← Chapters

အခန်း (၂၁၉၆-၂၂၀၀)

Vol. 113 Ch. 2196-2200

အခန်း (၂၁၉၆-၂၂၀၀)

Vol. 113 Ch. 2196-2200

Chapter 2196

ထိုစကားအားပြောဆိုပြီးသည်နှင့် ယန်စွေ့က သက်ပြင်းရှည်ကြီးတစ်ချက်ရှိုက်ကာ လုယွီအား အဓိပ္ပါယ်ပါသောအကြည့်ဖြင့် ကြည့်လိုက်၏။

"မင်း ဒီကိစ္စက ဘယ်လိုမျိုးလဲဆိုတာကို သိထားသင့်တယ်...မင်းဆီမှာ ရှုရာရုပ်သေးရှိနေပေမယ့်...ရှဖုန်းသာ အလေးအနက်ထားမယ်ဆိုရင် မင်း တော်ဝင်စစ်ရေးဌာနကနေ အသက်ရှင်ရက် ထွက်လာနိုင်မှာမဟုတ်ဘူး"

လုယွီ၏တုံ့ပြန်မှုကိုမစောင့်ဘဲ ယန်စွေ့က ဆက်လက်ပြောဆိုသည်။

"ရှဖုန်းရဲ့နောက်ထပ်ဝှက်ဖဲတစ်ချပ်က ဘာလဲဆိုတာ မင်းသိလား"

လုယွီ တွေဝေစဥ်းစားနေသည်ကိုကြည့်ပြီး ယန်စွေ့၏နှုတ်မှ စကားလုံးနှစ်လုံး ထွက်ပေါ်လာသည်။

"လီ ကျီး"

လုယွီက ထိတ်လန့်တုန်လှုပ်သွားသည်။

ထန်ဧကရာဇ်လီကျီး...

ယခုလက်ရှိ ထန်အင်ပါယာ၏ဧကရာဇ်လီကျီးဟု ဆိုသလော....

"မင်းနဲ့လီကျီးက တူညီတဲ့နေရာကနေ တက်လှမ်းလာတယ်ဆိုတာကို ငါတို့ ရှာဖွေဖော်ထုတ်နိုင်ခဲ့တယ်....မင်းနဲ့လီကျီး ပူးပေါင်းကြံစည်ထားမှုမရှိဘူးဆိုတာကို ငါ သေချာပြောနိုင်တယ်...မဟုတ်ရင် မင်း တော်ဝင်မြို့တော်ကို ပြန်လာနိုင်မှာမဟုတ်ဘူး"

"ဒါပေမယ့် တကယ်လို့ ငါ သံသယမဝင်ဘူးဆိုရင်တောင်...ဒီကိစ္စသာ ထွက်ပေါ်လာရင် ဖြစ်လာမယ့်အကျိုးဆက်တွေကို မင်း သိတယ်မလား"

လီကျီးက အေးစက်တင်းမာသောလေသံဖြင့် ပြောဆိုသည်။

အမှန်အားဖြင့် လုယွီသည်လည်း ယန်စွေ့၏စကားလုံးများနောက်မှ အကျိုးဆက်များကို ကောင်းစွာသိရှိပေ၏။

ယခုလက်ရှိချိန်တွင် ထန်အင်ပါယာသည် တာယွီအင်ပါယာတစ်ခုလုံးအတွက် အကြီးမားဆုံးခြိမ်းခြောက်နိုင်မှုဖြစ်သည်။

ထို့ပြင် အဆက်မပြတ်ရောက်ရှိလာသော စစ်ပွဲသတင်းပို့မှုများအရ လော့ရွှေကြယ်မြစ်နှင့်နီးကပ်နေသော တခြားကြယ်နယ်မြေများမှ ပုန်ကန်မှုများသည် ထန်အင်ပါယာနှင့်ဆက်စပ်နေပေ၏။

ဤအချိန်တွင် လီကျီး၏ဇာတိမြေတူညီသော တစ်စုံတစ်ယောက်သာ ထွက်ပေါ်လာပါက...ထိုလူသည် လီကျီးနှင့်ဆက်စပ်သည်ဖြစ်စေ မဆက်စပ်သည်ဖြစ်စေ သူသည် ချက်ချင်းဆိုသလိုပင် ဖမ်းဆီးထိန်းသိမ်းခံရကာ စစ်မေးခံရပေမည်။

"ဒါပေမယ့် တပ်မှူးက မင်းကိုအာမခံပေးဖို့ လှုပ်ရှားပြီးသွားပြီ...ငါတို့နဂါးအစောင့်တပ်ရဲ့အကာအကွယ်နဲ့ဆိုရင် မင်းကို ဘယ်သူကမှစွပ်စွဲရဲမှာမဟုတ်ဘူး"

ယန်စွေ့က လုယွီကို ထပ်မံ၍စောင်းငဲ့ကြည့်လိုက်၏။

"အဲ့ဒီအပြင် တပ်မှူးက မင်းရဲ့ပါရမီအရည်အချင်းကို သဘောကျတဲ့အတွက် မင်း ကျင့်ကြံတဲ့နေရာမှာ ကူညီပေးလိမ့်မယ်....တကယ်လို့ မင်းနဲ့သူကြားမှာ ဆက်နွယ်ပတ်သက်မှုတစ်ခုရှိသွားရင် သူ မင်းကို ကူညီဖို့ အကြောင်းပြချက်ရသွားပြီ"

ဤှသို့ဖြင့် လုယွီထံရောက်ရှိလာသော ယန်စွေ့၏ရည်ရွယ်ချက်အစစ်အမှန်သည် ထွက်ပေါ်လာပေ၏။

သူတို့ ဤနေရာသို့ရောက်ရှိလာခြင်းမှာ လုယွီ၏လက်အတွင်းမှ ဧကရာဇ်အဆင့်မှော်လက်နက်ကြောင့်ပင်။

သို့ရာတွင် နဂါးအစောင့်တပ်မှူးသည် ယန်စွေ့ကိုအသုံးချ၍ အကွက်ချစီမံခဲ့သည်။

အကယ်၍ ထိုတောင်းဆိုချက်ကို လုယွီသဘောမတူပါက သူတို့သည် သူ့အားကာကွယ်ပေးမည်မဟုတ်ချေ။ထိုအချိန်မျိုးသို့ ကျရောက်လာပါက လုယွီသည် သေလမ်းရှာဖွေသည်နှင့် တူညီနေပေမည်။အကယ်၍ ထိုတောင်းဆိုချက်ကို လုယွီသဘောတူညီလိုက်ပါက သူ၏အဆင့်အတန်းသည် နဂါးအစောင့်များအကြား၌ အလွန်အမင်းမြင့်မားသွားပေလိမ့်မည်။

ယန်စွေ့က လုယွီ၏တုံ့ပြန်မှုကို စောင့်ကြည့်နေလေ၏။

သို့ရာတွင် သူက အနည်းငယ်စိတ်ဓာတ်ကျသွားခဲ့သည်။လုယွီ၏မျက်နှာပေါ်တွင် မည်သည့်အမူအယာမျိုးမျှရှိမနေချေ။

"ရှမိသားစုက ကျွန်တော်ကို ခြိမ်းခြောက်နိုင်လောက်တဲ့အထိ မလုံလောက်သေးဘူး...ပြီးတော့ ရှေးဟောင်းဧကရာဇ်အဆင့်မှော်လက်နက်က ကျွန်တော်ရဲ့အပိုင်...ဘယ်သူကမှ ကျွန်တော်ဆီကနေ ယူသွားလို့မရဘူး"

