အခန်း (၂၁၆၁-၂၁၆၅)
Vol. 111 Ch. 2161-2165
Chapter 2161
လုယွီက ထိုအသံသည် မျောက်၏အသံဖြစ်ကြောင်း သိရှိပေ၏။
မျောက်သည် တစ္ဆေဧကရာဇ်ကိုဝါးမြိုပြီးနောက် သိုလှောင်အိတ်အတွင်းသို့ ဝင်သွားခဲ့သည့်အချိန်မှစ၍ အရိပ်အယောင်ပင်မမြင်တွေ့ရဘဲ ပျောက်ကွယ်နေခဲ့သည်။
လုယွီသည် မျောက်၏ကိစ္စများကို ကြားဝင်စွက်ဖက်ရန် ရည်ရွယ်မထားချေ။ထိုမျောက်သည် ရှေးဟောင်းအချိန်ကာလများမှ အသက်ရှင်သန်လာသူဖြစ်၍ သူ့ထံ၌ သူ၏ကိုယ်ပိုင်အစီအစဥ်များရှိနေပေမည်။
"လုယွီ...တစ္ဆေဧကရာဇ်ရဲ့စိတ်ဝိညာဥ်ကို ငါ အပြည့်အဝဖျက်ဆီးပြီးသွားပြီ...သူက တကယ့်ကို ယုတ်မာကောက်ကျစ်ပြီး အပြောင်းအလဲမြန်တဲ့သူပဲ...ငါက သူ့ကို သတ်ဖြတ်ခဲ့ပေမယ့်...သူ့ရဲ့အစစ်အမှန်အသိစိတ်က သူ့စိတ်ဝိညာဥ်ရဲ့သန်းနဲ့ချီတဲ့ အမှုန်အမွှားတွေကြားမှာ ပုန်းအောင်းနေတယ်...တကယ်လို့ ငါကသာ ဂရုတစိုက်လေ့လာဆန်းစစ်မှုမလုပ်ခဲ့ရင် နောင်တစ်ချိန်မှာ သူက ဒုက္ခပေးလာနိုင်တယ်"
"ငါက အခုလက်ရှိ မင်းရင်ဆိုင်နေရတဲ့ပြဿနာကို မြင်ပြီးသွားပြီ...တကယ်လို့ မင်း သေသွားရင်....ကောင်းကင်ဘုံကပ်ဘေးမိုးကြိုးတွေက ငါ့ကို ချက်ချင်းရှာတွေ့သွားမှာကို ငါ စိုးရိမ်မိတယ်...ငါတို့က အခုချိန်မှာ တစ်လှေတည်းစီးနေကြတဲ့သူတွေပဲ...ငါ့ဆီမှာ နတ်ဘုရားသွေးစက်တစ်စက်ရှိသေးတယ်...ဒါက မင်း နတ်ဘုရားလမ်းကြောင်းနည်းစနစ်ကို နှစ်ကြိမ်ဆက်တိုက်အသုံးပြုနိုင်ဖို့လုံလောက်တယ်....မင်းက ရှောင်မိသားစုရဲ့ပိတ်လှောင်ထားမှုကိုချိုးဖျက်ပြီး ဒီနေရာကနေ ထွက်သွားနိုင်တယ်"
မျောက်၏အသံက သိုလှောင်အိတ်အတွင်းမှ ထွက်ပေါ်လာသည်။
မျောက်သည် မည်သည့်အရာကိုမျှကြောက်ရွံပုံမရသော်လည်း ယခုလက်ရှိအချိန်၌ အမှန်တကယ်ကိုပင် သေရေးရှင်ရေးအထွတ်အထိပ်အခြေအနေသို့ ရောက်ရှိနေလေပြီ။
အကယ်၍ လုယွီ၏ရုပ်ခန္ဓာကိုယ်သည် ရှေးဟောင်းသူတော်စင်အဆင့်ရုပ်ခန္ဓာကိုယ်သာမဟုတ်ပါက လက်ရှိအခြေအနေမျိုးတွင် သူ အသက်ရှင်သန်နိုင်မည်မဟုတ်ချေ။
သို့ရာတွင် သူ့ထံ၌ ဤကဲ့သို့ခွန်အားမျိုးရှိနေသည့်တိုင် ရှောင်မိသားစုဘိုးဘေးကို လှုပ်ခါစေနိုင်စွမ်းမရှိပေ။
"ထွက်ပြေးရမှာလား...ဘာလို့ မင်းက ထွက်ပြေးခိုင်းနေတာလဲ"
"တကယ်လို့ ငါက ရှောင်အိမ်တော်ရဲ့ပိုင်နက်နယ်မြေကနေ ထွက်သွားနိုင်ရင်တောင် သူ့ရဲ့လေဟာနယ်ဥပဒေသနဲ့ ငါ့ရဲ့နံဘေးပတ်ဝန်းကျင်ကို ချက်ချင်းချိပ်ပိတ်လိုက်နိုင်တယ်...ဒီလိုအချိန်မှာ ငါက ထွက်ပြေးဖို့ကို ရွေးချယ်နိုင်အုံးမှာလား"
ယခုလက်ရှိချိန်၌ သူ၏ခန္ဓာကိုယ်တစ်ခုလုံး ထိခိုက်ဒဏ်ရာများနှင့် ပြည့်နှက်နေပြီး သူ၏ခြေလက်များအားလုံး ကျိုးပဲ့ပျက်စီးနေသည့်တိုင် လုယွီ၏စိတ်နှလုံးသားသည် တည်ငြိမ်အေးဆေးနေဆဲပင်။
မျောက်က ကြက်သေသေသွားသည်။
"မင်းက သူ့ကို ထိပ်တိုက်ရင်ဆိုင်မလို့လား...အဲ့ဒီခွေးသူတောင်းစားအိုကြီးရဲ့ကျင့်ကြံဆင့်နယ်ပယ်က ရှေးဟောင်းမြေကမ္ဘာအင်မော်တယ်အထွတ်အထိပ်အဆင့်နဲ့ နှိုင်းယှဥ်နိုင်တယ်...သူ့ကို ထိပ်တိုက်ရင်ဆိုင်မယ်ဆိုတာက မင်း သေလမ်းရှာနေတာပဲ"
"ငါ့ကို နတ်ဘုရားသွေးစက်ပေးတော့"
"အဲ့ဒီနတ်ဘုရားသွေးစက်အပြင် တစ္ဆေဧကရာဇ်ရဲ့စိတ်ဝိညာဥ်ကိုလည်း ငါ့ကိုပေးစမ်း"
"ငါက ရှောင်မိသားစုကို တန်ကြေးပြန်ပေးဆပ်စေရမယ်"
ထိုသို့ပြောဆိုပြီးသည်နှင့် လုယွီသည် ချောင်းတဟွတ်ဟွတ်ဆိုးလာပြီး သူ၏ပါးစပ်မှသွေးများယိုစီးကျလာကာ သူ၏ခန္ဓာကိုယ်တစ်ခုလုံး တဆတ်ဆတ်တုန်ရီနေသည်။
သူ့ထံ၌ သူတော်စင်အဆင့်ရုပ်ခန္ဓာကိုယ်ရှိနေသည့်တိုင် အကန့်အသတ်သို့ရောက်ရှိနေလေပြီ။
"ဟွန့်...ဒီကောင်စုတ်လေးက အချိန်အကြာကြီး တောင့်ခံနိုင်သားပဲ"
