← Chapters

အခန်း (၂၁၅၁-၂၁၅၅)

Vol. 111 Ch. 2151-2155

အခန်း (၂၁၅၁-၂၁၅၅)

Vol. 111 Ch. 2151-2155

Chapter 2151

ဘုန်း...

ရွှေရောင်သံချပ်ကာစစ်သားသည် လွင့်ထွက်သွားပြီးနောက် အဝေးရှိခန်းမမှနံရံနှင့် ပြင်းပြင်းထန်ထန် ရိုက်ခတ်မိသည်။

ပင်မခန်းမနံဘေးပတ်လည်ရှိနံရံများကို အလွန်အမင်းမာကျောသော ကျောက်တုံးအုတ်ချပ်များဖြင့် တည်ဆောက်ထားသဖြင့် အလွန်ခိုင်မာတောင့်တင်းသည်။

ရွှေရောင်သံချပ်ကာဝတ်စစ်သားသည် နံရံနှင့်ဝင်ဆောင့်မိသဖြင့် ရုတ်ချည်းဆိုသလိုပင် ခန်းမနံရံတစ်ခု ကျိုးပဲ့ပျက်စီးသွားလေ၏။သူသည် မြေပြင်ပေါ်သို့ ပြိုလဲကျသွားခဲ့သည်။

သူဝတ်ဆင်ထားသော ရွှေရောင်သံချပ်ကာသည် အဆင့်မြင့်မှော်ရတနာတစ်ခုဖြစ်သည်။

သို့ရာတွင် ယခုလက်ရှိချိန်၌ အလွန်အမင်းမာကျောပုံရသော သံချပ်ကာ၏ရင်ဘတ်ပိုင်း ကွေးကောက်နေပေ၏။သံချပ်ကာဝတ်စုံ၏အစိတ်အပိုင်းအများစုသည် ညင်သာစွာထိတွေ့လိုက်ရုံဖြင့် ကျိုးပဲ့သွားတော့မည့်အလား အက်ကွဲကြောင်းများဖြင့် ပြည့်နှက်နေသည်။

"မင်းက ငါ့ရဲ့ပြိုင်ဘက် မဖြစ်နိုင်ဘူး"

လုယွီက ပေါ့ပေါ့ပါးပါးလေသံဖြင့် ပြောဆိုသည်။

ရွှေရောင်သံချပ်ကာစစ်သားသည် မြောက်များစွာသောဆေးလုံးများကိုအမှီပြု၍ ရွှယ်အင်မော်တယ်ဖြစ်လာခဲ့ခြင်းပင်။သူ၏ခွန်အားသည် ရှုရာဧကရာဇ်ရှစ်ဖန့်ထက်ပင် ပို၍နိမ့်ကျလေ၏။

လုယွီ၏လက်ရှိခွန်အားဖြင့် ထိုရွှေရောင်သံချပ်ကာဝတ်စစ်သားအား လွယ်လင့်တကူ အနိုင်ယူနိုင်သည်။

လုယွီ၏စကားကိုကြားချိန်တွင် ရွှေရောင်သံချပ်ကာဝတ်စစ်သားသည် အလွန်ဒေါသထွက်သွားသဖြင့် သူ၏ပါးစပ်မှသွေးတစ်လုတ် အန်ထွက်လာကာ သတိလစ်မေ့မျောသွားတော့သည်။

"ရှောင်မိသားစုခေါင်းဆောင်....ခင်ဗျားက ဗာမီလီယန်စစ်စခန်းရဲ့တပ်မှူးဖြစ်ပေမယ့်...အခုချိန်မှာ ခင်ဗျားက စစ်တပ်ထဲမှာရှိမနေဘူး...တကယ်လို့ ခင်ဗျား ကျုပ်ကို အရာရှိနေရာကထုတ်ပယ်ချင်တယ်ဆိုရင် အနည်းဆုံးတော့ တော်ဝင်စစ်ရေးဌာနနဲ့အုပ်ချုပ်ရေးမှူးရုံးက အမိန့်စာလိုအပ်တယ်...ခင်ဗျားရဲ့စကားတစ်ခွန်းတည်းနဲ့ ကျုပ်ကိုထုတ်ပယ်ဖို့ မလုံလောက်ဘူး"

လုယွီသည် နှိမ့်ချခြင်းလည်းမရှိမောက်မာခြင်းလည်းမရှိသောလေသံဖြင့် ရှောင်ချွမ်ကို မျက်နှာချင်းဆိုင်ကြည့်ကာ ပြောဆိုလိုက်၏။

လုယွီ၏တိုက်ခိုက်မှုကိုမြင်ချိန်တွင် ယခုလက်ရှိနေရာတွင်ရှိနေသော ရှောင်မိသားစုဝင်များ၏မျက်နှာအမူအယာများ အကြီးအကျယ်ပျက်ယွင်းသွားသည်။

ရွှေရောင်သံချပ်ကာဝတ်စစ်သားသည် ရွှယ်အင်မော်တယ်တစ်ယောက်ဖြစ်၍ ရှောင်မိသားစုဝင်များအနက် အစွမ်းထက်ဆုံးလူများထဲမှ တစ်ယောက်ဟု ယူဆနိုင်သည်။

ရွှယ်အင်မော်တယ်တစ်ယောက်သည် လောကီအင်မော်တယ်တစ်ယောက်ကို လွယ်လင့်တကူဖမ်းဆီးနိုင်သင့်သည်။သို့ရာတွင် မမျှော်လင့်ဘဲ ရွှေရောင်သံချပ်ကာဝတ်စစ်သားသည် လုယွီအား ဖမ်းဆီးနိုင်ခြင်းမရှိခဲ့ချေ။ထိုအစား သူသည် လုယွီ၏လက်သီးတစ်ချက်ဖြင့် လွင့်ထွက်သွားခဲ့ရ၏။

လုယွီသည် မည်မျှထိ သန်မာအားကောင်းနေသနည်း...

"ကြည့်ရတာတော့ စစ်တပ်ထဲက ကောလဟာလတွေက အမှန်ဖြစ်နေပုံပဲ...မင်းမှာ တကယ့်ကို အရည်အချင်းနည်းနည်းရှိနေတာပဲ...ဒါပေမယ့် ပုရွက်ဆိတ်တစ်ကောင် ဘယ်လောက်အားကောင်းကောင်း ပုရွတ်ဆိတ်အဆင့်ပဲရှိတယ်...မင်းက ငါတို့ ရှောင်မိသားစုရဲ့ပစ္စည်းကိုယူထားပြီးမှတော့ ဒီနေ့ ဒီနေရာကနေထွက်သွားဖို့ မစဥ်းစားနဲ့"

ရှောင်ချွမ်သည် သူ၏ဂုဏ်သတင်းကျဆင်းမည်ကိုပင် ဂရုမစိုက်တော့ဘဲ ကိုယ်တိုင်ကိုယ်ကျလှုပ်ရှားရန် ဆုံးဖြတ်လိုက်၏။

ရုတ်ချည်းဆိုသလိုပင် တုန်လှုပ်ချောက်ချားဖွယ်ဖိအားအရှိန်အဝါတစ်ရပ်က လုယွီထံသို့ ထပ်မံ၍ကျရောက်လာသည်။

ကောင်းကင်နှင့်မြေပြင်ကိုပင် ပိတ်ဖုံးလုမတက် အလွန်ကြီးမားသောမှော်စွမ်းအင်လက်ဝါးပုံရိပ်ကြီးက လုယွီကိုဖမ်းဆုပ်ရန် ဆင်းသက်လာပေ၏။

