ကျေးလက်ရိုးရာ အစားအစာများ
Vol. 48 Ch. 779
နှစ်သစ်ကူးအကြိုညစာစားပွဲ ပြီးဆုံးသွားသောအခါ နှစ်သစ်ကူး ရောက်ရှိလာပြီဖြစ်သည်။
ကလေးများသည် အန်ပေါင်းအများအပြား ရရှိကြသည်။ အိမ်ရှိလူကြီးတိုင်းက အန်ပေါင်းတစ်အိတ်စီ ပေးကြသလို ရွာသားများကလည်း တွေ့လျှင် အန်ပေါင်းပေးကြသည်။ ငွေပမာဏ မည်မျှပင်ရှိစေကာမူ အားလုံးသည် စေတနာများသာဖြစ်သည်။
ရှောင်လဲ့ထုန်၊ ရှောင်လင်၊ ရို့ရို့နှင့် လုလုတို့သည် ရှောင်မိသားစု၏ စတုတ္ထမျိုးဆက်များ ဖြစ်ကြရာ အန်ပေါင်းများဖြင့် ဖုံးလွှမ်းသွားမတတ်ဖြစ်နေကြသည်။
ရှောင်လဲ့ထုန်သည် အန်ပေါင်းများကို ဖွင့်ကြည့်ပြီး ဝမ်းသာအားရ ပြောလိုက်သည်။ "ဝါး... ဒီနှစ် အန်ပေါင်းတွေ စုစုပေါင်း တစ်သိန်းကျော်တောင် ရတယ်။ ဟီး... ဒီနှစ် အန်ပေါင်း အများဆုံးနဲ့ အကြီးဆုံးပဲ"
အခြားကလေးများလည်း အန်ပေါင်းပမာဏ တူညီသလောက် ရရှိကြသည်။
ရှောင်လင်းယွီက အန်ပေါင်းအကြီးကြီး မပေးရန် တားမြစ်ထားခြင်းမရှိလျှင် ယခုအချိန်တွင် သူတို့ရရှိသော အန်ပေါင်းပမာဏသည် တစ်သိန်းကျော်မကဘဲ တစ်သန်းကျော်လောက် ရှိနေပေလိမ့်မည်။
အန်ပေါင်း အကြီးကြီးပေးခွင့်မရှိသော်လည်း လူကြီးများသည် ရှောင်လဲ့ထုန်ကို အလွန်ချစ်ခင်ကြသဖြင့် ပုံမှန်ထက် ပိုမိုများပြားသော ပမာဏကို ထည့်ပေးထားကြသည်။
တစ်ယောက်လျှင် အနည်းဆုံး ထောင်ဂဏန်းအထက် ပေးကြသည်။
ရွာသားများနှင့် ဆွေမျိုးမိတ်ဆွေများကပေးသော အန်ပေါင်းများပင် အနည်းဆုံး ၃၀၀၊ ၅၀၀ ရှိသည်။
အားလုံးပေါင်းလိုက်လျှင် တစ်သိန်းကျော်မှာ သေချာပေါက် ရရှိမည်ဖြစ်သည်။
သခင်ကြီးကုန်းသည် ရှောင်လဲ့ထုန်၏အခန်းသို့ တိတ်တဆိတ် ရောက်လာသည်။ "ထုန်ထုန်... ဘိုးဘိုးကြီး ဝင်လာလို့ရမလား"
"ရပါတယ် ဘိုးဘိုးကြီး" ရှောင်လဲ့ထုန်က ပြေးသွားပြီး တံခါးဖွင့်ပေးလိုက်သည်။ "ဘိုးဘိုးကြီး... ဝင်ပါ"
သခင်ကြီးကုန်းသည် ကလေးလေးယောက် အခန်းထဲတွင် ရှိနေသည်ကို တွေ့သောအခါ အန်ပေါင်းလေးအိတ် ထုတ်ယူလိုက်ပြီး တစ်ယောက်တစ်အိတ် ပေးလိုက်သည်။
ရှောင်လင်က အန်ပေါင်းကို ကိုင်ထားရင်း သံသယဖြင့် မေးလိုက်သည်။ "ဘိုးဘိုးကြီး... ဘိုးဘိုးကြီး အန်ပေါင်းပေးပြီးပြီ မဟုတ်လား"
