← Chapters

အခန်း (၂၁၄၁-၂၁၄၅)

Vol. 110 Ch. 2141-2145

အခန်း (၂၁၄၁-၂၁၄၅)

Vol. 110 Ch. 2141-2145

Chapter 2141

အဖြူရောင်ကျောက်သားစင်မြင့်၏အနီးတွင် လက်ရာမြောက်သောကြေးနီအမွှေးနံ့သာအိုးလေးအိုးရှိကာ ထိုအရာများပေါ်၌ နဂါးပုံသဏ္ဌာန်ကို ရေးထွင်းထားသည်။

စင်မြင့်၏ရှေ့တွင် ကျယ်ဝန်းသောနေရာတစ်ခုရှိပြီး တစ်ချိန်က အမတ်ကြီးများ မတ်တတ်ရပ်ခဲ့သောနေရာဖြစ်ပေမည်။

သို့ရာတွင် ယခုလက်ရှိချိန်၌ ထိုနေရာတွင် သံချပ်ကာဝတ်စုံများသာ ကျန်ရှိခဲ့သည်။

မမြင်နိုင်သောစွမ်းအားလှိုင်းတစ်ရပ် ရှိနေသည့်အလား ထိုသံချပ်ကာများသည် လေထုအတွင်း၌မျောလွင့်နေကာ ထိုအရာများ၏မျက်နှာပြင်မှနေ၍ တောက်ပသောအနက်ရောင်အလင်းတန်းများ ဖြာထွက်နေပေ၏။

ထိုသံချပ်ကာဝတ်စုံများ၏အောက်၌ မှော်လက်နက်တချို့ရှိနေကာ ဓားများ တူများနှင့် တခြားအရာများပါဝင်သည်။တချို့ရတနာပစ္စည်းများသည် ထူးဆန်းသောပုံပန်းသဏ္ဌာန်များရှိနေသည်။သို့ရာတွင် အကြည့်တစ်ချက်ဖြင့်ပင် ထိုရတနာပစ္စည်းများထံမှ မှန်းဆ၍မရနိုင်သောသတ်ဖြတ်လိုခြင်း အငွေ့အသက်များကို ခံစားရပေမည်။

ဤမှော်လက်နက်များအောက်တွင် မရေမတွက်နိုင်သောသက်ရှိများ သေဆုံးခဲ့သည့်အလားပင်။

"ဒါက တစ္ဆေဧကရာဇ်ရဲ့ရတနာတွေ သိမ်းဆည်းထားတဲ့နေရာပဲဖြစ်မယ်"

လုယွီ၏မျက်လုံးအတွင်း၌ အလင်းရောင်များ တောက်ပနေသည်။

ဤနေရာသို့ သူ ပထမဆုံး ဝင်ရောက်လာစဥ်မှစ၍ တစ်စုံတစ်ခု မှားယွင်းနေသည်ကို ခံစားမိပေ၏။

ဤနေရာရှိဖွဲ့စည်းပုံသည် မြေအောက်တော်ဝင်မြို့တော်တစ်ခုနှင့်တူညီနေကာ အဆောက်အအုံများသည် တစ္ဆေဧကရာဇ်၏တော်ဝင်နန်းတော်နှင့် တူညီနေသည်။

ယခုလက်ရှိ အနေအထားကိုကြည့်ခြင်းအားဖြင့် ဤနေရာသည် တစ္ဆေဧကရာဇ်၏နန်းတော် အမှန်တကယ်ဖြစ်နေပုံရသည်။

တစ္ဆေဧကရာဇ်သည် ရှေးဟောင်းအချိန်ကာလမှ နတ်ဆိုးတစ်ကောင်ဖြစ်သည်။ကောင်းကင်ဘုံဧကရာဇ်၏ဖိနှိပ်မှုကြောင့်သာ သူသည် ငရဲသို့လာရောက်၍ မရေမတွက်နိုင်သောသရဲတစ္ဆေများကို အုပ်ချုပ်နေခဲ့ရ၏။

သို့ရာတွင် သူ၏စိတ်အတွင်း၌ ထိုကိစ္စကိုလိုလားပုံမရချေ။

ကောင်းကင်ဘုံဧကရာဇ်ရှိနေစဥ်တွင် သူသည် အတွေးနှစ်ခွမတွေးဝံ့ဘဲ သူ၏အလုပ်ကိုသာ အကောင်းဆုံးလုပ်ဆောင်ခဲ့သည်။

သို့ရာတွင် ယခုလက်ရှိချိန်၌ ရှေးဟောင်းအချိန်ကာလကုန်ဆုံးသွားကာ ကောင်းကင်ဘုံဧကရာဇ်လည်း သေဆုံးသွားလေပြီ။

တစ္ဆေဧကရာဇ်၏ခေါင်းထက်၌ လွှမ်းခြုံထားသော အရိပ်မည်းကြီး ပျောက်ကွယ်သွားပြီဖြစ်ရာ မည်သူကမျှ သူ့အား မထိန်းချုပ်နိုင်တော့ချေ။

သူသည် ဤနေရာ၌ အမွေအနှစ်နယ်မြေတစ်ခုကိုချန်ထားရန် စီစဥ်ခဲ့သည်။

နှစ်ပေါင်းသောင်းနှင့်ချီ၍ကြာမြင့်ပြီးနောက် သူ၏ကိုယ်ပွါး ပြန်လည်ရှင်သန်လာကာ ဤနေရာရှိအမွေအနှစ်များကိုမှီခို၍ သူ၏ကိုယ်ပိုင်အင်အားစုကို အမြန်ဆုံးနည်းဖြင့် တည်ထောင်နိုင်ပေမည်။

ခန်းမအတွင်းရှိ သံချပ်ကာဝတ်စုံတိုင်းသည် သူ၏အစွမ်းထက်သောလက်အောက်ငယ်သားများ ပိုင်ဆိုင်ခဲ့သည့်အရာများ ဖြစ်ပေလိမ့်မည်။

ထိုလက်အောက်ငယ်သားများ သေဆုံးသွားချိန်တွင် သူတို့၏ကြွင်းကျန်သော အမွေအနှစ်များကို တစ္ဆေဧကရာဇ်က ထိန်းသိမ်းစောင့်ရှောက်ခဲ့သည်။

တစ္ဆေဧကရာဇ်သည် ပြင်ပသို့ထွက်ခွါနိုင်သည်နှင့် သူ၏အမွေအနှစ်များနှင့်အတူ ဖုတ်ကောင်စစ်တပ်ကြီးကိုဦးဆောင်ကာ ကောင်းကင်ဘုံနယ်မြေတစ်ခုလုံးကို လှိုင်းထန်အောင်ပြုလုပ်နိုင်ပေမည်။

"ဘယ်လောက်တောင် အဝေးကြီးထိ တွက်ချက်ထားခဲ့တာလဲ...သူ့ရဲ့လက်ထဲမှာ ဧကရာဇ်ဆင့်မှော်ရတနာတွေလည်းရှိနေတယ်...သူ့ကို မီးနတ်ဘုရားရဲ့ကိုယ်ပွါးက လာပြီးဖိနှိပ်ထားရတာ အံ့အားသင့်စရာမရှိတော့ဘူး"

လုယွီက ညည်းတွားလိုက်၏။

အရာအားလုံးသည် တစ္ဆေဧကရာဇ်၏တွက်ချက်မှုအတွင်း၌ ရှိနေသည်။

အကယ်၍ လုယွီသာ ရောက်ရှိလာခြင်းကြောင့်သာမဟုတ်ပါက တစ္ဆေဧကရာဇ်သည် ပြန်လည်ရှင်သန်လာသည်နှင့် ကောင်းကင်ဘုံနယ်မြေတစ်ခုလုံး ဖရိုဖရဲဖြစ်စေသည့်ကိစ္စများကို ပြုလုပ်ပေမည်။

