← Chapters

ရှန်မို မင်းက တကယ်လူကောင်းပဲ

Vol. 19 Ch. 282

ရှန်မို မင်းက တကယ်လူကောင်းပဲ

Vol. 19 Ch. 282

မီးနဂါးကြီးမှာ အလွန်အံ့ဩမှင်တက်သွားပုံ ဖြစ်သည်။

“ငါ့စံနှုန်းက တော်တော်လေးတော့ မြင့်တယ်နော်”

“မင်းယူလာတာ တကယ့်အထူးရတနာ မဟုတ်နေရင် စိတ်ပျက်မိမှာ”

သူ စိတ်ဆိုးချင်ယောင်ဆောင်၍ ပြော၏။

ရှန်မို ပြုံး၍ သားကောင်အိတ်ကိုထုတ်လိုက်သည်။

ထို့နောက် အထဲမှ အနည်းငယ် အက်ကွဲနေသည့် ကြီးမားသော ဥကြီးကို ထပ်ထုတ်ပြ၏။

မီးနဂါးကြီးမှာ ရုတ်တရက် မှင်တက်နေရာမှ ချက်ချင်း ထိန်းမရနိုင်အောင် ပြုံးရွှင်သွားသည်။

“အရှိန်အဝါက ရင်းနှီးနေသလိုပဲ”

“ဒါက… ငါ့ကလေးလား”

သူ ရှန်မို့အနီးသို့ ချက်ချင်းရောက်လာပြီး ထိုဥကြီးအား စိတ်လှုပ်ရှားစွာ ငေးကြည့်နေ၏။

ရှန်မို ပြုံး၍

“ဟုတ်ပါတယ် အစောင့်အရှောက်ရဲ့ မျိုးဆက်ပါ”

“ကျွန်တော် ရှာပေးမယ်လို့ ပြောထားသားပဲ… အခု ကတိတည်လိုက်ပြီနော်”

မီးနဂါရကြီး သက်ပြင်းချလိုက်သောအခါ နှာခေါင်းမှ မီးခိုးမှုန်များ ထွက်လာ၏။

သူ ရှန်မို့ကို ကျေးဇူးတင်လွန်း၍ မျက်ရည်များပင် ဝဲလာပြီး ဘာမှထပ်မပြောနိုင် ဖြစ်နေသည်။

ပုလဲကဲ့သို့ မျက်ရည်များမှာ ကျဆင်းတော့မလိုပင်။

“ငါ… ငါ တစ်ခါမှ မတွေးခဲ့ဖူးဘူး… မျှော်လင့်ချက်လည်း စွန့်လွှတ်လိုက်ရတော့မယ် ထင်နေတာ… ဒါပေမဲ့ ငါ့ကလေးကို ယူလာပေးတယ်နော်”

“ငါ အရမ်းဝမ်းသာတယ်ကွာ”

“ရှန်မို မင်းက တကယ့်လူကောင်းပါပဲကွာ”

သူ အလွန်ပျော်ရွှင်ကာ ရှန်မို့အား သူ့လက်သည်းကြီးများဖြင့် ဖက်ရန် ပြင်လေသည်။

ရှန်မို အမြန်ရှောင်လိုက်နိုင်၍ တော်သေး၏။ မဟုတ်လျှင် ရန်သူကြောင့် မသေဘဲ ချစ်ခင်ရသော မီးနဂါးကြီး၏ ရင်းနှီးစွာ ဖက်တွယ်မှုဖြင့် သေရလိမ့်မည်။

ထိုအခါမှ မီးနဂါးကြီးမှာ သူ့အမူအရာကို သတိထားမိပြီး စိတ်ပြန်ထိန်းလိုက်၏။

“အားနာပါတယ်ကွာ… မင်း ခြေတည်ဝိညာဉ်အဆင့်ပဲ ရှိသေးတာ မေ့သွားတယ်”

“ဒီလိုဖက်မိလို့ကတော့ မင်းအရိုးတွေ အကုန်ကျိုးမှာပဲ”

ရှန်မို စကားပြန်ပြောရန် ပြင်လိုက်စဉ် နဂါးဥမှ အက်ကွဲကြောင်းများ ပိုပေါ်လာသည်ကို တွေ့ရ၏။

ဥခွံအောက်ခြေမှ ခြေသည်းလေးတစ်ခု တိုးထွက်လာသည်။

မီးနဂါးကြီး ကျေနပ်စွာဖြင့်

“ကောင်းတယ် ကောင်းတယ် ပေါက်တောင် ပေါက်တော့မှာပဲ”

“ရှန်မို မင်းပြင်ထားတဲ့ ဆေးရည်က တကယ်ကောင်းတာကိုး… အကောင်ပေါက်လည်း မြန်စေတယ်”

ရှန်မို ရယ်မော၍

“ကျွန်တော်က ဒီအပိုင်းတော့ ကျွမ်းတယ်လေ”

