အခန်း (၂၀၇၆-၂၀၈၀)
Vol. 107 Ch. 2076-2080
Chapter 2076
တံလျှပ်ပင်လယ်မျှော်စင်အတွင်း၌...
ဤသည်က တော်ဝင်မြို့တော်တွင်နာမည်အကျော်ကြားဆုံးစားသောက်ဆိုင်ဟု ခေါ်ထိုက်သည်။ထိပ်ဆုံးထပ်ရှိသီးသန့်ခန်းအတွင်း၌ထိုင်နေစဥ် အဝေးရှိရေအိုင်အတွင်းရှိရေများကဖြာထွက်နေပြီး မြူခိုးများအကြား၌ နဂါးတစ်ကောင်လူးလွန့်လှုပ်ရှားနေသောပုံရိပ်က ဖြည်းညှင်းစွာထွက်ပေါ်နေသည်။
"တံလျှပ်ပင်လယ်မျှော်စင်ကို နတ်ဘုရားအမတ်ကြီးလေ့က ထိန်းချုပ်ထားတာ...အဲ့ဒီ လူးလွန့်နေတဲ့နဂါးက အတိတ်တုန်းက သေမျိုးကမ္ဘာလောကထဲမှာ ဖရိုဖရဲတွေဖြစ်ပွါးစေခဲ့တယ်...နတ်ဘုရားအမတ်ကြီးလေ့က အဲ့ဒီနဂါးကိုဖမ်းဆီးပြီးတော့ သူ့ရဲ့စိတ်ဝိညာဥ်နဲ့ရုပ်ခန္ဓာကိုယ်ကိုထိန်းချုပ်ခဲ့တယ်...ပြီးတော့ သူက အဲ့ဒီနဂါးရဲ့ကျောရိုးကိုဆွဲထုတ်ပြီးတော့ ရေအိုင်ထဲကိုပစ်ချခဲ့တယ်...အခုချိန်မှာ မျောလွင့်နေတဲ့နဂါးပုံရိပ်က ညတိုင်းရေမျက်နှာပြင်ပေါ်မှာ ထွက်ပေါ်နေတော့တာပဲ"
နတ်ဘုရားဓားအမတ်ကြီးသည် ဝိုင်အိုးတစ်လုံးယူဆောင်လာသော်လည်း သူက ထိုအရာကိုဖွင့်ခြင်းမပြုသေးချေ။သူသည် ဖူကျစ်ရွှယ်ယူဆောင်လာသော ဝိုင်ကိုသာ သောက်သုံးရန် ဟန်ပြင်လိုက်၏။
ဝိုင်ခွက်များအတွင်း၌ ခရမ်းရင့်ရောင်ဝိုင်များဖြည့်ထားသည်။ခွက်လှုပ်ယမ်းလိုက်သည့်အချိန်တိုင်းတွင် အလင်းတန်းများ ရောင်ပြန်ဟပ်လာသည်။
မှော်စွမ်းအားအနည်းငယ် ဝိုင်ခွက်အတွင်းသို့ ကျရောက်သွားချိန်တွင် ဝိုင်များမှနေ၍ ချက်ချင်းဆိုသလို အပြာဖျော့ရောင်မီးတောက်များ ထွက်ပေါ်လာပေ၏။
"မြေအောက်လောကနှင်းဝိုင်လား"
လုယွီ၏မျက်ခုံးများ မြင့်တက်သွားသည်။
ဖူကျစ်ရွှယ်က အံ့အားတသင့် ပြောဆိုလိုက်သည်။
"ကြည့်ရတာတော့ ဂျူနီယာညီလေးက ဗဟုသုတကြွယ်ဝပုံပဲ...ဒါက တကယ့်ကို မြေအောက်လောကနှင်းဝိုင်ပဲ...ဒါက မြေအောက်လောကရဲ့အထူးသီးသန့်ဝိုင်ပဲ...ငါက ဒီဝိုင်တစ်အိုးကိုရဖို့ ငွေတွေအများကြီးအကုန်ခံထားရတာ...မြေအောက်လောကကလူတွေက တော်ဝင်နန်းတွင်းကအရာရှိတွေဆိုရင် နည်းနည်းလေးတောင် မျက်နှာသာပေးချင်တာမဟုတ်ဘူး"
လုယွီက ထိုဝိုင်ကို တိတ်ဆိတ်ငြိမ်သက်စွာ အရသာခံလိုက်၏။ဝိုင်အရက်သည် သူ၏ခန္ဓာကိုယ်တွင်းအင်္ဂါများထိ စီးဆင်းသွားကာ ချက်ချင်းဆိုသလိုပင် စူးရှပြင်းထန်ပြီးချိုမြသောခံစားချက်မျိုးက သူ၏ရင်ဘတ်အတွင်း၌ ပျံ့နှံ့သွားသည်။
ဤဝိုင်သည် သူနှင့်စိမ်းသက်သောအရာ မဟုတ်ချေ။
ဤသည်က အတိတ်ဘဝတွင် သူနှင့်ယဲ့ရွှယ်လန် ဖန်တီးခဲ့သောဝိုင်ပင်။
ထိုအချိန်တုန်းက သူနှင့်ယဲ့ရွှယ်လန်သည် ရန်သူများ၏ လိုက်လံဖမ်းဆီးသတ်ဖြတ်ခြင်းကိုခံရပြီး အပြင်းအထန်ဒဏ်ရာရရှိခဲ့သည်။သူတို့၏ကျင့်ကြံခြင်းများလည်း ပျက်စီးသွားသဖြင့် သူတို့ထံ၌ ရွေးချယ်စရာမရှိတော့ဘဲ သေမျိုးကမ္ဘာလောကအတွင်း၌ပုန်းအောင်းကာ သူတို့၏ဒဏ်ရာများကို တိတ်တဆိတ်ကုသနေခဲ့ရသည်။
သူတို့နှစ်ယောက်သည် ဝိုင်ရောင်းချသောလင်မယားဟန်ဆောင်ခဲ့ကြသည်။သို့ရာတွင် သူတို့၏ဝိုင်သည် သေမျိုးမြို့တွင်း၌ နာမည်ကျော်ကြားလာခဲ့ကာ နောက်ပိုင်းတွင် သေမျိုးနိုင်ငံတစ်ခုလုံးအနှံ့ပျံ့နှံ့သွားသည်။
ထိုအချိန်မှာပင် လုယွီသည် လောကကြီး၏တာအိုလမ်းကြောင်းကို နားလည်သဘောပေါက်မိကာ နယ်မြေသခင်နယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်နိုင်ခဲ့သည်။
ထို့နောက် လုယွီ တာအိုသခင်ဖြစ်လာစဥ်တွင် သူ၏အားလပ်ချိန်များ၌ ဝိုင်အရက်တချို့ကို ဖော်စပ်ကာ လက်အောက်ငယ်သားများကို ဆုလာဘ်အဖြစ်ချီးမြှင့်လေ့ရှိသည်
မြေအောက်လောကနှင်းဝိုင်သည် စူးရှပြင်းထန်ပြီးချိုမြရုံသာမက အလွန်အမင်းအံ့အားသင့်ဖွယ်ကောင်းသော ဆေးတစ်မျိုးလည်းဖြစ်သည်။ထိုဝိုင်အရက်ကိုတစ်ကျိုက်သောက်မိရုံဖြင့် တစ်စုံတစ်ယောက်၏ကျင့်ကြံခြင်းတွင် ကြီးမားသောကူညီထောက်ပံမှုဖြစ်စေသည်။
ထိုအချိန်တုန်းက လုယွီသည် စွမ်းဆောင်ရည်ကောင်းမွန်သော ငယ်သားတချို့ကိုသာ ဆုလာဘ်အဖြစ် ထိုဝိုင်ကိုချီးမြှင့်ခဲ့သည်။သို့ရာတွင် ယခုလက်ရှိအချိန်၌ ထိုဝိုင်တစ်အိုးသည် ဖူကျစ်ရွှယ်၏လက်အတွင်းသို့ ရောက်ရှိနေပေ၏။ကြည့်ရသည်မှာ မြေအောက်လောကနယ်မြေသည် ဖရိုဖရဲအခြေ၌ ရှိနေပုံပင်။