လုယွီသည် ခန်းမအတွင်းရှိ သံချပ်ကာ ဝတ်စုံများကို တစ်ချက်ကြည့်၍ သူ့ရှေ့ရှိ ပလ္လင်ကို အာရုံ စူးစိုက်လိုက်သည်။

တစ္ဆေဧကရာဇ်၏လက်အောက်ငယ်သားများသည် တစ်ချိန်က ရှေးဟောင်းငရဲနယ်မြေကိုအုပ်ချုပ်ခဲ့သော စီရင်စုသခင်များနှင့်ဘုရင်များဖြစ်လေရာ သူတို့၏ခွန်အားသည် သာမာန်ထက်သာလွန်ထူးကဲပေမည်။

သို့ရာတွင် လုယွီအတွက် ဤအမွေအနှစ်များသည် အရေးမပါချေ။

"ဒီနေရာက...ရတနာတွေရှိတဲ့နေရာလား"

ရှောင်ချင်သည် လျှို့ဝှက်ချက်တချို့ကို ရှာဖွေတွေ့ရှိသွားပုံဖြင့် သူမ၏မျက်လုံးများအတွင်း၌ စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသည်။

သူမက သံချပ်ကာဝတ်စုံတစ်စုံကို ရယူလိုသဖြင့် လက်လှမ်းလိုက်၏။သို့ရာတွင် သူမ၏လက် ထိုသံချပ်ကာဝတ်စုံပေါ်သို့ မရောက်မီမှာပင် ထိုအရာထံမှ ထွက်ပေါ်လာသော တုန်လှုပ်ချောက်ချားဖွယ်အအေးလှိုင်းများကို ခံစားမိသည်။

ထိုခံစားချက်သည် သူမ၏လက်ချောင်းများတလျှောက် အေးခဲမှုများစီးဆင်းလာကာ သူမ၏ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့သွားသကဲ့သို့ပင်။ရှောင်ချင်၏မျက်နှာပေါ်တွင် တုန်လှုပ်ချောက်ချားမှုများ ထင်ဟပ်သွားကာ သူမ၏လက်ကို အလျှင်အမြန်ရုတ်သိမ်းလိုက်သည်။

"အခုချိန်မှာ မင်း အဲ့ဒီသံချပ်ကာနားကို မသွားနဲ့အုံး...မဟုတ်ရင် မင်းအတွက် ဘာကောင်းကျိုးမှမရှိနိုင်ဘူး"

လုယွီက သူ၏အင်္ကျီလက်ကိုဝှေ့ယမ်း၍ ထိုအမွေအနှစ်ပစ္စည်းများအားလုံးကို ယူဆောင်လိုက်၏။

ရှောင်ချင်က နာကျည်းမုန်းတီးမှုဖြင့် အံ့တင်းတင်းကြိတ်ထားလေသည်။သူမသည် ထိုမှော်ရတနာများကို သဘောကျနှစ်ခြိုက်နေသော်လည်း ယခုလက်ရှိအချိန်တွင် သူမ အလွန်အားနည်းနေသဖြင့် လုယွီ၏ပြိုင်ဘက်မဖြစ်နိုင်ချေ။

"တစ္ဆေဧကရာဇ်...မင်းရဲ့အမွေအနှစ်တစ်ခုတစ်လေကိုမှ မင်း လက်ဆင့်ကမ်းနိုင်မှာမဟုတ်ဘူး...ဘာလို့လဲဆိုတော့ မင်းအတွက် ဘာအမွေအနှစ်မှမလိုတော့လို့ပဲ...မင်းရဲ့ကိုယ်ပွါးအသက်ရှင်နေသရွေ့ မင်းက ဒီလောကကြီးထဲမှာ နည်းလမ်းတစ်ခုခုနဲ့ ထာဝရအသက်ရှင်သန်နိုင်လိမ့်မယ်"

"ဒါပေမယ့် မင်းဆီမှာ ဒီအမွေအနှစ်တွေကို ထပ်ပြီးထိတွေ့နိုင်တော့မှာမဟုတ်ဘူး...အခုချိန်ကစပြီး မင်းရဲ့ပစ္စည်းတွေအားလုံးက ငါ့ရဲ့အပိုင်ပဲ"

လုယွီက သူ၏လက်ဝါးကိုဖြန့်လိုက်ရာ အားကောင်းသောမှော်စွမ်းအင်လှိုင်းတစ်ရပ် ထွက်ပေါ်လာပြီး နဂါးပလ္လင်ကို လွှမ်းခြုံသွားသည်။

နဂါးပလ္လင်တစ်ခုလုံး အနည်းငယ်တုန်ခါသွားပြီးနောက် ချက်ချင်းဆိုသလို ပေါက်ကွဲသွားလေ၏။

Chapter 2142

နဂါးပလ္လင်ပေါက်ကွဲသွားမှုနှင့်အတူ မြေပြင်မှနေ၍ ထူထပ်သိပ်သည်းသောယင်ချီများ ထွက်ပေါ်လာသည်။

ထိုယင်ချီများသည် အလွန်အမင်းထူထပ်သိပ်သည်းသဖြင့် အစိုင်အခဲအဖြစ်သို့ ရောက်ရှိလုနီးပါးပင်။နဂါးပလ္လင်၏နံဘေးပတ်ဝန်းကျင်ရှိမြင်ကွင်းနှင့် တခြားပရိဘောဂပစ္စည်းများကိုပင် ထိုယင်ချီအခိုးအငွေ့များက လွှမ်းခြုံထားသည်။

"ပြန့်ကျဲစမ်း"

လုယွီက အေးစက်စက်နှာမှုတ်ပြီး သူ၏လက်ကိုဝှေ့ယမ်းလိုက်ရာ အားကောင်းသောလေပြင်းများ ထွက်ပေါ်လာပေ၏။

ထိုလေပြင်းဖြတ်သန်းတိုက်ခတ်သွားသည်နှင့် နဂါးပလ္လင်မှယင်ချီများအားလုံး ချက်ချင်းဆိုသလိုပင် ပျက်ပြယ်သွားတော့သည်။

ယင်ချီများ ပျောက်ကွယ်သွားပြီးနောက် နဂါးပလ္လင်တည်ရှိခဲ့သောနေရာရှိမြေအောက်မှ ရတနာနှစ်ခု ပျံသန်းထွက်လာသည်။ထိုရတနာနှစ်ခုလုံးထံမှ မှုန်မှိုင်းသော အနက်ရောင်အလင်းတန်းများ ဖြာထွက်နေပေ၏။

ယင်ချီများပျက်ပြယ်သွားသဖြင့် ထိုရတနာနှစ်ခု၏မူလပုံပန်းသဏ္ဌာန် ထွက်ပေါ်လာခဲ့သည်။

ရတနာတစ်ခုသည် စေတီတစ်ဆူဖြစ်ပြီး တခြားတစ်ခုမှာ သံလိုက်အိမ်မြှောင်တစ်ခုပင်။

ယခင်က တစ္ဆေဧကရာဇ်သည် သေခြင်းရှင်ခြင်းသံလိုက်အိမ်မြှောင်ကို ထုတ်ဖော်အသုံးပြုခဲ့ပြီးဖြစ်သည်။

