← Chapters

ဒီနေ့ကိစ္စ ပေါက်ကြားလို့ မဖြစ်ဘူး

Vol. 19 Ch. 274

ဒီနေ့ကိစ္စ ပေါက်ကြားလို့ မဖြစ်ဘူး

Vol. 19 Ch. 274

ရာထူးနှင့် ခံစားခွင့်များမှာ အမြဲတမ်း အရေးကြီးလှသည်။

တစ်ယောက်ယောက် အခြေအနေ ပြောင်းလဲသွားသည်နှင့် မိတ်ဆွေအဖြစ်မှ ရန်သူဆီသို့ အလွယ်တကူ ဖြစ်သွားနိုင်လေသည်။

ထိုစကားများကြောင့် ယန်ချီယဲ့ ဒေါသတကြီးဖြင့်

“မဟုတ်တာတွေ… မင်းစကားပြောတာ ကြည့်ပြောနော်”

“ငါ ယန်ချီယဲ့က ကျောက်စိမ်းဂိုဏ်းကို အမြဲသစ္စာရှိခဲ့တာ… သစ္စာဖောက်ဖို့ တစ်ခါမှ မလုပ်ခဲ့ဖူးဘူး”

“လျှိုရူယွန်းက ရုံးတော်က လွှတ်လိုက်တာ ဟုတ်မဟုတ် ဆိုတာက အတည်ပြုဖို့ လိုသေးတယ်လေ… ရုံးတော်က ဖြစ်နိုင်သလို တန်ဟီဂိုဏ်းကလည်း ဖြစ်နိုင်တာပဲ… သူ မသေခင် ကျွန်တော်တို့နဲ့ ရုံးတော်ကို ရန်တိုက်ပေးခဲ့တာဆိုရင်ရော”

ယန်ချီယဲ့အပြောကြောင့် အကြီးအကဲများ ပြန်စဉ်းစားသွား၏။

သူ့စကားမှာလည်း အဓိပ္ပာယ်ရှိပါသည်။

“အကြီးအကဲ (၈)… လျှိုရူယွန်းက တောင်ထိပ် (၈) ကလေ… ခင်ဗျားမှာ တာဝန်ရှိတယ်”

အကြီးအကဲချုပ်မှ လှမ်းပြော၏။

“ဟုတ်ကဲ့ပါ”

အကြီးအကဲ (၈) မှာ မျက်နှာအလွန်ပျက်နေသည်။

ရုတ်တရက် ယန်ချီယဲ့မှ အသံခပ်ကျယ်ကျယ်ဖြင့်

“ရှန်မို့ထက် အရေးကြီးတဲ့ကိစ္စလည်း ရှိသေးတယ်”

“သန့်စင်ခြင်း ခြေတည်ဝိညာဉ်ဆေးကိစ္စပါ”

“ဒီတစ်ခါလည်း ဆေးနည်းမရရင် တန်ဟီဂိုဏ်းဆီက မဖြစ်မနေ ဝယ်ရတော့မယ်”

“သူတို့ကို ဦးညွှတ်ရလိမ့်မယ်”

“ယန်… ဘယ်လိုလဲ ရခဲ့လား”

သူ ယဲ့ယန်ကို မျှော်လင့်ချက်များဖြင့် လှမ်းကြည့်၏။

ယဲ့ယန် အတော်ကြာအောင် ငြိမ်နေပြီးမှ တွေဝေစွာဖြင့်

“ဆရာ… ဒီတစ်ခေါက် မီးတောက်ဆေးတိုက်ထဲမှာ အန္တရာယ်တွေ အများကြီးပဲ… ဆေးနည်းရှာဖို့ အချိန်မရခဲ့ပါဘူး”

ယန်ချီယဲ့ မျက်နှာထားတင်းသွားသည်။

လီကျန်ထောင်း သက်ပြင်းချ၍

“နားလည်ပါတယ်… မြေအောက်မီးတောက် ပေါက်ကွဲတာရော၊ မီးသားကောင်တွေ တိုက်ခိုက်တာရောနဲ့ အကြီးအကဲတွေ ပင်ပန်းသွားကြပြီ”

“နောက်ပြီး လွယ်လွယ် တန်းရှာလို့ရတာမှ မဟုတ်တာ… ဒီလိုအခြေအနေမှာ လက်ဗလာပဲ ဖြစ်မှာပေါ့”

“ကဲ ပြန်ကြတော့လေ… အားလုံး အကြာကြီး ကြိုးစားခဲ့ရတာ… သွားနားကြတော့”

“အကြီးအကဲရှန်ရဲ့ ကျေးဇူးတွေကို တကယ် အသိအမှတ်ပြုပြီး ကျေးဇူးတင်ပါတယ်”

လီကျန်ထောင်းပြုံးကာ ထပ်အရိုအသေပေး၏။

ရှန်မိုမှ ပြုံး၍

“ကျွန်တော် ဆေးနည်းတွေ့လာပါတယ်”

