Chapters

အိမ်ပါသားမက်

Vol. 49 Ch. 798

အိမ်ပါသားမက်

Vol. 49 Ch. 798

ရှောင်လင်းယွီနှင့် ကုန်းထျန်းဟောက်တို့ မူကြိုကျောင်းသို့ ရောက်ရှိလာသောအခါ ဖခင်များက ရှောင်လင်းယွီ၏ အလှတရားကို ငေးမောကြည့်နေကြပြီး မိခင်များက ကုန်းထျန်းဟောက်၏ ချောမောမှုကို ငေးမောကြည့်နေကြသည်။

"လှလိုက်တာ"

"ချောလိုက်တာ"

"သူတို့က ရှောင်လဲ့ထုန်နဲ့ရှောင်လင်ရဲ့ မိဘတွေ မဟုတ်လား"

"ဟုတ်မယ်ထင်တယ်။ ပြီးခဲ့တဲ့အကြိမ် မိဘဆရာတွေ့ဆုံပွဲတုန်းက တွေ့ဖူးတယ်"

"နေပါဦး... ရှောင်လဲ့ထုန်နဲ့ ရှောင်လင်က အမေမျိုးရိုးကို ယူထားတာ မဟုတ်လား"

"ဟုတ်သားပဲ" မိဘတစ်ဦးက သတိထားမိလိုက်သည်။ "ကလေးတွေက အဖေမျိုးရိုး ယူလေ့ရှိတယ် မဟုတ်လား။ ဘာလို့ အမေမျိုးရိုး ယူထားရတာလဲ။ ဒီယောကျ်ားက အိမ်ပါသားမက်မလို့လား"

"မဖြစ်နိုင်ပါဘူး။ ဒီယောကျ်ားက ရုပ်ရည်ချောမောပြီး အရှိန်အဝါ ကောင်းတယ်။ ချမ်းသာတဲ့သူဌေးနဲ့ တူတယ်။ ချမ်းသာတဲ့သူက ဘယ်လိုလုပ် အိမ်ပါသားမက်အဖြစ်နေမှာလဲ"

"ဟားဟား... အပြင်ပန်းကြည့်ရုံနဲ့ မသိနိုင်ပါဘူး။ ရှောင်လဲ့ထုန်အမေ နာမည်က ရှောင်လင်းယွီတဲ့။ ရှောင်လင်းယွီဆိုတာ ဘယ်သူလဲ ရှင်းအန်းမြို့နယ်တစ်ခုလုံး မသိတဲ့သူ မရှိပါဘူး။ သူက အခု အရမ်းချမ်းသာနေတာ။ ထောင်ယွမ်ရွာ Green Fresh အုပ်စုက ဘီလီယံရာချီတန်တယ်"

တစ်စုံတစ်ယောက်က အားကျသော မျက်လုံးများဖြင့် ပြောလိုက်သည်။ "သူ့လို ချမ်းသာတဲ့မိန်းမမျိုးနဲ့ဆို အိမ်ပါသားမက်လုပ်ချင်တဲ့ ယောကျ်ားတွေ အများကြီး ရှိမှာပေါ့။ သူ့ယောကျ်ားက အရှိန်အဝါကောင်းတယ်ဆိုတာလည်း ပိုက်ဆံရှိလို့ ဖြစ်မှာပေါ့"

"ဟာ... မဟုတ်သေးပါဘူး။ မှတ်မိသလောက်ဆို ရှောင်လဲ့ထုန်အဖေက ကုန်းမျိုးရိုးပါ။ ဟုတ်တယ်မလား" ထောင်ယွမ်ရွာနှင့် ရင်းနှီးသူတစ်ဦးက ပြောလိုက်သည်။ "ကျွန်တော့်သူငယ်ချင်းတစ်ယောက် ပြောဖူးတယ်။ လွန်ခဲ့တဲ့နှစ်အနည်းငယ်က ထောင်ယွမ်ရွာမှာ ကုန်းမိသားစု ရောက်လာတယ်။ သူတို့က အရမ်းချမ်းသာတယ်။ ရွာလမ်းကို ကတ္တရာလမ်းခင်းပေးပြီး အိမ်အကြီးကြီး ဆောက်တယ်။ အဲဒီတုန်းက ရှောင်လင်းယွီ မချမ်းသာသေးဘူး။ မစ္စတာကုန်းက ရှောင်လင်းယွီကို စလိုက်တာ"