"ရှူး..." သခင်ကြီးကုန်းက နှုတ်ခမ်းကို လက်ညှိုးတင်ပြီး ရှောင်လင်ကို တားမြစ်လိုက်သည်။ ထို့နောက် တိုးတိုးလေး ပြောလိုက်သည်။ "ဒါက ထုန်ထုန်မေမေ မသိအောင် ဘိုးဘိုးကြီးက သားတို့ကို သီးသန့်ပေးတဲ့ အန်ပေါင်းတွေလေ။ မိဘတွေကို ပြန်မပြောရဘူးနော်။ ကြားလား"
ကလေးလေးယောက် မျက်လုံးများ အရောင်လက်သွားပြီး ခေါင်းညိတ်လိုက်ကြသည်။ "ဟုတ်ကဲ့... သားတို့ သိပါတယ်"
သခင်ကြီးကုန်းသည် ကုတင်ပေါ်တွင် ပြန့်ကျဲနေသော အန်ပေါင်းများကို ကြည့်ပြီး ပြုံးလျက် ပြောလိုက်သည်။ "ကဲ... သားတို့ အန်ပေါင်းတွေ ဆက်ရေတွက်ကြဦး။ ဘိုးဘိုးကြီး သွားတော့မယ်"
သခင်ကြီးကုန်းသည် တိတ်တဆိတ် ထွက်ခွာသွားပြီး တံခါးကို ညင်သာစွာ ပိတ်ပေးခဲ့သည်။
သူ ထွက်သွားသည်နှင့် ကလေးများသည် ဝမ်းသာအားရ အော်ဟစ်လိုက်ကြသည်။ "ဝါး... ငါတို့ အန်ပေါင်း ထပ်ရပြန်ပြီ"
ကလေးတိုင်း ထိုသို့ပင် ဖြစ်မည်ထင်သည်။ နှစ်သစ်ကူးရောက်လျှင် အန်ပေါင်းရရှိခြင်း၊ အန်ပေါင်းဖွင့်ဖောက်ခြင်းနှင့် အထဲမှ ပိုက်ဆံများကို ကြည့်ရှုခြင်းသည် အပျော်ရွှင်ဆုံးအချိန်ဖြစ်သည်။
ကလေးလေးယောက်သည် အန်ပေါင်းများကို ဖွင့်ဖောက်လိုက်သောအခါ ရာတန်ငွေစက္ကူများစွာကို တွေ့လိုက်ရသဖြင့် ထုတ်ယူပြီး ရေတွက်ကြသည်။
"တစ်၊ နှစ်... ဆယ်၊ တစ်၊ နှစ်... ဆယ်..."
တစ်ပုံလျှင် ဆယ်ရွက်စီ၊ ခြောက်ပုံနှင့် အကြွေအနည်းငယ် ရှိသည်။
ရို့ရို့က ဝမ်းသာအားရ ပြောလိုက်သည်။ "ဟာ... ၆၆၆၆ တဲ့။ ပိုက်ဆံတွေ အများကြီးပဲ"
ဒီနှစ်ပိုင်းတွေမှာ သူတို့ ပိုက်ဆံအများကြီး မြင်ဖူးကြပေမယ့် ကိုယ်ပိုင်အန်ပေါင်းအနေနဲ့ ဒီလောက်အများကြီး ရတာ ပထမဆုံးအကြိမ်ပဲ။
လုလုသည် ပိုက်ဆံများကို ကြည့်ပြီး ပျော်ရွှင်နေသော်လည်း စိုးရိမ်စိတ်လည်း ရှိနေသည်။
လုလုက စိုးရိမ်တကြီး မေးလိုက်သည်။ "ထုန်ထုန်... ဒေါ်လေးက လူကြီးတွေကို အန်ပေါင်းအကြီးကြီး မပေးဖို့ ပြောထားတယ်လေ။ အခု ဘိုးဘိုးကြီးက ဒေါ်လေးမသိအောင် အန်ပေါင်းအကြီးကြီး လာပေးသွားတယ်။ ဒေါ်လေးသိသွားရင် စိတ်ဆိုးမလား"
ရို့ရို့၏ ပျော်ရွှင်နေသော မျက်နှာလေး ပျက်ယွင်းသွားပြီး လေးနက်စွာ ပြောလိုက်သည်။ "ဟုတ်တယ် ထုန်ထုန်။ ဘိုးဘိုးကြီးတို့က အန်ပေါင်းပေးပြီးသားပဲ။ အခု ထပ်ပေးတော့..."
