အရောက်လာခြင်း
Vol. 19 Ch. 258
အခန်း (၂၅၈) အရောက်လာခြင်း
စကားသံက ရှင်းလင်းကြည်လင်ခြင်း မရှိသော်လည်း ကျန်းလန် နားလည်နိုင်လေသည်။
"ဒီပစ္စည်းက ဒီလိုလည်း အသုံးပြုလို့ရတာပဲလား"
ကျန်းလန်က ပင်လယ် (၄)ခု ခရုသင်းကိုကြည့်ရင်း အံ့အားသင့်စွာဖြင့် တွေးလိုက်သည်။
လုန်မန်က ခရုသင်းကို ကြားခံအဖြစ် အသုံးပြုပြီး အကူအညီတောင်းခံရန် အစပျိုးလုပ်ဆောင်နေပုံရသည်။
နဂါးမင်းသားက သူက အနီးအနားတွင် ရှိနေသည်ဟု ထင်မြင်နေသောကြောင့်လား ၊ သို့မဟုတ် သူ မည်သူမည်ဝါဖြစ်ကြောင်း သိသောကြောင့် အကူအညီတောင်းခြင်းလား။
ခဏမျှ စဉ်းစားနေပြီးနောက် သူနှင့်ပတ်သက်ပြီး ဆက်နွယ်မှုတစ်ခုခုကို လုန်မန်သိရှိနေသည်ဟု ခံစားလိုက်ရသည်။ ထို့ကြောင့် အဋ္ဌမမင်းသားက သူ့ဆီမှ အကူအညီတောင်းခံခြင်း ဖြစ်နိုင်သည်။
ကျန်းလန်က ချက်ချင်းပင် ပင်လယ် (၄)ခု ခရုသင်းကို တောင်နှင့်ပင်လယ်ကြေးမုံမှန်နှင့်တိတွေ့လိုက်သည်။ ဤနည်းလမ်းဖြင့် သူ လုန်မန်၏ အခြေအနေကို သိရှိနိုင်မည် ဖြစ်သည်။
ထိုခဏတွင်…
တောင်နှင့်ပင်လယ် ကြေးမုံမှန်ထက်တွင် ကြည်လင်သည့် မြင်ကွင်းတစ်ခု ပေါ်လာသည်။
ဒဏ်ရာအပြင်းအထန်ရထားသည့် လုန်မန်မှာ သေလုမျောပါးဖြစ်နေသည့်လုန်ရဲ့ကို ကျောပိုးပြီး ပြေးလွှားနေသည့် မြင်ကွင်းဖြစ်သည်။
သူတို့နောက်မှ အစစ်အမှန်အင်မော်တယ် (၃)ပါး လိုက်လာနေကြပြီး အခြေအနေက အတော်လေး အန္တရယ်များသည့် အနေအထားပင်။
ထိုအစစ်အမှန်အင်မော်တယ် (၃)ပါးက တစ်ယောက်က အစစ်အမှန်အင်မော်တယ် ၊ အလယ်ဆင့်ဖြစ်ပြီး ကျန် (၂)ယောက်က အစစ်အမှန်အင်မော်တယ် ၊ နောက်ဆုံးအဆင့် ဖြစ်သည်။
"လုန်မန်ပျောက်နေတာ ဆယ်စုနှစ်တော်တော်တောင် ကြာနေပြီ ၊ သူတို့ ဒီနှစ်တွေအတွင်း ဒီလိုပဲ ပြေးလွှားနေရတာလား ၊ ကြည့်ရတာ အခြေအနေမကောင်းလောက်ဘူး"
ကျန်းလန် တွေးလိုက်သည်။
ထို့နောက် ပင်လယ် (၄)ခု ခရုသင်းကို သိမ်းဆည်းလိုက်ပြီး လက်တစ်ဖက်ဝှေ့ယမ်းလိုက်ရာ သူ့လက်ထဲမှ တောင်နှင့်ပင်လယ်ကြေးမုံမှန်က ပျောက်ကွယ်သွားသည်။
