← Chapters

အခန်း (၂၀၉၁-၂၀၉၅)

Vol. 108 Ch. 2091-2095

အခန်း (၂၀၉၁-၂၀၉၅)

Vol. 108 Ch. 2091-2095

Chapter 2091

"ဒါက ဘယ်လိုကံကောင်းမှုမျိုးလဲ"

ရှောင်ယွမ်က ညည်းတွားလိုက်ကာ သူ၏မျက်နှာပေါ်၌ ဝေခွဲရခက်နေသောအရိပ်အယောင်များဖြင့် ပြည့်နှက်နေသည်။

လုယွီသည် သန္ဓေပြောင်းမီးနတ်ဆိုးဘုရင်၏တိုက်ခိုက်ခံရမှုကြောင့် အပိုင်းပိုင်းအစစဆုတ်ဖြဲခံရသင့်သည်မဟုတ်လော။

မည်သည်ကြောင့် အစွမ်းထက်သောသန္ဓေပြောင်းမီးနတ်ဆိုးဘုရင်သည် သူ၏ခေါင်းဖြင့် လုယွီ၏ဓားထံသို့ တိုးဝင်သွားရသနည်း။

"သူ့ရဲ့ဓားနဲ့ပတ်သက်ပြီး တစ်ခုခုတော့မှားနေပြီ"

လုယွီ၏ဆေဘာဓား ကျိုးပဲ့နေသည်ကို ရှောင်ယွမ်က သတိပြုမိသွားပေ၏။

အကယ်၍ လုယွီသည် အစွမ်းထက်ကျင့်ကြံသူဖြစ်သည့်တိုင် သူ၏ဓားတစ်ချက်တည်းဖြင့် သန္ဓေပြောင်းမီးနတ်ဆိုးဘုရင်ကိုသတ်ဖြတ်နိုင်ရန် လွန်စွာခက်ခဲပေမည်။

ဤနေရာသည် စိတ်ဝိညာဥ်မီးနယ်မြေပင်။စိတ်ဝိညာဥ်မီးနယ်မြေအတွင်း၌နေထိုင်သော နတ်ဆိုးများ၏ခွန်အားသည် အလွန်အားကောင်းပြီး လွယ်လင့်တကူသေဆုံးနိုင်ခြင်းမရှိချေ။

ထို့ပြင် လုယွီ၏ဓားသည် သန္ဓေပြောင်းမီးနတ်ဆိုးဘုရင်၏ခန္ဓာကိုယ်မှ သွေးများအားလုံးကို စုပ်ယူသွားသည်။

ရှောင်ချင်သည် ထိုစွမ်းအားကိုမြင်တွေ့ချိန်တွင် မယုံကြည်နိုင်သကဲ့သို့ ခံစားနေရ၏။

သန္ဓေပြောင်းနတ်ဆိုးဘုရင်၏သွေးများအားလုံးကိုစုပ်ယူပြီးနောက် ခြောက်ကပ်နေသောရုပ်အလောင်းကို လုယွီက နံဘေးတစ်ဖက်သို့ ကန်ထုတ်လိုက်သည်။

သန္ဓေပြောင်းမီးနတ်ဆိုးဘုရင်၏အလောင်းအောက်မှနေ၍ သစ်ပင်တစ်ပင် ထွက်ပေါ်လာသည်။ထိုသစ်ပင်ပေါ်ရှိ သစ်သီးတစ်လုံးမှနေ၍ တောက်ပသောအလင်းရောင်များ ဖြာထွက်နေသည်။

ဤသည်က မီးစိတ်ဝိညာဥ်နတ်ဘုရားသစ်သီးပင်။

"မဆိုးဘူး...ဒါက ရင့်မှည့်နေပြီပဲ"

လုယွီက သစ်သီးကို ခူးဆွတ်လိုက်၏။

"ခဏနေဦး"

လုယွီက သစ်သီးကိုခူးဆွတ်လိုက်သည်ကိုကြည့်ပြီး ရှောင်ချင်က ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။

ဤမီးစိတ်ဝိညာဥ်မြင့်မြတ်သစ်သီးသည် မူလကတည်းက သူမ သဘောကျနှစ်ခြိုက်နေသောအရာဖြစ်ပြီး သူမအတွက် အလွန်အသုံးဝင်သည်။

"ဒီမီးစိတ်ဝိညာဥ်မြင့်မြတ်သစ်သီးက ငါတို့ရှောင်မိသားစုရဲ့အပိုင်ပဲ...တကယ်လို့ နင် ငါ့ကို အဲ့ဒီသစ်သီးပေးမယ်ဆိုရင်...ငါတို့ရှောင်မိသားစုက နင့်ကို ဆုလာဘ်တွေရက်ရက်ရောရော ပြန်ပေးမှာပါ"

ရှောင်ချင်က အော်ဟစ်လိုက်၏။

လုယွီ၏မျက်ခုံးများမြင့်တက်သွားပြီး သူက တည်ငြိမ်စွာပြောဆိုသည်။

"ငါ သတ်လိုက်လို့ရတဲ့အရာက ငါ့ရဲ့အပိုင်ပဲ...မင်းတို့အားလုံး ဒီကိစ္စနဲ့ပတ်သတ်ပြီး ငါ့ကိုပြောဖို့ အရည်အချင်းမမီဘူး"

စကားဆုံးသည်နှင့် လုယွီက မီးစိတ်ဝိညာဥ်မြင့်မြတ်သစ်သီးကို ဝါးမျိုလိုက်၏။

ရှောင်မိသားစုဝင်လူငယ်များအားလုံး ကြက်သေသေသွားသည်။

ဤကောင်လေး ရူးများရူးနေသလော....

ရှောင်မိသားစု၏ပိုင်နက်နယ်မြေအတွင်း၌ အကြီးဆုံးသခင်မလေးကို ဤကဲ့သို့ပုံစံမျိုးဖြင့် စကားပြောဆိုဝံ့သူ ရှိနေသေးသလော....

သူသည် ရှောင်မိသားစုအတွင်းမှ အသက်ရှင်လျက် ထွက်ခွါမသွားနိုင်မည်ကို ကြောက်ရွံခြင်းမရှိသလော....

လုယွီက မီးစိတ်ဝိညာဥ်မြင့်မြတ်သစ်သီးကို တိုက်ရိုက်ဝါးမျိုလိုက်ခြင်းကိုမြင်သည်နှင့် ရှောင်ချင်က အံ့တင်းတင်းကြိတ်ကာ ပြောဆိုလိုက်သည်။

"မီးစိတ်ဝိညာဥ်မြင့်မြတ်သစ်သီးရဲ့အာနိသင်အပြည့်အဝကို ပြသနိုင်ဖို့ဆိုရင် ဒါကို ဆေးလုံးအဖြစ်သန့်စင်ဖို့လိုအပ်တယ်...နင်က အဖိုးတန်အရင်းအမြစ်တစ်ခုကို မဆင်မခြင်အသုံးပြုလိုက်တာပဲ"

အကယ်၍ သူမသာ မီးစိတ်ဝိညာဥ်မြင့်မြတ်သစ်သီးကိုရရှိပါက သူမ၏ကျင့်ကြံဆင့် အဆင့်တစ်ခုမြင့်တက်သွားမည်မှာ တိကျသေချာလှ၏။

လုယွီ၏လက်ရှိပုံပန်းသွင်ပြင်ကို အကဲဖြတ်ကြည့်ပါက သူသည် မီးစိတ်ဝိညာဥ်မြင့်မြတ်သစ်သီးကို ဝါးမျိုပြီးသည့်တိုင် မည်သည့်တုံ့ပြန်မှုမျိုးမျှရှိမနေချေ။သူသည် မီးစိတ်ဝိညာဥ်မြင့်မြတ်သစ်သီး၏အာနိသင်များကို စုပ်ယူနိုင်ခြင်းမရှိသည်မှာ သိသာထင်ရှားသည်။