ရို့ရို့ စကားမဆုံးမီ တံခါးခေါက်သံ ထပ်မံထွက်ပေါ်လာသည်။
ရှောင်လင် ပြေးသွားပြီး တံခါးဖွင့်လိုက်သောအခါ အဘိုးရှောင် ရပ်နေသည်ကို တွေ့လိုက်ရသည်။ "ဘိုးဘိုး"
"လင်အာ... လိမ္မာလိုက်တာ" အဘိုးရှောင်က ရှောင်လင်၏ ခေါင်းကို ပွတ်သပ်ပေးလိုက်ပြီး အခန်းထဲသို့ ခေါင်းပြူဝင်ကာ မေးလိုက်သည်။ "ထုန်ထုန်... ရို့ရို့... လုလု... ဘိုးဘိုး ဝင်လာလို့ရမလား"
"ရတာပေါ့" ကလေးသုံးယောက် ပြိုင်တူ ဖြေလိုက်ကြသည်။
အဘိုးရှောင် ဝင်လာပြီးနောက် ရှောင်လင်ကို ပြောလိုက်သည်။ "လင်အာ... ဝင်လာပြီး တံခါးပိတ်လိုက်" လေသံက လျှို့ဝှက်ချက်ရှိပုံ ပေါက်နေသည်။
ရှောင်လင် လိမ္မာစွာ တံခါးပိတ်လိုက်သည်။
ထို့နောက် ကလေးလေးယောက်သည် အဘိုးရှောင် အိတ်ကပ်ထဲမှ အန်ပေါင်းလေးလုံး ထုတ်ယူလိုက်သည်ကို တွေ့လိုက်ရသည်။
တစ်ယောက်တစ်လုံး ပေးပြီး ပြောလိုက်သည်။ "လာ... ဘိုးဘိုးက မြေးတို့ကို အန်ပေါင်းထပ်ပေးမယ်။ မေမေနဲ့ ဒေါ်လေး မသိစေနဲ့နော်။ ကြားလား"
"ဟုတ်ကဲ့... သားတို့ သိပါတယ်။ ကျေးဇူးပါ ဘိုးဘိုး" ကလေးလေးယောက် အန်ပေါင်းလက်ခံရယူလိုက်ပြီး မျက်နှာတွင် အပြုံးများ ဝေဆာနေသည်။
အဘိုးရှောင်သည် ကုတင်ပေါ်တွင် ပြန့်ကျဲနေသော အန်ပေါင်းများကို ကြည့်ပြီး ပြောလိုက်သည်။ "ကဲ... မြေးတို့ အန်ပေါင်းတွေ ဆက်ရေတွက်ကြဦး။ ဘိုးဘိုး သွားစရာရှိလို့ သွားလိုက်ဦးမယ်"
သူ ထွက်သွားသောအခါ ကလေးလေးယောက် ဝမ်းသာအားရ ခုန်ပေါက်လိုက်ကြပြန်သည်။ "ဟာ... အန်ပေါင်း ထပ်ရပြန်ပြီ"
သို့သော် သူတို့ အန်ပေါင်းရေတွက်လို့ မပြီးခင်မှာပင် လူကြီးများ တစ်ယောက်ပြီးတစ်ယောက် ရောက်လာပြီး အန်ပေါင်းများ တိတ်တဆိတ် လာပေးကြပြန်သည်။
နောက်ဆုံး ရှောင်လင်းယဲ့ ကလေးအခန်းသို့ ရောက်လာချိန်တွင်တော့ ရှောင်လင်းယွီ တွေ့သွားလေသည်။ ထို့နောက် ကလေးများ၏ ကုတင်ပေါ်တွင် အန်ပေါင်းများ တောင်ပုံရာပုံ ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ အချို့အန်ပေါင်းများသည် ထူထဲလွန်းသဖြင့် ပမာဏ မနည်းကြောင်း သိသာသည်။
သို့သော် သူမ ချက်ချင်း ဖွင့်မပြောသေးပေ။ ကလေးများ စိတ်မကောင်းဖြစ်မည် စိုးသောကြောင့် ဖြစ်သည်။
ရှောင်လင်းယွီက ပြုံးလျက် မေးလိုက်သည်။ "ထုန်ထုန်... ဦးလေးဆီက အန်ပေါင်းအပြင် ဘယ်သူတွေဆီက အန်ပေါင်းရသေးလဲ မေမေ့ကို ပြောပြပါဦး။ စိတ်မပူပါနဲ့... မေမေက သားတို့အန်ပေါင်းတွေကို သိမ်းမှာ မဟုတ်ပါဘူး။ ပမာဏ သိချင်ရုံပါ"
ရှောင်လဲ့ထုန် ကြားလိုက်ရသောအခါ အန်ပေါင်းများကို သိမ်းဆည်းခံရတော့မည်ဟု ရိပ်မိလိုက်သည်။
မေမေက သိမ်းမှာမဟုတ်ဘူးလို့ ပြောပေမယ့် သူတို့လက်ထဲမှာ ပိုက်ဆံအများကြီး ပေးထားမှာ မဟုတ်ဘူး။ သူတို့က ငယ်သေးတော့ ပိုက်ဆံသုံးတတ်သေးတာ မဟုတ်ဘူးလေ။