ထို့နောက် ကျန်းလန် မရဏဂူအပြင်ဘက်သို့ ထွက်လာခဲ့သည်။
လုန်မန်တို့ရောက်နေသည့် နေရာက ခွန်လွန်တောင်နှင့် အလွန်တရာဝေးကွာခြင်းမရှိလေရာ ကောင်းကင်ဘုံခြေလှမ်းကိုးလှမ်းတန်ခိုးစွမ်းအားဖြင့်ဆိုလျှင် ခဏအတွင်း အရောက်သွားနိုင်မည် ဖြစ်၏။
ကျန်းလန်၏ဘဝတွင် ကိစ္စအတော်များများ ရင်ဆိုင်ခဲ့ရပြီး နှစ်ပေါင်း (၃၀၀)အတွင်း သူ့ဘဝကို လာရောက်ပတ်သက်ကြသူ များစွာရှိသည်။ ထိုသူများထဲတွင် ရှောင်ယွိလည်း အပါအဝင် ဖြစ်သည်။
ထို့ကြောင့် ရှောင်ယွိမျက်နှာထောက်ကာ လုန်မန် ဒုက္ခရောက်နေသည်ကို ကူညီရမည် ဖြစ်သည်။
ကျန်းလန် မရဏဂူထဲမှ ထွက်ခွာပြီးနောက် နဝမတောင်ထွတ်မှ ဆင်းသွားကာ ခွန်လွန်တောင်တံခါးအရောက်တွင် ပျောက်ကွယ်သွားလေသည်။
***
ခွန်လွန်တောင်အပြင်ဘက် ၊ တောင်တစ်ခု၏ အရှေ့။
"ဟူး…"
"ဟူး…"
အလျှင်အမြန်ပြေးလွှားလာသောလုန်မန်သည် ထိုတောင်ကြီးကို လှမ်းကြည့်လိုက်ပြီး ရင်ထဲဆို့သွားသည်။
ဤတောင်ကိုကျော်ပြီးလျှင် ခွန်လွန်တောင်နှင့် ပိုမိုနီးကပ်လာပြီဖြစ်လေရာ ရန်သူများ သူတို့နောက် ဆက်လိုက်လာရဲတော့မည် မဟုတ်ပေ။
သို့သော်…
တောင်ကိုဖြတ်ကျော်ရန်က အနည်းငယ် ခက်ခဲသည်။ ယခုအချိန်တွင် လုန်မန်အနေဖြင့် ပျံသန်းရန်လည်း မဖြစ်နိုင်ပေ။
သိသိသာသာကြီး ပျံသန်းလိုက်ပါက ရန်သူများက သူတို့ကို အလွယ်တကူ ရှာဖွေတွေ့ရှိသွားနိုင်သည်။ သူ အသုံးပြုထားသည့် ဖုံးကွယ်မန္တန်များကလည်း သက်ရောက်မှု မရှိတော့ပေ။
ဤတောင်ကို ဖြတ်ကျော်နိုင်မလားဆိုသည်မှာ ကံတရားအပေါ်တွင်သာ မူတည်တော့သည်။
သူ့နောက်မှ လိုက်လာကြသည့်ရန်သူများမှာလည်း အတော်လေး ပင်ပန်းနေကြလောက်ပေပြီ။ သို့သော် သူတို့က ဒဏ်ရာရထားသူများ မဟုတ်လေရာ အချိန်တိုအတွင်း သူတို့ကို ဖမ်းမိသွားနိုင်သည်။
လုန်မန် တောထဲသို့ အရှိန်ဖြင့် ဝင်ရောက်သွားသည်။
သူ့နောက်မှ လိုက်ပါလာသည့် အင်မော်တယ် (၃)ပါးကလည်း တောအုပ်ထဲ လိုက်ဝင်သွားကြ၏။