ဤကဲ့သို့ ရတနာသစ်သီးတစ်လုံး၏ဆေးအာနိသင်များအားလုံး အလဟဿဖြစ်သွားလေပြီ။

လုယွီ၏ခန္ဓာကိုယ်သည် မီးစိတ်ဝိညာဥ်မြင့်မြတ်သစ်သီးကို ဆေးလုံးအဖြစ်သန့်စင်ရန်မလိုအပ်ဘဲ စုပ်ယူနိုင်ကြောင်းကို ရှောင်ချင် သိရှိမည်မဟုတ်ချေ။

မည်သို့ပင်ဆိုစေကာမူ လုယွီ၏ယခုလက်ရှိ ကျင့်ကြံဆင့်ဖြင့် အဆင့်ချိုးဖျက်နိုင်ရန်မှာ လွယ်ကူသောကိစ္စတစ်ရပ်မဟုတ်ပေ။

မီးစိတ်ဝိညာဥ်မြင့်မြတ်သစ်သီးသည် သူ၏မီးဒြပ်စင်စွမ်းအားများကို ဆယ်ရာခိုင်နှုန်းခန့်သာ တိုးတက်စေသည်။

"တကယ်လို့ ငါသာ မီးစိတ်ဝိညာဥ်မြင့်မြတ်သစ်သီး နောက်တစ်လုံးထပ်ရမယ်ဆိုရင်...ငါ့ရဲ့မီးဒြပ်စင်စွမ်းအားတွေက အသေးစားအောင်မြင်မှုအဆင့်ကို ရောက်သွားနိုင်တယ်"

လုယွီက သက်ပြင်းတစ်ချက် ရှိုက်လိုက်၏။

"ကောင်လေး...ခဏနေဦး"

အချိန်အတော်ကြာ တိတ်ဆိတ်ငြိမ်သက်နေသော ရှောင်မိသားစုအကြီးအကဲက ရုတ်တရက် အသံနက်ကြီးဖြင့် ပြောဆိုသည်။

"မင်းရဲ့လက်ထဲကဓား ငါ့ကိုပြစမ်း"

လုယွီက ထိုအကြီးအကဲကို တစ်ချက်ကြည့်လိုက်၏။

"ကျုပ်ရဲ့ဓားကိုကြည့်ဖို့ ခင်ဗျားက အရည်အချင်းမပြည့်မီဘူး"

"ရိုင်းပျလိုက်တာ...မင်းက ငါ့ကိုမပြရဲတာမလား...ဒီနတ်ဆိုးကောင်တွေကို မင်း သတ်နိုင်တာ အံ့အားသင့်စရာမရှိတော့ဘူး...ကြည့်ရတာတော့ မင်းက မင်းရဲ့လက်ထဲကဆေဘာဓားကို မှီခိုအားထားနေပုံပဲ...မင်းရဲ့ဆေဘာဓားမှာ နတ်ဆိုးအငွေ့အသက်တွေရှိနေတာကို ငါ လျစ်လျှူရှုထားလို့မရဘူး...ငါ့ကို အဲ့ဒီဆေဘာဓား မြန်မြန်ပေးစမ်း...မဟုတ်လို့ကတော့ မင်းက နတ်ဆိုးပစ္စည်းတစ်ခုကိုသိုဝှက်ထားတဲ့ ပြစ်မှုကြီးကို ကျုးလွန်တဲ့သူလို့ မိသားစုခေါင်းဆောင်ဆီ ငါ သတင်းပို့လိုက်မယ်"

ရှောင်မိသားစုအကြီးအကဲသည် သူ၏လက်များကိုနောက်ပစ်၍ မတ်တတ်ရပ်နေကာ သူ၏မျက်လုံးများအတွင်း၌ လောဘအရိပ်အယောင်များ ထင်ဟပ်နေသည်။

"တကယ်လို့ ကျုပ် ဒါကိုမပေးရင် ဘာဖြစ်မှာလဲ"

"မင်းက ငါ့ကို မပေးချင်ဘူးလား...ဟား ဟား ဟား...ဒါဆိုရင်တော့ မင်းလည်း ဒီနတ်ဆိုးကောင်တွေနဲ့အတူတူ သေ....."

ရှောင်မိသားစုအကြီးအကဲ၏စကား မဆုံးသေးမီမှာပင် ရုတ်တရက် ဆေဘာဓားအလင်းတန်းတစ်ခုက သူ၏ခေါင်းကို ဖြတ်တောက်သွားသည်။

"ခင်ဗျားက ကျုပ်ကိုသတ်မယ်လို့ ပြောဝံ့တာလား...ခင်ဗျားက တကယ့်ကို သေလမ်းရှာလိုက်တာပဲ"

လုယွီက အေးစက်စက်လေသံဖြင့် ပြောဆိုသည်။

Chapter 2092

ဘုန်း..

ရှောင်မိသားစုအကြီးအကဲ၏ရုပ်အလောင်းက မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။

ရှောင်မိသားစုဝင်လူငယ်များ၏မျက်နှာအမူအယာများ ချက်ချင်းဆိုသလိုပင် ပျက်ယွင်းသွားသည်။ယခင်က ခေါင်းဖြတ်ဆေဘာဓားကို မျက်စေ့ကျနေသော လူတချို့ပင်လျှင် အလွန်ထိတ်လန့်တုန်လှုပ်နေကြပြီး မည်သည့်စကားမျှထပ်မဆိုဝံ့ချေ။

"ဒါဆို နင့်ရဲ့လက်ထဲမှာ မှော်ရတနာကောင်းတစ်ခုရှိနေတာပေါ့...အဲ့ဒါကြောင့် နင်က ဒီနေရာကို နင့်ရဲ့ကိုယ်ပိုင်နေရာလို လွတ်လွတ်လပ်လပ် သွားလာနိုင်တာမလား...ဒါပေမယ့် နင်တစ်ခုသိထားရမှာက ဒီနေရာက ငါတို့ရှောင်မိသားစုရဲ့ပိုင်နက်နယ်မြေ....တကယ်လို့ နင် ငါတို့အားလုံးကိုသတ်ပစ်ရင်တောင် အပြင်ကိုရောက်တာနဲ့ နင်လည်းသေရမှာပဲ"

ရှောင်ချင်သည် အနည်းငယ်မျှပင် ကြောက်ရွံဟန်မရှိဘဲ လုယွီကိုစူးစိုက်ကြည့်ကာ ပြောဆိုလိုက်၏။

လုယွီက ခေါင်းခါပြလေသည်။

"တကယ်လို့ မင်းတို့ဟာမင်းတို့ သေလမ်းမရှာဘူးဆိုရင် ငါ မင်းတို့ကို သတ်မှာမဟုတ်ဘူး...ဒါက သတိပေးတာပဲ...နောက်တစ်ကြိမ်မှာ တကယ်လို့ တစ်ယောက်ယောက်က အသက်ရှင်ရတာပင်ပန်းနေတယ်ဆိုရင်တော့ မင်းတို့ ကြိုးစားကြည့်နိုင်တယ်"

ရှောင်မိသားစုဝင်လူငယ်များအားလုံးသည် ​ထိတ်လန့်ကြောက်ရွံမှုကြောင့် တိတ်ဆိတ်ငြိမ်သက်သွားကာ သူတို့က စကားတစ်ခွန်းမျှ ထပ်မဆိုဝံ့ကြချေ။

