← Chapters

အခန်း (၂၁၆၆-၂၁၇၀)

Vol. 112 Ch. 2166-2170

အခန်း (၂၁၆၆-၂၁၇၀)

Vol. 112 Ch. 2166-2170

Chapter 2166

သံမဏိတုတ် သူ့ထံချဥ်းကပ်လာသည်ကိုကြည့်ပြီး လုယွီက သူ၏လက်ကိုမြှောက်ကာ ထိုအရာကို ဖမ်းဆီးလိုက်၏။

ဝီ...ဝီ...ဝီ...

သံမဏိတုတ်သည် လုယွီ၏လက်အတွင်းသို့ရောက်သည့်တိုင် တုန်ခါနေဆဲဖြစ်ပြီး ကျယ်လောင်သောအသံများ မြည်ဟီးနေသည်။

သို့ရာတွင် အချိန်တခဏကြာပြီးနောက် ထိုသံမဏိတုတ်၏စွမ်းအားများ ကုန်ဆုံးသွားပုံရကာ လုယွီ၏လက်အတွင်းမှနေ၍ မြေပြင်ပေါ်သို့ ပြုတ်ကျသွားတော့သည်။

ဒေါင်...ဒေါင်...

သံမဏိတုတ် မြေပြင်ပေါ်သို့ကျရောက်လာချိန်တွင် ကြည်လင်ပြတ်သားသောအသံကြီး ထွက်ပေါ်လာပေ၏။

ထိုမာကျောသောသံမဏိတုတ်ပေါ်၌ လက်ငါးချောင်းရာကြီးက နက်ရှိုင်းစွာစွဲထင်၍ ကျန်ရစ်ခဲ့သည်။

ထိုမြင်ကွင်းကိုမြင်ချိန်တွင် လူတိုင်းက ကူကယ်ရာမဲ့စွာ လေအေးတစ်ချက်ရှိုက်သွင်းလိုက်ကြ၏။

ဤသည်က မည်မျှထိကြီးမားသောခွန်အားမျိုး ဖြစ်သနည်း...

အစောပိုင်းက တိုက်ခိုက်ခဲ့သော လူငယ်ကျင့်ကြံသူသည် သူ သေလုမတက် ကြောက်ရွံနေကာ လုယွီ၏အကြည့်ကို ရှောင်ရှားနိုင်ရန် နောက်သို့ခြေလှမ်းများစွာဆုတ်လိုက်သည်။

သို့ရာတွင် လုယွီသည် တိုက်ခိုက်ခြင်းမပြုချေ။

အမှန်အားဖြင့် ရှောင်ချင်ပြောဆိုသွားသကဲ့သို့ပင် သူသည် အကန့်အသတ်သို့ ရောက်ရှိနေလေပြီ။

အစောပိုင်းကတိုက်ခိုက်မှုသည် သူ၏ခန္ဓာကိုယ်အတွင်းရှိ မှော်စွမ်းအားများအားလုံးကိုသာမက သူ၏ရုပ်ခန္ဓာကိုယ်ခွန်အားကိုလည်း ကုန်ခမ်းသွားစေသည်။

သူထံတွင် ရာနှင့်ချီသောတိုက်ပွဲအတွေ့အကြုံများရှိသည့်တိုင် လုယွီသည် သူ၏ခန္ဓာကိုယ် မကြုံစဖူးအားနည်းနေသည်ကို ခံစားမိလေ၏။

"နင်တို့အားလုံး တိုက်ခိုက်ကြစမ်း...သူ့ဆီမှာ ဘာခွန်အားမှ မကျန်တော့ဘူး"

အကြည့်တစ်ချက်ဖြင့်ပင် ရှောင်ချင်သည် လုယွီ၏လက်ရှိအနေအထားကို သိရှိသွားသည်။သူမသည် နံဘေးပတ်ဝန်းကျင်ရှိ ရှောင်မိသားစုဝင်များကို တိုက်ခိုက်ရန်အတွက် အလျင်စလို အော်ဟစ်လိုက်သည်။

တစ်ချိန်တည်းမှာပင် သူမ၏လက်ချောင်းထိပ်များကို လှုပ်ခတ်လိုက်ရာ လောင်ကျွမ်းနေသောမီးတောက်များ ထွက်ပေါ်လာပြီး ဖီးနစ်ငှက်တစ်ကောင်အသွင်သို့ ပြောင်းလဲသွားသည်။ထိုဖီးနစ်ငှက်သည် အတောင်ပံကိုဖြန့်ကာ ရှောင်ချင်၏ခေါင်းထက်၌ ပျံဝဲနေပေ၏။

"ဖီးနစ်တောင်ပံဖြန့်ကျက်ခြင်း...သတ်စမ်း"

ရှောင်ချင်က အေးစက်စက်အော်ငေါက်ပြီး လုယွီထံ လက်ညှိုးညွှန်လိုက်သည်။

မီးတောက်ဖီးနစ်ငှက်သည် ချက်ချင်းဆိုသလိုပင် စူးရှကျယ်လောင်စွာအော်ဟစ်၍ လုယွီထံဦးတည်ကာ ပျံသန်းသွားသည်။

ထိုမီးတောက်ဖီးနစ်ငှက်နှင့်အတူ ရှောင်မိသားစုဝင်ကျင့်ကြံသူများ၏ မှော်လက်များနှင့်မှော်မန္တန်များလည်း လုယွီထံ တိုးဝင်လာကြ၏။

ဘန်း...ဘန်း...ဘန်း...

လုယွီသည် ထိုမှော်လက်နက်များနှင့်မှော်မန္တန်များကို ပြင်းပြင်းထန်ထန်တိုက်ခိုက်၍ ခုခံနိုင်ခဲ့သော်လည်း မီးတောက်ဖီးနစ်ငှက်၏တိုက်ခိုက်မှုကို ရှောင်ရှားနိုင်ခြင်းမရှိချေ။

ထိုမီးတောက်ဖီးနစ်ငှက်သည် လုယွီ၏ပခုံးကို ထိုးစိုက်သွားကာ လောင်ကျွမ်းနေသောဒဏ်ရာတစ်ခုကို ချန်ထားခဲ့သည်။

"ဒီခွေးမသားလေးက ရှောင်တိမ်းတဲ့နေရာမှာ တော်တော်ကောင်းတာပဲ...ငါ့ရဲ့သေစေနိုင်တဲ့တိုက်ခိုက်မှုကိုတောင် ရှောင်တိမ်းနိုင်တယ်"

ရှောင်ချင်၏မျက်နှာတပြင်လုံး ဒေါသအရိပ်အယောင်များဖြင့် ပြည့်နှက်နေသည်။သူမသည် သူမ၏မှော်စွမ်းအားများကို ထပ်မံ၍နှိုးဆွကာ လုယွီကိုသတ်ဖြတ်ရန် ဟန်ပြင်လိုက်၏။

သွေးများက လုယွီ၏လက်မောင်းမှ တစ်စက်စက်ယိုစီးကျနေသည်။

လုယွီ၏မျက်လုံးအကြည့်သည် ယခုလက်ရှိနေရာတွင်ရှိနေသော ရှောင်မိသားစုဝင်များအားလုံးပေါ်သို့ ကျရောက်နေကာ သူ၏မျက်နှာအမူအယာသည် ဝမ်းနည်းမှုလည်းမရှိ ပျော်ရွှင်မှုလည်းရှိမနေချေ။

"လုယွီ...ဒီတစ်ကြိမ်တော့ မင်း ထွက်ပြေးနိုင်တော့မှာမဟုတ်ဘူး....တကယ်လို့ မင်းဆီက မှော်ရတနာတွေ ငါတို့ကိုပေးမယ်ဆိုရင်...မင်းရဲ့အလောင်းအပြည့်အစုံကို ချန်ထားပေးမယ်"