"ဩော်... ဒါဆို မစ္စတာကုန်းလည်း ချမ်းသာတဲ့သူပေါ့။ ချမ်းသာတဲ့သူဆိုရင် အိမ်ပါသားမက်လုပ်မှာ မဟုတ်လောက်ဘူး"

"မပြောနိုင်ပါဘူး။ ရှောင်လင်းယွီ ဘယ်လောက်လှလဲ ကြည့်လိုက်ဦး။ တချို့ယောကျ်ားတွေက အလှအပမက်ပြီး အိမ်ပါသားမက်လုပ်နေတာ ဖြစ်နိုင်တယ်လေ။ ကလေးနှစ်ယောက်လုံး ရှောင်မျိုးရိုးယူထားတာ မမြင်ဘူးလား"

"တကယ် ထူးဆန်းတာပဲ"

နားပါးသော ရှောင်လင်းယွီ - "......"

ဘယ်သူ့မျိုးရိုးယူယူ အတူတူပါပဲ။ ဘာလို့ ဒီပြဿနာကို အကျယ်ချဲ့နေကြတာလဲ။

သို့သော် ရှောင်လင်းယွီသည် ကုန်းထျန်းဟောက်ကို ကြည့်လိုက်သည်။ မျိုးရိုးနာမည် ပြောင်းဖို့ စဉ်းစားသင့်ပြီထင်တယ်။

"မားမား... ပါပါး... ရောက်လာကြပြီလား" ရှောင်လင် ပျော်ရွှင်စွာ ပြေးလာသည်။

ကုန်းထျန်းဟောက်က ရှောင်လင်ကို ပွေ့ချီလိုက်ပြီး ပြုံးလျက် မေးလိုက်သည်။ "လင်အာ... မူကြိုကျောင်းမှာ ပျော်ရဲ့လား"

"အင်း... ပျော်တယ်" ရှောင်လင်က ခေါင်းညိတ်လိုက်သည်။ "ဒီမှာ သူငယ်ချင်းတွေ အများကြီး ရှိတယ်။ အတူတူကစားရတာ ပျော်ဖို့ကောင်းတယ်"

ကုန်းထျန်းဟောက် နှုတ်ခမ်းထောင့်စွန်း ကွေးတက်သွားပြီး သူ့ခေါင်းလေးကို ပွတ်သပ်ကာ ပြောလိုက်သည်။ "အင်း... လင်အာ ပျော်ရင် ပြီးတာပါပဲ"

ရှောင်လဲ့ထုန် လျှောက်လာပြီး ပျော်ရွှင်စွာ ခေါ်လိုက်သည်။ "မားမား... ပါပါး..."

ရှောင်လင်းယွီက သူ့ခေါင်းလေးကို ပွတ်သပ်ပေးပြီး ပြုံးလျက် မေးလိုက်သည်။ "မူကြိုကျောင်းမှာ ပျော်ရဲ့လား"

ရှောင်လဲ့ထုန် မုသားပြောလိုက်သည်။ "အင်း... ပျော်ပါတယ်"

မူကြိုကျောင်းက ကလေးတွေနဲ့ ကစားရတာ ဉာဏ်ရည်နိမ့်သွားသလို ခံစားရတယ်။

ဒါပေမဲ့ ရှောင်လင်က ပျော်နေတော့ သူလည်း လိုက်ပျော်ပေးရတာပေါ့။ ပြီးတော့ ရှောင်လင်က ဖြူစင်လွန်းတော့ လူဆိုးတွေ လှည့်စားမှာ စိုးရိမ်ရသေးတယ်။

ကုန်းထျန်းဟောက် သံသယဝင်သော မျက်နှာထားဖြင့် ကြည့်နေသည်။

ရှောင်လဲ့ထုန်က ကုန်းထျန်းဟောက်ကို ကြည့်ပြီး ထပ်ပြောလိုက်သည်။ "မားမား... ပါပါး... သား တကယ် ပျော်ပါတယ်"

ရှောင်လဲ့ထုန် မှတ်မိနေသေးတယ်။ သူ မွေးကာစတုန်းက ဒီအဖေက သူ့ကို သံသယဝင်ခဲ့တာလေ။

နောက်ပိုင်း ကားတိုက်မှုဖြစ်ပြီး အခုထိ ဘာမှမပြောတော့ဘူး။ ကားတိုက်မှုကြောင့် မေ့သွားတာများလား။

ရှောင်လင်းယွီ ရယ်မောကာ ပြောလိုက်သည်။ "ကောင်းပြီ... ထုန်ထုန် ပျော်ရင် ပြီးတာပါပဲ"

***