← Chapters

သူ့ကို အရိုအသေပေးရင်တောင် မလွန်ဘူး

Vol. 19 Ch. 273

သူ့ကို အရိုအသေပေးရင်တောင် မလွန်ဘူး

Vol. 19 Ch. 273

ရှန်မို အကြီးအကဲ (၇) ကို ကြည့်နေမိ၏။

အကြီအကဲ (၃) မှာ မျက်မှောင်ကြုတ်၍ ရှန်မိုနှင့် အကြီးအကဲ (၇) တို့ကြား ဝင်ရပ်လိုက်သည်။

ထို့နောက် လေးနက်စွာဖြင့်

“အကြီးအကဲ (၇)… ရှန်မိုက ဒီအကြီးအကဲတွေ အားလုံးကို ကယ်ထားတာလေ… ကျောက်စိမ်းဂိုဏ်းရဲ့ ကျေးဇူးရှင်ပဲ… အဲ့လိုမျိုး အရမ်းမပြောပါနဲ့”

အကြီးအကဲ (၇) အေးစက်စက်ဖြင့်

“ဘာမှ ဂရုမစိုက်ဘူး… မင်း ဘာလို့ လျှိုရူယွန်းကို မီးသားကောင်တွေနဲ့ သတ်ခိုင်းလိုက်တာလဲ သိချင်တာ”

ရှန်မို ပြုံးကာ

“အကြီးအကဲ (၇) က အသက်ကြီးပြီဆိုတော့ အရင်လို မတွေးနိုင်တော့ဘူးပဲ”

အကြီးအကဲ (၇) ပိုဒေါသထွက်ကာ

“မင်း ဘာပြောတာလဲ ကောင်လေး”

ရှန်မို တည်ငြိမ်စွာဖြင့်

“လျှိုရူယွန်းကို အရှင်ဖမ်းထားလည်း ရုံးတော်က သူနဲ့ ပတ်သက်ပါတယ်လို့ ဝန်ခံမှာမဟုတ်ဘူး”

“သူ့မိသားစုတွေတောင် အကုန် ရှင်းခံရပြီးလောက်ပြီ”

“အဲ့လိုလူကို ဘာလို့ အရှင်ထားဦးမှာလဲ… ဆန်ကုန်အောင်လား”

အကြီးအကဲ (၇) မျက်လုံးကြီးပြူးကာ ဒေါသတကြီးဖြင့် လက်ညှိုးငေါက်ငေါက် ထိုးလျက်

“မင်း…”

အကြီးအကဲ (၃) သက်ပြင်းချ၍ သူ့လက်ကို လိုက်ဆွဲနေရသည်။

“တော်လောက်ပြီ တော်ပါတော့ဗျာ… ရှန်မို ပြောတာ ဟုတ်တယ်လေ… မြို့စားမင်းက ကောက်ကျစ်တယ်… သက်သေ အတိအကျမရှိရင် ဘာမှမထူးဘူး”

“ဒီကိစ္စ ထားလိုက်တော့”

“ဘာပဲဖြစ်ဖြစ် ရှန်မိုက အကြီးအကဲတွေ အကုန်လုံး ကယ်ပြီး ကူညီထားတာ”

“ခင်ဗျားရော၊ ကျွန်တော်ရော သူ့ကို ဝေဖန်ပိုင်ခွင့် မရှိဘူး”

အကြီးအကဲ (၇) နှာခေါင်းရှုံ့ကာ တစ်ဖက်သို့ လှည့်ထွက်သွား၏။

အကြီးအကဲ (၃) မှာ ရှန်မို့ပုခုံးကိုပုတ်၍ ကျေးဇူးတင်စွာဖြင့်

“ကောင်လေး ဒီမှာ မင်းရှိနေလို့ တော်သေးတာပေါ့ကွာ”

“ငါတို့လည်း မီးသားကောင်အုပ်ကြီးကို ဖြတ်နေရလို့ ကြာသွားတာ… အမြန်ဆုံးတော့ ရောက်အောင် လာပေမဲ့ အဆိုးဆုံးကိုပဲ ကြိုတွေးထားလိုက်ကြတာ”

“မင်းဘက်က ဒီလိုအံ့ဩစရာကို လုပ်ပြလိမ့်မယ်လို့ လုံးဝ လုံးဝကို မထင်ထားမိဘူး”

ရှန်မို ပြုံးလျက်

“ဒါ ကျွန်တော့်တာဝန်ပါပဲဗျာ”

“ကောင်းတယ် ကောင်းတယ်… မင်းစိတ်ဓာတ်ကို ကြိုက်တယ်ကွာ… ဟားဟားဟား”