ရှောင်မိသားစုအကြီးအကဲသည် မြေကမ္ဘာအင်မော်တယ်များအနက်မှအားကောင်းသူတစ်ယောက်ဖြစ်သော်လည်း လုယွီ၏ဓားချက်တစ်ချက်တည်းဖြင့် သတ်ဖြတ်ခြင်းကို ခံလိုက်ရသည်။သူတို့သည် လုယွီနှင့်တိုက်ခိုက်ပါက အသက်ရှင်သန်နိုင်မည်ဟု သူတို့ထံ၌ အခိုင်အမာယုံကြည်ချက်မရှိချေ။

ရှောင်ချင်သည် ပတ်ဝန်းကျင်ကို လှည့်ပတ်၍ကြည့်လိုက်သော်လည်း သူမ ယခင်ကမြင်တွေ့ခဲ့ရသည့် အပြာရင့်ရောင်မီးတောက်ကို ရှာမတွေ့ချေ။

မီးစိတ်ဝိညာဥ်မြင့်မြတ်သစ်သီးကို လုယွီ ဝါးမျိုလိုက်ပြီဖြစ်ရာ သူမအတွက် ဤစိတ်ဝိညာဥ်မီးတောက်ရရှိလျှင် အနည်းငယ်ခံသာပေမည်။

"တကယ်လို့ မင်းက စိတ်ဝိညာဥ်မီးတောက်ကို ရှာနေတာဆိုရင်တော့ မလိုအပ်တော့ဘူး...အဲ့ဒီစိတ်ဝိညာဥ်မီးတောက်က ငါ ဝါးမျိုပြီးပြီ ..မင်း ရှာတွေ့မှာမဟုတ်ဘူး"

လုယွီက ပြောဆိုသည်။

"နင်က စိတ်ဝိညာဥ်မီးတောက်ကို ဝါးမျိုလိုက်တာလား...ဟွန့်...နင်ကိုယ်နင် နတ်ဆိုးသားရဲတစ်ကောင်လို့ ထင်နေတာလား"

ရှောင်ချင်က သရော်တော်တော် ပြောဆိုလိုက်၏။

သာမာန်ကျင့်ကြံသူတစ်ယောက်သည် စိတ်ဝိညာဥ်မီးတောက်ကိုရရှိပြီးနောက် အချိန်အတော်ကြာယူ၍ ပြင်ဆင်ပြီးမှသာ သူတို့၏ခန္ဓာကိုယ်နှင့်စိတ်ဝိညာဥ်မီးတောက်ကို တဖြည်းဖြည်းပေါင်းစပ်ရသည်။

အကယ်၍ ထိုကျင့်ကြံသူသည် စိတ်ဝိညာဥ်မီးတောက်ကို တိုက်ရိုက်ဝါးမျိုလိုက်ပါက ထိုမီးတောက်သည် သူ၏ခန္ဓာကိုယ်အတွင်း၌ပေါက်ကွဲသွားကာ သူ၏ခန္ဓာကိုယ်တွင်းအင်္ဂါများအားလုံး လောင်ကျွမ်းသွားပေမည်။

ရှောင်ချင်သည် အချိန်တခဏကြာ ရှာဖွေကြည့်ပြီးနောက် တဖြည်းဖြည်း လက်လျှော့လိုက်၏။

"ငါတို့ အရင်ဆုံး ကူးပြောင်းရေးဝင်္ကပါဆီပြန်ပြီးတော့ မိသားစုထဲကအစွမ်းထက်ကျင့်ကြံသူတွေ လာပြီးစုံစမ်းစစ်ဆေးတာကို စောင့်ကြမယ်....စိတ်ဝိညာဥ်မီးနယ်မြေက အများကြီးပြောင်းလဲသွားတယ်လို့ ငါ ခံစားနေရတယ်"

ရှောင်ချင်က အလျှင်အမြန်ဆုံးဖြတ်ချက်ချပြီး အမိန့်ပေးလိုက်သည်။

ရှောင်မိသားစုဝင်လူငယ်များသည် ယခင်ကတည်းက ထိတ်လန့်ကြောက်ရွံနေကြသဖြင့် သူတို့က ချက်ချင်းဆိုသလိုပင် ကူးပြောင်းရေးဝင်္ကပါထံသို့ အပြေးသွားကြသည်။

လုယွီသည်လည်း ရှောင်မိသားစုဝင်လူငယ်များ၏အနောက်မှ လိုက်ပါလာခဲ့သည်။

သို့ရာတွင် သူသည် ဤနေရာမှထွက်ခွါသွားရန် ရည်ရွယ်ချက်မရှိချေ။

ကူး​ပြောင်းရေးဝင်္ကပါရှိနေသောဘက်တွင် သူသည် ထူးဆန်းသောအငွေ့အသက်တစ်ခုကို အာရုံခံမိသဖြင့် ထိုနေရာ၌ အစွမ်းထက်သောမီးတောက်တစ်ခု ပုန်းအောင်းနေပုံရသည်။

လုယွီသည် ထိုအခွင့်အရေးကို လက်လွတ်ခံလိုခြင်းမရှိချေ။

လူအုပ်ကြီး၏အရှိန်သည် အလွန်လျှင်မြန်သဖြင့် မကြာမီမှာပင် သူတို့အားလုံးသည် ကူးပြောင်းရေးဝင်္ကပါရှိနေသောနေရာသို့ ရောက်ရှိလာခဲ့သည်။

ဤနေရာတဝိုက်ကို တံတိုင်းများဖြင့်ကာရံထားလေ၏။ထိုတံတိုင်းများပေါ်တွင် အကာအကွယ်ဝင်္ကပါတချို့ကို ခင်းကျင်းထားကာ မီးနတ်ဆိုးများ ဝင်ရောက်၍မရစေရန် ကာကွယ်ဟန့်တားထားသည်။

သို့ရာတွင် သူတို့သည် ထိုအရာအတွင်းသို့ဝင်ရောက်ပြီးနောက် ယခင်က မှိန်ပျပျအလင်းရောင်များဖြာထွက်နေသော ကူး​ပြောင်းရေးဝင်္ကပါသည် ယခုလက်ရှိချိန်၌ မှောင်မည်းပြီးသက်ဝင်လှုပ်ရှားမှုကင်းမဲ့နေကာ ထိုအရာ၏အကျိုးသက်ရောက်မှုများ ဆုံးရှုံးသွားသည်မှာ သိသာထင်ရှားလှ၏။

"ကူးပြောင်းရေးဝင်္ကပါက အလုပ်မလုပ်တော့ဘူး"

"မဖြစ်နိုင်ဘူး...ဘယ်လိုလုပ် ရုတ်တရက်ကြီး ဒီလိုမျိုးဖြစ်သွားရတာလဲ"

ကူးပြောင်းရေးဝင်္ကပါထံသို့ အပြေးလာသူများသည် မည်သည့်လေဟာနယ်လှုပ်ခတ်မှုလှိုင်းကိုမျှ မခံစားမိချိန်တွင် သူတို့က မယုံကြည်နိုင်စွာ အော်ဟစ်လိုက်ကြသည်။

သာမာန်အားဖြင့် ကူးပြောင်းရေးဝင်္ကပါများ၏အနီးတဝိုက်တွင် လေဟာနယ်လှုပ်ခတ်မှုလှိုင်းများ အပြင်းထန်ဆုံးဖြစ်သော်လည်း ယခုလက်ရှိအချိန်၌ သူတို့သည် ဤနေရာ၌ မည်သည့်အရာကိုမျှ အာရုံခံမိခြင်းမရှိချေ။

