← Chapters

အခန်း (၈၉)

Vol. 9 Ch. 89

အခန်း (၈၉)

Vol. 9 Ch. 89

မြို့ထဲသို့ ပြန်ရောက်ပြီး နောက်တစ်နေ့တွင် ဖြစ်သည်။

ချန်ဆန်းရှီကမင်းသားအား ဖမ်းဆီးခဲ့သည့် သတင်းသည် ပိုယန်တစ်မြို့လုံး ပျံ့နှံ့သွားခဲ့သည်။ သူ၏ ဂုဏ်သတင်းသည် ရှန်ထင်ချွန်ကိုပင် လွှမ်းမိုးသွားခဲ့၏။

နောက်ထပ် လူပေါင်း နှစ်ရာခန့်သည် တပ်သားအဖြစ် ဝင်ရောက်ရန် ပိုယန်

သို့ ရောက်ရှိလာကြသည်။

ရှန်ထင်ချွန်က ၎င်းတို့အားလုံးကို လက်ခံပြီးနောက် စစ်တပ်၏ တပ်စွဲနေရာကို ယာယီတိုးချဲ့ရန်အတွက် စစ်ဌာနချုပ်သို့ အစီရင်ခံခဲ့သည်။ စစ်ပွဲနီးကပ်လာသည့်အတွက် အထက်လူကြီးများက ငြင်းပယ်မည်မဟုတ်သည်မှာ သေချာပါသည်။

ထို့အပြင်၊ ရှန်ထင်ချွန်သည် ပိုယန်၏ ကာကွယ်ရေးကို ခိုင်မာစေရန် နောက်ထပ် တပ်ဖွဲ့ဝင်များ စေလွှတ်ပေးရန်ကိုလည်း တောင်းဆိုခဲ့သည်။

စစ်ပွဲကြီး နီးကပ်လာပြီ

ချန်ဆန်းရှီတို့အဖွဲ့ စုံစမ်းရရှိခဲ့သည့် အချက်အလက်များအရ ရှီမြစ်မျိုးနွယ်စုသည် ၎င်းတို့၏ စစ်အင်အားကို အနည်းဆုံး လူငါးထောင် အထိ တိုးမြှင့်ထားကြောင်း သိရသည်။

အတိကျတော့မဟုတ်သော်လည်း၊ ဤအရာသည် ထို နတ်ဘုရားရတနာနှင့် ပတ်သက်မှုရှိကောင်း ရှိနေနိုင်ပေသည်။

နောက်လာမည့် အချိန်များတွင် မိစ္ဆာဂိုဏ်းမှ အဖွဲ့ဝင်များပိုယန်မြို့ထဲသို့ ထိုးဖောက်ဝင်ရောက်လာနိုင်ခြေ ရှိနေသည်။

လွတ်မြောက်ရန် လမ်းမရှိတော့ချေ။ အစကတည်းက ရွေးချယ်ခွင့် မရှိခဲ့ပေ။

သာမန် သိုင်းပညာခန်းမသို့ ဝင်ရောက်ခဲ့မည်ဆိုလျှင် ယခုချိန်တွင် တင်ယွမ် သိုင်းပညာခန်းမရှိ လျိုအစ်ကိုကြီးအား ဖားယားနေရပြီး အရိုးဖွဲ့စည်းခြင်းအဆင့်၏ အခြေခံအဆင့်ပင် ရောက်ရှိမည် မဟုတ်ပေ။

စစ်တပ်ထဲ ဝင်လာခဲ့ခြင်းကြောင့် သိုင်းပညာကို ရခဲ့သော်လည်း အသက်ကို စွန့်လွှတ်ရမည့် အခြေအနေများ ရှိလာသည်။

မည်သည့်ရွေးချယ်မှုတိုင်းတွင်မဆို ၎င်းနှင့်သက်ဆိုင်သည့် တန်ဖိုးကို ပေးဆပ်ရမြဲ ဖြစ်သည်။

ချန်ဆန်းရှီလုပ်နိုင်သည်မှာ ဆက်လက်၍ ပိုမိုအားကောင်းအောင် ကြိုးစားနေခြင်းသာ ဖြစ်သည်။

မြက်ခင်းပြင်သို့ သွားခဲ့သည့် ဤခရီးစဉ်မှ ရရှိခဲ့သည့် အကျိုးကျေးဇူးများမှာလည်း မနည်းလှပေ

[ကျင့်ကြံမှု့ - မသေနိုင်သော ရွှေမြွေလှံ-ပထမပိုင်း(ကျွမ်းကျင်မှု့အဆင့်)] [တိုးတက်မှု့ - ၈၈၅/၁၀၀၀]

အသက်ရှင်သန်ရေးအတွက် ရုန်းကန်ရသည့် တိုက်ပွဲကြောင့် သွေးများ အရှိန်အဟုန်ပြင်းစွာ လှည့်ပတ်ခဲ့ပြီး ခရီးမထွက်မီက အသုံးခဲ့သောဝိညာဉ်အစေ့များသည် လုံးဝနီးပါး ချေဖျက်ပြီးစီးပြီ ဖြစ်ရာ၊ သူ၏ ကျင့်ကြံမှု့မှုသည် အံ့မခန်း မြန်နှုန်းဖြင့် တိုးတက်လာခဲ့သည်။

