← Chapters

ပစ္စည်းများ လဲလှယ်ခြင်း

Vol. 19 Ch. 278

ပစ္စည်းများ လဲလှယ်ခြင်း

Vol. 19 Ch. 278

ကျောက်စိမ်းဂိုဏ်း၊ စာကြည့်တိုက်။

ရှန်မို ဆုလာဘ်များ ရပြီးနောက် ချက်ချင်း တန်းလာခဲ့သည်။

ဆုလာဘ်အမှတ်များမှာ သုံးရန်သာ ဖြစ်၏။

ယခုတစ်ခေါက်အမှတ်များကို စာအုပ်များဖြင့် လဲလိုက်သည်။ ထိုစာအုပ်များမှာ

ကျင်းနိုင်ငံတော် ဒေသ (၉) ခု မှတ်တမ်း၊

နတ်ဆိုးတစ်သောင်းနယ်မြေမှ မျိုးနွယ်စုမှတ်တမ်း၊

အဂ္ဂိရက် (၉) သွယ်ဂိုဏ်း၏ အတက်အကျများ၊

ယုဒေသ၏ ပထဝီနယ်မြေအခြေအနေ၊

…

စာအုပ်များမှာ မရေတွက်နိုင်အောင် များလွန်း၏။

စာအုပ်တစ်အုပ်လျှင် အဆင့်ဒီတစ်မှတ် ပေးရပြီး ရှန်မို့အတွက် ထိုပမာဏမှာ မပြောပလောက်ပေ။

စာကြည့်တိုက်မှ အလုပ်သမားများပင် အံ့ဩ၍ ကြည့်နေကြသည်။ ထိုစာအုပ်အားလုံး မည်သို့ပြီးအောင် ဖတ်မည်ကို မစဉ်းစားရဲပေ။

ထို့နောက် ရှန်မို အခြားပစ္စည်း (၂) မျိုးပါ လဲလာသေး၏။

ပထမတစ်ခုမှာ နေမင်း (၉) သွယ် နတ်ဇာမဏီကျင့်စဉ်၏ တတိယနှင့် စတုတ္ထပုံစံ ဖြစ်သည်။

ထိုတိုက်ကွက်များမှာ စာကြည့်တိုက်တွင် အရင်တည်းက ရှိသော်လည်း ကျင့်ကြံရန် အလွန်ခက်ခဲသောကြောင့် မည်သူမျှ မထိကြပေ။ ရှန်မိုကိုယ်တိုင် အရင်တစ်ခေါက် လာစဉ်က တွေ့ခဲ့သော်ငြား အမှတ်မလုံလောက်၍ မယူခဲ့ရပေ။

ဒုတိယပစ္စည်းမှာ မီးတောက်ရိုင်းကျင့်စဉ် ဖြစ်သည်။

ထိုကျင့်စဉ်ကိုလည်း တစ်ယောက်မှ ဂရုမစိုက်၍ ဖုန်တောကြားမှ ယူခဲ့ရသည်။

အကြောင်းအရင်းမှာ အနန္တမီးတောက်ကို ထိန်းချုပ်ရန် ခက်သောကြောင့်ပင်။

အနန္တမီးတောက်မှာပင် အလွန်ရှားပါးပြီး ထိန်းချုပ်နိုင်သူမှာ ပို၍ပင် ရှားသေး၏။

အနန္တမီးတောက်သည် အလွန်အင်အားကြီးသော်လည်း ကိစ္စအများစုတွင် အချင်းချင်း မကိုက်ညီဘဲ ထိတွေ့ရာတွင် တွန်းကန်တတ်သည်။

မီးတောက်ရိုင်းကျင့်စဉ် တီထွင်သူမှာ ထိုပြဿနာကို ဖြေရှင်းပြီးသား ဖြစ်စေသည်။

ရှန်မို့အတွက် မီးတောက် (၃) ခုလုံး စုပေါင်းနိုင်ပြီး ယခုအချိန်တွင် အလိုအပ်ဆုံး ဖြစ်နေ၏။