မည်သို့ပင်ဖြစ်စေ ဤနေရာထိရောက်အောင် ပြေးလာနိုင်ပြီဖြစ်လေရာ သူ တောင့်ခံထားရမည် ဖြစ်သည်။ လုန်မန် အံတင်းတင်းကြိတ်လိုက်ပြီး လျှို့ဝှက်တန်ခိုးစွမ်းအားတစ်ခုကို အသုံးပြုကာ ရှေ့ဆက်ပြေးလာသည်။
ဒဏ်ရာအပြင်းအထန်ရထားသည့် လုန်ရဲ့မှာ သတိလစ်မေ့မျောနေပြီ ဖြစ်သည်။ မိုးကောင်းကင်အင်မော်တယ်အဆင့် နဂါးမျိုးနွယ်ကြီးသည် သူ့ဒဏ်ရာကိုပင် ကုသနိုင်စွမ်း မရှိတော့လေပြီ။
လွန်ခဲ့သည့်နှစ်အနည်းငယ်ကမှ ကျင့်ကြံခြင်းအဆင့်တက်ထားသည့် လုန်မန်မှာလည်း အတော်လေး ပင်ပန်းနွမ်းနယ်နေပြီ ဖြစ်သည်။
လုန်မန်တောင်ထိပ်သို့ မော့ကြည့်လိုက်ပြီး အလျှင်အမြန် ဆက်လက်ပြေးလွှားသွားသည်။ သူ့ခန္ဓာကိုယ်မှ လျှပ်စီးတန်ခိုးစွမ်းအားများ ထွက်ပေါ်လာပြီး သူ့မျက်လုံးများအတွင်းမှ သွေးများစီးကျလာ၏။
သူ စွမ်းအားရှိသမျှ အကုန်ထုတ်သုံးထားခြင်း ဖြစ်သည်။ ဤတောင်ကို ရအောင်ကျော်ဖြတ်ရပေမည်။
တောင်က တဖြည်းဖြည်း သူနှင့် နီးကပ်လာသည်။
"ဝှစ်…"
လျှပ်စီးများလင်းလက်သွားသည်။
လုန်မန်သည် ကျောထက်တွင် လုန်ရဲ့ကို ထမ်းထားရင်း အားတင်းကာ တောင်ပေါ်သို့ တက်ရန် ဟန်ပြင်လိုက်သည်။
ဤတောင်ကို ကျော်ဖြတ်ပြီးလျှင် ခွန်လွန်တောင်နှင့် နီးကပ်လာပြီ ဖြစ်လေရာ သူတို့အတွက် အန္တရယ်ကင်းနိုင်သည်။ သို့သော် တောင်ကို မကျော်ဖြတ်နိုင်မချင်း အန္တရယ်ရှိနေဆဲ ဖြစ်လေရာ ဤနေရာမှ မြန်နိုင်သမျှ မြန်မြန် ထွက်ခွာရမည် ဖြစ်သည်။
သို့သော်…
တောင်ပေါ်သို့ ပြေးတက်သွားသည့် သူ့ခြေထောက်များ ရုတ်ချည်း ရပ်တန့်သွားရသည်။
သူ စိတ်ပျက်လက်ပျက်ဖြင့်ပင် အရှေ့ဆီသို့ လှမ်းကြည့်လိုက်မိတော့သည်။
"ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
သူ့အရှေ့တွင် လမ်းကိုပိတ်ဆို့ပြီး လူပေါင်းများစွာ ရပ်နေသည်ကို တွေ့မြင်လိုက်ရသည် မဟုတ်ပါလား။
လူသားအင်မော်တယ် အောင်မြင်ထားသည့်အဆင့် ၊ လူသားအင်မော်တယ်နောက်ဆုံးအဆင့် ၊ လူသားအင်မော်တယ် အလယ်ဆင့်။
