← Chapters

အခန်း (၉၀)

Vol. 9 Ch. 90

အခန်း (၉၀)

Vol. 9 Ch. 90

ချန်ဆန်းရှီသည် သူ၏ အဖိုးတန်ဓားကို ဆွဲထုတ်ပြီး လက်မောင်းပေါ်သို့ ဖြတ်၍ ပေါ့ပါးစွာ ပွတ်ဆွဲကြည့်လိုက်သည်။

ပူရှိန်းရှိန်း ခံစားမှုတစ်ခုနောက်မှ အဖြူရောင်အမှတ်အသားတစ်ခုသာ ကျန်ရစ်ခဲ့ပြီး သိသာထင်ရှားသည့် ဒဏ်ရာ တစ်စုံတစ်ရာ မဖြစ်ပေါ်ခဲ့ပေ။

၎င်းသည် ကျန်းယွဲ့ဓား ဖြစ်သောကြောင့်ဖြစ်သည်။ အကယ်၍သာ သာမန်ဓားသွား ဖြစ်ခဲ့ပါက ကာကွယ်မှုကို ဖောက်ထွင်းရန် ပို၍ပင် ခက်ခဲလိမ့်မည်။

"အမြဲတမ်း ဒီလောက် မမာကျောဘူး။ ဒါက ချီသွေးတွေ ပြည့်ဝနေမှ အလုပ်လုပ်တာ"

ချန်ဆန်းရှီက ဆက်လက် စမ်းသပ်ကြည့်နေသည်။

သာမန်အခြေအနေတွင် သူ၏ အရေပြားသည် ပုံမှန်လူတစ်ယောက်ထက် ပို၍ မာကျောသော်လည်း လူသားမဆန်လောက်အောင် မဟုတ်သေးပေ။

"ငါ အကြီးစားအောင်မြင်မှု့ ရောက်ရင်တော့ ဒါက ဝရဇိန်ခန္ဒာ ဖြစ်သွားလိမ့်မယ်"

"ဆေးဝါး တွေကုန်သွားပြီ"

ချန်ဆန်းရှီသက်ပြင်းချလိုက်သည်။

စစ်ဝန်ကြီးဌာနမှ ဆုချသည့် ကျားသွေးဝိုင်ကို ရှန်ထင်ချွန်က သူ့အား နှစ်

ကြိမ် ဆုချပြီးဖြစ်သည်။ သို့သော် ၎င်းသည် အရိုးဖွဲ့စည်းခြင်းအဆင့်ရဲ့အကြီးစားအောင်မြင်မှု့အတွက်သာ သီးသန့် ဖြစ်သည်။ ဆေးကျမ်းများတွင်စောစီးစွာ သောက်သုံးခြင်းသည် အသုံးမဝင်ရုံသာမက အန္တရာယ်ပင် ရှိသည်ဟု ဖော်ပြထားသောကြောင့် ယခုတိုင် လိုအပ်ခြင်း မရှိသေးပေ။

"သိုင်းပညာခန်းမကနေ ချေးလိုက်ရအောင်"

အနှစ်တစ်ရာဂျင်ဆင်း ကိုပိုယန်ခရိုင်တွင် ယေဘူယျအားဖြင့် ရိတ်သိမ်းပြီး အဖိုးတန်ပစ္စည်းအဖြစ် အိမ်တွင် သိမ်းဆည်းလေ့ရှိသည်။

ချန်ဆန်းရှီတောင်ပေါ်က ဆင်းလာချိန်တွင် ညအချိန်ပင် ရောက်နေပြီ ဖြစ်သည်။

သူသည် တင်ယွမ် သိုင်းပညာခန်းမအပြင်ဘက်ရှိ လျိုမိသားစု၏ ခြံဝင်းကြီးသို့ တည့်တည့် ဦးတည်သွားခဲ့သည်။ ပထမဆုံး ဤနေရာမှ စတင်ရှာဖွေမည်။

တစ်ခုမှ ရှာမတွေ့ပါက ယွန်ဟဲမိသားစု နဲ့ ကျောက်မိသားစုများထံ ဆက်သွားမည်။ တင်ယွမ် သိုင်းပညာခန်းမ၏ ဆေးဆိုင်သည် အရောင်းအဝယ် သိပ်မလုပ်သော်လည်း ၎င်းတို့တွင် အိမ်တွင် သိမ်းဆည်းထားသော အဖိုးတန်ပစ္စည်းများ မရှိဟု မဆိုလိုပေ။

