက်ခြံဝန်းအတွင်းသို့ ကျရောက်သွားသည်။
မူလက အနောက်ဘက်ခြံဝန်းအတွင်း၌ ပုန်းအောင်းနေကြသော နတ်ဆိုးကျင့်ကြံသူများသည် ရုတ်တရက် အန္တရာယ်အငွေ့အသက်ကို ခံစားလိုက်ရ၏။
"မကောင်းတော့ဘူး...သွားကြစို့"
"တော်ဝင်နန်းတော်က ဒီနေရာကို အစွမ်းထက်ကျင့်ကြံသူတွေလွှက်လိုက်ပြီ...ပြေးကြတော့"
နတ်ဆိုးကျင့်ကြံသူများသည် သူတို့၏ဆံပင်များ ထောင်မတ်လာခြင်းကို ခံစားမိသည်။သူတို့က ပုန်းအောင်းနေသောနေရာများမှ အလျှင်အမြန်ထွက်လာကာ လူစုခွဲ၍ ထွက်ပြေးလိုက်ကြတော့သည်။
သူတို့၏အရှိန်နှုန်းသည် အလွန်မြန်ဆန်သော်လည်း သူတို့ပုန်းအောင်းနေသောနေရာမှ ထွက်ခွါလိုက်သည်နှင့် သူတို့၏နံဘေးပတ်ဝန်းကျင်မှလေဟာနယ်တောင့်တင်းသွားပြီး အားလှိုင်းတစ်ရပ်၏ဆွဲချခြင်းခံလိုက်ရ၏။
ဘုန်း...ဘုန်း...
နတ်ဆိုးကျင့်ကြံသူများအားလုံးသည် မြေပြင်ပေါ်သို့ ပြုတ်ကျလာကြပြီး သူတို့၏မျက်နှာများပေါ်၌ စိတ်ဓာတ်ကျဆင်းသောအရိပ်အယောင်များဖြင့် ပြည့်နှက်နေသည်။
ထိုလူများအားလုံးသည် ခုခံနိုင်စွမ်းပင်မရှိဘဲ တစ်ယောက်ပြီးတစ်ယောက် ဖမ်းဆီးထိန်းသိမ်းခံလိုက်ရသည်။
ထိုလူများအနက်မှအများစုသည် ဟောင်းနွမ်းစုတ်ပြတ်နေသောတာအိုဝတ်စုံများကို ဝတ်ဆင်ထားကာ သူတို့၏ခန္ဓာကိုယ်များမှနေ၍ ဖုံးကွယ်ရန်ခက်ခဲသော အနက်ရောင်အခိုးအငွေ့များ ထွက်ပေါ်နေသည်။လူအများသည် သူတို့အား တစ်ချက်ကြည့်မိရုံဖြင့်ပင် နတ်ဆိုးကျင့်ကြံသူများဖြစ်ကြောင်း အတပ်ပြောနိုင်ပေ၏။
"သူတို့အားလုံးက အနက်ရောင်ကြယ်ဘုရားကျောင်းကလူတွေပဲ...သူတို့က အနောက်ဘက်ခြံဝန်းထဲမှာ ပုန်းအောင်းနေကြတာပါလား"
လုယွီ ယခင်ကပြောဆိုခဲ့သည်မှာ အမှန်ဖြစ်ကြောင်း ထွက်ပေါ်လာခဲ့လေပြီ။
ယခင်က သူတို့အားလုံးသည် လုယွီကို လှောင်ပြောင်သရော်ခဲ့ကြသည့်အပြင် သူ့အား နတ်ဆိုးကျင့်ကြံသူတစ်ယောက်ဟုပင် သံသယဝင်ခဲ့ကြသည်။