အတိတ်ဘဝအကြောင်းကို တိတ်ဆိတ်ငြိမ်သက်စွာ တွေးတောနေရင်း လုယွီသည် မူးယစ်ရီဝေသောအခြေအနေသို့ ကျရောက်သွားသည်။
အချိန်တခဏကြာပြီးနောက် လုယွီ၏မျက်လုံးများ တောက်ပသွားသည်။
"ကောင်းလိုက်တဲ့ဝိုင်...စီနီယာအကိုကြီးက တကယ့်ကို အမြင်ကောင်းရှိတာပဲ"
"ဟား ဟား ဟား...တကယ်တော့ ဒီဝိုင်ကိုဖော်စပ်ခဲ့တဲ့ပုဂ္ဂိုလ်က မရှိတော့ဘူး...ဒီဝိုင်မျိုးက နည်းနည်းပဲကျန်တော့တာလို့ ပြောလို့ရတယ်...နတ်ဘုရားဓားအမတ်ကြီး...ငါ့ရဲ့ဂျုနီယာညီလေးကြောင့် မင်းပါ ဒီလိုဝိုင်မျိုးကို ပျော်ပျော်ရွှင်ရွှင် မြည်းစမ်းခွင့်ရသွားပြီ"
ဖူကျစ်ရွှယ်က ရယ်မောရင်းပြောဆိုသည်။
နတ်ဘုရားဓားအမတ်ကြီးသည် ဖူကျစ်ရွှယ်၏နောက်ပြောင်ကျီစယ်ခြင်းကို ဂရုစိုက်ခြင်းမရှိဘဲ ဝိုင်အရက်ကိုသာ ဆက်လက်သောက်သုံးနေသည်။
လုယွီက မေးမြန်းလိုက်၏။
"စီနီယာအကိုက မြေအောက်လောကနယ်မြေကိုသွားတဲ့ ခရီးစဥ်အတွင်းမှာ ဒီလိုဝိုင်မျိုးကို ဘယ်လိုများရှာခဲ့လဲဆိုတာ ကျွန်တော် တကယ်ကိုသိချင်မိတယ်...မြေအောက်လောကနယ်မြေက အရင်ကလို တော်ဝင်နန်းတွင်းရဲ့ထိန်းချုပ်မှုအောက်မှာမရှိတော့ဘူးလို့ ကျွန်တော်ကြားထားတယ်....အခုကိစ္စကို တော်ဝင်နန်းတော်က ဝင်ရောက်စွက်ဖက်တော့ ဘာပြဿနာမှမတက်ဘူးလား"
လုယွီက သွယ်ဝိုက်၍ မေးမြန်းလိုက်ခြင်းပင်။သူ သေဆုံးပြီးနောက် မြေအောက်လောကနယ်မြေတွင် မည်ကဲ့သို့အခြေအနေမျိုးရှိနေသည်ကို သူ သိလိုပေ၏။
ဖူကျစ်ရွှယ်က သူ၏ခေါင်းကိုခါယမ်းပြီး ပြောဆိုသည်။
"အဲ့ဒီအကြောင်းကိုပြောရမယ်ဆိုရင် မြေအောက်လောကနယ်မြေနဲ့ငါတို့အင်ပါယာက စိတ်နှလုံးသားအရရော အပြုအမူတွေအရပါ အပြည့်အဝကွဲပြားခြားနားနေတယ်...တကယ်လို့ ဧကရာဇ်ရဲ့အဆင့်အတန်းကြောင့်သာမဟုတ်ရင် သူတို့က ဘယ်တော့မှ လက်အောက်ခံမှာမဟုတ်ဘူး"
"အခုချိန်မှာ...မြေအောက်လောကရဲ့နယ်မြေတစ်ဆယ်ရှစ်ခုမှာ တစ်ဆယ့်ခြောက်ခုက ငါတို့အင်ပါယာရဲ့လက်အောက်ခံတွေပဲ...ဒါပေမယ့် ချန်းမိုနဲ့ဖန်းကျူဦးဆောင်တဲ့ နယ်မြေနှစ်ခုက အစစ်အမှန်သစ္စာခံတွေမဟုတ်ဘူး...တခြားနယ်မြေတွေရဲ့အရှင်သခင်တွေက ငါတို့အင်ပါယာကို သစ္စာခံမယ်လို့ကြေငြာခဲ့တုန်းက သူတို့နှစ်ယောက်ကပူးပေါင်းခဲ့ပေမယ့်...နောက်ကွယ်မှာ လှုပ်ရှားမှုလေးတွေအများကြီးလုပ်ဆောင်နေခဲ့တယ်"
"အထူးသဖြင့် ရှုရာနယ်မြေရဲ့ပုန်ကန်မှုမှာ မြေအောက်လောကနယ်မြေကလူတွေ သွားပြီးတော့ အခွင့်အရေးယူခဲ့ကြပုံပဲ...ပြီးတော့ နတ်ဘုရားအမတ်ကြီးရှက သူ့ရဲ့စွမ်းအားကိုပြသတဲ့အနေနဲ့ မြေအောက်လောကရဲ့နယ်မြေသခင်တစ်ယောက်ကို သတ်ဖြတ်ခဲ့တယ်...နောက်ထပ်ပုန်ကန်လာမှာက မြေအောက်လောကနယ်မြေဖြစ်နေမှာကို ငါ စိုးရိမ်မိတယ်"
Chapter 2077
ဖူကျစ်ရွှယ်၏စကားများကို နားထောင်ပြီးနောက် လုယွီသည် မြေအောက်လောကနယ်မြေ၏အခြေအနေကို အကြမ်းဖျင်းသိရှိသွားခဲ့သည်။
လုယွီ သေဆုံးသွားပြီးနောက် မြေအောက်လောက၏နယ်မြေဆယ့်ရှစ်ခုအနက် ဆယ့်ခြောက်နယ်မြေသည် သူ့အား သစ္စာဖောက်ခဲ့သည်ကို ကြားသိရချိန်တွင် သူ အလွန်ထိတ်လန့်တုန်လှုပ်သွားရ၏။
သို့ရာတွင် ချန်းမိုနှင့်ဖန်းကျူ သူ့အားသစ္စာဖောက်မှုမရှိခြင်းသည် လုယွီ မျှော်လင့်မထားမိသော ကိစ္စတစ်ရပ်ပင်။
ထိုနယ်မြေအရှင်သခင်နှစ်ယောက်သည် ယခင်က လုယွီ၏တန်ဖိုးထားခြင်းကိုခံရသူများ မဟုတ်ချေ။ဤအခြေအနေမျိုး၌ သူတို့နှစ်ယောက်သည် အဆုံးထိတင်းခံနေမည်ဟု လုယွီ မျှော်လင့်ထားမိခြင်းမရှိပေ။
"ဂျုနီယာညီလေး...မင်းက ရှုရာနယ်မြေနဲ့တိုက်ပွဲမှာတုန်းက ကြီးမားတဲ့တိုက်ပွဲအကျိုးဆောင်မှုတွေလုပ်ခဲ့တယ်...တော်ဝင်စစ်တပ်ကိုလည်း အောင်အောင်မြင်မြင် နောက်ဆုတ်နိုင်အောင် ကူညီပေးနိုင်ခဲ့တော့ မင်းရခဲ့တဲ့ တိုက်ပွဲအကျိုးဆောင်ရမှတ်တွေက ကြောက်ခမန်းလိလိပဲ...မင်းက ရှုရာဧကရာဇ်တစ်ယောက်ကိုလည်း ချိပ်ပိတ်ထားတယ်လို့ ငါ ကြားထားတယ်...တရားစီရင်ရေးဌာနကလူတွေက အဲ့ဒီကိစ္စကို စုံစမ်းစစ်ဆေးချင်ကြပေမယ့် ငါ အဲ့ဒီကိစ္စကို ဖိနှိပ်ထားတယ်...မင်း အဲ့ဒီရှုရာဧကရာဇ်ကို ဘာပဲလုပ်လုပ် တော်ဝင်နန်းတွင်းက ထပ်ပြီးစုံစမ်းစစ်ဆေးမှာမဟုတ်ဘူး"
ဖူကျစ်ရွှယ်က ဝိုင်တစ်ငုံငုံ၍ ပေါ့ပေါ့ပါးပါး ပြောဆိုသည်။