ညဘက် လှည့်ကင်းလှည့်နေသော ကျွန်နှစ်ယောက်နှင့် တပည့်များကို ရှောင်ကွင်းပြီး ချန်ဆန်းရှီသည် ခေါင်မိုးပေါ်သို့ ပေါ့ပါးစွာ ခုန်တက်ကာ "ငှက်မွေးကဲ့သို့ ပေါ့ပါးခြင်း" ကြောင့် အသံမမြည်စေဘဲ အုတ်ကြွပ်များနှင့် အပျက်အစီးများပေါ်မှ ရှေ့နောက် ခုန်ကူးသွားသည်။

သူ၏ လှံရှည်ကို ဖုံးကွယ်ရန်ပင် စိတ်မပူဘဲ ကျောပေါ်တွင် ပွင့်လင်းစွာ သယ်ဆောင်ထားသည်။ လှံရှည်၊ လေးနှင့်မြား၊ ကျန်းယွဲ့ဓား - တစ်ခုမှ မကျန်ရစ်ခဲ့ပေ။

သူသည် လုံးဝ ဖော်ထုတ်ခံရမည်ကို စိုးရိမ်ခြင်းမရှိ၍ မဟုတ်ပေ။

အကြောင်းမှာ...

လျိုမိသားစုသည် သူ့ကို မည်သူမျှ မတွေ့ရန် ဆုတောင်းသင့်သည်။ မဟုတ်ပါက၊ ပိုယန်ခရိုင်၌ နောက်ထပ် မိသားစုတစ်ခုလုံး သုတ်သင်ခံရမည့် ဝမ်းနည်းဖွယ် အဖြစ်ဆိုးတစ်ခု ဖြစ်လာလိမ့်မည်။

ခေတ်တွေ ပြောင်းလဲသွားခဲ့ပြီ။

အစောပိုင်းတွင် သူ ပထမဆုံး သိုင်းပညာ စတင်လေ့လာစဉ်က သိုင်းပညာခန်းမမှ လူများနှင့် ရင်ဆိုင်ရချိန်တွင် သူ၏ မာနကို မြိုချခဲ့ရသည်။ ယခုမူ သူတို့အပေါ် လက်ညှိုးပင် ထောင်စရာမလိုတော့ဘဲ လေးကြိုးကို လက်ချောင်းဖြင့် တစ်ချက် ပုတ်လိုက်ရုံဖြင့် အလုပ်ပြီးသွားနိုင်သည်။

ဆေးဝါးပစ္စည်းအချို့ ချေးယူရုံသာ ဖြစ်သည်။ သူတို့သည် မိုက်မဲမည်မဟုတ်ဟု မျှော်လင့်ရပါသည်။

ချန်ဆန်းရှီသည် ဆေးဝါးပစ္စည်းများ သိုလှောင်ခန်းကို လျင်မြန်စွာ ရှာတွေ့ခဲ့သည်။ တာဝန်ခံပုဂ္ဂိုလ်သည် စားပွဲပေါ်၌ အိပ်ပျော်နေခဲ့ရာ၊ ၎င်းသည် လျိုမိသားစုမှ လူဒါဇင်ပေါင်းများစွာ၏ အသက်ကို အခြေခံအားဖြင့် ကယ်တင်လိုက်ခြင်း ဖြစ်သည်။

သူသည် ပြတင်းပေါက်မှတစ်ဆင့် ဆေးဆိုင်အတွင်းသို့ ဝင်ရောက်ကာ အိတ်တစ်လုံးကို ဆွဲယူပြီး ပစ္စည်းများ ထိုးထည့်လိုက်သည်။ မကြာမီတွင် အိတ်သည် ပစ္စည်းများဖြင့် ဖောင်းပွလာသည်။

"တကယ်ပဲ နှစ်တစ်ရာဂျင်ဆင်းရှိတာပဲ၊ ပမာဏလည်း အတော်လေး များတယ်ငါ အချိန်အတော်ကြာ သုံးဖို့ လုံလောက်တယ်"

ထောင့်တစ်နေရာတွင် ချန်ဆန်းရှီသည် လက်ရာမြောက်စွာ ထုပ်ပိုးထားသည့် သေတ္တာအချို့ကို တွေ့ရှိပြီး ၎င်းတို့ကို ဖွင့်ကြည့်လိုက်သည်။ ၎င်းတို့တွင် ဂျင်ဆင်းသို့မဟုတ် အဖိုးတန် လင်ဇီးမှိုနှင့် အမျိုးမျိုးသော ထူးဆန်းသည့် အဆိပ်များကို ပျက်ပြယ်စေနိုင်သည့် အခြားရှားပါးသော ရတနာများစွာ ပါရှိသည်။

လိုအပ်သည်ဖြစ်စေ၊ မလိုအပ်သည်ဖြစ်စေ သူသည် အားလုံးကို ထုပ်ပိုးပြီး ယူဆောင်သွားခဲ့သည်။

တိတ်ဆိတ်နေသော လျိုမိသားစု၏ ခြံဝင်းကြီးအတွင်း၌...