လုယွီက သူ၏ခေါင်းကိုခါယမ်းကာ သူ၏လက်နှစ်ဖက်ကိုပူးဆုပ်၍ ပြောဆိုလိုက်၏။

"အရှင်ရဲ့ကူညီမှုအတွက် ကျေးဇူးတင်ပါတယ်...ဒီတစ်ကြိမ် အရှင့်ရဲ့ကြင်နာမှုကို ကျွန်တော် မှတ်ထားပါ့မယ်"

စကားဆုံးသည်နှင့် လုယွီက လုရှင်းနှင့်အတူ ရထားလုံးအတွင်းမှ ထွက်ခွါခဲ့တော့သည်။

တစတစဝေးကွာသွားသော လုယွီ၏နောက်ကျောကိုကြည့်ပြီး နဂါးအစောင့်တစ်ယောက်က ရုတ်တရက် မေးမြန်းလိုက်သည်။

"အရှင်...ကျွန်တော်တို့ သူ့ကို မတားရဘူးလား"

"မလိုဘူး...ဘယ်လိုပဲဖြစ်ဖြစ် သူက ငယ်ရွယ်ပြီးတော့ ဘာကိုမှအလေးအနက်မထားတက်သေးဘူး...သူ ဒုက္ခနည်းနည်းခံစားရတဲ့အချိန်ကျမှ ငါတို့ဆီကိုပြန်လာပြီး တောင်းပန်လိမ့်မယ်"

ယန်စွေ့က သရော်တော်တော်လေသံဖြင့် ပြောဆိုသည်။

ရထားလုံးမှထွက်ခွါခဲ့ပြီးနောက် လုယွီက မိုးကောင်းကင်တာအိုတည်းခိုခန်းသို့ ပြန်လာခဲ့သည်။

ဤအချိန်အခိုက်အတန့်တွင် မိုးကောင်းကင်တာအိုတည်းခိုခန်း၏ပြင်ပ၌ လူများဖြင့်ပြည့်နှက်နေကာ သူတို့အားလုံးသည် လုယွီကို စောင့်ဆိုင်းနေကြခြင်းဖြစ်ပေ၏။

ထိုလူများအကြားတွင် တုန်လှုပ်ချောက်ချားဖွယ်အရှိန်အဝါရှိသည့် ကျင့်ကြံသူများလည်းရှိနေသည်။ရွှယ်အင်မော်တယ်ကျင့်ကြံသူတချို့ပင် ထိူလူစုအကြား၌ ပုန်းအောင်းနေပေ၏။

ဤနေရာ၌ ကျင့်ကြံသူအမြောက်အများစုဝေးနေကာ မရေမတွက်နိုင်သောမျက်လုံးအစုံများက လုယွီထံသို့ အခိုင်အမာကျရောက်နေသည်။

"အဲ့ဒီကောင်လေး ဒီနေရာကို ရောက်လာပြီ"

"သူက ပြန်လာရဲသေးတာလား...ကြည့်ရတာတော့ ရှေးဟောင်းဧကရာဇ်အဆင့်မှော်လက်နက်က ငါ့ရဲ့လက်ထဲကို ရောက်လာတော့မယ့်ပုံပဲ"

လူအုပ်ကြီးအတွင်းမှ တီးတိုးရေရွတ်သံများ ထွက်ပေါ်လာသည်။

တော်ဝင်မြို့စောင့်တပ်မှ စစ်သားများက ထိုလူများအား ပြင်ပမှနေ၍ဝိုင်းရံထားက သတိအနေအထားဖြင့် စောင့်ကြပ်နေကြ၏။

ထိုစစ်သားများသည် လုယွီ၏ဘေးကင်းလုံခြုံမှုအတွက် ကာကွယ်ပေးရန် ဤနေရာသို့ရောက်ရှိနေခြင်းဖြစ်ကာ တော်ဝင်နန်းတွင်းမှ အစွမ်းထက်ကျင့်ကြံသူများလည်းရှိနေသည်။

တော်ဝင်မြို့တော်အတွင်း၌ တိုက်ခိုက်ခြင်းကို ပြင်းထန်စွာ တားမြစ်ဟန့်တားထားသည်။ဤသည်က ထိုလူများ အတင်းအကြပ်ဝင်ရောက်တိုက်ခိုက်ခြင်းမပြုသည့် အကြောင်းအရင်းပင်။

အကယ်၍ တော်ဝင်မြို့တော်မဟုတ်ဘဲ တခြားနေရာတွင်သာဆိုပါက လုယွီ ပြန်လည်ရောက်ရှိလာချိန်တွင် ထိုလူများ၏ပြင်းထန်သောဝိုင်းရံတိုက်ခိုက်မှုနှင့် ကြုံတွေ့ရပေမည်။

Chapter 2197

လုယွီသည် မိုးကောင်းကင်တာအိုတည်းခိုခန်း၏ရှေ့သို့ ခြေချလိုက်သည်နှင့် ထိုလူစုထံမှ ချက်ချင်းဆိုသလိုပင် တုန်လှုပ်ချောက်ချားဖွယ် သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ ပွင့်အံထွက်လာသည်။

ပြင်းထန်သောသတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ အတူတကွစုဝေးလာခြင်းကြောင့် ထိုလူစု၏အထက်ရှိ မိုးကောင်းကင်အတွင်း၌ ထိတ်လန့်ကြောက်ရွံဖွယ်သွေးမြစ်ကြီးတစ်စင်း ဖွဲ့စည်းလာပေ၏။

"လူတိုင်းပဲ ငြိမ်ငြိမ်သက်သက်နေကြပါ....တော်ဝင်မြို့တော်ထဲမှာ ဘယ်သူတိုက်ခိုက်ဝံ့လဲဆိုတာ ငါ စောင့်ကြည့်နေမယ်"

တော်ဝင်စုံစမ်းစစ်ဆေးရေးဌာန၏စစ်ဗိုလ်ချုပ်တစ်ယောက်က ဒေါသတကြီးအော်ဟစ်လိုက်ကာ သူ၏ဆေဘာဓားနှင့်အတူ လမ်းလယ်ခေါင်၌ မတ်တတ်ရပ်လိုက်၏။

သူ၏နောက်ရှိ စစ်သားများကလည်း သံပြိုင်ဟစ်ကြွေးကာ ကျင့်ကြံသူများကို ဟန့်တားလိုက်ကြသည်။

အနက်ရောင်သံချပ်ကာစစ်သားများသည် လမ်းပေါ်သို့ပြေးတက်ကာ သူတို့၏မှော်လက်နက်များကိုအသုံးပြု၍ လူအုပ်ကြီးကိုမောင်းထုတ်ကာ လုယွီအတွက် လမ်းဖွင့်ပေးလိုက်ကြ၏။

ဤနေရာသို့ အုံ့ကြွမှုအားနှိမ်နင်းရန်လာသော စစ်သားများဖြစ်စေ ကျင့်ကြံသူများဖြစ်စေ သူတို့အားလုံးက လုယွီကို ရှုပ်ထွေးသောအမူအယာများဖြင့် ကြည့်နေသည်။

လောဘကြီးခြင်း...ဒေါသထွက်ခြင်း....အထင်သေးခြင်းစသော စိတ်ခံစားချက်များက အကန့်အသတ်မရှိသော သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများဖြင့် ရောယှက်နေပေ၏။

"လုယွီ....ဧကရာဇ်အဆင့်မှော်လက်နက် ငါ့ကို လက်လွှဲပေးစမ်း...မင်း အဲ့ဒါကို ကာကွယ်နိုင်မှာမဟုတ်ဘူး"

"အမှန်ပဲ...ရှေးဟောင်းဧကရာဇ်အဆင့်မှော်လက်နက်တွေက အရမ်းအစွမ်းထက်တယ်...မင်းလိုဂျူနီယာတစ်ယောက် ပိုင်ဆိုင်သင့်တဲ့အရာမျိုးမဟုတ်ဘူး....မြန်မြန်လက်လွှဲပေးစမ်း...ငါ မင်းရဲ့အသက်ကို ချမ်းသာပေးမယ်"