တစ်စုံတစ်ယောက်က အော်ဟစ်ပြောဆိုလိုက်၏။

လုယွီက သရော်တော်တော် ပြောဆိုသည်။

"မင်းတို့ရှောင်မိသားစုက လူအရေအတွက်များတာနဲ့ အနိုင်ရပြီလို့ မင်းတို့ တကယ်ကြီးထင်နေကြတာလား"

ရုတ်တရက် လုယွီက ကျယ်လောင်စွာအော်ဟစ်လိုက်သည်။

"မင်းတို့အားလုံး...ထွက်လာကြစမ်း"

သူ၏အသံသည် အရပ်မျက်နှာအဘက်ဘက်သို့ ပဲ့တင်ထပ်ပျံ့နှံ့သွားသည်။

ရှောင်မိသားစုဝင်များသည် ကူကယ်ရာမဲ့စွာဖြင့် နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်ကြ၏။သူတို့၏စိတ်နှလုံးသားအတွင်း၌ လုယွီကို ထိတ်လန့်ကြောက်ရွံမှုကရှိနှင့်ပြီးဖြစ်သည်။

ဤကဲ့သို့သေရေးရှင်ရေးအခြေအနေမျိုးတွင် လုယွီသည် ထပ်မံ၍ပြင်းပြင်းထန်ထန်တိုက်ခိုက်ကာ သူတို့၏အသက်များကို ယူဆောင်သွားမည်ကို သူတို့အားလုံး ကြောက်ရွံနေကြ၏။

"လျှို့ဝှက်ဆန်းကြယ်ချင်ယောင်ဆောင်နေတယ်...ဒါက ငါတို့ ရှောင်မိသားစုရဲ့ပိုင်နက်နယ်မြေ...သူက တစ်ယောက်တည်းလေ...နင်တို့က ဘာတွေကြောက်နေကြတာလဲ"

ရှောင်ချင်က စိတ်မရှည်သောလေသံဖြင့် အော်ဟစ်လိုက်သည်။

ရှောင်မိသားစုဝင်များ၏ဝေခွဲရခက်နေသော အကြည့်များအောက်တွင် ပြင်းထန်သောခြေလှမ်းသံများက စိတ်ဝိညာဥ်မီးနယ်မြေ၏နက်ရှိုင်းသောနေရာမှ ထွက်ပေါ်လာသည်။

ဘုန်း....ဘုန်း...ဘုန်း...

ဤသည်က ထောင်နှင့်ချီသောလူများ တပြိုင်နက်တည်း ပြေးလွှားလာကြသကဲ့သို့ပင်။

"ဘာလဲ....ဘာတွေဖြစ်နေတာလဲ"

ရှောင်မိသားစုဝင်တစ်ယောက်က တုန်ရီနေသောအသံဖြင့် ပြောဆိုသည်။

နောက်ထပ်အချိန်အခိုက်အတန့်အတွင်းမှာပင် အရိပ်တစ်ရိပ်ပျံသန်းလာပြီး လုယွီ၏နောက်သို့ ဆင်းသက်လာသည်။

ထို့နောက် အရိပ်နှစ်ရိပ်...သုံးရိပ်...

မရေမတွက်နိုင်သောအရိပ်များသည် ကျိုင်းကောင်များကဲ့သို့ စိတ်ဝိညာဥ်မီးနယ်မြေအတွင်းမှ ပျံသန်းလာကာ လုယွီနောက်သို့ ကျရောက်လာပေ၏။

အသက်ရှုချိန်အနည်းငယ်အတွင်းမှာပင် လုယွီ၏နောက်ကျော၌ ထူထပ်သိပ်သည်းသော လူတစ်စု၏ပုံရိပ်များနှင့် ပြည့်နှက်သွားသည်။

အားပျော့သောနေရောင်ခြည်က ထိုပုံရိပ်တစ်စုပေါ်သို့ ဖြာကျသွားချိန်တွင် သူတို့၏သွေးနီရောင်မျက်လုံးများက တောက်ပလာသည်။

ဤသည်က မြေအောက်နန်းတော်အတွင်းမှ ဖုတ်ကောင်များပင်။

Chapter 2167

လုယွီ၏နောက်၌ ထောင်နှင့်ချီသောဖုတ်ကောင်များ ရုတ်တရက်ထွက်ပေါ်လာကာ ရှောင်မိသားစုဝင်များကို နီရဲနေသောမျက်လုံးများဖြင့် စူးစိုက်၍ကြည့်နေကြ၏။

ထိုဖုတ်ကောင်များသည် မြေအောက်မှထွက်လာခဲ့သဖြင့် ဖုတ်ကောင်တစ်ကောင်ချင်းစီမှနေ၍ ထူထပ်သိပ်သည်းသောယင်ချီများကို ထုတ်လွှက်နေသည်။အကြောင်းအရင်းမှာ မြောက်မြားစွာသောဖုတ်ကောင်များ မြေအောက်၌ အချိန်ကြာမြင့်စွာ နေထိုင်ခဲ့ကြရာမှ ယင်ချီစွမ်းအားများစုဝေးလာခြင်းကြောင့်ပင်။ထိုဖုတ်ကောင်များ၏အရိုးများသည် ဆက်လက်၍ဆန့်ထွက်လာသဖြင့် သူတို့သည် သာမာန်ကျင့်ကြံသူများထက် များစွာပို၍အရပ်မြင့်မားသည်။

လုယွီ၏နောက်၌ ဆံဖြူဖုတ်ကောင်၁၆ကောင်ရှိနေသည်။ထိုဆံဖြူဖုတ်ကောင်များတွင် အပြာရောင်မျက်လုံးနှင့်အစိမ်းရောင်မျက်ဆံများရှိနေလေ၏။သူတို့သည် မြွေရေခွံဝတ်စုံ သို့မဟုတ် ရွှေရောင်သံချပ်ကာဝတ်စုံများကို ဝတ်ဆင်ထားကာ ရှောင်မိသားစုဝင်များကို ကြောက်မက်ဖွယ်မျက်လုံးများဖြင့် စူးစိုက်၍ကြည့်နေသည်။

"ဒါက ဘယ်ငရဲကတက်လာတဲ့ဟာတွေလဲ"

"ဒါတွေက စိတ်ဝိညာဥ်မီးနယ်မြေထဲက နတ်ဆိုးသတ္တဝါတွေမဟုတ်ဘူးလား...သူတို့က ဘာလို့ အပြင်ကိုထွက်လာကြတာလဲ"

ရှောင်မိသားစုဝင်များသည် ထိုဖုတ်ကောင်များကိုမြင်တွေ့ချိန်တွင် သူတို့၏ဦးရေပြားများ ထုံကျင်လာသကဲ့သို့ ခံစားလိုက်ရကာ တစ်ယောက်ပြီးတစ်ယောက် နောက်သို့ဆုတ်လိုက်ကြ၏။

ရှောင်ချင်၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီနေသည်။သူမသည် မြေအောက်နန်းတော်အတွင်းတွင် ထိုဖုတ်ကောင်များ၏လိုက်လံသတ်ဖြတ်မှုကြောင့် စိုးရိမ်ဖွယ်အခြေအနေသို့ ရောက်ရှိခဲ့ရသည့်အကြောင်းကို အမှတ်ရနေဆဲပင်။

ထိုဖုတ်ကောင်များ၏မာကျောသောခန္ဓာကိုယ်​များကြောင့် သူမတို့သည် မည်ကဲ့သို့မှော်နည်းစနစ်များကို အသုံးပြုခဲ့သည်ဖြစ်စေ အသုံးမဝင်ချေ။