မီးနဂါးကြီးမှာ ရှန်မို့ဘေးတွင်လှဲ၍ အကောင်ပေါက်လာသည်အား သေချာ ကြည့်နေသည်။

နဂါးဂူ အပြင်ဘက်။

ကျောက်ယောင်လုတို့လည်း ရောက်လာကြသည်။

ဝင်ခွင့်ကဒ်ပြားများ မရှိသောကြောင့် ဂူထဲ မဝင်နိုင်၍ အဝေးမှသာ လှမ်းကြည့်နေရသည်။

“အထဲမှာ ဘာတွေဖြစ်နေတာလဲ”

လုတုံရွှမ် စူးစမ်းရင်း ရေရွတ်မိ၏။

“ငါလည်း ဘာမှမမြင်ရဘူး… မီးနဂါးကြီးရဲ့ ခန္ဓာကိုယ်နဲ့ ကွယ်နေတယ်”

ကျောက်ယောင်လု ခေါင်းလေးကုတ်ရင်း ဆိုလေသည်။

ဟီထျန်းချောင်မှာ သက်ပြင်းချ၍

“ကျွန်တော်တို့သာ ဝင်နိုင်ရင် အကြီးအကဲရှန်ရဲ့ ဝှက်ဖဲကို တကယ်တွေ့ချင်ပါသေးတယ်”

“စောင့်ကြည့်ရမှာပေါ့ အခုကတော့”

ကျောက်ယောင်လု သက်ပြင်းချကာ

“ဒါပေမဲ့ မကောင်းတာကြီး ဖြစ်တော့မယ်လို့ ခံစားနေရတယ်”

လုတုံရွှမ် ဝမ်းသာသွားပြီး

“စီနီယာ… စီနီယာ့ကံကို မေ့သွားပြီလား”

“စီနီယာ့စိတ်ထဲမှာ ခံစားချက်မကောင်းရင် အဲ့ဒါ အမှန်က ပိုကောင်းတာ ဖြစ်လာမှာလေ”

“အဲ့လိုပဲ ဆက်တွေးနော်… ခံစားချက် မကောင်းလာလေ အပြင်မှာ ပိုကောင်းတာတွေ ဖြစ်မှာ”

ကျောက်ယောင်လု နှာခေါင်းလေး ပွတ်လျက်

“မင်းကတော့ နာချင်နေပြီထင်တယ်”

ထိုအချိန်တွင်။

လူအချို့ နဂါးဂူသို့ ပျံသန်းလာကြသည်။

ယန်ဝူယွမ် ဦးဆောင်လာပြီး အနောက်၌ ယဲ့ယန်၊ ဝမ်ဝူနှင့် ယန်ချီယဲ့လက်အောက်မှ ကျင့်ကြံသူများ ပါဝင်သည်။

“ရှန်မို နဂါးဂူထဲ ဝင်သွားတာ သေချာလား”

ယန်ဝူယွမ်မှ မေးလိုက်၏။

“သေချာပါတယ်… သူက အစောင့်အရှောက်နဲ့ နည်းနည်း ခင်တယ်ဆိုပြီး သူ့အသက်ကိုကယ်ပေးဖို့ သွားတောင်းပန်နေတာ ဖြစ်မှာ”

ဝမ်ဝူ နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။

ထိုအခါ အခြားဘေးမှလူများလည်း လှောင်ပြောင်သလို ရယ်မောကြ၏။

သေတော့မှာမို့လို့ နဂါးကြီးကို သွားအကူအညီတောင်းတာလား။

အစောင့်အရှောက်မှာ ဂိုဏ်းကိစ္စများ ဝင်မပါတတ်သည်ကို လူတိုင်း သိပါသည်။

နောက်ဆုံးတော့ ရှန်မို သက်သက်အချိန်ဖြုန်းခြင်းသာ ဖြစ်လိမ့်မည်။

ထွက်ပြေးရမယ့်အစား မီးနဂါးကြီးဆီ သွားတယ်ဆိုတော့ တကယ် ငတုံးပဲ။

ယန်ဝူယွမ်တို့ ဆင်းသက်လာသောအခါ ကျောက်ယောင်လုတို့ကို တန်းတွေ့ရ၏။

“ဪ မင်းတို့လည်း ရောက်နေတာကိုး”

ယန်ဝူယွမ် လှမ်းကြည့်ရင်း နှာခေါင်းရှုံ့ကာ ပြောသည်။

“ဒီကို ဘာလာလုပ်တာလဲ”

ကျောက်ယောင်လုမျက်နှာမှာ တင်းမာနေ၏။

ယဲ့ယန်မှ တိုကင်ပြား ထုတ်ပြ၍

“ဂူထဲဝင်ပြီး ရှန်မို့ကို ဖမ်းမလို့လေ”

“ဒီနေ့ ဘယ်သူမှ မဝင်ရဘူး”

လုတုံရွှမ် လက်တစ်ချက်ယမ်းလိုက်သောအခါ လှံရှည်တစ်ချောင်း ပေါ်လာပြီး စစ်သည်ပုံစံ ဖြစ်သွား၏။