လုယွီရောက်လာသည်ကိုမြင်ချိန်တွင် ထိုလူအုပ်ကြီးထံမှနေ၍ ကျယ်လောင်စွာအော်ဟစ်လိုက်သောအသံများ ထွက်ပေါ်လာသည်။

မရေမတွက်နိုင်သောမျက်လုံးအကြည့်များက လုယွီကို အစိတ်စိတ်အမွှာမွှာ ဆုတ်ဖြဲပစ်လိုသည့်အလား စူးစူးဝါးဝါး စိုက်ကြည့်နေသည်။

ဧကရာဇ်အဆင့်မှော်လက်နက်ကိုရရှိသော မည်သူမဆို ကောင်းကင်ဘုံနယ်မြေ၏ ထိပ်သီးအစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက်ဖြစ်လာနိုင်သည်။

ထို့ကြောင့် ယခုလက်ရှိချိန်၌ လုယွီကိုကြည့်နေသော လူတိုင်း၏မျက်လုံးအကြည့်များသည် လောဘ​များဖြင့် ပူပြင်းလောင်ကျွမ်းနေပေ၏။

လုယွီသည် ယခုထိတိုင် ရှေးဟောင်းဧကရာဇ်အဆင့်မှော်လက်နက်အား မသန့်စင်ရသေးခြင်းကို အခွင့်ကောင်းယူ၍ သူ့အား အလျှင်အမြန်သတ်ဖြတ်၍ မှော်လက်နက်ကိုယူဆောင်ရန် သူတို့အားလုံး၏စိတ်နှလုံးသားများအတွင်း၌ တွေးတောထားကြသည်။

မရေမတွက်နိုင်သောလူများ၏ ကြောက်မက်ဖွယ်အကြည့်များအောက်တွင် လုယွီက မိုးကောင်းကင်တာအိုတည်းခိုခန်းထံသို့ ဦးတည်၍ လျှောက်လှမ်းသွားလိုက်သည်။

သို့ရာတွင် သူ၏နံဘေးပတ်ဝန်းကျင်၌ လူအမြောက်အများ ပို၍စုဝေးလာကာ သူ၏လမ်းကြောင်းကို ပိတ်ဆို့ထားကြ၏။

"မင်းတို့က ဒီလူတွေကိုတောင် မောင်းမထုတ်နိုင်ဘူးလား"

လုယွီက စစ်တပ်အားဦးဆောင်လာသော စစ်ဗိုလ်ချုပ်ကိုကြည့်၍ ပြောဆိုလိုက်သည်။

ထိုစစ်ဗိုလ်ချုပ်က ခပ်ဖျော့ဖျော့အပြုံးနှင့် တုံ့ပြန်ပြောဆိုသည်။

"သူတို့က မတိုက်ခိုက်ကြဘူးလေ...ဒါကြောင့် သူတို့ကို ငါ ထိန်းချုပ်ထားလို့မရဘူး"

စစ်ဗိုလ်ချုပ်၏မျက်နှာပေါ်၌ ပြပွဲတစ်ပွဲကို စောင့်ကြည့်လိုသော အမူအယာမျိုးရှိနေလေ၏။

"ကောင်းပြီလေ....မင်းတို့ မလှုပ်ရှားဘူးဆိုရင် ငါကိုယ်တိုင်လုပ်မယ်"

လုယွီ၏အတွေးတစ်ချက်နှင့်အတူ လုရှင်း၏လက်ရှစ်ဖက်မှ ရုတ်တရက် မှော်စွမ်းအားများလူးလွန့်၍ ထွက်ပေါ်လာသည်။ထိုမှော်စွမ်းအားများသည် လေထုအတွင်း၌ ဓားများ လှံရှည်များ အစရှိသဖြင့် အမျိုးမျိုးသောမှော်လက်နက်များအဖြစ် သိပ်သည်းသွားကာ လူအုပ်ကြီးထံသို့ တိုးဝင်သွားသည်။

ဒုတ်...ဒုတ်...ဒုတ်...

မှော်လက်နက်များက အသွေးအသားများကို ထွင်းဖောက်သွားသော အသံများ တစ်သံပြီးတစ်သံ မြည်ဟီးလာပေ၏။အစောပိုင်းက ဆူပူအုံ့ကြွနေသော လူအုပ်ကြီးထံမှနေ၍ စူးရှနာကျင်စွာ အော်ဟစ်လိုက်သောအသံများ ထွက်ပေါ်လာသည်။

လူတချို့သည် လွင့်ထွက်သွားကြပြီး အနီးအနားရှိဆိုင်များပေါ်သို့ ပြုတ်ကျသွားကာ သွေးများက မြစ်ပြင်တမျှ စီးဆင်းနေသည်။

"သူက ဘယ်လိုသတ္တိမျိုးနဲ့ တိုက်ခိုက်ဝံ့တာလဲ"

"ဘယ်လောက်တောင်အစွမ်းထွက်တဲ့ ရုပ်သေးလဲ...မြန်မြန်ထွက်ပြေးကြစို့"

ဤနေရာပတ်ဝန်းကျင်၌ လူအမြောက်အများ ရှိနေလေ၏။လုယွီ ယခုကဲ့သို့ တိုက်ခိုက်ဝံ့မည်ဟု မည်သူကမျှ မျှော်လင့်မထားမိကြချေ။

ရုတ်ချည်းဆိုသလိုပင် ပတ်ဝန်းကျင်နေရာတဝိုက်လုံး ဖရိုဖရဲဖြစ်သွားသည်။ဤနေရာတွင် တော်ဝင်မြို့စောင့်တပ်မှ စစ်သားများရှိနေသော်လည်း ဖရိုဖရဲဖြစ်နေမှုကို ထိန်းချုပ်နိုင်ခြင်းမရှိချေ။

လုရှင်းသည် မူလတွင် ရှုရာဧကရာဇ်တစ်ယောက်ပင်။လုယွီသည် သူ၏ခန္ဓာကိုယ်မှယင်ချီများကို ထိန်းညှိပြီးနောက် သူ၏ကြွက်သားနှင့်အရိုးအရွတ်များသည် အလွန်အမင်းမာကြောလာပေ၏။အကယ်၍ သာမာန်မှော်လက်နက်တစ်ခု သူ၏ခန္ဓာကိုယ်ပေါ် ကျရောက်လာလျှင်ပင် ခြစ်ရာတစ်ရာကျန်ရှိခဲ့မည်မဟုတ်ချေ။

လီရှင်းက လူအုပ်အကြားသို့ဝင်သွားချိန်တွင် သိုးအုပ်အတွင်းသို့ဝင်သွားသော ဝံပုလွေတစ်ကောင်နှင့် တူညီနေသည်။ပတ်ဝန်းကျင်၌ ကျင့်ကြံသူများ၏စူးရှနာကျင်စွာ အော်ဟစ်သံများနှင့်အတူ သွေးများကဖြာထွက်နေကာ ရံဖန်ရံခါ ခြေပြတ်လက်ပြတ်များကလည်း လွင့်ထွက်နေပေ၏။

"မင်းက တော်ဝင်မြို့တော်ထဲမှာတောင် တိုက်ခိုက်ရဲတာလား"

မြို့စောင့်တပ်စစ်ဗိုလ်ချုပ်၏မျက်နှာအမူအယာ တင်းမာခက်ထန်နေပြီး သူက ဒေါသတကြီးအော်ဟစ်လိုက်သည်။

သူ၏တာဝန်မှာ ဤနေရာ၌ လုံခြုံရေးကိုထိန်းသိမ်းထားရန်နှင့် ကြီးမားသောဆူပူအုံ့ကြွမှုကြီး ဖြစ်ပေါ်လာမည်ကို တားဆီးဟန့်တားရန်ပင်။