ရှောင်လဲ့ထုန် သက်ပြင်းချလိုက်ပြီး အန်ပေါင်းပုံထဲမှ ထူထဲသော အန်ပေါင်းများကို ရွေးထုတ်လိုက်သည်။ ထို့နောက် ရိုးသားစွာ ပြောလိုက်သည်။ "ဦးလေးက နောက်ဆုံးပဲ။ မေမေမိသွားတာ။ ဒီအန်ပေါင်းတွေက ကျန်တဲ့လူတွေ ထပ်ပေးသွားတာတွေ။ အင်း... ဒီမှာ အကုန်ပဲ"
ရှောင်လင်းယွီသည် မောင်ဖြစ်သူ ရှောင်လင်းယဲ့ကို မျက်စောင်းထိုးလိုက်သည်။ သူ့လုပ်ရပ်ကို သဘောမတူကြောင်း ပြသလိုက်ခြင်းဖြစ်သည်။
အမိခံလိုက်ရသော ရှောင်လင်းယဲ့ မျက်နှာရဲသွားပြီး အားနာသွားသည်။
အိမ်ရှိလူတိုင်း ဒီလိုအတွေးမျိုး ရှိနေကြမယ်လို့ သူ ထင်မထားခဲ့ဘူး။ သူတစ်ယောက်တည်း ထင်နေတာ။ ရလဒ်အနေဖြင့် သူ့ကြောင့် အမှန်တရား ပေါ်ပေါက်သွားခဲ့ရသည်။
ဒီလောက်ထူတဲ့ အန်ပေါင်းတွေကိုကြည့်ရင် အစ်မကြီးက သိမ်းမှာ သေချာတယ်။
တူ၊ တူမတွေကို ပိုက်ဆံဆုံးရှုံးအောင် လုပ်မိတဲ့အတွက် သူ တကယ် အားနာမိသည်။
ရှောင်လင်းယွီသည် ရိုးသားသော သားဖြစ်သူကို ကြည့်ပြီး မျက်ခုံးပင့်ကာ ပြုံးလျက် မေးလိုက်သည်။ "ဒီလောက်များတဲ့ အန်ပေါင်းတွေ၊ ဒီလောက်ထူတဲ့ အန်ပေါင်းတွေ... သား နှမြောလား"
ရှောင်လဲ့ထုန် မျက်နှာလေးကို ပွတ်သပ်လိုက်ပြီး ခေါင်းခါကာ ပြောလိုက်သည်။ "နှမြောတာပေါ့။ ဒါပေမဲ့ မေမေ မိသွားမှတော့ နှမြောနေလို့လည်း မရတော့ဘူးလေ"
ရှောင်လင်းယွီ သက်ပြင်းချလိုက်ပြီး မေးလိုက်သည်။ "ဒါဆို သား ဝမ်းနည်းလား"
ရှောင်လဲ့ထုန် ရိုးသားစွာ ခေါင်းညိတ်လိုက်သည်။ "အင်း... နည်းနည်းတော့ ဝမ်းနည်းပြီး နှမြောမိတယ်"
လူကြီးတွေတောင် ကိုယ်ရမယ်လို့ ထင်ထားတဲ့အရာတစ်ခု မရတော့ရင် ဝမ်းနည်းပြီး နှမြောကြသေးတာပဲ။
တကယ်တော့ ရှောင်လင်းယွီ၏ရည်ရွယ်ချက်မှာ အန်ပေါင်းများကို သိမ်းယူရန် မဟုတ်ဘဲ ပညာပေးရန်သာဖြစ်သည်။
ဒီအန်ပေါင်းတွေက ပြောရရင် ပိုက်ဆံတွေပဲလေ။
ဒါပေမဲ့ ဒီကလေးတွေထဲမှာ အကြီးဆုံးက ၈ နှစ်၊ ၉ နှစ်ပဲ ရှိသေးတယ်။ ပိုက်ဆံတန်ဖိုးကို နားမလည်ကြသေးဘူး။ လက်ထဲမှာ ပိုက်ဆံအများကြီး ရှိနေရင် သုံးချင်သလို သုံးကြမှာ။ အဲဒီလိုဆိုရင် ဖြုန်းတီးတတ်တဲ့ အကျင့်ဆိုး စွဲသွားလိမ့်မယ်။
ဒါက မကောင်းတဲ့ အကျင့်တစ်ခုမို့လို့ ရှောင်လင်းယွီက တားဆီးချင်တာ။
ရှောင်လင်းယွီက အဓိကအားဖြင့် ဆုံးမစကား ပြောချင်တာပင်။
ရှောင်လင်းယွီ သက်ပြင်းချလိုက်ပြီး ပြောလိုက်သည်။ "သား... တကယ်တော့ မေမေက သားတို့ရဲ့ အန်ပေါင်းတွေကို သိမ်းချင်တာ မဟုတ်ပါဘူး။ မေမေ့သဘောကတော့ ဒီပိုက်ဆံတွေကို စုထားလိုက်ရင် မကောင်းဘူးလား။ သားတို့ ကြီးလာလို့ ကျောင်းတက်ရမယ်၊ ပစ္စည်းဝယ်ရမယ်ဆိုမှ ထုတ်သုံးရင် ပိုမကောင်းဘူးလား။ ကြည့်ပါဦး... သားတို့လက်ထဲမှာ ပိုက်ဆံတွေ အများကြီးပဲ။ ဘယ်မှာ ထားမလဲ"
ရှောင်လဲ့ထုန် မျက်လုံးများ အရောင်လက်သွားပြီး စိတ်လှုပ်ရှားစွာ မေးလိုက်သည်။ "စုထားမယ် ဟုတ်လား။ မေမေ့သဘောက ဒီပိုက်ဆံတွေကို သားတို့အတွက် စုပေးထားမယ်လို့ ပြောတာလား။ သိမ်းလိုက်တာ မဟုတ်ဘူးပေါ့"