အကြီးအကဲ (၃) မှ ဆက်၍

“မီးတောက်ဆေးတိုက်က နောက် (၄) ရက်ဆို ပြန်ပွင့်ပြီနော်… ဒီကြားထဲ ထပ်မပတ်တော့ဘဲ ဝင်ပေါက်ကို တန်းသွားကြရင် ကောင်းမယ်”

အကြီးအကဲများအားလုံး သဘောတူကြ၏။

သူမပြောလျှင်ပင် အကုန် ပင်ပန်း၍ ပြန်ချင်နေကြလေပြီ။

(၄) ရက်အကြာတွင်။

မီးတောက်ဆေးတိုက် ဝင်ပေါက်၌။

အကြီးအကဲချုပ်နှင့် မီးတောက်ဆေးတိုက် တာဝန်ကျသူ လျှိုချန်းတို့ လာစောင့်နေကြသည်။

ဘုံး!

ဆေးတိုက်တံခါးကြီး ပွင့်သွား၏။

တစ်ယောက်ပြီးတစ်ယောက် ပင်ပန်းနွမ်းလျစွာ ထွက်လာကြသည်။

အကြီးအကဲချုပ်မှာ ထိခိုက်ဒဏ်ရာများဖြင့် ထွက်လာသော အကြီးအကဲများကိုကြည့်ကာ အမြန်ပြေးသွားပြီး မေးလေသည်။

အကြီးအကဲ (၃) နှင့် (၇) တို့ အချင်းချင်း ကြည့်လိုက်ကြပြီး အကြီးအကဲ (၇) မှာ တိတ်ဆိတ်နေ၏။

အကြီးအကဲ (၃) မှသာ အဖြစ်အပျက်အားလုံး ပြန်ပြော၍ ရှန်မိုအား ချီးကျူးလေသည်။

အကြီးအကဲချုပ် ဒေါသထွက်သွားပြီး

“ဒီရုံးတော်ကတော့ကွည…”

ထို့နောက် စိတ်တည်ငြိမ်အောင် ထိန်းပြီးမှ ရှန်မို့ထံ လျှောက်သွားလေသည်။

“အကြီးအကဲရှန် တာဝန်ကျေပါတယ်”

“ဂိုဏ်းရဲ့ကိုယ်စား ကျွန်တော်က ကျေးဇူးတင်ပါတယ်”

သူ ရှန်မို့ကို ဦးညွှတ်လိုက်၏။

ထိုအပြုအမူကြောင့် အကြီးအကဲများ အားလုံး လန့်သွားကြသည်။

ကြီးမြတ်သော အကြီးအကဲချုပ်မှာ အသက် (၃၀) ပင် မပြည့်သေးသည့် လူငယ်အကြီးအကဲအား အရိုအသေ ပေးနေ၏။

လုံးဝထင်မထားသော အရာပင်။

“အကြီးအကဲချုပ်ရယ် အဲ့လောက်မလိုပါဘူး”

အကြီးအကဲ (၇) မှ မျက်မှောင်ကြုတ်ကာ ဝင်ပြောသည်။

သို့သော် အကြီးအကဲချုပ် ခေါင်းယမ်း၍

“ရှန်မိုက ဒီအကြီးအကဲတွေအားလုံးကို ကယ်ခဲ့တာလေ… သူတို့အသက်ဆိုတာ ဂိုဏ်းရဲ့ အနာဂတ်ကိုကယ်တာနဲ့ အတူတူပဲ”

“ဒီလောက်လေး အရိုမသေမပေးနိုင်စရာ ဘာရှိလဲ”

အကြီးအကဲ (၇) ငြိမ်သွား၏။

“သွားရအောင် အကြီးအကဲရှန်… ငါတို့ဂိုဏ်းရဲ့ သူရဲကောင်းပဲ”

သူတို့အနောက်မှ အခြားအကြီးအကဲများလည်း လိုက်ပါကာ ကျောက်စိမ်းဂိုဏ်းဆီသို့ ပြန်ကြလေသည်။

ကျောက်စိမ်းဂိုဏ်း အစည်းအဝေးခန်းမ။

အကြီးအကဲချုပ်၏ တင်ပြချက်ကို နားထောင်ပြီးနောက် ခေါင်းဆောင် လီကျန်ထောင်းနှင့် အကြီးအကဲများ အလွန်လန့်သွားကြ၏။

ထို့နောက် လီကျန်ထောင်းကိုယ်တိုင် ရှန်မို့အား အရိုအသေပေးလေသည်။

“အကြီးအကဲရှန် ဒီတစ်ခါ စွမ်းဆောင်ပေးတာ အရမ်းများလို့ ဦးညွှတ်တာက အသင့်တော်ဆုံး ဖြစ်မယ်ထင်ပါတယ်”