ရှောင်ချင်က အေးစက်စက်အမူအယာဖြင့် လုယွီကိုစူးစိုက်၍ကြည့်နေလေ၏။
တခြားရှောင်မိသားစုဝင်များသည်လည်း အေးစက်တင်းမာသောအကြည့်များဖြင့် လုယွီ သေဆုံးသွားမည့်အချိန်ကို စောင့်ကြည့်နေကြသည်။
ယခင်က လုယွီသည် ရှောင်ချင်၏အသက်ကိုကယ်တင်ခဲ့သည့် ရှောင်မိသားစု၏ကျေးဇူးရှင်တစ်ယောက်ဖြစ်သည်။
သို့ရာတွင် ရှေးဟောင်းဧကရာဇ်အဆင့်မှော်ရတနာများနှင့် ပတ်သက်လာချိန်တွင် ထိုကျေးဇူးတရားကိုလည်း ညှာတာထောက်ထားကြခြင်းမရှိတော့ချေ။
လုယွီ သေဆုံးသွားသည်နှင့် ထိုရှေးဟောင်းဧကရာဇ်အဆင့်မှော်ရတနာများသည် သူတို့ရှောင်မိသားစု၏ပိုင်ဆိုင်မှု ဖြစ်လာပေမည်။ထိုအချိန်မှစ၍ သူတို့၏ရှောင်မိသားစုသည် ရှေးဟောင်းဧကရာဇ်အဆင့်မှော်ရတနာနှစ်ခုကိုပိုင်ဆိုင်ကာ ကောင်းကင်ဘုံနယ်မြေအတွင်း၌ သြဇာအာဏာလွှမ်းမိုးနိုင်ပေလိမ့်မည်။
ရှောင်ချင်သည် ရုတ်တရက် တစ်စုံတစ်ခုကိုတွေးတောမိသွားပုံဖြင့် ရှောင်ချွမ်ကိုလှည့်ကြည့်ကာ မေးမြန်းလိုက်၏။
"အဖေ...ဒီကောင်စုတ်လေးက တော်ဝင်နန်းတွင်းရဲ့အရာရှိတစ်ယောက်လို့ ကျွန်မ ကြားထားတယ်...သူက စတုတ္ထဆင့်ရွှမ်းဝူစစ်ဗိုလ်ချုပ်တစ်ယောက်ပဲ...တကယ်လို့ အဖေက သူ့ကိုသတ်လိုက်မယ်ဆိုရင် အဖေအတွက် ပြဿနာတစ်ခုခုများ ဖြစ်နေမလား"
"စတုတ္ထအဆင့်အရာရှိတစ်ယောက်က ငါ့ရဲ့မျက်လုံးထဲမှာ ပုရွက်ဆိတ်တစ်ကောင်ထက်မပိုဘူး"
ရှောင်ချွမ်က အခိုင်အမာယုံကြည်ချက်ရှိသောအပြုံးဖြင့် ဆက်လက်ပြောဆိုသည်။
"ငါက သူ့ရဲ့နောက်ခံဇစ်မြစ်ကို နည်းနည်းစုံစမ်းထားတယ်...သူက ကံနည်းနည်းကောင်းတဲ့ ကောင်စုတ်လေးသက်သက်ပဲ...သူ့နောက်မှာ ထောက်ပံပေးနေတဲ့ ဘာအင်အားစုမှမရှိဘူး...ငါ ဒီကိစ္စကို ကောင်းကောင်းကြီးရင်ဆိုင်ဖြေရှင်းနိုင်တယ်...တကယ်လို့ သူ့နောက်မှာ အင်အားစုတချို့ရှိနေရင်တောင် ငါ မကြောက်ဘူး...အခုချိန်မှာ ငါတို့ရှောင်မိသားစုအတွက် ရှေးဟောင်းဧကရာဇ်အဆင့်မှော်လက်နက်တွေပိုင်ဆိုင်ဖို့က အရေးအကြီးဆုံးပဲ"
သူမဖခင်၏ကတိစကားကိုကြားချိန်တွင် ရှောင်ချင်က စိတ်သက်သာရာရသွားခဲ့သည်။
ထိုအကြောင်းကိုတွေးတောမိသည်နှင့် သူမ၏ဖခင် ပြောဆိုသည်မှာ အဓိပ္ပါယ်ရှိပေ၏။ယခုလက်ရှိချိန်တွင် သူတို့၏ရှောင်မိသားစုလက်အတွင်း၌ ရှေးဟောင်းဧကရာဇ်အဆင့်မှော်လက်နက်နှစ်ခုသာ ရှိနေပါက ယခင်အခြေအနေမျိုးနှင့် တူညီတော့မည်မဟုတ်ချေ။
Chapter 2162
"ကောင်းပြီလေ ငါ မင်းနဲ့မကစားတော့ဘူး...မင်းက သေလမ်းရှာချင်နေမှတော့ သေလိုက်တော့"
ရှောင်မိသားစုဘိုးဘေးသည် နံဘေးပတ်ဝန်းကျင်ရှိ လေဟာနယ်ဥပဒေသကိုထိန်းချုပ်ကာ သူ၏လက်သီးကို တင်းတင်းကျပ်ကျပ်ဆုပ်လိုက်၏။
ဤအချိန်အခိုက်အတန့်တွင် ပတ်ဝန်းကျင်ရှိလေဟာနယ်သည် တွန့်လိမ်ပုံပျက်လာကာ လုယွီ၏နံဘေးပတ်ဝန်းကျင်ရှိလေဟာနယ် ကျပ်တည်းစပြုလာသည်။
လုယွီ၏ခန္ဓာကိုယ်တစ်ခုလုံးရှိ ကြွက်သားများနှင့်အရိုးများ ပြင်းပြင်းထန်ထန်တုန်ခါနေပေ၏။
"နောက်ဆုံးတော့ သူ သေတော့မယ်"
ရှောင်ချင်၏မျက်နှာအမူအယာသည် အေးစက်နေပြီး သူမက တီးတိုးရေရွတ်လိုက်၏။
"နင်ရဲ့ကံက တကယ်မဆိုးဘူး...ဘိုးဘေးကိုယ်တိုင်တောင် နင့်ကို သတ်ရတယ်...ဒါက နင့်အတွက် ဂုဏ်ယူစရာတစ်ခုပဲ"
"ဒါပေမယ့် သေလူတစ်ယောက်က သေသွားတာနဲ့ အရာအားလုံးအဆုံးသတ်သွားပြီ...တကယ်လို့ နင့်ဆီမှာ အရည်အချင်းတချို့ရှိနေရင်တောင် နင်က ဘဝသက်တမ်းတိုတဲ့သေမျိုးတွေနဲ့ အတူတူပဲ...ဘဝလှိုင်းလုံးတွေကို နင်က ဖြတ်ကျော်နိုင်စွမ်းမရှိခဲ့ဘူး"
"ငါကတော့ လောကကြီးထဲမှာ အစွမ်းထက်ဆုံးပုဂ္ဂိုလ်တစ်ယောက် ဖြစ်လာလိမ့်မယ်"
လူအားလုံး၏အကြည့်များအောက်တွင်...