စာကြည့်ခန်း တစ်ခုတည်းသာ ဖယောင်းတိုင်မီးဖြင့် လင်းနေသည်။

ချန်ဆန်းရှီခေတ္တ စဉ်းစားပြီးနောက် ခေါင်မိုးပေါ်သို့ ခြေဖျားထောက်တက်ကာ အခန်းထဲသို့ အနည်းငယ် ဟနေသည့် အပေါက်မှ ချောင်းကြည့်လိုက်သည်။

အခန်းထဲတွင် စားပွဲ၌ မီးခိုးရောင် ဆံပင်များပါသည့် အလယ်အလတ်အရွယ် အမျိုးသားတစ်ဦး ထိုင်နေပြီး ရှုပ်ပွနေသည့် ကျမ်းစာလိပ်ပုံကြီးကို ရင်ဆိုင်နေကာ ခေါက်ချိုးယပ်တောင်ကို လက်ထဲတွင် ကိုင်ထားပြီး မျက်လုံးများက လေဟာနယ်ကို ကြည့်ကာ အမှတ်မဲ့စွာထိုင်နေသည်။

'ဒါ လျိုကျန်းရဲ့ ယပ်တောင်လား'

'ဟဲဟဲ၊ အဘိုးကြီး၊ မင်းရဲ့သားကို သတိရနေတာလား'

ချန်ဆန်းရှီသည် သူတို့အားလုံးကို မိသားစုအဖြစ် ပြန်လည်ပေါင်းစည်းရန် ပို့ဆောင်ပေးသင့်၊ မပေးသင့် ချီတုံချတုံ ဖြစ်နေခဲ့သည်။

"အသုံးမကျလိုက်တာ"

ပြင်းထန်သော ဆူပူသံတစ်ခု ထွက်ပေါ်လာသည်။

နွမ်းနယ်နေသော အမျိုးသမီးတစ်ဦးသည် အိပ်ခန်းထဲမှ ထွက်လာပြီး စာကြည့်ခန်းဆီသို့ အပြေးအလွှား သွားကာ တံခါးကို ရိုင်းပျစွာ ကန်ဖွင့်

လိုက်သည်- "အဘိုးကြီး၊ နေ့တိုင်း ဒီမှာ ဟန်ဆောင်နေတာ ဘာအသုံးကျလဲရှင်တကယ်သာ ကျန်းအပေါ် စိတ်ပူရင် ဘာလို့ လက်စားမချေတာလဲ"

"ငါ လက်စားချေချင်တယ်"

လျိုရှန့်ကျီသည် သွားများကို ကြိတ်ကာ ပြောလိုက်သည် "ဒါပေမဲ့ ရှန်ထင်

ချွန်က အတွင်းအားသန့်စင်ခြင်းအဆင့်မှာ အသေးစားအောင်မြင်မှု့ရရှိပြီးသား။ ငါ သူ့ကို ဘယ်လို ယှဉ်နိုင်မှာလဲ ဒါ့အပြင် သက်သေအထောက်အထား မရှိရင် သူက သေချာပေါက် ငြင်းဆိုမှာပဲ"

'ရှန်ထင်ချွန်လား'

ချန်ဆန်းရှီ အံ့သြသွားသည်။

ထောင်စုမှုးက သူ့အတွက် အပြစ်ကို အမြဲတမ်း ထမ်းပိုးပေးနေခဲ့သည်ကိုး။

"ဒီတော့ဘာဖြစ်လဲ"

ထိုအမျိုးသမီးက နားကွဲမတတ် အော်ဟစ်လိုက်သည် "တခြားသူတွေကို အကူအညီ တောင်းလို့ရတာပဲ မဟုတ်လား။ အဲဒီ ရှန်ထင်ချွန်က ဒီလောကမှာ ဘယ်သူမှ မယှဉ်နိုင်တဲ့သူလား။ ခရိုင်ဝန်ကြီးဆီမှာ အတွင်းအားသန့်စင်ခြင်းအဆင့်သိုင်းပညာရှင်တွေ မရှိဘူးလား။ သူတို့ကို အကူအညီ တောင်းပါလား"

"ဘယ်သူမှ ငါ့ကို ကူညီလို့ မရဘူး"