သို့ရာတွင် လုယွီ၏လှုပ်ရှားမှုမှာ လမ်းတစ်လမ်းလုံးကို ဖရိုဖရဲဖြစ်သွားစေခဲ့သည်။

"သူတို့ပြောနေတာတွေကို မင်းလည်းကြားမှာပါ...အဲ့ဒီလူတွေက လမ်းပေါ်မှာတောင် တော်ဝင်နန်းတွင်းက အရာရှိတစ်ယောက်ကို ခြိမ်းခြောက်နေတယ်...တော်ဝင်နန်းတွင်းရဲ့ဂုဏ်သိက္ခာအရ ငါ ဒီကောင်တွေကို အပြစ်ပေးတာ ဖြစ်သင့်တာပဲလေ"

လုယွီ၏ဗြောင်ကျပြီးအထက်စီးဆန်စွာပြောဆိုသော စကားများသည် အနီးပတ်ဝန်းကျင်မှ စူးရှကျယ်လောင်သောအော်သံများနှင့် ဆန့်ကျင်ဘက်ဖြစ်နေသည်။

စစ်ဗိုလ်ချုပ်၏မျက်လုံးများ ပြင်ပသို့ကျွတ်ကျလုမတက် ပြူးကျယ်လာကာ သူက ဒေါသတကြီး အော်ဟစ်လိုက်၏။

"မင်း ခုထိ မရပ်သေးဘူးလား...ဒါက တော်ဝင်မြို့တော်...မင်းက ပြဿနာကို ပိုပြီးကြီးထွားစေချင်တာလား"

Chapter 2198

"ပြဿနာရှာနေတာက ငါ မဟုတ်ဘူး...ဒီလူအုပ်စုပဲ"

လုယွီသည် နဂါးအစောင့်တံဆိပ်ပြားကိုထုတ်ယူ၍ မြို့စောင်တပ်စစ်ဗိုလ်ချုပ်၏ရှေ့၌ ဝှေ့ယမ်းပြလိုက်၏။

"ငါက အခု ဒီနေရာကတာဝန်ကိုလွှဲပြောင်းယူလိုက်ပြီ...တကယ်လို့ လမ်းပေါ်မှာတောင် တော်ဝင်နန်းတွင်းရဲ့အရာရှိတစ်ယောက်ကို ခြိမ်းခြောက်ဝံ့တဲ့သူရှိနေရင်...သူတို့ကို မင်းတို့ဆန္ဒရှိသလို ရင်ဆိုင်ဖြေရှင်းနိုင်တယ်"

မြို့စောင်တပ်စစ်ဗိုလ်ချုပ်၏မျက်နှာ ဖြူရော်သွားသည်။နဂါးအစောင့်တပ်များသည် မည်သည့်အုပ်ချုပ်ရေးရုံးတော်ထက်မဆို အခွင့်အာဏာပို၍ကြီးမားသည်။အကယ်၍ မြို့စောင့်တပ်၏တပ်မှူးကိုယ်တိုင် ဤနေရာသို့ရောက်လာလျှင်ပင် သူတို့ မည်သို့မျှတက်နိုင်မည်မဟုတ်ချေ။

နဂါးအစောင့်တပ်သည် ဧကရာဇ်၏သီးသန့်တပ်ဖြစ်ပေ၏။အဆင့်နိမ့်ဆုံးနဂါးအစောင့်ပင်လျှင် ဧကရာဇ် ကိုယ်တိုင်ကိုယ်ကျ ကြွမြန်းလာသကဲ့သို့ အခွင့်အာဏာရှိနေဆဲပင်။

"လာကြစမ်း...အဲ့ဒီလူတွေအားလုံးကို ထောင်သွင်းအကျဥ်းချလိုက်"

မြို့စောင့်တပ်စစ်ဗိုလ်ချုပ်၏လက်ဝှေ့ယမ်းလိုက်မှုနှင့်အတူ စစ်သားများက ချက်ချင်းဆိုသလိုပင် တဟုန်ထိုးပြေးဝင်၍ ပြဿနာရှာသူများကို ဖမ်းဆီးထိန်းသိမ်းလိုက်ကြ၏။

လုရှင်း၏တိုက်ခိုက်မှုသည် ရက်စက်ကြမ်းကြုတ်သော်လည်း သူတို့၏အသက်များကို သေဆုံးသွားစေခြင်းမရှိချေ။ထိုတိုက်ခိုက်မှုသည် သူတို့၏ခုခံနိုင်သောစွမ်းရည်များကို ကင်းမဲ့သွားစေရုံသာရှိသည်။

မျက်တောင်တခတ်စာအချိန်အတွင်းမှာပင် ရာနှင့်ချီသောစစ်သားများသည် မြို့စောင့်တပ်စစ်သားများ၏ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံလိုက်ရသည်။

"အရှင်လု...တခြားလူတွေကိုရော ဘယ်လိုလုပ်သင့်လဲ"

မြို့စောင့်တပ်စစ်ဗိုလ်ချုပ်သည် ယခင်က သူ၏အထင်အမြင်သေးမှုများကိုဖယ်ရှားပြီးနောက် သူ၏လေသံတွင် ပို၍ရိုသေလေးစားသောအရိပ်အယောင်များ ရောယှက်နေသည်။

မည်သည့်နေရာတွင်ဖြစ်နေပါစေ ကျင့်ကြံခြင်းလောက၏ တောရိုင်းဥပဒေသသည် ပြောင်းလဲသွားခြင်းမရှိချေ။

လုယွီက အဝေးတစ်နေရာသို့ တစ်ချက်ကြည့်လိုက်သည်။ထိုနေရာရှိအိမ်များအတွင်း၌ ပုန်းအောင်းနေသော ကျင့်ကြံသူအမြောက်အများရှိနေလေ၏။

လုယွီသည် ယခင်က ရွှယ်အင်မော်တယ်များ၏တည်ရှိမှုကို အာရုံခံမိသည်။သို့ရာတွင် ယခုလက်ရှိချိန်၌ ထိုရွှယ်အင်မော်တယ်များအားလုံး အရိပ်အယောင်ပင်မကျန်ရှိဘဲ ပျောက်ကွယ်သွားကာ မည်သည့်အော်ရာမျှမကျန်ရှိတော့ချေ။

"ပြဿနာရှာတဲ့သူတွေကို ဖမ်းဆီးပြီးပြီပဲ...ကျန်တဲ့လူတွေအတွက်ကို မင်းတို့စိတ်ပူစရာမလိုဘူး"

လုယွီက ပေါ့ပေါ့ပါးပါးလေသံဖြင့် ပြောဆိုသည်။

မြို့စောင့်တပ်စစ်ဗိုလ်ချုပ်က စိတ်သက်သာရာရသွားပုံဖြင့် သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။အကယ်၍ လုယွီသာ ဆက်လက်၍ခေါင်းမာနေပြီး ဤနေရာပတ်ဝန်းကျင်၌ပုန်းအောင်းနေသူများကို သူတို့အားဖမ်းဆီးခိုင်းပါက သူတို့အားလုံး မတော်တဆထိခိုက်ဒဏ်ရာရမှုများနှင့် ရင်ဆိုင်ရနိုင်သည်။

သို့ရာတွင် ထိုလူများကို လုယွီ မည်ကဲ့သို့ရင်ဆိုင်ဖြေရှင်းမည်အား သူ မသိရှိချေ။

အရာအားလုံး တိတ်ဆိတ်ငြိမ်သက်သွားပြီးနောက် လုယွီက မိုးကောင်းကင်တာအိုတည်းခိုခန်းအတွင်းသို့ဝင်လိုက်၏။