ရှောင်ချင်က မျက်မှောင်ကြုတ်လိုက်၏။သူမသည် ရှောင်မိသားစု၏အကြီးဆုံးသခင်မလေးဖြစ်ကာ စိတ်ဝိညာဥ်မီးနယ်မြေအတွင်းသို့ အကြိမ်ပေါင်းများစွာ ဝင်ရောက်ခဲ့ဖူးသော်လည်း ဤကဲ့သို့အခြေအနေမျိုးကို ယခင်က ကြုံတွေ့ခဲ့ဖူးခြင်းမရှိချေ။

"ဘယ်လိုလုပ်ကြမလဲ...ငါတို့ အပြင်ကိုထွက်လို့မရတော့ဘူး"

"ဘာမှမစိုးရိမ်ကြနဲ့...တကယ်လို့ ခုနစ်ရက်ကြာပြီးလို့မှ ငါတို့ အပြင်ကို ထွက်မသွားနိုင်ရင်...မိသားစုအကြီးအကဲတွေက ငါတို့ အန္တရာယ်တစ်ခုခုနဲ့ ကြုံတွေ့နေရပြီဆိုတာ သိသွားကြမှာပဲ"

တချို့လူများသည် သူတို့ကိုယ်သူတို့ အားပေးနှစ်သိမ့်နေကြ၏။သို့ရာတွင် မိသားစုအကြီးအကဲများ သူတို့ကိုရှာမတွေ့မီ ခုနစ်ရက်အတွင်း၌ ဤနေရာတွင် မည်သည့်ကိစ္စရပ်များဖြင့် သူတို့ ကြုံတွေ့ရမည်ကို မည်သူမျှ အတိအကျမပြောနိုင်ချေ။

ထိုအချိန်မှာပင် သူတို့အားလုံး မတ်တတ်ရပ်နေသောနေရာအောက်ရှိမြေပြင် ရုတ်တရက် ပြင်းပြင်းထန်ထန် တုန်ခါသွားသည်။

"မကောင်းတော့ဘူး...မီးနတ်ဆိုးတွေ ငါတို့ကို ထပ်ပြီးလိုက်ဖမ်းနေတာများလား"

ရှောင်ယွမ်က တုန်လှုပ်ချောက်ချားစွာဖြင့် အော်ဟစ်လိုက်၏။

သူတို့အားလုံး ကြည့်နေစဥ်မှာပင် မမျှော်လင့်ဘဲ မူလကညီညာပြန့်ပြူးနေသော စိတ်ဝိညာဥ်မီးနယ်မြေ၏မြေပြင်ပေါ်၌ အက်ကွဲကြောင်းကြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။

အဝေးတစ်နေရာတွင်ရှိနေသော တိမ်တိုက်များထိလုမတက် အလွန်မြင့်မားသောမီးတောင်ကြီးသည် မီးတောက်လှိုင်းများ ပွင့်အံထွက်လာခြင်းနှင့်အတူ ရုတ်တရက် ပေါက်ကွဲသွားသည်။ထို့နောက် မီးတောင်၏နံဘေး၌ တံခါးတစ်ချပ်ထွက်ပေါ်လာသည်။

Chapter 2093

"စိတ်ဝိညာဥ်မီးနယ်မြေရဲ့နေရာတိုင်းကို ရှောင်မိသားစုအကြီးအကဲတွေ စစ်ဆေးပြီးသားလေ...ဘယ်လိုလုပ်ပြီး တံခါးတစ်ချပ်က ရုတ်တရက်ကြီး ထွက်ပေါ်လာရတာလဲ"

ဤကဲ့သို့ အခြေအနေ ရုတ်တရက်ပြောင်းလဲသွားမှု၏အကြောင်းအရင်းကို မည်သူမျှ မသိရှိချေ။

ရုတ်တရက် ရှောင်ချင်က ကျယ်လောင်စွာအော်ဟစ်ရယ်မော၍ ပြောဆိုလိုက်သည်။

"ငါ အရင်က မိသားစုရဲ့ရှေးဟောင်းမှတ်တမ်းစာအုပ်တွေကို ဖတ်ကြည့်ခဲ့ဘူးတယ်...အဲ့ဒီထဲမှာရေးထားတာကတော့ ဒီစိတ်ဝိညာဥ်မီးနယ်မြေက ရှေးဟောင်းခေတ်ကနေ ဆင်းသက်လာတဲ့ တားမြစ်နယ်မြေတစ်ခုပဲ...ဒီထဲမှာ ပြိုင်ဘက်ကင်းရတနာတစ်ခု ပုန်းအောင်းနေတယ်"

"အဲ့ဒီမီးနတ်ဆိုးတွေက တကယ်တော့ ရှေးဟောင်းခေတ်ကသက်ရှိတွေရဲ့မျိုးဆက်တွေပဲ...ငါတို့ရှောင်မိသားစုဘိုးဘေးက အရမ်းအစွမ်းထက်တဲ့မှော်စွမ်းအားတွေကို အသုံးပြုပြီးတော့ ဒီနယ်မြေကို ကမ္ဘာငယ်လေးထဲမှာ ချိပ်ပိတ်ခဲ့ပေမယ့်...သူက ဒီရတနာကို ရှာမတွေ့ခဲ့ဘူး"

"ဒီနေ့အခြေအနေက ပုံမှန်ထက် အများကြီးထူးခြားနေတယ်....ငါထင်တာတော့ ဒီတံခါးက ရတနာရှိနေတဲ့နေရာပဲ"

ရှောင်လင်းအာက စိုးရိမ်ပူပန်တကြီး ပြောဆိုသည်။

"ဒီနေရာက နည်းနည်းတော့ထူးဆန်းနေတယ်လို့ ငါ ဘာလို့ခံစားနေရတာလဲ...မမ အပြင်ထွက်နိုင်တဲ့လမ်းကိုပဲ ရှာကြရအောင်"

သို့ရာတွင် ရှောင်ချင်၏မျက်နှာအမူအယာသည် တည်ငြိမ်အေးဆေးနေဆဲပင်။

"ငါလည်း ဒါကို အရင်က ရှေးဟောင်းမှတ်တမ်းစာအုပ်တွေထဲမှာ ဖတ်ဖူးတယ်"

ရှောင်ချင်က အလွန်အလေးအနက်ထားသောလေသံဖြင့် ဆက်လက်၍ပြောဆိုလိုက်၏။

"ဒါ့ပြင် တကယ်လို့ ငါမှတ်မိတာမှန်မယ်ဆိုရင်...ဒီရတနာထဲမှာ ရှေးဟောင်းနတ်ဘုရားတစ်ပါးရဲ့အမွေအနှစ်တောင်မှ ကိန်းအောင်းနေနိုင်တယ်"

ရှေးဟောင်းနတ်ဘုရားတစ်ပါး၏အမွေအနှစ်ဟု ဆိုသလော....