လျိုရှန့်ကျီ၏ အသံသည် ငိုသံဖြင့် နစ်မွန်းနေသည် "ကျီကွမ်ရှန့် နဲ့ ရှန်ထင်

ချွန်က ညီအစ်ကိုလို ချစ်ခင်နေတာ။ သူတို့က ငါ့ကို ဘယ်လိုလုပ် ရှန်ထင်ချွန်ကို သတ်ဖို့ ကူညီမှာလဲ။ ငါ့မှာ ရှိတာ အားလုံး သုံးလိုက်ရင်တောင် အဲဒီတန်ဖိုးကို မပေးနိုင်ဘူး"

"မြို့ဝန်ရော"

ထိုအမျိုးသမီးသည် သူမ၏ အသံကို နှိမ့်လိုက်ပြီး "မြို့ဝန်က ရှင့်ကို မကြာခဏ ခေါ်နေတာ မဟုတ်လား။ သူ့ကို အကူအညီ တောင်းလို့ မရဘူးလား"

"ပိုလို့တောင် မဖြစ်နိုင်ဘူး"

လျိုရှန့်ကျီက ပြောသည် "မြို့ဝန်ရွီက တရားရုံးက လာတယ်လို့ ပြောတယ်။ သူက ငါတို့ရဲ့ လက်ဆောင်ပဏ္ဏာတွေကိုတောင် မနည်း လက်ခံတာ။ သူက အရမ်း မာနကြီးပြီး မြင့်မြတ်လွန်းတော့ ငါတို့ရဲ့ လုပ်ကြံသတ်ဖြတ်သူ အဖြစ် လုပ်ပေးမှာမဟုတ်ဘူး"

"ဒါ့အပြင်၊ သူ ငါ့ကို မကြာခဏ ခေါ်နေတာက နတ်ဘုရားရတနာအကြောင်း မေးဖို့ပဲ"

"ငါ သူ့အကူအညီ လိုချင်တယ်၊ မဟုတ်ရင်တော့..."

သူသည် ထိုအမျိုးသမီး၏ ဆိုလိုရင်းကို ရုတ်တရက် နားလည်သွားသည်။ "မင်း ရူးနေပြီလား၊ နတ်ဘုရားရတနာကို ဖုံးကွယ်ထားတာကမျိုးဆက်ကိုးဆက်ကို သုတ်သင်နိုင်တဲ့ ကြီးမားတဲ့ ရာဇဝတ်မှုပဲ... ဒီလိုလုပ်ရင် ကျန်းအတွက် လက်စားချေနိုင်ပေမယ့် လျိုမိသားစုရဲ့ နှစ်တစ်ရာ အခြေခံအုတ်မြစ်လည်း အဆုံးသတ်သွားလိမ့်မယ်"

"အခြေခံအုတ်မြစ်လား"

ထိုအမျိုးသမီးသည် အော်ဟစ်ရယ်မောလိုက်သည် "လျိုရှန့်ကျီ၊ ရှင့်သား သေသွားပြီ။ ရှင်ကဘယ်သူ့အတွက် အခြေခံအုတ်မြစ်ကို ထိန်းသိမ်းနေတာလဲ။ ပြီးတော့ လူရိုင်းတွေက မြို့ကို တိုက်ခိုက်တော့မယ်။ ရှင်အိမ်မှာ ပုန်းနေလို့ရမယ် ထင်သလား။ ရှန်ဆိုတဲ့လူက ရှင့်ကို စစ်မှုမထမ်းခိုင်းဘူး လို့ထင်

နေတာလား"

လျိုရှန့်ကျီသည် စိုးရိမ်တကြီး မတ်တပ်ရပ်လိုက်သည် "မင်း ဘာလုပ်နေတာလဲ"

ထိုအမျိုးသမီးသည် ဆံထိုးကို သူမ၏ လည်ပင်းသို့ ထောက်လိုက်

သည်"ရှင်တကယ်ပဲ ကြောက်တတ်တဲ့သူဆိုရင် ကျွန်မ ကျန်းဆီကို ကိုယ်တိုင် သွားလိုက်တော့မယ်"

"အာ——"

လျိုရှန့်ကျီသည် အော်ဟစ်လိုက်ပြီး စားပွဲကို မှောက်လှန်လိုက်သည်"မင်းတို့အားလုံး ငါ့ကို အတင်းအကျပ် လုပ်နေကြတာ။ ဒါဆိုရင် အတူတူ သေကြရအောင် ရှန်ထင်ချွန်၊ ငါ မင်းကို ငါနဲ့အတူ ခေါ်သွားမယ်"