အတိအကျဆိုသော် သူ့တွင် ဆေးနည်းပုံစံ (၂) မျိုးပင် ရှိ၏။

တစ်ခုမှာ စာရွက်အပိုင်းအစဖြစ်ပြီး နောက်တစ်ခုမှာ အဂ္ဂိရက် (၉) သွယ် ကျင့်စဉ်စာအုပ်ဖြစ်သည်။

စာအုပ်ထဲမှနည်းမှာ ပို၍ရိုးရှင်း၏။ လိုအပ်သောပစ္စည်း နည်းကာ ဘေးထွက်ဆိုးကျိုးလည်း မရှိသလောက် ဖြစ်သည်။

တန်ဟီဂိုဏ်းမှ ထုတ်လုပ်နေသောနည်းမှာ မူရင်းထက် တစ်ဆငိ့နိမ့်သောနည်းဖြစ်လေ၏။

သက်ရောက်မှု ၇၀% ရှိသောကြောင့် အပြည့်စုံဆုံးပုံစံဟု ဆိုနိုင်သည်။

ထို့ကြောင့် အဆင့်နိမ့်ဆေးနည်းမှာ ရှန်မို့အတွက် အသုံးမဝင်ချေ။

သိမ်းထားမည့်အစား သူ လိုအပ်သည့် ရတနာနှင့် လဲလိုက်ခြင်းက ပိုကောင်း၏။

“ဘာ”

ရှန်မို့စကားဆုံးသည်နှင့် ခန်းမထဲမှအားလုံး သူ့ကို စိုက်ကြည့်နေမိ၏။

လီကျန်ထောင်း အရှေ့တိုးလာပြီး

“အကြီးအကဲရှန်… ကျင့်ကြံသူတွေဆိုတာ စကားကို လွယ်လွယ်မပြောရဘူး… ဒီလိုကိစ္စတွေနဲ့ မနောက်ပါနဲ့ဗျာ”

အကြီးအကဲချုပ် မတ်တပ်ထရပ်၍

“အကြီးအကဲရှန် ဂိုဏ်းအပေါ် တွယ်တာပြီး စေတနာထားတာသိပေမဲ့ ဒီလိုတွေတော့ မပြောပါနဲ့ဗျာ”

ဝမ်မူရွှမ် တုန်တုန်ရီရီဖြင့် ဝင်ကာ

“ရှန်မို မင်းတကယ် ရခဲ့တာလား…”

ယဲ့ယန်မှာ အံကြိတ်၍ စိုက်ကြည့်နေသည်။

မဖြစ်နိုင်ဘူး။

မဖြစ်နိုင်ဘူး။

သူ ရစရာအကြောင်း လုံးဝ မရှိဘူး။

ထိုစဉ် ရှန်မိုမှ ဝါကျင့်ကျင့် စာရွက်ပိုင်းလေးကို ထုတ်ပြလိုက်၏။

“ဒီမှာဆေးနည်းပါ… ကျွန်တော်ကိုယ်တိုင်လည်း နည်းနည်း စမ်းသပ်ပြီးပါပြီ”

ရှန်မို အားလုံးကို ဝေ့ကြည့်ကာ ပြောလိုက်၏။

လီကျန်ထောင်း မျက်လုံးပြူးလျက် ယူကြည့်ပြီးနောက် တဖြည်းဖြည်း ပြုံးသွားသည်။

“တကယ်ပဲ… အဆင့်မြင့်နဲ့ သာမာန်ဆိုပြီး ရှိတယ်”

အခြားသူများလည်း အံ့ဩကုန်ကြသည်။

“ဘာ”

အကြီးအကဲချုပ်၊ ဝမ်မူရွှမ်နှင့် အကြီးအကဲ (၃) တို့ လီကျန်ထောင်းအနီး စုဝေးရောက်လာ၏။

အခန်းထဲတွင် အလွန်တိတ်ဆိတ်နေပြီး အပ်ကျသံပင် ကြားရလောက်သည်။

ခဏအကြာမှ အော်ဟစ်သံကြီးများ ထွက်လာ၏။

“တကယ် ဆေးနည်းအစစ်ပဲ”

“ဘုရားသခင်… ရှန်မို တကယ်တွေ့လာတာပဲ”

“အကြီးအကဲရှန် လုပ်ပေးခဲ့တာတွေထဲမှာ ဒါက အကြီးမြတ်ဆုံးပဲ”

အားလုံး စိတ်လှုပ်ရှားနေမိ၏။

ယန်ချီယဲ့မှာ မျက်နှာကြီး သုန်မှုန်သွားသော်လည်း ခဏအကြာတွင် ချက်ချင်း ဝမ်းသာပျော်ရွှင်ပုံ ပြောင်းလိုက်သည်။