ထိုသူများထဲမှ အားအနည်းဆုံးသူပင်လျှင် မရှိမှုအာကာသအဆင့် အောင်မြင်ထားသူ ဖြစ်သည်။
လူသားများ ၊ နတ်မိစ္ဆာများသာမက အခြားသောမျိုးနွယ်များလည်း ပါဝင်သည်။ သူတို့အားလုံးက ကြေးစားလူသတ်သမားများ ဖြစ်ကြပြီး စုစုပေါင်း အယောက် (၂၀) ခန့် ရှိ၏။
ပြတ်လုတည်းတည်း ကြိုးလေးတစ်ချောင်းပမာ ဖြစ်နေရှာသည့် လုန်မန်သည် သူသွားမည့်လမ်းကို ပိတ်ဆို့ထားသည့် လူသတ်သမားအုပ်စုကို မည်သို့ ရင်ဆိုင်နိုင်ပါမည်နည်း။
"အံ့သြသွားလား"
အသံတစ်သံက လုန်မန်၏ အနောက်ဘက်မှ ထွက်ပေါ်လာသည်။
သူ့နောက်မှလိုက်လာသည့် နတ်မိစ္ဆာ (၃)ယောက်အနက် တစ်ယောက်က ပြောလိုက်ခြင်း ဖြစ်၏။
လုန်မန်က မလိုအပ်သည့် ခံစားချက်များကို ဖယ်ရှားပစ်လိုက်ပြီး သူ့အနောက်မှ နတ်မိစ္ဆာ (၃)ယောက်ကို လှည့်ကြည့်လိုက်သည်။
သူက…
"ကျုပ်က နာမည်တစ်ခုလောက်ပဲ သိလိုက်တာကို မင်းတို့က ဘာလို့ အသဲအသန် လိုက်ဖမ်းနေရတာလဲ"
လုန်မန်က မတိုက်ခိုက်ခင် ခဏမျှ အနားယူရန် လိုအပ်သောကြောင့် အချိန်ဆွဲရန် စကားပြောလိုက်ခြင်း ဖြစ်သည်။
လုန်မန်၏ အနောက်ဘက်တွင် ရပ်နေသည့် နတ်မိစ္ဆာက…
"နဂါးမျိုးနွယ်တွေရဲ့ အဋ္ဌမမင်းသားက မွေးရာပါအင်မော်တယ်လို့ ပြောကြတယ် ၊ မင်းက နဂါးမျိုးနွယ်တွေထဲမှာ ထူးခြားသူတစ်ယောက်ပါပဲ ၊ ဒါပေမဲ့ မင်း မသေခင် သိချင်တာက ဒီလောက်လေးပဲလား"
ထို့နောက် လုန်မန် စကားပြန်မပြောနိုင်ခင်မှာပင် ထိုနတ်မိစ္ဆာက အေးစက်သည့်လေသံဖြင့် အမိန့်ပေးလိုက်သည်။
"တိုက်ကြ… အချိန်မဖြုန်းကြနဲ့…"
"ဘုန်း…"
ချက်ချင်းပင် ပြင်းထန်သောတိုက်ခိုက်မှုများက လုန်မန်ရှိရာသို့ ဝင်ရောက်လာသည်။
"ဝှစ်…"
စွမ်းအားအတက်အကျများက ဒီရေလှိုင်းများအလား ဖြစ်ပြီး တောအုပ်တစ်ခုလုံး ပျက်စီးသွားသည်။
သို့သော် လုန်မန်က အသက်ရှင်နေသေးလေရာ မည်သူမှ တိုက်ခိုက်မှုကို မရပ်တန့်ခဲ့ကြပေ။
"ဘန်း"