ဤနားလည်မှုလွဲမှားခြင်းသည် အလွန်ကြီးမားပေ၏။
လုခိုင်က အံ့တင်းတင်းကြိတ်ထားကာ သူ၏နဖူးပြင်ပေါ်၌ ချွေးစေးများဖုံးလွှမ်းနေသည်။သူက လုယွီကို ဦးညွှတ်အရိုအသေပြု၍ တောင်းပန်လိုက်သည်။
"ကျွန်တော်က မျက်စိကန်းပြီး ဗိုလ်ချုပ်ကိုပြစ်မှားခဲ့မိပါတယ်...ကျေးဇူးပြုပြီးတော့ ကျွန်တော်ကိုခွင့်လွှက်ပေးပါ"
သူသည် လုမိသားစုဝင်ဖြစ်နေလျှင်ပင် ယခုလက်ရှိချိန်၌ သူ အရှုံးပေးရပေမည်။
အကယ်၍ နတ်ဘုရားဓားအမတ်ကြီးသည် သူ့အားသတ်ဖြတ်လိုပါက လုမိသားစုသည် သူ့အတွက်ဖြင့် နတ်ဘုရားဓားအမတ်ကြီးကို မည်သည့်နည်းနှင့်မျှ အပြစ်ပြုမည်မဟုတ်ချေ။
Chapter 2074
ပတ်ဝန်းကျင်နေရာတစ်ခုလုံး သုသာန်တစပြင်ကဲ့သို့ တိတ်ဆိတ်ငြိမ်သက်သွားသည်။
လုယွီက တည်ငြိမ်စွာပြောဆိုသည်။
"တကယ်လို့ ငါ့မှာ ဒီလိုမျိုးနောက်ခံသာရှိမနေဘူးဆိုရင်...ဒီနေ့ငါက မင်းကြောင့် အကျဥ်းထောင်ကိုအပို့ခံရတော့မှာ...မင်းက ဒီကိစ္စကို ပေါ့ပေါ့ပါးပါးစကားတစ်ခွန်းတဲ့ ငါ့ကို အဆုံးသတ်စေချင်တာလား"
လုခိုင်က သူ၏ပါးစပ်ကို ဖွင့်ဟလိုက်၏။သူ၏စိတ်နှလုံးသားတစ်ခုလုံးတွင် စိတ်ပျက်အားငယ်ခြင်းများနှင့် ပြည့်နှက်နေသော်လည်း သူ မည်သို့တောင်းပန်ရမည်ကိုမသိချေ။
သူသည် တခြားသူများကို အမြဲတစေနှိမ့်ချ၍ ဆက်ဆံခဲ့သူဖြစ်သည်။မည်သည့်အချိန်ကစ၍ သူနှင့်သက်တူရွယ်တူတစ်ယောက်အပေါ် ဦးညွှတ်၍နေနေရသနည်း။
သို့ရာတွင် ဖူကျစ်ရွှယ်နှင့်နတ်ဘုရားဓားအမတ်ကြီးတို့သည် အနီးအနား၌ရှိနေပေ၏။သူတို့နှစ်ယောက်အနက်မှမည်သူမဆို သူ့အား ပုရွတ်ဆိက်တစ်ကောင်ကဲ့သို့ လွယ်လင့်တကူချေမွှပစ်နိုင်သော ဧရာမမွန်းစတားကြီးများဖြစ်သည်။သူသည် လုမိသားစု၏တိုက်ရိုက်မျိုးဆက်တစ်ယောက်သာဖြစ်ပြီး လုမိသားစု၏အရေးပါသူတစ်ယောက်မဟုတ်ချေ။