ဆန့်ကျင်ဘက်အနေဖြင့် မိသားစုအတွင်းမှ ထူးချွန်သောလူငယ်များသည် တစ်ယောက်ပြီးတစ်ယောက် ထိုဖုတ်ကောင်များ၏ဝါးမျိုခြင်းကိုခံရကာ အလောင်းအပြည့်အစုံပင် ကျန်ရစ်ခြင်းမရှိပေ။

"မြန်မြန် သူတို့ကိုသတ်ကြစမ်း...ဒီနားကို မလာစေနဲ့"

ရှောင်ချင်၏မျက်နှာသည် ဖြူရော်နေပြီး သူမက နောက်သို့ဆုတ်ခွါကာ ထွက်ပြေးလိုက်၏။

အစောပိုင်းကပင် သူမသည် လုယွီကို မသတ်ဖြတ်ဝံ့သည့်အတွက် ရှောင်မိသားစုဝင်လူငယ်များကို ဆူပူကြိမ်းမောင်းနေကြသည်။

သို့ရာတွင် ယခုလက်ရှိချိန်၌ ဖုတ်ကောင်အုပ်စုနှင့်ရင်ဆိုင်ရချိန်တွင် သူမသည် တခြားသူများထက် အရင်ဦးအောင် ထွက်ပြေးခဲ့သည်။

မည်သို့ပင်ဆိုစေကာမူ ဖုတ်ကောင်များ၏ကြောက်မက်ဖွယ်ကောင်းပုံကိုမသိကြသော ရှောင်မိသားစုဝင်လူငယ်များသည် နေရာမှာပင် မတ်တတ်ရပ်နေကြသည်။သူတို့၏စိတ်နှလုံးသားများအတွင်းတွင်လည်း ထိတ်လန့်ကြောက်ရွံမှုများရှိမနေချေ။

"ဒီကောင်လေးက နတ်ဆိုးသတ္တဝါတွေကို ဘယ်လိုဆင့်ခေါ်ရမလဲဆိုတာ သိနေပုံပဲ...ဒါက အရမ်းကြောက်ဖို့ကောင်းတယ်"

"သူက အကန့်အသတ်အ​ခြေအနေကို ရောက်နေပြီ....ဘယ်လောက်စွမ်းအားကောင်းတဲ့ နတ်ဆိုးသတ္တဝါတွေကို သူ ဆင့်ခေါ်နိုင်မှာမလို့လဲ...တူတူသွားပြီး အဲ့ဒီကောင်စုတ်လေးကို သတ်ကြရအောင်"

ဖုတ်ကောင်အုပ်စုနှင့်ရင်ဆိုင်ရသည့်တိုင် ရှောင်မိသားစုဝင်လူငယ်များသည် ထိတ်လန့်ကြောက်ရွံခြင်းမရှိချေ။သူတို့က မှော်လက်နက်များကိုကိုင်မြှောက်ကာ ဖုတ်ကောင်များထံသို့ အပြေးသွား၍တိုက်ခိုက်ကြ၏။

သူတို့သည် လုယွီကို သတ်ဖြတ်နိုင်ပါက အလွန်ကြီးမားသောဆုလာဘ်ကိုရရှိမည်ဖြစ်ရာ သူတို့သည် ထိတ်လန့်ကြောက်ရွံရန်ကိုပင် မေ့လျော့နေသည်။

ဤရှောင်မိသားစုဝင်လူငယ်တစ်စုသည် အမြဲတစေသက်တောင့်သက်သာရှိသော ဘဝမျိုးနှင့် နေထိုင်ရပြီး ကျင့်ကြံခြင်းအရင်းအမြစ်များကိုလည်း အလွန်ပေါကြွယ်ဝစွာ အသုံးပြုနိုင်ကြသည်။သူတို့သည် ရန်သူများနှင့် အလွန်ရှားပါးစွာ တွေ့ကြုံရခြင်းဖြစ်သဖြင့် သူတို့၏မောက်မာဝံ့ကြွားမှုများကို ဖိနှိပ်ထားနိုင်စွမ်းမရှိချေ။

"ရှေ့တက်ပြီး လမ်းဖွင့်ကြစမ်း"

လုယွီက တိုးညှင်းသောအသံဖြင့်ပြောဆိုသည်။

လုယွီ၏အမိန့်ကိုကြားသည်နှင့် သူ၏နောက်၌ မတ်တတ်ရပ်နေသော ဖုတ်ကောင်များအားလုံးသည် ကျယ်လောင်စွာအော်ဟစ်ကြုံးဝါး၍ သူတို့ရှေ့ရှိ ရှောင်မိသားစုဝင်လူငယ်များထံသို့ တရကြမ်းပြေးဝင်သွားကြ၏။

ဘုန်း...ဘုန်း...ဘုန်း...

ရှောင်မိသားစုဝင်ကျင့်ကြံသူများ၏အရေအတွက်သည် အလွန်များပြားသော်လည်း တကွဲတပြားစီဖြစ်နေသည်။ရှေ့ဆုံးမှပြေးဝင်သွားသော ရှောင်မိသားစုဝင်လူငယ်များသည် ဖုတ်ကောင်များနှင့် ရင်ဆိုင်တွေ့မိကြတော့သည်။

ရှောင်မိသားစုဝင်လူငယ်တချို့သည် သူတို့၏မှော်လက်နက်များကို အောက်သို့ရိုက်နှက်နိုင်ခြင်းမရှိသေးမီမှာပင် သူတို့၏လက်ကောက်ဝတ်များကို ဖုတ်ကောင်များ၏ဖမ်းဆုပ်ခြင်း ခံလိုက်ရသည်။ထို့နောက်မှနေ၍ ဖုတ်ကောင်များ၏ဆုတ်ဖြဲမှုကြောင့် ရှောင်မိသားစုဝင်လူငယ်များ၏ခန္ဓာကိုယ်များ အပိုင်းပိုင်းအစစဖြစ်သွားကာ စူးရှနာကျင်စွာအော်ဟစ်လိုက်သောအသံများ ထွက်ပေါ်လာပေ၏။

ဖုတ်ကောင်များနှင့် ပထမဆုံးအကြိမ်ရင်ဆိုင်မိကြသော ရှောင်မိသားစုဝင်လူငယ်များသည် ဆိုးရွားသောအဆုံးသတ်နှင့် ရင်ဆိုင်ကြရသည်။ရှေ့သို့မဆင်မခြင်တိုးဝင်သွားသော ရှောင်မိသားစုဝင်လူငယ်တချို့သည် ဖုတ်ကောင်အုပ်စုကြားသို့ ကျရောက်သွားကာ ရုတ်ချည်းဆိုသလိုပင် ခြေပြတ်လက်ပြတ်များသာ ကျန်ရှိခဲ့သည်။

ဖုတ်ကောင်များသည် လတ်ဆတ်သောသွေးရနံ့ကို ရရှိသွားသဖြင့် ပို၍စိတ်လှုပ်ရှားသွားကြကာ ပတ်ဝန်းကျင်ရှိ ရှောင်မိသားစုဝင်များကို ပြင်းပြင်းထန်ထန် တိုက်ခိုက်လိုက်၏။

"အား...ငါ့ရဲ့လက် ပြတ်သွားပြီ"

"သူတို့ရဲ့ခန္ဓာကိုယ်တွေက ဘာလို့ဒီလောက်ထိ မာကျောနေတာလဲ...ငါက မှော်လက်နက်ကိုအသုံးပြုတာတောင် သူတို့ရဲ့ခန္ဓာကိုယ်ကို မထိုးဖောက်နိုင်ဘူး"