ထိုအချိန်တုန်းက တစ္ဆေဧကရာဇ်၏လက်အတွင်းတွင် ဤရတနာပစ္စည်းနှစ်ခု၏အစစ်အမှန်ကိုယ်ထည်များရှိမနေချေ။

တစ္ဆေဧကရာဇ်သည် ဤရတနာပစ္စည်းနှစ်ခုနှင့် ဆက်စပ်နေသော မှော်နည်းစနစ်ကိုသာ အသုံးပြုခဲ့ခြင်းဖြစ်သည်။

သို့ရာတွင် ထိုသို့ဆိုသည့်တိုင် သူ၏စွမ်းအားမှာ တုန်လှုပ်ချောက်ချားဖွယ်ကောင်းနေဆဲပင်။

"ဒါက ဟိုသရဲတစ္ဆေအသုံးပြုထားတဲ့ မှော်လက်နက်မလား"

ရှောင်ချင်၏မျက်လုံးအကြည့်သည် ထိုရတနာပစ္စည်းနှစ်ခုပေါ်သို့ ကျရောက်သွားချိန်တွင် သူမ၏မျက်လုံးအတွင်းမှ တောက်ပသောအလင်းရောင်များ ဖြာထွက်လာသည်။

သူမသည် အချိန်အတော်ကြာသတိလစ်မေ့မျောနေသော်လည်း ထိုရတနာပစ္စည်းနှစ်ခုအပေါ်၌ သူမ၏အမြင်သည် အလွန်အမင်းနက်ရှိုင်းပေ၏။

အထူးသဖြင့် သေခြင်းရှင်ခြင်းသံလိုက်အိမ်မြှောင်ပင်။ထိုအရာကို တစ်ကြိမ်လှည့်ပတ်လိုက်စဥ်တွင် ရှောင်ချင်သည် သူမ၏စိတ်ဝိညာဥ်ကို သူမ မပိုင်ဆိုင်တော့သကဲ့သို့ ခံစားလိုက်ရသည်။

သူမသည် သေခြင်းရှင်ခြင်းသံလိုက်အိမ်မြှောင်၏ထိန်းချုပ်မှုအောက်သို့ ကျရောက်သွားစဥ်တွင် သူမ၏အပြောအဆိုနှင့် အပြုအမူအားလုံး တစ္ဆေဧကရာဇ်၏လက်အတွင်းသို့ ကျရောက်သွားသည်။

အကယ်၍ တစ္ဆေဧကရာဇ်သည် သူမအား သေစေလိုလျှင်ပင် ရှောင်ချင်က သူမသည် တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ သူမ၏အသက်ကို အဆုံးသတ်ပေးမိမည်ဟု ယုံကြည်ပေ၏။

ဤမှော်လက်နက်သည် သူမအား ထိတ်လန့်ကြောက်ရွံမှုကို ခံစားရစေသည်။

ဤရတနာသည် ကောင်းကင်ဘုံဧကရာဇ်လင်းလုံ၏လက်အတွင်းရှိ ခွန်းလွင်ဓားဖြင့်ပင် နှိုင်းယှဥ်ကောင်းနှိုင်းယှဥ်နိုင်ပေမည်။

ရှောင်ချင်သည် နုံအသူတစ်ယောက်မဟုတ်ချေ။သူမသည် အနည်းငယ်ခွဲခြမ်းစိတ်ဖြာကြည့်ပြီးနောက် ထိုမှော်ရတနာနှစ်ခု၏မူရင်းဇစ်မြစ်ကို နားလည်သဘောပေါက်သွားသည်။

ဤနေရာသည် ရှေးဟောင်းအစွမ်းထက်ကျင့်ကြံသူတစ်ယောက်၏အမွေအနှစ်နယ်မြေဖြစ်ပေမည်။ထိုရတနာပစ္စည်းနှစ်ခုကို အစောပိုင်းက သူမ ရင်ဆိုင်ခဲ့ရသော သရဲတစ္ဆေစိတ်ဝိညာဥ်က အသုံးပြုခဲ့သည်။ထို့ကြောင့် ထိုအရာများသည် ရှေးဟောင်းအစွမ်းထက်ကျင့်ကြံသူ၏မှော်လက်နက်များဖြစ်အည်မှာ သိသာထင်ရှားလှ၏။

ဖြစ်နိုင်သည်မှာ ထိုအရာများသည် ရှေးဟောင်းဧကရာဇ်အဆင့်မှော်လက်နက်များပင်။

"ဒါက ငါ့ရဲ့အခွင့်အရေးဖြစ်နိုင်တယ်...တကယ်လို့ ငါ ဒါကိုသာဖမ်းဆုပ်နိုင်ရင် ငါတို့ရှောင်မိသားစုက မိသားစုကြီးရှစ်ခုထဲမှာထိပ်တန်းနေရာကိုရနိုင်မယ်...ဒါဆိုရင် ငါက မိုးကောင်းကင်ထိပျံဝဲနိုင်ပြီးတော့ ဒီလောကကြီးထဲမှာ အစွမ်းထက်ဆုံးကျင့်ကြံသူတစ်ယောက် ဖြစ်လာနိုင်တယ်"

ရှောင်ချင်၏နှလုံးခုန်နှုန်း လျှင်မြန်လာသည်။

မည်သို့ပင်ဆိုစေကာမူ ဤကောင်းကင်ဘုံနယ်မြေအတွင်း၌ ရှေးဟောင်းဧကရာဇ်အဆင့်မှော်လက်နက်ကို ပိုင်ဆိုင်မှသာလျှင် ထိပ်တန်းမိသားစုကြီးအဖြစ် ရပ်တည်နိုင်သည်။

သို့ရာတွင် ရှေးဟောင်းခေတ်ကာလများမှ လက်ဆင့်ကမ်းဆင်းသက်လာသော ဧကရာဇ်အဆင့်မှော်ရတနာများမှာ လွန်စွာအဖိုးတန်ရှားပါးလှ၏။မိသားစုတစ်စုသည် ရှေးဟောင်းဧကရာဇ်အဆင့်မှော်ရတနာတစ်ခုကို ရရှိရန်အတွက် လုံလောက်သောသတင်းအချက်အလက်ရှိရန် လိုအပ်ရုံသာမက ထိုမိသားစု၏အခြေခံအုတ်မြစ်သည်လည်း တောင့်တင်းရပေမည်။

တော်ဝင်မြို့တော်အတွင်းရှိ ထိပ်တန်းမိသားစုကြီးရှစ်စုအနက် ရှ ကျန်း လု နှင့် ကျိုးမိသားစုများတွင်သာ ရှေးဟောင်းဧကရာဇ်အဆင့်မှော်ရတနာများကို ပိုင်ဆိုင်ထားကြသည်။ထိုမိသားစုလေးခုကို 'မဟာမိသားစုကြီးလေးစု'ဟု ခေါ်ဝေါ်ကြ၏။

ရှောင်မိသားစုနှင့် တခြားမိသားစုသုံးစုသည် ထိပ်တန်းမိသားစုရှစ်စုစာရင်းတွင်ပါဝင်ကာ မရေမတွက်နိုင်သောအစွမ်းထက်ကျင့်ကြံသူများကို ပိုင်ဆိုင်ထားကြ၏။သို့ရာတွင် ထိုမိသားစုလေးစုသည် အစွမ်းထက်သော်လည်း သူတို့ထံတွင် ရှေးဟောင်းဧကရာဇ်အဆင့်မှော်လက်နက်များ ရှိမနေသဖြင့် 'သာမာန်ထိပ်တန်းမိသားစုလေးစု'ဟု သတ်မှတ်ထားသည်။

