← Chapters

မြေအဆင့်နိမ့် ရတနာ

Vol. 19 Ch. 285

မြေအဆင့်နိမ့် ရတနာ

Vol. 19 Ch. 285

ယဲ့ယန် တောင်ဘက်ပိုင်းသို့ မရပ်မနား ပျံသန်းလာခဲ့သည်။

သူ့အရှိန်မှာ လျင်မြန်၍ မကြာမီ ထိုက်ရှန်ဒေသနယ်စပ်သို့ ရောက်လာ၏။

သူ့အရှေ့တွင် တစ်ချိန်က အဂ္ဂိရက် (၉) သွယ်ဂိုဏ်းအတွက် ရတနာတိုက်ဖြစ်ခဲ့သည့် ကြီးမားသော မီးတောင်ကြီးတစ်ခု ရှိနေသည်။

သို့သော် နှစ်ပေါင်းများစွာ ကြာပြီးနောက် မီးတောင်ကြီးလည်း ယိုယွင်းပျက်စီးနေလေပြီ။

ယဲ့ယန် အဘယ်ကြောင့် ဤနေရာတွင် ရပ်လိုက်သနည်း။

သူကိုယ်တိုင်ပင် မသေချာပေ။

နတိဆိုးသားကောင်အရိပ်ကြောင့် ဖြစ်နိုင်သည်။

အနီးအနားရွာမှ မီးခိုးငွေ့ကြောင့်လည်း ဖြစ်နိုင်၏။

သို့မဟုတ် ကံကြမ္မာကြောင့် သူ့ကိုယ်သူ သတိမထားမိဘဲ အလိုလို ရပ်လိုက်မိခြင်းလည်း ဖြစ်နိုင်ပါသည်။

လူသားများ၏ အပြုအမူတိုင်းမှာ သေချာတွေးတော၍ ပြုလုပ်ခြင်း မဟုတ်ပေ။

ယဲ့ယန် ရပ်လိုက်ပြီးနောက် ရေကန်သဖွယ် ဖြစ်နေပြီးသော မီးတောင်အဝနားတွင် ရင်းနှီးနေသည့် လူတစ်ဦးအား တွေ့ရ၏။

ထိုလူမှာ အစိမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ကျောက်စိမ်းဂိုဏ်းမှ ခေါင်းဆောင်ငယ် ရှန်မို ဖြစ်လေသည်။

ယဲ့ယန် သူ့ကို စူးစိုက်၍ ကြည့်မိ၏။

သို့သော် ဝမ်ဝူ သေဆုံးသည့်ကိစ္စကို သိကာ ဖမ်းရန် ရောက်လာခြင်း မဟုတ်မှန်း နားလည်လိုက်သည်။

“ခေါင်းဆောင်ငယ်ရှန် ဘာကိစ္စများ ရှိလို့လဲ”

ရှန်မို ပြုံး၍

“တာဝန်တစ်ခု လက်ခံထားလို့ လာတာပါ”

“အကြီးအကဲယဲ့ကရော”

ယဲ့ယန်လည်း ကြိုတင်ပြင်ဆင်ထားသည့် အစီအစဉ်အတိုင်း ပြောလိုက်၏။

“တောင်ဘက်ပိုင်းမှာ တာဝန်ရှိလို့လေ… ကျူးကျော်လာတဲ့ နတ်ဆိုးတွေရှင်းဖို့ လုံကျန်းဒေသကို သွားနေတာ”

လုံကျန်းဒေသမှာ ထိုက်ရှန်ဒေသ၏ တောင်ဘက်တွင်ရှိပြီး မြူနှင်းဒေသနှင့်လည်း နယ်နိမိတ်ချင်း ဆက်နေသည်။

ထို့ကြောင့် နတ်ဆိုးများ၊ သားကောင်များ ဝင်ရောက်တတ်ပြီး အကြီးအကဲများ မကြာခဏ သွားဖြေရှင်းရ၏။

ရှန်မို ခေါင်းငြိမ့်ပြကာ

“နားလည်ပါပြီ… အကြီးအကဲယဲ့ ငါ့ကို ဂရုမစိုက်နဲ့နော် လုပ်စရာရှိတာ ဆက်လုပ်ပါ”

ထိုသို့ပြော၍ ရေကန်အနီးတွင် ငြိမ်သက်စွာ သွားရပ်နေ၏။

ယဲ့ယန် မျက်မှောင်ကြုတ်မိသည်။

ရှန်မို ထိုနေရာတွင် ဘာလုပ်နေမှန်း နားမလည်ပေ။

သို့သော် ရှန်မို့ဘက်မှ ရန်မစ၍ သူလည်း ရှောင်ထွက်ရန်သာ ဆုံးဖြတ်လိုက်သည်။

သူ ရှန်မို့ကို ကွေ့ပတ်သွားပြီး အနည်းဆုံး မီတာ (၁၀၀) ခန့်အကွာတွင် သူ လိုက်မလာနိုင်တော့သည်ကို သေချာမှ စိတ်အေး၍ နောက်လှည့်မကြည့်ဘဲ ပြေးလေ၏။

