← Chapters

အကုန်ထွက်သွားကြပြီ

Vol. 48 Ch. 786

အကုန်ထွက်သွားကြပြီ

Vol. 48 Ch. 786

ကွမ်တုန်းပြည်နယ်၊ ဖီးနစ်အပန်းဖြေစခန်း အထွေထွေမန်နေဂျာရုံးခန်း။

အသက် ၄၀ ကျော်၊ ကိုယ်လုံးကိုယ်ထည် သင့်တင့်သော အမျိုးသားတစ်ဦးသည် လက်အောက်ငယ်သား၏အစီရင်ခံစာကို နားထောင်ရင်း မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။ "မင်း ဘာပြောလိုက်တယ်။ မမဟွာနဲ့ ဝမ်ဝူ အဖမ်းခံလိုက်ရတယ် ဟုတ်လား"

လက်အောက်ငယ်သားက ပြန်ဖြေလိုက်သည်။ "ရှင်းအန်းမြို့နယ် ရဲစခန်းက ဖုန်းဆက်လာတာပါ။ အဲဒီလိုပဲ ပြောပါတယ်"

"ရှင်းအန်းမြို့နယ် ဟုတ်လား" မန်နေဂျာကျန်းက မည်သည့်နေရာမှန်း ချက်ချင်း မသိလိုက်ပေ။

လက်အောက်ငယ်သားက သတိပေးလိုက်သည်။ "ထောင်ယွမ်ရွာက ရှင်းအန်းမြို့နယ်အပိုင်ပါ"

မန်နေဂျာကျန်း သဘောပေါက်သွားပြီး မျက်နှာထား မည်းမှောင်သွားသည်။ ဒေါသတကြီး အော်ဟစ်လိုက်သည်။ "အသုံးမကျတဲ့ကောင်တွေ၊ ဒီလောက်ကိစ္စလေးတောင် ကောင်းကောင်း မလုပ်နိုင်ကြဘူး"

လက်အောက်ငယ်သားက တွန့်ဆုတ်စွာ မေးလိုက်သည်။ "မန်နေဂျာကျန်း၊ အခု ကျွန်တော်တို့ ဘယ်လိုလုပ်မလဲ။ ရှင်းအန်းမြို့နယ် ရဲစခန်းက ဖုန်းဆက်လာတာက ကျွန်တော်တို့ကို လူကိုယ်တိုင် လာထုတ်ခိုင်းတဲ့သဘောပါ"

"လူထုတ်မယ် ဟုတ်လား" မန်နေဂျာကျန်း ဒေါသတကြီး အော်ဟစ်လိုက်သည်။ "အိပ်မက်မက်နေလိုက်။ အသုံးမကျတဲ့ကောင်တွေ၊ အချုပ်ခန်းထဲမှာပဲ ကောင်းကောင်းနေခိုင်းလိုက်။"

သူ့ကို ပိုဒေါသထွက်စေသည်မှာ အစီအစဉ်မအောင်မြင်သည်သာမက သူတို့ကိုပါ ဖော်ကောင်လုပ်လိုက်ခြင်းပင်။ ဒီသတင်း အွန်လိုင်းမှာ ပျံ့သွားရင် ဖီးနစ်အပန်းဖြေစခန်း နာမည်ပျက်တော့မှာ။

သူတို့က မရိုးသားတဲ့နည်းလမ်းနဲ့ ထောင်ယွမ်ရွာကို ဒုက္ခပေးဖို့ ကြိုးစားခဲ့တာကိုး။

လက်အောက်ငယ်သားက ထပ်မေးလိုက်သည်။ "မန်နေဂျာကျန်း၊ အခု ကျွန်တော်တို့ ဘယ်လိုလုပ်ကြမလဲ"