ရှောင်လင်းယွီက သူ့ခေါင်းလေးကို ပွတ်သပ်ပေးပြီး ရယ်မောကာ ပြောလိုက်သည်။ "ဒီအန်ပေါင်းတွေက မိသားစုဝင်တွေက သားတို့ကို ပေးထားတာလေ။ သားတို့ရဲ့ အပိုင်တွေပဲ။ မေမေက သားတို့ပိုက်ဆံတွေကို သိမ်းယူခွင့် မရှိပါဘူး။ ဒါပေမဲ့ သားတို့က ငယ်သေးတယ်။ ပိုက်ဆံကလည်း များလွန်းတယ်။ သားတို့က လက်ဖွာပြီး သုံးချင်သလို သုံးမိမှာ၊ ဘယ်နေရာမှာ သုံးလိုက်မှန်းမသိ ဖြစ်ကုန်မှာကို မေမေ စိုးရိမ်တယ်။ ဒါကြောင့် မေမေက နေရာတစ်ခုရှာပြီး သားတို့ပိုက်ဆံတွေကို ခနသိမ်းဆည်းပေးထားမလို့ပါ။ သားတို့ကြီးလာလို့ ကိုယ့်ပိုက်ဆံကိုယ် စီမံခန့်ခွဲနိုင်တဲ့ အရည်အချင်း ရှိလာတဲ့အခါကျရင် မေမေက ဘာမှဝင်မစွက်ဖက်တော့ပါဘူး"
ရို့ရို့နှင့် လုလုတို့ ကြားလိုက်ရသောအခါ အန်ပေါင်းအကြီးကြီးများကို ရှောင်လင်းယွီထံ ပေးအပ်လိုက်ပြီး လိမ္မာစွာ ပြောလိုက်သည်။ "ဒေါ်လေး... သမီးတို့ပိုက်ဆံတွေကို သိမ်းပေးထားပါနော်"
သူမတို့သည် သူများလက်ထဲက ပိုက်ဆံတစ်ယွမ်လောက်ကို မျှော်ငေးပြီး မုန့်ဝယ်စားချင်ခဲ့သော ကလေးမလေးတွေ မဟုတ်တော့ပေ။
သူမတို့ကို နှစ်ပေါင်းများစွာ ကောင်းမွန်စွာ ပြုစုပျိုးထောင်ခဲ့သည်။ စားစရာ၊ ဝတ်စရာ၊ နေစရာ ဘာမှမလိုလေအောင် ထားခဲ့သည်။ လှပသော အဝတ်အစားများ၊ စားကောင်းသော မုန့်များ အိမ်မှာ အပြည့်ရှိသည်။ ပုံမှန်ဆိုလျှင် လက်ထဲတွင် မုန့်ဖိုးအနည်းငယ်ရှိတတ်ပြီး မုန့်ဝယ်စားနိုင်သည်။
တကယ်တော့ သူမတို့သည် လက်ထဲရှိ ငွေသားပမာဏကို နားမလည်ကြပေ။ အများကြီး ရှိမှန်းသာ သိသည်။ ပစ္စည်းအများကြီး ဝယ်လို့ရမှန်းသာ သိသည်။ သို့သော် ဘယ်လောက်ဝယ်ရမလဲ၊ ဘယ်လိုသုံးရမလဲ ဆိုတာကိုတော့ မသိကြပေ။ ထို့ကြောင့် သူမတို့သည် ဒေါ်လေးဖြစ်သူကို သိမ်းဆည်းခိုင်းခြင်းက ပိုကောင်းသည်ဟု ယူဆကြသည်။
နောက်ပိုင်းတွင် ရှောင်လင်းယွီသည် ကလေးလေးယောက်နာမည်ဖြင့် ဘဏ်စာရင်းဖွင့်ပြီး ပိုက်ဆံများကို အပ်နှံပေးလိုက်သည်။ ပုံသေအပ်ငွေစာရင်း ဖွင့်ပေးလိုက်ခြင်း ဖြစ်သည်။ တစ်နှစ်တစ်ခါ အတိုးနှင့်အရင်းပေါင်းပြီး ပြန်အပ်ပေးမည်ဖြစ်သည်။
ကလေးလေးယောက်၏ အန်ပေါင်းပမာဏ များပြားသဖြင့် ဘဏ်က ဝမ်းသာအားရ လက်ဆောင်ပစ္စည်းများ ပေးလိုက်သည်။
ကလေးများသည် လက်ဆောင်ပစ္စည်းများကို ကိုင်ပြီး ပျော်ရွှင်စွာ ဆော့ကစားကြလေသည်။
အန်ပေါင်းကိစ္စကို ရှောင်လင်းယွီ ဆက်မပြောတော့ပေ။
သို့သော် အခြားသူများလည်း သူတို့၏အမှားကို သိရှိသွားကြသည်။ ကလေးကို ချစ်တာ ဒီလိုနည်းနဲ့ ချစ်လို့မရဘူးဆိုတာ နားလည်သွားကြသည်။ အန်ပေါင်းအများကြီးပေးခြင်းက ကလေးများတွင် ယှဉ်ပြိုင်လိုစိတ်နှင့် အပေါ်ယံကြွားဝါလိုစိတ်များ ဖြစ်ပေါ်စေနိုင်သည်။ ဒါက ကလေးတွေရဲ့ ကြီးထွားမှုနဲ့ စိတ်ဓာတ်ရေးရာအပေါ် ထိခိုက်စေနိုင်တယ်။
တကယ်တော့ နှစ်သစ်ကူး အန်ပေါင်းပေးတယ်ဆိုတာ ပျော်ရွှင်ဖို့အတွက်ပဲ။ ကလေးတွေက များတာနည်းတာကို ဂရုမစိုက်ပါဘူး။ ရတာမရတာကိုပဲ ဂရုစိုက်ကြတာပါ။
....