ထို့နောက် တောင်ဘက်ပိုင်းသို့ ဆက်ထွက်သွားတော့သည်။

ရှန်မို သူ့နောက်ကျောကို လှမ်းကြည့်ရင်း ပြုံးနေမိသည်။

သူ ယဲ့ယန်ကံကြမ္မာကို သိထားပြီးလေပြီ။

ထိုလူသည် နတ်ဆိုးတစ်သောင်းနယ်မြေ၏ အင်အားကြီးပုံကိုသိကာ ကျောက်စိမ်းဂိုဏ်းအား သစ္စာဖောက်၍ ထွက်သွားခြင်းဖြစ်သည်။

မကြာမီ ယဲ့ယန်တစ်ယောက် နတ်ဆိုးဧကရာဇ်၏ ယုံကြည်ရသော တပည့်တစ်ဦး ဖြစ်လာလိမ့်မည်။

နဂါးဂူရှေ့တွင် တွေ့စဉ်တည်းက ထိုအခြေအနေကို ရှန်မို သိထားပါသည်။

ဆွဲထားရန်၊ တားထားရန်တော့ စိတ်ကူးသေချာပေါက် မရှိချေ။

သို့သော် ယဲ့ယန် မီးတောင်ဟောင်းတွင် ခဏနားရင်း ရေကန်ထဲ၌ အခွင့်အရေးကြီး တွေ့လိမ့်မည်ဟု တွေ့လိုက်သည်။

တရားမျှတ၍ မှန်ကန်သော ကျင့်ကြံသူတစ်ဦးအနေဖြင့် ရှန်မိုတစ်ယောက် ထိုကဲ့သို့ ရတနာကို ရန်သူလက်ထဲ ထည့်မပေးနိုင်ပေ။

ထို့ကြောင့် ရှန်မို နေရာတွင် ကြိုစောင့်နေခြင်းပင်။

သူ့ကိုတွေ့လျှင် ယဲ့ယန် ရင်မဆိုင်ရဲဘဲ ရှောင်ထွက်သွားမည်ကို သိသောကြောင့် ယုံကြည်ချက်အပြည့်ဖြင့်သာ ရပ်နေ၏။

ဤသို့ဖြင့် အခွင့်အရေးမှာ သူ့လက်ထဲ ရောက်ရှိလာလေပြီ။

ယဲ့ယန် ထွက်သွားပြီးနောက် ရေကန်ကြီး ရုတ်တရက် ဆူပွက်ကာ မီးတောက်များ ပေါ်လာ၏။

ကဏန်းများ၊ ပုစွန်များလည်း ရေမျက်နှာပြင်ပေါ် တက်လာသည်။

သို့သော် ပျံထွက်၍ မပြေးနိုင်သောကြောင့် မကြာမီ အနီရောင်ပြောင်းကာ ဘဝဆုံးသွားတော့၏။

ရေကန်၏ အောက်ခြေတစ်နေရာတွင်တော့ အလင်းရောင် ခပ်ဖျော့ဖျော့ တောက်ပနေသည်။

“နောက်ဆုံးတော့”

ရှန်မို ရေရွတ်ရင်း မျက်လုံးအရောင်များ လက်သွား၏။

ခဏအကြာတွင် သစ်နီအပိုင်းအစတစ်ခုကို ရေထဲမှ လှမ်းယူလိုက်သည်။

“မြေအဆင့်နိမ့် ရတနာ- ဇာမဏီအကိုင်းဖြာပင်”

ရှန်မို အလွန်ပြုံးရွှင်နေသည်။

သစ်ပင်ကြီးမှာ သာမာန် အမျိုးအစားတစ်ခုသာ ဖြစ်သော်လည်း ဇာမဏီမျိုးနွယ်ဖြစ်၍ အထူးအခြေအနေ ပြောင်းသွား၏။ အကိုင်းအခက်များတွင် ငှက်မွေးများပင် ပေါက်တတ်သည်။

“ဒီရတနာမှာ ဇာမဏီခြင်ဆီတွေပါတော့ ငါ့ရဲ့ နေမင်း (၉) သွယ် နတ်ဇာမဏီ အဆင့် (၃) နဲ့ (၄) အတွက် အကူအညီ ဖြစ်မှာပါ”

ရှန်မို တွေးရင်း သဘောကျနေ၏။

“ဒီပုံအတိုင်းဆိုရင် အဆင့် (၅) အထိ ကိုယ်တိုင် နားလည်လောက်တယ်”