သေလုမျောပါးဖြစ်နေသော လုယွီက ရုတ်တရက် ခေါင်းမော့လိုက်၏။
လုယွီ၏မျက်လုံးအတွင်းမှနေ၍ မကြုံစဖူးတောက်ပသော အေးစက်စက်အလင်းတန်းများ ဖြာထွက်လာသည်။ဤသည်က ထောင်သောင်းချီသောကြယ်များ မြေပြင်ပေါ်သို့ သက်ဆင်းလာသည့်အလားပင်။
လုယွီက သူ့ရှေ့ရှိ ရှောင်မိသားစုဝင်များကို ကြည့်လိုက်သည်။သူတို့၏မျက်လုံးများအတွင်းရှိ အေးစက်ခြင်း မနာလိုခြင်း နာကျည်းမုန်းတီးခြင်းနှင့် အထင်အမြင်သေးခြင်းစသော စိတ်ခံစားချက်များကို လုယွီက တွေ့မြင်လိုက်ရ၏။
ရှောင်မိသားစုဘိုးဘေးကမူ လုယွီကိုသေသည်အထိ ချေမွှဖျက်ဆီးလိုသဖြင့် သူက လေဟာနယ်ဥပဒေသကို ဆက်လက်၍ထိန်းချုပ်နေလေ၏။
"ဒီကောင်လေးနဲ့ပတ်သတ်ပြီး ထူးဆန်းတာတစ်ခုခုရှိနေတယ်"
ရှောင်မိသားစုဘိုးဘေးသည် သူ၏စိတ်နှလုံးသားလေးလံလာသဖြင့် ချက်ချင်းဆိုသလိုပင် လေဟာနယ်ဥပဒေသကိုထိန်းချုပ်ကာ လုယွီအားသတ်ဖြတ်ရန် ကြံရွယ်လိုက်သည်။
သို့ရာတွင် လက်ရှိအခြေအနေသည် သူ မျှော်လင့်ထားသည်ထက် များစွာပို၍ကျော်လွန်သွားခဲ့သည်။
လုယွီသည် သူ၏နံဘေးပတ်ဝန်းကျင်ရှိ တွန့်လိမ်ပုံပျက်နေသောလေဟာနယ်၏ ဖိနှိပ်ခြင်းကိုမခံရချေ။ဆန့်ကျင်ဘက်အနေဖြင့် လုယွီ၏ခန္ဓာကိုယ်မှနေ၍ ပြင်းထန်သောအားလှိုင်းတစ်ရပ် ပွင့်အံထွက်လာသည်။
ခရက်...ခရက်...ခရက်...
အရိုးများအားထိန်းညှိနေသော အက်ကွဲသံများ ထွက်ပေါ်လာခြင်းနှင့်အတူ လုယွီ၏ကျိုးပဲ့နေသောခြေလက်များ ပြန်လည်ကောင်းမွန်လာပေ၏။
ထူထပ်သိပ်သည်းသောယင်ချီများက လုယွီ၏ခန္ဓာကိုယ်ကို လွှမ်းခြုံသွားသည်။ဤအချိန်အခိုက်အတန့်တွင် လုယွီသည် ငရဲမှထွက်လာသော ဧကရာဇ်တစ်ပါးနှင့် တူညီနေသည်။
"ခုဏက တိုက်ခိုက်မှုမှာ မင်းတို့အားလုံး ပျော်ရွှင်နေကြတယ်မလား"
"အခု ငါ့ရဲ့အလှည့်ပဲ...မင်းတို့ ငါ့ကိုစိတ်မပျက်စေဖို့ ငါ မျှော်လင့်တယ်"
လုယွီ၏မျက်နှာပေါ်၌ ထူးဆန်းသောအပြုံးတစ်ခု ထင်ဟပ်နေသည်။
သူ၏မျက်နှာသည် တစ်ခါတရံတွင် အတိတ်ဘဝမှပုံပန်းသွင်ပြင်မျိုးဖြစ်နေကာ တစ်ခါတရံ၌ တစ္ဆေဧကရာဇ်၏ပုံပန်းသွင်ပြင် ဖြစ်နေသော်လည်း အဆုံးသတ်တွင် လုယွီ၏ယခုလက်ရှိမျက်နှာအဖြစ်ရှိနေဆဲပင်။
သို့ရာတွင် ယခုလက်ရှိချိန်၌ လုယွီ၏ပုံပန်းသွင်ပြင်သည် အသူရာချောက်နက်အတွင်း၌ ရေခဲကျောက်ဆောင်ကဲ့သို့ ပို၍အထီးကျန်ဆန်ကာ အေးစက်နေသည်။
ရှောင်မိသားစုဘိုးဘေးသည် ထိုမြင်ကွင်းကိုကြည့်ပြီး ထိတ်လန့်တုန်လှုပ်သွားပေ၏။
သူသည် တိုက်ပွဲအတွေ့အကြုံ များစွာကြွယ်ဝသူဖြစ်သည့်တိုင် ယခုကဲ့သို့အခြေအနေမျိုးကို တစ်ကြိမ်တစ်ခါမျှ ကြုံတွေ့ဖူးခြင်းမရှိချေ။
ဤကောင်လေးသည် လောကီအင်မော်တယ်တစ်ယောက် မဟုတ်လော....
ဝုန်း...
ထိုအချိန်မှာပင် လုယွီ၏နံဘေးပတ်ဝန်းကျင်ရှိလေဟာနယ် ရုတ်တရက် ပုံမှန်ပြန်ဖြစ်သွားသည်။
ရှောင်မိသားစုဘိုးဘေး၏လေဟာနယ်ချိပ်ပိတ်မှု လုယွီကြောင့် ကျိုးပဲ့ပျက်စီးသွားလေပြီ။
လုယွီ၏ခန္ဓာကိုယ်တစ်ခုလုံးကို ထူထပ်သိပ်သည်းသောယင်ချီများက လွှမ်းခြုံထားသဖြင့် သူ၏မျက်နှာကိုပင် ရှင်းရှင်းလင်းလင်းမမြင်နိုင်ချေ။
"ဒီကောင်လေး ရူးများရူးနေတာလား...သူက တစ္ဆေဧကရာဇ်ရဲ့စိတ်ဝိညာဥ်ကိုတောင် ဝါးမျိုရတယ်...ကျွတ် ကျွတ်...သူက တစ္ဆေဧကရာဇ်ရဲ့စိတ်ဝိညာဥ်က တန်ပြန်တိုက်ခိုက်မှာကို မကြောက်တာလား....ကံကောင်းထောက်မပြီး သူနဲ့တစ္ဆေဧကရာဇ်တို့ကျင့်ကြံတဲ့ ကျင့်ကြံနည်းစနစ်တချို့က တူညီနေလို့သာပဲ...မဟုတ်ရင် သူ တစ္ဆေဧကရာဇ်ရဲ့စိတ်ဝိညာဥ်ကို ဒီလောက်မြန်မြန်ကြီး ဝါးမျိုနိုင်မှာမဟုတ်ဘူး"
"တစ္ဆေဧကရာဇ်ရဲ့စိတ်ဝိညာဥ်နဲ့နတ်ဘုရားသွေးစက် ပူးပေါင်းမှုနဲ့ဆိုရင် သူ့ရဲ့ခွန်အားကို အထွတ်အထိပ်အခြေအနေအထိ မြှင့်တင်နိုင်လိမ့်မယ်...ဒါပေမယ့် သူ့ရဲ့စိတ်ဝိညာဥ်က သူ့ရဲ့ကျင့်ကြံဆင့်ထက်ပိုမြင့်မားနေတယ်...သူ့ရဲ့ နဂိုမူလခွန်အားက ဘာများပါလိမ့်"
မျောက်က တီးတိုးရေရွတ်လိုက်၏။
သူသည် လုယွီ၏နဂိုမူလခွန်အား မည်မျှထိသန်မာအားကောင်းသည်ကို သိချင်စိတ်ပြင်းပြနေသည်။
မျောက်သည် လုယွီ၏အတိတ်ဘဝအကြောင်းကို မသိရှိချေ။
လုယွီသည် အတိတ်တွင် ကောင်းကင်ဘုံနယ်မြေ၏အစွမ်းထက်ဆုံးတာအိုသခင်ဖြစ်ခဲ့ကာ သူ၏တာအိုနာမည်မှာ မြေအောက်လောကဖြစ်သည်။
လုယွီသည် သူ၏လက်ညှိုးကိုမြှောက်၍ မိုးကောင်းကင်ယံသို့ ဖြည်းညှင်းစွာညွှန်ပြလိုက်၏။
"ငါက မြေအောက်လောကရဲ့နတ်ဘုရား...မြေအောက်လောကနယ်မြေရဲ့အရှင်သခင်ပဲ"
"ပြန်လည်ဝင်စားခြင်းလမ်းကြောင်းခြောက်သွယ်...ထွက်ပေါ်လာစမ်း"
Chapter 2163
ဘုန်း....