လုယွီကိုမြင်သည်နှင့် မိုးကောင်းကင်တာအိုတည်းခိုခန်း၏တာဝန်ခံက အပြေးရောက်လာကာ ပြောဆိုလေသည်။

"ဧည့်သည်တော်....သခင်လေးအတွက် စာတစ်စောင်ရောက်နေတယ်"

လုယွီက ထိုစာကိုယူဆောင်လိုက်ရာ ထိုအရာပေါ်၌ အနီရောင်တံဆိပ်တုံး ခတ်နှိပ်ထားကာ လုံခြုံစွာချိပ်ပိတ်ထားခြင်းကို တွေ့မြင်မိသည်။အကယ်၍ တစ်စုံတစ်ယောက်သည် အခွင့်အာဏာမရှိဘဲ ထိုစာကိုဖွင့်ပါက ခြေရာလက်ရာများကို လွယ်လင့်တကူတွေ့ရှိနိုင်ပေမည်။

"ဒီရက်တွေအတွက် မင်းကို ကျေးဇူးတင်ပါတယ်"

လုယွီက သာမာန်ကာလျှံကာ လက်ညှိုးတစ်ချက်ညွှန်လိုက်ရာ လည်ဆွဲတစ်ခုက တာဝန်ခံ၏လက်အတွင်းသို့ ကျရောက်သွားလေ၏။

တာဝန်ခံက လည်ဆွဲကိုတစ်ချက်ကြည့်ပြီးနောက် ရုတ်တရက် သူမ၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီသွားသည်။

"ထိပ်တန်းအဆင့် မှော်ရတနာ"

လုယွီ ဧကရာဇ်အဆင့်မှော်ရတနာကို ရရှိသွားသောသတင်းသည် ကောင်းကင်ဘုံနယ်မြေအနှံ့ ပျံ့နှံ့နေလေပြီ။သူ အချိန်အတော်ကြာနေထိုင်ခဲ့သော နေရာကိုပင် တခြားသူများက ရှာဖွေဖော်ထုတ်ပြီးဖြစ်ပေမည်။

​မိုးကောင်းကင်တာအိုတည်းခိုခန်းအတွင်းသို့ခိုးဝင်ကာ လုယွီကိုသတ်ဖြတ်၍ ရှေးဟောင်းဧကရာဇ်အဆင့်မှော်ရတနာကိုလုယူလိုသော လူအမြောက်အများရှိနေသည်။

အကယ်၍ မိုးကောင်းကင်တာအိုတည်းခိုခန်းတွင်သာ အလွန်အစွမ်းထက်သောနောက်ခံမျိုးရှိမနေပါက ထိုလိုချင်တပ်မက်စိတ်ပြင်းထန်နေသော ကျင့်ကြံသူများကို ဟန့်တားနိုင်ရန် လွန်စွာခက်ခဲပေမည်။

ယခုလတ်တလောအချိန်တွင် မိုးကောင်းကင်တာအိုတည်းခိုခန်းမှလူများသည် တည်းခိုခန်းကိုကာကွယ်စောင့်ရှောက်နိုင်ရန်အတွက် အစွမ်းထက်ကျင့်ကြံသူအမြောက်အများကို အင်မော်တယ်ကျောက်တုံးများစွာကုန်ကျခံ၍ ငှါးယမ်းထားရသည်။ဤသည်က လုယွီပေးထားသော တည်းခိုစရိတ်ထက်ပင် ပို၍များပြားနေပေ၏။

တာဝန်ခံသည် မူလကငြင်းဆန်ရန် ရည်ရွယ်ချက်ရှိသော်လည်း လုယွီ၏ကြွယ်ဝချမ်းသာပုံကို တွေးတောမိချိန်တွင် သူမ၏စိတ်အတွင်းမှ အားနာစိတ်များ ပျောက်ကွယ်သွားသည်။

"ဧည့်သည်တော်က တကယ့်ကိုကြင်နာသနားတက်တာပဲ"

တာဝန်ခံအမျိုးသမီး၏ညှို့ဓာတ်ပြင်းသော မျက်လုံးတစ်စုံသည် ပိုးချည်ကဲ့သို့နူးညံပျော့ပျောင်းနေကာ သူမ၏အသံသည် ဆွဲဆောင်နိုင်မှုများနှင့် ပြည့်နှက်နေသည်။

အကယ်၍အနီးကပ်ကြည့်ရှုပါက မိုးကောင်းကင်တာအိုတည်းခိုခန်း၏ တာဝန်ခံအမျိုးသမီးသည် တင့်တယ်ကျက်သရေရှိသော ကိုယ်နေဟန်ထားရှိကာ ညှို့အားပြင်းသောမျက်နှာမျိုးရှိကြောင်း တွေ့မြင်ရပေမည်။သူမသည် အံ့အားသင့်ဖွယ်ကောင်းအောင် ညှို့ဓာတ်ပြင်းသော မိန်းမလှတစ်ယောက်ပင်။

လုယွီ၏ကြွယ်ဝချမ်းသာမှုများနှင့် နဂါးအစောင့်ဟူသောအဆင့်အတန်းကို သိရှိပြီးနောက် သူမသည် တိတ်တခိုးဖြင့် အချစ်နွံအတွင်းသို့ ကျရောက်သွားခဲ့သည်။

သို့ရာတွင် လုယွီ၏စိတ်နှလုံးသားအတွင်းတွင် ထိုကိစ္စနှင့်ပတ်သက်၍ အနည်းငယ်မျှပင်စိတ်ဝင်စားခြင်းမရှိချေ။

စာပေါ်တွင်ခတ်နှိပ်ထားသော တံဆိပ်တုံး၌သင်္ကေတတစ်ခုပါရှိသည်။အကယ်၍ ထိုစာကို လုယွီကိုယ်တိုင်ဖွင့်လှစ်ခြင်းမရှိပါက အလိုအလျောက် လောင်ကျွမ်းသွားပေမည်။

"ဒီစာကို ဘယ်သူပို့လိုက်တာလဲ"

လုယွီက မေးမြန်းသည်။

လုယွီသည် သူမအား အနည်းငယ်မျှပင်စောင်းငဲ့မကြည့်သည်ကိုမြင်သော တာဝန်ခံအမျိုးသမီးက အနည်းငယ်စိတ်ဓာတ်ကျသွားသည်။

"ဒါက ကျောင်းတော်သားတစ်ယောက်ပါ...သူက ဒီစာကို ရှင်ကိုယ်တိုင်ဖွင့်ဖို့ တောင်းဆိုထားတယ်"

Chapter 2199

"ကျောင်းတော်သားတစ်ယောက်လား"

လုယွီ၏စိတ်အတွင်း၌ ပုံရိပ်တစ်ခုက ချက်ချင်းဆိုသလိုပင် ထွက်ပေါ်လာသည်။

လှိုဏ်ဂူအိမ်အတွင်းသို့ ပြန်ရောက်ချိန်တွင် လုယွီက စာအိတ်ကိုဖောက်၍ဖတ်လိုက်၏။

စာတစ်စောင်လုံးအတွင်းရှိစာလုံးများသည် ခိုင်မာပြီးအစွမ်းထက်ကာ စာရွက်၏နောက်ကျောကိုပင် ပေါက်ထွက်နေသည်။သို့ရာတွင် ထိုစာမှနေ၍ ကြော့ရှင်းရည်မွန်သော အငွေ့အသက်များ ထုတ်လွှက်နေပေ၏။ထိုစာလုံးများကို အတူတကွစုစည်းလိုက်ချိန်တွင် ပန်းချီကားတစ်ချပ်နှင့်တူညီပြီး လူအများအား စိတ်ကြည်လင်လန်းဆန်းစေသောခံစားချက်မျိုးကို ပေးစွမ်းနိုင်သည်။