အတွင်းဝန်အမတ်ကြီးနှင့်နတ်ဘုရားဓားအမတ်ကြီးတို့ကိုပြစ်မှားမိသည်နှင့် နှိုင်းယှဥ်ပါက သူ့ကဲ့သို့ တိုက်ရိုက်မျိုးဆက်တစ်ယောက်သည် တစိုးတစိမျှပင် အရေးပါမည်မဟုတ်ပေ။
"လုမိသားစုက ဒီကိစ္စကို ဘယ်လိုဖြေရှင်းဖို့ကြံစည်ထားလဲဆိုတာ ကျုပ် သိချင်တယ်"
လုယွီသည် လုခိုင်ကိုကြည့်ရမည့်အစား တံလျှပ်ပင်လယ်မျှော်စင်၏အထက်လေဟာနယ်အတွင်းသို့မော့ကြည့်၍ အော်ဟစ်လိုက်သည်။
ထိုနေရာရှိလေဟာနယ်သည် တွန့်ခေါက်သွားပြီး နောက်ဆုံး၌ အတွင်းမှနေ၍ ပိန်လှီလှီအဖိုးအိုတစ်ယောက်ထွက်လာသည်။သူက ဖူကျစ်ရွှယ်နှင့်နတ်ဘုရားဓားအမတ်ကြီးကို ဦးညွှတ်၍အရိုအသေပြုကာ ပြောဆိုလိုက်၏။
"အမတ်ကြီးနှစ်ယောက်ကို အရိုအသေပြုပါတယ်...ကျွန်တော်ရဲ့ဂျုနီယာက စည်းမျဥ်းတွေကိုနားမလည်ဘဲနဲ့ မာန်မာနတွေလည်းဝံ့ကြွားနေခဲ့တယ်...တကယ်လို့ အမတ်ကြီးတို့ကို အပြစ်ပြုမိတယ်ဆိုရင် ကျွန်တော်ကပဲ တောင်းပန်ပါတယ်"
နတ်ဘုရားဓားအမတ်ကြီးက အေးစက်စက်နှာတစ်ချက်မှုတ်ပြီး ပြောဆိုသည်။
"ဒီကိစ္စကို ငါတို့ ဘယ်လိုကိုင်တွယ်မလဲဆိုတာက ငါတို့ဂျူနီယာညီလေးရဲ့ဆုံးဖြတ်ချက်ပေါ်မူတည်တယ်"
ထိုစကားသည် လက်ရှိနေရာတွင်ရှိနေသောလူများအားလုံးကို ထိတ်လန့်တုန်လှုပ်သွားစေသည်။
ဤလူငယ်သည် မည်သူဖြစ်သနည်း။နတ်ဘုရားဓားအမတ်ကြီးသည် လုယွီကို ဂျူနီယာညီလေးဟု ခေါ်ဆိုမည်ဟု သူတို့အားလုံး မျှော်လင့်မထားမိချေ။
ထိုအချိန်ကျမှသာ အဖိုးအို၏မျက်လုံးအကြည့်က လုယွီပေါ်သို့ ကျရောက်လာသည်။သူက ခပ်ဖျော့ဖျော့အပြုံးနှင့်အတူ ရွှေရောင်ငွေလက်မှတ်တစ်ခုကိုထုတ်ယူကာ လုယွီ၏ရှေ့သို့ ချပေးလိုက်၏။
"ဒါက အင်မော်တယ်ကျောက်တုံးသန်းငါးရာတန်ငွေလက်မှတ်ပဲ...ဒါက ဗိုလ်ချုပ်ကို ငါတို့လုမိသားစုက တောင်းပန်တဲ့အနေနဲ့ပေးတာလို့ ယူဆပေးပါ"
အင်မော်တယ်ကျောက်တုံး သန်းငါးရာ...