"ကယ်ပါ....ကယ်ကြပါအုံး"

ရှောင်မိသားစုဝင်လူငယ်များထံမှနေ၍ စူးရှနာကျင်စွာအော်ဟစ်သံများ တစ်သံပြီးတစ်သံ ထွက်ပေါ်လာသည်။အစောပိုင်းက ယုံကြည်ချက်အပြည့်ရှိနေသော ရှောင်မိသားစုဝင်လူငယ်များသည် ဖုတ်ကောင်အုပ်စုနှင့် ရင်ဆိုင်တိုက်ခိုက်ရချိန်တွင် ချက်ချင်းဆိုသလိုပင် ရှုံးနိမ့်သွားကြ၏။

မြောက်မြားစွာသောဖုတ်ကောင်များသည် သိုးအုပ်အတွင်းသို့ဝင်သွားသော ဝံပုလွေများနှင့် တူညီနေသည်။သူတို့သည် ရှောင်မိသားစုဝင်များ၏ ပိတ်ဆို့ဟန့်တားထားမှုကို ချက်ချင်းပင် ချိုးဖဲ့ဖျက်ဆီးလိုက်ကြသည်။

Chapter 2168

မြောက်မြားစွာသောဖုတ်ကောင်များသည် ရှောင်အိမ်တော်တံခါးမကြီးထံသို့ အပြေးသွား၍ လုယွီအတွက် လမ်းကြောင်းဖွင့်ပေးနေကြ၏။

ဤကဲ့သို့ တုန်လှုပ်ချောက်ချားဖွယ်စွမ်းအားများအောက်တွင် ပတ်ဝန်းကျင်ရှိရှောင်မိသားစုဝင်များအားလုံးသည် ရှောင်ချွမ်၏ကတိစကားကို လိုချင်တပ်မက်ကြသည့်တိုင် မည်သူတစ်ဦးတစ်ယောက်မျှ ရှေ့သို့တိုးဝံ့ခြင်းမရှိတော့ချေ။

ဖုတ်ကောင်အုပ်စု၏ကာကွယ်ပေးမှုအောက်တွင် လုယွီသည် ရှောင်အိမ်တော်တံခါးမကြီးထံသို့ လျှောက်လှမ်း၍သွားလိုက်သည်။

"တော်သင့်ပြီ ခွေးမသားလေး"

နောက်ဆုံး၌ ရှောင်မိသားစုမှအစွမ်းထက်ကျင့်ကြံသူများသည် သည်းမခံနိုင်ကြတော့ချေ။

ရွှယ်အင်မော်တယ်ကျင့်ကြံသူတချို့သည် တိုက်ပွဲအတွင်းသို့ဝင်၍ တိုက်ခိုက်လိုက်ကြ၏။ဤအချိန်အခိုက်အတန့်တွင် ပြင်းထန်သောမှော်စွမ်းအားလှိုင်းများသည် အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားကာ ဖုတ်ကောင်များ ​ရိုက်ခတ်ခံရပြီး မြေပြင်ပေါ်သို့ ပြင်းပြင်းထန်ထန်လဲကျသွားသည်။

ထိုဖုတ်ကောင်များ၏ခွန်အားသည် မဆိုးလှသော်လည်း ထိုအရာသည် သူတို့၏ရုပ်ခန္ဓာကိုယ်များ ဖျက်ဆီး၍မရနိုင်အောင် မာကျောနေခြင်းကြောင့်ပင်။ရွှယ်အင်မော်တယ်ကျင့်ကြံသူများနှင့် ရင်ဆိုင်တိုက်ခိုက်ရချိန်တွင် ထိုဖုတ်ကောင်များ အရေးနိမ့်နေပုံရသည်။

ဘုန်း...ဘုန်း...ဘုန်း...

ရွှယ်အင်မော်တယ်များ၏မှော်စွမ်းအားလှိုင်းများ မိုးပေါက်များကဲ့သို့ အဆက်မပြတ် ကျဆင်းလာခြင်းနှင့်အတူ ဖုတ်ကောင်များ၏အရေအတွက် အလွန်လျှင်မြန်စွာ လျော့ပါးလာသည်။မြောက်မြားစွာသော ဖုတ်ကောင်များသည် မြေပြင်ပေါ်သို့ လဲကျသွားကာ သွေးမြူများအဖြစ်သို့ ပြောင်းလဲသွားပေ၏။

သို့ရာတွင် ဖုတ်ကောင်များ၏အရေအတွက်မှာ အမြောက်အများရှိနေဆဲပင်။ရွှယ်အင်မော်တယ်အစွမ်းထက်ကျင့်ကြံသူများ ပြင်းပြင်းထန်ထန် တိုက်ခိုက်နေသည့်တိုင် လုယွီ၏ထွက်ခွါနေမှုကို ဟန့်တားနိုင်ခြင်းမရှိချေ။

အထူးသဖြင့် လုယွီ၏နံဘေး၌ရှိနေသော ဆံဖြူဖုတ်ကောင်ဆယ့်ခြောက်ကောင်ပင်။ထိုဆံဖြူဖုတ်ကောင်တစ်ကောင်ချင်းစီ၏ခွန်အားသည် ‌မြေကမ္ဘာအင်မော်တယ်အထွတ်အထိပ်အဆင့်ကျင့်ကြံသူနှင့် ညီမျှသည်။သူတို့၏ခွန်အားပြည့်တိုက်ခိုက်မှုအောက်တွင် ရွှယ်အင်မော်တယ်ကျင့်ကြံသူများသည် သူတို့အား အချိန်တိုအတွင်း၌ ဖိနှိပ်နိုင်ခြင်းမရှိချေ။

"ကောင်လေး...ဒီနတ်ဆိုးသတ္တဝါတွေရှိနေတာနဲ့ မင်း ငါတို့ရှောင်အိမ်တော်ကနေ လုံလုံခြုံခြုံ ထွက်သွားနိုင်ပြီလို့ မင်း ထင်နေတာလား"

ထိုအချိန်မှာပင် အေးစက်စက်အသံတစ်သံက မိုးကောင်းကင်ယံကိုဖြတ်သန်း၍ ပဲ့တင်ထပ်ပျံ့နှံ့သွားသည်။

ထို့နောက် ကြေးနီလှံတစ်ချောင်းသည် မိုးကုပ်စက်ဝိုင်းကိုဖြတ်သန်း၍ လေဟာနယ်ကိုထွင်းဖောက်ကာ ဖုတ်ကောင်အုပ်စုအတွင်းသို့ ကျရောက်လာပေ၏။

ထိုလှံရှည်မှသယ်ဆောင်လာသော သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ၏ ရိုက်ခတ်ခံရမှုကြောင့် ဆံဖြူဖုတ်ကောင်ခြောက်ကောင် လေထုအတွင်းသို့ မြောက်တက်သွားကာ သူတို့၏ခန္ဓာကိုယ်များ နှစ်ခြမ်းကွဲထွက်သွားသည်။

ရှောင်ချွမ်သည် လှံရှည်ကိုသူ၏လက်တစ်ဖက်မှ ကိုင်ဆောင်ကာ မြေပြင်ပေါ်သို့ ပြင်းပြင်းထန်ထန် ခြေဆောင့်နင်းလိုက်၏။ထို့နောက် အစွမ်းထက်သော အားလှိုင်းတစ်ရပ်က အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားသည်။ထိုအားလှိုင်း၏သက်ရောက်ခြင်းခံရသော ဖုတ်ကောင်များအားလုံးသည် မည်မျှပင်အစွမ်းထက်နေပါစေ သူတို့အားလုံး ​အမှုန်အမွှားအဖြစ်သို့ ပြောင်းလဲသွားရသည်။

ဝေါင်း...

