အကြံအစည်
Vol. 49 Ch. 803
ရှောင်လင်းယဲ့ ထွက်ခွာသွားပြီးနောက် ကျန်ရစ်သော ပူးပေါင်းသူ ၅ ဦး၏ မျက်နှာထားများသည် အလွန်ဆိုးရွားနေသည်။
သူတို့ ၅ ဦးသည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီးနောက် အပြစ်ရှိစိတ်ကြောင့် မျက်လုံးလွှဲလိုက်ကြသည်။
ကျောင်းရွှယ်ယန်က မကျေမနပ် နှာခေါင်းရှုံ့လိုက်ပြီး ပြောလိုက်သည်။ "ဟင်း... ကိုယ့်ကိုယ်ကိုယ် တော်လှပြီ ထင်နေတာ။ တောကလာတဲ့ ကောင်ကများ ငါ့ပိုက်ဆံမရှိရင် သူ ဘာလုပ်နိုင်မှာလဲ"
"ဟုတ်တယ်" ထိုက်ရိမင်က ထောက်ခံလိုက်သည်။ "အစတုန်းက သူက နည်းပညာပဲ တာဝန်ယူမယ်လို့ ပြောထားတာ။ အခု ကြည့်ပါဦး၊ ကုမ္ပဏီအာဏာကို ချုပ်ကိုင်ထားတယ်။ ငါတို့ ရှယ်ယာရှင်တွေကို ဘယ်နေရာမှာ ထားထားလဲ"
ဖန်တာ့ယွဲ့က ပြောလိုက်သည်။ "သူ ထွက်သွားတာ ကောင်းပါတယ်။ အခု ကုမ္ပဏီမှာ ပိုက်ဆံရှိနေပြီ။ လစာပေးပြီး နည်းပညာဒါရိုက်တာ ခန့်လိုက်ရင်ရပြီ"
စူးယန်က မျက်နှာပျက်နေပြီး မေးလိုက်သည်။ "ငါတို့ လုပ်ကြံတာကို သူ ဘယ်လိုသိသွားတာလဲ"
ဒီဇာတ်လမ်းကို သူတို့ ၅ ဦး ပူးပေါင်းစီစဉ်ခဲ့ခြင်း ဖြစ်သည်။ ရည်ရွယ်ချက်ကတော့ ရှောင်လင်းယဲ့ကို ကုမ္ပဏီကနေ မောင်းထုတ်ပြီး သူ့ရှယ်ယာတွေကို ခွဲယူဖို့ပါ။
စူးယန်၏မေးခွန်းကြောင့် ကျန် ၄ ဦး တိတ်ဆိတ်သွားကြသည်။
ဟုတ်တယ်... ငါတို့ လုပ်ကြံတာကို သူ ဘယ်လိုသိသွားတာလဲ။
အစီအစဉ်က ပြီးပြည့်စုံတယ်လို့ ငါတို့ ထင်ထားခဲ့တာ။ အမှားအယွင်း မရှိဘူးလို့ ထင်ထားတာ။
ချူရှန်းပေက စဉ်းစားပြီး ပြောလိုက်သည်။ "သူ ဘယ်လိုသိသိ အရေးမကြီးပါဘူး။ သက်သေမရှိရင် သူ ငါတို့ကို ဘာမှလုပ်လို့မရဘူး။ ဒါပေမဲ့ သူက ကိုယ့်ကိုယ်ကိုယ်သိပြီး အလိုက်သင့် ထွက်ပေးတာကိုတော့ ငါ သဘောကျတယ်။ သူ အလိုက်သင့်ထွက်ပေးရင် ငါတို့ သူ့ကို တိုက်ခိုက်ဖို့ အချိန်ကုန်စရာ မလိုတော့ဘူး။ ဒါပေမဲ့ တောသားက တောသားပါပဲ။ သူရဲဘောကြောင်ပြီး ခေါင်းဝှက်ထားတာ"
"ဒါပေမဲ့ သူက သူ့ရှယ်ယာတွေကို ၂ ယောက်ကိုပဲ ရောင်းမယ်လို့ ပြောသွားတယ်" စူးယန်က ပြောလိုက်သည်။
ဒါက အဓိကအချက်ပဲ။
သူတို့ ၅ ဦးရှိနေပေမယ့် ရှောင်လင်းယဲ့က ၂ ယောက်ကိုပဲ ရောင်းမယ်လို့ ပြောသွားတယ်။ သူတို့ ၅ ယောက်ကို ပြိုင်ဆိုင်စေချင်တာ သေချာတယ်။