ထိုမိသားစုလေးစုသည် ထိပ်တန်းမိသားစုရှစ်စုတွင် ပါဝင်သော်လည်း သူတို့နှင့် မဟာမိသားစုကြီးလေးစုအကြားတွင် ကြီးမားသောကွဲပြားခြားနားချက်ရှိသည်။

ရှောင်ချင်သည် ရှောင်လင်းအာကို ခန်းမ၏ထောင့်တစ်နေရာတွင် ချလိုက်ကာ ရှေးဟောင်းဧကရာဇ်အဆင့် မှော်လက်နက်နှစ်ခုကို စူးစိုက်၍ကြည့်လိုက်၏။

သူမ၏အမြင်အရ ထိုရှေးဟောင်းဧကရာဇ်အဆင့်မှော်လက်နက်နှစ်ခုသည် ရှောင်လင်းအာ၏အသက်ထက် ပို၍အရေးကြီးပေသည်။

အကယ်၍ သူမ၏ညီမဖြစ်သူ သေဆုံးသွားပါက သူမ ကြေကွဲဝမ်းနည်းရနိုင်သည်။

သို့ရာတွင် ထိုရှေးဟောင်းဧကရာဇ်အဆင့်မှော်လက်နက်နှစ်ခုသာ သူမ၏မျက်စိအောက်မှ ယူဆောင်သွားခြင်းခံရပါက သူမကိုသတ်ပစ်သည်ထက် ပို၍ဆိုးဝါးပေမည်။

မည်သို့ပင်ဆိုစေကာမူ ရှောင်ချင်သည် အလျင်စလိုလှုပ်ရှားခြင်းမပြုချေ။သူမ၏နံဘေးတွင် လုယွီ ရှိနေလေ၏။သူမ၏ယခုလက်ရှိအခြေအနေဖြင့် လုယွီကို ရင်ဆိုင်တိုက်ခိုက်ရန်မှာ မဖြစ်နိုင်ပေ။

Chapter 2143

ရှေးဟောင်းဧကရာဇ်အဆင့်မှော်လက်နက်များ၏ ဆွဲဆောင်နိုင်စွမ်းအောက်တွင် မည်သူကမျှ ခွဲဝေ၍ယူမည်မဟုတ်ကြောင်း ရှောင်ချင်က သိရှိထားသည်။

သူမ လုပ်ဆောင်နိုင်သောအရာမှာ သူမ၏ကျင့်ကြံဆင့်ကို အလျှင်အမြန်ပြန်လည်ကောင်းမွန်စေပြီးမှ ထိုမှော်ရတနာနှစ်ခုကို သူမကိုယ်တိုင် ယူဆောင်ရပေမည်။

အချိန်တခဏကြာ စဥ်းစားတွေးတောပြီးနောက် ရှောင်ချင်က ပလ္လင်ခွေထိုင်လိုက်၏။ထို့နောက် သူမ၏မှော်စွမ်းအားများကို ပြန်လည်ဖြည့်တင်းပေးနိုင်သော ဆေးလုံးတချို့ကိုထုတ်ယူကာ တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ သောက်သုံးလိုက်သည်။

ယခင်က သူမသည် သွေးမျိုးဆက်စွမ်းအားကိုအသက်သွင်း၍ ရှေးဟောင်းဖီးနစ်ငှက်တစ်ကောင်အသွင်သို့ ပြောင်းလဲခဲ့သော်လည်း တစ္ဆေဧကရာဇ်၏ဖိအားပေးတိုက်ခိုက်မှုကြောင့် မြေပြင်ပေါ်သို့ ပြုတ်ကျခဲ့ရသည်။ထို့ကြောင့် သူမ အပြင်းအထန် ဒဏ်ရာရရှိထားပြီးလေပြီ။

ဤအချိန်တွင် ဆေးလုံးများကို အတင်းအကြပ်ဝါးမျိုလိုက်ခြင်းမှာ သူမ၏ဒဏ်ရာများကို ပို၍ဆိုးရွားစေပေမည်။

သို့ရာတွင် ရှောင်ချင်ထံ၌ ရွေးချယ်စရာမရှိတော့ချေ။

လုယွီသည် ရှောင်ချင် မည်သည့်အရာအား တွေးတောနေသည်ကို မသိသည့်အပြင် သူက သူမအပေါ် စိတ်ပါဝင်စားမှုလည်းမရှိချေ။

သူ၏မျက်လုံးအကြည့်သည် ရှေးဟောင်းဧကရာဇ်အဆင့် မှော်လက်နက်နှစ်ခုပေါ်တွင်သာ စူးစိုက်၍ကျရောက်နေသည်။သို့ရာတွင် သူ၏နတ်ဘုရားစိတ်အာရုံဖြင့် ထိုရှေးဟောင်းဧကရာဇ်အဆင့် မှော်လက်နက်နှစ်ခု၏လက်နက်စိတ်ဝိညာဥ်များဖြင့် စတင်၍ဆက်သွယ်နေခဲ့သည်။

သူသည် သေခြင်းရှင်ခြင်းသံလိုက်အိမ်မြှောင်၏လက်နက်စိတ်ဝိညာဥ်နှင့် ဆက်သွယ်ရသည်မှာ အဆင်ပြေချောမွေ့နေဆဲပင်။အကြောင်းအရင်းမှာ လုယွီသည် တစ္ဆေဧကရာဇ်နှင့်တိုက်ခိုက်နေစဥ်တွင် သေခြင်းရှင်ခြင်းသံလိုက်အိမ်မြှောင်၏မှော်နည်းစနစ်ကို လှည့်ပတ်ခဲ့သဖြင့် ထိုလက်နက်စိတ်ဝိညာဥ်သည် သူ့အပေါ်၌ ကောင်းမွန်သောသဘောထားရှိသည်။

လုယွီ၏အမြင်အာရုံအတွင်း၌ သေခြင်းရှင်ခြင်းသံလိုက်အိမ်မြှောင်ပေါ်တွင် ကလေးငယ်တစ်ယောက် ထွက်ပေါ်လာသည်။ထိုကလေးသည် မျက်လုံးဝိုင်းကြီးများဖြင့် သိချင်စိတ်ပြင်းပြစွာ လုယွီကို စူးစိုက်၍ကြည့်နေလေ၏။

"မင်းရဲ့အရှင်သခင်က သေသွားပြီ...မင်း ငါ့နောက်ကို လိုက်ချင်လား"

လုယွီက တည်ငြိမ်သောလေသံဖြင့် ပြောဆိုသည်။သူသည် အတင်းအကျပ်ဖိအားပေးရန် ရည်ရွယ်မထားချေ။

အကယ်၍ ဤလက်နက်စိတ်ဝိညာဥ်သည် သူ့နောက်သို့ မလိုက်လိုဘဲ တခြားသခင်တစ်ယောက်ကို ရွေးချယ်မည်ဆိုလျှင်လည်း သူ၏စိတ်ထဲမထားဘဲ ခွင့်ပြုပေးပေမည်။

လက်နက်စိတ်ဝိညာဥ်ကလေးငယ်သည် လုယွီကို ခြေဆုံးခေါင်းဆုံးကြည့်၍ နူးညံညင်သာသောအသံဖြင့် ပြောဆိုလေ၏။

"သူက ငါ့ရဲ့အရှင်သခင်မဟုတ်ဘူး...ငါက သူ့ကို ဒီမှော်လက်နက်ကို အသုံးပြုနိုင်ဖို့ ငှါးထားရုံသက်သက်ပဲ"