လုန်မန်က သူ့ကိုဝိုင်းဝန်းတိုက်ခိုက်နေသည့် စွမ်းအားများစုစည်းရာ ဗဟိုတည့်တည့်မှ ရှောင်ထွက်လိုက်သည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံး ဒဏ်ရာများ ပြည့်နက်နေပြီး နဂါးအကြေးခွံများမှာ ဖြည်းဖြည်းချင်း ကွာကျနေသည်။
လုန်ရဲ့၏ အခြေအနေမှာလည်း ပိုမိုဆိုးရွားလာသည်ဖြစ်ရာ သူ နောက်လှည့်မကြည့်တော့ဘဲ ရှေ့သို့သာ ဆက်လက် ပြေးလွှားနေသည်။
သို့သော်…
သူ့ရှေ့တွင် လူသားအင်မော်တယ် ၊ အလယ်ဆင့် ကျင့်ကြံသူတစ်ယောက် ပေါ်လာသည်။ ထိုသူက သူနှင့် ထိပ်တိုက်ရင်ဆိုင်ပြီး သူ့ကို သတ်ပစ်ချင်ဟန် ရှိသည်။
လုန်မန်သာ ဒဏ်ရာအပြင်းအထန် ရရှိထားခြင်းမရှိလျှင် လူသားအင်မော်တယ်တစ်ပါးက သူ့အတွက် ဘာမှမဟုတ်ပေ။
သို့သော် ယခုတော့ "အကယ်၍" ဆိုသည်များ မရှိတော့ပြီ။
သူ နှုတ်ခမ်းကိုကိုက်လိုက်ပြီး သွေးများကို အန်ထွက်စေလိုက်သည်။
နဂါးမျိုးနွယ်များ၏ လျှို့ဝှက်နည်းလမ်းတစ်ခု ဖြစ်သည့် သွေးစွမ်းအားအနှစ်သာရကို အသုံးပြုလိုက်ခြင်း ဖြစ်၏။
"ချိုးဖျက်…"
လုန်မန်၏ အသံထွက်ပေါ်လာသည်။
ချက်ချင်းပင် သူ၏ သွေးစွမ်းအားအနှစ်သာရများက အလင်းတန်းများအဖြစ် ပြောင်းလဲသွားပြီး တစ်ဖက်လူ၏တိုက်ခိုက်မှုကို ချိုးဖျက်လိုက်သည်။
"ဘုန်း"
စွမ်းအား (၂)ခု ရိုက်ခတ်မိသွားပြီး လူသားအင်မော်တယ် အဝေးသို့ လွင့်ထွက်သွားကာ သေလား ၊ ရှင်လား မသိရတော့ပေ။
ထိုအခွင့်အရေးကို အသုံးချပြီး လုန်မန် ထွက်ပြေးရန် ဟန်ပြင်လိုက်သည်။
သို့သော် ထိုသူ လွင့်ထွက်သွားသည့်တိုင် နောက်ထပ် လူသားအင်မော်တယ် ၊ အလယ်ဆင့် ကျင့်ကြံသူတစ်ယောက်က လုန်မန်ရှိရာသို့ တန်းတန်းမတ်မတ် ရောက်ရှိလာပြန်သည်။
ယခုအချိန်က ခုခံရမည့်အချိန်လည်း မဟုတ်သလို ၊ တိုက်ခိုက်ရမည့်အချိန်လည်း မဟုတ်ပေ။
ဆုတ်ခွာရမည့်အချိန် ဖြစ်သည်။
အနည်းငယ် နောက်ကျနေပြီဖြစ်သော်လည်း သူ တန်ဖိုးတစ်ခု ပေးဆပ်နိုင်မည်ဆိုလျှင် လွတ်အောင်ရုန်းနိုင်မည် ဖြစ်သည်။
ထိုလူသားအင်မော်တယ်က နှာခေါင်းတစ်ချက်ရှုံ့လိုက်ရင်း…