နံဘေးဘက်မှစောင့်ကြည့်နေကြသော အထက်တန်းလွှာမိသားစုများမှ လူငယ်များအားလုံး အံ့အားသင့်တုန်လှုပ်သွားသည်။
ဤမျှများပြားသောငွေပမာဏသည် သူတို့အတွက်ပင်လျှင် ကြီးမားသောပမာဏကြီးဖြစ်သည်။
လုယွီသည် ထိုငွေလက်မှတ်ကို တစ်ချက်မျှပင်စောင်းငဲ့ကြည့်ခြင်းမရှိဘဲ သူက ပြောဆိုလိုက်၏။
"ခင်ဗျားတို့လုမိသားစုမှာ မိုးကောင်းကင်မျှော်စင်တစ်ခုရှိတယ်လို့ ကျုပ် ကြားထားတယ်...ဒါက လုမိသားစုကိုတည်ထောင်ခဲ့တဲ့သူဖန်တီးထားတဲ့ မှော်ရတနာပဲ...မရေမတွက်နိုင်တဲ့ ရှေးဦးမှော်သားရဲတွေကို အဲ့ဒီထဲမှာချိပ်ပိတ်ထားတယ်...တကယ်လို့ တစ်စုံတစ်ယောက်က အဲ့ဒီထဲကိုဝင်သွားရင် မှော်သားရဲတွေရဲ့အသိအမှတ်ပြုမှုကိုရတာနဲ့ သူတို့ရဲ့သခင်ဖြစ်သွားပြီ...ကျုပ် အဲ့ဒါကို ကြိုးစားကြည့်ချင်တယ်"
"မဖြစ်နိုင်ဘူး"
လုခိုင်က မျက်လုံးပြူးမျက်ဆံပြူးနှင့် ကျယ်လောင်စွာအော်ဟစ်လေသည်။
"ဒါက ငါတို့ လုမိသားစုဝင်တွေပဲ ဝင်ခွင့်ရတဲ့နေရာ...ဘယ်လိုလုပ်ပြီး မင်းလိုအပြင်လူတစ်ယောက်ကို ဝင်ခွင့်ပြုနိုင်မှာလဲ"
အကယ်၍ သူ့ကြောင့်သာ လုယွီကို မိုးကောင်းကင်မျှော်စင်အတွင်းသို့ ဝင်ခွင့်ပြုလိုက်ရပါက သူသည် ကြီးလေးသောပြစ်မှုကို ကျူးလွန်သူဖြစ်သွားပေမည်။
အဖိုးအိုက လုယွီကိုကြည့်ပြီး အပြုံးနှင့်ပြောဆိုသည်။
"မိုးကောင်းကင်မျှော်စင်ရဲ့စည်းမျဥ်းတွေအရ အပြင်လူတွေကို ဝင်ခွင့်မပြုဘူး...ဒါပေမယ့် တိုက်ဆိုင်ချင်တော့ ဗိုလ်ချုပ်လုနဲ့ ငါတို့လုမိသားစုက မျိုးရိုးနာမည်တူနေတယ်...ဒါကြောင့် ငါ မင်းကို အခွင့်အရေးတစ်ခုပေးနိုင်တယ်"
ရုတ်ချည်းဆိုသလိုပင် အဖိုးအိုက စကားခေါင်းစဥ်ပြောင်း၍ ပြောဆိုလိုက်၏။
"ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် မင်းက ငါတို့လုမိသားစုဝင်မဟုတ်ဘူး...ငါတို့လုမိသားစုက တပည့်တွေအားလုံး ကောင်းကင်ဘုံမျှော်စင်ထဲကိုဝင်ချင်တယ်ဆိုရင် စမ်းသပ်ပွဲကိုအရင်ဆုံးဖြတ်ကျော်ရတယ်...ဗိုလ်ချုပ်လုက ဝင်ချင်တယ်ဆိုရင်လည်း ချွင်းချက်ရှိမှာမဟုတ်ဘူး"
လုယွီ၏မျက်နှာပေါ်၌ အပြုံးတစ်ပွင့်ထင်ဟပ်လာသည်။