ထိုစကားနှင့်အတူ လက်နက်စိတ်ဝိညာဥ်ကလေးငယ်သည် လုယွီထံသို့ပြေးလာကာ ရှေ့နောက်လှည့်ပတ်၍ အနံ့ခံကြည့်လိုက်သည်။ရုတ်တရက် ထိုကလေးငယ်၏မျက်နှာပေါ်၌ ပျော်ရွှင်သောအမူအယာမျိုး ထွက်ပေါ်လာသည်။

"မင်းရဲ့ခန္ဓာကိုယ်ပေါ်မှာ ငါ့အရှင်သခင်ရဲ့အငွေ့အသက်မျိုးရှိနေတယ်...ငါ မင်းနောက်ကိုလိုက်မယ်"

လုယွီ၏မျက်ခုံးများ မြင့်တက်သွားသည်။ဤကိစ္စသည် သူ့အား အံ့အားသင့်သွားစေ၏။

အကယ်၍ သူသည် ဤရှေးဟောင်းဧကရာဇ်အဆင့် မှော်လက်နက်၏စိတ်ဝိညာဥ်ကို သိမ်းသွင်းလိုပါက မတော်တဆကိစ္စပေါင်းများစွာဖြင့် ရင်ဆိုင်ရမည်ဟု မူလက သူ တွေးတောထားခဲ့သည်။

သို့ရာတွင် ယခုလက်ရှိချိန်၌ ထိုမတော်တဆကိစ္စရပ်များ ဖြစ်ပွါးတော့မည့်ပုံမရှိချေ။

သေခြင်းရှင်ခြင်းသံလိုက်အိမ်မြှောင်၏လက်နက်စိတ်ဝိညာဥ်သည် လုယွီက တစ္ဆေဧကရာဇ်ကို အနိုင်ယူခဲ့သည့်ကိစ္စအား ဂရုစိုက်ပုံမရချေ။ဆန့်ကျင်ဘက်အနေဖြင့် သူသည် လုယွီအား ငြင်းဆန်ခြင်းပင်မပြုချေ။

"ကောလဟာလတွေအရတော့ သေခြင်းရှင်ခြင်းသံလိုက်အိမ်မြှောင်ကို ကောင်းကင်ဘုံဧကရာဇ်က သန့်စင်ခဲ့ပြီးတော့ တစ္ဆေဧကရာဇ်ကို ပေးသနားခဲ့တာပဲ...ဒါကိုကြည့်ရင် ရှေးဟောင်းမှတ်တမ်းစာအုပ်တွေထဲမှာ သေခြင်းရှင်ခြင်းသံလိုက်အိမ်မြှောင်က တစ္ဆေဧကရာဇ်ရဲ့အစွမ်းထက်ဆုံးမှော်လက်နက်လို့ ဖော်ပြထားတာက တိကျမှန်ကန်မှုမရှိဘူး"

"ဘယ်လိုပဲဖြစ်ဖြစ် ငါက ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်ရဲ့အမွေအနှစ်ကို ဆက်ခံထားတယ်...သူက ငါ့ကို သူ့ရဲ့အရှင်သခင်လို့ နားလည်မှုလွဲမှားပြီးတော့ ငါ့ကို ရင်းရင်းနှီးနှီး ဆက်ဆံနေတာပဲဖြစ်မယ်"

လုယွီသည် သူ၏စိတ်နှလုံးသားအတွင်းမှနေ၍ သူ၏ကံ အလွန်ကောင်းမွန်နေသည်ဟု ခံစားမိပေ၏။

ယခုလက်ရှိချိန်တွင် သူ့ထံ၌ ရှေးဟောင်းဧကရာဇ်အဆင့်မှော်လက်နက်ဟူ၍ ထိုက်အန်းဓားတစ်ခုသာရှိသည်။

သို့ရာတွင် သူ ထိုက်အန်းဓားကို အသုံးပြုနိုင်ရန်မှာ အလွန်အမင်းခက်ခဲလှ၏။သူသည် လောကီအင်မော်တယ်အထွတ်အထိပ်အဆင့် ကျင့်ကြံသူဖြစ်သည့်တိုင် အကယ်၍ သူ ထိုက်အန်းဓားကိုအသုံးပြုပါက သူ၏မှော်စွမ်းအားများနှင့်သွေးချီများ ကုန်ခမ်းသွားပေမည်။

နှိုင်းယှဥ်ကြည့်ပါက ထိုက်အန်းဓားထက် သေခြင်းရှင်ခြင်းသံလိုက်အိမ်မြှောင်ကို ထိန်းချုပ်ရသည်က ပို၍လွယ်ကူနိုင်သည်။

"မင်းက ဘယ်အချိန်ကစပြီး အသိစိတ်နိုးထလာတာလဲ...မင်း ဒီနေရာကိုရောက်နေတာ ဘယ်လောက်တောင်ကြာနေပြီလဲ"

လုယွီက စုံစမ်းမေးမြန်းလိုက်၏။

ဤဧကရာဇ်အဆင့်မှော်လက်နက်များသည် ရှေးဟောင်းခေတ်အချိန်ကာလများမှ လက်ဆင့်ကမ်းဆင်းသက်လာခြင်းဖြစ်သည်။ယခုချိန်တွင် သူ ထိုမှော်ရတနာများကို မေးခွန်းများပို၍မေးမြန်းနိုင်သည်နှင့်အမျှ အတိတ်တွင် သူ မသိခဲ့သော လျှို့ဝှက်ချက်များအကြောင်း ပို၍သိလာနိုင်သည်။

လက်နက်စိတ်ဝိညာဥ်ကလေးငယ်သည် သူ၏ခေါင်းကိုကုတ်၍ အနည်းငယ်ရှက်ရွံနေသောအမူအယာဖြင့် ပြောဆိုလေ၏။

"ငါက ခုလတ်တလောကမှ နိုးထလာတာ...အရင်က ဘာတွေဖြစ်ခဲ့လဲဆိုတာ ငါ မသိဘူး...ငါက အချိန်အကြာကြီး အိပ်မောကျနေခဲ့တာ...ငါ မျက်လုံးဖွင့်လိုက်မိတော့ အခု ဒီကိုရောက်နေတာပဲ"

လုယွီက ခေါင်းညိမ့်လိုက်သည်။ဤသည်က သူ၏မှန်းဆချက်ဖြင့် တူညီပေ၏။

သူ့ရှေ့ရှိ လက်နက်စိတ်ဝိညာဥ်သည် အလွန်ရိုးရှင်းပြီး ရိုးသားဖြူစင်ကာ မည်သည့်မသန့်စင်မှုများမှ ရှိမနေချေ။ထိုလက်နက်စိတ်ဝိညာဥ်သည် လတ်တလောအချိန်ကာလအတွင်းမှ မွေးဖွားလာခြင်းဖြစ်ပေမည်။

"ဒါဆိုရင် မင်း ငါ့နောက်ကိုလိုက်ခဲ့တော့"

လုယွီက သူ၏လက်ကိုဆန့်ထုတ်၍ လှုပ်ခတ်လိုက်သည်။သူ၏အစစ်အမှန်သွေးတစ်စက်သည် သေခြင်းရှင်ခြင်းသံလိုက်အိမ်မြှောင်ပေါ်သို့ ဦးတည်၍ပျံသန်းသွားပေ၏။

Chapter 2144

လုယွီသည် သေခြင်းရှင်ခြင်းသံလိုက်အိမ်မြှောင်ပေါ်တွင် သူ၏အမှတ်အသား ချန်ထားနိုင်လုဆဲဆဲအချိန်သို့ ရောက်ရှိနေစဥ်မှာပင်....