ထိုစကားကိုကြားသည်နှင့် လုယွီသည် ကူကယ်ရာမဲ့စွာဖြင့် ထိတ်လန့်တုန်လှုပ်သွားသည်။ဤသည်က သူ ကံကောင်းသွားခြင်းပင်။
ယခုချိန်၌ ရှုရာဧကရာဇ်ကသူ၏ရုပ်သေး ဖြစ်နေလေပြီ။အကယ်၍ ရှုရာဧကရာဇ်ကိုသာ တရားစီရင်ရေးဌာနမှခေါ်ဆောင်သွားပါက သူ၏နံဘေးရှိ တိုက်ခိုက်ရေးစွမ်းအားတစ်ခု လျော့နည်းသွားပေမည်။
အမှန်အားဖြင့် တာယွီတော်ဝင်နန်းတွင်းသည် ရှုရာဧကရာဇ်ထံမှ လုယွီနှင့်ပတ်သက်၍ သံသယဖြစ်ဖွယ်အချက်အလက်များကိုပင် တွေ့ရှိသွားနိုင်သည်။
တော်ဝင်နန်းတွင်း၌ လုယွီ၏နေရာသည် ယခုထိတိုင် ခိုင်မာမှုမရှိသေးချေ။အကယ်၍ သူ့ထံတွင် သံသယဖြစ်ဖွယ်အချက်အလက်များကိုသာ တွေ့ရှိသွားပါက သူ အလွန်ကြီးမားသောပြဿနာများကို ဖြေရှင်းရပေမည်။
နတ်ဘုရားဓားအမတ်ကြီးက ခပ်ဖျော့ဖျော့အပြုံးနှင့် ပြောဆိုသည်။
"သူက ရှုရာဧကရာဇ်လေးတစ်ယောက်ပဲလေ...အဲ့ဒီနေ့က ထန်အင်ပါယာကလူတွေထွက်လာပြီး ငါ့ကိုဟန့်တားမထားဘူးဆိုရင် ရှုရာနတ်ဘုရားရဲ့ရုပ်ခန္ဓာကိုယ်က ငါ့လက်ထဲကိုရောက်နေလောက်ပြီ"
ဖူကျစ်ရွှယ်က သူ၏ခေါင်းကိုခါယမ်းပြီး ပြောဆိုလိုက်၏။
"ထန်အင်ပါယာက ခြိမ်းခြောက်နိုင်တဲ့အရှိန်အဟုန်နဲ့ ထွက်ပေါ်လာခဲ့တယ်...ကြည့်ရတာတော့ ထန်နိုင်ငံတော်ရဲ့ဧကရာဇ်မင်းက အလယ်ခေတ်ကနောက်ဆုံးအုပ်ချုပ်သူဖြစ်ပုံရတယ်....အလယ်ခေတ်ထန်အင်ပါယာက နှစ်တွေအများကြီးကြာအောင် သည်းခံနိုင်မယ်လို့ ငါ မျှော်လင့်မထားမိဘူး...သူတို့က လှုပ်ရှားဖို့အခွင့်အရေးကောင်းကို ရှာနေတာပဲ...သူတို့ရဲ့အချိန်ကိုက်လှုပ်ရှားမှုက အရမ်းကိုတိကျလွန်းတယ်...တကယ်လို့ သွားလေသူဧကရာဇ်သာရှိနေအုံးမယ်ဆိုရင် နည်းနည်းတော့တောင့်ခံနိုင်အုံးမယ်...ဒါပေမယ့် အခုချိန်မှာတော့ ငါတို့က တိုက်ခိုက်ဖို့မဖြစ်နိုင်တော့ အရှုံးပေးအညံခံရုံပဲရှိတယ်"
ထို့နောက် သူတို့က ဝိုင်အရက်များကို ဆက်လက်၍သောက်သုံးလိုက်ကြ၏။ဖူကျစ်ရွှယ်က သူ၏ခေါင်းကိုခါယမ်းပြီး ပြောဆိုသည်။
"အဲ့ဒီ စိတ်ဓာတ်ကျစရာစကားတွေကို ဆက်ပြီးပြောမနေတော့ဘူး...ငါတို့ရဲ့ဂျူနီယာညီလေးအကြောင်းပဲ ပြောကြရအောင်...မင်းက အခုချိန်မှာ ရွှမ်းဝူစစ်ဗိုလ်ချုပ်ဖြစ်နေပေမယ့် ဒါက ရာထူးအရပဲရှိတယ်...အစစ်အမှန် အခွင့်အာဏာမျိုးမရှိဘူး...အခုချိန်မှာ စစ်ပွဲပြီးဆုံးသွားပြီ...မင်းက ကျားတံဆိပ်ပြားမရှိဘဲနဲ့ စစ်သားတွေကို အမိန့်ပေးနိုင်မှာမဟုတ်ဘူး"
လုယွီက ခေါင်းညိတ်ပြလိုက်သည်။သူ ထိုကိစ္စကို ရှင်းရှင်းလင်းလင်းသိရှိပေ၏။
"တကယ်လို့ မင်းက တရားဝင်အရာရှိတစ်ယောက် ဖြစ်ချင်တယ်ဆိုရင် မင်းက တော်ဝင်စာမေးပွဲကိုအမှီပြုပြီးတော့ ရာထူးတိုးအောင်လုပ်ဖို့လိုအပ်တယ်...ဒါမှမဟုတ် မင်းရဲ့စစ်ရေးအောင်မြင်မှုတွေ နဲ့ပဲဖြစ်ဖြစ် ဆရာသခင်ရဲ့နာမည်နဲ့ပဲဖြစ်ဖြစ် မင်း ရာထူးတိုးအောင်လုပ်လို့ရတယ်...ဒါပေမယ့် နောက်နှစ်ချက်ကို မရွေးချယ်ဖို့ ငါ မင်းကို အကြံပေးချင်တယ်...ဘာလို့လဲဆိုတော့ အဲ့ဒါတွေက မှန်ကန်တဲ့လမ်းကြောင်းမဟုတ်ဘူး...အရင်ဧကရာဇ်ဟောင်းက ပြီးပြည့်စုံတဲ့အမိန့်အာဏာကို တည်ထောင်ပြီးတော့ ရှေးဟောင်းအချိန်တွေတုန်းကလို ဖရိုဖရဲအခြေအနေမျိုးကို ပြန်မရောက်စေချင်ဘူး...ဒါကြောင့် သူက ဂိုဏ်းတွေနဲ့မြင့်မြတ်နယ်မြေတွေအားလုံးကို စောင့်ကြည့်ခဲ့တယ်...စိတ်ဝိညာဥ်နယ်ပယ်အရာရှိတစ်ယောက်ဖြစ်နေရင်တောင် မြေကမ္ဘာအင်မော်တယ်နယ်ပယ်ဂိုဏ်းချုပ်တွေကို မေးခွန်းထုတ်ရဲရမယ်...ဒါက စည်းမျဥ်းဥပဒေပဲ...ဘယ်ဂိုဏ်း ဘယ်အင်အားစုကမှ ဒါကိုမလိုက်နာဘဲနေလို့မရဘူး"
"ဆရာသခင်က မင်းကို သင်ပြပေးမယ့်သူသက်သက်ပဲ...မင်းက စာပေသူတော်စင်ရဲ့တပည့်တစ်ယောက်ဆိုပေမယ့် တကယ်လို့ မင်းက ဒီဆက်ဆံရေးကိုအသုံးချပြီး အရာရှိလမ်းကြောင်းထဲကိုဝင်ရောက်မယ်ဆိုရင် မင်းရဲ့ဂုဏ်သတင်းက ကောင်းမွန်မှာမဟုတ်ဘူး...နောက်နှစ်ထဲမှာ တော်ဝင်စာမေးပွဲရှိတယ်...မင်းက ကျောင်းတော်သားတစ်ယောက်အနေနဲ့ဝင်ဖြေဖို့က အရမ်းနောက်ကျသွားပြီ...ငါ မင်းကို ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်မှာ အရင်ဆုံးကျင့်ကြံဖို့ ပြင်ဆင်ပေးထားတယ်"
ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်ဟု ဆိုသလော...