ရက်အနည်းငယ်အတွင်းပင် အရေပြားလေ့ကျင့်ခြင်းအဆင့်ပြီးမြောက်တော့မည် ဖြစ်သည်။

သို့သော်လည်း၊ ဤအရာကို ကြေညာရန် မလိုအပ်ဘဲ တိတ်ဆိတ်စွာပင် ထိုးဖောက်ဝင်ရောက်ခြင်းက ပို၍ ကောင်းသည်။

အရင်ကတော့ မိမိ၏ အရည်အချင်းကို ပြသရန်အတွက် လုပ်ခဲ့ခြင်းဖြစ်ရာ၊ ယခုမူ လုံလောက်ပြီဟု ယူဆရသည်။

နောက်ပိုင်းတွင် တန်ယွမ်ကျီ နှင့် လော်တုံချွမ် ကဲ့သို့သော အတွင်းအားသန့်စင်ခြင်းအဆင့်နှင့် ရင်ဆိုင်ရမည်ဖြစ်ရာ၊ ၎င်းတို့ကို သတိထားစေရန် ဖန်တီးပေးနေစရာ မလိုတော့ပေ။

အရေးအကြီးဆုံးမှာ... အတွင်းအားသန့်စင်ခြင်းအဆင့်မရောက်မီတွင် ရာထူးတိုးမြှင့်ခံရရန် လမ်းမရှိခြင်းပင် ဖြစ်သည်။

မလိုအပ်သည့်အရာများကို အဘယ်ကြောင့် လုပ်ဆောင်နေရမည်နည်း။

[ကျွမ်းကျင်မှု့ - ခြေရာခံခြင်းနှင့်ပုန်းကွယ်ခြင်း(အသေးစားအောင်မြင်မှု့)[တိုးတက်မှု့ - ၇၀၅/၁၀၀၀]

[ကျွမ်းကျင်မှု့ - စစ်သားများကွပ်ကဲခြင်း(အခြေခံအဆင့်)]

[တိုးတက်မှု့ - (၂၃၃/၅၀၀)]

[စွမ်းဆောင်ရည် - အဓိကကျောရိုး]

[ကျွမ်းကျင်မှု့ - မြင်းထိန်းချုပ်ခြင်း(ကျွမ်းကျင်မှု့အဆင့်)]

[တိုးတက်မှု့ - (၁၀၉/၅၀၀)]

ပြောရမည်ဆိုလျှင်၊ ဤတစ်ကြိမ် အသက်ရှင်သန်မှု့အတွက် မြင်းဖြူလေး၏ ကျေးဇူးမှာ အနည်းဆုံး တစ်ဝက်နီးပါး ရှိပေသည်။

မြင်းဖြူလေး၏ ထူးခြားသောအမြန်နှုန်း မရှိခဲ့ပါက၊ ချန်ဆန်းရှီသည် နဝမမင်းသားကို ဤမျှတိုတောင်းသော အချိန်အတွင်း ဖမ်းဆီးနိုင်မည် မဟုတ်ပေ။

ကျွမ်းကျင်မှု အမျိုးမျိုး တိုးတက်လာခြင်းများအပြင်၊ အကြီးမားဆုံးသော အကျိုးကျေးဇူး မှာ... ဤ ဓား ဖြစ်သင့်သည်။

"ချွင်—"

ချန်ဆန်းရှီက ဓားကို ဆွဲထုတ်လိုက်ရာ၊ သူ့ရင်ခွင်ထဲမှ အမလန်အနည်းငယ် လန့်သွားသည်။ သူတို့နှစ်ဦးသည် အတူတကွ အသက်ရှင်သန်ရေးအတွက်တိုက်ပွဲကို ဖြတ်သန်းခဲ့ကြပြီး ပြန်လည်ဆုံတွေ့ပြီးနောက် တစ်ညလုံး အချင်းချင်းနှစ်သိမ့်ခဲ့ကြသည်။

ဤဓား၏ ဓားအိမ်ကို သစ်နက်ဖြင့် အဓိကပြုလုပ်ထားပြီး မျက်နှာပြင်တွင် ရွှေရောင်နွယ်ပင်များဖြင့် အလှဆင်ကာ၊ အလယ်တွင် ပတ္တမြားနီတစ်ပွင့်ကို မြှုပ်နှံထားရာ ဖယောင်းတိုင်မီးအောက်တွင် တောက်ပနေသည်။