ထိုမှော်စွမ်းအင်လက်ဝါးပုံရိပ်ကြီးတစ်ခုလုံးသည် ရွှေရောင်တောက်ပနေကာ ထိုအရာအတွင်း၌ မရေမတွက်နိုင်သော ရှုပ်ထွေးသည့်သင်္ကေတအက္ခရာများ ပုန်းကွယ်နေသည်။ထိုလက်ဝါးပုံရိပ်ကြီး လှုပ်ရှားလာသည်နှင့် ကျယ်ပြန့်ပြီးမြင့်မြတ်သောအရှိန်အဝါတစ်ရပ်က ရှေ့သို့တဟုန်ထိုးပြေးဝင်လာသည်။

"ရှေးဟောင်းနတ်ဘုရား မိုးကောင်းကင်ပေါ်တက်လှမ်းခြင်း"

ရုတ်ချည်းဆိုသလိုပင် လုယွီ၏ခန္ဓာကိုယ်တစ်ခုလုံး အနက်ရောင်အရိပ်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။သူက ခြေထောက်တစ်ဖက်ဖြင့် မြေပြင်ပေါ်သို့ ပြင်းပြင်းထန်ထန် ခြေဆောင့်နင်းလိုက်၏။ရုတ်ချည်းဆိုသလိုပင် သူက ဆယ်မိုင်ခန့်ကွာဝေးသောနေရာဆီသို့ ရောက်ရှိသွားသည်။

ပေါက်ကွဲအား၏အကူအညီဖြင့် လုယွီသည် အတားအဆီး၏အစွန်းဘက်သို့ တိုက်ရိုက်ရောက်ရှိသွားကာ အက်ကွဲကြောင်းတလျှောက် ထွက်ပြေးလိုက်၏။

ဘုန်း...

ဧရာမမှော်စွမ်းအင်လက်ဝါးကြီးသည် ယခင်က လုယွီရှိနေသောနေရာအား ပြင်းပြင်းထန်ထန် ရိုက်ခတ်မိသွားသည်။ထိုနေရာ၏ပတ်ဝန်းကျင်တဝိုက်လုံး ကြေမွသွားကာ အပျက်အစီးများအဖြစ် ကြွင်းကျန်ရစ်ခဲ့သည်။

"မင်း ထပ်ပြီးပြေးနေဖို့ မလိုအပ်တော့ဘူး...ဒီနေရာက ငါတို့ရှောင်မိသားစုရဲ့နယ်မြေ...မင်း ဘယ်နေရာကို ပြေးနိုင်မှာလဲ"

ရှောင်ချွမ်က ဒေါသတကြီးအော်ဟစ်လိုက်၏။သူ၏အသံသည် ကောင်းကင်နှင့်မြေပြင်အကြား၌ ပဲ့တင်ထပ်နေကာ သူ၏အစွမ်းထက်သောမှော်စွမ်းအားလှိုင်းများသည် အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားသည်။

ရှောင်ချွမ်၏လက်ဝါးအတွင်း၌ မှော်စွမ်းအင်များ လူးလွန့်နေသည်။​မြောက်မြားစွာသော မှော်စွမ်းအင်များသည် ပေရှစ်ဆယ်ကျော်ရှည်လျားသော လှံရှည်တစ်ချောင်းအဖြစ် သိပ်သည်းသွားသည်။ထိုလှံရှည်ကို ထူထပ်သိပ်သည်းသောသွေးချီများ ဖုံးလွှမ်းနေသည်။ထိုအရာမှနေ၍ သွေးမြစ်ကြီးတစ်စင်းကဲ့သို့အရှိန်အဝါမျိုးထွက်ပေါ်လာကာ သရဲတစ္ဆေများ၏ငိုကြွေးသံများနှင့်ညည်းတွားသံများကိုလည်း ကြားနေရပေ၏။

ထိုလှံရှည်ထွက်ပေါ်လာသောအချိန်အခိုက်အတန့်တွင် လောကကြီးတစ်ခုလုံး၏အရောင်အသွေး ရုတ်တရက်ပြောင်းလဲသွားသည်။နတ်ဆိုးစိတ်ဝိညာဥ်တစ်ခု ပေါက်ဖွားလာသည့်အလား ဆိုးညစ်သောအရှိန်အဝါများက ကောင်းကင်ယံထိတိုင် မြင့်တက်နေသည်။

"သေစမ်း"

ရှောင်ချွမ်သည် သူ၏လက်ဖြင့် လှံရှည်ကိုတင်းတင်းကျပ်ကျပ်ဆုပ်ကိုင်၍ လုယွီရှိနေသော နေရာထံသို့ဦးတည်၍ပစ်လွှက်လိုက်၏။

ရုတ်ချည်းဆိုသလိုပင် ထိုလှံရှည်သည် အနီရောင်အလင်းတန်းတစ်တန်းနှင့်အတူ လုယွီထံသို့ ပျံသန်းလာသည်။

ထိုလှံရှည်တွင် လျှို့ဝှက်ဆန်းကြယ်သောလေဟာနယ်ဥပဒေသ ပါဝင်နေပုံရကာ လုယွီရှိနေသောနေရာသို့ တန်းတန်းမတ်မတ် တိုးဝင်လာခဲ့သည်။

Chapter 2152

ဝှစ်....

လှံရှည်သည် ကောင်းကင်ယံအတွင်း၌ သက်တန့်တစ်ခုအလားပြောင်းလဲသွားကာ ရုတ်ချည်းဆိုသလိုပင် လုယွီထံသို့ ရောက်ရှိလာသည်။

ဤသည်က နယ်မြေသခင်တစ်ယောက်ထံမှ တိုက်ခိုက်မှုပင်။ဤအချိန်အခိုက်အတန့်တွင် ကောင်းကင်နှင့်မြေပြင်အကြားရှိလေဟာနယ်သည် ကျစ်လစ်သိပ်သည်းသွားကာ လုယွီအား နေရာမှာပင် ချောင်ပိတ်မိနေစေသည်။

"သူက ငါ့ကို အသေသတ်ဖို့ကြံစည်ထားတာပဲ"

လေထုအတွင်း၌ရှိနေသောလုယွီသည် သူ့နောက်မှ အန္တရာယ်အငွေ့အသက်ကို ခံစားမိလေ၏။

ဤအချိန်အခိုက်အတန့်တွင် သူ နောက်သို့ပြန်လှည့်၍ ထွက်ပြေးရန်မှာ အလွန်နောက်ကျသွားလေပြီ။လုယွီသည် သူ၏ပစ်မှတ်ကို မိုးကောင်းကင်ယံအတွင်းရှိတခြားတစ်နေရာသို့ နေရာချလိုက်ကာ သူခန္ဓာကိုယ်တစ်ခုလုံးမှ မှော်စွမ်းအားများကို စတင်၍အရူးအမူး လောင်ကျွမ်းလိုက်၏။

သီရှား၏ပြောင်းလဲမှုပုံစံခုနစ်ဆယ့်နှစ်မျိုး​...နတ်ဘုရားလမ်းကြောင်း....