ဘယ်လောက်ထိ စိတ်ထိခိုက်စရာကောင်းတဲ့ ဖခင်နဲ့သား ချစ်ခင်မှု၊ ဆံဖြူတဲ့လူတွေက ဆံမည်းတဲ့လူတွေကို နှုတ်ဆက်ပို့ဆောင်ရတဲ့ မြင်ကွင်းပါလိမ့်

စိတ်ထိခိုက်စရာကောင်းလိုက်တာ

ချန်ဆန်းရှီ လှောင်ပြုံးပြုံးလိုက်သည်။

ဤသားရဲတွေကရွာသားများအပေါ် ဆေးဝါးများ စမ်းသပ်စဉ်က အခြားသူများ၌လည်း မိသားစုများ ရှိသည်ကို တစ်ခါမျှ မစဉ်းစားခဲ့ကြပေ။

ယောက်ျား၊ မိန်းမ၊ ကလေး တစ်ဦးမှ မချန်ဘဲ သူတို့၏ မိသားစုတစ်ခုလုံးကို သုတ်သင်လိုက်ရင်တောင် သနားညှာတာမှု တစ်ဝက်မျှပင် မထိုက်တန်ပေ။

အဲ့ဒီအစား လူတွေကို အန္တရာယ်မှ ကင်းဝေးစေရာ ရောက်ပေလိမ့်မည်။

သို့သော်လည်း သူတို့သည် အပြစ်ကို ရှန်ထင်ချွန်ထံ ပုံချပြီး နတ်ဘုရားရတနာနှင့် ပတ်သက်မှုရှိနေသောကြောင့် သူသည် ပေါ့ဆစွာ သတ်ဖြတ်ခြင်း မပြုရဲဘဲ မမျှော်လင့်ထားသော နောက်ဆက်တွဲ ပြဿနာများ ဖြစ်ပေါ်လာနိုင်သည်။

"မြို့ဝန်က တကယ်ပဲ နတ်ဘုရားရတနာအတွက် ဒီကို ရောက်နေတာပဲ၊ ပြီးတော့ သူ့ဘေးမှာ အတွင်းအားသန့်စင်ခြင်းအဆင့်ကျွမ်းကျင်သူတွေလည်း ရှိနေတယ်"

"လျိုမိသားစုက မြို့ဝန်ကို တိုင်ကြားဖို့ ရည်ရွယ်ထားပုံရတယ်"

"ရှန်ထင်ချွန် ကံကောင်းဖို့ ဆုတောင်းရုံသာ ရှိတော့မယ်"

ချန်ဆန်းရှီက ထိုနေရာတွင် ဆက်မနေတော့ဘဲ လျိုမိသားစုခြံဝင်းမှ ခုန်ထွက်ကာ ညအချိန်၌ ခြေရာလက်ရာမကျန် ပျောက်ကွယ်သွားခဲ့သည်။

...

"မင်း ကဓားပညာ လေ့လာချင်တယ်"

ကျောက်ခုံပေါ်တွင် ထိုင်၍ သောက်နေသော ဝမ်ကျီသည် ကောင်လေး၏ ရုတ်တရက် တောင်းဆိုမှုကြောင့် ရှုပ်ထွေးစွာ ခေါင်းထောင်ကြည့်လိုက်သည်။ "မင်း သေချာလား"

"သေချာပါတယ်"

ချန်ဆန်းရှီခိုင်မာစွာ ခေါင်းညိတ်လိုက်သည်။

သူသည် ဆွန်မောင်နှမကို ရှာခဲ့သော်လည်း သူတို့ မရှိသောကြောင့်ဝမ်ကျီထံ ချဉ်းကပ်ရန်သာ ရွေးချယ်စရာ ရှိခဲ့သည်။

ဝမ်ကျီက သေသေချာချာ သတိရလိုက်သည် "ငါ့မှာတော့ ရှိတယ် ငါ့နောက် လိုက်ခဲ့"

ဖက်တီးဝမ်၏ အိမ်ထဲသို့ ပထမဆုံးအကြိမ် ဝင်ရောက်ရခြင်းမှာ မမျှော်လင့်ဘဲ အလွန်ဟောင်းနွမ်းနေသည်။ ခြံဝင်းကို ဂရုမစိုက်ဘဲ ထားပြီး အိပ်ခန်းထဲမှ အိပ်ရာနှင့် သော့ခတ်ထားသော သေတ္တာတစ်လုံးမှလွဲ၍ အခန်းများတွင် ပရိဘောဂ မရှိပေ။