ဓားသည် သုံးပေ၊ ခြောက်လက်မ ရှည်ပြီး၊ ကမ္ဘာပေါ်ရှိ စက်ဝန်းကြီး (၃၆၀) နှင့် ကိုက်ညီသည်။ တစ်လက်မ၊ ရှစ်စိတ် ကျယ်ပြီး၊ နတ်ဘုရားမာန် ၏ တစ်ဝက်နှင့် ကိုက်ညီသည်။ ဓားသည် အစွန်းအထင်း ကင်းမဲ့ပြီး အေးစက်သော အရောင်အဝါ ထွက်ပေါ်နေကာ အနားသည် ထက်မြက်ပြီး အလေးချိန်မှာလည်း အံဝင်ခွင်ကျ ရှိလှသည်။

"ကျန်းယွဲ့ဓား "

ချန်ဆန်းရှီသည် စာအုပ်များတွင် ၎င်းအကြောင်းကို ဖတ်ဖူးသည်။ ဒါရှန်၏ ခမ်းနားမှုမတိုင်မီက တာ့ယန်အမည်ရှိ စည်းလုံးစေသော မင်းဆက်တစ်ခု ရှိခဲ့ဖူးသည်။ ဤကျန်းယွဲ့ဓားကို တာ့ယန်ကို ပြန်လည်အသက်သွင်းခဲ့သည့် ဧကရာဇ်မင်းမှ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး၊ နှစ်ပေါင်းတစ်ရာအကြာတွင် ယူဝမ် မိသားစုလက်ထဲ ရောက်ရှိလာလိမ့်မည်ဟု မည်သူက ထင်ခဲ့မည်နည်း။

တာ့ယန်နိုင်ငံ ကျဆုံးပြီးနောက်တွင် ဗဟိုလွင်ပြင်ဒေသသည် နှစ်ပေါင်း တစ်ရာကျော်ကြာ ကွဲပြားသော အုပ်ချုပ်မှုအောက်သို့ ရောက်ခဲ့သည်။ တိုင်းတစ်ပါးလူမျိုးများသည် "ဗဟိုလွင်ပြင်သို့ ပေါင်းစည်းခြင်း" ကို စတင်ခဲ့ပြီး၊ ဗဟိုလွင်ပြင်လူမျိုးတို့၏ စာပေများ ဖတ်ရှုခြင်း၊ အဝတ်အစားများ ဝတ်ဆင်ခြင်း၊ ဘာသာစကား ပြောဆိုခြင်းများ အတုယူခဲ့ကြသည်။

နောက်ပိုင်းတွင် ရှန်ဂိုဘုရင် မှ စစ်တိုက်ကာမောင်းထုတ်ခဲ့သော်လည်း လူရိုင်းများ၏ "ပေါင်းစည်းမှု" သည် နှစ်သုံးရာကျော်အတွင်း ပြောင်းလဲခဲ့သော်လည်း၊ ဘာသာစကားမှာမူ မပြောင်းလဲဘဲ ကျန်ရစ်ခဲ့သည်။

"တကယ်ကို ကောင်းမွန်တဲ့ ဓားပဲ"

ချန်ဆန်းရှီက ထိုဓားကို လက်က မချနိုင်ခဲ့ပေ။

ဤဓားသည် သူ၏ ကျူရွက်လှံ ကို ပျက်စီးစေခဲ့ရာ၊ ထိုလှံကို ပြုပြင်ရန်

အတွက် ပန်းပဲဖိုသို့ ပို့ထားရသည်။ ပိုယန်သို့ ပြန်ရောက်ပြီးနောက် ဤဓားအကြောင်းကို မည်သူကမျှ မပြောဆိုခဲ့သောကြောင့် ၎င်းသည် သူပိုင်ဆိုင်သော ဓားဖြစ်သွားခဲ့သည်။

အဆင့်တက်ရောက်ပြီးနောက်တွင် ဓားပညာကိုလည်း လေ့ကျင့်ရန် အချိန်ယူရပေဦးမည်။

နဝမမင်းသားနှင့် ပတ်သက်၍မူ ညတွင်းချင်းပင် ခရိုင်မြို့တော် သို့ ပို့ဆောင်ပြီးနောက် မင်းနေပြည်တော် သို့ ပို့ဆောင်ခဲ့သည်ဟု သိရသည်။ သူ၏ မင်းသားရာထူးကြောင့် သူတို့အနေဖြင့် သူ၏ ကံကြမ္မာကို ဆုံးဖြတ်ခွင့် မရှိပေ။

"ဒါကကြီးမားတဲ့ အောင်မြင်မှုတစ်ခုပဲ။ ဧကရာဇ်မင်းကြီးက ငါ့ကို ကောင်းမွန်တဲ့ ဆုလာဘ်တစ်ခုခု ပေးမလား မသိဘူး" ဟု ချန်ဆန်းရှီစဉ်းစားမိသည်။

သို့သော်လည်း စစ်ပွဲများ ပြန့်ပွားနေသည့် အချိန်နှင့် မြောက်ပိုင်းနယ်မြေမှ မင်းနေပြည်တော်အထိ အကွာအဝေးကြောင့် ခရီးစဉ်တစ်ခုလုံး အချိန်မည်မျှ ကြာမည်ကို မည်သူမျှ မသိနိုင်ပေ။

ယခုအချိန်တွင် အရေးကြီးဆုံးမှာ မိမိ၏ ခွန်အားကို မြှင့်တင်ရန်ပင် ဖြစ်သည်။

နောက်တစ်နေ့တွင်...

