ပျော်စရာ
Vol. 49 Ch. 800
ကုန်းထျန်းဟောက် ပြောပြလို့ ရှောင်လဲ့ထုန်ဟာ ပြန်လည်မွေးဖွားလာသူတစ်ယောက် ဖြစ်နိုင်တယ်ဆိုတာ သိလိုက်ရတော့ ရှောင်လင်းယွီ စိတ်လှုပ်ရှားပြီး အံ့သြသွားသည်။ သူမရဲ့ သားလေးဟာ သားလေးပါပဲ။ သူမဆီကို ပြန်ရောက်လာတာကိုပဲ ကျေးဇူးတင်လှပါပြီ။
သားလေးက သားလေးပါပဲ။
မိဘဆရာတွေ့ဆုံပွဲ ပြီးဆုံးသွားပေမယ့် ရှောင်လင်းယွီက ရှောင်လဲ့ထုန်ကို ဘာမှ မမေးမြန်းခဲ့ပေ။
သူမရဲ့ သားလေးက ဉာဏ်ကောင်းပြီး သိတတ်တဲ့ ကလေးပဲ။ သူမကို မပြောပြချင်တာ အကြောင်းပြချက် တစ်ခုခု ရှိမှာပေါ့။ နောက်ပိုင်းကျရင် သူ့ကို ကောင်းကောင်း ဂရုစိုက်ပေးလိုက်ရင် ရပြီ။
တန်ခိုးရှင် ရှောင်လဲ့ထုန်ကတော့ သူ့ရဲ့လျှို့ဝှက်ချက်တစ်ခုကို အမေဖြစ်သူသိသွားမှန်း သတိမထားမိခဲ့ပေ။
ရှောင်လဲ့ထုန်က ရှောင်လင်းယွီလက်ကို ဆွဲပြီး ပျော်ရွှင်စွာ ပြောလိုက်သည်။ "မားမား၊ သူငယ်ချင်းတွေအားလုံးက မားမားကို ကျောင်းမှာ အလှဆုံးမေမေလို့ ပြောကြတယ်။ တချို့သူငယ်ချင်းတွေဆိုရင် သူတို့အဖေတွေကို အလှဆုံးမေမေတစ်ယောက် ယူခိုင်းမယ်လို့တောင် ပြောကြသေးတယ်"
ရှောင်လင်းယွီ - "......"
ဒီကလေးတွေက ငယ်ငယ်လေးနဲ့ ဘယ်လိုအတွေးမျိုး ဝင်နေတာလဲ။
ရှောင်လင်းယွီ မူကြိုကျောင်းရောက်တုန်းက အဖြစ်အပျက်ကို ပြန်စဉ်းစားမိသည်။
သူမ ပြုံးပြီး "အင်း... သားလေး တော်တယ်။ ဒီကလေးတွေက ငယ်ငယ်လေးနဲ့ ယှဉ်ပြိုင်ချင်စိတ် များနေတာ။ ကိုယ့်အမေကိုတောင် လဲချင်နေကြတယ်။ သူတို့ကို နည်းနည်းလောက် ခြိမ်းခြောက်လိုက်တာ ကောင်းပါတယ်"
ဒီကလေးတွေက ၃ နှစ်၊ ၄ နှစ်ပဲ ရှိသေးတယ်။ ကိုယ်ပိုင်ဆုံးဖြတ်နိုင်စွမ်း မရှိသေးဘူး။ အိမ်မှာ အလိုလိုက်ခံထားရလို့ အကျင့်ပျက်နေကြတာ။ အထူးသဖြင့် ယှဉ်ပြိုင်လိုစိတ်က ပိုများတယ်။
ရှောင်လဲ့ထုန်က နှုတ်ခမ်းမဲ့လိုက်ပြီး လူကြီးဆန်ဆန် ပြောလိုက်သည်။ "အဲဒီကလေးတွေက အလိုလိုက်ခံထားရလို့ပါ။ ငယ်သေးတော့ အတွေးတွေက ရိုးရှင်းတယ်။ နည်းနည်းလောက် ခြိမ်းခြောက်လိုက်ရင် အမှားကို သိသွားကြတာပဲ။ သူတို့မိဘတွေက မခြိမ်းခြောက်ရက်လို့ နေမှာပေါ့။ ဒါကြောင့် လူဆိုးနေရာကို သား ယူလိုက်တာ"
ရှောင်လဲ့ထုန်ပြောတာကြားတော့ ရှောင်လင်းယွီ မျက်လုံးတွေ အရောင်လက်သွားသည်။ ကုန်းထျန်းဟောက်နဲ့ အကြည့်ချင်း ဖလှယ်လိုက်ပြီး လက်မထောင်ပြကာ ပြုံးလျက် ပြောလိုက်သည်။ "အင်း... ထုန်ထုန် လုပ်တာ မှန်တယ်"