ဝမ်ကျီသည် သေတ္တာကို ဖွင့်ကာ လျှို့ဝှက်ကျွမ်းကျင်မှု စာအုပ်တစ်အုပ်ကို ဆွဲထုတ်ပြီး ဓားပညာ ကျမ်းအချို့ကို ရွေးချယ်ကာ တန်ဖိုးမရှိသကဲ့သို့ ပစ်ပေးလိုက်သည် "ဘယ်ဟာကို လေ့ကျင့်ချင်လဲဆိုတာ ကြည့်လိုက် ငါ့မှာ တခြားဟာတော့ မရှိဘူး၊ နည်းလမ်းတွေတော့ အများကြီးရှိတယ်"

"ငါ့ပိုင်ဆိုင်မှုတွေနဲ့ အတူ အပြင်ကို ကန်ထုတ်ခံရတုန်းက အတွင်းအားသန့်စင်ခြင်းအဆင့်အထက်က နည်းလမ်းတွေကိုပဲ သူတို့ ယူသွားတာ။ အဲဒီအောက်က ဟာတွေ အားလုံးကို ငါ သိမ်းထားလိုက်တယ်"

"ဒီကျမ်းတွေထဲမှာ အကောင်းဆုံးကတော့ 'တျန့်စန်း ဓားပညာ ' ဖြစ်သင့်

တယ် ဒါက ဆရာ သုံးခဲ့တဲ့ နည်းလမ်းပဲ"

"ဘုရင်ခံဆွန်လား"(ကြီးကြပ်ရေးမှုးအစားဘုရင်ခံလို့ပြောင်းသုံပါမည်)

ချန်ဆန်းရှီက"သူက လှံသမား မဟုတ်ဘူးလား"

"သူလည်း ဓားပညာကို လေ့ကျင့်ခဲ့တယ် ငါမှတ်မိသလောက်ဆိုရင် သူ စစ်

နတ်ဘုရားအဆင့် (သိုင်းဆရာအဆင့်အစားစစ်နတ်ဘုရားအဆင့်လို့ပြောင်းသုံးပါမည်) ကို မထိုးဖောက်ခင်က ရှုပ်ထွေးတဲ့ နည်းလမ်းမျိုးစုံကို လေ့ကျင့်ခဲ့ဖူးတယ်"

ဝမ်ကျီကသူ၏ မေးစေ့ကို ပွတ်သပ်လိုက်ပြီး "ဒီ 'တျန့်စန်း ဓားပညာ' ကလွန်ခဲ့တဲ့ နှစ်တစ်ရာကျော်က အဓိက ဂိုဏ်းကြီးတစ်ခုဖြစ်တဲ့ ကန်တောင် ဂိုဏ်း ရဲ့ ထူးခြားတဲ့ နည်းလမ်းပဲ။ အဲဒီဂိုဏ်းက ပုန်ကန်မှုကြံစည်ပြီး ဖျက်ဆီးခံရပြီးနောက်မှာ ဒီနည်းလမ်းက တရားရုံးလက်ထဲ ရောက်သွားတယ်။ ဆရာတောင် လေ့ကျင့်ခဲ့တာဆိုတော့ ကောင်းမှာ သေချာတယ်၊ ဒါပေမဲ့ သင်ယူဖို့တော့ ခက်ခဲတယ်။ မင်း လှံလေ့ကျင့်မှုကို ထိခိုက်မှာ မစိုးရိမ်ဘူးလား"

"ဒါ့အပြင်..."

ချန်ဆန်းရှီက သူ၏ အံ့သြမှုကို ထုတ်ဖော်လိုက်သည် "ကျွန်တော် ပိုသိချင်တာက လက်နက်ပညာမျိုးစုံကို လေ့ကျင့်ခြင်းရဲ့ အကျိုးကျေးဇူးတွေက ဘာတွေလဲ"

ကျင့်ကြံမှုနည်းလမ်းတစ်ခုရဲ့ အဓိက အသုံးဝင်မှုက ခန္ဓာကိုယ်ရဲ့ ကန့်သတ်ချက်တွေကို တွန်းအားပေးဖို့ ဖြစ်တယ်။ ဒါပေမဲ့ အဆင့်တိုးလာပြီး လက်နက်အသစ်တစ်ခုကို လေ့ကျင့်တဲ့အခါ ဘာကို ယူဆောင်လာနိုင်မလဲ။

ရုပ်ပိုင်းဆိုင်ရာ ခွန်အားမှာ သိသာထင်ရှားတဲ့ တိုးတက်မှုတော့ ဖြစ်လာမှာ မဟုတ်ဘူး။ မဟုတ်ရင် ဒီအချက်က အခုချိန်မှာ အများသိ ဖြစ်နေလောက်ပြီ။