ချန်ဆန်းရှီကစစ်တပ်စခန်းသို့ သွားခဲ့သည်။ ကျူထုံ ၊ ရွှီဘင် နှင့် အခြားသူများသည် အန္တရာယ်ကင်းစွာ ရှိနေခဲ့ကြသည်။

၎င်းတို့ ခြောက်ဦး အသက်ရှင်သန်နိုင်ခဲ့ခြင်းမှာ ရထားငယ်ဖွဲ့စည်းပုံနှင့် တပအဓိကကျော်ရိုးကျွမ်းကျင်မှုတို့ကို ပေါင်းစပ်၍ အကျပ်အတည်းတွင်စိတ်တည်ငြိမ်မှု့ကို ယူဆောင်လာနိုင်ခြင်းကြောင့် ဖြစ်သည်။ မဟုတ်ပါက၊ ၎င်းတို့သည် မိနစ်ပိုင်းပင် ခံနိုင်ရည်ရှိမည်မဟုတ်ဘဲ ချက်ချင်း ကြေမွသွားနိုင်သည်။

"ဝမ်လီ ၊ မင်း လီတာ့ကျီ ကို သိတယ်မလား"

ချန်ဆန်းရှီသည် ငွေ၂၀ တေးကို ထုတ်ပေးပြီး "သူတို့ရဲ့ မိသားစုတွေကို ငွေသွားပေးဖို့ အချိန်ရှာပြီး ထောင်စုမှုးက ကတိပေးထားတဲ့ ဈာပနစရိတ်နဲ့ အပိုထောက်ပံ့ကြေးတွေ အပြည့်အဝ ပေးခဲ့လားဆိုတာ စစ်ဆေးချေ။ ပြဿနာရှိရင် ငါ့ကို ပြောပြပါ" ဟု မှာကြားခဲ့သည်။

သူတို့သည် သာမန်တပ်သားများသာ ဖြစ်သော်လည်း၊ အသက်ရှိ လူသားများ ဖြစ်ကြသည်။

သူသည် ရှန်ထင်ချွန်ကဲ့သို့ သေဆုံးသူများကို ကိန်းဂဏန်းများအဖြစ်သာ သဘောမထားဘဲ၊ မိမိတတ်နိုင်သမျှ ကူညီပေးမည် ဖြစ်သည်။ သူသည် အရာရှိများက ကိစ္စရပ်များကို မှန်ကန်စွာ ကိုင်တွယ်ဆောင်ရွက်လိမ့်မည်ဟုလည်း မယုံကြည်ပေ။

ကတိပေးထားသည့် လျော်ကြေးကို ခေါင်းပုံဖြတ်ခြင်းမရှိဘဲ တကယ်တမ်း ပေးပါ့မလားဆိုသည်ကို ဘုရားသခင်သာ သိပေလိမ့်မည်။

"ကျူထုံမင်း သိုင်းပညာလေ့ကျင်မှု့အတွက် လိုအပ်တဲ့ အရင်းအမြစ်

အားလုံးကို ငါ တာဝန်ယူပေးမယ်။ သွေးအားဖြည့်ဆေးရည်နဲ့ ကိုးကြိမ်သွေးအားဖြည့်ဆေးရည်တွေကို မင်းတို့ စိတ်ကြိုက် အသုံးပြုနိုင်တယ်"

ချန်ဆန်းရှီက ရက်ရောစွာ ပြောကြားခဲ့သည်။

ရှန်ထင်ချွန်က သူတို့ကို ကောင်းမွန်သည့်အရာများဖြင့် ဆုချီးမြှင့်ဖို့ မတတ်

နိုင်ပေ။ သို့သော်လည်း သွေးအားဖြည့်ဆေးရည်နှင့် ကိုးကြိမ်သွေးအားဖြည့်ဆေးရည်များကို ဆုချီးမြှင့်ပေးရမည် ဖြစ်သည်။

မဟုတ်ပါက မည်သူကမှ သူ့နောက်သို့ လိုက်လိုမည်မဟုတ်ပေ။

"ကျေးဇူးတင်ပါတယ် အရှင်"

ကျူထုံနှင့် အခြားသူများက လက်သီးစုပ်ချီကာ ကျေးဇူးတင်စကား ပြောကြားကြသည်။ ဤဆင်းရဲနွမ်းပါးသူများအတွက် အလိုအပ်ဆုံးမှာ သွေးအားဖြည့်ဆေးများ ဖြစ်သည်။ မဟုတ်ပါက ၎င်းတို့၏ ကျင့်ကြံမှုနှုန်းသည် ယခုထက် ပိုမိုမြန်ဆန်နေမည် ဖြစ်သည်။

"ဖက်တီးဝမ် မင်းရဲ့ ဒဏ်ရာတွေ ဘယ်လိုလဲ"