သူကိုယ်တိုင် ကျင့်စဉ် နားလည်နိုင်သည့် စွမ်းရည်မြင့်သော်လည်း ထိုနေမင်း (၉) သွယ် နတ်ဇာမဏီကျင့်စဉ်တွင်တော့ နှေးနေ၏။

ထို့ကြောင့် မည်သည့်နည်းကိုမဆို အသုံးပြုရန် လိုအပ်နေခဲ့သည်။

ယခုလို ဇာမဏီအကိုင်းဖြာပင်ကြီးကို အခွင့်အရေးအဖြစ် မြင်ရသောအခါ လုံးဝ လက်လွတ်မခံနိုင်ပေ။

“အခု ရလာပြီဆိုတော့ ပြန်မှပဲ”

“အခုဆိုရင် သန့်စင်ခြင်းဂိုဏ်း၊ တန်ဟီဂိုဏ်းနဲ့ ရုံးတော်ဘက်ကလူတွေလည်း အစည်းအဝေးအတွက် ရောက်နေလောက်ပြီ”

ရှန်မို ဂိုဏ်းသို့ အမြန် ပြန်လာ၏။

ကျောက်စိမ်းဂိုဏ်း၊ လေ့ကျင့်ရေးကွင်း။

ခေါင်းဆောင်လီကျန်ထောင်း၊ ရှန်မိုနှင့် အကြီးအကဲများ တိတ်ဆိတ်စွာရပ်ရင်း ဧည့်သည်များကို စောင့်နေသည်။

တပည့်များ၊ အလုပ်သမားများလည်း အပြင်ဘက်မှ စိတ်ဝင်တစား လှမ်းကြည့်နေကြ၏။

“သန့်စင်ခြင်းဂိုဏ်း၊ တန်ဟီဂိုဏ်းနဲ့ ရုံးတော်ကလူတွေ ဒီကို လာကြမှာတဲ့”

“ဘာလို့လဲ… ငါတို့နဲ့ ရန်သူတွေ မဟုတ်ဘူးလား”

“ရန်ငြှိုး ဘယ်လောက်ကြီးကြီး နတ်ဆိုးတွေကို ရင်ဆိုင်ဖို့ သေချာပေါက် ပူးပေါင်းရတော့မယ်လေ”

“ဟုတ်တယ်… ခေါင်းဆောင်တို့က စိတ်ထိန်းနိုင်လို့… ငါသာဆို ရုံးတော်ကို လုံးဝ ခွင့်မလွှတ်ဘူး”

“ဟိုမှာ လာကြပြီ”

ကောင်းကင်ယံတွင် လှိုင်းထ၍ သင်္ဘောကြီးတစ်စင်း ဝဲပျံလာသည်ကို တွေ့ရ၏။

“အဲ့ဒါ သံသင်္ဘောပျံဆိုတာလား… ဘယ်လောက် ကြီးကျယ်တယ်ဆိုပြီး ကြားပဲကြားဖူးတာ… အခုမှ တွေ့ရတော့တယ်”

“တန်ဟီဂိုဏ်းမှာလည်း ပုံစံတူ ရှိတယ်ကြားတယ်… ငါတို့မှာပဲ မရှိတာ”

“နောက်တော့ သေချာပေါက်ရှိလာမှာပါကွာ”

တပည့်များ အားကျစွာ ပြောဆိုနေကြသည်။

ရှန်မိုနှင့် လီကျန်ထောင်းမှာ အမူအရာအေးစက်စက်ဖြင့်သာ ရပ်နေသည်။ အကြီးအကဲချုပ်မှလည်း နှာခေါင်းရှုံ့၏။

သန့်စင်ခြင်းဂိုဏ်းမှာ ဆွေးနွေးသည့်အခါ ပိုပေါက်ရောက်ရန် ထိုသို့ တမင်လာခြင်း ဖြစ်သည်။

ဝှစ် ဝှစ် ဝှစ်။

လူအချို့ဆင်းလာပြီး ရယ်သံတစ်ခုကို အရင်ဆုံး ကြားရ၏။

“ဟားဟား ခေါင်းဆောင်လီရေ မတွေ့တာ ကြာပြီနော်… နှစ် (၃၀၀) တောင် ရှိပြီထင်တယ်… ဝမ်းသာတယ်ဗျာ ဝမ်းသာတယ်”

“နောက်ဆုံးတစ်ခေါက် တွေ့တုန်းက အရင်ခေါင်းဆောင်ဘေးက ဂျူနီယာအဆင့်ပဲ ရှိသေးတယ်နော်… အခုတော့ ကိုယ်တိုင် ခေါင်းဆောင် ဖြစ်နေပြီပဲ”

မိုလင်းရှောင်မှ အဆက်မပြတ် ဆို၏။

သူ့ပုံစံမှာ ခန့်ညား၍ အရှိန်အဝါတစ်ခု ရှိနေသည််။

All Chapters