လုယွီ၏မျက်ခုံးများ မြင့်တက်သွားသည်။ယခင်က ရှားဟိုလီ သူ့အား ပြောဆိုခဲ့သည့်စကားများကို သူ အမှတ်ရနေဆဲပင်။
တော်ဝင်မြို့တော်အတွင်း၌ ကျောင်းတော်ငါးခုရှိပြီး တူညီသောစီမံခန့်ခွဲမှုများရှိသည်။ကျောင်းတော်များအားလုံးကို သူတော်စင်အဆင့် ကျောင်းအုပ်ကြီးများက အုပ်ချုပ်ကြ၏။
နှစ်စဥ်နှစ်တိုင်း ထိုကျောင်းတော်များမှနေ၍ တော်ဝင်စာမေးပွဲကို ဝင်ရောက်ဖြေဆိုရန် နေရာတစ်နေရာစာဆီရရှိသည်။
"ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်က ဆရာသခင် အရင်တုန်းကကျင့်ကြံခဲ့တဲ့နေရာပဲ...ဒီအချက်ကြောင့်ပဲ အဲ့ဒီကျောင်းတော်ကတပည့်တွေက တော်ဝင်စာမေးပွဲကိုဝင်ရောက်ဖြေဆိုဖို့ အရည်အချင်းပြည့်မီတယ်"
"မင်းကို တော်ဝင်ကျောင်းတော်ဆီမလွှက်တာက ငါ့ရဲ့ဆုံးဖြတ်ချက်ပဲ...ဒီနှစ်တွေအတွင်းမှာ ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်ရဲ့လုပ်ဆောင်ချက်တွေက ကျောင်းတော်ငါးခုအကြားမှာ အဆိုးရွားဆုံးဖြစ်နေတယ်"
"ဆရာသခင်က တာယွီအင်ပါယာရဲ့မဟာဆရာသခင်ဖြစ်နေပြီးတော့ ငါက အတွင်းဝန်ရုံးမှာ တာဝန်ထမ်းဆောင်နေတယ်...ငါတို့က အဲ့ဒီကိစ္စကို အများကြီးကြားဝင်စွက်ဖက်လို့မရဘူး...ဒါပေမယ့် ဂျူနီယာညီလေး...မင်းက ဆရာသခင်ရဲ့ကျောင်းတော်ကို အောက်ဆုံးထိနိမ့်ကျနေတာကိုတော့ မမြင်ချင်ဘူးလို့ ငါ ထင်တယ်...ဟုတ်တယ်မလား"
Chapter 2078
ဖူကျစ်ရွှယ်၏မျက်နှာပေါ်၌ လှည့်ဖျားတက်သောအပြုံးမျိုး ထင်ဟပ်နေသည်။
နတ်ဘုရားဓားအမတ်ကြီးက ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်၏။
"မင်းက ဘယ်လိုကောင်မျိုးလဲ....မင်းရဲ့ဂျူနီယာညီလေးအပေါ်မှာတောင် အကွက်ချစီမံနေတယ်...ဒါပေမယ့် လုယွီရဲ့အရည်အချင်းနဲ့ဆိုရင် သူ ဘယ်နေရာကိုပဲသွားသွား သူနဲ့မျိုးဆက်တူလူငယ်တွေကို အနိုင်ယူဖို့ဆိုတာ ခက်ခဲမှာမဟုတ်ဘူး"
လုယွီက ဖူကျစ်ရွှယ်၏ရည်ရွယ်ချက်ကို ကောင်းစွာနားလည်သဘောပေါက်ထားသည်။
ယီယန်သည် စာပေသူတော်စင်တစ်ယောက်ဖြစ်သည့်အပြင် တာယွီအင်ပါယာ၏မဟာဆရာသခင်လည်းဖြစ်သည်။သူ ကျင့်ကြံခဲ့သည့်ကျောင်းတော် အောက်ဆုံးထိနိမ့်ကျနေခြင်းကို မည်သည့်နည်းဖြင့် ခွင့်ပြုနိုင်မည်နည်း။
ဖူကျစ်ရွှယ်သည် ဤကိစ္စကိုကြိုတင်စီစဥ်ခဲ့သော်လည်း လုယွီသည် လိုလိုလားလားကူညီပေးရန် ဆန္ဒရှိပေ၏။
"ဒါက ကိစ္စငယ်လေးတစ်ခုပါ...တကယ်လို့ တခြားအချိန်တွေမှာဆိုရင် ငါနဲ့နတ်ဘုရားဓားအမတ်ကြီး မင်းကိုကူညီလိုက်တာနဲ့ မင်း ထိပ်ဆုံးထိတက်သွားနိုင်လိမ့်မယ်...ဒါပေမယ့် အခုချိန်မှာ အခြေအနေတွေက ပြောင်းလဲသွားပြီ...လော့ရွှေကြယ်မြစ်က အင်ပါယာကနေခွဲထွက်သွားတဲ့အပြင် ထန်အင်ပါယာကလည်း ထွက်ပေါ်လာခဲ့တယ်...အရာအားလုံးက အပြောင်းအလဲတွေနဲ့ ပြည့်နှက်နေတယ်...နောင်အနာဂတ်မှာ ဘာတွေဖြစ်လာမလဲဆိုတာပြောနိုင်ဖို့ အရမ်းခက်ခဲတယ်...မင်းက ကိစ္စတိုင်းကို မင်းကိုယ်တိုင်ဖမ်းဆုပ်နိုင်ဖို့လိုအပ်တယ်"
ဖူကျစ်ရွှယ်က သူ၏ဝိုင်ခွက်ကိုမြှောက်၍ ရယ်မောလိုက်သည်။
"ဒီနေ့ညတော့ တခြားကိစ္စတွေမပြောတော့ဘူး...ငါတို့ သောက်ကြစို့"
သူတို့သုံးယောက်လုံး ညလုံးပေါက် ဝိုင်သောက်သုံးကြ၏။
တံလျှပ်ပင်လယ်မျှော်စင်၌ ဖူကျစ်ရွှယ်နှင့်နတ်ဘုရားဓားအမတ်ကြီးတို့သည် သူတို့၏ကိုယ်ပိုင်အလုပ်ကိစ္စများကို ဆောင်ရွက်ရန်ရှိနေသဖြင့် အရင်ထွက်ခွါသွားတော့သည်။
တခြားတစ်ဖက်တွင်မူ လုယွီသည် စိတ်ဝိညာဥ်မီးနယ်မြေသို့ဝင်ရောက်နိုင်ရန် ရှောင်အိမ်တော်သို့ သွားခဲ့သည်။
မနက်စောစောအချိန်၌...