ချန်ဆန်းရှီက မေးလိုက်သည်။

"ကောင်းပါတယ်၊ အရိုးဖွဲ့စည်းခြင်းအဆင့် ပြီးပြည့်စုံမှု့ရရှိထားသူတစ်ယောက်အတွက် ဓားဒဏ်ရာ နှစ်ခုလောက်က အသက်မသေစေနိုင်ပါဘူး" ဟု ဝမ်ကျီက ပြောသည်။ သေဆုံးသွားသူများကို သူကိုယ်တိုင် သင်ကြားပေးခဲ့သည့် တပည့်များသဖွယ် သဘောထားသူဖြစ်သည် "လော်တုံချွမ်ကို သတ်ပစ်လို့မရခဲ့တာ တကယ် ဒေါသထွက်စရာပဲ သူ ဘယ်အဆင့်မှာ ရှိတယ်ဆိုတာ မင်းသိလား"

"သူက ဒု-ထောင်စုမှုးအဖြစ်ရာထူးတိုးခါစပဲ ရှိသေးတာလေ။ အတွင်းအားဆန့်စင်ခြင်းအဆင့်ရဲ့အခြေခံအဆင့်ပဲ မဟုတ်ဘူးလား"

ချန်ဆန်းရှီက အနည်းငယ် အံ့အားသင့်သွားသည် "အဲဒီထက်ပိုအားကောင်းတာလား"

"သေချာပေါက် ပိုအားကောင်းတာပေါ့"

ဝမ်ကျီက သူ့အား ဆိတ်ငြိမ်သောနေရာသို့ ခေါ်သွားပြီး အသံကို နှိမ့်ကာ ပြောလိုက်သည် "ငါ အဆင့်ကျသွားခဲ့ပေမဲ့ အဆင့်တစ်ခုစီမှာ ရှိသင့်တဲ့ ခွန်အားကို ငါထက် ပိုရှင်းရှင်းလင်းလင်း သိတာ ဘယ်သူမှ မရှိဘူး။ ဒါ့အပြင် ပိုယန်မှာ ဆယ်စုနှစ်တစ်ခုကျော် နေခဲ့တဲ့အတွက် သူ ကျင့်ကြံတဲ့ သိုင်းပညာနည်းလမ်းကိုတောင် ငါ သိတယ်"

"သူက အတွင်းအားသန့်စင်ခြင်းအဆင့်ရဲ့ အခြေခံအဆင့်ပဲ မဟုတ်တာ သေချာတယ်။ အနည်းဆုံးတော့ အတွင်းအားသန့်စင်ခြင်းအဆင့်ရဲ့ကျွမ်းကျင်မှု့အဆင့်ဖြစ်ရမယ် သူက သူ့ရဲ့ အစွမ်းအစ အစစ်အမှန်ကို ဖုံးကွယ်ထားတာ"

"အင်း"

ချန်ဆန်းရှီခေါင်းညိတ်ပြီး မှတ်သားလိုက်သည်။ သူသည်လည်း မိမိ၏ ကျင့်ကြံမှုအဆင့်ကို ဖုံးကွယ်ရန် စတင်စဉ်းစားနေသူဖြစ်သည်။ လော်တုံချွမ်လည်း ထိုသို့ လုပ်နေလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။

သူ့အနေဖြင့် ကျင့်ကြံမှုအဆင့်ကို ဖုံးကွယ်ရန် ပြင်ဆင်ခြင်းမှာ အတွင်းအားသန့်စင်ခြင်းအဆင့်များနှင့် ရင်ဆိုင်ရန်အတွက် ဖြစ်သည်။ သို့သော် လော်သည် ဘယ်သူ့အတွက် ဖုံးကွယ်နေခြင်းဖြစ်မည်နည်း။

"စိတ်မပူပါနဲ့" ဟု ဝမ်ကျီက ပြောသည် "မင်း ပြန်လာပြီဆိုတော့ ပုချီနဲ့ သူ့အစ်မရှိနေတာကြောင့် လော်တုံချွမ်က မင်းကို ဘာမှ လုပ်ရဲမှာ မဟုတ်ဘူး။ မင်း လေ့ကျင့်မှုအပေါ်ပဲ အာရုံစိုက်လိုက်၊ မကြာခင်မှာ သူ့ကို မီသွားလိမ့်မယ်"

"ဒါဆို ဒန်ဂါဒ်ရော ဘယ်လိုလဲ"

ချန်ဆန်းရှီက ဆက်လက်မေးသည် "သူ့မှာလည်း ဖုံးကွယ်ထားတဲ့ ကျင့်ကြံမှုအဆင့် ရှိလား"