ထိုအချိန်မှာပင် တစ်ချိန်လုံးတိတ်ဆိတ်ငြိမ်သက်နေခဲ့သော ရှေးဟောင်းစေတီမှနေ၍ အနက်ရောင်အလင်းတန်းများဖြာထွက်လာကာ သေခြင်းရှင်ခြင်းသံလိုက်အိမ်မြှောင်ကို လွှမ်းခြုံသွားသည်။

ထိုအနက်ရောင်အလင်းတန်းကြောင့် လုယွီ၏အစစ်အမှန်သွေးစက်သည် နံဘေးဘက်သို့ လွင့်ထွက်သွားပေ၏။

"အား...."

လက်နက်စိတ်ဝိညာဥ်ကလေးငယ်သည် စူးရှနာကျင်စွာအော်ဟစ်၍ မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် အနက်ရောင်အလင်းတန်းများအကြား၌ ပျောက်ကွယ်သွားတော့သည်။

ရှေးဟောင်းစေတီထံမှ ရုတ်တရက် ပြင်းထန်သောစွမ်းအားများ ပွင့်အံထွက်လာကာ သေခြင်းရှင်ခြင်းသံလိုက်အိမ်မြှောင်ကိုသယ်ဆောင်၍ ခန်းမပြင်ပသို့ ပြေးထွက်သွားလေ၏။

ဤအပြောင်းအလဲကို လုယွီ မျှော်လင့်ထားမိခြင်းမရှိချေ။

"သေချင်နေတာလား"

လုယွီက အေးစက်စက်အော်ငေါက်ကာ သူ၏လက်အတွင်းမှ မှော်စွမ်းအင်လှိုင်းတစ်လှိုင်း ထွက်ပေါ်လာသည်။

ရှေးဟောင်းစေတီ၏ရှေ့ရှိ ပါးလွှာသောလေထုအတွင်းမှနေ၍ ဧရာမမှော်စွမ်းအင်လက်ဝါးကြီးတစ်ဖက်ထွက်ပေါ်လာပေ၏။ထိုလက်ဝါးကြီးသည် ရှေးဟောင်းစေတီကို ဖမ်းဆုပ်၍ နောက်သို့ပြန်တွန်းပို့လိုက်သည်။

ဒေါင်...

ရှေးဟောင်းစေတီသည် အဖြူရောင်ကျောက်သားစင်မြင့်နှင့် ပြင်းပြင်းထန်ထန်ရိုက်ခတ်မိသွားသည်။ရုတ်ချည်းဆိုသလိုပင် အဖြူရောင်ကျောက်သားစင်မြင့်ပေါ်၌ နက်ရှိုင်းသောအချိုင့်ရာကြီးတစ်ခု ကျန်ရစ်ခဲ့သည်။

လုယွီ၏ခွန်အားသည် အလွန်အမင်း အစွမ်းထက်လှ၏။အကယ်၍ သာမာန်မှော်ရတနာများသာ လုယွီ၏တိုက်ခိုက်မှုကို ခံယူရပါက အပိုင်းပိုင်းအစစ ကျိုးပဲ့သွားပေမည်။

သို့ရာတွင် ရှေးဟောင်းစေတီပေါ်တွင် အနည်းငယ်မျှပင် သက်ရောက်မှုရှိပုံမရချေ။ထိုစေတီသည် လှုပ်ယမ်းသွားရုံသာရှိပြီး တခြားဦးတည်ချက်သို့ ပျံသန်းသွားလေ၏။

ဤတစ်ကြိမ်တွင် ထိုစေတီသည် ခန်းမ၏ပြင်ပသို့ ထွက်ခွါသွားခြင်းမရှိဘဲ ရှောင်ချင်ထံသို့ဦးတည်၍ ပျံသန်းသွားသည်။

ဤအချိန်အခိုက်အတန့်တွင် ရှောင်ချင်သည် သူမ၏မှော်စွမ်းအားများကို ပြန်လည်ဖြည့်တင်းနိုင်ရန်အတွက် တိတ်ဆိတ်ငြိမ်သက်စွာ ပလ္လင်ခွေထိုင်နေဆဲပင်။

သူမသည် ဆေးလုံးအမြောက်အများကို သောက်သုံးထားသော်လည်း ထိုဆေးလုံးများကို အပြည့်အဝချေဖျက်နိုင်ရန်အတွက် အချိန်လိုအပ်သည်။ထို့နောက်မှသာ သူမ၏မှော်စွမ်းအင်များ ပြန်လည်ရရှိပေမည်။

ယခုချိန်၌ ရှောင်ချင်သည် သူမ၏ခန္ဓာကိုယ်အတွင်းမှ ဆေးစွမ်းအားများကို ချေဖျက်နေသော အထွတ်အထိပ်အခြေအနေသို့ ရောက်ရှိနေသည်။ရုတ်တရက် သူမရှေ့သို့ ပြင်းထန်သောလေလှိုင်းတစ်ရပ် ရောက်ရှိလာသည်ကို ရှောင်ချင်က ခံစားမိလေ၏။

အန္တရာယ်ကို ကြိုတင်ဟန့်တားသည့်အနေဖြင့် ရှောင်ချင်က သူမ၏မျက်လုံးများကိုဖွင့်လိုက်သည်။

ရှေးဟောင်းဧကရာဇ်အဆင့်မှော်လက်နက်နှစ်ခုအနက်မှတစ်ခုသည် သူမထံဦးတည်၍ အလျှင်အမြန်ပျံသန်းလာခြင်းကို သူမက မြင်တွေ့လိုက်ရသည်။

"ဒီမှော်ရတနာက ဟိုကောင်လေးအစား ငါ့ကိုရွေးချယ်လိုက်တာလား"

ရှောင်ချင်က အနည်းငယ်အံ့အားသင့်သွားသော်လည်း မကြာမီမှာပင် သူမက ပျော်ရွှင်သွားလေ၏။

ဤရလဒ်ကို ရှောင်ချင် နားလည်သဘောပေါက်သွားရသော အကြောင်းအရင်းမှာ သူမသည် တစ်ချိန်လုံး သူမ၏စိတ်နှလုံးသားအတွင်းမှနေ၍ လုယွီကို အထင်သေးနေခြင်းကြောင့်ပင်။

ရှောင်ချင်၏အမြင်အရ လုယွီသည် သူ၏အစွမ်းထက်သောမှော်လက်နက်ကိုအမှီပြုပြီး သန်မာနေခြင်းသာဖြစ်ပေမည်။အမှန်အားဖြင့် လုယွီ၏အစစ်အမှန်ခွန်အားမှာ သန်မာအားကောင်းခြင်းရှိမည်မဟုတ်ချေ။

ဤကဲ့သို့ ခွန်အားမျိုးသည် အချိန်တခဏအတွင်းသာ မောက်မာနိုင်သော်လည်း ဧကရာဇ်အဆင့်မှော်လက်နက်များ၏အမြင်တွင် သေးနုပ်ညံဖျင်းနေပေမည်။

လုယွီ၏အရည်အချင်းသည် ကောင်းမွန်ခြင်းမရှိသောကြောင့် ထိုဧကရာဇ်အဆင့်မှော်လက်နက်သည် သူ့အားသဘောကျမနှစ်ခြိုက်ခြင်းမရှိသဖြင့် သူ့အစား သူမကို ရွေးချယ်ခြင်းဖြစ်ပေလိမ့်မည်။

ထိုအကြောင်းကိုတွေးတောမိသည်နှင့် ရှောင်ချင်သည် သူမကိုယ်သူမ ယုံကြည်မှုပိုရှိသွားသကဲ့သို့ ခံစားလိုက်ရသည်။