"ကောင်းပြီလေ...ခင်ဗျား သူ့ကို ခေါ်သွားနိုင်တယ်"
လုခိုင်သည် တစ်စုံတစ်ခုကို ပြောဆိုလိုသော်လည်း အဖိုးအိုသည် မှော်စွမ်းအားကိုအသုံးပြု၍ သူ၏ပါးစပ်ကိုပိတ်ဆို့ကာ ရုတ်ချည်းဆိုသလိုပင် တံလျှပ်ပင်လယ်မျှော်စင်၏အဝေးသို့ ခေါ်ထုတ်သွားခဲ့သည်။
တံလျှပ်ပင်လယ်မျှော်စင်က ထွက်ခွါခဲ့ပြီးနောက် လုခိုင်က ချက်ချင်းပြောဆိုသည်။
"တတိယအဖိုး...မိုးကောင်းကင်မျှော်စင်က ကျွန်တော်တို့လုမိသားစုရဲ့တားမြစ်နယ်မြေလေ...ဘယ်လိုလုပ်ပြီး အပြင်လူကို ဝင်ခွင့်ပြုနိုင်မှာလဲ"
"တကယ်တော့ ငါ သိတာပေါ့...ဒါပေမယ့် အဲ့ဒီကိစ္စက ငါ့ကို နတ်ဘုရားစိတ်အာရုံကနေတဆင့် ညွှန်ကြားခဲ့တာ...ဘိုးဘေးက လုယွီကို မိုးကောင်းကင်မျှော်စင်ရဲ့စမ်းသပ်ပွဲမှာပါဝင်ခွင့်ပေးဖို့ သဘောတူခဲ့တယ်"
"ဘိုးဘေးကလား"
လုခိုင်က ထိတ်လန့်တုန်လှုပ်သွားသည်
လုမိသားစုဘိုးဘေးသည် နှစ်ပေါင်းများစွာကြာအောင် တံခါးပိတ်ကျင့်ကြံနေခဲ့ကာ တစ်ကြိမ်တစ်ခါမျှ ပြင်ပသို့ထွက်လာခြင်းမရှိချေ။
လုမိသားစုဘိုးဘေးသည် နယ်မြေသခင်အဆင့်သို့ရောက်ရှိနေသည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။ထို့နောက် သူသည် တံခါးပိတ်ကျင့်ကြံနေခဲ့ပြီး ပြင်ပလောကနှင့် ထိတွေ့ဆက်ဆံမှုမရှိတော့ချေ။
ယခုချိန်၌ မည်သည်ကြောင့် သူသည် လုယွီကို စမ်းသပ်ပွဲ၌ ပါဝင်ယှဥ်ပြိုင်ခွင့်ပေးရန် မည်သည်ကြောင့် အသံပေးပို့ဆက်သွယ်ခဲ့သနည်း။
Chapter 2075
"ဖြစ်နိုင်တာတော့ လုယွီက လုမိသားစုဝင်တစ်ယောက်လား"
လုခိုင်က အလေးအနက်ထားသောလေသံဖြင့် မေးမြန်းလေသည်။
အဖိုးအိုက သူ၏ခေါင်းကို ခါယမ်းပြလိုက်၏။
"ငါ ဒီကိစ္စနဲ့ပတ်သက်ပြီး သေချာမပြောနိုင်ဘူး...ဒါပေမယ့် သူက အတွင်းဝန်အမတ်ကြီးဖူ နတ်ဘုရားဓားအမတ်ကြီးတို့နဲ့ ဆက်ဆံရေးကောင်းရှိတယ်...ဒါက အဲ့ဒီကောင်လေးရဲ့ရှေ့အလားအလာကိုပြသဖို့လုံလောက်တယ်...အခု မင်းနဲ့သူကြားက နားလည်မှုလွဲမှားတဲ့ကိစ္စကို ဖြေရှင်းပြီးသွားပြီ...တကယ်လို့ မင်း သူနဲ့ထပ်တွေ့မယ်ဆိုရင်...သူနဲ့မိတ်ဆွေဖြစ်အောင်လုပ်ဖို့မှတ်ထားပါ"
လုခိုင်၏စိတ်နှလုံးသားလေးလံသွားပြီး သူက အလျှင်အမြန်ခေါင်းညိတ်လိုက်သည်။