မန်နေဂျာကျန်း စဉ်းစားပြီး ပြောလိုက်သည်။ "အွန်လိုင်းမှာ သတင်းတွေကို စောင့်ကြည့်နေလိုက်။ ဒီသတင်းမျိုး လုံးဝ မထွက်စေနဲ့။ တကယ်လို့ ထွက်လာခဲ့ရင် ချက်ချင်း ပိတ်ပင်လိုက်"

"ဟုတ်ကဲ့ မန်နေဂျာကျန်း" လက်အောက်ငယ်သား ခေါင်းညိတ်လိုက်သည်။

သို့သော် တစ်နာရီမပြည့်မီမှာပင် လက်အောက်ငယ်သားသည် ကမူးရှူးထိုး ပြေးဝင်လာပြီး စိုးရိမ်တကြီး အော်ဟစ်လိုက်သည်။ "မန်နေဂျာကျန်း၊ ပြဿနာတက်ပြီ။ အွန်လိုင်းမှာ ဖီးနစ်အပန်းဖြေစခန်းက လူငှားပြီး ထောင်ယွမ်ရွာကို ဒုက္ခပေးတဲ့သတင်းတွေ ပလူပျံနေပြီ"

မန်နေဂျာကျန်း ဒေါသထွက်သွားသည်။ "ငါ မင်းတို့ကို စောင့်ကြည့်ပြီး ပိတ်ပင်ဖို့ ပြောထားတယ် မဟုတ်လား"

လက်အောက်ငယ်သားက ချွေးသုတ်လိုက်ပြီး စိုးရိမ်တကြီး ရှင်းပြလိုက်သည်။ "ဒါပေမဲ့ မန်နေဂျာကျန်း၊ ကျွန်တော်တို့လူတွေက သတင်းပြန့်နှံ့တာကို တားလို့မရဘူး။ ပိတ်ပင်လို့လည်း မရဘူး"

"နည်းပညာဌာနက လူတွေ ဘာလုပ်နေကြတာလဲ။ ချီးစားနေကြတာလား။ ဒီလောက်ကိစ္စလေးတောင် မလုပ်တတ်ဘူးလား" မန်နေဂျာကျန်း ဒေါသတကြီး အော်ဟစ်လိုက်သည်။

လက်အောက်ငယ်သားက ရှင်းပြလိုက်သည်။ "နည်းပညာဌာနက လူတွေ ပြောတာတော့ တစ်ဖက်မှာ သူတို့ကို တားဆီးနေတဲ့ အဖွဲ့တစ်ဖွဲ့ ရှိပုံရတယ်တဲ့။ ပြီးတော့ အဲဒီအဖွဲ့ရဲ့ နည်းပညာက သူတို့ထက် ပိုမြင့်တယ်တဲ့"

မဟုတ်ရင် တစ်နာရီအတွင်း အွန်လိုင်းမှာ သတင်းတွေ ပျံ့နှံ့သွားစရာ အကြောင်းမရှိဘူး။

မန်နေဂျာကျန်း မျက်နှာပျက်သွားသည်။ ဒေါသတကြီး အော်ဟစ်လိုက်သည်။ "အသုံးမကျတဲ့ အမှိုက်ကောင်တွေ၊ ပုံမှန်ဆိုရင် ကိုယ့်ကိုယ်ကိုယ် ပါရမီရှင်တွေလို့ ပြောနေကြပြီး အရေးကြီးတဲ့အချိန်ကျမှ ဘာမှမလုပ်တတ်ကြဘူး"

ထို့နောက် သူက အမိန့်ပေးလိုက်သည်။ "သွား၊ နည်းပညာဌာနက လူတွေကို ပြောလိုက်။ သတင်းပြန့်နှံ့တာကို မတားဆီးနိုင်ရင် အိမ်ပြန်ပြီး ထမင်းဟင်းပဲ ချက်စားနေကြတော့လို့"