တခြားဆံဖြူဖုတ်ကောင်ဆယ်ကောင်သည် ကျယ်လောင်စွာဟိန်းဟောက်ကာ မည်သည့်တုံ့ဆိုင်းခြင်းမျှမရှိဘဲ ရှောင်ချွမ်ထံသို့ တဟုန်ထိုးပြေးဝင်၍ တိုက်ခိုက်ကြ၏။

ထိုဆံဖြူဖုတ်ကောင်ဆယ်ကောင်၏နောက်သို့ ရာနှင့်ချီသောဖုတ်ကောင်များ အပြေးလိုက်ပါသွားကြရာ ကြောက်မက်ဖွယ်ကောင်းသော ယင်ချီစွမ်းအင်လှိုင်းများက အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားသည်။ဤအချိန်အခိုက်အတန့်တွင် အဝေးမှလူများသည် ရှောင်ချွမ်၏ပုံရိပ်ကိုပင် ရှင်းရှင်းလင်းလင်း မမြင်တွေ့နိုင်တော့ချေ။

ထိုဖုတ်ကောင်များ စုစည်းမိရာမှ ထွက်ပေါ်လာသောခွန်အားကို လျော့တွက်၍မရချေ။

သို့ရာတွင် ရှောင်ချွမ်က အေးစက်စက်နှာတစ်ချက်မှုတ်ကာ ခပ်ဖျော့ဖျော့အပြုံးနှင့် ပြောဆိုလိုက်၏။

"ပုရွက်ဆိတ်တစ်သိုက်ကများ...သေလမ်းရှာနေကြတာလား"

ဘုန်း...

ရုတ်ချည်းဆိုသလိုပင် ကောင်းကင်ယံတခွင်လုံးအနှံ့ ထက်ရှသောလှံရှည်လေပွေလှိုင်းကြီးဖြင့် ပြည့်နှက်သွားသည်။

ထိုလှံရှည်လေပွေလှိုင်းကြီးသည် အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားကာ မျက်စိဖြင့်မြင်နိုင်သမျှ နေရာအနှံ့အပြားကို လွှမ်းခြုံသွားလေ၏။

ဆံဖြူဖုတ်ကောင်များ၏ခန္ဓာကိုယ်သည် အလွန်မာကြောသည်။သို့ရာတွင် ထိုလှံရှည်လေပွေလှိုင်းနှင့်ဆံဖြူဖုတ်ကောင်များ ထိတွေ့မိချိန်တွင် ချက်ချင်းဆိုသလိုပင် သတ္ထုနှင့်ကျောက်တုံး ထိခတ်မိသကဲ့သို့ စူးရှကျယ်လောင်သောအသံကြီး ထွက်ပေါ်လာသည်။

ဘုန်း....ဘုန်း...ဘုန်း...

ကျယ်လောင်သောဆူညံသံများ အဆက်မပြတ်မြည်ဟီးလာခြင်းနှင့်အတူ ထိုဆံဖြူဖုတ်ကောင်ဆယ်ကောင်၏ခေါင်းအစခြေအဆုံးကို လှံရှည်လေပွေလှိုင်းများ ထွင်းဖောက်သွားကာ သူတို့အားလုံး အစွမ်းအစမဲ့စွာဖြင့် မြေပြင်ပေါ်သို့ ပြိုလဲကျသွားတော့သည်။

"နယ်မြေသခင်တစ်ယောက်ရဲ့စွမ်းအားက မင်းတို့စိန်ခေါ်နိုင်မယ့်အရာမျိုးမဟုတ်ဘူး"

ရှောင်ချွမ်က သူ၏နှုတ်ခမ်းကိုတွန့်ကွေးကာ အထင်အမြင်သေးသောလေသံဖြင့် ပြောဆိုလိုက်၏။ထို့နောက် သူ၏လက်ချောင်းများကို အနည်းငယ်ကွေးလိုက်ရာ သူ၏လက်ဝါးအတွင်း၌ တွန့်လိမ်ပုံပျက်နေသောလေဟာနယ်စွမ်းအားလှိုင်းတချို့ သိပ်သည်းသွားသည်။

ဆံဖြူဖုတ်ကောင်ဆယ်ကောင် မတ်တတ်ထမရပ်နိုင်သေးမီမှာပင် ထိုလေဟာနယ်စွမ်းအားလှိုင်းများက သူတို့ကို လွှမ်းခြုံသွားသည်။သူတို့၏ခန္ဓာကိုယ်မှသွေးများယိုစီးကျလာကာ သူတို့၏ကြွက်သားများနှင့် အရိုးအရွတ်များ ကြေမွပျက်စီးသွားလေ၏။

ဘုန်း....

နောက်ထပ်ကျယ်လောင်သောအသံတစ်သံ မြည်ဟီးလာခြင်းနှင့်အတူ ထိုဖုတ်ကောင်များအားလုံး အမှုန်အမွှားဘဝသို့ ပြောင်းလဲသွားသည်။

ဤသည်က နယ်မြေသခင်တစ်ယောက်၏စွမ်းအားပင်။

ရှောင်ချွမ် တိုက်ခိုက်လိုက်သည်နှင့် ဖုတ်ကောင်များအားလုံး သုတ်သင်ရှင်းလင်းခြင်းခံရကာ တစ်ကောင်တစ်လေပင် မကျန်ရှိတော့ချေ။

"ခွေးမသားလေး ..မင်းက ငါ့ကိုအံ့အားသင့်သွားအောင် လုပ်နိုင်ခဲ့တာပဲ...ဘာနောက်ခံအင်အားမှမရှိတဲ့ မင်းလိုကောင်ဆီမှာ ဘာလို့ ဝှက်ဖဲတွေအများကြီးရှိနေတာလဲ...ကြည့်ရတာတော့ မင်းက ကံကြမ္မာကောင်းတချို့ကို ရရှိထားပုံပဲ"

"အဲ့ဒီမှော်ရတနာတွေက မင်းလိုကောင်ရဲ့လက်ထဲမှာရှိနေတာ စိတ်ပျက်စရာပဲ...အဲ့ဒါတွေကို ငါတို့ရှောင်မိသားစုဆီပေးစမ်း"

Chapter 2169

ရှောင်မိသားစုအား အဆက်မပြတ်တိုက်ခိုက်နေသော လုယွီ၏နည်းလမ်းများကြောင့် ရှောင်ချွမ်ပင်လျှင် ထိတ်လန့်တုန်လှုပ်နေသည်။

မူလက ရှောင်ချွမ်သည် လုယွီကဲ့သို့ လောကီအင်မော်တယ်တစ်ယောက်ကို အလွန်အထင်အမြင်သေးပေ၏။သို့ရာတွင် ယခုလက်ရှိချိန်၌ သူ၏စိတ်အတွင်းရှိ ထိုအတွေးများကို ဖယ်ထုတ်လိုက်လေပြီ။

လောကီအင်မော်တယ်တစ်ယောက်၏ကျင့်ကြံဆင့်အခြေခံ မည်မျှထိနက်ရှိုင်းသိမ်မွေ့နေပါစေ ယခုကဲ့သို့အဆင့်မျိုးသို့ ရောက်ရှိရန်မှာ မလွယ်ကူချေ။

ထို့ပြင် မိသားစုဘိုးဘေးသည် ကိုယ်ပွါးအဖြစ်နှင့်သာ ရောက်ရှိလာသည့်တိုင် ကြီးမားသောစွမ်းအားမျိုးရှိနေဆဲပင်။