နှစ်သစ်ကူး ပြီးသွားသောအခါ နှစ်ကူးပြီးပထမနေ့ ရောက်ရှိလာသည်။
ထောင်ယွမ်ရွာ၏ ဓလေ့ထုံးစံအရ နှစ်ကူးပြီးပထမနေ့တွင် ဆွေမျိုးမိတ်ဆွေများထံ အလည်မသွားရပေ။ ဒုတိယနေ့ကျမှသာ အလည်သွားရသည်။
နှစ်ကူးပြီးပထမနေ့တွင် ရှောင်မိသားစုသည်လည်း အလည်မသွားကြပေ။ မိသားစုဝင်များ စုဝေးပြီး စကားပြောခြင်း၊ ဖဲရိုက်ခြင်း၊ မာကျောက်ကစားခြင်းများ ပြုလုပ်ကြသည်။ သို့မဟုတ် ရွာထိပ်ရှိ ကွင်းပြင်သို့သွားရောက်ပြီး ရွာသားများနှင့် စကားပြောခြင်း၊ ဖဲရိုက်ခြင်းများ ပြုလုပ်ကြသည်။
ကလေးများကလွဲ၍ ရှောင်မိသားစုဝင် အများစုသည် အပြင်မထွက်ကြပေ။ သိုလှောင်ခန်းထဲမှ မဂျောင်စားပွဲကို ထုတ်ယူပြီး ခြံဝန်းထဲတွင် ချကာ မာကျောက်ကစားလိုသူများက မာကျောက်ကစား၊ ဖဲရိုက်လိုသူများက ဖဲရိုက်ကြသည်။
ခြံဝန်းထဲတွင် ရုတ်တရက် စည်ကားသွားသည်။
ကုန်းထျန်းဟောက်သည် အဘိုးရှောင်၊ သခင်ကြီးကုန်းနှင့် အဘွားရှောင်တို့နှင့်အတူ မာကျောက်ကစားပေးသည်။
မတတ်နိုင်ဘူးလေ... ဖဲရိုက်တာနဲ့ယှဉ်ရင် လူကြီးသုံးယောက်က မာကျောက်ကစားတာကို ပိုကြိုက်ကြတာကိုး။
ဖေဖေရှောင် ညီအစ်ကိုလေးယောက်က ဖဲဝိုင်းဖွဲ့လိုက်ကြတော့ ကုန်းထျန်းဟောက်က လူကြီးသုံးယောက်ကို အဖော်ပြုပေးရတဲ့ တာဝန်ယူလိုက်ရတာပေါ့။
တစ်နှစ်ပတ်လုံး အလုပ်များနေကြတော့ ပုံမှန်ဆိုရင် ကျေးလက်ရိုးရာ မုန့်လုပ်စားဖို့ အချိန်မရှိကြဘူး။
အခု လူစုံတက်စုံ ရှိနေတုန်း မေမေရှောင်က မနေ့ညကတည်းက ဆန် အချိန် ၃၀ ရေစိမ်ထားလိုက်တယ်။
ဆန်အများကြီး ရေစိမ်ထားတာ ဘာလုပ်ဖို့လဲ။
ဟင်း... ထောင်ယွမ်ရွာရဲ့ ရိုးရာမုန့်တစ်မျိုး လုပ်ဖို့လေ။ တစ်မျိုးက မီကော်၊ နောက်တစ်မျိုးက ဖန်ပီ။ ဖန်ပီက ကွမ်တုန်းဒေသက ချွမ်းဖန်းနဲ့ တူပေမယ့် နည်းနည်း ပိုထူတယ်။ မုန့်နှစ်မျိုးစလုံး အစာသွတ်ပြီး စားလို့ရတယ်။
မီကော်နဲ့ ဖန်ပီကို ဆန်နှစ်နဲ့ လုပ်တာ။ ဆန်နဲ့လုပ်တဲ့ ရိုးရာမုန့်တွေပေါ့။
ဆန်ကို အနည်းဆုံး ၆ နာရီလောက် ရေစိမ်ထားပြီး ရေစစ်ထားရတယ်။
ပြီးတော့ ပြာရည် ပြင်ဆင်ရတယ်။ ကျေးလက်မှာတော့ ကောက်ရိုးခြောက်၊ လိမ္မော်ကိုင်းခြောက်တွေကို မီးရှို့ပြီး ပြာချရတယ်။
ပြီးတော့ အဝတ်စတစ်စရှာပြီး ပြာတွေကို ထုပ်၊ ရေနွေးအိုးထဲထည့်ပြုတ်၊ ပြီးရင် အဝတ်ထုပ်ကို ဆယ်ထုတ်ပြီး ပြာရည်ကို နောက်တစ်ခါ စစ်ယူရတယ်။
ပြာရည်တစ်ဆ၊ ဆန်တစ်ဆအချိုးကျရောပြီး ဟင်းရွက်စိမ်း (သို့) ကြက်သွန်မိတ်ထည့်ကာ အစိမ်းရောင် ဆန်နှစ်ရည် ကြိတ်ရတယ်။