သူ့စိတ်ထဲတွင် ဘာတွေးနေသည်ကိုတော့ မည်သူမျှ မသိနိုင်ပေ။

လီကျန်ထောင်းမှ

“အကြီးအကဲရှန်ရဲ့ ဒီတစ်ခေါက် လုပ်ဆောင်ချက်က အဆင့်အေပဲ”

အကြီးအကဲချုပ်မှလည်း ဝင်၍

“ဒီလောက်နဲ့ ဘယ်ရမလဲ… အဆင့်ဘီ (၁၀) မှတ်ပါ ပေါင်းပေးပါဦး”

ဝမ်မူရွှမ် ရယ်မောကာ

“အကြီးအကဲရှန်က ကျွန်တော်တို့ တောင်ထိပ် (၁၀) ကနော်… တောင်ထိပ် (၁၀) ကိုရော ဘာမှ မပေးတော့ဘူးလား”

“ပေးရမှာပေါ့ ပေးရမှာပေါ့”

လီကျန်ထောင်း ရယ်မောကာ ပြန်ပြော၏။

ရှန်မိုကဲ့သို့ ပါရမီရှင်ကို မည်သို့ ပစ်ထားနိုင်မည်နည်း။

လုတုံရွှမ်၊ ဟီထျန်းချောင်နှင့် ဝူယန်ဝေ့တို့လည်း အနားရောက်လာကာ ဆေးနည်းကိုကြည့်ရင်း အံ့ဩနေကြသည်။

အစက သူတို့လည်း နောက်နေသည်ဟု ထင်ကြ၏။

တောက်!

လက်သည်းမှာ လက်ဖဝါးကိုဖောက်၍ သွေးတစ်စက် မြေပေါ်ကျလာသည်။

ပျော်ရွှင်တက်ကြွစရာ အခြေအနေတွင် ယဲ့ယန်လက်ဖဝါးမှ သွေးကျလာသည်ကို မည်သူမျှ သတိမထားမိချေ။

ဒေါသနှင့် မနာလိုစိတ်များကြောင့် လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ရင်း နာကျင်မှုကိုပင် မသိနိုင်တော့။

“ချီးပဲ… အားလုံး ဒုက္ခပဲ”

ယဲ့ယန် လှည့်ပင်မကြည့်ဘဲ အခန်းထဲမှ ထွက်သွား၏။

လီကျန်ထောင်း သူထွက်သွားသည်ကိုကြည့်ကာ သက်ပြင်းချရင်း ကျန်ခဲ့သည်။

ပါရမီရှင် (၂) ဦး၏ ပြိုင်ဆိုင်မှုမှာ ထင်ရှားနေ၏။

သို့သော် ယဲ့ယန်မှာ နောက်ကျန်ခဲ့လေပြီ။

အခြေအနေကို လက်ခံပြီး နောက်ပိုင်း ပိုရိုးသားလာစေရန်သာ မျှော်လင့်ရပါသည်။

ထို့နောက် လီကျန်ထောင်း ရှန်မို့ကို ပြန်ကြည့်၍ ပိုကျေးဇူးတင်နေမိတော့၏။

ဒီလူငယ်လေးက တကယ် အလားအလာကောင်းတာပဲ။

ဂိုဏ်း၏ ခေါင်းဆောင်ငယ်အဖြစ်ပင် သင့်တော်လေသည်။

သို့သော် ယန်ချီယဲ့နှင့် အပေါင်းအပါများက သေချာပေါက် ကန့်ကွက်လိမ့်မည်။

သူ ကျိတ်၍ သက်ပြင်းချမိ၏။

“ကဲပါ အားလုံး သွားနားကြတော့… အကြီးအကဲရှန်ကို ဆုချဖို့ကိစ္စက သေချာဆွေးနွေးလိုက်ပါဦးမယ်”

အကြီးအကဲ (၃) ခေါင်းငြိမ့်ပြ၍

“ဟုတ်ကဲ့ပါ… ခေါင်းဆောင်ပြောတာ ဟုတ်တယ်”

အကြီးအကဲ (၈) မှလည်း

“ဂိုဏ်းအတွက် ကြိုးစားပေးတဲ့သူကို သာမာန်လောက်ပဲ ပေးလို့ ဘယ်ဖြစ်မလဲ”

ဝမ်မူရွှမ်မှ

“ဒါပေမဲ့ ဆေးနည်းရပြီဆိုရင် အရင်ဆုံး ဆေးအောင်မြင်အောင် ထုတ်ကြည့်ပါဦး”

“ဟုတ်တယ်… ဒီနေ့ကိစ္စ ပေါက်ကြားလို့ မဖြစ်သေးဘူး… ပြန်ပြောတဲ့သူက သစ္စာဖောက်ပဲ”

အကြီးအကဲများ ကြက်သီးများထလျက် ထွက်ခွါသွားကြ၏။

All Chapters