သို့ရာတွင် လုယွီသည် မိသားစုဘိုးဘေး၏ကိုယ်ပွါးကို သတ်ဖြတ်ခဲ့ပေ၏။

ထို့ပြင် အစောပိုင်းက လုယွီ၏တိုက်ခိုက်မှုတွင် ကောင်းကင်နှင့်မြေပြင်ကိုပင် ဖျက်ဆီးနိုင်သည့်စွမ်းအားမျိုးပါဝင်နေကြောင်း ရှောင်ချွမ်က ခံစားမိသည်။

အကယ်၍ လုယွီသည် မိသားစုဘိုးဘေးကိုမဟုတ်ဘဲ သူ့အားပစ်မှတ်ထား၍ တိုက်ခိုက်ပါက သူ ရှောင်ချွမ်သည် ယခုချိန်ထိ အသက်ရှင်သန်နေမည်မဟုတ်ချေ။

ထိုအကြောင်းကိုတွေးတောမိချိန်တွင် ရှောင်ချွမ်သည် သူ၏ကျောရိုးတလျှောက်ချမ်းစိမ့်လာမှုကို ခံစားမိသည်။

အကယ်၍ ယခင်ကသာ တစ်စုံတစ်ယောက်မှနေ၍ လောကီအင်မော်တယ်တစ်ယောက်တွင် ဤကဲ့သို့စွမ်းအားမျိုးရှိသည်ဟု သူ့အား ပြောဆိုလာပါက ရှောင်ချွမ်သည် ထိုလူအား ဆူပူကြိမ်းမောင်းမိပေမည်။

သို့ရာတွင် ယခုလက်ရှိချိန်တွင် လုယွီထံ၌ ထိုကဲ့သို့အရည်အချင်းမျိုးရှိသည်ကို သူ ယုံကြည်လက်ခံပေ၏။

"အဲ့ဒီကောင်လေးရဲ့ခန္ဓာကိုယ်ထဲမှာ လျှို့ဝှက်ချက်ကြီးတစ်ခုရှိနေလောက်တယ်...ခုဏက သူတိုက်ခိုက်လိုက်တဲ့ နည်းစနစ်က သာမာန်လောကီအင်မော်တယ်တွေ ဖမ်းဆုပ်နိုင်မယ့်အရာမျိုးမဟုတ်ဘူး...သူ အရင်တုန်းက ကြီးမားတဲ့ကံကြမ္မာကောင်းတချို့ရထားတာ သေချာတယ်"

ထိုအကြောင်းကို တွေးတောမိချိန်တွင် ရှောင်ချွမ်၏မျက်လုံးများ တောက်ပသွားသည်။

ကျင့်ကြံသူများအတွက် ကံကြမ္မာကောင်းနှင့်ရင်ဆိုင်ကြုံတွေ့ရရန်မှာ အလွန်အဖိုးတန်ရှားပါးလှ၏။

တချို့လူများသည် ကံကြမ္မာကောင်းများရရှိပြီးနောက် အလွန်အဆင့်မြင့်မားသွားကာ လူအများကြားမှ နဂါးနှင့်ဖီးနစ်များဖြစ်လာသည်။

တချို့လူများသည် ထိုကံကြမ္မာကောင်းကြောင့် တခြားလူများ၏ သတ်ဖြတ်ခြင်းကိုခံရပြီး မြှုပ်နှံစရာပင် မြေမရှိခဲ့ချေ။

သာမာန်ကံကြမ္မာကောင်းများသည် ရှောင်ချွမ်ကဲ့သို့ နယ်မြေသခင်အဆင့် အစွမ်းထက်ကျင့်ကြံသူတစ်ယောက်အတွက် အရေးမပါပေ။သို့ရာတွင် လုယွီ အစောပိုင်းက ထုတ်ဖော်ပြသလိုက်သောခွန်အားသည် သူ၏စိတ်ကို မွန်းကျပ်သွားစေ၏။

ရှောင်ချင်၏မျက်လုံးများက တောက်ပနေသည်။

"အဖေ...ကျွန်မတို့က သူ့ရဲ့ကျင့်ကြံဆင့်ကိုဖျက်ဆီးပြီး မိသားစုရဲ့ညှင်းပန်းနှိပ်စက်မှုနည်းလမ်းတွေနဲ့ သူ့ကို စစ်မေးကြရအောင်....ကျွန်မတို့က သူ့ဆီမှာရှိတဲ့ မှော်နည်းစနစ်တွေအားလုံးကို ဖိအားပေးပြီး ရယူနိုင်မှာ သေချာတယ်"

"ဒါက ဖြစ်သင့်တဲ့ကိစ္စပဲလေ...သူက ငါတို့ရှောင်မိသားစုက လူတွေအများကြီးကိုသတ်ခဲ့မှတော့ ငါတို့က သူ့ကို သင်ခန်းစာကောင်းကောင်းပေးရမယ်"

ရှောင်ချွမ်က ခြေတစ်လှမ်းရှေ့တက်၍ မြေပြင်ပေါ်သို့ ပြင်းပြင်းထန်ထန် ခြေဆောင့်နင်းလိုက်သည်။ရုတ်ချည်းဆိုသလိုပင် ပြင်းထန်သောဖိအားအရှိန်အဝါတစ်ရပ်က လုယွီ၏ခန္ဓာကိုယ်ပေါ်သို့ မီးတောင်ပေါက်ကွဲသည့်အလား သက်ရောက်လာသည်။

ခရက်...ခရက်...ခရက်...

ရုတ်ချည်းဆိုသလိုပင် လုယွီ၏အရိုးများမှ အက်ကွဲသံများ ထပ်မံ၍ထွက်ပေါ်လာသည်။

လုယွီသည် ဆီခမ်းနေသောမီးအိမ်အဖြစ်သို့ ရောက်ရှိနေလေပြီ။ယခုလက်ရှိချိန်တွင် သူသည် တုန်လှုပ်ချောက်ချားဖွယ်ဖိအားအရှိန်အဝါကို ထပ်မံ၍ခံယူရသဖြင့် သူ တောင့်မခံနိုင်တော့ဘဲ သူ၏ပါးစပ်မှ သွေးတစ်လုတ်အန်ထွက်လာသည်။

သို့ရာတွင် ထိုသို့ဆိုသည့်တိုင် လုယွီသည် မြေပြင်ပေါ်၌ မားမားမတ်မတ်ရပ်တည်နေဆဲဖြစ်ကာ စူးရဲသောမျက်လုံးတစ်စုံဖြင့် ရှောင်ချွမ်ကို စူးစိုက်၍ကြည့်နေလေ၏။

"ရှောင်ချွမ်...ကျုပ်မှာ ဘာဝှက်ဖဲမှမရှိတော့ဘူးလို့ ခင်ဗျား တကယ်ထင်နေတာလား...ခင်ဗျားက သေလမ်းရှာနေတာပဲ"

လုယွီ၏မျက်နှာပေါ်၌ ရူးသွပ်မိုက်မဲသောအပြုံးတစ်ခု ထင်ဟပ်လာသည်။

ဤသည်က အစစ်အမှန် သေရေးရှင်ရေးအခြေအနေတစ်ခုပင်။

သို့ရာတွင် လုယွီထံ၌ ဝှက်ဖဲတစ်ခုရှိနေဆဲဖြစ်သည်။

အစောပိုင်းက သူသည် တစ္ဆေဧကရာဇ်၏စိတ်ဝိညာဥ်ကိုလောင်ကျွမ်းစေ၍ အသက်သုံးရှိုက်စာအထွတ်အထိပ်အခြေအနေမျိုး ရရှိခဲ့သည်။