ရှောင်အိမ်တော်၏အထက်ကောင်းကင်ယံမှနေ၍ မိုးခြိမ်းသံကဲ့သို့ နားအူလုမတက်အသံကြီး မြည်ဟီးလာသည်။
ရုတ်ချည်းဆိုသလိုပင် ရှောင်မိသားစုဝင်များအားလုံး မိုးကောင်းကင်ယံကို မော့ကြည့်လိုက်ကြ၏။ရှောင်အိမ်တော်၏အထက်ကောင်းကင်ယံ၌ မိုးကြိုးတိမ်တိုက်များ ထွက်ပေါ်လာခြင်းကို သူတို့အားလုံး မြင်တွေ့လိုက်ရသည်။
လောကကြီး၏အဆုံးသတ်နေ့တစ်နေ့ကို ရောက်ရှိလာသကဲ့သို့ ရှောင်အိမ်တော်တစ်ခုလုံးကို အမှောင်ထုကြီးက လွှမ်းခြုံသွားသည်။
ရှောင်မိသားစုဝင်များအားလုံးသည် ထိုမြင်ကွင်းကိုကြည့်ပြီး မည်သည့်ကိစ္စရပ်များဖြစ်ပျက်နေသည်ကို သူတို့ မသိရှိကြချေ။
ဝုန်း...
ထိုအချိန်မှာပင် တောက်ပသောမိုးကြိုးလှိုင်းတစ်လှိုင်းက ရှောင်အိမ်တော်၏မဟာအကာအကွယ်ဝင်္ကပါကြီးပေါ်သို့ ရုတ်တရက် ကျရောက်လာသည်။
ထိုမိုးကြိုးလှိုင်းတစ်လှိုင်းဖြင့်ပင် ရှောင်မိသားစုဝင်များ အလွန်ဂုဏ်ယူအားထားရသော မဟာအကာအကွယ်ဝင်္ကပါကြီးပေါ်၌ မြောက်မြားစွာသောအက်ကွဲကြောင်းများ ထွက်ပေါ်လာသည်။
"အိုး...မကောင်းတော့ဘူး...မဟာအကာအကွယ်ဝင်္ကပါကြီး ကျိုးပဲ့သွားတော့မယ်"
"ဒါက ဘယ်လိုစွမ်းအားမျိုးလဲ...ဘယ်လိုလုပ်ပြီး အိမ်တော်ရဲ့မဟာအကာအကွယ်ဝင်္ကပါကြီးတောင် အက်ကွဲသွားရတာလဲ"
လူတိုင်း ကြက်သေသေနေကြသည်။ထိုမိုးကြိုးလှိုင်း၏စွမ်းအားသည် သူတို့၏နားလည်သဘောပေါက်နိုင်မှုထက် များစွာပို၍ကျော်လွန်နေသည်။
ဤသည်က လူသားများ နားလည်သဘောပေါက်နိုင်သည့်စွမ်းအားမျိုး ဖြစ်နိုင်သလော....
ထိုအချိန်မှာပင် တောက်ပသောကောင်းကင်ဘုံမိုးကြိုးလှိုင်းတစ်လှိုင်း ထပ်မံ၍ကျရောက်လာကာ မဟာအကာအကွယ်ဝင်္ကပါကြီးကို ပြင်းပြင်းထန်ထန် ရိုက်ခတ်မိသွားသည်။
ဘုန်း...
ကျယ်လောင်သောမြည်ဟီးသံနှင့်အတူ ရှောင်အိမ်တော်တစ်ခုလုံးကို လွှမ်းခြုံထားသော မိုးပြာရောင်အကာအကွယ်ဝင်္ကပါကြီးသည် နောက်ဆုံး၌ အပြည့်အဝ ပြိုကွဲပျက်စီးသွားလေ၏။
ဤအကာအကွယ်ဝင်္ကပါကြီးသည် ရှောင်အိမ်တော်စတင်တည်ထောင်ခဲ့သည့်အချိန်ကတည်းက တည်ရှိခဲ့ပြီး မရေမတွက်နိုင်သောအစွမ်းထက်ကျင့်ကြံသူများ၏ပူးပေါင်းတိုက်ခိုက်မှုကိုပင် ခုခံနိုင်စွမ်းရှိသည်။သို့ရာတွင် ဤအချိန်အခိုက်အတန့်တွင် ပြင်းထန်သောမိုးကြိုးလှိုင်းများကြောင့် ထိုဝင်္ကပါကြီး ပျက်စီးသွားခဲ့ရသည်။
"အမြန်ရှောင်တိမ်းကြစမ်း...ကောင်းကင်ဘုံမိုးကြိုးတွေ ကျဆင်းလာတော့မယ်"
"မကောင်းတော့ဘူး...ငါတို့ရဲ့မိသားစုဝင်တွေအားလုံး ဒီနေရာမှာရှိနေကြတာ"
ရှောင်မိသားစုဝင်တချို့သည် ထွက်ပြေးရန်ပြင်ဆင်လိုက်ကြ၏။သူတို့အနက်မှ တချို့လူများသည် အလွန်လျှင်မြန်စွာဖြင့် အရပ်မျက်နှာအဘက်ဘက်သို့လူစုခွဲကာ ထွက်ပြေးကြသည်။
သို့ရာတွင် ကောင်းကင်ဘုံမိုးကြိုးများ၏အရှိန်မှာ အလွန်လျှင်မြန်သည်။ရုတ်ချည်းဆိုသလိုပင် ကောင်းကင်ဘုံမိုးကြိုးများသည် လူအမြောက်အများကိုရိုက်ခတ်မိကာ သူတို့အားလုံး ပြာအဖြစ်သို့ ပြောင်းလဲသွားပေ၏။
"ဘာတွေဖြစ်နေတာလဲ"
ရှောင်ချွမ်က ဒေါသတကြီးအော်ဟစ်ကာ သူ၏သမီးဖြစ်သူကို ကာကွယ်ပေးရန်အတွက် သူ၏မှော်စွမ်းအားများကို အသုံးပြုလိုက်သည်။ထို့နောက် သူက လေထုအတွင်းသို့ခုန်တက်ကာ ကောင်းကင်ယံမှကျဆင်းလာသော ကောင်းကင်ဘုံမိုးကြိုးကိုရင်ဆိုင်ရန် ပြင်ဆင်လေ၏။
သို့သော် ထိုအချိန်မှာပင်...