ရှောင်ချင်က သူမ၏လက်ကိုရှေ့သို့ဆန့်ထုတ်၍ ရှေးဟောင်းစေတီကို ဆုပ်ကိုင်လိုက်သည်။ရုတ်ချည်းဆိုသလိုပင် သူမသည် ရှေးဟောင်းစေတီမှလာသော အရှိန်အဝါများကို ခံစားမိသည်။

ဤအချိန်အခိုက်အတန့်တွင် သူမ၏ခန္ဓာကိုယ်မှ ဒဏ်ရာများအားလုံး ယူပစ်သလို ပျောက်ကင်းသွားလေ၏။

"ဒါက အရမ်းကိုထူးခြားဆန်းကျယ်တာပဲ"

ရှောင်ချင်က အလွန်အမင်းအံ့အားသင့်သွားခဲ့သည်။

သူမသည် အကယ်၍ သူမ၏ဒဏ်ရာများကို အပြည့်အဝ ပျောက်ကင်းစေလိုပါက အနည်းဆုံးငါးရက် ခြောက်ရက်ခန့်အချိန်ယူ၍ ပြန်လည်ကုကရမည်ဟု ခန့်မှန်းထားသည်။

ဤရှေးဟောင်းစေတီမှထုတ်လွှက်နေသော အရှိန်အဝါများသက်သက်ဖြင့် သူမ၏ဒဏ်ရာများ ပျောက်ကင်းသွားမည်ဟု သူမ မျှော်လင့်မထားမိချေ။

"ငါ့ကို အဝေးခေါ်ထုတ်ပေးနိုင်ရင်...ငါနဲ့သေခြင်းရှင်ခြင်းသံလိုက်အိမ်မြှောင်က မင်းရဲ့အပိုင်ပဲ"

ရှေးဟောင်းစေတီမှနေ၍ လူအိုကြီးတစ်ယောက်၏အသံ ထွက်ပေါ်လာသည်။

ထိုအသံသည် သူမ၏စိတ်အတွင်း၌ ပေါက်ကွဲသွားကာ သူမ၏စိတ်နှလုံးသား တုန်ခါသွားသည်။

ဤှသည်က ရှေးဟောင်းစေတီမှစိတ်ဝိညာဥ်၏အသံပင်။

ရှောင်ချင်က လုယွီကိုတစ်ချက်ကြည့်ပြီး ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ကာ ထွက်ခွါခဲ့တော့သည်။

သူမသည် သတိလစ်မေ့မျောနေဆဲဖြစ်သော ရှောင်လင်းအာကိုပင် ဂရုမစိုက်တော့ချေ။

သူမ၏လက်အတွင်းသို့ ရှေးဟောင်းဧကရာဇ်အဆင့်မှော်လက်နက်နှစ်ခု ရောက်ရှိနေသဖြင့် အကယ်၍ သူမ၏ညီမဖြစ်သူကို စတေးရလျှင်ပင် ကိစ္စကြီးတစ်ရပ်မဟုတ်ချေ။

ရှောင်ချင် ထွက်ပြေးသွားသည်ကိုကြည့်ပြီး လုယွီက အေးစက်စက်နှာတစ်ချက်မှုတ်ကာ နဂါးဖမ်းလက်ကို ထုတ်ဖော်အသုံးပြုလိုက်၏။

Chapter 2145

ရုတ်ချည်းဆိုသလိုပင် ဧရာမလက်ဝါးပုံရိပ်ယောင်ကြီးတစ်ဖက်က ရှောင်ချင်၏ရှေ့၌ ထွက်ပေါ်လာပြီး သူမကို တားဆီးဟန့်တားလိုက်၏။

"ငါ့ကို မှော်လက်နက်တွေပေးမလား ဒါမှမဟုတ် မင်း သေချင်လား"

လုယွီက အေးစက်စက်လေသံဖြင့် ပြောဆိုသည်။

ရှေးဟောင်းစေတီ၏လက်နက်စိတ်ဝိညာဥ် နိုးထနေသည်ကို သူ သတိမပြုမိချေ။

သေခြင်းရှင်ခြင်းသံလိုက်အိမ်မြှောင်၏လက်နက်စိတ်ဝိညာဥ်နှင့်မတူညီဘဲ ရှေးဟောင်းစေတီ၏စိတ်ဝိညာဥ်သည် ရှေးဟောင်းအချိန်ကာလများမှ အသက်ရှင်သန်လာသော မွန်းစတားအိုကြီးဖြစ်မည်မှာ သိသာထင်ရှားလှ၏။

ငရဲကြီးဆယ့်ရှစ်ထပ်လုံး ထိုရှေးဟောင်းစေတီအတွင်း၌ရှိနေသည်။

အကယ်၍ ထိုရှေးဟောင်းစေတီသာ ဤနေရာမှထွက်ခွါနိုင်ပြီး အတွင်းရှိ သရဲတစ္ဆေများကို လွှက်ပေးလိုက်ပါက ကောင်းကင်ဘုံနယ်မြေတစ်ခုလုံးအတွက် ဘေးကပ်ဆိုးကြီးတစ်ခုဖြစ်သွားပေမည်။

ထို့ပြင် ရှေးဟောင်းစေတီ၏စိတ်ဝိညာဥ်သည် သူနှင့်အတူ သေခြင်းရှင်ခြင်းသံလိုက်အိမ်မြှောင်ကို ခေါ်ဆောင်သွားလိုပုံရသည်။

အမှန်အားဖြင့် လုယွီသည် ထိုကိစ္စရပ်များ ဖြစ်ပျက်လာမည်ကို ခွင့်မပြုနိုင်ချေ။

"နင်က ဘာလုပ်ချင်တာလဲ...သူတို့က ငါ့ကိုရွေးချယ်ထားတာလေ...နင် ကြားဝင်စွက်ဖက်တာ မှန်ကန်တဲ့လုပ်ရပ်မဟုတ်ဘူး"

ရှောင်ချင်၏မျက်ခုံးများ မြင့်တက်သွားကာ သူမက သရော်တော်တော် ပြောဆိုလိုက်၏။

"နင်က အရည်အချင်းမပြည့်မီလို့ ရှေးဟောင်းဧကရာဇ်အဆင့်မှော်လက်နက်က နင်ကိုမရွေးချယ်ခဲ့တာ အသိသာကြီးလေ...နင်က ငါ့ကို ဟန့်တားဝံ့တာလား...ငါ နင့်ကို ပြောလိုက်မယ်...ငါတို့ ရှောင်မိသားစုက အစွမ်းထက်ကျင့်ကြံသူတွေက မကြာခင်မှာ ရောက်လာကြတော့မယ်"

ယခုလက်ရှိချိန်တွင် သူမသည် သတ္တိရှိစွာဖြင့် လုယွီကို မျက်နှာချင်းဆိုင်၍ ပြောဆိုဝံ့လေပြီ။

မီးနတ်ဘုရား၏ကိုယ်ပွါး ပျောက်ကွယ်သွားမှုနှင့်အတူ ဤနေရာကိုဖုံးကွယ်ထားသောဝင်္ကပါများ၏အကျိုးသက်ရောက်မှုများအားလုံး ဆုံးရှုံးသွားခဲ့သည်။

အစောပိုင်းကပင် ရှောင်ချင်သည် ရှောင်မိသားစုမှအစွမ်းထက်ကျင့်ကြံသူများနှင့် အဆက်အသွယ်ရခဲ့ကာ သူတို့အား ဤနေရာသို့ အမြန်ဆုံးလာရောက်ရန် တောင်းဆိုခဲ့လေ၏။