ဒါပေမဲ့ မီကော်လုပ်တဲ့ ဆန်နှစ်နဲ့ ဖန်ပီလုပ်တဲ့ ဆန်နှစ်က နည်းနည်း ကွာခြားတယ်။
မီကော်လုပ်တဲ့ ဆန်နှစ်က မီကော်မလုပ်ခင် ထုံးရည်ကြည် နည်းနည်းထည့်ရတယ်။ ဒါမှ မီကော်က ပိုပြီး ခဲသွားမှာ။ ထုံးကို အခဲဓာတ်အဖြစ် သုံးတာပေါ့။
ဆန်နှစ်ကြိတ်ပြီးရင် ဒယ်အိုးထဲထည့်ပြီး ချက်ရတယ်။ အစပိုင်းမှာ မီးပြင်းပြင်းနဲ့ချက်၊ ဆန်နှစ်ပွက်လာရင် မီးအေးအေးနဲ့ ဆက်ချက်ရတယ်။
ချက်နေရင်း ဂေါ်ပြားနဲ့ အဆက်မပြတ် မွှေပေးရတယ်။ မမွှေရင် အိုးကပ်ပြီး ဂျိုးဖြစ်သွားမှာ။
မွှေနေရင်း ဆန်နှစ်က တဖြည်းဖြည်း ခဲလာပြီး ကျက်လာမယ်။
ကျက်သွားပြီး အလုံးလိုက်ဖြစ်လာကာ လက်မကပ်တော့တဲ့အထိ ချက်ပြီးရင် အိုးထဲက ဆယ်ထုတ်ပြီး ဆီသုတ်ထားတဲ့ စားပွဲပေါ် တင်ရတယ်။ စားပွဲပေါ် ဆီမသုတ်ရင် ကပ်ကုန်မှာ။
မွှေရတဲ့လုပ်ငန်းစဉ်က အင်အားသုံးရတာမို့လို့ ဒီတာဝန်ကို လူငယ်လူရွယ်ဖြစ်တဲ့ ရှောင်လင်းယဲ့ကို ပေးလိုက်တယ်။
ဆန်နှစ်ချက်နေတုန်း အမျိုးသမီးတွေက အစာသွတ်ဖို့ ပြင်ဆင်နေကြတယ်။ မုန်လာဥဝက်သား၊ ခရမ်းသီးဝက်သား၊ အချဉ်ရွက်၊ ဆိတ်သား၊ အမဲသား၊ ပြီးတော့ ငရုတ်သီးနဲ့ကြော်ထားတဲ့ မုန်လာဥခြောက် အစာသွတ်တွေပေါ့။
ကျက်သွားတဲ့ ဆန်နှစ်ကို ဖန်ထွမ် (မုန့်နှစ်လုံး) လို့ ခေါ်တယ်။ ဖန်ထွမ်ကို သမအောင် နယ်ပြီးရင် အတုံးသေးသေးလေးတွေ ဖဲ့ထုတ်၊ အလုံးလိုက်လုပ်၊ ကိရိယာနဲ့ ဖိပြီး အပြားချပ်လေးတွေ လုပ်ရတယ်။ ဖက်ထုပ်ရွက်လိုမျိုးပေါ့။ ဒါပေမဲ့ အရမ်းမပါးစေရဘူး။ မဟုတ်ရင် အစာပေါက်ထွက်ကုန်မယ်။ ပြီးရင် အစာသွတ်ထည့်ပြီး ပုံစံမျိုးစုံ ထုပ်လို့ရတယ်။ လခြမ်းပုံ၊ ပေါက်စီပုံ၊ တြိဂံပုံ စသဖြင့်ပေါ့။
အစာသွတ်ပြီးရင် ပေါင်းအိုးထဲထည့်၊ ရေဆူအောင်တည်၊ မီးပြင်းပြင်းနဲ့ ၁၅ မိနစ်ကနေ မိနစ် ၂၀ လောက် ပေါင်းလိုက်ရင် ကျက်ပြီ။ စားလို့ရပြီ။
စားပွဲပေါ်မှာ တင်ထားတဲ့ မီကော်တွေက စိမ်းစိုပြောင်လက်နေပြီး ပူပူနွေးနွေး မွှေးကြိုင်နေတာကြောင့် စားချင်စဖွယ် ကောင်းလှတယ်။
ဖန်ပီလုပ်နည်းကတော့ မီကော်ထက် နည်းနည်း ပိုလွယ်တယ်။
ဖန်ပီလုပ်ရင် ထုံးရည်ကြည် ထည့်စရာမလိုဘူး။ ဆန်နှစ်ကြိတ်ပြီးရင် ကျေးလက်သုံး ယောက်ချိုကြီးနဲ့ တစ်ဇွန်း၊ နှစ်ဇွန်းလောက်ခပ်ပြီး ဝါးနှီးနဲ့ရက်လုပ်ထားတဲ့ လင်ပန်းဝိုင်းလေးပေါ် ထည့်၊ ပြီးရင် ရေနွေးအိုးထဲ တိုက်ရိုက်ထည့်ပြီး ပြုတ်ရတယ်။ ဟုတ်တယ်... ပြုတ်တာ။ မီးပြင်းပြင်းနဲ့ ပြုတ်ရတယ်။ ပွက်ပွက်ဆူလာရင် ကျက်ပြီ။ ဆယ်ယူလို့ရပြီ။