လေထုအတွင်း၌ရှိနေသော လုယွီက ရှောင်ချွမ်ကို တစ်ချက်ကြည့်လိုက်သည်။
အကြည့်တစ်ချက်ဖြင့်ပင် ရှောင်ချွမ်သည် သူ၏အမြင်အာရုံတစ်ခုလုံးကို အမှောင်ထုကြီးလွှမ်းခြုံသွားသကဲ့သို့ ခံစားလိုက်ရသည်။ဤအချိန်အခိုက်အတန့်တွင် သူ၏အသိစိတ်လွတ်ကင်းသွားကာ သူသည် အစွမ်းအစမဲ့စွာ မြေပြင်ပေါ်သို့ပြုတ်ကျသွားပေ၏။
ဖူး....
ရှောင်ချွမ်၏ပါးစပ်မှ သွေးတစ်လုတ်အန်ထွက်လာကာ သူက နောက်သို့ခြေလှမ်းများစွာဆုတ်လိုက်ရပြီး သူ၏မျက်နှာသည် စက္ကူဖြူတစ်ချပ်ကဲ့သို့ ဖြူရော်နေသည်။
သူ၏စိတ်အတွင်း၌ အံ့အားသင့်တုန်လှုပ်မှုများဖြင့် ပြည့်နှက်နေသည်။
သူသည် နယ်မြေသခင်တစ်ယောက်ပင်။
ကောင်းကင်ဘုံနယ်မြေအတွင်း၌ အစွမ်းထက်ကျင့်ကြံသူများသည် တိမ်တိုက်များကဲ့သို့ပေါများသည့်တိုင် သူသည် ထိပ်သီးအစွမ်းထက်ပုဂ္ဂိုလ်များအနက်မှတစ်ယောက်ဖြစ်ရန် ထိုက်တန်သည်။
သို့ရာတွင် ဤအချိန်အခိုက်အတန့်တွင် ရှောင်ချွမ်ငည် လုယွီ၏အကြည့်တစ်ချက်ကိုပင် ခံနိုင်ရည်စွမ်းမရှိချေ။
အကြည့်တစ်ချက်ဖြင့်ပင် ရှောင်ချွမ်သည် သူ၏စိတ်ဝိညာဥ်အား ဆုတ်ဖြဲခံရသကဲ့သို့ ခံစားလိုက်ရသည်။သူ၏မှော်စွမ်းအားများကိုပင် ထုတ်ဖော်အသုံးပြုနိုင်စွမ်း မရှိခဲ့ပေ။
"ဒါက ဘယ်လိုနတ်ဆိုးနည်းစနစ်မျိုးလဲ"
ဤအချိန်အခိုက်အတန့်တွင် ရှောင်ချွမ်သည် သူ၏ဦးရေပြားများ ထုံကျင်လာသကဲ့သို့ ခံစားလိုက်ရ၏။
သို့ရာတွင် ဤသည်က အဆုံးသတ်မဟုတ်သေးချေ။
လေဟာနယ်အတွင်း၌ မတ်တတ်ရပ်နေသော လုယွီက တီးတိုးရေရွတ်လိုက်သည်။
"အသက်သုံးရှိုက်စာပဲကျန်တော့တယ်"
နတ်ဘုရားသွေးစက်နှင့်တစ္ဆေဧကရာဇ်၏စိတ်ဝိညာဥ်မှစွမ်းအားများ လုယွီ၏ခန္ဓာကိုယ်အတွင်းသို့ စီးဝင်နေသည်။
ထို့ကြောင့် လုယွီ၏စွမ်းအားများ အဆမတန်မြင့်တက်လာကာ သူ၏အတိတ်ဘဝမှစွမ်းအား ဆယ်ရာခိုင်နှုန်းကို ပြန်လည်ရရှိခဲ့သည်။
ဆယ်ရာခိုင်နှုန်းသာပင်....
သို့ရာတွင် သူသည် ထိုစွမ်းအားကို အသက်သုံးရှိုက်စာသာ တောင့်ခံနိုင်ပေမည်။
"ကောင်းပြီလေ...ဒီအသက်သုံးရှိုက်စာအတွင်းမှာ...ငါ မင်းတို့ရှောင်မိသားစုကို တန်ကြေးပြန်ပေးဆပ်ရအောင်လုပ်ပြမယ်"
မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် မရေမတွက်နိုင်သောအတွေးများက လုယွီ၏စိတ်နှလုံးသားအတွင်း၌ ဖြတ်ပြေးသွားသည်။
လုယွီက သူ၏လက်ကိုမြှောက်၍ ရှောင်မိသားစုဘိုးဘေးရှိနေသောနေရာသို့ လက်ညှိုးညွှန်လိုက်၏။တစ်ချိန်တည်းမှာပင် သူ၏အသံက ကောင်းကင်ယံတခွင်လုံးအနှံ့ ပဲ့တင်ထပ်ပျံ့နှံ့သွားသည်။
"ပြန်လည်ဝင်စားခြင်းလက်ဝါး....သက်ရှိအားလုံးကို ဖျက်ဆီးစမ်း"
ဝီ...ဝီ....ဝီ...
ကောင်းကင်နှင့်မြေပြင်အကြားမှ ရှည်လျားသောခရုသင်းသံတစ်သံက ရုတ်တရက် မြည်ဟီးလာသည်။
ရှောင်မိသားစုဝင်များအားလုံးသည် မည်သည့်ကျင့်ကြံဆင့်၌ရှိနေပါစေ သူတို့၏စိတ်ဝိညာဥ်နက်ရှိုင်းဆုံးနေရာမှ တုန်ရီလာသည်ကို ခံစားမိပေ၏။
ဤအချိန်အခိုက်အတန့်တွင် သူတို့၏အသက်များကို သူတို့မပိုင်ဆိုင်တော့သည့်အလားပင်။နောက်ထပ်အချိန်အခိုက်အတန့်အတွင်းတွင် သူတို့၏အသက်များကို အင်အားတစ်ရပ်မှ ယူဆောင်သွားတော့မည်ကဲ့သို့ ခံစားနေရသည်။
Chapter 2164
ဧရာမလက်ဝါးကြီးတစ်ဖက်က ကောင်းကင်ယံမှ ကျဆင်းလာသည်။
ဤသည်က ရှောင်အိမ်တော်တစ်ခုလုံးကို ချေမွှဖျက်ဆီးတော့မည့်အလားပင်။ထိုလက်ဝါးကြီး၏အောက်တွင် ရှောင်မိသားစုဝင်များအားလုံးသည် ကျင့်ကြံဆင့်နယ်ပယ်မည်မျှပင်ရှိနေပါစေ သူတို့၏စိတ်နှလုံးသားများ တင်းကျပ်လာသည်ကို ခံစားမိပေ၏။
ဤသည်က လုယွီ၏ကျင့်ကြံနည်းစနစ်ဖြစ်သလော....
သူ၏ခန္ဓာကိုယ်မှ အကြောများနှင့်အရိုးအရွတ်များအားလုံး ကျိုးပဲ့ကာ မကြာမီမှာပင် သေဆုံးတော့မည်မဟုတ်လော....
သူသည် သေဆုံးရမည်ကိုစောင့်ဆိုင်းနေသော လူတစ်ယောက်ဖြစ်သော်လည်း မည်သည်ကြောင့် သူသည် အလွန်ပြင်းထန်သောစွမ်းအားများကို ဖြန့်ကျက်နိုင်သနည်း.....