"ဟုတ်ကဲ့ အခုပဲ သွားပြောလိုက်ပါ့မယ်" လက်အောက်ငယ်သား အပြေးထွက်သွားလေသည်။

လက်အောက်ငယ်သား ထွက်သွားပြီးနောက် မန်နေဂျာကျန်းသည် ဒေါသကို မထိန်းနိုင်တော့ဘဲ စားပွဲပေါ်မှ ပစ္စည်းများကို ကြမ်းပြင်ပေါ်သို့ ဆွဲချလိုက်ရာ ဖရိုဖရဲ ဖြစ်ကုန်လေသည်။

သူ့အစီအစဉ်နဲ့ လုံးဝလွဲချော်သွားပြီ။ ဆန့်ကျင်ဘက်ရလဒ်တွေ ထွက်ပေါ်လာပြီ။

သူ့အစီအစဉ်က ထောင်ယွမ်ရွာ နာမည်ပျက်သွားအောင် လုပ်ဖို့လေ။

ထောင်ယွမ်ရွာ နာမည်ပျက်သွားရင် စီးပွားရေး ကျဆင်းသွားမှာ။

ထောင်ယွမ်ရွာရဲ့လွှမ်းမိုးမှုမရှိတော့ရင် ဖီးနစ်အပန်းဖြေစခန်း စီးပွားရေး ပြန်ကောင်းလာမှာ။

အခုတော့ ဖီးနစ်အပန်းဖြေစခန်းက နာမည်ပျက်သွားပြီ။

လွန်ခဲ့တဲ့ ၂ နှစ်၊ ၃ နှစ်အတွင်း ထောင်ယွမ်ရွာအပန်းဖြေစခန်း ပေါ်ပေါက်လာပြီး အွန်လိုင်းနည်းပညာနဲ့ နာမည်ကြီးလာတယ်။ တကယ့်ကို သာယာလှပတဲ့ ကျေးရွာလေး ဖြစ်လာတယ်။ ဧည့်သည်တွေ အပန်းဖြေစခန်း ရွေးချယ်တဲ့အခါ ထောင်ယွမ်ရွာကို ပထမဦးစားပေး ရွေးချယ်လာကြတယ်။

တစ်ချိန်က နိုင်ငံ့ဂုဏ်ဆောင် ဖီးနစ်အပန်းဖြေစခန်းအတွက် ထိခိုက်မှု အကြီးမားဆုံး ဖြစ်လာတယ်။

အထူးသဖြင့် သူ့ကို မနာလိုဝန်တိုဖြစ်စေတာက ထောင်ယွမ်ရွာမှာ ဧည့်သည်တွေ ပြည့်နှက်နေလို့ လူဦးရေကန့်သတ်ရတဲ့အထိဖြစ်နေချိန်မှာ ဖီးနစ်အပန်းဖြေစခန်းက ခြောက်ကပ်နေတာပါပဲ။ နှိုင်းယှဉ်လိုက်ရင် မနာလိုစိတ် ပိုကြီးထွားလာတယ်။

မနာလိုစိတ် ကြီးထွားလာရင် စိတ်ဓာတ်တွေ ယိုယွင်းလာတတ်တယ်။

ဒါကြောင့် ဖီးနစ်အပန်းဖြေစခန်း မန်နေဂျာအနေနဲ့ လူစည်ကားအောင် ဘယ်လိုလုပ်ရမလဲဆိုတာ မစဉ်းစားဘဲ ပြိုင်ဘက်ကို ဘယ်လိုတိုက်ခိုက်ရမလဲဆိုတာပဲ စဉ်းစားနေမိတယ်။

လပေါင်းများစွာ စဉ်းစားပြီးနောက် ပြိုင်ဘက်ရဲ့နှစ်သစ်ကူး ဖွင့်ပွဲနေ့မှာ ပြဿနာရှာဖို့ ဆုံးဖြတ်လိုက်တယ်။