ယခုချိန်တွင် အကယ်၍ ရှောင်ချွမ်သည် သူ့အား အန္တရာယ်အတွင်းသို့ အတင်းအကြပ်ဖိအားပေး၍ တွန်းပို့နေပါက အလားတူပင် သူ၏ကိုယ်ပိုင်စိတ်ဝိညာဥ်ကို လောင်ကျွမ်းစေကာ ရှောင်ချွမ်နှင့် သေသည်အထိ တိုက်ခိုက်ရပေမည်။

လုယွီ၏ခန္ဓာကိုယ်အတွင်း၌ တာအိုသခင်တစ်ယောက်၏စိတ်ဝိညာဥ် ပုန်းကွယ်နေကြောင်း မည်သူကမျှ သိရှိမည်မဟုတ်ချေ။

တာအိုသခင်တစ်ယောက်၏စိတ်ဝိညာဥ်ကိုသာ အပြည့်အဝ လောင်ကျွမ်းစေပါက ထွက်ပေါ်လာသော စွမ်းအားသည် ရှောင်ချွမ်အား အမြစ်ပြတ်သုတ်သင်နိုင်စွမ်းရှိသည်မှာ တိကျသေချာလှ၏။

လုယွီ၏မျက်နှာပေါ်မှ အပြုံးကိုကြည့်ပြီး ရှောင်ချွမ်က မကြုံစဖူးအန္တရာယ်အငွေ့အသက်ကို ခံစားလိုက်ရသည်။

"ဒီကောင်လေးမှာ နောက်ထပ်ဝှက်ဖဲတစ်ခု ရှိနေသေးတာလား"

ရှောင်ချွမ်က အနည်းငယ် သံသယဖြစ်နေသည်။

သို့ရာတွင် မည်သို့ပင်ဆိုစေကာမူ ရှောင်ချွမ်သည် အတွေ့အကြုံကြွယ်ဝသူတစ်ယောက် ဖြစ်ပေ၏။ယခုလက်ရှိချိန်တွင် လုယွီကိုကြည့်ရသည်မှာ သူ့ထံ၌ မည်သည့်မှော်စွမ်းအားမျှကျန်ရှိပုံ မရတော့ချေ။လုယွီသည် မီးစာကုန်ဆီခန်းနေသော မီးအိမ်တစ်လုံးနှင့်တူညီနေကာ သူ၏အကန့်အသတ်အခြေအနေသို့ ရောက်ရှိနေလေပြီ။

"လျှို့ဝှက်ဆန်းကြယ်ချင်ယောင်ဆောင်နေတယ်...ငါ မင်းကို သတ်မယ့်အချိန်ကိုစောင့်နေစမ်း"

ရှောင်ချွမ်က အေးစက်စက်နှာတစ်ချက် မှုတ်လိုက်သည်။သူက လှံရှည်ကိုကိုင်မြှောက်ကာ လုယွီအားထိုးစိုက်ရန် ဟန်ပြင်လိုက်၏။

သို့ရာတွင် သူ၏လှံရှည် လုယွီ၏အနီးသို့ချဥ်းကပ်သွားသောအချိန်မှာပင် ရုတ်တရက် ရပ်တန့်သွားသည်။

Chapter 2170

ဤအချိန်အခိုက်အတန့်တွင်...

ရှောင်ချွမ်ဖြစ်စေ...လုယွီဖြစ်စေ...သို့မဟုတ် လက်ရှိနေရာတွင်ရှိနေသော ရှောင်မိသားစုဝင်များဖြစ်စေ...

လူတိုင်းသည် နေရာမှာပင် တောင့်တင်းနေပြီး မလှုပ်ရှားနိုင်ကြတော့ချေ။

ယာယီပိတ်ဆို့ထားသော ရှောင်မိသားစု၏ကူးပြောင်းရေးဝင်္ကပါပေါ်၌ ရုတ်တရက် အဖြူရောင်အလင်းတန်းများထွက်ပေါ်လာကာ ကောင်းကင်ယံတိုင် မြင့်တက်သွားသည်။

အလင်းတန်းများ တဖြည်းဖြည်းလှုပ်ခတ်လာမှုနှင့်အတူ ပုံရိပ်တစ်ရိပ်က ကူးပြောင်းရေးဝင်္ကပါပေါ်၌ ထွက်ပေါ်လာသည်။

လူတိုင်းက နေရာမှာပင် တောင့်တင်းနေကာ မည်သည့်အရာအား သူတို့ မြင်တွေ့နေရသည်ကို တွေးတောနေကြ၏။

ကူးပြောင်းရေးဝင်္ကပါမှ ပုံရိပ်တစ်ရိပ်ထွက်ပေါ်လာသည်ကို သူတို့အားလုံး တွေ့မြင်မိကြသည်။

ဤှသည်က ခွေးတစ်ကောင်ပင်။

ထို့ပြင် အမွှေးဝါများရှိနေသော သာမာန်ခွေးဝါကြီးတစ်ကောင်ဖြစ်နေသည်။

ခွေးဝါကြီးသည် အေးအေးလူလူလျှောက်လှမ်းလာသော်လည်း မည်သူကမျှ သူ့အားဟန့်တားနိုင်ခြင်းမရှိချေ။

လူတိုင်းသည် နေရာမှာပင် လျှို့ဝှက်ဆန်းကြယ်သောအားလှိုင်းတစ်ရပ်၏ချိပ်ပိတ်ခံထားရပုံရှိပြီး တစိုးတစိမျှပင် လှုပ်ရှားနိုင်ခြင်းမရှိချေ။သူတို့၏အနီးမှ ထိုခွေးဝါကြီး ဖြတ်သန်းသွားသည်ကို စောင့်ကြည့်နေရုံသာ သူတို့အားလုံးတက်နိုင်သည်။

ဤခွေးဝါကြီး မည်သည့်နေရာမှ ရောက်ရှိလာသနည်း....

ရှောင်မိသားစုဝင်များ၏စိတ်နှလုံးသားများအတွင်း၌ ဇဝေဇဝါဖြစ်နေသော်လည်း လုယွီကမူ ထိုခွေးဝါကြီးကို သိရှိပေ၏။

ဤသည်က သူ ဝမ်ရှန့်သူတော်စင်ထံသွားရောက်၍ ဂါရဝပြုနှုတ်ဆက်ချိန်တွင် တံခါးပေါက်အနီး၌ ပျင်းရိငြီးငွေ့စွာလဲလျောင်းနေသော ခွေးဝါကြီးဖြစ်သည်။

လူသားကျင့်ကြံသည်တစ်ယောက်သည် မဟာတာအိုကို ပြီးမြောက်အောင်မြင်သွားချိန်တွင် သူတို့၏ကြက်များ ခွေးများနှင့် အိမ်မွေးတိရစ္ဆာန်များ ကောင်းကင်ဘုံနယ်မြေသို့ တက်လှမ်းနိုင်သည်။ခွေးဝါကြီးသည် ဝမ်ရှန့်သူတော်စင်နောက်သို့ လိုက်ပါသွားမည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။ဝမ်ရှန့်သူတော်စင်၏အရှိန်အဝါလွှမ်းမိုးမှုအောက်တွင် ထိုခွေးဝါကြီးသည် ယခင်ကဲ့သို့ အိမ်မွေးတိရစ္ဆာန်မျိုးမဟုတ်တော့ဘဲ သာမာန်ကျောင်းတော်သားတစ်ယောက်နှင့် ကွဲပြားခြားနားခြင်းမရှိတော့ချေ။