ပြီးရင် တူနဲ့ လေးစိတ်ထိုးခွဲ၊ ပြန်လှန်၊ အစာသွတ်ထည့်ပြီး တန်းစားလို့ရပြီ။
ရှောင်လင်းယွဲ့က လတ်လတ်ဆတ်ဆတ် ကျက်လာတဲ့ အစာသွတ်ဖန်ပီ နှစ်ပန်းကန်ကို ကိုင်ပြီး အော်ခေါ်လိုက်တယ်။ "ဖန်ပီ စားမယ်ဟေ့"
ဖန်ပီက အရင်ကျက်တာ။ မီကော်က လုပ်ရတာ လက်ဝင်တော့ နောက်မှ ကျက်မှာ။
ကုန်းထျန်းဟောက် ဖန်ပီကျက်ပြီဆိုတာ ကြားတော့ မျက်လုံးတွေ အရောင်လက်သွားသည်။
သူက သတိထားပြီး "အဘိုး... အဘွား... မာကျောက်ကစားနေတာ မနက်ခင်းတစ်ပိုင်း ရှိနေပြီ။ ဗိုက်ဆာနေလောက်ပြီ။ ဖန်ပီ အရင်စားပြီးမှ ဆက်ကစားကြမလား"
စားပြီးရင် သူ လစ်ပြေးတော့မယ်။
အဘိုးနဲ့ အဘွားတို့ရဲ့ မာကျောက်ကစားတဲ့ အရည်အချင်းကို သူ တကယ် လက်ဖျားခါမိသည်။
သူက မသိမသာ အလျော့ပေးရသလို ကိုယ်တိုင်လည်း အရမ်းရှက်စရာကောင်းအောင် မရှုံးဖို့ ကြိုးစားရသေးတယ်။ ပြီးတော့ နိုင်ဖို့လည်း လုံးဝ မစဉ်းစားရဲဘူး။ ဒီလို မာကျောက်ကစားရတာ သူ့အတွက် ရင်တမမ ဖြစ်ရတယ်။ ညနေကျရင် ရှောင်လင်းယဲ့ကိုပဲ ပေးကစားခိုင်းလိုက်တော့မယ်။
ဒါပေမဲ့ သူက ဒီကျေးလက်ရိုးရာ မုန့်တွေကို တကယ် ကြိုက်တယ်။ ဖန်ပီ၊ မီကော်၊ ဆီကြော်မီကော် စတာတွေပေါ့။ ဒါတွေက သဘာဝပစ္စည်းစစ်စစ်တွေနဲ့ လုပ်ထားတာဆိုတော့ မွှေးပြီး စားကောင်းသည်။
သူ့အထင်တော့ ဖက်ထုပ်ထက်တောင် ပိုစားကောင်းသေးသည်။ အထူးသဖြင့် မုန်လာဥခြောက် ငရုတ်သီးကြော် အစာသွတ်ထားတာကို သူ အကြိုက်ဆုံးပဲ။ မွှေးမွှေးစပ်စပ်လေးနဲ့ အရမ်းစားကောင်းသည်။
"ဒီဖန်ပီတွေက တကယ် စားကောင်းတာပဲ" အားလုံး စားပြီးကြတော့ ဝိုင်းချီးကျူးကြလေသည်။
လွန်ခဲ့တဲ့ နှစ်အနည်းငယ်တုန်းကတော့ သူတို့ မကြာခဏ စားဖြစ်ကြသည်။ လယ်ထဲဆင်းလုပ်ရတဲ့ တောင်သူတွေဆိုတော့ မိုးရွာရင် အလုပ်မလုပ်ရဘဲ အိမ်မှာ နားနေရတာကိုး။
မိန်းမတွေ အားနေရင် မုန့်လုပ်စားတတ်ကြသည်။
ဒီနှစ်ပိုင်းတွေမှာတော့ အလုပ်တွေများလာလို့ ပုံမှန်အချိန်ဆို လုပ်စားဖို့ အချိန်မရှိတော့ဘူး။ အခုလို နှစ်ကူးပြီးပထမနေ့လောက်မှပဲ လုပ်စားနိုင်တော့သည်။
ရှောင်လင်းယွီက ကုန်းထျန်းဟောက် ပန်းကန်ကိုင်ပြီး အားရပါးရ စားနေတာကို ကြည့်ပြီး မေးလိုက်လေသည်။ "ထျန်းဟောက်... ရှင် ဒီဖန်ပီတွေကို အရမ်းကြိုက်တာလား"
ကုန်းထျန်းဟောက် ခေါင်းညိတ်လိုက်ကာ "အင်း... ကြိုက်တယ်။ မွှေးပြီး စားကောင်းတယ်"
ရှောင်လင်းယွီ ကြားလိုက်ရတော့ ပြုံးလိုက်မိသည်။
အပြုံးက တောက်ပပြီး ပျော်ရွှင်မှုတွေ ပြည့်နှက်နေလေသည်။
***