ဒါပေမဲ့ ဒီလူတွေက ဒီလောက် အသုံးမကျဖြစ်မယ်လို့ ထင်မထားခဲ့ဘူး။

စဉ်းစားခန်းဝင်နေသော မန်နေဂျာကျန်းသည် အလျင်အမြန် ပြေးလာသော ခြေသံများကြောင့် သတိဝင်လာသည်။

ကြည့်လိုက်တော့ စောစောက လက်အောက်ငယ်သားပဲ ဖြစ်နေသည်။ သူ ဒေါသတကြီး မေးလိုက်သည်။ "ဘာဖြစ်ပြန်ပြီလဲ"

လက်အောက်ငယ်သားက မောဟိုက်စွာ ပြောလိုက်သည်။ "မန်နေဂျာကျန်း၊ နည်းပညာဌာနက လူတွေ... သူတို့... သူတို့..."

"သူတို့ ဘာဖြစ်လဲ" မန်နေဂျာကျန်း မျက်မှောင်ကြုတ်လိုက်သည်။ စိတ်ထဲတွင် မကောင်းသော အတိတ်နိမိတ်တစ်ခု ဝင်ရောက်လာသည်။

ထင်တဲ့အတိုင်းပါပဲ...

"သူတို့ အလုပ်မလုပ်တော့ဘူး။ အခု ထွက်သွားကြပြီ" လက်အောက်ငယ်သားလည်း ဒီလိုဖြစ်မယ်လို့ ထင်မထားခဲ့ဘူး။ အခုခေတ်မှာ အလုပ်ရှာရတာ ခက်ခဲနေတာကို ဒီလူတွေက ထွက်ချင်တိုင်း ထွက်သွားကြတယ်။ တားလို့မရလို့ ပြန်လာပြောရတာ။

မန်နေဂျာကျန်း ဒေါသထွက်သွားသည်။ "သူတို့ ရူးနေကြတာလား။ မလုပ်တော့ဘူး ဟုတ်လား"

လက်အောက်ငယ်သား ခေါင်းငုံ့ထားလိုက်သည်။

"သွား၊ ငါ သွားကြည့်မယ်။ သူတို့ ဘာလုပ်ချင်နေကြတာလဲ။ ပုန်ကန်ချင်နေကြတာလား" ပြောပြီးသည်နှင့် ဒေါသတကြီး ထွက်ခွာသွားလေသည်။

လက်အောက်ငယ်သား နောက်မှလိုက်ပါသွားသည်။

နည်းပညာဌာနသို့ ရောက်သောအခါ ဝန်ထမ်းများ ပစ္စည်းသိမ်းဆည်းနေကြသည်ကို တွေ့လိုက်ရသည်။

မန်နေဂျာကျန်း အော်ဟစ်လိုက်သည်။ "မင်းတို့ ဘာလုပ်နေကြတာလဲ။ အလုပ်မလုပ်ချင်ကြတော့ဘူးလား။ မန်နေဂျာကျန့်၊ ခင်ဗျား ဘာသဘောလဲ"

မန်နေဂျာကျန်းက နည်းပညာဌာန တာဝန်ခံကို လက်ညှိုးထိုးပြလိုက်သည်။

မန်နေဂျာကျန့်က ပခုံးတွန့်လိုက်ပြီး အေးအေးဆေးဆေး ပြောလိုက်သည်။ "မန်နေဂျာကျန်း၊ ခင်ဗျား မြင်တဲ့အတိုင်းပါပဲ။ ကျွန်တော်တို့ ဆက်မလုပ်ချင်တော့ဘူး။ ထွက်ကြတော့မယ်"

မန်နေဂျာကျန်း မျက်နှာမည်းသွားသည်။ "ထွက်သွားမယ် ဟုတ်လား။ မင်းတို့ အလုပ်သစ်ရပြီမို့လို့ ဒီက လစာတစ်လစာကို စွန့်လွှတ်လိုက်တာလား"