တံလျှပ်ပင်လယ်မျှော်စင်အတွင်း၌ လုယွီကိုခြိမ်းခြောက်ခဲ့သော မြို့စောင့်တပ်မှစစ်သားများသည် စိတ်ဓာတ်ကျဆင်းစွာဖြင့် အပြစ်ဒဏ်ကိုခံယူရန် စောင့်ဆိုင်းနေကြ၏။
လက်ထောက်အရာရှိ၏မျက်နှာသည် ဖြူရော်နေပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံး တဆတ်ဆတ်တုန်ရီနေသည်။
ယခုလက်ရှိချိန်တွင် သူ၏စိတ်နှလုံးသားတစ်ခုလုံး အတွေးများဖြင့် ပြည့်နှက်နေပြီး သူက နောင်တရရှိခြင်းကိုသာလျှင် ခံစားနေရ၏။
ဤတစ်ကြိမ်တွင် သူသည် အမှန်တကယ်ကိုပင် သံပြားကြီးကို ကန်ကျောက်မိလေပြီ။
အတွင်းဝန်အမတ်ကြီးနှင့် နတ်ဘုရားဓားအမတ်ကြီးတို့သည် ထိုလူငယ်ကို သူတို့၏ဂျူနီယာညီလေးဟု ဖော်ပြနေကြ၏။သူသည် လုယွီအပေါ် ယခင်ကပြုမူဆက်ဆံခဲ့မှုများကို ပြန်လည်တွေးတောမိချိန်တွင် သူ၏ကျောရိုးများတလျှောက် ချမ်းစိမ့်သွားသည်။
လုယွီက လက်ထောက်အရာရှိကို စောင်းငဲ့ကြည့်ပြီး အေးစက်စက်လေသံဖြင့် ပြောဆိုလိုက်၏။
"တော်ဝင်နန်းတွင်းရဲ့အရာရှိတစ်ယောက်ဖြစ်တဲ့ မင်းက ထိပ်သီးမိသားစုကြီးတစ်ခုရဲ့မျိုးဆက်တစ်ယောက်စကားကို နာခံပြီးတော့ မင်း စိတ်ကူးပေါက်သလို ဆုံးဖြတ်ချက်ချခဲ့တယ်...တကယ်လို့ ဒီနေရာမှာ ငါသာဟုတ်မနေရင် မင်းတို့က အပြစ်မရှိတဲ့လူတစ်ယောက်ကို မှားယွင်းစွပ်စွဲပြီး အတင်းအကျပ်ဝန်ခံခိုင်းမှာ ငါ စိုးရိမ်မိတယ်...အဲ့ဒီအပြင် အစစ်အမှန်နတ်ဆိုးကျင့်ကြံသူတွေကိုလည်း လွတ်သွားနိုင်တယ်"
လက်ထောက်အရာရှိသည် မြေပြင်ပေါ်၌ ဒူးထောက်လိုက်သည်။သူသည် မြေပြင်နှင့် သူ့ခေါင်းကိုအဆက်မပြတ်ဆောင့်ကာ အရိုအသေပြုနေသော်လည်း မည်သည့်စကားတစ်ခွန်းကိုမျှ ပြောဆိုဝံ့ခြင်းမရှိချေ။
ယခုချိန်၌ သူ တစ်စုံတစ်ခုပြောဆိုရန်အတွက် အလွန်နောက်ကျသွားလေပြီ။
ဖူကျစ်ရွှယ်က တည်ငြိမ်စွာ ပြောဆိုသည်။
"မင်းရဲ့အရာရှိရာထူးကို ဖယ်ရှားပြီးတော့ မင်းကို ရွှမ်းဝူတပ်ရင်းရဲ့စစ်သားအဖြစ် ရာထူးချလိုက်ပြီ...မင်းက ပြင်ပကိုသွားပြီးတော့ လုံလောက်တဲ့ တိုက်ပွဲအကျိုးဆောင်ရမှတ်တွေစုဆောင်းနိုင်မှ မြို့တော်ကို ပြန်လာခွင့်ရမယ်"
ဘုန်း....