"ဒါဆို ဒါက စီနီယာအကိုဖူဆီကစာပေါ့...သူက မြို့တော်ကနေ ထပ်ပြီးထွက်သွားပြန်ပြီ"

လုယွီက စာကိုဖတ်လိုက်၏။

ဖူကျစ်ရွှယ်က ထိုစာအတွင်း၌ သတင်းစကားတစ်ခုကို ချန်ထားခဲ့သည်။နောက်ထပ်အချိန်ငါးရက်အကြာတွင် သူ တက်ရောက်ရမည့် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်၏ဝင်ခွင့်စာမေးပွဲ စတင်ပေမည်။

ထိုကျောင်းတော်ငါးခုသည် တော်ဝင်ကျောင်းတော်နှင့် ကွဲပြားခြားနားပေ၏။သူတို့ကိုယ်သူတို့ အရည်အချင်းရှိသည်ဟု ယူဆထားသော မည်သူမဆို စာရင်းပေး၍ ကျောင်းတော်ဝင်ခွင့်ကို လျှောက်ထားနိုင်သည်။သူတို့သည် ကျောင်းတော်ကိုရောက်ရှိပြီးနောက် စမ်းသပ်မှုများကိုအောင်မြင်မှသာ အရည်အချင်းမီသောကျောင်းတော်သားအဖြစ် ရွေးချယ်ခံရပေမည်။

တာယွီအင်ပါယာ၏တော်ဝင်စာမေးပွဲသည် အလွန်အမင်းခက်ခဲပြီး သေဆုံးမှုနှုန်း အလွန်မြင့်မားသည်။တော်ဝင်စာမေးပွဲ၌ ဝင်ရောက်ယှဥ်ပြိုင်ရန်မှာ လွယ်ကူသောကိစ္စတစ်ရပ်မဟုတ်ချေ။

ထို့ကြောင့် တော်ဝင်စာမေးပွဲကိုဝင်ရောက်ဖြေဆိုလိုသူများသည် တော်ဝင်ကျောင်းတော်နှင့်ကျောင်းတော်ငါးခုဘက်သို့ ခြေဦးလှည့်လာကြ၏။

ထိုလူများအနက် နောက်ခံအင်အားရှိသူများသည် တော်ဝင်ကျောင်းတော်သို့ သွားရောက်ကြသည်။ထို့ပြင် ကျောင်းတော်ငါးခုကို ရွေးချယ်သူများမှာ ပို၍များပြားသည်။

လုယွီသည် ယခုလက်ရှိချိန်တွင် ရွှမ်းဝူစစ်ဗိုလ်ချုပ်တစ်ယောက်ဖြစ်သော်လည်း အစစ်အမှန်အရာရှိဘွဲ့ထူးမရှိချေ။သူ့ထံ၌ ဘွဲ့ထူးဂုဏ်အရှိန်အဝါ ကင်းမဲ့နေဆဲပင်။တော်ဝင်စာမေးပွဲကို အောင်မြင်ပြီးမှသာ သူသည် အစစ်အမှန်အရာရှိတစ်ယောက်ဖြစ်လာပြီး တာယွီအင်ပါယာ၏ကံကြမ္မာစွမ်းအားကို ရရှိပေမည်။

စာအတွင်း၌ ဖူကျစ်ရွှယ်က အချက်သုံးချက်ကို ဖော်ပြထားသည်။

ပထမအချက်အနေဖြင့် ဤနှစ်များအတွင်းတွင် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်သည် တစတစ ပို၍အားနည်းလာသဖြင့် လုယွီသည် ကျောင်းတော်၏အရှိန်အဝါကို ပြန်လည်မြှင့်တင်ပေးရန် လိုအပ်သည်။

ဒုတိယအချက်မှာ ကျောင်စိမ်းဆေးမီးဖိုကျောင်းတော်အတွင်း၌ မြေကမ္ဘာနတ်ဘုရားရှိနေကာ ထိုအရာကိုသန့်စင်ပြီးသည်နှင့် အတွင်းရှိမြေဒြပ်စင်များကို စုပ်ယူနိုင်ပေမည်။

တတိယအချက်မှာ ယခုလက်တလောအချိန်တွင် ကျောင်းတော်၏အနီးပတ်ဝန်းကျင်၌ ထူးဆန်းသောသဘာဝလွန်ပုံရိပ်ယောင်တစ်ခုက မကြာခဏထွက်ပေါ်နေသည်။တချို့ကျင့်ကြံသူများသည် နတ်ဆိုးများနှင့်တွေ့ဆုံခဲ့သည်ဟု ဆိုကြပြီး တချို့သူများသည် လျှို့ဝှက်ဆန်းကြယ်စွာ ပျောက်ကွယ်နေပေ၏။ထိုကိစ္စအား လုယွီ စုံစမ်းစစ်ဆေးရန် လိုအပ်သည်။

ထိုအချက်သုံးချက်သည် လုယွီအား တောင်းဆိုထားပုံရသော်လည်း အမှန်အားဖြင့် သူ့အား လေ့ကျင့်ပေးသည်နှင့် ပို၍တူညီသည်။

အထူးသဖြင့် ဒုတိယအချက်မှာ ပို၍အရေးပါသည်။မြေဒြပ်စင်များသည် လုယွီအတွက် အလွန်အဖိုးတန်ရှားပါးပေ၏။အကယ်၍ လုယွီသည် သူ၏ခွန်အားကို ထပ်မံ၍မြှင့်တင်လိုပါက မြေကမ္ဘာအင်မော်တယ်အဆင့်သို့ တက်နိုင်သမျှ အမြန်ဆုံးတက်လှမ်းနိုင်ရန်လိုအပ်သည်။

ထိုသို့မဟုတ်ပါက သူ၏စွမ်းအားများသည် မြင့်တက်လာသော်လည်း သူ၏မှော်စွမ်းအင်ကုန်ဆုံးမှုနှုန်းသည် အလွန်လျှင်မြန်သဖြင့် သူ၏သိုင်းပညာနည်းစနစ်များ၏စွမ်းအားကို အပြည့်အဝထုတ်ဖော်အသုံးပြုနိုင်မည်မဟုတ်ချေ။

နောက်ဆုံးကိစ္စအတွက်ကိုမူ ဖူကျစ်ရွှယ်က ကိုယ်ရေးကိုယ်တာတောင်းဆိုမှုဖြစ်ကြောင်း ဖော်ပြထားသည်။သူသည် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်၏ဧည့်အကြီးအကဲတစ်ယောက်ဖြစ်သော်လည်း တော်ဝင်နန်းတွင်းမှကိစ္စရပ်များဖြင့် အလုပ်ရှုပ်နေသဖြင့် ထိုကိစ္စကိုစီမံခန့်ခွဲရန် အချိန်မရှိချေ။

သို့ရာတွင် လုယွီသည် ထိုတောင်းဆိုမှုကို ငြင်းပယ်မည်မဟုတ်ချေ။

ဖူကျစ်ရွှယ်သည် သူ့အား အကူအညီများစွာပေးခဲ့ဖူးသည်။လုယွီသည် ထိုကိစ္စအား ဖူကျစ်ရွှယ်ကို ပြန်ပေးဆပ်သည်ဟုယူဆကာ လုပ်ဆောင်ရပေမည်။

"စီနီယာအကို...ဟူး...တကယ်လို့ အတိတ်ဘဝတုန်းကသာ ကျွန်တော်က စီနီယာအကိုရဲ့အကူအညီကို ရခဲ့မယ်ဆိုရင်....ကျွန်တော် လွဲမှားသွားခဲ့တဲ့အရာတွေကို ဘယ်လောက်ထိတောင်ပြန်ပြင်ဆင်နိုင်မလဲမသိဘူး"