ဒီမှာ အလုပ်လုပ်ရင် လစာတစ်လစာကို အာမခံကြေးအနေနဲ့ ထားရတယ်။

တကယ်တော့ ကုမ္ပဏီအများစု၊ စက်ရုံအများစုမှာ ဒါက ပုံမှန်ပါပဲ။

လစာတစ်လစာ ထားရခြင်းက ဝန်ထမ်းတွေ ဘာမှမပြောဘဲ ရုတ်တရက် ထွက်သွားမှာကို တားဆီးဖို့ပါ။ အဲဒီလို ထွက်သွားရင် ကုမ္ပဏီအတွက် ဆုံးရှုံးမှုတွေ ရှိလာနိုင်တယ်။

လစာတစ်လစာ ပြန်လိုချင်ရင် နှုတ်ထွက်စာ တင်ရမယ်။

နှုတ်ထွက်ခွင့်ပြုမှ ထွက်သွားလို့ရမယ်။ ပြီးရင် လစာကို ပုံမှန်အတိုင်း ထုတ်ပေးမယ်။

ကုမ္ပဏီအတွက်တော့ ဒီတစ်လအတွင်း လူစားထိုးဖို့ ရှာဖွေနိုင်ပြီး အလုပ်လွှဲပြောင်းနိုင်တယ်။ ဒါကြောင့် ဆုံးရှုံးမှု သိပ်မရှိတော့ဘူး။

အခု ဌာနတစ်ခုလုံးက လူတွေ ရုတ်တရက် ထွက်သွားမယ်ဆိုတော့ မန်နေဂျာကျန်း ဒေါသထွက်တာပေါ့။

သူတို့ ထွက်သွားရင် နည်းပညာပိုင်းဆိုင်ရာ ပြဿနာတွေကို ဘယ်သူဖြေရှင်းမလဲ။ ကွန်ပျူတာစနစ်ကို ဟက်ကာတွေ ဝင်ရောက်တိုက်ခိုက်ပြီး ကုမ္ပဏီလျှို့ဝှက်ချက်တွေ ခိုးယူသွားရင် ဆုံးရှုံးမှုက ကြီးမားလှတယ်။

ကံကောင်းတာတစ်ခုက သူတို့လစာ တစ်လစာ ကျန်နေသေးတယ်။ ထွက်ချင်ရင် ဒီလစာကို လိုချင်မှာပဲ။

ဒီလစာကို လိုချင်ရင် နှုတ်ထွက်စာတင်ပြီး တစ်လ ဆက်လုပ်ရဦးမယ်။

ဒီတစ်လအတွင်း နည်းပညာဝန်ထမ်းအသစ် ရှာလို့မရဘူးဆိုတာ မဖြစ်နိုင်ဘူး။

သို့သော် မန်နေဂျာကျန့်က ပခုံးတွန့်လိုက်ပြီး ဂရုမစိုက်စွာ ပြောလိုက်သည်။ "ယွမ် ၂၀၀၀၊ ၃၀၀၀ လောက်ပဲဟာ။ ကျွန်တော်တို့ နည်းပညာသမားတွေအတွက် အရေးမကြီးပါဘူး" သူတို့က နည်းပညာသမားတွေလေ။ ဒီမှာ အလုပ်လုပ်ရင်း အပြင်အလုပ်တွေလည်း လုပ်ကြတယ်။

အပြင်အလုပ်ကရတဲ့ ဝင်ငွေက ဒီကလစာထက် အများကြီး ပိုတယ်။

သူတို့ ဘာလို့ မထွက်သွားကြတာလဲဆိုတော့... ဟင်း... ဒီမှာ ပတ်ဝန်းကျင်ကောင်းပြီး အနှောင့်အယှက်ကင်းလို့လေ။

မန်နေဂျာကျန့်က လစာတစ်လစာကို ဂရုမစိုက်ဘူးပြောတော့ မန်နေဂျာကျန်း လန့်သွားပြီး စိုးရိမ်လာတယ်။