ရှန်မို့လုပ်ရပ်မှာ အဆင့်မြင့် အကြီးအကဲများအား ကယ်ခဲ့၍ အလွန်တန်ဖိုးကြီးလှသည်။

အကြီးအကဲ ဝမ်မူရွှမ် ရယ်မောကာ

“ခေါင်းဆောင် အကြီးအကဲရှန်ကို ရာထူးတိုးပြီး ဆုချရမှာ မဟုတ်ဘူးလား”

လီကျန်ထောင်း ခေါင်းငြိမ့်ပြ၍

“လုပ်ရမှာပေါ့… ငါတို့ဂိုဏ်းက ဆုချတဲ့နေရာမှာ ကပ်စေးမနည်းပါဘူး”

သူ ခဏစဉ်းစားပြီးနောက်

“အကြီးအကဲရှန်ကို အဆင့် (၄) အကြီးအကဲအဖြစ် တိုးပေးပြီး အဆင့်ဘီအမှတ် (၁၅) မှတ် ပေးပါမယ်”

“လဲလှယ်တာတော့ အကြီးအကဲရှန် သဘောပါပဲ”

ရှန်မို စိတ်လှုပ်ရှားသွား၏။

ဤမျှအမှတ်နှင့် ရာထူးမှာ သူ့အတွက် အကျိုးရှိပါသည်။

သူ တစ်ခုခုပြောရန် ပြင်လိုက်စဉ် ယန်ချီယဲ့ မတ်တပ်ထရပ်၍

“ခေါင်းဆောင် ကျွန်တော် ကန့်ကွက်ပါတယ်”

“ရှန်မိုက အများကြီး စွမ်းဆောင်ပေးခဲ့တာတော့ မှန်ပေမဲ့ အဆင့် (၄) အထိ တိုးပေးရင် လုံလောက်ပါပြီ”

“အဆင့်ဘီ အမှတ် (၁၅) မှတ် ထပ်ပေးတာက များလွန်းပါတယ်”

“ပြောရရင် အဆင့် (၄) အကြီးအကဲ တခြားသူတွေတောင် အဆင့်ဘီအမှတ် (၁၅) မှတ် မရဖူးကြပါဘူး”

“ခေါင်းဆောင် ဒီလိုလုပ်လိုက်ရင် အကြီးအကဲတွေ အချင်းချင်း ပဋိပက္ခဖြစ်လာနိုင်ပါတယ်”

ဝမ်မူရွှမ်ပြုံးကာ

“ဪ ဒါဆို ဘယ်လောက်ပေးချင်လို့လဲ အကြီးအကဲယန်က”

ယန်ချီယဲ့ လက် (၃) ချောင်း ထောင်ပြ၍

“(၃) မှတ်ထက် မပိုစေချင်ဘူး”

ထိုအခါ အကြီးအကဲ (၅) နှင့် (၈) တို့ မတ်တပ်ရပ်လာပြီး

“ဒါတော့ နည်းလွန်းပါတယ်”

“ရှန်မို လုပ်ပေးခဲ့တာ တော်ရုံမှမဟုတ်တာ… ဒီလောက်လေးတောင် မပေးတဲ့သတင်းတွေ ပျံ့သွားရင် တခြားဂိုဏ်းတွေက ဘယ်လိုထင်မလဲ”

အကြီးအကဲ (၅) နှာခေါင်းရှုံ့၍

“နောက်ပြီး… အကြီးအကဲ (၂) ပြောခဲ့တာ သားကောင်ထိန်းချုပ်ရေးဌာနကို ဖယ်ပြီး ရုံးတော်ဆီက ယူမယ်ဆို”

“အခုတော့ ဘာတွေဖြစ်သွားလဲ ကြည့်ပါဦး… ရုံးတော်ဘက်က သူလျှိုထည့်ပြီး အကြီးအကဲတွေ အကုန် သတ်ပစ်ဖို့တောင် ကြံတယ်တဲ့”

“အဲ့ဒါကို ရှန်မို့ဆုကိုလည်း ထပ်လျှော့ချင်သေးတာလား… အကြီးအကဲယန် ဘာဖြစ်ချင်နေတာလဲ”

“ကျောက်စိမ်းဂိုဏ်းရဲ့ အကြီးအကဲလား ရုံးတော်အတွက် လုပ်ပေးနေတာလား”

သူ့စကားများကြောင့် ခန်းမတစ်ခုလုံး တိတ်ဆိတ် အေးစက်နေတော့သည်။

All Chapters