" ဟွာကျင်းအဆင့် မတိုင်ခင်မှာ နောက်ထပ် လက်နက်ပညာတစ်ခု လေ့ကျင့်တာဟာ မင်းရဲ့ ချီသွေးကို ပိုပြီး ခိုင်မာစေနိုင်တယ်။ ဟွာကျင်းအဆင့်ရောက်ပြီးနောက်မှာတော့ မင်းရဲ့ ခွန်အားမှာ ပိုပြီး နက်ရှိုင်းတဲ့ အခြေခံအုတ်မြစ်ကို ပေးတယ်။ ဒါကလွဲလို့ တခြား အကျိုးကျေးဇူး မရှိပါဘူး" ဟု ဝမ်ကျီက သူ၏ ဒဏ်ရာကို ပတ်တီးလဲနေစဉ် စိတ်ရှည်စွာ ရှင်းပြသည်။ "ဒါကြောင့် ယေဘူယျအားဖြင့် အဆင့်မြင့်သူတွေဖြစ်ပြီး နောက်ထပ် အဆင့်တက်ဖို့ မျှော်လင့်ချက် မရှိတော့တဲ့သူတွေကပဲ တိုက်ခိုက်ရေးစွမ်းအားကို မြှင့်တင်ဖို့ နည်းလမ်းအမျိုးမျိုးကို စုဆောင်းပြီး လေ့ကျင့်ကြတာ။ ဘာပဲဖြစ်ဖြစ်၊ အဆင့်တူ သူများကြားမှာ တိုက်ပွဲကဘယ်သူ့ရဲ့ စစ်မှန်တဲ့ချီသွေးက လွှမ်းမိုးနိုင်သလဲဆိုတဲ့ အပေါ် မူတည်နေတာကိုး"

"မင်းက အဆင့်နိမ့်နေသေးတယ် အခု လေ့ကျင့်တာက သိပ် အဓိပ္ပာယ်မရှိသေးဘူး"

"မင်း ဒါကို ကျွမ်းကျင်ရင်တောင် တကယ့် တိုက်ပွဲမှာ နည်းလမ်းနှစ်ခုကို တစ်ချိန်တည်း အသုံးပြုနိုင်မှာ မဟုတ်ဘူး။ လူတွေမှာ ဦးနှောက်တစ်ခုပဲ ရှိတာ၊ မင်းရဲ့ အာရုံစိုက်မှုကို ဘယ်လို ခွဲထုတ်နိုင်မှာလဲ"

"အများဆုံးဆိုရင် ရန်သူ နီးကပ်လာတဲ့အခါ အားကိုးဖို့အတွက် လက်နက်ရှည်တစ်ခုနဲ့ လက်နက်တိုတစ်ခု ထားရှိနိုင်တယ်။ ဒါမှ မင်းက အကူအညီမဲ့နေမှာ မဟုတ်ဘူး။ အဲဒါ မင်းရဲ့ အစီအစဉ်ပဲ မဟုတ်လား"

"တစ်ဝက်လောက်တော့ ဟုတ်ပါတယ်"

ချန်ဆန်းရှီ မငြင်းခဲ့ပေ။

သို့သော် သူသည် ဤအချက်အလက်ကို သူ၏ စိတ်ထဲတွင် လျင်မြန်စွာ ချိတ်ဆက်လိုက်သည်။

နောက်ထပ် အဆင့်တက်ဖို့ မျှော်လင့်ချက် မရှိသူတွေ

ဤအရာသည် ယခင်ကဘုရင်ခံဆွန်ကို ဖော်ပြနေခြင်းပင်။

ဘုရင်ခံဆွန်သည် လုံချင်ဆယ့်ငါးနှစ် အပြီးမှသာ စစ်နတ်ဘုရားအဆင့် သို့ ရုတ်တရက် ထိုးဖောက်ခဲ့ခြင်း ဖြစ်သည်။

သူ့ရဲ့ဓားပညာ လေ့ကျင့်မှုနှင့် ဆက်စပ်မှု ရှိလောက်လား။

ဟုတ်ပါတယ်၊ ဒါဟာ အခုချိန်မှာတော့ ခန့်မှန်းချက် သာ ဖြစ်သည်။

စစ်နတ်ဘုရားအဆင့်က ဝေးလွန်းနေသေးသည်။

အခုလောလောဆယ် ဓားပညာကို စတင် လေ့ကျင့်ကြည့်ရအောင်။

"ကျွန်တော် ဒီတစ်ခုကို ယူပါ့မယ်"

ချန်ဆန်းရှီက 'တျန့်စန်း ဓားပညာ' ကို လက်ခံလိုက်သည်။

"မင်း ကြိုက်တယ်ပေါ့"