"သူကတော့ မရှိပါဘူး" ဟု ဝမ်ကျီက ပြန်ဖြေသည် "မင်း သိုင်းပညာလေ့ကျင့်နေတုန်းက နောက်ဆုံး ကျီအိမ်တော်ကို သွားလည်တဲ့အခါ အရက်မူးဟန်ဆောင်ပြီး သူ့ကို ငါ စမ်းသပ်ခဲ့တယ်။ သူက အတွင်းအားသန့်စင်ခြင်းအဆင့်ရဲ့အခြေခံအဆင့်မှာပဲ ရှိနေတာ မှန်တယ်။ ဒါပေမဲ့ သူ့ရဲ့ အခြေခံအုတ်မြစ်က ခိုင်မာပြီး တော်တော်ကောင်းပါတယ်"

ချန်ဆန်းရှီနားလည်သွားသည်။ ကျင့်ကြံမှုအဆင့်များ ကို ဖုံးကွယ်ထားသည့်အခါ အထင်ကြီးလေ့ရှိပြီး အဆင့်ကို နိမ့်ကျစွာ သတ်မှတ်ခံရသူကို မြင်နိုင်ရန်မှာ ခက်ခဲသည်။ ဖက်တီးဝမ်၏ အခြေအနေမှာသာ အနည်းငယ် ထူးခြားနေခြင်း ဖြစ်သည်။

ခဏတာ စကားပြောပြီးနောက် တစ်နေ့လုံး အနားယူခြင်း မရှိသေးသော ချန်ဆန်းရှီသည် ချက်ချင်းပင် လေ့ကျင့်မှုများထဲ ပြန်လည်ဝင်ရောက်ခဲ့ပြီး အရေပြားလေ့ကျင့်ခြင်း၏ နောက်ဆုံးအတားအဆီးကို တစ်ထိုးတည်းဖြင့် ဖြတ်ကျော်ရန် ရည်မှန်းထားသည်။

...

ဗဟိုခြံဝင်းတွင်...

ရှန်ထင်ချွန်သည် ခြံဝင်းအတွင်း၌ ဓားပညာ လေ့ကျင့်နေသည်။

မိန်းကလေးတစ်ဦး ခေါ်လာသည့် လော်တုံချွမ်က "အရှင်ထောင်စုမှုး ကျွန်တော့်ကို ဘာညွှန်ကြားချက်များ ရှိပါသလဲ" ဟု မေးမြန်းလိုက်သည်။

ရှန်ထင်ချွန်က စကားမပြောဘဲ ဓားရေးဆက်လေ့ကျင့်နေခဲ့ရာ သူသည် ထိုနေရာတွင် ရပ်နေခဲ့ရသည်။

နောက် နှစ်နာရီကြာပြီးနောက်မှ...

သူသည် ဓားကို သိမ်းဆည်းကာ လေ့ကျင့်မှု ရပ်တန့်လိုက်သည်။ မိန်းကလေးကမ်းပေးသော ရေနွေးပူဖြင့်လုပ်ထားသည့် မျက်နှာသုတ်ပဝါဖြင့် ချွေးများ သုတ်လိုက်သည်။ သူသည် စကားပြောရန် အလျင်စလို မလုပ်ဘဲ၊ ကုလားထိုင် ပေါ်တွင် သက်တောင့်သက်သာ ထိုင်ကာ လက်ဖက်ရည် သောက်သုံးနေခဲ့သည်။

လော်တုံချွမ်သည် ထိုအတိုင်း တိတ်ဆိတ်စွာ၊ သစ်သားတုံးကြီးတစ်တုံးကဲ့သို့ တစ်ခွန်းမျှ မပြောဘဲ ရပ်နေခဲ့သည်။

"ပြောပါဦး၊ လော်အိုကြီး "

ရှန်ထင်ချွန်သည် လက်ဖက်ရည်ခွက်ကို ချလိုက်သည် "မင်း ဘာလို့ အဲဒီလို လုပ်ခဲ့ရတာလဲ"

"ကျွန်တော်မျိုး မသိပါဘူး"

လော်တုံချွမ်ကခေါင်းကို ငုံ့ထားဆဲ ဖြစ်သည်။

"ရဲဘော်တွေရဲ့ သွားလာလှုပ်ရှားမှုကို ဖော်ထုတ်လိုက်တာဟာ ရန်သူနဲ့ ပူးပေါင်းပြီး နိုင်ငံတော်ကို သစ္စာဖောက်တာနဲ့ ဘာကွာခြားတော့မှာလဲ"

ရှန်ထင်ချွန်က မတ်တပ်ရပ်ပြီးချဉ်းကပ်ကာ ဒေါသကို ထိန်းချုပ်ထားသောအသံဖြင့် "မင်း... ချန်ဆန်းရှီသေတာကို မြင်ချင်လွန်းလို့ ငါ့ကို မျက်နှာသာတောင် မပေးချင်တော့ဘူးလား" ဟု ပြောလိုက်သည်။

"အရှင် ကျွန်တော်မျိုး အသက်ရှင်ရပ်တည်နိုင်ဖို့ လုပ်ခဲ့တာပါ"