"ဘာလဲ ထွက်ပြေးချင်တာလား ၊ အခုချိန် ဘယ်သူပဲ ရောက်လာပါစေ မင်း ထွက်ပြေးလို့မရတော့ဘူးကွ"
ထို့နောက် သူ့ထံမှ တန်ခိုးစွမ်းအားများ ပျံ့နှံ့ထွက်ပေါ်လာပြီး အဋ္ဌမမင်းသားထံ ဝင်ရောက်လာသည်။
လုန်မန် ရင်ထဲ ခါးသက်သွားသည်။
သူ့အသက်သေလျှင်ပင် ထိုသူကို အရှုံးမပေးရန် ဆုံးဖြတ်လိုက်သည်။
လူသားအင်မော်တယ် ၊ နောက်ဆုံးအဆင့် ကျင့်ကြံသူ၏ မျက်နှာထက်တွင် ရက်စက်ကြမ်းကြုတ်သည့် အပြုံးတစ်ခု ထွက်ပေါ်လာ၏။
မွေးရာပါအင်မော်တယ်တစ်ပါးကို သတ်ဖြတ်ရတော့မည့်ဖြစ်သောကြောင့် အလွန်တရာ ဂုဏ်ယူနေသည့်ဟန် ရှိသည်။
သို့သော် သူ အဋ္ဌမမင်းသားကို တိုက်ခိုက်တော့မည့်အချိန်တွင် ကောင်းကင်ထက်တွင် တစ်စုံတစ်ခု ပျံသန်းလာသည်ကို တွေ့မြင်လိုက်ရသည်။
"ဘုန်း"
ထိုအရာက ဘာမှန်းမသိလိုက်ရပေ။
အဘယ်ကြောင့်ဆိုသော် လူသားအင်မော်တယ် ၊ နောက်ဆုံးအဆင့် ကျင့်ကြံသူ၏အမြင်အာရုံများ ရုတ်တရက် ေ၀ဝါးသွားသောကြောင့် ဖြစ်၏။
ထိုပစ္စည်းကို ရိပ်ခနဲသာ တွေ့မြင်လိုက်ရပြီး သူ့ခန္ဓာကိုယ်ထက်ခြမ်းကွဲသွားကြောင်း ခံစားလိုက်ရသည်။
"ဘန်း"
လျှပ်စီးများ လင်းလက်သွားသည်။
လူသားအင်မော်တယ် ၊ နောက်ဆုံးအဆင့်ကျင့်ကြံသူမှာ လျှပ်စီးကြောင်းများကြားတွင် တစ်စစီကြေမွသွားကာ အသိစိတ်ပျောက်ကွယ်သွားခဲ့လေပြီ။
ကောင်းကင်ထက်မှပျံသန်းလာသော ပုဆိန်သွားလှံရှည်တစ်လက်က သူ့ခန္ဓာကိုယ်ကို ထက်ခြမ်းခွဲလိုက်ခြင်းဖြစ်ကြောင်း သူ မသိရှိနိုင်တော့ပေ။
"ဝှစ်…"
မိုးကြိုးတန်ခိုးစွမ်းအားများက နေရာအနှံ့သို့ ပျံ့နှံ့သွားသည်။
မြေပြင်ထက်သို့ စိုက်ကျလာသည့် လှံရှည်ကိုကြည့်ပြီး လုန်မန်၏မျက်ဝန်းများ စိတ်လှုပ်ရှားမှုကြောင့် တောက်ပသွားသည်။
ထိုလှံရှည်က အနောက်ဘက်တောင်တန်းများတွင် အပေးအယူလုပ်ခဲ့စဉ်က ထိုလက်သီးစွမ်းအားရှင်ကို သူပေးခဲ့သည့် 'မိုးကြိုးကောင်းကင်ပုဆိန်သွားလှံရှည်' ဖြစ်သည်။
ထိုသူ…
သွေးနီရောင်နဂါးကို လက်သီးတစ်ချက်တည်းဖြင့် ထိုးနှက်ပစ်လိုက်သူ ရောက်ရှိလာခဲ့ပြီ ဖြစ်လေသည်။