လုယွီ မှော်မန္တန်အားရွတ်ဆိုလိုက်သည့်အချိန်အခိုက်အတန့်မှာပင် လှံရှည်က သူရှိနေသောနေရာအား ထိုးဖောက်သွားသည်။

သာမာန်မျက်စိနှင့်ကြည့်ပါက လုယွီ၏ခန္ဓာကိုယ်ကို ထိုလှံရှည် ထွင်းဖောက်သွားသကဲ့သို့ပင်။

သို့ရာတွင် လုယွီ၏ပုံရိပ်သည် တဖြည်းဖြည်းပျောက်ကွယ်သွားလေ၏။ဤသည်က သူ၏နောက်ချန်ပုံရိပ်တစ်ခုပင်။လုယွီ၏အစစ်အမှန်ခန္ဓာကိုယ်သည် အဝေးရှိမီတာထောင်ပေါင်းများစွာဝေးကွာသောနေရာ၌ ပြန်လည်ထွက်ပေါ်လာခဲ့သည်။

မျောက်က သူ့အားလက်ဆင့်ကမ်းခဲ့သော ကျင့်ကြံနည်းစနစ်တိုင်းသည် လောကကြီးတခွင်လုံးတုန်ခါသွားလုမတက် နတ်ဘုရားစွမ်းရည်မျိုးရှိနေသည်။ထိုနည်းစနစ်သည် ရိုးရှင်းသော်လည်း မှော်နည်းစနစ်များအားလုံး၏လိုရင်းအနှစ်ချုပ်ဖြစ်ပုံရသည်။ထိုကျင့်ကြံနည်းစနစ်ကို အောင်မြင်စွာကျင့်ကြံနိုင်သည်နည်း မြောက်မြားစွာသောမှော်နည်းစနစ်များ၏အနှစ်သာရကိုဖမ်းဆုပ်ရာ၌ အကျိုးကျေးဇူးရရှိပေလိမ့်မည်။

နယ်မြေသခင်တစ်ယောက်၏တိုက်ခိုက်မှုသည် လုယွီ၏နံဘေးပတ်ဝန်းကျင်ရှိ လေဟာနယ်ကို အပြည့်အဝချိပ်ပိတ်ထားနိုင်ခဲ့သည်။

သို့ရာတွင် သီရှား၏မှော်ကျင့်ကြံနည်းစနစ်ကို အသုံးပြုပြီးနောက် လုယွီသည် ချိပ်ပိတ်ခံထားရမှုကို ချိုးဖျက်နိုင်ခဲ့ကာ အသက်ဘေးမှကင်းလွတ်ခဲ့ရ၏။

ဤကျင့်ကြံနည်းစနစ်သည် အလွန်ပဉ္စလက်ဆန်သော်လည်း လုယွီ၏မှော်စွမ်းအား အမြောက်အများကို ကုန်ဆုံးသွားစေသည်။

ထိုကျင့်ကြံနည်းစနစ်ကို အသုံးပြုပြီးသည်နှင့် လုယွီ၏မှော်စွမ်းအား ကိုးဆယ်ရာခိုင်နှုန်းခန့် လောင်ကျွမ်းစေပေ၏။

အမ်....

လုယွီသည် သူ၏လှံရှည်တိုက်ခိုက်မှုအောက်မှ လွတ်မြောက်သွားသည်ကို ရှောင်ချွမ်က တွေ့မြင်လိုက်ရသည်။

"ဒီကောင်လေးက နည်းနည်းတော့ထူးဆန်းနေတယ်"

ရှောင်ချွမ်က မျက်မှောင်ကြုတ်လိုက်၏။

နယ်မြေသခင်တစ်ယောက် တိုက်ခိုက်ရာ၌ သူကိုယ်ပိုင်အသုံးပြုရန်အတွက် အရပ်လေးမျက်နှာမှ လေဟာနယ်ဥပဒေသများကို ထိန်းချုပ်နိုင်သည်။

အဆင့်နိမ့်ကျင့်ကြံသူများသည် ရွှယ်အင်တယ်တစ်ယောက်၏တိုက်ခိုက်မှုအောက်မှ လွတ်မြောက်နိုင်သော်လည်း နယ်မြေသခင်တစ်ယောက်၏တိုက်ခိုက်မှုအောက်တွင် အသက်ရှင်သန်နိုင်ရန်မှာ လွန်စွာခက်ခဲပေမည်။

လုယွီ သေဆုံးခြင်းမရှိသည်ကိုမြင်ချိန်၌ ရှောင်ချင်က သူမ၏လက်သီးကိုတင်းတင်းကျပ်ကျပ်ဆုပ်ကာ ပြောဆိုလိုက်၏။

"အဖေ...သူ့ဆီမှာ အရမ်းထူးဆန်းတဲ့ မှော်လက်နက်တစ်ခုရှိနေတယ်...သူက အဲ့ဒီမှော်လက်နက်ကိုအမှီပြုပြီး ခုထိအသက်ရှင်နေတာ....အဲ့ဒီမှော်လက်နက်ရဲ့စွမ်းအားက အဆင့်မြင့်ဧကရာဇ်အဆင့်မှော်လက်နက်တွေနဲ့တောင် နှိုင်းယှဥ်လို့ရတယ်"

"ဒါက ပြဿနာမရှိဘူး...အဲ့ဒီမှော်လက်နက်ကလည်း ငါတို့ ရှောင်မိသားစုရဲ့ပိုင်ဆိုင်မှုပဲဖြစ်ရမယ်"

ရှောင်ချွမ်က ရှောင်ချင်ကိုလက်တစ်ဖက်ဖြင့်ချီမ၍ လေထုအတွင်းသို့ခုန်တက်ကာ အပျက်အစီးနယ်မြေ၏ပြင်ပသို့ထွက်လိုက်သည်။

လုယွီ ထွက်ပြေးသွားသောဦးတည်ချက်သို့ကြည့်၍ ရှောင်ချွမ်က ချက်ချင်းဆိုသလိုပင် ပြောဆိုလိုက်၏။သူ၏အသံသည် ရှောင်အိမ်တော်တစ်ခုလုံးအနှံ့ ပဲ့တင်တပ်ပျံ့နှံ့သွားသည်။

"မိသားစုဝင်တွေအားလုံး အမိန့်နာခံကြစမ်း...ငါတို့ ရှောင်အိမ်တော်ရဲ့ရတနာတွေကို ခိုးယူသွားတဲ့ သူခိုးကို ဟန့်တားရမယ်...အဲ့ဒီကောင်ကို အသေရရ အရှင်ရရ ပြဿနာမရှိဘူး"

ဤအချိန်အခိုက်အတန့်တွင် ရှောင်အိမ်တော်၏မည်သည့်နေရာတွင်မဆိုရှိနေသော ရှောင်မိသားစုဝင်များသည် မိသားစုခေါင်းဆောင်၏အမိန့်ကို ကြားလိုက်ရသည်။

"သူက ငါ့ကိုသတ်ချင်နေတာပဲ...ဒီနေ့ ရှောင်အိမ်တော်ထဲကနေ ငါ အသက်ရှင်ရက်ထွက်သွားနိုင်ဖို့ အရမ်းခက်လိမ့်မယ်"

လုယွီက ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်၏။သူ၏ချီစောင့်ကြည့်ခြင်းနည်းစနစ်အကူအညီဖြင့် ရှောင်အိမ်တော်တစ်ခုလုံးကို လေ့လာဆန်းစစ်လိုက်သည်။

ရှေးဟောင်းဧကရာဇ်ဆင့်မှော်လက်နက်သည် အလွန်အမင်းအရေးပါသောအရာဖြစ်သည်။ရှောင်မိသားစု၏လှုပ်ရှားမှုသည် အလွန်လျှင်မြန်ပြီး သူတို့သည် အချိန်တိုအတွင်း၌ ရှောင်အိမ်တော်၏မဟာအကာအကွယ်ဝင်္ကပါကိုပင် အသက်သွင်းထားပြီးလေပြီ။

မြို့ငယ်တစ်မြို့နှင့်တူညီသော ရှောင်အိမ်တော်၏အထက်ကောင်းကင်ယံတခွင်လုံးကို အပြာဖျော့ရောင်အလင်းလွှာကြီးက လွှမ်းခြုံထားသည်။