လုယွီက သက်ပြင်းတစ်ချက်ရှိုက်လိုက်၏။

အတိတ်ဘဝတွင် သူ၏ပါရမီအရည်အချင်းသည် အလွန်ကောင်းမွန်ခြင်းမရှိသည့်အပြင် သူ့ထံ၌ အားကောင်းသောနောက်ခံလည်းရှိမနေချေ။သူသည် မရေမတွက်နိုင်သော ခက်ခဲကြမ်းတမ်းမှုများနှင့်အန္တရာယ်များကိုဖြတ်ကျော်ခဲ့ရသည့်တိုင် လိမ်ညာလှည့်ဖျားမှုများနှင့် ကြုံတွေ့ခဲ့ရသည်။သူ့အား စိတ်ရောကိုယ်ပါကူညီခဲ့သူဟူ၍ လူနည်းစုသာရှိသည်။

သို့ရာတွင် လုယွီက ဖူကျစ်ရွှယ်နှင့်နတ်ဘုရားဓားအမတ်ကြီးတို့သည် သူ့အားဂျူနီယာညီလေးဟု ခေါ်ဆိုနေကြသော်လည်း သူ၏စိတ်အတွင်း၌ အလေးအနက်မထားဝံ့ချေ။

မကြာမီမှာပင် လုယွီသည် သူ၏စိတ်အတွင်း၌ ရှုပ်ထွေးနေသောအတွေးများကိုဖယ်ရှား၍ သူ၏အင်္ကျီလက်မောင်းကြားမှ ဆေးလုံးများကိုထုတ်ယူကာ ဝါးမျိုလိုက်၏။

အကန့်အသတ်မရှိသောဆေးစွမ်းအားများသည် အလျှင်အမြန်သန့်စင်သွားကာ သူ၏ခန္ဓာကိုယ်တွင်းအင်္ဂါများအားလုံးထံသို့ ပျံ့နှံ့သွားသည်။

ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်သို့ သွားရောက်ရမည်ဖြစ်သဖြင့် သူ အချိန်များစွာဖြုန်းတီးနေ၍မရချေ။အချိန်တစ်ရက်ခန့်ကျင့်ကြံပြီးနောက် လုယွီက သူ၏မျက်လုံးများကိုဖွင့်လိုက်၏။

မရေမတွက်နိုင်သောဆေးလုံးများ၏အာနိသင်ကြောင့် သူ၏ဒဏ်ရာများ အလျှင်အမြန်ကောင်းမွန်လာကာ သူ၏ခွန်အား ခုနစ်ဆယ် ရှစ်ဆယ်ရာခိုင်နှုန်းခန့် ပြန်လည်ရရှိလာခဲ့သည်။

ဤအချိန်အခိုက်အတန့်တွင် ပြင်ပ၌ မှောင်ရီသန်းနေလေပြီ။

"ညဥ့်နက်နေပြီပဲ...ငါ ထွက်ခွါသွားဖို့ အချိန်ကျပြီ"

လုယွီက မတ်တတ်ထရပ်လိုက်ပြီးနောက် မကြာမီမှာပင် အမှောင်ထုအတွင်း၌ ပျောက်ကွယ်သွားတော့သည်။

Chapter 2200

တော်ဝင်မြို့တော်...

ဤအချိန်အခိုက်အတန့်တွင် တော်ဝင်မြို့တော်တစ်ခုလုံးကို အမှောင်ထုကြီးက လွှမ်းခြုံထားသည်။သို့ရာတွင် မြောက်မြားစွာသောအဆောက်အအုံများမှနေ၍ တောက်ပသောအလင်းရောင်များ ဖြာထွက်နေပေ၏။

မြို့တော်အတွင်းတွင် အပြင်မထွက်ရအမိန့်မရှိသော်လည်း မြောက်မြားစွာသောစစ်သားများက လမ်းတိုင်းတွင် ကင်းလှည့်နေသည်။လမ်းတစ်လမ်းစီတိုင်းတွင် စောင့်ကြည့်မျှော်စင်တစ်ခုရှိကာ အသံစွမ်းအားကောင်းမွန်သော ကျင့်ကြံသူတစ်ယောက်က စောင့်ကြပ်နေလေ၏။ထိုလူသည် သူ၏နတ်ဘုရားစိတ်အာရုံကိုအသုံးပြု၍ ပတ်ဝန်းကျင်အား အဆက်မပြတ် စူးစမ်းလေ့လာနေသည်။

အကယ်၍ ထိုလူသည် တော်ဝင်မြို့တော်တစ်နေရာ၌ တစ်စုံတစ်ယောက်မှ ပြဿနာရှာနေသည်ကို တွေ့ရှိပါက ချက်ချင်းဆိုသလိုပင် စုံစမ်းထောက်လှမ်းကာ ရင်ဆိုင်ဖြေရှင်းရန်အတွက် ထိုနေရာသို့ စစ်သားများရောက်ရှိသွားပေမည်။

တော်ဝင်မြို့တော်သည် ကြီးကျယ်ခမ်းနားကာ ပိုင်နက်နယ်မြေအလွန်ကျယ်ဝန်းသည်။မြို့တော်အတွင်း၌ ကျင့်ကြံသူအမြောက်အများလည်း နေထိုင်ကြ၏။သံမဏိတမျှတင်းကြပ်သောစည်းမျဥ်းများနှင့်သွေးစွန်းသောပြစ်ဒဏ်ပေးမှုများသာမရှိပါက ထိုကျင့်ကြံသူများအားလုံးကို ထိန်းချုပ်နိုင်ရန် လွန်စွာခက်ခဲပေမည်။

မိုးကောင်းကင်တာအိုတည်းခိုခန်း၏ပြင်ပတွင် လောကီအင်မော်တယ်စစ်ဗိုလ်ချုပ်နှစ်ယောက် ဦးဆောင်သော ရာနှင့်ချီသည့်စစ်သားများက စောင့်ကြပ်နေသည်။

သူတို့သည် ဤနေရာသို့ရောက်လာကြခြင်းမှာ လုယွီကို ကာကွယ်ရန်အတွက်မဟုတ်ပဲ ဆူပူအုံ့ကြွနေသောအခြေအနေများကို နှိမ်နင်းနိုင်ရန် မြို့စောင့်တပ်မှ အထူးသီးသန့်စေလွှက်ထားခြင်းဖြစ်သည်

လုယွီသည် ရှေးကောင်းဧကရာဇ်အဆင့်မှော်လက်နက်ကို ရရှိထားပေ၏။တော်ဝင်နန်းတွင်း၌ပင် သူ့အား မနာလိုအားကျနေသော လူအမြောက်အများရှိသည်။တခြားကိစ္စများကို မဆိုထားနှင့် ယမန်နေ့ကဖြစ်ပျက်ခဲ့သော ဆူပူအုံ့ကြွမှုကို မြို့စောင့်တပ်မှ နှိမ်နင်းနိုင်ခဲ့ခြင်းမရှိချေ။မြို့စောင့်တပ်သည် မြို့တော်အတွင်း၌ ဖရိုဖရဲမဖြစ်ပွါးစေရန်အတွက် လုယွီအားသတ်ဖြတ်လိုသော လူတစ်စုကိုသာ ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့သည်။

ပြင်ပလောက၌ ယာယီတည်ငြိမ်အေးချမ်းသွားသော်လည်း အမှောင်ထုအတွင်းမှနေ၍ မိုးကောင်းကင်တာအိုတည်းခိုခန်းကိုစောင့်ကြည့်နေသော မျက်လုံးပေါင်းများစွာရှိသည်။

သူတို့သည် အမိန့်အရ ဤနေရာတွင်နေနေကြကာ လုယွီ၏လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်နေကြခြင်းဖြစ်သည်။