ထို့နောက် ရှန်မို ရတနာတိုက်သို့ သွားလေသည်။ ပစ္စည်း (၃) ခုလဲရန် တွေးထား၏။

ပထမဆုံးမှာ နေစွမ်းအင်ကျောက်တုံးဖြစ်သည်။

ထိုပစ္စည်းမှာ နေစွမ်းအင်မီးတောက်နှင့် အရင်းအမြစ် တူသော်လည်း ကျောက်တုံးမှာ ပို၍ ရိုးရှင်း၏။

ဒုတိယတစ်ခုမှာ နှစ်တစ်သိန်းမီးတောက်ခြင်ဆီ ဖြစ်သည်။ ထိုရတနာမှာ နှစ်ပေါင်းထောင်နှင့်ချီ၍ ကြာမှ ပေါ်နိုင်၏။

တတိယပစ္စည်းသည် ရာစုနှစ်မီးတောက်ခြင်ဆီ (၅) မျိုး ဖြစ်သည်။

ဤသို့ဖြင့် ပစ္စည်းများအားလုံး လဲပြီးသောအခါ သူ့အမှတ်အားလုံး ကုန်သလောက်ဖြစ်သွားပြီး အဆင့်ဘီ (၈) မှတ်နှင့် အမှတ်စီ (၁၀) မှတ်ကျော်သာ ကျန်တော့သည်။

“ရုတ်တရက်ကြီး အဆင့်တက်တော့မလိုပဲ”

“ဒါပေမဲ့ ဒီအရင်းအမြစ်တွေက ငါ့ကျင့်ကြံမှုထိန်းသိမ်းဖို့ တော်တော်ကြာကြာအထိ သုံးနိုင်သေးတယ်”

“အားလုံး မွမ်းမံပြီးရင် ငါ့အင်အားလည်း နောက်တစ်ဆင့်ကို လုံးဝ တက်သွားတော့မှာ”

ရှန်မို ခေါင်းတငြိမ့်ငြိမ့်ဖြင့် ကျေနပ်နေရင်း ရတနာတိုက်ထဲမှ ထွက်လာခဲ့၏။

သူထွက်သွားသည်ကိုကြည့်၍ ကျင့်ကြံသူများ အားကျရင်း ကျန်ခဲ့ကြသည်။

အရင်ချမ်းသာသော ကျင့်ကြံသူများကို တွေ့ခဲ့ဖူးသော်လည်း အဆင့် (၄) လူငယ်အကြီးအကဲမှ ဤသို့သုံးစွဲသည်မှာတော့ ရှားပါးလွန်း၏။

ထိုအခြေအနေမျိုး သူတို့လည်း ဘယ်အချိန်မှ ကြုံရမည်နည်း။

မြွေနဂါးတောင်။

ရှန်မို မြွေနဂါးတောင် ပြန်ရောက်ပြီးနောက် အရင်နှစ်မှ တိုးတက်မှုများအခြေအနေကို အရင်ဆုံး မေးလေသည်။

ထို့နောက် အဖြေများကြားသောအခါ ကျေနပ်သွား၏။

မြွေနဂါးတောင်မှာ ယခုအခါ ကျောက်စိမ်းဂိုဏ်း သားကောင်ထိန်းချုပ်ရေးဌာန၏ အချက်အချာ ဖြစ်နေလေပြီ။ မိုင်ဟေးဟီနှင့် ဟွမ်ပါရီတို့၏ စီမံခန့်ခွဲမှုအောက်တွင် နှစ်တိုင်း အကျိုးအမြတ်များ ပိုများလာ၏။

အချို့အကြီးအကဲများမှာ ထိုသို့အကျိုးများကို မျှော်လင့်ကာ သူတို့လူများကို မြွေနဂါးတောင်၌ ထည့်ထားကြသည်။

သို့သော် မိုင်ဟေးဟီနှင့် ဟွမ်ပါရီတို့မှာ အလုပ်လာလျှောက်သူများ၏ နောက်ခံကို သေချာကြည့်ပြီးမှ ဆုံံးဖြတ်လေ၏။