ထိုအကာအကွယ်ဝင်္ကပါကို အသက်သွင်းထားသဖြင့် ပြင်ပမှလူများ အတွင်းသို့ဝင်၍မရသည့်အပြင် အတွင်းရှိလူများလည်း ပြင်ပသို့ထွက်၍မရချေ။

ရှောင်အိမ်တော်၏ ရှုပ်ထွေးသောလမ်းများနှင့်အဆောက်အအုံများ၏ ဖွဲ့စည်းမှုပုံစံသည် လုယွီ၏စိတ်အတွင်း၌ ရောင်ပြန်ဟပ်နေပေ၏။ရုတ်ချည်းဆိုသလိုပင် လုယွီသည် အသင့်တော်ဆုံးလမ်းကြောင်းကို တွက်ချက်နိုင်ခဲ့သည်။

ထိုနေရာတွင် အလွန်အမင်းလျှို့ဝှက်သော ကူးပြောင်းရေးဝင်္ကပါတစ်ခုရှိနေသည်။ကြည့်ရသည်မှာ ရှောင်မိသားစုသည် အရေးပေါ်ကိစ္စမျိုးတွင် ထွက်ခွါနိုင်ရန်အတွက် လျှို့ဝှက်လမ်းကြောင်းတစ်ခု တည်ဆောက်ထားပုံရသည်။ထိုနေရာကို ရှောင်မိသားစုမှ အစွမ်းထက်ကျင့်ကြံသူအမြောက်အများ စောင့်ကြပ်နေသည်။

ဤနေရာသည် တခြားကူးပြောင်းရေးဝင်္ကပါများထက် ပို၍အန္တရာယ်များသော်လည်း သူ့အတွက် တစ်ခုတည်းသောလွတ်မြောက်လမ်းကြောင်းပင်။

ဝှစ်...

လုယွီ တွေးတောနေသောအချိန်အခိုက်အတန့်မှာပင် သူ၏နောက်မှနေ၍ စူးရှသောလေတိုးသံတစ်သံ ထွက်ပေါ်လာသည်။

လှံရှည်သည် မိုးကောင်းကင်ယံကိုဖြတ်သန်းကာ လုယွီထံသို့ ထပ်မံ၍တိုးဝင်လာသည်။

Chapter 2153

ထိုလှံရှည်သည် အလွန်လျှင်မြန်သောအရှိန်ဖြင့် ပျံသန်းလာကာ လုယွီကို တုံ့ပြန်ရန်အချိန်မပေးချေ။

မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် လုယွီသည် သူ၏ခန္ဓာကိုယ်ကိုနံဘေးဘက်သို့ယိမ်း၍ လှံရှည်သည် သူ၏သေစေနိုင်သောနေရာများအား မထိခိုက်စေရန် ရှောင်ရှားလိုက်၏။

ဒုတ်...

ခပ်အုပ်အုပ်အသံတစ်သံနှင့်အတူ လှံရှည်သည် လုယွီ၏ပခုံးကို ထိုးစိုက်သွားသဖြင့် သွေးများယိုစီးကျလာသည်။

ပြင်းထန်သောနာကျင်မှုက ချက်ချင်းဆိုသလိုပင် သူ၏စိတ်အတွင်းသို့ တိုးဝင်လာပေ၏။လုယွီသည် မျက်တောင်မခတ်ဘဲ သူ၏ပခုံးတွင်စိုက်ဝင်နေသောလှံရှည်ကို သူ၏လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်သည်။

ဝေါင်း....

လုယွီ၏ရင်ဘတ်မှနေ၍ နဂါးဟိန်းသံတစ်သံ ထွက်ပေါ်လာသည်။

သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှ ကြွက်သားများအားလုံး ဖောင်းကြွလာပေ၏။ဤအချိန်အခိုက်အတန့်တွင် သူ၏ခွန်အားများကို အကန့်အသတ်ထိ ထုတ်ယူအသုံးပြုလိုက်သည်။

ဂျွတ်...ဂျွတ်...ဂျွတ်...

လုယွီ၏ကြွက်သားများနှင့်အရိုးအဆစ်များမှနေ၍ စွမ်းအားများပြည့်နှက်နေသောအသံများ ပွင့်အံထွက်လာသည်။

ရှေးဟောင်းသူတော်စင်အဆင့်ရုပ်ခန္ဓာကိုယ်ကျင့်ကြံသူများသည် ကျင့်ကြံခြင်းလောကကိုလှုပ်ခါနိုင်စွမ်းရှိသည့်အကြောင်းအရင်းမှာ သူတို့သည် လူသားခန္ဓာကိုယ်၏အကန့်အသတ်ကိုချိုးဖျက်၍ မရှိသည့်အရာကိုအရှိအဖြစ်ပြောင်းလဲနိုင်သော ခွန်အားမျိုး ပိုင်ဆိုင်ထားခြင်းကြောင့်ပင်။

ထိုလှံရှည်ပေါ်၌ အရာအားလုံးကိုဖျက်ဆီးနိုင်စွမ်းရှိသော နယ်မြေသခင်တစ်ယောက်၏ပြင်းထန်သောစွမ်းအားများ တွယ်ကပ်နေသည်။သာမာန်လောကီအင်မော်တယ်များသည် ဤတိုက်ခိုက်မှုကို ခုခံနိုင်မည်မဟုတ်ချေ။

သို့ရာတွင် လုယွီကမူ ထိုတိုက်ခိုက်မှုကို အပြည့်အဝခံယူနိုင်ခဲ့သည်။

"ရှောင်ချွမ်...ခင်ဗျားက ထိပ်တန်းမိသားစုကြီးတစ်စုရဲ့ခေါင်းဆောင်ဖြစ်နေတာတောင်...ခင်ဗျား ပြောပြီးသားစကားကို ပြန်ရုတ်သိမ်းဝံ့တယ်ပေါ့လေ...ကျုပ်ကိုသတ်ဖို့ဆိုတာ ခင်ဗျားအတွက် လွယ်ကူမှာမဟုတ်ဘူး"

အော်ဟစ်ကြုံးဝါးသံနှင့်အတူ လုယွီက သူ၏ပခုံး၌စိုက်ဝင်နေသောလှံရှည်ကို ဆွဲနှုတ်လိုက်၏။

လုယွီ၏ဒဏ်ရာမှ သွေးများယိုစီးကျလာသော်လည်း သူ၏ရုပ်ခန္ဓာကိုယ်ခွန်အားကြောင့် ဒဏ်ရာများ အလျှင်အမြန်ပျောက်ကင်းစပြုလာသည်။သူ၏ဒဏ်ရာမှသွေးများ ယခင်ကဲ့သို့ ယိုစီးကျနေခြင်းမရှိတော့ချေ။

သို့ရာတွင် ရှောင်ချွမ်၏ပြင်းထန်သော သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများကြောင့် သူ၏ဒဏ်ရာများ အပြည့်အဝ ပျောက်ကင်းသွားခြင်းမရှိပေ။

ဝှစ်...