ဟီထျန်းချောင်လည်း လက်နက်ထုတ်ကာ တိုက်ပွဲအတွက် အသင့်အနေအထား စောင့်နေသည်။

ရှန်မိုမှာ သူ့အသက်ကို ခဏခဏ ကယ်ခဲ့ဖူး၍ ထိုအကြွေးကို တစ်ကြိမ်ဖြစ်ဖြစ် ပြန်ဆပ်ရမည်။

ကျောက်ယောင်လုသည် တိုက်ရိုက် တုံ့ပြန်မည့်ပုံ မဟုတ်ဘဲ လက်ဖဝါး၌ အနက်ရောင် အကြေးခွံများသာ စပေါ်လာ၏။

ရှေးမျိုးနွယ်သွေး နိုးထလာခြင်းဖြစ်၏။

ယဲ့ယန် အေးစက်စက်ကြည့်နေရင်းမှ ကြီးမားသော အရှိန်အဝါဖိအားများကို ခံစားလာရသည်။

ကျောက်ယောင်လုနှင့် လုတုံရွှမ်မှာ သူ့ထက် အင်အားကြီးပါသည်။

ထိုစဉ် ယန်ဝူယွမ်မှာ ယဲ့ယန်အရှေ့တွင် ဝင်ရပ်၍

“အဲ့တော့ ဘာလဲ… အခု ဂိုဏ်းရဲ့အမိန့်ကို လွန်ဆန်ဖို့ လုပ်နေတာလား”

လုတုံရွှမ် နှာခေါင်းရှုံ့ကာ

“ဟာသပဲ… အစည်းအဝေးမှာ အဖြေတောင် မဆုံးဖြတ်ရသေးဘူး… ဘယ်က ဂိုဏ်းအမိန့်က ရောက်လာတာလဲ”

ယန်ဝူယွမ် သူ့အဖွဲ့ကို တစ်ချက်လှည့်ကြည့်ကာ အမြန်စဉ်းစား၍ ဆုံးဖြတ်လိုက်၏။

“တိုက်ခိုက်ကြ… ဂူထဲ ရအောင်ဝင်ပြီး ရှန်မို့ကို အရှင်ဖမ်း”

သူ အရှေ့မှ ဦးဆောင်ကာ အနောက်တွင် ယဲ့ယန်တို့လည်း ပါလာသည်။

တိုက်ပွဲကြီး စတော့မည့်အချိန်တွင် နေရောင်နုနုကဲ့သို့ အနည်းငယ်ပူပြင်း၍ အင်အားကြီးသော စွမ်းအင်တစ်ခု ပေါ်လာ၏။

ထိုစွမ်းအင်မှာ ဂူထဲမှဖြစ်သည်။

ချက်ချင်းပင် နှစ်ဖွဲ့လုံး ရပ်လိုက်ကြပြီး ဂူထဲကို အာရုံစိုက်မိ၏။

မကြာမီ နဂါးဟိန်းသံကြီး ကျယ်လောင်စွာ ပေါ်ထွက်လာပြီး မိုင်ပေါင်း (၃၀၀၀) အထိ တုန်ခါစေသည်။

နတ်ဆိုးသားကောင်များ၊ စိတ်ဝိညာဉ်သားကောင်များမှာ ကြောက်ရွံ့တုန်လှုပ်စွာဖြင့် မြေပေါ်တွင် ဝင်ဆင်းခစားကာ အသံတစ်ခုပင် မထွက်ရဲကြပေ။

နဂါးဟိန်းသံမှာ အရင်ကလိုမဟုတ်ဘဲ ပျော်ရွှင်မှု၊ စိတ်လှုပ်ရှားမှုများပြည့်နေပြီး သန့်စင်ကြည်လင်၏။

နှစ်ပေါင်းတစ်ထောင်ကျော်အောင် မကြားခဲ့ရသော အသံမျိုး ဖြစ်သည်။

အစည်းအဝေးခန်းထဲတွင်။

အကြီးအကဲများ အကြိတ်အနယ် ဆွေးနွေးနေရာမှ နဂါးဟိန်းသံကြီးကြောင့် မှင်တက်သွားကြ၏။

“အစောင့်အရှောက် ဘာဖြစ်တာပါလိမ့်”

“အဲ့ဒါ နဂါးဟိန်းသံမလား… ဘာဖြစ်တာလဲ”

“ဧကန္တ… အစောင့်အရှောက်မှာ မျိုးပွါးဖို့ နည်းလမ်း တွေ့သွားတာလား”

အကြီးအကဲများ အခန်းထဲမှ အမြန်ပြေးထွက်သွား၏။ အစောင့်အရှောက် အောင်းယန်မှာ ကျောက်စိမ်းဂိုဏ်း၏ အရေးပါသော အင်အားကြီးဖြစ်သည်။

ထို့ကြောင့် ရှန်မို့ကို လက်လွှဲပေးရေးနှင့် ခေါင်းဆောင်ငယ် တင်မြှောက်ရေးတို့ကို ခဏဘေးဖယ်ထားကာ နဂါးဂူဆီသို့ ချက်ချင်း ထွက်သွားကြတော့သည်။

ကျောက်စိမ်းဂိုဏ်းတစ်ခုလုံးလည်း ထိုအသံကို ကြားလိုက်ပြီး တပည့်များအချင်းချင်း ဆွေးနွေးပြောဆိုနေကြ၏။

All Chapters