ရှောင်အိမ်တော်တွင် အစောင့်များ တင်းတင်းကြပ်ကြပ်နေရာချထားလေ၏။ထိုအစောင့်များ၏လက်အတွင်း၌ ထက်ရှသောဓားရှည်များကို ကိုင်ဆောင်ထားကာ အိမ်တော်ပြင်ပ၌ စောင့်ကြပ်နေကြသည်။
လူအားလုံး၏အကြည့်များအောက်တွင် လုယွီသည် ရှောင်အိမ်တော်၏တံခါးဝသို့ ရောက်ရှိလာခဲ့သည်။
ရုတ်ချည်းဆိုသလိုပင် လုယွီသည် ရှောင်အိမ်တော်ပင်မတံခါးမကြီး၏ရှေ့၌ လှံရှည်တစ်ချောင်းစိုက်ထူထားသည်ကို သတိပြုလိုက်မိ၏။
စစ်ဗိုလ်ချုပ်များနှင့်ထိပ်တန်းမိသားစုကြီးများအားလုံးနီးပါး၏ အိမ်တော်တံခါးမကြီးများရှေ့၌ လှံရှည်များကိုစိုက်ထူထားလေ့ရှိသည်။ထိုလှံရှည်သည် တပ်မှူးချုပ်၏အလံနှင့်တူညီပြီး မိသားစုခေါင်းဆောင်သည် အိမ်တော်ကို စီမံကွပ်ကဲနေကြောင်း ညွှန်ပြနေသည်။
ကြည့်ရသည်မှာ ရှောင်မိသားစုဘိုးဘေးသည် အိမ်တော်သို့ ပြန်လည်ရောက်ရှိနေပုံရပေ၏။
လုယွီက ချီစောင့်ကြည့်ခြင်းနည်းစနစ်ကိုအသုံးပြု၍ တစ်ချက်ကြည့်လိုက်ရာ ရှောင်အိမ်တော်အတွင်း၌ ထူထပ်သိပ်သည်းသောကံကြမ္မာအလင်းတန်းများ ထွက်ပေါ်နေခြင်းကို တွေ့မြင်မိသည်။ထိုကံကြမ္မာအလင်းတန်းများအကြားမှ ဆယ်ခုကျော်သည် ခရမ်းရောင်ချီအလင်းတန်းများဖြစ်ပေ၏။
အကယ်၍ ထိုလူများသာ ပြင်ပလောကသို့ထွက်လာပါက ဂိုဏ်းများမှမဟာအကြီးအကဲများအဖြစ် ရပ်တည်နိုင်သည်။ဤအခြင်းအရာကိုကြည့်ခြင်းအားဖြင့် ရှောင်အိမ်တော်၏အင်အား မည်မျှထိထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းသည်ကို တွေ့မြင်နိုင်ပေ၏။
"ဗိုလ်ချုပ်လု...မိသားစုခေါင်းဆောင်က ဗိုလ်ချုပ်ကို ဖိတ်ကြားလိုက်ပါတယ်"
အိမ်တော်ထိန်းက လုယွီထံသို့လာရောက်၍ ပြောဆိုသည်။
လုယွီက ခေါင်းညိတ်ပြပြီး ရှောင်အိမ်တော်၏တံခါးမကြီးကို ကြည့်လိုက်သည်။
ထိုအချိန်တုန်းက သူ၏ရာထူးအဆင့်အတန်းကို ဤနေရာ၌ သူ ထုတ်ဖော်ပြောဆိုခဲ့ခြင်းမရှိချေ။ဤအချိန်အတောအတွင်းတွင် ရှောင်မိသားစုသည် သူ၏သရုပ်မှန်ကို စုံစမ်းစစ်ဆေးထားသည်မှာ သိသာထင်ရှားလှ၏။
လုယွီသည် အိမ်တော်ထိန်း၏နောက်မှလိုက်၍ တောင်တန်းများကိုကာဆီးထားသော နံရံများကိုဖြတ်ကျော်ကာ စာကြည့်ခန်းတစ်ခန်းရှေ့သို့ ရောက်ရှိလာခဲ့သည်။
စာကြည့်ခန်းတံခါးကို တွန်းဖွင့်လိုက်ချိန်တွင် အတွင်း၌ ဖြူရော်သောမျက်နှာဖြင့်လူလတ်ပိုင်းကြီးတစ်ယောက်ထိုင်နေခြင်းကို သူ တွေ့မြင်မိသည်။ထိုလူကြီး၏မျက်နှာပေါ်တွင် ရှည်လျားသောမုတ်ဆိတ်မွှေးများရှိနေကာ သူ၏မျက်နှာသည် တစ်နေရာရာ၌ ရှောင်ချင်နှင့်ဆင်တူနေသည်။
ဤှသည်က ရှောင်ချင်၏ဖခင် ရှောင်ချွမ်ဖြစ်ကာ လက်ရှိ ရှောင်မိသားစုခေါင်းဆောင်ပင်။
ရှောင်မိသားစုသည် စစ်တပ်မိသားစုတစ်စုဖြစ်သည့်အပြင် ရှောင်မိသားစုဘိုးဘေးသည် သူ၏ထူးချွန်သောစစ်ရေးအောင်မြင်မှုများကြောင့် မြင့်မြတ်သောဘွဲ့ထူးများကို ချီးမြှင့်ခံရကာ နောက်ဆုံး၌ အမတ်ကြီးအဖြစ် ရာထူးတိုးမြှင့်ပေးခြင်းခံရသည်။
တာယွီအင်ပါယာတွင် အမတ်ကြီးရာထူးနေရာကို လွယ်လင့်တကူခန့်အပ်ခြင်းမပြုချေ။သို့ရာတွင် ထိုရာထူးကိုခန့်အပ်ခံရသည်နှင့် ထိုလူသည် တာယွီအင်ပါယာအတွက် များစွာအကျိုးဆောင်ခဲ့ကြောင်း ပြသနေပေ၏။မည်သို့ပင်ဆိုစေကာမူ အမတ်ကြီးနေရာကိုရရှိရန်အတွက် ရန်သူအင်အားစုအမြောက်အများကို ဖယ်ရှားရှင်းလင်းခဲ့ရပေမည်။ထို့ကြောင့် အမတ်ကြီးရာထူးရရှိထားသူများကို စစ်တပ်အတွင်း၌ အားအကောင်းဆုံးသူများအဖြစ် ယူဆထားကြသည်။
ရှောင်ချွမ်သည်လည်း မဟာစစ်ဗိုလ်ချုပ်တစ်ယောက်ဖြစ်ကာ ဗာမီလီယန်တပ်ရင်း၏တပ်မှူးလည်းဖြစ်သည်။ရာထူးအဆင့်အရ သူသည် လုယွီထက် များစွာပို၍မြင့်မားသည်။
"လုယွီလား...ထိုင်ပါအုံး...ငါ အရင်က အိမ်တော်မှာရှိမနေခဲ့တော့ အိမ်တော်မှာဖြစ်ပျက်ခဲ့တဲ့ကိစ္စတွေကို ဘာမှမသိခဲ့ရဘူး...ဒီတစ်ကြိမ်မှာ ငါ့ရဲ့သမီးကိုကူညီခဲ့တဲ့အတွက် မင်းကို ကျေးဇူးတင်ရမယ်"
ရှောင်ချွမ်၏မျက်နှာပေါ်၌ အပြုံးတစ်ခုရှိနေသော်လည်း အပြုံးတုတစ်ခုပင်။သူ၏အသံသည် အလွန်အေးစက်တင်းမာနေပေ၏။
လုယွီက တည်ငြိမ်စွာပြောဆိုသည်။
"ကျွန်တော်က စိတ်ဝိညာဥ်မီးနယ်မြေထဲကိုဝင်ဖို့ ဒီနေရာကိုလာခဲ့တာပါ...တပ်မှူးက ကျေးဇူးပြုပြီးတော့ ကျွန်တော်ရဲ့ဆန္ဒကို ဖြည့်ဆည်းပေးပါ"
"ငါတို့အိမ်တော်က ကတိပေးပြီးမှတော့ ငါ အဲ့ဒီကိစ္စကို ဖြည့်ဆည်းပေးမှာပါ...မင်းက အရည်အချင်းရှိတဲ့လူတစ်ယောက်ပဲ...ဒီလောက်အသက်ငယ်ငယ်လေးနဲ့ ကြီးမားတဲ့ခွန်အားမျိုးရှိနေတယ်...မင်းရဲ့အနာဂတ်က အကန့်အသတ်ရှိမှာမဟုတ်ဘူး"
ထို့နောက် ရှောင်ချွမ်က လုယွီကိုစူးစိုက်ကြည့်ပြီး စကားလမ်းကြောင်းပြောင်းလိုက်သည်။
"ဒါပေမယ့် မင်းက ချင်အာကို လိုချင်တပ်မက်နေတယ်ဆိုရင်တော့...အဲ့ဒီအတွေးကိုလက်လျှော့လိုက်ဖို့ ငါ မင်းကို အကြံပေးချင်တယ်"
Chapter 2079
အမ်...