လုယွီက လှံရှည်ကိုဆွဲထုတ်၍ ရှောင်ချွမ်ထံဦးတည်ကာ ပြန်လည်ပစ်ခတ်လိုက်သည်။

အနက်ရောင်အရိပ်တစ်ရိပ်တိုးဝင်လာခြင်းနှင့်အတူ ရှောင်ချွမ်က လှံရှည်ကို တစ်ချက်ကြည့်လိုက်၏။သူ၏လက်ချောင်းများ လှုပ်ခတ်လိုက်မှုနှင့်အတူ လှံရှည်ကို ပြန်ရုတ်သိမ်းပြီးဖြစ်သည်။

"ငါ အရင်က မင်းကို လျော့တွက်ခဲ့မိတယ်...ကြည့်ရတာတော့ မင်းမှာ အရည်အချင်းတချို့ရှိပုံပဲ...ဒါပေမယ့် မင်းက ငါတို့ရှောင်မိသားစုရဲ့ပစ္စည်းတချို့ကို ယူဆောင်ထားပြီးမှတော့ ပြန်ပေးခဲ့သင့်တယ်...မဟုတ်ရင်တော့ ဒီနေ့ မင်း ဒီနေရာကနေ အသက်ရှင်ရက်ထွက်သွားနိုင်မှာမဟုတ်ဘူး"

ရှောင်ချွမ်က လုယွီကိုစူးစိုက်ကြည့်၍ ဆက်လက်ပြောဆိုသည်။

"ပြီးတော့ ငါက ခုထိ ငါ့ရဲ့ခွန်အားကုန်ထုတ်မသုံးသေးဘူး...မင်းက စစ်တပ်မှာတာဝန်ထမ်းဆောင်တဲ့သူဖြစ်နေမှတော့ ရှေးဟောင်းဧကရာဇ်အဆင့်မှော်ရတနာကို ငါ့ရဲ့လက်ထဲကိုအပ်လိုက်...မင်းကတော့ ငါတို့ရှောင်အိမ်တော်မှာ ခဏတော့နေရလိမ့်မယ်...အချိန်ကျလာတဲ့အခါကျရင် ငါ မင်းကို လွှက်ပေးမယ်"

လုယွီက သရော်တော်တော် တုံ့ပြန်ပြောဆိုလေ၏။

"ရှောင်ချွမ်...ခင်ဗျားက သူတော်ကောင်းယောင်ဆောင်တက်မယ်လို့ ကျုပ် မျှော်လင့်မထားမိဘူး...ခင်ဗျားက ခင်ဗျားတို့ရှောင်မိသားစု ရှေးဟောင်းဧကရာဇ်ဆင့်မှော်ရတနာ ရသွားတဲ့အကြောင်းကို လျှို့ဝှက်ထားချင်တာမလား...တကယ်လို့ ကျုပ်က ခင်ဗျားကို ဧကရာဇ်ဆင့်မှော်လက်နက်ပေးမယ်ဆိုရင်တောင်...ခင်ဗျားကကျုပ်ကို အသက်ရှင်ရက်လွှတ်ပေးမှာမလို့လား"

"မင်းမှာ ရွေးချယ်စရာမရှိဘူး....တကယ်လို့ ငါ့ရဲ့ခွန်အားကုန်အသုံးပြုလိုက်မယ်ဆိုရင် မင်း အသက်ရှင်ဖို့ အခွင့်အရေးရှိမှာမဟုတ်ဘူး"

ရှောင်ချွမ်၏မျက်နှာပေါ်၌ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများနှင့် ပြည့်နှက်နေသည်။

ရှောင်ချွမ်သည် သူ့အားခြောက်လှန့်နေခြင်းမဟုတ်ဘဲ ဟုတ်တိုင်းမှန်ရာကို ပြောဆိုနေခြင်းပင်။

သူသည် မူလကတည်းက နယ်မြေသခင်တစ်ယောက်ဖြစ်သည်ဟူသောအချက်ကို ဘေးဖယ်ထားလျှင်ပင် ရှောင်အိမ်တော်၌ဘိုးဘေးတစ်ယောက်ရှိနေသည်။

ရှောင်အိမ်တော်၏ဘိုးဘေးသည် အမတ်ကြီးရာထူးကိုရရှိထားသူဖြစ်ရာ သူ၏ကျင့်ကြံဆင့်နယ်ပယ်မှာ အလွန်နက်နဲသိမ်မွေ့ပေမည်။

လုယွီထံတွင် အတွေ့အကြုံနှင့်ကံကြမ္မာကောင်းများ မည်မျှများများရှိနေသည်ဖြစ်စေ ထိုကဲ့သို့အစွမ်းထက်ကျင့်ကြံသူတစ်ယောက်၏ပြိုင်ဘက်မဖြစ်နိုင်ချေ။

"ခင်ဗျားက ရှေးဟောင်းဧကရာဇ်အဆင့်မှော်ရတနာကို လိုချင်တာလား...ဒါပေမယ့် သူက ခင်ဗျားနောက်ကိုလိုက်ဖို့ ဆန္ဒရှိမရှိဆိုတာကြည့်ရလိမ့်မယ်"

လုယွီက သေခြင်းရှင်ခြင်းသံလိုက်အိမ်မြှောင်ကို ထုတ်ယူလိုက်၏။အတွင်းခံသာဝတ်ဆင်ထားသော လက်နက်စိတ်ဝိညာဥ်ကလေးငယ်က ခြေဗလာဖြင့် အပြေးထွက်လာသည်။

"သခင်...အဲ့ဒီလူတွေဆီမှာ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒတွေရှိနေတယ်...အရမ်းကြောက်ဖို့ကောင်းတာပဲ"

သေခြင်းရှင်ခြင်းသံလိုက်အိမ်မြှောင်သည် ရှေးဟောင်းလူသတ်လက်နက်တစ်ခုဖြစ်သော်လည်း လက်နက်စိတ်ဝိညာဥ်ပြန်လည်နိုးထလာသည်မှာ မကြာသေးချေ။ထို့ကြောင့် သူ၏စိတ်နေသဘောထားသည် အလွန်ရိုးရှင်းကာ သွေးဆာမှုမျိုးရှိမနေချေ။

Chapter 2154

"အဖေ...နောက်ထပ်ရှေးဟောင်းဧကရာဇ်အဆင့် မှော်လက်နက်တစ်ခု သူ့ဆီမှာရှိနေသေးတယ်"

ရှောင်ချင်၏မျက်လုံးများ တောက်ပနေသည်။

ယခုချိန်တွင် ရှောင်ချင်သည် သူမကိုယ်တိုင်ရှေ့သို့တိုး၍ လုယွီထံမှမှော်ရတနာများကို ယူဆောင်လိုပေ၏။

မှော်ရတနာများကို အားကောင်းသူကသာ ပိုင်ဆိုင်သင့်သည်။လုယွီထံ၌ မည်သည့်အရည်အချင်မျိုးရှိသဖြင့် ဤရတနာများကို ပိုင်ဆိုင်ထားရသနည်း။

ဆန့်ကျင်ဘက်အနေဖြင့် သူမသည် ပါရမီရှင်တစ်ယောက်ဖြစ်သည့်အပြင် ဥာဏ်ရည်မြင့်မားပြီး ထိပ်တန်းမိသားစုကြီးမှဆင်းသက်လာသူဖြစ်သည်။ထို့ကြောင့် ရှေးဟောင်းဧကရာဇ်အဆင့်မှော်လက်နက်များသည် သူမ၏ပိုင်ဆိုင်မှုသာဖြစ်သင့်ပေ၏။

သူမသည် ရှေးဟောင်းဧကရာဇ်အဆင့်မှော်ရတနာကိုရရှိသည်နှင့် အစစ်အမှန်ပါရမီရှင်ဟူသည်မှာ မည်ကဲ့သို့လူစားမျိုးဖြစ်သည်ကို ထိုမှော်လက်နက်သိရှိစေရန် သူမ ပြသရပေမည်။