***
ရုတ်တရက် ဖြစ်ပေါ်လာသည့် အပြောင်းအလဲများကြောင့် အားလုံး ကြက်သေသေသွားကြသည်။
"အဲဒါ ဘယ်သူလဲ"
အစစ်အမှန်အင်မော်တယ် ၊ နောက်ဆုံးအဆင့် နတ်မိစ္ဆာက ပတ်ဝန်းကျင်ကို တစ်ချက်ဝေ့ကြည့်ရင်း မေးလိုက်သည်။
သူက နတ်မိစ္ဆာများ၏အလုပ်ကို ဝင်မရှုတ်ရန်အတွက် ပြောဆိုရန်ဟန်ပြင်လိုက်စဉ် သူ့ပခုံးထက်သို့ လက်တစ်ဖက် ကျရောက်လာ၏။
ချက်ချင်းပင် ကြီးမားသည့် ဘေးအန္တရယ်ကပ်ဆိုးကြီးတစ်ခု သူ့ထံသို့ ဆင်းသက်လာသည့်အလား ခံစားလိုက်ရသည်။
"ဘုန်း"
သွေးမှုန်များ လေထဲသို့ ပျံ့လွင့်သွားသည်။
အန္တရယ်ကိုးသွယ်စွမ်းအားက ထိုအစစ်အမှန်အင်မော်တယ်ကို သေလမ်းပို့ပေးလိုက်ပြီ ဖြစ်၏။
အန္တရယ်ကို သတိပြုမိသွားသည့် အစစ်အမှန်အင်မော်တယ် ၊ နောက်ဆုံးအဆင့် ကျင့်ကြံသူတစ်ယောက်က အမိန့်ပေးလိုက်သည်။
"သူ့ကိုတားကြစမ်း"
အခြားသူများ ထိုသူကို တားဆီးထားချိန်တွင် သူကတော့ နဂါးမျိုးနွယ်မှ အဋ္ဌမင်းသားကို သတ်ဖြတ်ပစ်မည်ဟု တွေးလိုက်သည်။
အခြားသူများကို အမိန့်ပေးပြီးသည်နှင့် သူက လုန်မန်ရှိရာသို့ စွမ်းအားအပြည့်ဖြင့် ဝင်ရောက်တိုက်ခိုက်လိုက်သည်။ နဂါးမင်းသားက အားနည်းနေသည်ဖြစ်ရာ သူ သေချာပေါက် သတ်ဖြတ်ပစ်နိုင်မည် ဖြစ်သည်။
သို့သော် သူ လုန်မန်အနားသို့ ချဉ်းကပ်လာစဉ်မှာပင် ရုတ်တရက် ခြေလှမ်းများ ရပ်တန့်သွားရသည်။
သူ့အနောက်ဘက်မှ တိုက်ခိုက်နေသံများကြောင့် ခြေလှမ်းများရပ်တန့်သွားခြင်းမဟုတ်ဘဲ သူ့ပခုံးပေါ်ကျရောက်လာသည့် လက်တစ်ဖက်ကြောင့် ဖြစ်၏။
သူ့အနောက်ဘက်တွင် လူတစ်ယောက်ရှိနေပြီး သူ့ကို ရှေ့မတိုးနိုင်အောင် တားဆီးထားသည်။
သူက ခေါင်းကိုလှည့်လိုက်ပြီး ထိုသူကို တွန်းထုတ်ရန် ကြိုးစားလိုက်သည်။
"မင်းလက်ကိုလွှတ်စမ်း"
သို့သော် သူ လှည့်ကြည့်လိုက်သည်နှင့် မြင်တွေ့လိုက်ရသည့်မြင်ကွင်းကြောင့် ချက်ချင်းပင် အံ့သြမှင်တက်သွားရပြီး သူ့မျက်နှာတစ်ခုလုံးတွင် အကြောက်တရားများဖြင့် ပြည့်နက်သွားလေတော့၏။