လူတိုင်း စိတ်အားတက်ကြွသွားကြ၏။တစ်ချိန်လုံး တိတ်ဆိတ်ငြိမ်သက်နေသော ဆရာသခင်သုန်ပင်လျှင် နားစွင့်၍ ဂရုတစိုက်နားထောင်နေသည်။

"ရှေးဟောင်းနတ်ဘုရားတွေက သေဆုံးသွားပြီမဟုတ်လား'

ရှောင်လင်းအာက မယုံကြည်နိုင်စွာဖြင့် မေးမြန်းသည်။

ယခုအချိန်ကာလတွင်ရှိနေသော နတ်ဘုရားများအားလုံးသည် ရှေးဟောင်းနတ်ဘုရားများမှ ဆင်းသက်လာခြင်းဖြစ်သည်။

အချိန်အတော်ကြာ အသက်ရှင်နေထိုင်ခဲ့သော ရှေးဟောင်းနတ်ဘုရားတချို့ပင်လျှင် အလယ်ခေတ်ရှိ ရုန်းရင်းဆန်ခတ်ကိစ္စရပ်များမှ အသက်ရှင်သန်လာသည့်တိုင် သူတို့သည် ပြန်လည်မွေးဖွားခြင်းနှင့် ရှင်သန်နေခြင်းဖြစ်ပေ၏။

အစစ်အမှန်ရှေးဟောင်းနတ်ဘုရားများသည် ရှေးဟောင်းမှတ်တမ်းစာအုပ်များအတွင်းတွင်သာ တည်ရှိပြီး မည်သူကမျှ သူတို့ကို မြင်တွေ့ဖူးခြင်းမရှိချေ။

ဒဏ္ဍါရီလာရှေးဟောင်းနတ်ဘုရားများသည် အစစ်အမှန် ထာဝရအသက်ရှည်ခြင်းကိုရရှိထားကာ ကောင်းကင်ဘုံကဲ့သို့တည်ရှိမှုကြီးများဖြစ်သည်ဟု ဆိုကြ၏။

ရှောင်ချင်က ပြောဆိုသည်။

"ရှေးဟောင်းနတ်ဘုရားတွေ သေဆုံးသွားတယ်ဆိုတာနဲ့ သူတို့ရဲ့အမွေအနှစ်တွေက ပျောက်ကွယ်သွားတာမဟုတ်ဘူး...တကယ့်အဖြစ်မှန်က အစွမ်းထက်တဲ့နတ်ဘုရားတချို့က သူတို့သေဆုံးသွားတဲ့အချိန်မှာ အမွေအနှစ်တွေကို ချန်ထားခဲ့ကြတယ်...သူတို့ရဲ့မျိုးဆက်တွေ အဲ့ဒီအမွေအနှစ်ကို ရှာတွေ့နိုင်ဖို့အတွက် စောင့်ဆိုင်းနေကြတယ်...တကယ်လို့ ဒီနေရာမှာ အမွေအနှစ်တစ်ခုခုသာ တကယ်ရှိနေမယ်ဆိုရင် နောင်အနာဂတ်ရဲ့အချိန်ကာလတစ်ခုခုမှာ အဲ့ဒီရှေးဟောင်းနတ်ဘုရားက ပြန်ရှင်သန်လာလိမ့်မယ်"

သူမ၏မျက်လုံးများအတွင်းတွင် အခိုင်အမာဆုံးဖြတ်ချက်ချလိုက်သော အရိပ်အယောင်များ ထင်ဟပ်လာသည်။

"ဒါက ဘဝတစ်သက်တာမှာ တစ်ကြိမ်ပဲကြုံတွေ့ရတဲ့ အခွင့်အရေးကြီးဖြစ်မှာသေချာတယ်...တကယ်လို့ ငါတို့က ရှေးဟောင်းနတ်ဘုရားရဲ့အမွေအနှစ်ကိုရမယ်ဆိုရင် ငါတို့ရှောင်မိသားစုက မိသားစုကြီးရှစ်ခုရဲ့ထိပ်တန်းနေရာကို ရောက်နိုင်တဲ့အပြင် ထာဝရအသက်ရှည်ခြင်းရဲ့လျှို့ဝှက်ဆန်းကြယ်မှုတွေကိုတောင် ရှာဖွေဖော်ထုတ်နိုင်လိမ့်မယ်...ဒါက လက်မလွှက်သင့်တဲ့ အခွင့်အရေးကြီးပဲ"

ထိုစကားများကိုကြားသည်နှင့် လူတိုင်းသည် ယခင်က ထိတ်လန့်ကြောက်ရွံခဲ့မှုများကို မေ့လျော့သွားကာ ကြိုးစားကြည့်ရန်အတွက် စိတ်အားထက်သန်လာကြ၏။

မည်သို့ပင်ဆိုစေကာမူ ရှေးဟောင်းနတ်ဘုရားများသည် ဒဏ္ဍါရီလာတည်ရှိမှုကြီးများပင်။

အကယ်၍ ဤသတင်းသာ ပြင်ပသို့ပျံ့နှံ့သွားပါက ကောင်းကင်ဘုံနယ်မြေမှအစွမ်းထက်ကျင့်ကြံသူများ၏ စိတ်အာရုံကို သေချာပေါက်ဆွဲဆောင်နိုင်ပေမည်။

"မီးနတ်ဆိုးတွေစုဝေးမလာခင်...အဲ့ဒီနေရာကို မြန်မြန်သွားကြရအောင်"

ရှောင်ချင်က အလျှင်အမြန်ဆုံးဖြတ်ချက်ချ၍ မီးတောင်ထံဦးတည်၍ အပြေးသွားလိုက်၏။

ရှောင်မိသားစုဝင်လူငယ်များသည်လည်း သူမ၏နောက်မှ လိုက်ပါသွားကြသည်။

လူတိုင်း ထွက်ခွာသွားသောအချိန်မှသာ လုယွီ၏မျက်လုံးများ ပွင့်လာသည်။

"ငါ ဒီထဲကို ဝင်ရောက်လာတဲ့အချိန်တုန်းက စိတ်ဝိညာဥ်မီးနယ်မြေရဲ့နက်ရှိုင်းတဲ့နေရာမှာ အစွမ်းထက်တဲ့တည်ရှိမှုကြီးတစ်ခုရှိနေတာကို အာရုံခံမိတယ်...အဲ့ဒါက ဘာများလဲ"

လုယွီက တီးတိုးရေရွတ်လိုက်သည်။

လုယွီသည် သူ့စိတ်ဝိညာဥ်မှစွမ်းအားကို အပြည့်အဝဖြန့်ကျက်၍ စိတ်ဝိညာဥ်မီးနယ်မြေ၏နက်ရှိုင်းသောမြေအောက်ထိ စူးစမ်းရှာဖွေခဲ့သည်။

မြေအောက်ရှိ စိတ်ဝိညာဥ်မီးတောက်များဖြစ်စေ မီးနတ်ဆိုးများဖြစ်စေ သူ၏အမြင်အာရုံအောက်မှ မလွတ်မြောက်နိုင်ချေ။

သို့ရာတွင် ဤစိတ်ဝိညာဥ်မီးနယ်မြေအတွင်း၌ လုယွီ စူးစမ်းရှာဖွေခြင်းမပြုနိုင်သော နေရာတချို့ရှိနေသည်။

လုယွီ၏နတ်ဘုရားစိတ်အာရုံသည် ထိုနေရာအနီးသို့ချဥ်းကပ်သွားသည့်အချိန်တိုင်း မမြင်နိုင်သောအားလှိုင်းတစ်ရပ်၏တွန်းထုတ်ခြင်းကို ခံလိုက်ရ၏။

လုယွီသည် ထိုကိစ္စကို ယခင်ကများစွာအာရုံစိုက်ခဲ့ခြင်းမရှိသော်လည်း ယခုလက်ရှိချိန်၌ တံခါးတစ်ချပ် ရုတ်တရက်ထွက်ပေါ်လာရာ သူ၏အတွေးများကို အတည်ပြုလိုက်သကဲ့သို့ပင်။

Chapter 2094

"သွားပြီး တစ်ချက်ကြည့်ကြည့်တာပေါ့"