"ဒီဧကရာဇ်အဆင့်မှော်ရတနာက လက်နက်စိတ်ဝိညာဥ်တောင် မွေးဖွားနေပြီလား"

ရှောင်ချွမ်၏မျက်လုံးအတွင်း၌ ပျော်ရွှင်မှုအရိပ်အယောင်များ ဖြတ်ပြေးသွားသည်။

အကယ်၍ ထိုလက်နက်စိတ်ဝိညာဥ်မွေးဖွားလာသည်မှာ မကြာမြင့်သေးပါက မိသားစုအတွင်းတွင် သစ္စာရှိစွာဖြင့် ကျင့်ကြံပြီး နောက်ဆုံး၌ မိသားစု၏အကာအကွယ်မှော်ရတနာဖြစ်လာနိုင်သည်။

မဟာထိပ်တန်းမိသားစုကြီးလေးစုမှ ဧကရာဇ်အဆင့်မှော်လက်နက်များသည် သူတို့၏ဘိုးဘေးများထံမှ လက်ဆင့်ကမ်းလာခြင်းဖြစ်သဖြင့် စိုးရိမ်ပူပန်ရန်မလိုအပ်ချေ။

သို့ရာတွင် သူတို့၏ရှောင်မိသားစုကမူ မတူကွဲပြားပေ၏။

အကယ်၍ ရှောင်မိသားစုသည် ဧကရာဇ်အဆင့်မှော်ရတနာတစ်ခုကိုရရှိသည့်တိုင် မိသားစု၏အကာအကွယ်မှော်ရတနာအဖြစ် ကျင့်ကြံစေလိုပါက အင်အားများစွာစိုက်ထုတ်ရပေမည်။

အကယ်၍ ယခုလတ်တလောမှမွေးဖွားလာသော လက်နက်စိတ်ဝိညာဥ်ဖြစ်ပါက သူတို့၏အင်အားစိုက်ထုတ်ရမှုများ အလွန်အမင်းလျော့ပါးသွားပေမည်။

"အဲ့ဒီမှော်ရတနာ ငါ့ကိုပေးစမ်း"

ရှောင်ချွမ်သည် သူ၏မှော်စွမ်းအားများကိုဖြန့်ကျက်၍ ဧရာမမှော်စွမ်းအင်လက်ဝါးပုံရိပ်ကြီးကိုဖန်တီးကာ လုယွီကိုဖမ်းဆုပ်လိုက်၏။

ဤတစ်ကြိမ်တွင် ရှောင်ချွမ်သည် လုယွီအားသတ်ဖြတ်ရန် စိတ်ပိုင်းဖြတ်ထားပြီးလေပြီ။

သူသည် ယုန်တစ်ကောင်ကိုဖမ်းဆီးရန်အတွက် ခွန်အားကုန်သုံးရန် လိုအပ်နေပေ၏။သူသည် ယခင်က လုယွီ၏ထူးဆန်းသောလှုပ်ရှားမှုများကို မြင်တွေ့ပြီးဖြစ်သည်။ထို့ကြောင့် သူသည် လုယွီအား မည်သည့်အခွင့်အရေးမျှ မပေးနိုင်ချေ။

"ကောင်လေး...ဒီနေ့ ငါတို့ ဒီနေရာကနေ အသက်ရှင်ရက် ထွက်သွားနိုင်မသွားနိုင်ဆိုတာက မင်း အပေါ်မှာ မူတည်နေတယ်"

လုယွီက လက်နက်စိတ်ဝိညာဥ်ကလေးငယ်၏ခေါင်းကိုပုတ်၍ ပြောဆိုလိုက်၏။

လက်နက်စိတ်ဝိညာဥ်ကလေးငယ်သည် ဧရာမမှော်စွမ်းအင်လက်ဝါးကြီးကျရောက်လာသည်ကိုမြင်ချိန်တွင် အလျင်စလိုအော်ဟစ်လိုက်သည်။

"ငါ့ကိုမရိုက်နဲ့...ငါ့ကိုမရိုက်ပါနဲ့"

သေခြင်းရှင်ခြင်းသံလိုက်အိမ်မြှောင်ပေါ်ရှိသံလိုက်အပ် စတင်၍လည်ပတ်လာသည်။

ထိုသံလိုက်အပ်လည်ပတ်လာခြင်းနှင့်အတူ ပတ်ဝန်းကျင်ရှိလေဟာနယ်သည် သက်ရောက်မှုခံရပုံဖြင့် ဖရိုဖရဲဖြစ်လာပေ၏။

ရှင်ခြင်းနှင့်သေခြင်းအငွေ့အသက်များ ရှေ့နောက်ဝှေ့ယမ်းနေသည်။ဤအချိန်အခိုက်အတန့်တွင် ရှောင်ချွမ်၏တိုက်ခိုက်မှုပင်လျှင် ရပ်တန့်သွားခဲ့သည်။

"ဒါက အရမ်းအစွမ်းထက်တဲ့ မှော်လက်နက်ပါလား"

ရှောင်ချွင်သည် ဒေါသထွပ်ရမည့်အစား ပျော်ရွှင်သွားပေ၏။သူ၏မျက်နှာပေါ်တွင် ပျော်ရွှင်မှုအရိပ်အယောင်များ ထင်ဟပ်လာသည်။

အကယ်၍ ဤဧကရာဇ်အဆင့်မှော်ရတနာသည် သူ၏လက်ဝါးရိုက်ချက်တစ်ချက်ကိုပင် ခုခံနိုင်ခြင်းမရှိပါက သူ အနည်းငယ်စိတ်ပျက်မိပေမည်။

မည်သို့ပင်ဆိုစေကာမူ ထိုရှေးဟောင်းဧကရာဇ်အဆင့်လက်နက်၏စွမ်းအား ပို၍မြင့်မားလေလေ သူတို့ရှောင်မိသားစု၏အင်အား ပို၍ကြီးမားလာလေလေ ဖြစ်ပေလိမ့်မည်။

"အေးခဲစမ်း"

လုယွီသည် သေခြင်းရှင်ခြင်းသံလိုက်အိမ်မြှောင်ကိုကိုင်ဆောင်၍ ကူးပြောင်းရေးဝင်္ကပါထံသို့ အပြေးသွားလိုက်သည်။

ကူးပြောင်းရေးဝင်္ကပါ၏နံဘေးပတ်လည်တွင် ရှောင်မိသားစုမှမြောက်မြားစွာသော အစွမ်းထက်ကျင့်ကြံသူများရှိနေသည်။သို့ရာတွင် သေခြင်းရှင်ခြင်းသံလိုက်အိမ်မြှောင်တည်ရှိနေမှုကြောင့် သူတို့သည် အားလှိုင်းတစ်ရပ်၏ထိန်းချုပ်ဟန့်တားထားခံရမှုကြောင့် မလှုပ်ရှားနိုင်ကြချေ။

ထိုလူအုပ်စုသည် နေရာမှာပင် ကြက်သေသေနေကြပြီး ကူကယ်ရာမဲ့စွာဖြင့် လုယွီရောက်ရှိလာသည်ကို ကြည့်နေကြရ၏။

"မကောင်းတော့ဘူး...သူက ကူးပြောင်းရေးဝင်္ကပါကို အသုံးပြုချင်နေတာ...တစ်ယောက်ယောက်ကို မြန်မြန်လွှက်ပြီး သူ့ကို တားခိုင်းပါအုံး"

ရှောင်ချင်က စူးရှကျယ်လောင်သောအသံဖြင့် အော်ဟစ်လိုက်သည်။

သူမသည် ရှေးဟောင်းဧကရာဇ်ဆင့်မှော်ရတနာ သူမ၏မျက်လုံးအောက်မှ လွတ်ထွက်သွားမည်ကို ကူကယ်ရာမဲ့စွာဖြင့် စောင့်ကြည့်နေနိုင်ခြင်းမရှိချေ။