ဝမ်ရှန့်သူတော်စင်ယီဟန်၏တပည့်များအနက် ခွေးဝါကြီးသည် အကြီးဆုံးစီနီယာအကိုဖြစ်ပေ၏။နန်းတွင်း၏မဟာအတွင်းဝန်တစ်ယောက်ဖြစ်သော ဖူကျစ်ရွှယ်ပင်လျှင် ထို ခွေးဝါကြီးကို အရိုအသေပြုနေရဆဲပင်။

ခွေးဝါကြီးက လုယွီထံသို့ ဖြည်းညှင်းစွာလျှောက်လှမ်းလာသည်။လုယွီ၏နံဘေးပတ်ဝန်းကျင်ရှိ သူ့အားပိတ်လှောင်ထားသော လေဟာနယ်ဥပဒေသများအားလုံး ချက်ချင်းဆိုသလိုပင် ပျက်ပြယ်သွားလေ၏။

လူတိုင်း တောင့်တင်းနေရာမှ ပြန်လည်လှုပ်ရှားနိုင်လာခဲ့သည်။

ရှောင်ချွမ်၏လှံရှည်သည်လည်း လုယွီထံသို့ ဆက်လက်၍ ကျရောက်လာသည်။ခွေးဝါကြီးက ထိုလှံရှည်ကိုတစ်ချက်ကြည့်၍ လေသံပြတ်ပြတ်ဖြင့် ပြောဆိုလိုက်၏။

"ဖယ်ရှားစမ်း"

သူ၏အသံသည် မိုးခြိမ်းသံတမျှ ကျယ်လောင်လှသည်။

ဘုန်း....

ကျယ်လောင်သောမြည်ဟီးသံနှင့်အတူ ရှောင်ချွမ်၏လှံရှည်သည် သူ၏လက်အတွင်းမှလွတ်ထွက်သွားကာ အဝေးတစ်နေရာရှိမြေပြင်သို့ ထိုးစိုက်မိသွားသည်။ထိုလှံရှည်၏ထက်ရှသောအသွားသည် မြေပြင်ပေါ်၌ စိုက်ဝင်နေကာ နက်ရှိုင်းသောလှံသွားရာကြီးတစ်ခု မြေပြင်ပေါ်၌ ကျန်ရစ်ခဲ့သည်။

အစွမ်းထက်သောအားလှိုင်းကြောင့် ရှောင်ချွမ်၏လက်သည်လည်း နောက်သို့ယိုင်ထွက်သွားပေ၏။

"မင်းက ဘယ်သူလဲ"

ရှောင်ချွမ်၏တည်ငြိမ်အေးဆေးသော မျက်နှာပေါ်တွင် နောက်ဆုံး၌ ထိတ်လန့်ကြောက်ရွံမှုအရိပ်အယောင်များ ထင်ဟပ်လာသည်။

အစောပိုင်းက သူနှင့်ရင်းနှီးကျွမ်းဝင်ခြင်းမရှိသော ဥပဒေသတစ်ရပ်သည် သူ့အား မလှုပ်ရှားနိုင်အောင် ထိန်းချုပ်ထားခြင်းကို သူ ရှင်းရှင်းလင်းလင်း ခံစားမိသည်။

ရှောင်ချွမ်သည် နယ်မြေသခင်တစ်ယောက်ဖြစ်သဖြင့် ဥပဒေသများကို အကြိုဖမ်းဆုပ်နိုင်မှုရှိသည်။

သို့ရာတွင် ထိုသို့ဆိုသည့်တိုင် သူသည် တစ်စုံတစ်ယောက်၏ တိတ်တဆိတ်ထိန်းချုပ်ခြင်းကို ခံခဲ့ရ၏။

ခွေးဝါကြီးထံတွင် တက်ကြွဖျက်လတ်မှုများရှိပုံမရဘဲ သူက ပျင်းတိပျင်းရွဲအသံဖြင့် ပြောဆိုလိုက်သည်။

"ဝမ်ရှန့်သူတော်စင်ရဲ့အမိန့်အရ...ငါ လုယွီကို ဒီနေရာက ခေါ်ထုတ်သွားရမယ်"

ထိုသို့ပြောဆိုပြီးသည်နှင့် ခွေးဝါကြီးက သူ၏လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်၏။သူ၏လက်အတွင်း၌ ရိုးရှင်းသောအနက်ရောင်တံဆိပ်ပြားတစ်ခု ထွက်ပေါ်လာသည်။

ထိုတံဆိပ်ပြားသည် အလွန်သာမာန်ဆန်သော်လည်း ထိုအရာပေါ်၌ 'ယီဟန်'ဟူသောရွှေရောင်စာလုံးကို အလယ်ခေတ်ရှေးဟောင်းဘာသာဖြင့် ရေးထွင်းထားသည်။ထိုတံဆိပ်ပြားထွက်ပေါ်လာချိန်တွင် ရှေးကျသောအငွေ့အသက်မျိုးကို ထုတ်လွှက်နေပေ၏။ဤသည်က လူအများအား သူတို့၏နှလုံးသားအောက်ခြေမှလာသော ရိုသေလေးစားသောခံစားချက်မျိုးကို ရရှိစေသည်။

"ဝမ်ရှန့်သူတော်စင်လား"

ရှောင်ချွမ်သည် သူ့ထံ၌အနိုင်ရရှိနိုင်သော အခွင့်အရေး ဆုံးရှုံးသွားပြီကို သိလိုက်ရသဖြင့် သူ၏မျက်နှာတပြင်လုံး ဖြူရော်သွားသည်။

တာယွီအင်ပါယာနန်းတွင်းတွင် မဟာဆရာသခင်သုံးယောက်နှင့်နတ်ဘုရားအမတ်ကြီးကိုးယောက်ရှိသည်။ထိုမဟာဆရာသခင်သုံးယောက်လုံးသည် ဝမ်ရှန့်သူတော်စင်များ ဖြစ်ပေ၏။သူတို့သည် နာမည်ကျော်ကြားရုံသာမက တော်ဝင်နန်းတွင်းတွင် ကြီးမားသောအခွင့်အာဏာလည်းရှိကာ တာယွီအင်ပါယာတစ်ခုလုံးအတွက် ဆုံးဖြတ်ချက်ချရမည့်ကိစ္စများကိုပင် သြဇာလွှမ်းမိုးနိုင်စွမ်းရှိသည်။

မဟာဆရာသခင်တစ်ယောက်သည် ဧကရာဇ်၏ဆရာသခင်လည်းဖြစ်၍ ဧကရာဇ်မင်းကိုပင် ဆူပူကြိမ်းမောင်းပိုင်ခွင့်ရှိသည်။အကယ်၍ ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ် သက်ရှိထင်ရှားရှိနေလျှင်ပင် ဝမ်ရှန့်သူတော်စင်ယီဟန်ကို ရိုသေလေးစားစွာ ဆက်ဆံရပေမည်။

ရှောင်ချွမ်သည် ဗာမီလီယန်စစ်စခန်း၏တပ်မှူးဖြစ်သည့်တိုင် ဝမ်ရှန့်သူတော်စင်ယီဟန်နှင့် အဆင့်အတန်းများစွာကွာခြားသည်။

အကယ်၍ လုယွီတစ်ယောက်တည်းဆိုပါက ရှောင်ချွမ်သည် သူ့အားသတ်ဖြတ်ရန် တွန့်ဆုတ်နေမည်မဟုတ်ချေ။

သို့ရာတွင် ယခုလက်ရှိချိန်၌ ဝမ်ရှန့်သူတော်စင်၏အမိန့်တော် ရောက်ရှိလာလေရာ ရှောင်ချွမ်ထံ၌ သတ္တိတချို့ရှိနေလျှင်ပင် ထပ်မံ၍လှုပ်ရှားဝံ့ခြင်းမရှိချေ။

All Chapters