"မိုးကောင်းကင်တာအိုတည်းခိုခန်းက သူ့ကို တသက်လုံးကာကွယ်ပေးထားနိုင်မှာမဟုတ်ဘူး....သူ့မှာ ဘာနောက်ခံအင်အားမှမရှိဘဲနဲ့ ဒီနေရာမှာ ကြာကြာနေနိုင်မှာမဟုတ်ဘူး"

"သူ နေနေတာက တော်ဝင်မြို့တော်တစ်ခုလုံးမှာ စျေးအကြီးဆုံးလှိုဏ်ဂူအိမ်မှာ...တစ်ရက်အတွက်ကုန်ကျတဲ့ တည်းခိုစရိတ်က အရမ်းများတယ်....သူ့ရဲ့အင်မော်တယ်ကျောက်တုံးတွေအားလုံး ကုန်သွားတဲ့အချိန်ကျရင် သူ ဘာလုပ်မလဲဆိုတာ ငါ စောင့်ကြည့်အုံးမယ်"

မြောက်မြားစွာသောကျင့်ကြံသူများသည် အံ့တင်းတင်းကြိတ်ကာ ပြောဆိုနေကြသော်လည်း သူတို့တက်နိုင်သည့်အရာဟူ၍မရှိချေ။

အကယ်၍ သာမာန်တည်းခိုခန်းတစ်ခန်းဆိုပါက သူတို့သည် အသေခံကျင့်ကြံသူများကိုစေလွှက်၍ လုယွီအား လုပ်ကြံသတ်ဖြတ်နိုင်ပေမည်။

သို့ရာတွင် မိုးကောင်းကင်တာအိုတည်းခိုခန်း၏နောက်ကွယ်၌ တော်ဝင်နန်းတွင်းမှအဆင့်မြင့်ပုဂ္ဂိုလ်တစ်ယောက်ရှိနေသဖြင့် ရူးသွပ်လုခမမ်းဖြစ်နေသောလူများပင်လျှင် မလှုပ်ရှားဝံ့ကြချေ။

လူတိုင်း၏အတွေးများကို တုံ့ပြန်နေသည့်အလား မိုးကောင်းကင်တာအိုတည်းခိုခန်း၏တံခါးမကြီး ရုတ်တရက်ပွင့်သွားသည်။

တည်းခိုခန်းအတွင်းမှနေ၍ ရထားလုံးတစ်စင်းက တဟုန်ထိုးမောင်းနှင်လာကာ အနက်ရောင်အရိပ်တစ်ရိပ်အဖြစ် ပြောင်းလဲသွားပြီး ချက်ချင်းဆိုသလိုပင် လမ်းအတွင်း၌ ပျောက်ကွယ်သွားတော့သည်။

ဖျော့တော့တော့နတ်ဆိုးသားရဲအငွေ့အသက်များက လေထုအတွင်း၌ ရစ်ဝဲ၍ကျန်ရှိနေဆဲပင်။ထိုရထားလုံးကိုဆွဲသွားသည်မှာ အဆင့်မြင့်နတ်ဆိုးသားရဲတစ်ကောင်ဖြစ်မည်မှာ သိသာထင်ရှားလှ၏။ထိုရထားလုံး၏အရှိန်သည် အလွန်လျှင်မြန်သဖြင့် သာမာန်လူများသည် ထိုအရာ၏အရိပ်အယောင်ကိုပင် တွေ့မြင်နိုင်မည်မဟုတ်ချေ။

အကယ်၍ တော်ဝင်မြို့တော်အတွင်း၌ နတ်ဆိုးသားရဲများပျံသန်းခြင်းကို တားဆီးပိတ်ပင်ထားမှုသာမရှိပါက ထိုနတ်ဆိုးသားရဲမြင်းသည် မိုင်ထောင်ချီဝေးကွာသောနေရာသို့ တခဏချင်း ရောက်ရှိသွားပေမည်။

"အဲ့ဒီကောင်စုတ်လေးက ထွက်ပြေးဖို့ပြင်ဆင်နေတာလား"

"ဘယ်လိုဟာသမျိုးလဲ...ငါတို့ရဲ့နောက်ယောင်ခံမှုအောက်ကနေ ဒီအတိုင်းလွတ်မြောက်သွားမယ်လို့ သူက ထင်နေတာလား"

မိုးကောင်းကင်တာအိုတည်းးခိုခန်းရှေ့ရှိ အဆောက်အအုံများအတွင်းမှနေ၍ လူရိပ်အမြောက်အများထွက်လာကာ အဝေးသို့မောင်းနှင်သွားသော ရထားလုံးနောက်သို့ ခြေရာခံ၍လိုက်သွားကြ၏။

"ဘာလဲ...သူက မိုးကောင်းကင်တာအိုတည်းခိုခန်းထဲကနေ ထွက်လာရဲတာလား"

"သူ့ဆီမှာ အင်မော်တယ်ကျောက်တုံးတွေ မလုံလောက်တော့လို့ မိုးကောင်းကင်တာအိုတည်းခိုခန်းက သူ့ကိုမောင်းထုတ်လိုက်တာပဲဖြစ်မယ်....ဘယ်လိုပဲဖြစ်ဖြစ် သူက အဆင့်နိမ့်စစ်ဗိုလ်ချုပ်တစ်ယောက်လေ...သူ့ရဲ့လစာက ဘယ်လောက်ရမှာမလို့လဲ"

"ဒါက အခွင့်အရေးကောင်းပဲ...သူ့ကိုသတ်ဖို့ အသေခံတပ်သားတွေ ချက်ချင်းလွှက်လိုက်ကြစမ်း...ပြီးတာနဲ့ ဧကရာဇ်အဆင့်မှော်လက်နက်ကို ယူလာခဲ့ရမယ်"

ရထားလုံးသည် အလွန်လျှင်မြန်သောအရှိန်ဖြင့် တောင်ပိုင်းသို့ဦးတည်ကာ မောင်းနှင်နေသည်။

တော်ဝင်မြို့တော်၏နယ်မြေအတိုင်းအတာသည် အလွန်ကျယ်ဝန်းပေ၏။ရထားလုံး၏အရှိန်သည် အလွန်လျှင်မြန်သည့်တိုင် မြို့တော်၏အစွန်အဖျားသို့ရောက်ရှိရန် အချိန်ခြောက်နာရီခန့်ကြာမြင့်သည်။

မြို့စွန်များတွင် ပတ်ဝန်းကျင်နေရာတဝိုက်သည် ပို၍ကျယ်ဝန်းပြီး ဗလာဟင်းလင်းဖြစ်လာကာ လူနေအိမ်များလည်း ကျဲပါးသည်။

ကျင့်ကြံသူများသည် တော်ဝင်မြို့တော်အတွင်း၌ စုဝေးနေရသောအကြောင်းအရင်းမှာ မြို့တော်၏စည်ပင်သာယာဝပြောခြင်းကြောင့်မဟုတ်ဘဲ တာယွီအင်ပါယာ၏နဂါးသွေးကြောကိုးဆယ့်ငါးခု စုဝေးကာတည်ရှိနေခြင်းကြောင့်ပင်။အကယ်၍ တစ်စုံတစ်ယောက်သည် ဤနေရာ၌ကျင့်ကြံပါက စိတ်ဝိညာဥ်စွမ်းအားများ ပေါကြွယ်ဝစွာရရှိနိုင်ရုံသာမက တာယွီအင်ပါယာ၏ကံကြမ္မာစွမ်းအားကိုလည်း ရရှိနိုင်သည်။ဤနေရာ၌ ကျင့်ကြံမှုအရှိန်နှုန်းသည် တခြားနေရာများထက် များစွာပို၍သာလွန်ပေ၏။

All Chapters