အခုမှ သတိထားမိတယ်။ ထုန်ထုန်ရဲ့ ရင့်ကျက်မှုနဲ့ ဉာဏ်ပညာက သူ့အသက်အရွယ်နဲ့ မလိုက်ဖက်ဘူး။
ဒါပေမဲ့ ထုန်ထုန်က ဘယ်လိုကလေးပဲ ဖြစ်နေပါစေ သူတို့ရဲ့သားပါပဲ။
အောင်ပွဲခံဖို့အတွက် ရှောင်လင်းယွီနဲ့ ကုန်းထျန်းဟောက်တို့က အချိန်တစ်ပိုင်းလောက် ဖယ်ပေးပြီး ကလေးနှစ်ယောက်ကို လိုက်ပို့ပေးကြသည်။
နေ့လည်စာစားပြီးတော့ ရှောင်လင်းယွီက မေးလိုက်တယ်။ "ထုန်ထုန်၊ လင်အာ၊ ဒီနေ့ညနေ မားမားနဲ့ ပါပါးက သားတို့အတွက် အချိန်ပေးထားတယ်။ ဘယ်သွားချင်လဲ"
ရှောင်လဲ့ထုန် မျက်လုံးတွေ အရောင်လက်သွားတယ်။ ကုန်းထျန်းဟောက်ကို တစ်ချက်ကြည့်လိုက်ပြီး ကျယ်လောင်စွာ မေးလိုက်သည်။ "မားမား တကယ်လား။ ဒါဆို ကစားကွင်းသွားကြမလား"
တကယ်တော့ ရှင်းယင်ခရိုင်လို မြို့ငယ်လေးမှာ ကစားကွင်း လာဖွင့်မယ့်သူ မရှိပါဘူး။
ဒါပေမဲ့ ထောင်ယွမ်ရွာ အပန်းဖြေစခန်း ဖွံ့ဖြိုးတိုးတက်လာလို့ ရှင်းယင်ခရိုင်လည်း တိုးတက်လာတယ်။ နှစ်အနည်းငယ်အတွင်းမှာပဲ ရှင်းယင်ခရိုင်က Z မြို့ရဲ့ အကြီးဆုံးခရိုင် ဖြစ်လာတယ်။
တစ်စုံတစ်ယောက်က ထောင်ယွမ်ရွာရဲ့ ဧည့်သည်အင်အားကို မြင်ပြီး ကစားကွင်းဖွင့်ဖို့ စိတ်ကူးလိုက်တာပဲ။
ကစားကွင်းဖွင့်တာ တစ်နှစ်တောင် မပြည့်သေးပေမယ့် ဧည့်သည်အတော်များသည်။
"ကောင်းပြီ... ကစားကွင်း သွားကြတာပေါ့" ရှောင်လင်းယွီက လက်ကာပြပြီး ဆုံးဖြတ်လိုက်သည်။ ခင်ပွန်း၏မျက်နှာဖြူဖျော့သွားတာကိုတော့ လုံးဝ သတိမထားမိခဲ့ပေ။
မကြာမီ မိသားစုလေးယောက် ကစားကွင်းသို့ ရောက်ရှိလာကြသည်။
ကစားကွင်းထဲ မဝင်ရသေးခင်မှာပင် စိတ်လှုပ်ရှားစွာ အော်ဟစ်သံများကို ကြားနေရပြီဖြစ်သည်။
ကုန်းထျန်းဟောက် မျက်နှာ ပိုဖြူဖျော့လာသည်။
ရှောင်လဲ့ထုန် မျက်ခုံးပင့်လိုက်ပြီး သံသယဖြင့် မေးလိုက်သည်။ "ပါပါး ဘာဖြစ်လို့လဲ။ မျက်နှာမကောင်းပါလား။ ကြောက်နေတာလား"
ဟိုတစ်ခေါက် ရဟတ်စီးတုန်းက စိတ်ဒဏ်ရာ ရသွားပုံရတယ်။ ဒါပေမဲ့ ဒါမှ ပျော်စရာကောင်းမှာလေ။
သားက အဖေကို ဒုက္ခပေးနေတာ။
ကုန်းထျန်းဟောက်က အပြုံးတုဖြင့် ပြောလိုက်သည်။ "ငါ... ငါ ဘယ်မှာ ကြောက်လို့လဲ"
"ဒါဆို ဝင်ကစားကြစို့" ရှောင်လဲ့ထုန် ပြုံးဖြီးဖြီးဖြင့် ပြောလိုက်သည်။
***