သူက တစ်လ ယွမ် ၂၀၀၀၊ ၃၀၀၀ ပေးထားတာက နည်းပညာဌာနကလူတွေ ပုံမှန်အားဖြင့် အလကားထိုင်နေကြပြီး CCTV ပြင်တာ၊ ကွန်ပျူတာ ပြင်တာလောက်ပဲ လုပ်ရလို့လေ။ ပုံမှန်ဆိုရင် သူတို့ကို မလိုပါဘူး။

တစ်လ ယွမ် ၂၀၀၀၊ ၃၀၀၀ ဆိုတာ များတောင်များနေပြီလို့ သူ ထင်ထားတာ။

အခုတော့ သူ ဒီနည်းပညာသမားတွေကို လိုအပ်နေပြီ။

မန်နေဂျာကျန်း သက်ပြင်းချလိုက်ပြီး မေးလိုက်သည်။ "မင်းတို့ ဘာလို့ ထွက်ချင်ကြတာလဲ။ လစာနည်းလို့လား။ ဒီလိုလုပ်၊ ဒီကိစ္စကို ဖြေရှင်းပေးရင် ငါ မင်းတို့အားလုံးကို လစာတိုးပေးမယ်။ ဘယ်လိုလဲ"

အခြားဝန်ထမ်းတစ်ဦးက မျက်လုံးများ အရောင်လက်သွားပြီး ပြုံးလျက် မေးလိုက်သည်။ "ဒါဆို မန်နေဂျာကျန်း၊ ကျွန်တော်တို့ကို လစာ ဘယ်လောက်တိုးပေးမှာလဲ"

မန်နေဂျာကျန်းက ထိုသူကို စောင်းကြည့်လိုက်ပြီး မကျေမနပ် ပြောလိုက်သည်။ "လစာ ဘယ်လောက်တိုးပေးမလဲဆိုတာ လက်ရှိ အရေးပေါ်ကိစ္စကို အရင်ဖြေရှင်းပြီးမှ ဆွေးနွေးကြတာပေါ့"

ထိုဝန်ထမ်းက စိတ်ပျက်သွားသည့်ဟန်ဖြင့် ပြောလိုက်သည်။ "ဩော် မန်နေဂျာကျန်း မစဉ်းစားရသေးဘူးပေါ့" ထို့နောက် သံသယဖြင့် မေးလိုက်သည်။ "မန်နေဂျာကျန်း၊ ကိစ္စပြီးသွားရင် လစာတိုးပေးမယ့်ကိစ္စကို ငြင်းလိုက်မှာတော့ မဟုတ်ပါဘူးနော်။ ဒါမှမဟုတ် ယာယီထိန်းထားပြီး ကိစ္စပြီးရင် လူသစ်ခေါ်လိုက်မှာလား။ ဒီလိုကိစ္စမျိုး ခင်ဗျား မလုပ်ဖူးတာမှ မဟုတ်တာ"

မန်နေဂျာကျန်း ဒေါသထွက်သွားသည်။ "မင်းက ဘယ်သူမို့လို့ ငါ့စကားကို သံသယဝင်ရတာလဲ" သူ့အာဏာကို စိန်ခေါ်ခံလိုက်ရသဖြင့် ဒေါသထွက်သွားခြင်း ဖြစ်သည်။

ထိုဝန်ထမ်းက ပခုံးတွန့်လိုက်ပြီး မန်နေဂျာကျန်း၏ ဒေါသကို မကြောက်ဘဲ ပြုံးလျက် ပြောလိုက်သည်။ "မန်နေဂျာကျန်း၊ ကျွန်တော်က စလိုက်တာပါ။ ဘာလို့ ဒီလောက် ဒေါသထွက်နေရတာလဲ"