လုယွီက အနည်းငယ်အံ့အားသင့်သွားသည်။မည်သည်ကြောင့် ရှောင်ချွမ်က ရုတ်တရက်ကြီး ထိုကဲ့သို့စကားမျိုးပြောသည်ကို သူ မသိရှိချေ။
ရှောင်ချင်သည် ချောမောလှပသောရုပ်ရည်ရူပကာရှိသည့်အပြင် ထင်ပေါ်ကျော်စောသော မိသားစုနောက်ခံလည်းရှိသည်။သို့ရာတွင် လုယွီသည် စိတ်ဝိညာဥ်မီးနယ်မြေအတွင်းသို့ ဝင်ရောက်နိုင်ရန်အတွက်သာ သူမကိုကယ်တင်ခဲ့ခြင်းဖြစ်ပြီး သူ့ထံ၌ တခြားမည်သည့်အတွေးမျိုးမျှရှိမနေချေ။
"တပ်မှူးက ကျွန်တော်ကို နားလည်မှုလွဲနေပြီ...တပ်မှူးရဲ့သမီးနဲ့ပတ်သက်ပြီးတော့ ကျွန်တော်မှာ တခြားဘာအတွေးမှမရှိပါဘူး"
လုယွီက တည်ငြိမ်စွာ ပြောဆိုသည်။
ရှောင်ချွမ်က အေးစက်စက်လေသံဖြင့် ပြောဆိုလိုက်၏။
"ဒါက ကောင်းတဲ့ကိစ္စပဲ...စိတ်ဝိညာဥ်မီးနယ်မြေက သုံးရက်ကြာဖွင့်ထားလိမ့်မယ်...ဒီသုံးရက်ပြီးတာနဲ့ မင်း ထွက်သွားနိုင်ပြီ...မင်းနဲ့ရှောင်မိသားစု ဘာမှမသက်ဆိုင်တော့ဘူး"
လုယွီသည် သူ၏သမီးကိုကယ်တင်ခဲ့သူဖြစ်သည့်တိုင် ရှောင်ချွမ်၏လေသံမှာ အလွန်အမင်း အေးစက်တင်းတာနေသည်။ထို့ပြင် သူက လုယွီသည် သူ၏သမီးဖြစ်သူကို လိုချင်တပ်မက်ခြင်းမရှိစေရန် သတိကြီးစွာထား၍ ကာကွယ်တားဆီးနေပေ၏။
လုယွီက သူ၏ခေါင်းကိုခါယမ်းလိုက်သည်။ရှောင်မိသားစုသည် ထိပ်သီးမိသားစုကြီးရှစ်ခုအနက်မှတစ်ခုဖြစ်ပြီး နာမည်ကျော်ကြားသည့်တိုင် သူသည် ထိုမိသားစုနှင့်ပတ်သက်၍ မည်သည့်စိတ်ခံစားချက်မျိုးမျှရှိမနေချေ။
"အိမ်တော်ထိန်း...ဗိုလ်ချုပ်လုကို မင်းနဲ့အတူခေါ်သွားလိုက်တော့...စိတ်ဝိညာဥ်မီးနယ်မြေကို ဖွင့်ပြီးနေလောက်ပြီ"
ရှောင်ချွမ်က သူ၏လက်ကိုဝှေ့ယမ်းကာ လုယွီကို မောင်းထုတ်လိုက်၏။
ရှောင်မိသားစုခေါင်းဆောင်ထံတွင် ဤကဲ့သို့အပြုအမူမျိုးရှိနေသဖြင့် လုယွီကလည်း ကြာရှည်ဆက်၍နေလိုခြင်းမရှိချေ။သူက နောက်သို့ပြန်လှည့်၍ အိမ်တော်ထိန်းနှင့်အတူ စာကြည့်ခန်းအတွင်းမှ ထွက်ခွါခဲ့တော့သည်။
လုယွီ ထွက်ခွါသွားပြီးနောက် စစ်ဗျူဟာရှင်တစ်ယောက်ကဲ့သို့ဝတ်ဆင်ထားသော လူကြီးတစ်ယောက်က စာအုပ်စင်များ၏နောက်မှ ထွက်ပေါ်လာသည်။
"မိသားစုခေါင်းဆောင်...ကျွန်တော်တို့က ဒီကောင်လေးနဲ့ပတ်သက်တဲ့မှတ်တမ်းတွေအားလုံးကို ရှာဖွေပြီးပါပြီ...အဲ့ဒီကောင်လေးက အရင်တုန်းက ရှားဟိုလီရဲ့လက်အောက်ခံတပ်စုမှူးတစ်ယောက်ပဲ...မမျှော်လင့်ဘဲ သူက စစ်တပ်ထဲမှာ ထူးချွန်ပြောင်မြောက်တဲ့အရည်အချင်းတွေကို ပြသနိုင်ခဲ့တယ်...သူက ရာထူးတိုးတာအရမ်းမြန်ပြီးတော့ အချိန်ခဏလေးနဲ့တပ်ခွဲမှူးရာထူးကို ခန့်အပ်ခံရတယ်...နောက်ပိုင်းမှာ သူက ဖေးထျန်ကွမ်းကို ကယ်တင်ခဲ့ပြီးတော့ ရွှမ်းဝူစစ်ဗိုလ်ချုပ်အဖြစ်နဲ့ ရာထူးတိုးပေးခြင်းခံရတော့တာပဲ"
"ရှုရာနယ်မြေ ပုန်ကန်ခဲ့တဲ့ကိစ္စတုန်းက မှတ်တမ်းတွေကို တော်ဝင်စစ်ရေးဌာနက ဖုံးကွယ်ထားခဲ့တယ်...ဒါပေမယ့် ကျွန်တော်တို့ ရရှိခဲ့တဲ့ သတင်းအချက်အလက်အစအနတွေကို စုစည်းကြည့်လိုက်ရင် အဲ့ဒီကောင်လေးက ပုန်ကန်သူတွေကိုနှိမ်နင်းတဲ့နေရာမှာ အရေးကြီးတဲ့အခန်းကဏ္ဍကပါဝင်နေတယ်"
ရှောင်ချွမ်က သူ၏လက်ကို ဝှေ့ယမ်းပြလိုက်၏။
"သူက အရမ်းထူးချွန်တယ်...ဒါပေမယ့် ငါတို့ရှောင်မိသားစုအတွက်ကတော့...အရွယ်မရောက်သေးတဲ့ပါရမီရှင်တစ်ယောက်က ဘာမှအရေးမပါဘူး...ငါ့ရဲ့ဘဝတလျှောက်မှာ မရေမတွက်နိုင်တဲ့ ပါရမီရှင်လူငယ်တွေကို မြင်တွေ့ဖူးတယ်...ဒါပေမယ့် အဆုံးထိရောက်နိုင်တဲ့သူ ဘယ်လောက်များများရှိနေလို့လဲ"
စစ်ဗျူဟာရှင်က တွေဝေစဥ်းစားနေပြီးနောက် ပြောဆိုလိုက်သည်။
"မိသားစုခေါင်းဆောင်...ဖြစ်နိုင်တာတော့ မိသားစုခေါင်းဆောင်က တကယ်ကြီး အဲ့ဒီလိုလုပ်တော့မှာလား"
"ချင်အာက အမြဲတမ်း နတ်ဘုရားအမတ်ကြီးရှကို ရိုသေလေးစားနေတာမဟုတ်လား...နတ်ဘုရားအမတ်ကြီးရှက ငယ်ရွယ်ပြီးအရည်အချင်းရှိတဲ့လူငယ်တစ်ယောက်လေ...သူက အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ နတ်ဘုရားအမတ်ကြီးအဖြစ် ခန့်အပ်ခံထားရတယ်...သူလိုလူမျိုးကသာ ငါတို့ရှောင်မိသားစုရဲ့သားမက်ဖြစ်သင့်တယ်...နောက်ထပ်ရက်အနည်းငယ်အတွင်းမှာ နတ်ဘုရားအမတ်ကြီးရှက ညစာစားပွဲတစ်ခုကျင်းပလိမ့်မယ်...ချင်အာကို အဲ့ဒီပွဲတက်ရောက်ဖို့ ပြောထားလိုက်စမ်း"
ရှောင်ချွမ်က တည်ငြိမ်စွာ ပြောဆိုသည်။
"လင်းအာကိုလည်း အတူသွားခိုင်းရမယ်...သူက ရှမိသားစုက လူငယ်ပါရမီရှင်တွေရဲ့အာရုံကိုဖမ်းစားနိုင်ရင် အဆင်ပြေပြီ...တကယ်လို့ ငါတို့က ရှမိသားစုနဲ့ မဟာမိတ်ဖွဲ့နိုင်မယ်ဆိုရင် ငါတို့မိသားစုရဲ့အဆင့်အတန်းက ထိုက်တောင်ကြီးလို ခိုင်မာသွားလိမ့်မယ်"
တခြားတစ်ဖက်၌...