လုယွီက တုံ့ဆိုင်းနေခြင်းမရှိဘဲ မီးတောင်ထံဦးတည်၍ ပျံသန်းလိုက်သည်။

ဤအချိန်အခိုက်အတန့်တွင် လေထုအတွင်း၌ အားကောင်းသောဖိအားအရှိန်အဝါတစ်ရပ် ရှိနေဆဲဖြစ်သော်လည်း လုယွီအတွက်မူ မပျံသန်းနိုင်သည်အထိ သက်ရောက်ခြင်းမရှိချေ။

မီးတောင်နှင့်နီးကပ်သွားချိန်တွင် လူသူအများရှေ့၌ ကြီးမားသောတံခါးကြီးတစ်ချပ်က မားမားမတ်မတ်ရပ်တည်နေသည်။

ဤတံခါးသည် အလွန်ရိုးရှင်းပေ၏။တံခါး၏ဘေးတစ်ဖက်တစ်ချက်တွင် ကျောက်တိုင်နှစ်လုံးရှိနေကာ တံခါး၏အထက်တွင် စက်ဝိုင်းခြမ်းပုံလက်ကိုင်တစ်ခုရှိသည်။ကျောက်တိုင်များ၏မျက်နှာပြင်သည် အလွန်ကြမ်းတမ်းပြီး ထိုအရာပေါ်တွင် အလွန်ရှေးကျပြီးထူးဆန်းသည့် ရှေးဟောင်းသင်္ကေတအက္ခရာများကို ရေးထွင်းထားသည်။

ထိုကျောက်တိုင်နှစ်ခုလုံးပေါ်၌ စကားလုံးတချို့ကို ရေးသားဖော်ပြထားပေ၏။

သို့ရာတွင် ထိုစာလုံးများသည် အလွန်ရှေးကျသဖြင့် ဤနေရာရှိမည်သူမဆို ထိုအရာများကို နားလည်နိုင်ခြင်းမရှိချေ။

"ဒီတံခါးရဲ့နောက်မှာ နယ်မြေတစ်ခုရှိနေတယ်လို့ ငါ ခံစားမိတယ်...တကယ်လို့ ငါတို့က အထဲကခြေချလိုက်တာနဲ့ တခြားနေရာတစ်ခုကို ကူးပြောင်းခံရလိမ့်မယ်"

ရှောင်ချင်၏မျက်နှာပေါ်၌ တည်ကြည်လေးနက်မှုအရိပ်အယောင်များ ထင်ဟပ်နေသည်။

ရှေးဟောင်းနတ်ဘုရား၏အမွေအနှစ်သည် အလွန်ဆွဲဆောင်နိုင်စွမ်းရှိသော်လည်း ဤသည်က သူတို့၏ခန့်မှန်းချက်တစ်ခုပင်။

ဤတံခါး၏နောက်၌ မည်သည့်အရာများရှိနေသည်ကို မည်သူမျှမသိနိုင်ချေ။

သူတို့အားလုံး အတွင်းသို့ ဝင်သင့်မဝင်သင့် စဥ်းစားနေကြ၏။

ထိုအချိန်မှာပင် လုယွီက လူအုပ်ကြီး၏နောက်သို့ရောက်ရှိလာသည်။သူ့အားမြင်တွေ့သည်နှင့် ရှောင်မိသားစုဝင်လူငယ်များက ကူကယ်ရာမဲ့စွာ လမ်းဖယ်ပေးလိုက်ကြသည်။

ဤှသည်က သတ်ဖြတ်ခြင်းနတ်ဘုရားပင်။ဤနေရာတွင် မည်သူကမျှ လုယွီကို ရန်စလိုခြင်းမရှိချေ။

"ဘာလို့ တားမြစ်နယ်မြေတစ်ခုက ဒီနေရာမှာထွက်ပေါ်လာတာလဲ"

ကျောက်တိုင်နှစ်လုံးကိုမြင်ချိန်တွင် လုယွီက အံ့အားသင့်သွားသည်။

သူသည် လျှို့ဝှက်ဆန်းကြယ်မိုးကောင်းကင်ကမ္ဘာ၏ပုံရိပ်ယောင်ကမ္ဘာအတွင်းသို့ရောက်ရှိခဲ့ကာ ရှေးဟောင်းကောင်းကင်ဘုံတရားရုံးအတွင်းသို့ သွားခဲ့ဖူးသဖြင့် ထိုကျောက်တိုင်များပေါ်၌ရေးသားထားသော ရှေးဟောင်းစာလုံးများ၏အဓိပ္ပါယ်ကို သိရှိပေ၏။

လက်ဝဲဘက်ရှိကျောက်တိုင်ပေါ်၌ 'ကျုံးလီက နတ်ဆိုးတစ်ကောင်ကို ဤနေရာတွင် ချိပ်ပိတ်ထားသည်'ဟု ရေးထွင်းထားသည်။

လက်ယာဘက်ကျောက်တိုင်ပေါ်တွင်မူ 'မဝင်ရ'ဟူသော စာလုံးရှိနေသည်။

ကျောက်တိုင်ပေါ်၌ ရေးသားထားသောကျုံးလီဟူသည်မှာ မီးနတ်ဘုရားကျူးရုံ၏အစစ်အမှန်အမည်နာမဖြစ်ကြောင်း လုယွီက ကောင်းစွာသိရှိပေ၏။

ဤနေရာအတွင်းတွင် မည်သည့်နတ်ဆိုးမျိုးရှိနေသဖြင့် မီးနတ်ဘုရားကျူးရုံ ကိုယ်တိုင်ကိုယ်ကျထွက်လာပြီး လှုပ်ရှားရသည်ကို သူ မသိရှိချေ။

ရှေးဟောင်းကောင်းကင်ဘုံတရားရုံးအတွင်း၌ မီးနတ်ဘုရားကျူးရုံကို အဆင့်မြင့်ဆုံးနတ်ဘုရားတစ်ပါးဟု ယူဆနိုင်ပြီး မဟာမိုးကောင်းကင်ရွှေအင်မော်တယ်တစ်ယောက်နှင့် အဆင့်အတန်းတူညီသည်။

"မင်းတို့ အထဲကို မဝင်သင့်ဘူး...ဒါက အရမ်းအန္တရာယ်များတယ်"

လုယွီက သတိပေးလိုက်၏။

ဤနေရာအတွင်း၌ မည်သည့်အရာရှိနေသည်ကို သူ မသိသော်လည်း မီးနတ်ဘုရားကျူးရုံ၏သတိပေးချက်ရှိနေသဖြင့် ဤနေရာအတွင်း၌ ရှေးဟောင်းခေတ်မှပြိုင်ဘက်ကင်း ကြောက်မက်ဖွယ်သက်ရှိတစ်ကောင်ကို ချိပ်ပိတ်ထားခြင်းဖြစ်နိုင်သည်။

သို့ရာတွင် ရှောင်မိသားစုဝင်လူငယ်များသည် သူ၏စကားကိုနားထောင်ခြင်းမရှိကြချေ။

ရှောင်ယွမ်က သရော်တော်တော် ပြောဆိုသည်။

"တကယ်လို့ မင်း ကြောက်နေရင်...အပြင်မှာပဲနေခဲ့လိုက်တော့...အခွင့်အရေးက ငါတို့ရဲ့ရှေ့ကိုရောက်နေပြီ...ဒါကို ဘယ်သူက လက်လျှော့ချင်မှာလဲ"