နောက်ကြောင်းရှင်းလျှင်ပင် ရှန်မိုနှင့် ပြဿနာရှိပါက ချက်ချင်း ထုတ်ပယ်ပစ်သည်။

ဤသို့ဖြင့် အရင်တစ်နှစ်လုံး မြွေနဂါးတောင်မှာ ရှန်မို စီစဉ်ထားသည့်အတိုင်း ဖြစ်သွား၏။

“တာဝန်ကျေပါတယ်… အားလုံး ကောင်းကောင်း စီမံထားကြတာပဲ”

ရှန်မို ချီးကျူးပြီးနောက် မီးနဂါးဥအခြေအနေကို သွားကြည့်ရပြန်၏။

မကြာမီ လျှို့ဝှက်လိုဏ်ဂူဆီသို့ ရောက်လာသည်။

ပတ်ဝန်းကျင်တွင် ချထားခဲ့သော အကာအကွယ်များ အားလုံး အဆင်ပြေနေ၍ အပြင်လူမဝင်ထားမှန်း သိသာသည်။

“အရင်နှစ်တည်းက ဆေးရည်တွေ အများကြီး ကြိုပြင်ထားခဲ့လို့ တော်သေးတာပေါ့… မဟုတ်ရင် မင်းအတွက် လောက်မှာမဟုတ်ဘူး”

ရှန်မိုပြုံး၍ ရေရွတ်မိ၏။

ထိုစဉ် မီးနဂါးဥမှ အက်ကွဲကြောင်းအချို့ကိုတွေ့ကာ သူ အလွန်ပျော်သွားသည်။

“အလွန်ဆုံး (၆) လပဲ… အစောဆုံးက (၁) လပေါ့… မကြာခင် ပေါက်တော့မှာပဲ”

သူ နဂါးဥလေးကိုကိုင်ရင်း ခေါင်းတငြိမ့်ငြိမ့်ဖြင့် ကျေနပ်နေလေသည်။

သူ့အဆောင်ပြန်ရောက်သောအခါ ရှန်မို တံခါးပိတ်၍ ကျင့်ကြံတော့၏။

သူ လက်တစ်ချက်ယမ်းလိုက်သောအခါ နေမီးတောက်စွမ်းအင် ပေါ်လာသည်။

ပထမဆုံး ထိန်းကျောင်းစဉ်ကနှင့်ယှဉ်လျှင် အများကြီး ပို၍ ကြီးထွားလားလေပြီ။

စိတ်ဝိညာဉ်စွမ်းအင်များစွာကို နေ့စဉ် စုပ်ယူရင်း ထိုသို့ပြောင်းလဲလာခြင်း ဖြစ်၏။

ရှန်မို အခြားမီးတောက်များပါ ထုတ်ကာ မွမ်းမံလေသည်။

ထိုအချိန်တွင် စိမ်းပြာရောင်မီးတောက်သည် ရှန်မို့လက်ဖဝါးပေါ်၌ တောက်ပနေ၏။

ရှန်မို ရယ်မောကာ ရာစုနှစ် မီးတောက်ခြင်ဆီအား ထပ်ထုတ်လိုက်သည်။

ထိုအခါမှ စိမ်းပြာရောင်မီးတောက်မှာ တည်ငြိမ်သွားပြီး ရှန်မို့ပုံရိပ်ငယ်လည်း ကောင်းစွာ စုပ်ယူနိုင်၏။

“ကောင်းတယ်… အခုဆိုရင် သန့်စင်ခြင်း ခြေတည်ဝိညာဉ်ဆေး မွမ်းမံရမယ့်အချိန်ပဲ”

ရှန်မို ထိုအခြေအနေကိုသာ အောင်မြင်လျှင် ယဲ့ယန်နှင့် ရှောင်ဖန်တို့ လုံးဝ လိုက်မမှီနိုင်မည့်အဆင့်သို့ ရောက်သွားလိမ့်မည်။

All Chapters