လုယွီသည် ကူးပြောင်းရေးဝင်္ကပါနှင့်နီးကပ်သွားစဥ်တွင် အန္တရာယ်အငွေ့အသက်တစ်ခုက ရုတ်တရက် လုယွီ၏မျက်ခုံးနှစ်ခုကြားကို လွှမ်းခြုံသွားသည်။

လုယွီသည် အံ့အားသင့်တုန်လှုပ်သွားပြီး အချိန်တိုအတွင်းမှာပင် တုံ့ပြန်မှုပြုလုပ်လိုက်၏။

သူသည် ကူးပြောင်းရေးဝင်္ကပါထံသို့ သွားရောက်ခြင်းမပြုတော့ချေ။ထိုအစား သူသည် နံဘေးသို့လှည့်ကာ ရှောင်အိမ်တော်၏ခေါင်မိုးတစ်ခုပေါ်သို့ ပျံသန်းသွားလိုက်၏။

ထိုအချိန်မှာပင် စူးရှသောအလင်းလှိုင်းများက ကူးပြောင်းရေးဝင်္ကပါထံမှ ထွက်ပေါ်လာသည်။ထို့နောက် အဖိုးအိုတစ်ယောက်က ဖြည်းညှင်းစွာလျှောက်လှမ်း၍ ကူးပြောင်းရေးဝင်္ကပါ၏ပြင်ပသို့ထွက်လာပေ၏။

အဖိုးအိုသည် ကြီးကျယ်ခမ်းနားသောဝတ်စုံကို ဝတ်ဆင်ထားသည်။သူ၏ဆံပင်နှင့်မုတ်ဆိတ်မွှေးများသည် ဖြူဖွေးနေပြီး သူ၏မျက်လုံးတစ်စုံသည် ကြယ်ရောင်ကဲ့သို့ လင်းလက်တောက်ပနေပေ၏။သူသည် အသက်အိုမင်းနေသော်လည်း အသက်စွမ်းအားများပြည့်ဝကာ ဖျတ်လတ်တက်ကြွနေဆဲပင်။

သူ လမ်းလျှောက်သည်မှာ လျှင်မြန်ခြင်းမရှိသော်လည်း သူ၏ခြေလှမ်းတစ်လှမ်းစီတွင် မမြင်နိုင်သောတာအိုစည်းချက်များ ပါဝင်နေပုံရကာ နံဘေးပတ်ဝန်းကျင်ရှိ သေခြင်းရှင်ခြင်းဥပဒေသအငွေ့အသက်များအားလုံးကို ပျော်ဝင်သွားစေသည်။

ဤအချိန်အခိုက်အတန့်တွင် သေခြင်းရှင်ခြင်းအငွေ့အသက်များကြားတွင် လှောင်ပိတ်မိနေသော ရှောင်မိသားစုဝင်များအားလုံး လွတ်မြောက်လာကြ၏။

Chapter 2155

"အား...မရတော့ဘူး...ငါ ထပ်ပြီးတောင့်မခံနိုင်တော့ဘူး"

လက်နက်စိတ်ဝိညာဥ်ကလေးငယ်၏ညည်းတွားသံနှင့်အတူ သေခြင်းရှင်ခြင်းသံလိုက်အိမ်မြှောင်၏မျက်နှာပြင် တုန်ခါစပြုလာသည်။

သေခြင်းရှင်ခြင်းသံလိုက်အိမ်မြှောင်၏စွမ်းအားများ ပျက်ပြယ်စပြုလာသည်နှင့်အမျှ ရှောင်မိသားစုဝင်များသည် ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိလာကာ လွတ်လွတ်လပ်လပ်လှုပ်ရှားလာနိုင်ကြသည်။

"ဘိုးဘေးကို ဂါရဝပြုပါတယ်"

"ဘိုးဘေး...ဒီသူခိုးကောင်က ကျွန်တော်တို့ရှောင်အိမ်တော်ကိုလာပြီး ပြဿနာရှာနေတယ်...သူက ကျွန်တော်တို့မိသားစုရဲ့ မှော်ရတနာတွေကိုလည်း ယူသွားခဲ့တယ်...ဘိုးဘေးက သူ့ကို အလွတ်မပေးသင့်ဘူး"

ရှောင်မိသားစုဝင်များသည် လုယွီကိုလက်ညှိုးညွှန်ကာ အော်ဟစ်ပြောဆိုလိုက်ကြ၏။

ရှောင်မိသားစုဝင်များအားလုံးသည် အဖိုးအိုကို စိတ်လှုပ်ရှားခြင်း ရိုသေလေးစားခြင်းတို့ပြည့်နှက်နေသော အကြည့်မျိုးဖြင့် ကြည့်နေကြသည်။

သူတို့၏ရှေ့တွင်ရှိနေသူမှာ ရှောင်မိသားစု၏ဘိုးဘေးပင်။

သူသည် အမတ်ကြီးတစ်ယောက်ဖြစ်သဖြင့် ကြီးမားသောအခွင့်အာဏာရှိသည်။

ရှောင်မိသားစုသည် ထိပ်တန်းမိသားစုကြီးရှစ်စုစာရင်း၌ ပါဝင်နေရသောအကြောင်းအရင်းမှာ သူတို့၏ဘိုးဘေးရှိနေခြင်းကြောင့်ပင်။

အတိတ်တွင် ရှောင်မိသားစုဘိုးဘေးသည် ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်၏နောက်သို့လိုက်၍ တောင်နှင့်မြောက်နယ်မြေများကို တိုက်ခိုက်သိမ်းပိုက်ကာ ကြီးမားသောစစ်ရေးအောင်မြင်မှုများ ရရှိခဲ့သည်။ထို့ကြောင့် သူသည် ဧကရာဇ်မင်း၏အသိအမှတ်ပြုခြင်းကို ခံယူခဲ့ရ၏။သူ၏အနာဂတ်မျိုးဆက်များသည် ပုန်ကန်မှုကိုမကျူးလွန်သရွေ့ ထာဝရချမ်းသာကြွယ်ဝမှုနှင့်နေထိုင်နိုင်ကာ အကယ်၍ သူတို့အမှားကျူးလွန်မိလျှင်ပင် သေဒဏ်သင့်မည့်ဘေးမှ ရှောင်ရှားနိုင်ကေမည်။

တာယွီတော်ဝင်နန်းတွင်းတစ်ခုလုံးတွင် ဤကဲ့သို့ကံကြမ္မာကောင်းမျိုး ပိုင်ဆိုင်ထားသူဟူ၍ များများစားစားရှိမနေချေ။

လုယွီသည် နေရာမှာပင် မတ်တတ်ရပ်နေပြီး သေခြင်းရှင်ခြင်းသံလိုက်အိမ်မြှောင်၏စွမ်းအားများကို ပြန်ရုတ်သိမ်းလိုက်၏။