တခြားရှောင်မိသားစုဝင်လူငယ်များသည်လည်း လက်လျှော့ရန်တွေးတောပုံမရချေ။

မည်သို့ပင်ဆိုစေကာမူ ဤသည်က ရှောင်မိသားစု၏ပိုင်နက်နယ်မြေပင်။အကယ်၍ သူတို့ ဤနေရာ၌ မတော်တဆကိစ္စတစ်ခုခုဖြင့် ကြုံတွေ့ရလျှင်ပင် သူတို့၏နောက်၌ အစွမ်းထက်သောအကြီးအကဲများရှိနေသည်။

ဤကဲ့သို့ ကံကြမ္မာကောင်းကြီးတစ်ခုဖြင့် ကြုံတွေ့ရသောအချိန်တွင် အရူးတစ်ယောက်ကသာ အတွင်းသို့ မဝင်ရောက်ဘဲနေပေမည်။

"ကောင်းပြီလေ...ငါ အထဲကိုအရင်ဆုံးဝင်ပြီး တစ်ချက်ကြည့်ကြည့်မယ်...အထဲကိုဝင်ချင်တဲ့ ဘယ်သူမဆို ငါ့နောက်ကနေလိုက်ခဲ့ကြ"

ရှောင်ချင်က တံခါး၏အတွင်းဘက်သို့ ခြေချလိုက်၏။

သူမသည် ရှေးဟောင်းနတ်ဘုရားသားရဲသွေးမျိုးဆက်ကို အသက်သွင်းထားသည်။ဖီးနစ်ငှက်သည် မီးတောက်များအကြားမှ ပြန်လည်မွေးဖွားနိုင်ပြီး သေဆုံးခြင်းမရှိသည့်အပြင် အင်အားပြန်လည်ဖြည့်တင်းနိုင်သည်။

ဤသည်က သူမ မှီခိုအားထားနေသောအရာပင်။သူမသည် မည်မျှထိပြင်းထန်သောဒဏ်ရာများ ရရှိထားသည်ဖြစ်စေ အချိန်အတိုင်းအတာတစ်ခုထိ စောင့်ဆိုင်းလိုက်ရုံဖြင့် ပြန်လည်ကောင်းမွန်လာပေမည်။

သူမ၏အမဖြစ်သူ အတွင်းသို့ဝင်သွားသည်နှင့် ရှောင်လင်းအကလည်း နောက်မှလိုက်ပါသွားခဲ့သည်။

တခြားရှောင်မိသားစုဝင်လူငယ်များကလည်း တံခါး၏အတွင်းဘက်သို့ ဝင်ရောက်လိုက်ကြ၏။

နောက်ဆုံး၌ လုယွီသာလျှင် ပြင်ပ၌မတ်တတ်ရပ်လျက်သား ကျန်ရှိနေသည်။

"မီးနတ်ဘုရားကျုးရုံက ဒီစာကြောင်းကိုချန်ခဲ့တာ နောင်မျိုးဆက်တွေကို သတိပေးဖို့များလား"

လုယွီက တီးတိုးရေရွတ်လိုက်သည်။

အကယ်၍ သူတစ်ယောက်တည်းသာရှိနေပါက အတွင်းသို့ဝင်လိုသော်လည်း ယခုချိန်၌ လူအမြောက်အများ ဝင်ရောက်သွားကြလေပြီ။

"တကယ်လို့ ငါက မီးဒြပ်စင်စွမ်းအားကို ပြီးမြောက်အောင်မြင်ဖို့ဆိုရင် မီးဒြပ်စင်စွမ်းအင်တွေအများကြီးလိုအပ်တယ်...ဒီနေရာက ငါ့ကို စိတ်မပျက်စေဖို့ ငါ မျှော်လင့်တယ်"

လုယွီက ခေါင်းခါယမ်းကာ တံခါးအတွင်းသို့ ဝင်ရောက်လိုက်၏။

မမျှော်လင့်ဘဲ လုယွီ တံခါးအတွင်းဘက်သို့ ခြေချလိုက်သည်နှင့် ရုတ်တရက် သူ၏ရှေ့ရှိလေဟာနယ် ပြင်းပြင်းထန်ထန် လှုပ်ခတ်သွားသည်။

မူလက လုယွီသည် တံခါးအတွင်းဘက်သို့ နောက်ဆုံးဝင်သွားသော ရှောင်မိသားစုဝင်လူငယ်ကို မြင်တွေ့လိုက်သော်လည်း ပြင်းထန်သောလေဟာနယ်လှုပ်ခတ်မှုနှင့်အတူ သူ့အား တခြားနေရာသို့ပို့ဆောင်ခြင်း ခံလိုက်ရသည်။

Chapter 2095

ပြင်းထန်သောလေဟာနယ်လှုပ်ခတ်မှုနှင့်အတူ လုယွီနှင့်ရှောင်မိသားစုဝင်လူငယ်များ၏ တည်နေရာသည် တူညီခြင်းမရှိတော့ချေ။

"ငါ တခြားနေရာကို ပြောင်းရွှေ့ခံလိုက်ရတာလား"

လုယွီက ပတ်ဝန်းကျင်ကို လှည့်ပတ်၍ကြည့်လိုက်၏။ဤနေရာသည် အေးစက်သော မြေအောက်နန်းတော်တစ်ခုဖြစ်သည်။ယခုလက်ရှိအချိန်တွင် လုယွီသည် မြေအောက်နန်းတော်၏အခန်းတစ်ခုအတွင်း၌ ရောက်ရှိနေသည်။

"စိတ်ဝင်စားစရာပဲ...ငါက တခြားသူတွေနဲ့ နေရာကွဲသွားပုံပဲ"

လုယွီက တီးတိုးရေရွတ်လိုက်၏။

ကျင့်ကြံခြင်းလောကတွင်ဖြစ်စေ သေမျိုးကမ္ဘာလောကတွင်ဖြစ်စေ ကံကြမ္မာကောင်းအတွက်စွန့်စားခြင်းသည် သေးငယ်သောအစိတ်အပိုင်းတစ်ခုမျှသာဖြစ်သည်။

ရှေးဟောင်းနတ်ဘုရား၏အမွေအနှစ်သည် ဤနေရာ၌ အကြောင်းပြချက်မရှိဘဲ ထွက်ပေါ်လာမည်မဟုတ်ချေ။

ယေဘုယျအားဖြင့် အမွေအနှစ်ဆိုသည်မှာ အစွမ်းထက်သောကျင့်ကြံသူများသည် သူတို့၏ဘဝသက်တမ်းကုန်ဆုံးခါနီးအချိန်တွင် သူတို့၏ဘဝတလျှောက်လုံး၌ ကြုံတွေ့ခဲ့ရသောအရာများကို မျိုးဆက်သစ်များကို လက်ဆင့်ကမ်းလိုကြ၏။

သို့ရာတွင် ရှေးဟောင်းနတ်ဘုရားများသည် အမွေအနှစ်ကိုလက်ဆင့်ကမ်းရန် မလိုအပ်ချေ။သူတို့အား ယုံကြည်ကိုးကွယ်သူတစ်ယောက်ရှိနေသရွေ့ သူတို့သည် အသက်သေဆုံးခြင်းမရှိဘဲ ထာဝရအသက်ရှင်သန်နိုင်သည်။

ဤှသည်က မီးနတ်ဘုရား၏အမွေအနှစ်ရှိနေသော နေရာတစ်ခုမဟုတ်သော်လည်း မီးနတ်ဘုရားသည် နတ်ဆိုးတစ်ကောင်ကိုချိပ်ပိတ်ထားသောနေရာပင်။

မီးနတ်ဘုရားသည် အပြင်လူများကို ဤနေရာသို့ဝင်ရောက်ခွင့်မပေးလိုသည်မှာ သိသာထင်ရှားလှ၏။