ရှောင်မိသားစုမှအစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက် ရောက်ရှိလာသည်နှင့် ထိုဧကရာဇ်အဆင့်မှော်လက်နက်နှစ်ခုသည် သူမ၏ပိုင်ဆိုင်မှုများ ဖြစ်သွားပေမည်။

"အတင့်ရဲလိုက်တာ"

လုယွီက အေးစက်စက်နှာမှုတ်ကာ စတင်၍တိုက်ခိုက်လိုက်တော့သည်။

ရှေးဟောင်းစေတီသည် မှော်ရတနာတစ်ခုသာဖြစ်ပေ၏။ထိုအရာသည် အလွန်အမင်းအစွမ်းထက်သော်လည်း နိုးထလာသည်မှာမကြာသေးသဖြင့် စွမ်းအားအပြည့်အဝကို ထုတ်ဖော်အသုံးပြုနိုင်ခြင်းမရှိသေးချေ။

သူသည် ရှောင်ချင်၏သွေးချီများကို ချေးငှါး၍ သူ၏နဂိုမူလစွမ်းအားကို အလျှင်အမြန်ပြန်လည်ရရှိနိုင်ရန် ရည်ရွယ်ထားသည်။

လုယွီ တိုက်ခိုက်လိုက်ခြင်းကိုမြင်သည်နှင့် ရှောင်ချင်၏အင်္ကျီလက်အတွင်းမှ ရှေးဟောင်းစေတီ ရုတ်တရက် တုန်ခါသွားလေ၏။

"မင်း...ငါ့ကို မင်းရဲ့သွေးချီတွေ ချေးငှါးပေးစမ်း"

ရှေးဟောင်းစေတီ၏မျက်နှာပြင်မှနေ၍ အနီရောင်အလင်းတန်းတစ်တန်း ရုတ်တရက်ထွက်ပေါ်လာသည်။

ရုတ်ချည်းဆိုသလိုပင် ရှောင်ချင်သည် သူမ အားနည်းသွားသည်ကို ခံစားမိလေ၏။သူမ၏လက်ချောင်းထိပ်၌ ဒဏ်ရာတစ်ခု ရုတ်တရက်ထွက်ပေါ်လာသည်။ထို့နောက် သူမ၏ဒဏ်ရာမှနေ၍ သွေးများယိုစီးကျလာကာ ရှေးဟောင်းစေတီထံသို့ ဦးတည်၍ပျံသန်းသွားသည်။

ဤသွေးစက်များအတွင်းတွင် ရွှေရောင်အလင်းတန်းတချို့ ရောယှက်နေသည်။

ဤသည်က ရှေးဟောင်းဖီးနစ်ငှက်၏သွေးမျိုးဆက်ပင်။

ရှေးဟောင်းအချိန်ကာလများမှာပင် ရှေးဟောင်းဖီးနစ်သွေးမျိုးဆက်သည် အလွန်အဖိုးတန်ရှားပါးလေ၏။သို့ရာတွင် ယခုလက်ရှိချိန်၌ ထိုသွေးစက်များသည် ရှေးဟောင်းစေတီ၏ အကန့်အသတ်မရှိဆွဲယူခြင်းကို ခံနေရသည်။

"ကောင်းပြီလေ....နင်က ငါ့ဆီကိုရောက်လာမှတော့ နင့်ကို ငါ့ရဲ့သွေးစက်တချို့ပေးမယ်"

ရှောင်ချင်သည် သူမ၏ခန္ဓာကိုယ်အတွင်းရှိ အားနည်းလာမှုကိုတောင့်ခံ၍ အံ့တင်းတင်းကြိတ်ကာ ပြောဆိုလိုက်သည်။

သူမသည် ထိုရှေးဟောင်းဧကရာဇ်ပစ္စည်းနှစ်ခုကို ရယူနိုင်သရွေ့ ကောင်းကင်ဘုံနယ်မြေတွင် အစွမ်းထက်ဆုံးပုဂ္ဂိုလ်တစ်ယောက် ဖြစ်လာပေမည်။

ထိုသွေးဆောင်ဖျားယောင်မှုက သူမ၏အသက်အန္တရာယ်ကိုပင် မေ့လျော့သွားစေသည်။

ဘုန်း...

လုယွီသည် နဂါးဖမ်းလက်ကိုအသုံးပြုကာ ရှေးဟောင်းစေတီထံဦးတည်၍ ဖမ်းဆုပ်လိုက်၏။

သို့သော် ထိုအချိန်မှာပင် ရှေးဟောင်းစေတီမှနေ၍ ရုတ်တရက်အနက်ရောင်နတ်ဆိုးချီများ ထွက်ပေါ်လာကာ လုယွီ၏နဂါးဖမ်းလက်နှင့် ပြင်းပြင်းထန်ထန် ရိုက်ခတ်မိသည်။

ပတ်ဝန်းကျင်နေရာတဝိုက်၌ မြောက်မြားစွာသောပုံရိပ်များထွက်ပေါ်လာကာ စူးရှနာကျင်စွာ ညည်းတွားနေသောအသံများကိုလည်း ကြားနိုင်လေ၏။

ဤသည်က ရှေးဟောင်းငရဲနယ်မြေအတွင်းတွင် ပိတ်လှောင်ခံထားရသော သရဲတစ္ဆေများ၏ငိုညည်းသံများပင်။

ထိုသရဲတစ္ဆေများ၏ငိုညည်းသံများကို ကြားရသောမည်သူမဆို သူတို့၏နှလုံးသားအောက်ခြေမှ ချမ်းစိမ့်လာမှုကို ခံစားရစေပေမည်။

ဖီးနစ်သွေးမျိုးဆက်ကို စုပ်ယူပြီးနောက် ရှေးဟောင်းခန်းမသည် ဧကရာဇ်အဆင့်မှော်လက်နက်၏စွမ်းအားတစိတ်တဒေသကို ထုတ်ဖော်အသုံးပြုနိုင်ခဲ့သည်။

မြောက်မြားစွာသောသရဲတစ္ဆေများ၏ငိုညည်းသံများ အတူတကွစုဝေးလိုက်ခြင်းကြောင့် တုန်လှုပ်ချောက်ချားဖွယ်လေပြင်းမုန်တိုင်းတစ်ရပ်ဖြစ်ပေါ်လာကာ ခန်းမတစ်ခုလုံးကို ဖြတ်သန်းတိုက်ခတ်သွားသည်။

လုယွီ၏နဂါးဖမ်းလက်သည် မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် ထိုလေပြင်းမုန်တိုင်း၏ဖျက်ဆီးခြင်းကို ခံလိုက်ရ၏။

သို့ရာတွင် လုယွီသည် နဂါးဖမ်းလက်တစ်ခုတည်းဖြင့် တိုက်ခိုက်ခဲ့ခြင်းမဟုတ်ချေ။

ရှေးဟောင်းခန်းမ၏စွမ်းအားများ တစတစပို၍အားကောင်းလာသည်ကိုကြည့်ပြီး လုယွီသည် သူ အစောပိုင်းကရရှိထားသော အင်မော်တယ်မိုးကြိုးပုလဲကို ထုတ်ယူလိုက်သည်။

လုယွီက တိတ်ဆိတ်ငြိမ်သက်စွာဖြင့် သူ၏မှော်စွမ်းအားတချို့ကို အင်မော်တယ်မိုးကြိုးပုလဲအတွင်းသို့ထည့်သွင်းကာ ရှေးဟောင်းစေတီထံဦးတည်၍ ပစ်လွှက်လိုက်၏။

Thank For Reading.

All Chapters