သေခြင်းရှင်ခြင်းသံလိုက်အိမ်မြှောင်၏စွမ်းအားသည် မိုးကောင်းကင်ကိုပင်အံ့တုနိုင်လုမတက် ပြင်းထန်သော်လည်း အပြည့်အဝထုတ်လွှက်နိုင်ခြင်းမရှိသေးပေ။အကယ်၍ ယခုလက်ရှိချိန်တွင် သူ ထိုအရာကိုအသုံးပြုလိုက်ပါက သူ၏မှော်စွမ်းအားများသာ အချည်းနှီးကုန်ဆုံးရပေမည်။မည်သို့ပင်ဆိုစေကာမူ လက်နက်စိတ်ဝိညာဥ်ကလေးငယ်သည် ရှေးဟောင်းစေတီကဲ့သို့ ရှေးဟောင်းဧကရာဇ်အဆင့် မှော်ရတနာ၏စွမ်းအားကို အပြည့်အဝဖမ်းဆုပ်နိုင်ခြင်း မရှိသေးချေ။ထိုမှော်ရတနာ၏စွမ်းအားများကို ထုတ်လွှက်နိုင်ရန်အတွက် လုယွီ၏ကိုယ်ပိုင်မှော်စွမ်းအားများ ထည့်သွင်းအသုံးပြုရန် လိုအပ်ပေ၏။

အမှန်အားဖြင့် အစောပိုင်းက သေခြင်းရှင်ခြင်းသံလိုက်အိမ်မြှောင်မှ ထုတ်လွှတ်လိုက်သောစွမ်းအားသည် အားနည်းခြင်းမရှိချေ။

ပတ်ဝန်းကျင်ရှိ မရေမတွက်နိုင်သော အစွမ်းထက်ကျင့်ကြံသူများသည် နေရာမှာပင်မလှုပ်မယှက် ကြက်သေသေနေခဲ့ကြကာ လုယွီအား ကူကယ်ရာမဲ့စွာဖြင့် ဖြတ်သန်းခွင့်ပြုခဲ့ရသည်။

အကယ်၍ ရှောင်မိသားစုဘိုးဘေးသာ ထွက်ပေါ်လာခြင်းမရှိပါက လုယွီသည် ဤနေရာမှထွက်ခွါပြီးဖြစ်ပေမည်။

ဤအခြင်းအရာကိုကြည့်ခြင်းအားဖြင့် ရှောင်မိသားစုဘိုးဘေး မည်မျှတုန်လှုပ်ချောက်ချားဖွယ်ကောင်းသည်ကို တွေ့မြင်နိုင်ပေ၏။

"လူငယ်လေး...မင်းက ငါတို့ရှောင်အိမ်တော်ကို လာပြီး ပြဿနာရှာဝံ့တာလား...မင်းက တော်တော်သတ္တိကောင်းတာပဲ"

ရှောင်မိသားစုဘိုးဘေး၏စကားသံမှာ မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်လှသည်။

ဤအချိန်အခိုက်အတန့်တွင် မိုးခြိမ်းသံကဲ့သို့အော်ဟစ်ကြုံးဝါးသံကြောင့် ပတ်ဝန်းကျင်ရှိ အဆောက်အအုံများ၏နံရံများပေါ်တွင် အက်ကွဲကြောင်းများ ထွက်ပေါ်လာသည်။

ပတ်ဝန်းကျင်ရှိရှောင်မိသားစုဝင်များပင် သူတို့ဘိုးဘေး၏တုန်လှုပ်ချောက်ချားဖွယ်စွမ်းအားကြောင့် ကြက်သေသေသွားကာ နောက်သို့ဆုတ်လိုက်ကြ၏။

ထိုဒေါသတကြီးအော်ဟစ်ကြုံးဝါးသံသည် ပတ်ဝန်းကျင်ရှိလူများအားလုံးကို ထိတ်လန့်တုန်လှုပ်သွားစေသည်။

သို့ရာတွင် လုယွီကမူ တည်ငြိမ်အေးဆေးနေဆဲပင်။

"ဘာအမှားအယွင်းရှိလို့လဲ...ဒီဂျူနီယာက စည်းမျဥ်းတွေကိုမလိုက်နာဘဲ စီနီယာကို အနှောက်အယှက်ဖြစ်စေခဲ့လို့လား....ကျုပ်က ခင်ဗျားတို့ရှောင်အိမ်တော်ရဲ့သခင်မလေးကို ကုသပေးခဲ့လို့ အလဲအလှယ်အနေနဲ့ စိတ်ဝိညာဥ်မီးနယ်မြေထဲကို ဝင်ခွင့်ရခဲ့တယ်...ရှောင်မိသားစုက ကျုပ် စိတ်ဝိညာဥ်မီးနယ်မြေထဲမှာရတဲ့အရာရာတိုင်း ကျုပ်ရဲ့အပိုင်လို့ ကတိပေးခဲ့တယ်....ရှောင်မိသားစုဘိုးဘေး...ခင်ဗျားကလည်း ကတိစကားကို ပြန်ရုတ်သိမ်းချင်တာလား"

လုယွီက တည်ငြိမ်စွာ ပြောဆိုသည်။

ရှောင်မိသားစုဘိုးဘေးက ခပ်ဖျော့ဖျော့ပြုံးလိုက်၏။

"ရှောင်မိသားစုရဲ့စည်းမျဥ်းတွေကို ငါကပဲ အမြဲတမ်းချမှတ်ခဲ့တာ....ငါက အဆင်ပြေတယ်လို့ပြောရင် အဲ့ဒါကစည်းမျဥ်းပဲ...တကယ်လို့ ငါက မရဘူးလို့ပြောလိုက်ရင် အဲ့ဒါကိုထည့်တွက်လို့မရဘူး"

"မင်းရဲ့အရည်အချင်းက မဆိုးဘူး...လောကီအင်မော်တယ်အဆင့်နဲ့တောင် နယ်မြေသခင်တစ်ယောက်ရဲ့တိုက်ခိုက်မှုကို ခုခံနိုင်တယ်....မင်းက မျိုးဆက်သစ်လူငယ်တွေကြားမှာ သူရဲကောင်းတစ်ယောက်လို့တောင် ပြောလို့ရတယ်...ငါ မင်းကို အခွင့်အရေးတစ်ခုပေးမယ်...မင်းရဲ့လက်ထဲက ရှေးဟောင်းဧကရာဇ်အဆင့်မှော်ရတနာတွေ ငါ့ကိုလက်လွှဲပေးစမ်း...ပြီးတာနဲ့ မင်း ငါတို့ ရှောင်မိသားစုဆီမှာ ကျွန်အနေနဲ့နှစ်တစ်ရာနေပေးရမယ်...အဲ့ဒါပြီးရင်တော့ မင်း ထွက်သွားနိုင်ပြီ"

ရှောင်ချွမ်နှင့်တခြားရှောင်မိသားစုဝင်များသည် နံဘေးဘက်မှ စောင့်ကြည့်နေကြသည်။

သူတို့၏ဘိုးဘေး ဤနေရာတွင်ရှိနေသဖြင့် သူတို့က မည်သည့်ကိစ္စမျှလုပ်ဆောင်ရန် မလိုအပ်ချေ။

"ဒီကောင်လေးက ကံတော်တော်ကောင်းတာပဲ...ဘိုးဘေးက သနားညှာတာပြီး သူ့ကို အသက်ချမ်းသာပေးလိုက်တယ်"

ရှောင်ချင်က သရော်တော်တော် ပြောဆိုလိုက်၏။

ထိုကောင်လေးသည် ရှောင်အိမ်တော်တွင် ပြဿနာလာရှာဝံ့ရာ သူသည် အပိုင်းပိုင်းအစစဖြတ်တောက်၍ အသတ်ခံရသင့်သည်။

ရှောင်ချင်၏အမြင်အရ မိသားစုဘိုးဘေးသည် လုယွီအား အသက်ရှင်သန်နိုင်သည့်လမ်းတစ်လမ်း ပေးလိုက်ခြင်းမှာ ကြီးမားသောသနားကြင်နာမှုကို ပြသခြင်းပင်။

All Chapters