အိမ်တော်ထိန်းသည် လုယွီကို ရှောင်အိမ်တော်၏အနောက်ဘက်တောင်တန်းထံသို့ ခေါ်ဆောင်သွားခဲ့သည်။
ရှောင်အိမ်တော်သည် တောင်တန်းများပတ်လည်ဝိုင်းရံနေသောအကြားတွင် တည်ရှိသည်။အနောက်ဘက်တောင်တန်းနှင့်နီးကပ်သောနေရာကို မြင့်မားသောနံရံနှင့် ကာရံထားပေ၏။ထိုနေရာပတ်လည်တွင် အစောင့်များက ရှေ့နောက်လှည့်လည်၍ ကင်းလှည့်နေပြီး အစောင့်အကြပ်လွန်စွာထူထပ်သည်။
နံရံ၏ဂိတ်တံခါးရှေ့တွင် ရှောင်မိသားစုဝင်လူငယ်ဆယ်ယောက်ခန့်ရှိနေသည်။
ထိုရှောင်မိသားစုဝင်လူငယ်များသည် တိုက်ရိုက်မျိုးဆက်နှင့်မိသားစုခွဲများအတွင်းရှိ လူငယ်များအကြားမှ အထူးချွန်ဆုံးလူငယ်များဖြစ်သည်။သူတို့သည် စိတ်ဝိညာဥ်မီးနယ်မြေသို့ဝင်ရောက်ရန် အရည်အချင်းပြည့်မီသူများဖြစ်ပေ၏။
"ဗိုလ်ချုပ်လု...ဒီနေရာပဲ...ဗိုလ်ချုပ်က အိမ်တော်ကလူငယ်တွေနောက်ကို လိုက်သွားလို့ရတယ်"
အိမ်တော်ထိန်းက နောက်သို့ပြန်လှည့်ကာ ထွက်ခွါသွားတော့သည်။
လုယွီက အနောက်ဘက်တောင်တန်းတဝိုက်ကို ကြည့်လိုက်သည်။ထိုတောင်တန်း၏အထက်တွင် မီးတောက်အခိုးအငွေ့များ လူးလွန့်နေခြင်းကို တွေ့မြင်မိပေ၏။အပူစွမ်းအင်များသည် တောင်တန်း၏ဝင်ပေါက်တွင်စုဝေးနေသော်လည်း ဝင်္ကပါဖြင့်ထိန်းချုပ်ထားသဖြင့် ပြင်ပသို့ပွင့်အံထွက်လာခြင်းမရှိချေ။
လုယွီ၏ရောက်ရှိလာမှုသည် လူတိုင်း၏စိတ်အာရုံကို ဆွဲဆောင်သွားနိုင်ပေ၏။
"မင်းက အချိန်မီတော့ရောက်လာသားပဲ...ငါတို့မိသားစုဝင်တွေအားလုံးက မင်းကိုစောင့်နေကြတာ"
ရှောင်ယွမ်က အေးစက်တင်းမာသောအမူအယာဖြင့် ပြောဆိုသည်။
ရှောင်ယွမ်၏နောက်၌ ယခင်က ရှောင်မိသားစုမှမောင်းထုတ်ခြင်းခံရသော ဆရာသခင်သုန်လည်းရှိနေသည်။သူက လုယွီကို နာကျည်းမုန်းတီးမှုများပြည့်နှက်နေသောမျက်လုံးအကြည့်ဖြင့် စူးစူးရဲရဲစိုက်ကြည့်နေလေ၏။
Chapter 2080
ရှောင်လင်းအာသည်လည်း ထိုလူစုအနီး၌ ရှိနေလေ၏။သူမသည် လုယွီကိုမြင်သည်နှင့် လက်ဝှေ့ယမ်း၍ နှုတ်ဆက်ဟန်ပြုလိုက်သော်လည်း ရှောင်ချင်၏ဟန့်တားခြင်းခံလိုက်ရသည်။
"နင် ဒီနေရာကိုရောက်လာပြီဆိုမှတော့...ငါ အရင်ဆုံးပြောစရာရှိတာကို ပြောရမယ်"
ရှောင်ချင်၏မျက်နှာအမူအယာမှာ အလွန်အမင်း အေးစက်နေသည်။
"ဒီစိတ်ဝိညာဥ်မီးနယ်မြေက ငါတို့ရှောင်မိသားစုရဲ့တားမြစ်နယ်မြေပဲ...ပြီးတော့ အရမ်းအန္တရာယ်များတဲ့နေရာတစ်ခုလည်းဖြစ်တယ်...တကယ်လို့ တစ်စုံတစ်ယောက်က သတိလက်လွတ်နေမိမယ်ဆိုရင် အလောင်းအပြည့်အစုံတောင်မကျန်ဘဲ သေသွားနိုင်တယ်...နင် အထဲကိုဝင်မယ်ဆိုရင် ငါတို့နောက်ကနေလိုက်တာ ပိုကောင်းလိမ့်မယ်...တကယ်လို့ နင် အထဲမှာသေသွားမယ်ဆိုရင် ငါတို့ရှောင်မိသားစုက တာဝန်ယူမှာမဟုတ်ဘူး"
လုယွီက ခေါင်းညိတ်ပြလိုက်၏။
"ကောင်းပြီလေ...မင်းတို့လုပ်စရာရှိတဲ့ကိစ္စကိုသာ မင်းတို့ဟာမင်းတို့ လုပ်ကြ...ငါက မင်းတို့နဲ့လိုက်မှာမဟုတ်ဘူး"
လုယွီသည် ဤစိတ်ဝိညာဥ်မီးနယ်မြေသို့ လာရောက်ရခြင်းမှာ သူ၏ကျင့်ကြံဆင့်ချိုးဖျက်နိုင်ရန်အတွက် လုံလောက်သောမီးဒြပ်စင်စွမ်းအင်များကို စုပ်ယူနိုင်ရန်ပင်။
သူ၏လက်ရှိခွန်အားဖြင့် သူလိုအပ်သော မီးဒြပ်စင်စွမ်းအင်ပမာဏသည် အလွန်တုန်လှုပ်ချောက်ချားဖွယ်ကောင်းပေ၏။အကယ်၍ သူ၏နံဘေးနားတွင် လူအမြောက်အများရှိနေပါက အလွန်သိသာထင်ရှားနေပေမည်။
လုယွီသည် သူမတို့လူစုနှင့်အတူလိုက်ရန် ဆန္ဒမရှိသည်ကိုကြည့်ပြီး ရှောင်လင်းအာက ကူကယ်ရာမဲ့စွာဖြောင့်ဖျပြောဆိုလေသည်။
"နင် ငါတို့နဲ့အတူပူးပေါင်းတာ ပိုကောင်းလိမ့်မယ်...ငါ အရင်က စိတ်ဝိညာဥ်မီးနယ်မြေထဲကိုဝင်ဖူးတယ်...အဲ့ဒီနေရာမှာ မြေအောက်မီးနတ်ဆိုးတွေလည်းရှိနေတော့ အရမ်းအန္တရာယ်များတယ်"
ရှောင်ယွမ်က ခနဲ့တဲ့တဲ့လေသံဖြင့် ဝင်ရောက်ပြောဆိုသည်။
"ဒုတိယသခင်မလေး...ဒီဆေးပညာရှင်က ထင်ပေါ်ကျော်ကြားအောင်လုပ်ချင်တာပဲဖြစ်မယ်...သူ့ရဲ့ခွန်အားက အားမနည်းလောက်ဘူးလို့ ကျွန်တော်ထင်တယ်...တကယ်လို့ သူ အထဲကိုဝင်သွားရင်တောင် ဘာအန္တရာယ်မှရှိမှာမဟုတ်ဘူး...သူ့ကို မစိုးရိမ်တာ ပိုကောင်းလိမ့်မယ်"
သူ၏စိတ်အတွင်း၌ လုယွီသည် ဤတစ်ကြိမ်၌သေဆုံးသွားမည်ဟု ယူဆထားပေ၏။
စိတ်ဝိညာဥ်မီးနယ်မြေသည် အလွန်အမင်းအန္တရာယ်များသောနေရာတစ်ခုဖြစ်သည်။ရှောင်မိသားစုဝင်လူငယ်များပင်လျှင် ထိုနေရာသို့ဝင်ရောက်လိုပါက သူတို့နှင့်အတူ အစွမ်းထက်သောအကြီးအကဲတချို့ လိုက်ပါစောင့်ကြပ်ရသည်။
လုယွီက တစ်ယောက်တည်းဝင်ရောက်ရန် ရည်ရွယ်ထားသည်ကိုကြည့်ပြီး ရှောင်ယွမ်သည် ထိုကိစ္စများကို ထုတ်ဖော်ပြောဆိုမည်မဟုတ်ချေ။သူသည် လုယွီ ထိုနေရာအတွင်း၌ သေဆုံးသွားရန်ကိုပင် ဆုတောင်းနေမိသည်။
ဘုန်း...