တိုးညှင်းသောအသံတစ်သံနှင့်အတူယှဥ်တွဲ၍ လက်ထောက်အရာရှိ၏ခန္ဓာကိုယ်ပေါ်ရှိ အရာရှိတံဆိပ် တိုက်ရိုက်ဖယ်ရှားခံလိုက်ရသည်။မူလက သူ့ထံတွင်ရှိနေသော ကံကြမ္မာစွမ်းအားများသည်လည်း ဤအချိန်အခိုက်အတန့်တွင် ပျောက်ကွယ်သွားပေ၏။
ဖူကျစ်ရွှယ်သည် အတွင်းဝန်အမတ်ကြီးဖြစ်ကာ ထောင်နှင့်ချီသောအရာရှိများ၏ ရာထူးအဆင့်အတန်းနှင့်အပြောင်းအရွှေ့ကို ထိန်းချုပ်ကိုင်တွယ်ရသူဖြစ်သဖြင့် ဤှကဲ့သို့ နိမ့်ကျသည့် လက်ထောက်အရှိတစ်ယောက်ဆိုလျှင် ဆိုဖွယ်ရာပင်မရှိတော့ချေ။
လက်ထောက်အရာရှိသည် ဖြူရော်နေသောမျက်နှာဖြင့် မြေပြင်ပေါ်၌ထိုင်နေသော်လည်း သူသည် ကျေးဇူးတင်သောအမူအယာမျိုး ပြသနေဆဲပင်။
ဤတစ်ကြိမ်တွင် သူ့အား သေဒဏ်မပေးသည်ကပင် ပေါ့ပါးသောပြစ်ဒဏ်ဖြစ်နေလေပြီ။
ရွှမ်းဝူတပ်ရင်းသည် ပုန်းကွယ်နဂါးတပ်ခွဲနှင့်မတူညီဘဲ အလွန်အမင်း ခက်ခဲကြမ်းတမ်းသောနေရာဖြစ်ကာ မကြာခဏ ခရီးလှည့်လည်သွားလာနေရ၏။တပ်ရင်း၏သေဆုံးမှုနှုန်းသည်လည်း နိမ့်ပါးခြင်းမရှိချေ။
ဖူကျစ်ရွှယ်သည် ထိုကိစ္စကို ရင်ဆိုင်ဖြေရှင်းလိုက်သည်အားကြည့်ပြီး လုယွီ၏အကြည့်က လုံယွင်ရှန်းပေါ်သို့ ကျရောက်သွားသည်။
လုံယွင်ရှန်း၏ခန္ဓာကိုယ် အနည်းငယ်တုန်ခါသွားပေ၏။သူမသည် မောက်မာဝံ့ကြွားသောစိတ်နေသဘောထားရှိသော်လည်း သူမသည် ဤမျှကြီးမားသောဖိအားအရှိန်အဝါမျိုးကို တစ်ကြိမ်တစ်ခါမျှ ခံစားဖူးခြင်းမရှိချေ။
သူမ ယခင်က ရိုသေလေးစားစွာ ဆက်ဆံခဲ့ရသော လုမိသားစု၏သခင်လေး လုခိုင်ပင်လျှင် လုယွီ၏ရှေ့၌ ဦးညွှတ်အရိုအသေပြုခဲ့ရသည်။
ထို့ပြင် မြို့စောင့်တပ်၏လက်ထောက်အရာရှိသည် လုယွီကြောင့် ရာထူးမှဖယ်ရှားခံရပြီး တော်ဝင်မြို့တော်မှ နယ်နှင်ဒဏ်ပေးခြင်းခံလိုက်ရ၏။
လုံယွင်ရှန်းသည် နေရာငယ်လေးတစ်ခုမှ မြင့်မြတ်သောသခင်မလေးတစ်ယောက်သာဖြစ်သည်။သူမသည် မောက်မာဝံ့ကြွားသူဖြစ်သော်လည်း ယခုလက်ရှိချိန်၌ လုယွီ၏နောက်ခံအင်အား မည်မျှထိတုန်လှုပ်ချောက်ချားဖွယ်ကောင်းသည်ကို သိရှိသွားလေပြီ။
"ငါ အရင်က မင်းကိုကယ်တင်ခဲ့တယ်...အနောက်ဘက်ခြံဝန်းမှာတုန်းကလည်း ငါ မင်းရဲ့ဓားနည်းစနစ်အပေါ် လမ်းညွှန်မှုပေးခဲ့တယ်....ငါက မင်း နစ်နာအောင် ဘာမှမလုပ်ခဲ့ဖူးပေမယ့်...မင်းက ဘာလို့ ငါ့ကို အကြိမ်ကြိမ်အခါခါ သတ်ချင်နေတာလဲ"