မည်သည့်နည်းဖြင့် ဖြစ်နိုင်မည်နည်း....
"အဖေ သူ့ကိုသတ်...သူ့ကို မြန်မြန်သတ်လိုက်တော့"
ရှောင်ချင်က စူးရှကျယ်လောင်စွာ အော်ဟစ်လိုက်၏။
လုယွီ ပို၍သန်မာအားကောင်းလေလေ ရှောင်ချင်သည် သူမ၏မာန်မာနများ ပို၍ပြင်းပြင်းထန်ထန်ထိခိုက်လာသကဲ့သို့ ခံစားရလေလေပင်။
အထူးသဖြင့် ယခုချိန်၌ သေလုမျောပါးဖြစ်နေသော လုယွီထံမှ ရုတ်တရက် ပြင်းထန်သောစွမ်းအားလှိုင်းများ ပွင့်အံထွက်လာကာ ရှောင်မိသားစုဝင်များအားလုံးကို တုန်လှုပ်ချောက်ချားသွားစေသည်။
ဤကဲ့သို့စွမ်းအားမျိုးသည် သူမအား မနာလိုအားကျမှုကို ခံစားရစေ၏။
ဤအချိန်အခိုက်အတန့်တွင် ရှောင်ချွမ်သည်လည်း အနည်းငယ်စိတ်ရှုပ်ထွေးနေသည်။ကောင်းကင်ယံမှကျဆင်းလာသော လက်ဝါးကြီးကိုကြည့်၍ သူ၏ဦးရေပြားများ ထုံကျင်လာသကဲ့သို့ ခံစားနေရသည်။
ယခုလက်ရှိချိန်၌ သူ၏စွမ်းအားသည် သူ့ကိုယ်သူနှင့် သူ၏သမီးဖြစ်သူကို ထိခိုက်နာကျင်မှုမရှိစေရန် ကာကွယ်စောင့်ရှောက်ရန်သာ လုံလောက်သည်။တခြားရှောင်မိသားစုဝင်များအတွက်မူ ရှောင်ချွမ်သည် သူတို့အားဂရုစိုက်ရန် သူ၏အင်အားကိုဖြုန်းတီးလိုခြင်းမရှိချေ။
ကောင်းကင်ယံမှကျဆင်းလာသော ဧရာမလက်ဝါးကြီးသည် ရှောင်မိသားစုဘိုးဘေးထံဦးတည်၍ တန်းတန်းမတ်မတ်ပျံသန်းသွားသည်။
"ကောင်စုတ်လေးတစ်ယောက်ကများ...မင်း ဘယ်လောက်အထိ စွမ်းဆောင်နိုင်မလဲဆိုတာ ငါ ကြည့်ဦးမယ်"
ရှောင်မိသားစုဘိုးဘေးသည် အေးစက်စက်နှာတစ်ချက်မှုတ်ကာ လေထုအတွင်းသို့ ခုန်တက်လိုက်၏။
သူ၏ခြေဖဝါးအောက်မှနေ၍ ထောင်သောင်းချီသော ဓားအလင်းတန်းများ ထွက်ပေါ်လာသည်။ရှောင်မိသားစုဘိုးဘေးသည် ကောင်းကင်ယံကို လက်ညှိုးညွှန်လိုက်ခြင်းနှင့်အတူ ထိုဓားအလင်းတန်းများက မိုးကောင်းကင်ယံအတွင်းသို့ မြင့်တက်သွားသည်။
"မင်း ဘာနည်းစနစ်ကိုပဲ အသုံးပြုနေပါစေ ကိစ္စမရှိဘူး...ငါက မင်းကိုသတ်ဖြတ်နိုင်တယ်...မင်းဆီမှာဘယ်လိုမျိုးဝှက်ဖဲတွေရှိနေလဲဆိုတာကို ကြည့်ရသေးတာပေါ့"
ရှောင်မိသားစုဘိုးဘေးသည် အေးစက်စက်နှာတစ်ချက်မှုတ်ကာ ကောင်းကင်ယံသို့ ထပ်မံ၍လက်ညှိုးညွှန်လိုက်သည်။မရေမတွက်နိုင်သော ဓားချီအလင်းတန်းများသည် အကန့်အသတ်မရှိသော သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒကိုသယ်ဆောင်၍ လုယွီထံသို့ တဟုန်ထိုးတိုးဝင်သွားသည်။
သို့ရာတွင် လုယွီထံသို့ ထိုဓားချီအလင်းတန်းများ ကျရောက်လုဆဲဆဲအချိန်မှာပင် ယင်ချီစွမ်းအားလှိုင်းများက ချက်ချင်းဆိုသလိုပင် ထိုအရာများကို ဝါးမျိုသွားလေ၏။
ထောင်သောင်းချီသော ဓားချီအလင်းတန်းများ တပြိုင်နက်တည်းကျရောက်လာသော်လည်း ဓားချီတစ်ခုတစ်လေမျှ လုယွီ၏ခန္ဓာကိုယ်ပေါ်သို့ကျရောက်ခြင်းမရှိချေ။
"ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ"
"ဘိုးဘေးရဲ့တိုက်ခိုက်မှုက အဲ့ဒီကောင်လေးကို ဒဏ်ရာတောင် မရစေဘူးလား...ကောင်းကင်ဘုံ...ငါ့ရဲ့မျက်လုံးတွေက ငါ့ကိုများလှည့်စားနေတာလား"
ရှောင်မိသားစုဝင်များအကြားမှနေ၍ ထိတ်လန့်တကြားအော်ဟစ်လိုက်သံများ ထွက်ပေါ်လာသည်။
ရှောင်မိသားစုဝင်များအတွက် သူတို့၏ဘိုးဘေးသည် ပြိုင်ဘက်ကင်းတည်ရှိမှုကြီးဖြစ်ကာ သူတို့၏စိတ်အင်အားအတွက်ထောက်တိုင်ကြီးလည်းဖြစ်သည်။
ယခင်က ရှောင်မိသားစုသည် ရန်သူအမြောက်အများနှင့် ရင်ဆိုင်ခဲ့ရသော်လည်း သူတို့၏ဘိုးဘေး တိုက်ခိုက်လိုက်သည်နှင့် မည်သည့်ရန်သူမဆို အမြစ်ပြတ်သုတ်သင်ခြင်းခံလိုက်ရသည်။
သို့ရာတွင် ယခုလက်ရှိချိန်၌ သူတို့၏စိတ်အင်အားများအားလုံး ပျက်စီးပြိုလဲသွားလေပြီ။
ဘိုးဘေးသည်ပင်လျှင် သူတို့ရှေ့ရှိလူငယ်လေးကို မည်သို့မျှ ထိခိုက်စေနိုင်စွမ်းမရှိသလော....