မန်နေဂျာကျန်း ပိုဒေါသထွက်သွားပြီး လက်အောက်ငယ်သားကို ပြောလိုက်သည်။ "ဒီကောင့်ကို မောင်းထုတ်လိုက်။ ရိုင်းစိုင်းလွန်းတယ်"

ထိုအချိန်တွင် မန်နေဂျာကျန့်က အေးဆေးစွာ ပြောလိုက်သည်။ "မန်နေဂျာကျန်း၊ မောင်းထုတ်စရာ မလိုပါဘူး။ ကျွန်တော်တို့လည်း သူနဲ့အတူ ထွက်သွားကြမှာပါ။ ပြီးတော့ ဒီကိစ္စက လစာနဲ့ မဆိုင်ပါဘူး။ ဒီကိစ္စကို ကျွန်တော်တို့ တကယ် မဖြေရှင်းနိုင်လို့ပါ။ ရှက်လို့ ထွက်သွားကြတာပါ"

မန်နေဂျာကျန်းနှင့် လက်အောက်ငယ်သား - "......"

ရှက်လို့ ထွက်သွားတာတဲ့။ ယုံရခက်လိုက်တာ။

မန်နေဂျာကျန်း မျက်နှာမည်းသွားပြီး နောက်ဆုံးတွင် အလျော့ပေးလိုက်ရသည်။ "မန်နေဂျာကျန့် ဒီလိုလုပ်ကွာ။ မင်းတို့ ဒီကိစ္စကို အရင်ဖြေရှင်းပေး။ ငါ မင်းတို့လစာတွေ အကုန်ထုတ်ပေးမယ်။ ဆက်လုပ်မလား၊ ထွက်မလား မင်းတို့သဘောပဲ။ ဘယ်လိုလဲ"

ဆိုလိုသည်မှာ သူတို့လစာကို အသုံးပြုပြီး သူတို့ကို အလုပ်ခိုင်းလိုက်ခြင်း ဖြစ်သည်။

မန်နေဂျာကျန့်၏အမူအရာလေးနက်သွားပြီး ပြောလိုက်သည်။ "တောင်းပန်ပါတယ် မန်နေဂျာကျန်း၊ ကျွန်တော် ခင်ဗျားကို တကယ် မလိမ်ပါဘူး။ ဒီကိစ္စကို ကျွန်တော်တို့ တကယ် မဖြေရှင်းနိုင်ပါဘူး။ တခြားလူကို ငှားလိုက်ပါ။ ယွမ် ၂၀၀၀၊ ၃၀၀၀ လစာကိုလည်း ကျွန်တော်တို့ မလိုချင်တော့ပါဘူး"

ပြောပြီးသည်နှင့် မန်နေဂျာကျန့်နှင့် ဌာနတစ်ခုလုံးသည် ပစ္စည်းများယူကာ ထွက်ခွာသွားကြလေသည်။

မန်နေဂျာကျန်း ဒေါသထွက်လွန်းလို့ စားပွဲကို ကန်ကျောက်လိုက်သည်။

"မန်နေဂျာကျန်း၊ မန်နေဂျာကျန်း၊ ပြဿနာတက်ပြီ" နောက်ထပ် လက်အောက်ငယ်သားတစ်ဦး အော်ဟစ်ပြေးဝင်လာသည်။

မန်နေဂျာကျန်း မျက်နှာမည်းသွားပြီး အော်ဟစ်လိုက်သည်။ "ဘာဖြစ်ပြန်ပြီလဲ"

လက်အောက်ငယ်သားက အစီရင်ခံလိုက်သည်။ "မန်နေဂျာကျန်း၊ ရှယ်ယာရှင်တွေ အွန်လိုင်းက သတင်းတွေ တွေ့သွားကြပြီ။ ရှယ်ယာရှင်အစည်းအဝေး ခေါ်ခိုင်းနေကြတယ်"

မန်နေဂျာကျန်း၏ရင်ထဲ ဒိန်းခနဲ ဖြစ်သွားလေသည်။

***

All Chapters