လော်တုံချွမ်သည် ဟန်ဆောင်ခြင်းကို ရပ်လိုက်ပြီး "နောင်တစ်ချိန်မှာ သူ့မှာ မြောက်ပိုင်းနယ်မြေမှာ အာဏာနဲ့ သြဇာရှိလာရင် သူ့ရဲ့ စကားတစ်ခွန်းတည်းနဲ့ ကျွန်တော်မျိုးရဲ့ အသက်ကို ခြိမ်းခြောက်နိုင်ရုံမကဘဲ ကျွန်တော်မျိုးရဲ့ လော်မိသားစုတစ်ခုလုံးရဲ့ အနာဂတ် မျှော်မှန်းချက်တွေကိုပါ ရပ်တန့်သွားစေနိုင်ပါတယ်"(မိသားစုနာမည်ကိုက'လော်'တဲ့ငိုးမလော်')

"ဖြန်း——"

ရှန်ထင်ချွန်၏ လက်သည် သံယပ်တောင်ကဲ့သို့ သူ၏ မျက်နှာကို ပြင်းထန်စွာ ရိုက်ချလိုက်သဖြင့် အသံကျယ်လောင်စွာထွက်ပေါ်လာသည်။ "လော်တုံချွမ် မမေ့နဲ့၊ တစ်ချိန်တုန်းက မင်းကို တပ်ထဲ ခေါ်လာပြီးသိုင်းပညာကို ကိုယ်တိုင် သင်ပေးခဲ့တာ ဘယ်သူလဲ။ အရင်းအမြစ်တွေ ထောက်ပံ့ပေးခဲ့လို့ ဒီနေ့ မင်းရထားတဲ့ ကျင့်ကြံမှုအဆင့်ကို ပိုင်ဆိုင်နိုင်တာ ဘယ်သူကြောင့်လဲ"

"ကျွန်တော်မျိုး မမေ့ရဲပါဘူး"

လော်တုံချွမ်၏ မျက်နှာတွင် အနီရောင် လက်ဝါးရာ ပေါ်လာသော်လည်း ခုခံရန် မရဲပေ "အရှင်ရဲ့ ကျေးဇူးကို ကျွန်တော်မျိုး အသက်နဲ့ ပြန်ဆပ်ပါ့မယ်"

"ကံကောင်းလို့ သက်သေအထောက်အထား မရှိတာဒီကိစ္စကို ငါ ဖုံးကွယ်ပေးထားမယ်"

ရှန်ထင်ချွန်သည် လေပူများကို မှုတ်ထုတ်ပြီး "ဒါပေမဲ့ နောက်တစ်ခါ ရှိလာမယ်ဆိုရင်တော့ မင်းဘာသာမင်းပဲ ခံပေတော့ ထွက်သွား..."

လော်တုံချွမ်က ဦးညွှတ်ပြီး ခြေလှမ်းအနည်းငယ် ဆုတ်ခွာကာ လှည့်ထွက်သွားသည်။

တံခါးအပြင်သို့ ရောက်သောအခါ၊ သူသည် သွေးစများပါသည့် တံတွေးကိုရှေ့တံခါးဆီသို့ ထွေးချလိုက်ပြီး မျက်နှာတွင် မည်သည့် ခံစားချက်မျှ မပြပေ။

...

"ဟူလာလာလာ——"

ဂူအတွင်း၌...

ချန်ဆန်းရှီသည် "ဆီးနှင်းခန္ဓာဆေးရည်" ကို သစ်သားစည်ထဲသို့ လောင်းထည့်လိုက်သည်။

မကြာသေးမီက သူသည် ကျီအိမ်တော်သို့ လုံးဝမသွားတော့ပေ။ အဲ့ဒီအစား သူတို့၏လူများကို ပြင်ဆင်ထားသည့် ဆေးစွပ်ပြုတ်ကို သူ့အိမ်သို့ ပို့ဆောင်ခိုင်းခဲ့သည်။

ယနေ့သည် နောက်ဆုံးတစ်သုတ် ဖြစ်သည်။

ဤတစ်သုတ် အသုံးပြုပြီးပါက၊ သူ၏ အဆင့်တက်မှု့အတွက် အံကိုက်

ဖြစ်မည်ဖြစ်ပြီး ဆီးနှင်းခန္ဓာဆေးရည် လည်း ကုန်ဆုံးသွားမည် ဖြစ်သည်။

ပထမဦးစွာ သူသည် သံသဲများထဲတွင် မိမိ၏ အရေပြားကို လေ့ကျင့်ခန်း လုပ်ခဲ့သည်။

တစ်ကိုယ်လုံး သွေးထွက်လာပြီးနောက် ဆေးစိမ်ထားသည့် ရေချိုးကန်ထဲသို့ ခုန်ဆင်းခဲ့သည်။

ရေခဲကဲ့သို့ အေးစက်နေသောဆေးရည်များသည် သူ့ခန္ဓာကိုယ်ထဲသို့ စိမ့်ဝင်လာပြီး ဒဏ်ရာများကို အဆက်မပြတ် ပြုပြင်ပေးကာ သူ့ခန္ဓာကိုယ်ကို အာဟာရ ဖြည့်ပေးသည်။