သူ့အား ဓားချီလှိုင်းများဖြင့် အဆက်မပြတ် ပြင်းပြင်းထန်ထန်တိုက်ခိုက်နေသော ရှောင်မိသားစုဘိုးဘေးကိုကြည့်၍ လုယွီက သူ၏ခေါင်းကိုမော့လိုက်သည်။
"အသက်တစ်ရှိုက်စာပဲကျန်တော့တယ်"
လုယွီသည် လှုပ်ရှားခြင်းမပြုချေ။သူသည် လက်နောက်ပစ်အနေအထားဖြင့် မတ်တတ်ရပ်နေကာ သူ၏မျက်လုံးများက အေးစက်နေသည်။
သို့သော် ထိုအချိန်မှာပင် ပြန်လည်ဝင်စားခြင်းလက်ဝါးသည် ကောင်းကင်ယံမှကျဆင်းလာကာ ရှောင်မိသားစုဘိုးဘေးကို ရိုက်ခတ်မိသွားလေ၏။
ရှောင်မိသားစုဝင်များအားလုံးသည် သူတို့၏ခေါင်းများကိုမော့ကာ ကြက်သေသေနေသောအမူအယာများဖြင့် မိုးကောင်းကင်ယံကို မော့ကြည့်နေကြသည်။
ရှောင်မိသားစုဘိုးဘေးသည် ပြိုင်ဘက်ကင်းလူအိုကြီးတစ်ယောက်ဖြစ်သော်လည်း ပြန်လည်ဝင်စားခြင်းလက်ဝါး၏ရိုက်နှက်ခံရမှုကြောင့် မြေပြင်အတွင်းသို့ နစ်မြုပ်သွားသည်။
ဘုန်း...
ကျယ်လောင်သောပေါက်ကွဲသံတစ်သံနှင့်အတူ ထူထပ်သိပ်သည်းသောဖုန်လုံးကြီးများက နေရာအနှံ့အပြားသို့ ပျံလွင့်သွားပေ၏။
ရှောင်မိသားစုဘိုးဘေးသည် ပြန်လည်ဝင်စားခြင်းလက်ဝါး၏ရိုက်နှက်ခံရမှုကြောင့် မြေပြင်အက်ကွဲသွားကာ မိုင်အနည်းငယ်ခန့်နက်ရှိုင်းသော ချောက်နက်ကြီးတစ်ခု ဖြစ်ပေါ်လာသည်။
ဖုန်မှုန့်များ လွင့်ပြယ်သွားချိန်တွင် ရှောင်မိသားစုဝင်များသည် သူတို့ဘိုးဘေး၏ကံကြမ္မာကို တွေ့မြင်လိုက်ရ၏။
ပြိုင်ဘက်ကင်းစွမ်းအားမျိုးရှိသော ရှောင်မိသားစုဘိုးဘေး၏ခန္ဓာကိုယ်တစ်ခုလုံးမှ အရိုးများကျိုးပဲ့နေကာ သူ၏ဆံပင်များက ဖွာလန်ကျဲနေသည်။သူ၏ခန္ဓာကိုယ်တစ်ခုလုံးပေါ်တွင်လည်း ထိခိုက်ဒဏ်ရာများဖြင့် ပြည့်နှက်နေပေ၏။
ရှောင်မိသားစုဘိုးဘေးသည် တွေဝေမိန်းမောစွာဖြင့် လုယွီကို စူးစိုက်ကြည့်နေသည်။လုယွီထံတွင် သူ့အား သေစေနိုင်လောက်မည့်အရည်အချင်းမျိုး ရှိနေသည်ဟု သူ ယုံကြည်လက်ခံနိုင်ခြင်းမရှိချေ။
Chapter 2165
"ဘိုးဘေး...."
ရုတ်တရက် ရှောင်မိသားစုဝင်တချို့က ကြေကွဲဝမ်းနည်းစွာဖြင့် အော်ဟစ်လိုက်ကြ၏။
တခြားသူများသည်လည်း နောက်ဆုံး၌ အသိဝင်လာကြကာ အသံကုန်ဟစ်၍ အော်ဟစ်နေလေသည်။
သို့ရာတွင် မည်သူတစ်ဦးတစ်ယောက်ကမျှ ရှေ့သို့တိုး၍ သူတို့၏ဘိုးဘေးကို ကယ်တင်ဝံ့ခြင်းမရှိချေ။
ဤမြင်ကွင်းသည် သူတို့အား အပြည့်အဝတုန်လှုပ်သွားစေသည်။မည်မျှထိသတ္တိကောင်းသူဖြစ်နေပါစေ သူတို့သည် လုယွီ၏အနီးသို့ ချဥ်းကပ်ဝံ့ခြင်းမရှိချေ။သူတို့သည် သတိလက်လွတ်နေမိပါက လုယွီ၏သတ်ဖြတ်ခြင်းအားခံရမည်ကို သူတို့အားလုံး စိုးရိမ်ပူပန်နေကြ၏။
ဟူး....
ထိုအချိန်မှာပင် ရှောင်မိသားစုဘိုးဘေး၏ခန္ဓာကိုယ်မှနေ၍ အနက်ရောင်အခိုးအငွေ့များ မျောလွင့်လာသည်။
မြောက်မြားစွာသောအနက်ရောင်အခိုးအငွေ့များသည် သူ၏နှာခေါင်းနှင့်ပါးစပ်မှ ထွက်ပေါ်နေကာ အကန့်အသတ်မရှိချေ။
အချိန်တခဏကြာပြီးနောက် ရှောင်မိသားစုဘိုးဘေး၏ခန္ဓာကိုယ်သည် မည်သည့်အရာမျှမရှိခဲ့သည့်အလား ပါးလွှာသောလေထုအတွင်း၌ ပျောက်ကွယ်သွားတော့သည်။
"ဒါဆို ဒါကကိုယ်ပွါးသက်သက်ပဲပေါ့"
လုယွီက ညည်းတွားလိုက်၏။
နတ်ဘုရားသွေးစက်၏စွမ်းအားသည် တဖြည်းဖြည်း အားနည်းနေလေပြီ။လုယွီသည် မြေပြင်ပေါ်သို့ အစွမ်းအစမဲ့စွာဖြင့် ပြိုလဲကျသွားကာ သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှ မှော်စွမ်းအားများလည်း ပျက်ပြယ်စပြုလာသည်။
သူ၏တုန်လှုပ်ချောက်ချားဖွယ်စွမ်းအားများအားလုံးလည်း ပြိုကွဲစပြုနေပေ၏။
သို့ရာတွင် ဤအချိန်အခိုက်အတန့်တွင် ပတ်ဝန်းကျင်နေရာတစ်ခုလုံး သုသာန်တစပြင်ကဲ့သို့ တိတ်ဆိတ်ငြိမ်သက်နေသည်။မရေမတွက်နိုင်သော မျက်လုံးများသည် တုန်လှုပ်ချောက်ချားသောအကြည့်ဖြင့် လုယွီကို စူးစိုက်ကြည့်နေကြ၏။သူတို့၏မျက်လုံးများအတွင်း၌ ယခင်ကဲ့သို့ အထင်သေးသော လှောင်ပြောင်သရော်လိုသောအရိပ်အယောင်မျိုးမရှိတော့ချေ။
ဤသည်က ရှောင်မိသားစုဘိုးဘေး၏ကိုယ်ပွါးတစ်ခုဖြစ်သည့်တိုင် အလွန်အစွမ်းထက်သောခွန်အားကို ပိုင်ဆိုင်ထားသည်။
နယ်မြေသခင်တစ်ယောက်၏ကိုယ်ပွါးကိုပင် သတ်ဖြတ်နိုင်သောလုယွီသည် မည်မျှထိအရည်အချင်းရှိသူဖြစ်သနည်း....