ထို့ပြင် ဤကူးပြောင်းရေးဝင်္ကပါသည် ချိပ်ပိတ်ခံထားရသောနတ်ဆိုးမှ ဖန်တီးထားသောအရာဖြစ်နိုင်သည်။

"ချီစောင့်ကြည့်ခြင်း နည်းစနစ်"

ရုတ်တရက် လုယွီ၏မျက်လုံးအတွင်းမှ ခရမ်းရောင်အလင်းတန်းးများ ဖြာထွက်လာသည်။

အခန်းအတွင်းရှိ အလင်းရောင်သည် မှိန်ဖျော့နေသော်လည်း လုယွီ၏အမြင်အာရုံအောက်တွင် မည်သည့်အရာမျှ လွတ်မြောက်နိုင်စွမ်းမရှိချေ။

ပတ်ဝန်းကျင်နေရာတဝိုက်လုံး ပင့်ကူအိမ်ကဲ့သို့သွေးကြောများဖြင့် ထူထပ်သိပ်သည်းစွာ လွှမ်းခြုံထားသည်။ဤနေရာတွင် အနက်ရောင်အစင်းကြောင်းများပြည့်နှက်နေသည့်ဧရာမဥကြီး အမြောက်အများစုဝေးနေကာ ထိုဥများထံမှနေ၍ တရှဲရှဲအသံများ ထွက်ပေါ်နေသည်။

လုယွီ၏စူးစမ်းလေ့လာမှုကိုအာရုံခံမိပုံဖြင့် ထိုဧရာမဥကြီးများထံမှ ထွက်ပေါ်လာသောအသံများသည် ပို၍ပီပြင်ထင်ရှားလာကာ လှုပ်ယမ်းစပြုလာပေ၏။

ခရက်...ခရက်...

အက်ကွဲသံတစ်သံနှင့်အတူယှဥ်တွဲ၍ ဧရာမဥကြီး၏မျက်နှာပြင်ပေါ်၌ နက်ရှိုင်းသောအက်ကွဲရာများ အတန်းလိုက်ထွက်ပေါ်လာသည်။

ထိုဥခွံအက်ကွဲသွားသည်နှင့် အနက်ရောင်ပင့်ကူတစ်ကောင်သည် အတွင်းမှနေ၍ တွားသွားထွက်လာသည်။ထိုပင့်ကူ၏ခန္ဓာကိုယ်ပေါ်၌ အနီရောင်နှင့်အနက်ရောင် အစက်အပြောက်များရှိနေသဖြင့် ကြည့်ရသည်မှာ အလွန်အမင်း တုန်လှုပ်ချောက်ချားဖွယ်ကောင်းလှ၏။

ထိုပင့်ကူ၏နောက်ကျောသည် ငိုကြွေးနေသောအမျိုးသမီးတစ်ယောက်၏မျက်နှာနှင့်တူညီသည်။အမှောင်ထုအတွင်း၌ ပင့်ကူများတစ်ကောင်ပြီးတစ်ကောင် တွားသွားနေကြရာ လေထုအတွင်း၌ ထူးဆန်းသောမျက်နှာများ ထွက်ပေါ်လာသကဲ့သို့ပင်။

ထိုပင့်ကူများ၏အရွယ်အစားသည် လွန်စွာကြီးမားပေ၏။ဥကြီးများအတွင်းမှ တွားသွားထွက်လာသော ပင့်ကူများသည် ပြင်ပမှမီးနတ်ဆိုးများထက် ပို၍ကြီးမားသည်။

ဟူး....

ဤအချိန်အခိုက်အတန့်တွင် ဧရာမပင့်ကူဆယ်ကောင်ကျော်သည် အက်ရှရှအော်သံများနှင့်အတူ လုယွီထံသို့ဦးတည်၍ ပျံသန်းလာကြသည်။

သူတို့၏ရွေ့လျားမှုသည် အလွန်လျှင်မြန်သဖြင့် မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် သူတို့က လုယွီ၏ရှေ့သို့ ရောက်ရှိလာသည်။

ဘန်း...

လုယွီက ပင့်ကူများအနက်မှတစ်ကောင်ကို ကန်ထုတ်လိုက်၏။ထိုပင့်ကူသည် လေထုအတွင်း၌ ပင့်ကူအိမ်တစ်အိမ်ကို ယက်လုပ်ကာ အလယ်ဗဟို၌ ခိုင်မြဲစွာ ရပ်တည်နေသည်။

ဟမ့်...

လုယွီက အေးစက်စက်နှာတစ်ချက်မှုတ်ပြီးနောက် သူ၏လက်အတွင်းမှနေ၍ အားကောင်းသောဓားချီတစ်လှိုင်း ထွက်ပေါ်လာကာ အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားသည်။

အင်မော်တယ်သုတ်သင်ဓားချီ ဖြတ်သန်းသွားမှုနှင့်အတူ ပတ်ဝန်းကျင်ရှိ ပင့်ကူများအားလုံးလည်း သေဆုံးသွားပေ၏။

သို့ရာတွင် သေဆုံးသွားသော ပင့်ကူများ၏ခန္ဓာကိုယ်များသည် တဖြည်းဖြည်းကွဲထွက်သွားကာ ပင့်ကူငယ်လေးများအဖြစ်ပြောင်းလဲသွားပြီး လုယွီထံသို့ ဆက်လက်၍တိုးဝင်လာကြသည်။

မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် လေထုအတွင်း၌ ပင့်ကူအိမ်တစ်ခုထွက်ပေါ်လာကာ ထူထပ်သိပ်သည်းသောပင့်ကူများသည် ဒီရေအလား ကူးခတ်သွားလာနေကြ၏။

"ဒါဆိုရင် မင်းက ဒီနည်းလမ်းနဲ့ ငါ့ကိုရင်ဆိုင်ချင်တာပေါ့လေ...မင်းက ဒီပင့်ကူတွေကိုအသုံးပြုပြီး ငါ့ကိုပိတ်လှောင်ထားချင်တာလား"

လုယွီ၏မျက်လုံးများအတွင်း၌ ရွှေရောင်မီးတောက်တစ်ခု ထွက်ပေါ်လာသည်။

မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် ရွှေရောင်မီးတောက်များသည် ပတ်ဝန်းကျင်နေရာအနှံ့ ပြန့်ကျဲသွားကာ ပင့်ကူများနှင့်ဥများအားလုံးကို ပြာများဖြစ်သည်အထိ လောင်ကျွမ်းသွားစေသည်။

သို့ရာတွင် အခန်း၏လေးဖက်လေးတန်ကို နံရံများဖြင့်ကာဆီးထားပြီး တံခါးပေါက်ရှာတွေ့ခြင်းမရှိချေ။

"ချီစောင့်ကြည့်ခြင်းနည်းစနစ်...ဖျက်ဆီးခြင်း"

ရုတ်ချည်းဆိုသလိုပင် ခရမ်းရောင်အလင်းတန်းတစ်တန်းသည် နံရံများကိုဖြတ်သန်းသွားကာ သူ၏အကြည့်တစ်ချက်ဖြင့်ပင် မြေအောက်နန်းတော်၏ဖွဲ့စည်းတည်ဆောက်ပုံကို တွေ့မြင်နိုင်ခဲ့သည်။

အကန့်အသတ်မရှိသောနံရံများ၏လွှမ်းခြုံမှုအောက်တွင် နတ်ဆိုးအငွေ့အသက်များရှိနေသည်။ထိုအငွေ့အသက်များသည် နံရံများ၏အတားအဆီးများကိုဖြတ်ကျော်ကာ ပြင်ပလောကသို့ စိမ့်ထွက်နေပေ၏။

All Chapters