အစတုန်းက ရှောင်လင်းယဲ့ကို လုပ်ကြံဖို့ စီစဉ်တုန်းက သူ့ရှယ်ယာတွေကို ညီတူညီမျှ ခွဲဝေယူမယ်လို့ သဘောတူခဲ့ကြတာ။
အခု အခြေအနေမှာတော့ မဖြစ်နိုင်တော့ဘူး။
လူတိုင်းမှာ ရည်မှန်းချက်တွေ ရှိကြတယ်။ ရှောင်လင်းယဲ့ရဲ့ရှယ်ယာကို ဝယ်နိုင်တဲ့သူက အကြီးဆုံး ရှယ်ယာရှင်ဖြစ်လာပြီး အာဏာအရှိဆုံး ဖြစ်လာမှာ။ ဒါကြောင့် ဘယ်သူက ဒီရှယ်ယာတွေကို ပြန်ခွဲပေးချင်မှာလဲ။
လူတိုင်းမှာ ကိုယ်ကျိုးအတ္တနဲ့လောဘတွေ ရှိကြစမြဲပါ။
အထူးသဖြင့် ငွေကြေးပိုင်ဆိုင်လာတဲ့အခါ ရည်မှန်းချက်တွေ ပိုကြီးလာတတ်တယ်။
"အစတုန်းက ရှောင်လင်းယဲ့ရဲ့ ရှယ်ယာတွေကို ညီတူညီမျှ ခွဲယူမယ်လို့ ပြောထားတယ်လေ" ဖန်တာ့ယွဲ့က ဦးစွာ ပြောလိုက်သည်။ "ဒီလိုလုပ်ကွာ... ငါ သူ့ရှယ်ယာတွေကို အရင်ဝယ်လိုက်မယ်။ ပြီးရင် မင်းတို့ကို ညီတူညီမျှ ခွဲရောင်းပေးမယ်"
"မဖြစ်နိုင်ဘူး" ကျန် ၄ ဦးက ပြိုင်တူ ငြင်းပယ်လိုက်သည်။
"ဝယ်မယ်ဆိုရင် ငါ ဝယ်မယ်။ ပြီးမှ မင်းတို့ကို ခွဲပေးမယ်"
ထို့နောက် သူတို့ အချင်းချင်း အငြင်းပွားလာကြသည်။ မျက်နှာများ နီရဲလာသည်အထိ ငြင်းခုံကြသည်။
ထိုအချိန်တွင် စူးယန်က ရုတ်တရက် ပြောလိုက်သည်။ "တကယ်တော့ ငါတို့ ပိုက်ဆံမကုန်ဘဲ ရနိုင်တဲ့ နည်းလမ်း ရှိပါတယ်"
၄ ဦးစလုံး ကြောင်အသွားကြသည်။
စူးယန် နှုတ်ခမ်းထောင့်စွန်း ကွေးတက်သွားပြီး အေးစက်စွာ ပြုံးလျက် ပြောလိုက်သည်။ "မင်းတို့ မမေ့နဲ့ဦး၊ ရှောင်လင်းယဲ့ ရောင်းစားလိုက်တာ နည်းပညာသစ်တင် မဟုတ်ဘူး။ စီးပွားရေးလျှို့ဝှက်ချက်ပါ ပါနေတယ်။ သူ စီးပွားရေးလျှို့ဝှက်ချက် ပေါက်ကြားအောင် လုပ်တယ်ဆိုတဲ့ အချက်ကို ငါတို့ ကိုင်ထားလိုက်ရင် သူ မပေးချင်လည်း ပေးရမှာပဲ။ မဟုတ်ရင် သူ နာမည်ပျက်ပြီး ဘဝဆုံးသွားမှာ သေချာတယ်"
စူးယန် ပြောလိုက်သောအခါ ၄ ဦးစလုံး ကြောင်အသွားပြီးနောက် သဘောပေါက်သွားကြသည်။
ထို့နောက် ရယ်မောလိုက်ကြသည်။
"ဟားဟား... မဟောင်တဲ့ခွေးကမှ လူကိုက်တတ်တယ်ဆိုတာ ဟုတ်တာပဲ။ စူးယန်... မင်းက အနူးညံ့ဆုံးလို့ ထင်ထားတာ။ တကယ်တော့ အရက်စက်ဆုံးပဲ"
"ပုံမှန်ဆိုရင် မင်းက ရှောင်လင်းယဲ့ကို ညီအစ်ကိုလို ဆက်ဆံတာလေ။ အခုကျတော့ သူ့နောက်ကျောကို ဓားနဲ့ထိုးဖို့ ဝန်မလေးပါလား"
***