အစောပိုင်းက လုယွီ မှော်မန္တန်ရွတ်ဆိုလိုက်ချိန်တွင် ရှောင်မိသားစုဝင်များသည် သူတို့၏အသက်ကိုပင် သူတို့ မပိုင်ဆိုင်ကြတော့သည့်အလား ကောင်းကင်နှင့်မြေပြင်ကိုပင် ဖျက်ဆီးပစ်နိုင်သောစွမ်းအားမျိုးကို ခံစားမိကြ၏။
နယ်မြေသခင်တစ်ယောက်ဖြစ်သော ရှောင်ချွမ်ပင်လျှင် သူ၏အသက်အန္တရာယ်ကိုခြိမ်းခြောက်နိုင်စွမ်းရှိသော အရှိန်အဝါမျိုးကို ခံစားမိသည်။
"တကယ်လို့ ခုဏက တိုက်ခိုက်မှုက ငါ့ကိုသာ ရိုက်ခတ်မိမယ်ဆိုရင်...ဒီနေ့ ကြွေလွင့်သွားမယ့်သူက ငါပဲဖြစ်လိမ့်မယ်"
ရှောင်ချွမ်၏စိတ်နှလုံးသားအတွင်း၌ ရုတ်တရက်မျှော်လင့်ချက်အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။
လုယွီသည် သေလုမျောပါးအခြေအနေမျိုးတွင် ရုတ်တရက် ဤကဲ့သို့ပြင်းထန်သောတိုက်ခိုက်မှုမျိုးကို ပြုလုပ်နိုင်မည်ဟု မည်သူကမျှ မျှော်လင့်မထားမိချေ။
ကံကောင်းထောက်မစွာဖြင့် ရှောင်မိသားစုဘိုးဘေးသည် ဤနေရာသို့ ကိုယ်ပွါးတစ်ခုသက်သက်သာ ရောက်ရှိလာခဲ့သည်။ထိုသို့မဟုတ်ဘဲ အကယ်၍ ရှောင်မိသားစုဘိုးဘေးသာ မတော်တဆမှုတစ်ခုခုဖြင့် ကြုံတွေ့ရပါက သူတို့၏မိသားစုတစ်စုလုံးအတွက် အစားထိုးမရနိုင်သောဆုံးရှုံးမှုကြီးဖြစ်ပေမည်။
"သူက အကန့်အသတ်ကို ရောက်နေပြီ...ဒီကောင်လေးအသုံးပြုသွားတဲ့ နတ်ဆိုးနည်းစနစ်က မိုးကောင်းကင်ကိုတောင် အံတုနိုင်ပေမယ့် သူ့ရဲ့အခုလက်ရှိ ကျင့်ကြံဆင့်နယ်ပယ်နဲ့ အသုံးပြုနိုင်ဖို့ဆိုတာ အလှမ်းကွာဟသေးတယ်"
ထိုအချိန်မှာပင် ရှောင်ချင်၏အသံက ပတ်ဝန်းကျင်နေရာအနှံ့သို့ ပဲ့တင်ထပ်ပျံ့နှံ့သွားသည်။
သူမ၏မျက်လုံးများအတွင်း၌ မနာလိုအားကျမှုများ နာကျည်းမုန်းတီးမှုများနှင့် ပြည့်နှက်နေသည်။
ယခုချိန်၌ လုယွီသည် အလွန်အရည်အချင်းရှိသူတစ်ယောက်ဟူသည်ကို သူမ ဝန်ခံရပေမည်။သို့ရာတွင် သူမ သူကိုသတ်ဖြတ်နိုင်သည်နှင့် ထိုပါရမီအရည်အချင်းများသည် သူမ၏အပိုင် ဖြစ်သွားပေလိမ့်မည်။
"အဖေ...ဒီနေ့ အဲ့ဒီကောင်လေးကို အပြတ်ရှင်းမှရမယ်...မဟုတ်ရင် နောင်တစ်ချိန်မှာ ကျွန်မတို့ရှောင်မိသားစုအတွက် ဘေးကပ်ဆိုးကြီးတစ်ခုဖြစ်သွားလိမ့်မယ်"
ရှောင်ချင်က သူမ၏ဖခင်ကိုကြည့်ကာ ပြောဆိုလိုက်၏။
လုယွီသည် လောကီအင်မော်တယ်တစ်ယောက်သာဖြစ်သော်လည်း သူမတို့၏ရှောင်မိသားစုကို ကြီးမားသောဆုံးရှုံးမှုကြီး ရရှိစေခဲ့သည်။
အကယ်၍ နောင်အနာဂတ်တွင် လုယွီသာ အောင်မြင်မှုရရှိလာပါက သူမတို့၏ရှောင်မိသားစုသည် ဆိုးရွားသောကံကြမ္မာဖြင့် ရင်ဆိုင်ရပေမည်။
သို့ရာတွင် ရှောင်ချွမ်သည် သူကိုယ်တိုင်လှုပ်ရှားခြင်းမပြုချေ။မည်သို့ပင်ဆိုစေကာမူ အစောပိုင်းက လုယွီထုတ်ဖော်ပြသခဲ့သောခွန်အားသည် သူကဲ့သို့ နယ်မြေသခင်တစ်ယောက်ကိုပင် ထိတ်လန့်ကြောက်ရွံမှုကို ခံစားရစေသည်။
"လာကြစမ်း....ဒီကောင်လေးကိုသတ်နိုင်တဲ့ဘယ်သူမဆို မိသားစုအကြီးအကဲအဖြစ် ရာထူးတိုးခံရပြီးတော့ မိသားစုရဲ့ထိပ်တန်းအဆင့်ဆက်ဆံမှုကို ခံယူရမယ်....အဲ့ဒီလူက ကျင့်ကြံနည်းစနစ်တွေအတွက် မိသားစုကျမ်းစာဆောင်ကို အချိန်မရွေးဝင်ခွင့်ရမယ့်အပြင် ဆေးဝါးတွေနဲ့မှော်လက်နက်ထောက်ပံခံရမှုလည်း နှစ်ဆရမယ်"
ရှောင်ချွမ်က အော်ဟစ်ပြောဆိုလေသည်။
ထိုစကားသံကိုကြားသည်နှင့် ပတ်ဝန်းကျင်နေရာတဝိုက်မှ အံ့အားတသင့်ရေရွတ်သံများ ထွက်ပေါ်လာသည်။
ရှောင်မိသားစုဝင်လူငယ်များ၏မျက်လုံးများအတွင်း၌ တောက်ပသောအလင်းရောင်များ ဖြာထွက်လာပေ၏။
ဤကဲ့သို့လှုံဆော်ခံရမှုမှာ အလွန်အမင်းထိရောက်သည်။
အစောပိုင်းက လုယွီ၏ပြင်းထန်သောတိုက်ခိုက်မှုကြောင့် သူတို့၏ထိတ်လန့်တုန်လှုပ်ခဲ့ရမှုများသည်လည်း လွင့်ပြယ်သွားလေပြီ။
ရှောင်မိသားစုဝင်လူငယ်များအားလုံး၏မျက်လုံးအကြည့်များက လုယွီပေါ်သို့ အခိုင်အမာကျရောက်လာသည်။နောက်ဆုံးတွင် ထိုလူငယ်များအနက်မှတစ်ယောက်က သူ၏မှော်လက်နက်ကိုအသုံးပြုကာ လုယွီထံ ပစ်ခတ်လိုက်သည်။
ဤသည်က သံမဏိတုတ်တစ်ချောင်းပင်။ရှောင်မိသားစုဝင်လူငယ်၏မှော်စွမ်းအားဖြင့် ထိန်းချုပ်မှုအောက်တွင် ထိုသံမဏိတုတ်သည် လုယွီထံသို့ ပျံသန်းလာပေ၏။
Thank For Reading.