ခဏကြာ စိမ်ပြီးနောက် ချန်ဆန်းရှီသည် အပြင်သို့ ထွက်လာပြီး ပြုပြင်ပြီးသား ကျူရွက်လှံ ကို ကိုင်ကာ လေ့ကျင့်ခန်း စတင်လိုက်သည်။

သူ၏ ကျင့်ကြံမှုနည်းလမ်းကို အသုံးပြုလိုက်သည်။

အရေပြားပေါ်ရှိ ဒဏ်ရာများမှတစ်ဆင့် အသားထဲသို့ စုပ်ယူထားသည့် ဆေးရည်၏ ဆေးစွမ်းသည် ယခုအခါ လုံးဝ စုပ်ယူပြီးစီးကာ ချွေးပေါက်များမှတစ်ဆင့် အပြင်သို့ ပြန်ထွက်လာပြီး သူ့ခန္ဓာကိုယ်ပေါ်တွင် ဖောက်ထွင်းမြင်နိုင်သော ဆီးနှင်းစက်လေးများကဲ့သို့ တွဲလောင်းကျနေသည်။ ထို့ကြောင့် ဆီးနှင်းခန္ဓာဆေးရည်ဟု အမည်ပေးခြင်း ဖြစ်သည်။

အမျိုးမျိုးသော ဖြည့်စွပ်ဆေးများ၊ သားရဲအသားများ၊ နှင့် အရေးအကြီးဆုံးမှာ ဝိညာဉ်ဓာတ်ပါဝင်သည့် စပါးစေ့ တို့ ဖြစ်သည်။

ချန်ဆန်းရှီက အဆင့်တက်မှု၏ အဆုံးသို့ ရောက်ရှိလာခဲ့သည်။

သူ ခံစားမိသည်။

ချီသွေးသည် သွေးကြောများနှင့် အရိုးများကိုသာ သက်ရောက်မှု မရှိတော့ပေ။ သူ၏ လှံပညာကို အားကောင်းစေရန် ချီသွေးကို အသုံးပြုသောအခါ၊ သူ၏ အရေပြားသည်လည်း အတူတကွ သန်မာလာပြီး၊ သူ၏ တစ်ကိုယ်လုံး ခေါင်းအစ ခြေအဆုံး ထူထဲသော သံချပ်ကာ အရေပြားတစ်ထပ် ရရှိလိုက်သကဲ့သို့ ဖြစ်သည်။

"ဘုန်း——"

သူ၏ လှံတစ်ချက် ထိုးသွင်းလိုက်ရုံဖြင့် ဂူနံရံတွင် ကြီးမားသော အပေါက်တစ်ခု ဖြစ်ပေါ်သွားခဲ့သည်။

ချန်ဆန်းရှီ၏ အလုံးစုံ အရည်အသွေးများ တစ်ဖန် တိုးတက်လာခဲ့ပြီး သူ၏ အရေပြားသည် ပိုမို ထူထဲပြီး ခံနိုင်ရည်ရှိလာကာ နွားသားရေထက် များစွာ သာလွန်၍ ရွှမ်အရေပြား ထက်ပင် များစွာ သန်မာလာခဲ့သည်။

[ကျင့်ကြံမှု့ - မသေနိုင်သော ရွှေမြွေလှံ-ပထမပိုင်း(အသေးစားအောင်မြင်မှု့)]

[တိုးတက်မှု့ - ၀/၂၀၀၀]

[စွမ်းဆောင်ရည် - နဂါးဆင်သွေး ၊ နဂါးကိုးကောင်အသက်သွေးကြော ၊ ဝရဇိန်ခန္ဒာ၊ အရိုးကဲ့သို့သန်မာသော အရေပြား]

[အရိုးကဲ့သို့သန်မာသော အရေပြား- ချီသွေးပြည့်ဝတဲ့အခါအရေပြားသည် အလွန်အမင်းသန်မာလာပြီး လက်နက်ဖြင့် ထိုးဖောက်ရန် ခက်ခဲစေသည်]

"ဒုန်း ဒုန်း ဒုန်း"

ချန်ဆန်းရှီကလက်သီးဆုပ်ကာ နံရံကို ထိုးချလိုက်ပြီး အပေါက်များစွာ ဖြစ်ပေါ်စေခဲ့သည်။

သူသည် အနည်းငယ်မျှသော နာကျင်မှုကိုပင် မခံစားရဘဲ၊ သူ၏ အရေပြား၏ ကာကွယ်ရေးအဆင့်သည် မည်သည့်ဒဏ်ကိုမဆို ခံနိုင်သော အရိုးသံချပ်ကာအဖြစ် ပြောင်းလဲသွားခဲ့ပြီး၊ ၎င်းသည် သာမန်အရိုးများ မဟုတ်ဘဲ၊ အဆင့်မြင့် ကျင့်ကြံမှုနည်းလမ်းဖြင့်သာ ကျင့်ကြံနိုင်သည့် ပုံမှန်မဟုတ်သော အရိုးများ ဖြစ်ပေသည်။

All Chapters