လုယွီက မေးမြန်းသည်။
လုံယွင်ရှန်းသည် သူမ၏လက်သီးကို တင်းတင်းကျပ်ကျပ်ဆုပ်ထားသော်လည်း သူမက မည်သည့်စကားတစ်ခွန်းမျှ မဆိုဝံ့ချေ။
အမှန်အားဖြင့် ဤကိစ္စကိုလက်ခံရန် သူမ၏စိတ်နှလုံးသားအတွင်း၌ ဆန္ဒမရှိသော်လည်း ဖူကျစ်ရွှယ်နှင့်နတ်ဘုရားဓားအမတ်ကြီးတို့၏ ဖိအားအရှိန်အဝါကြောင့် သူမ တုံ့ပြန်ပြောဆိုမှု မပြုဝံ့ခြင်းပင်။
လုယွီက သူ၏လက်ကို ဝှေ့ယမ်းလိုက်၏။
"ရှားဟိုလီရဲ့မျက်နှာကိုထောက်ပြီး ဒီတစ်ကြိမ်တော့ ငါ မင်းကို လွှတ်ပေးလိုက်မယ်...ဒါပေမယ့် မင်း မှတ်ထားရမှာက...မင်းက ရှားဟိုအိမ်တော်နဲ့ပတ်သတ်တယ်ဆိုတဲ့ အခွင့်အရေးကို အသုံးပြုပြီးပြီ...တကယ်လို့ မင်း နောက်တစ်ကြိမ်ထပ်ပြီး မဆင်မခြင်လုပ်နေအုံးမယ်ဆိုရင်...နောင်တဆိုတာ ဘာလဲဆိုတာကို ငါ မင်းသိအောင်ပြပေးမယ်"
ထိုလူများကို တံလျှပ်ပင်လယ်မျှော်စင်အတွင်းမှ မောင်းထုတ်ပြီးနောက် လုယွီနှင့်တခြားလူနှစ်ယောက်ကို တာဝန်ခံက ထိပ်ဆုံးထပ်သို့ နွေးထွေးစွာကြိုဆို၍ ခေါ်ဆောင်သွားခဲ့သည်။
လုံယွင်ရှန်းသည် အလွန်အမင်းကံဆိုးစေသူတစ်ယောက်အလား သူမအနားသို့ မည်သူမျှချဥ်းကပ်ခြင်းမရှိချေ။
လုံယွင်ရှန်းသည် လမ်းမအလယ်၌ တစ်ယောက်တည်းမတ်တတ်ရပ်နေသော်လည်း သူမ၏စိတ်နှလုံးသားအတွင်း၌ နောင်တရခြင်းမရှိဘဲ နာကျည်းမုန်းတီးမှုများဖြင့်သာ ပြည့်နှက်နေသည်။
"နင်က တော်ဝင်နန်းတော်က အရေးပါတဲ့ပုဂ္ဂိုလ်တွေနဲ့သိကျွမ်းတယ်ပေါ့လေ...ဟား ဟား ဟား...ဒါက ဘယ်လောက်ထိ ကြီးကျယ်ခမ်းနားနေလို့လဲ"
"ငါ့ရဲ့ဓားနည်းစနစ်က နင့်ထက်အများကြီး ပိုကောင်းတယ်...ငါ မဟာကျောင်းတော်ငါးခုထဲကတစ်ခုကို ဝင်ရောက်နိုင်တဲ့အချိန်ကျရင် နင် သိစေရမယ်...ခွန်အားကသာ လောကကြီးထဲမှာ အရေးပါဆုံးအရာပဲ....ဘယ်လို အဆက်အသွယ်ကောင်းတွေပဲရှိနေပါစေ ခွန်အားလောက်အရေးမပါဘူး...အဲ့ဒီအချိန်ကျရင် နင့်ကို ငါ့ရဲ့ခြေဖဝါးအောက်မှာ နင်းခြေပြီးတော့ ဒီနေ့ နင့်ငါ့ကို စော်ကားခဲ့တာရဲ့အကျိုးဆက်ကို နင်သိအောင် ငါ ပြမယ်"
လုံယွင်ရှန်းက သူမ၏စိတ်နှလုံးသားအတွင်းမှနေ၍ ဒေါသတကြီးအော်ဟစ်ကြုံးဝါးလိုက်သည်။