ထိုအချိန်မှာပင် လူအုပ်ကြီး၏နောက်မှတံခါးကြီး ပွင့်သွားလေ၏။
ရှောင်မိသားစုအကြီးအကဲဖြစ်ပုံရသော လူကြီးတစ်ယောက်ထွက်ပေါ်လာပြီး အလေးအနက်ထားသောလေသံဖြင့် ပြောဆိုသည်။
"စိတ်ဝိညာဥ်မီးနယ်မြေကို ဖွင့်လိုက်ပြီ...မင်းတို့တွေအားလုံး စည်းမျဥ်းတွေကိုနားလည်မယ်လို့ ငါ ထင်တယ်...ခုနစ်ရက်အတွင်းမှာ ငါတို့အကြီးအကဲတွေက မင်းတို့ကို အပြင်မှာစောင့်နေမယ်...တကယ်လို့ မင်းတို့ အန္တရာယ်တစ်ခုခုနဲ့ကြုံတွေ့နေတယ်ဆိုရင် မင်းတို့ရဲ့လက်ထဲက ကျောက်စိမ်းပြားကိုချိုးလိုက်...ငါတို့က တစ်ယောက်ယောက်ကိုစေလွှက်ပြီး မင်းတို့ကို လာကယ်ခိုင်းမယ်"
စိတ်ဝိညာဥ်မီးနယ်မြေသည် အလွန်အန္တရာယ်များသော်လည်း ရှောင်မိသားစုဝင်လူငယ်များအတွက် လေ့ကျင့်ရန်နေရာကောင်းတစ်ခုဖြစ်သည်။
မိသားစုကြီးများမှလူငယ်များ၏လေ့ကျင့်မှုသည် သာမာန်လူများ စိတ်ကူးယဥ်တွေးတောထားသည်ထက် များစွာပို၍ခက်ခဲကြမ်းတမ်းလှ၏။
အမှန်အားဖြင့် ဤကဲ့သို့ကာကွယ်စောင့်ရှောက်ပေးခြင်းသည် လုယွီကဲ့သို့ အပြင်လူတစ်ယောက်အတွက် မပါဝင်ချေ။
"ကောင်းပြီလေ...အထဲကိုဝင်ကြတော့"
ရှောင်မိသားစုအကြီးအကဲ၏နောက်၌ ကူးပြောင်းရေးဝင်္ကပါတစ်ခု ထွက်ပေါ်လာသည်။
လူငယ်များအားလုံးသည် ကူးပြောင်းရေးဝင်္ကပါအတွင်းသို့ ခြေချလိုက်ကြ၏။သူတို့၏ရှေ့ရှိလေဟာနယ် ပြင်းပြင်းထန်ထန် လှုပ်ခတ်သွားပြီးနောက် သူတို့သည် နောက်ထပ်လေဟာနယ်တစ်နေရာ၌ ပြန်လည်ထွက်ပေါ်လာခဲ့သည်။
သူတို့ရှေ့ရှိမြင်ကွင်းသည် အကြီးအကျယ် ပြောင်းလဲသွားလေပြီ။
ပြင်ပ၌ ရှောင်အိမ်တော်၏အနောက်ဘက်တောင်တန်းတွင် စိမ်းစိုသောသစ်တောများနှင့်ကြည်လင်သောရေများစီးဆင်းနေလေရာ အလွန်သာယာသောမြင်ကွင်းဖြစ်သည်။
သို့ရာတွင် တောင်အတွင်းသို့ခြေချမိသည်နှင့် အလွန်ပူပြင်းသောမီးတောင်ကြီးအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။မိုးကောင်းကင်ယံသည် အုံ့မှိုင်းနေပြီး ငရဲသို့ဝင်ရောက်သည့်အလား ပူပြင်းသောအခိုးအငွေ့များက ပတ်ဝန်းကျင်၌ထွက်ပေါ်နေပေ၏။
အသက်ပြင်းပြင်းတစ်ချက်ရှုရှိုက်လိုက်ရုံဖြင့် လေထုအတွင်း၌ရောယှက်နေသော စိတ်ဝိညာဥ်စွမ်းအင်များက ပူပြင်းလောင်ကျွမ်းသောစွမ်းအားများကို သယ်ဆောင်လာပေရာ ထိုလေကိုရှုရှိုက်မိသူများအားလုံး သူတို့၏မရီးဒါန်းများအတွင်းမှ နာကျင်လာခြင်းကို ခံစားမိသည်။
ဤနေရာသို့ ယခင်ကရောက်ဖူးသူတို့၏အခြေအနေသည် အနည်းငယ်ကောင်းမွန်ပေ၏။သို့ရာတွင် ဤနေရာသို့ ပထမဆုံးအကြိမ်ဝင်ရောက်ခဲ့သော ရှောင်မိသားစုဝင်လူငယ်များ၏မျက်နှာအမူအယာများ သိသိသာသာ ပျက်ယွင်းသွားသည်။
"စိတ်အေးအေးထားကြ...ဒီဆေးလုံးတွေကိုသောက်လိုက်...ငါတို့က ဒီနေရာနဲ့လိုက်လျောညီထွေဖြစ်အောင် အရင်လုပ်ပြီးမှ အထဲကိုဆက်သွားမယ်"
ရှောင်ချင်သည် အတွေ့အကြုံရှိပြီးသူဖြစ်၍ သူမက ဆေးလုံးတစ်လုံးကိုထုတ်ယူကာ ရှောင်လင်းအာကိုတိုက်လိုက်သည်။
ထိုဆေးလုံးသည် အအေးဓာတ်စွမ်းအင်များပါဝင်သော အေးခဲဆေးလုံးမျိုးဖြစ်ပြီး တစ်စုံတစ်ယောက်၏ခန္ဓာကိုယ်အတွင်းသို့ဝင်ရောက်လာသော အပူစွမ်းအင်များကို ချေဖျက်ပေးနိုင်သောအရာဖြစ်ကြောင်း လုယွီက သတိပြုလိုက်မိ၏။
လုယွီကမူ အပြင်လူတစ်ယောက်ဖြစ်နေသဖြင့် ဤကဲ့သို့ဆေးလုံးမျိုးရှိမနေချေ။