ဝမ်ကျီက ထပ်လောင်းပြောသည် "အခြေခံ ကျင့်ကြံမှုအဆင့် ရှိထားရင် တခြား နည်းလမ်းတွေကို ပိုမြန်မြန် သင်ယူနိုင်ပေမယ့် ဘယ်လောက် မြန်မြန်ဆိုတာကတော့ မင်းရဲ့ အရည်အချင်းနဲ့ နားလည်နိုင်စွမ်းအပေါ် မူတည်တယ်"

"ကျေးဇူးတင်ပါတယ်"

ချန်ဆန်းရှီကအချိန်မဖြုန်းတော့ပေ။ သူသည် ထိုနေ့ကပင် ဓားပညာ လေ့ကျင့်မှုကို စတင်ခဲ့သည်။

စကြာဝဠာအသက်ရှုနည်း သည် အခြေခံ ဖြစ်သည်။ သူသည် အခြေခံဓားလှုပ်ရှားမှုများ ကိုသာ သင်ယူရန် လိုအပ်သည်။

သိုင်းပညာကို ပထမဆုံး စလေ့ကျင့်စဉ်က အခြေခံလှုပ်ရှားမှုများကို ချောမွေ့စွာ လုပ်ဆောင်နိုင်ရန် ဆယ်ရက်နီးပါး အချိန်ယူခဲ့ရပုံကို သူ အတိအလင်း မှတ်မိနေသည်။

အခု ဓားပညာကို သင်ယူရာတွင်...

သူသည် နေ့ဝက် သာ အချိန်ယူခဲ့ရသည်။

[ကျင့်ကြံမှု့ - တျန့်စန်း ဓားပညာ (အစမပြုရသေး)]

[တိုးတက်မှု့ - ၀/၅၀]

[စွမ်းဆောင်ရည် - မရှိ]

'အခြေခံအဆင့် ရရှိဖို့အတွက် ၅၀ သာ လိုအပ်တာလား'

ချန်ဆန်းရှီက တရားဝင် လေ့ကျင့်ရန် ကြိုးစားကြည့်သည်။ ရလဒ်များသည် သူမျှော်လင့်ထားသည်ထက် ပိုမြန်ဆန်ခဲ့သည်။

သူ ဓားလှုပ်ရှားမှု အစုံတစ်စုံကို အပြီးသတ်တိုင်း ကျွမ်းကျင်မှုသည် သိသိသာသာ တိုးတက်လာခဲ့သည်။

ဤနှုန်းဖြင့်ဆိုလျှင်...

တစ်ရက်သာ လိုအပ်သည်။ တစ်ရက်အကြာတွင် သူ၏ ဓားပညာသည် အခြေခံအဆင့်သို့ ရောက်ရှိနိုင်မည် ဖြစ်သည်။

"ဒါက တကယ်ကို ကောင်းမွန်တဲ့ ဓားပဲ"

ချန်ဆန်းရှီက ကျန်းယွဲ့ဓားကို ကိုင်ထားပြီး လက်က မချနိုင်လောက်အောင် ဖြစ်နေခဲ့သည်။ ဤဒဏ္ဍာရီလာ အဖိုးတန်ဓားကို ငွေကြေးဖြင့် တိုင်းတာ၍ မရနိုင်ဘဲ အမှန်တကယ်ပင် အဖိုးမဖြတ်နိုင်ပေ။

"အရင်းအမြစ်တွေကို အလဟဿ ဖြစ်စေတာပဲ"

"နဝမမင်းသားကို မင်းနေပြည်တော်ကို တိုက်ရိုက် ခေါ်ဆောင်သွားတယ်လို့ ကြားတယ်"

ဒါက သတင်းကောင်း ဖြစ်သည်။

အကယ်၍ နဝမမင်းသားသည် ပိုယန်တွင် ဆက်ရှိနေပါက၊ လူရိုင်းမျိုးနွယ်စုများသည် စစ်ကူတွေကို ဆက်လက် စေလွှတ်နေမည်မှာ သေချာပြီး အဆင့်မြင့် ဗိုလ်ချုပ်များ မရှိမဖြစ် လိုအပ်လာမည်။ ရှန်ထင်ချွန်တစ်ဦးတည်းဖြင့် ထိန်းထားနိုင်မည် မဟုတ်ပေ။

အခု နဝမမင်းသားကို ခေါ်ဆောင်သွားပြီ ဖြစ်သောကြောင့်၊ ယူဝမ်မိသားစုခွဲသည် ဧကရာဇ်ထံမှ တိုက်ရိုက် စစ်ကူများ တောင်းခံရမည် ဖြစ်သည်။

ဟုတ်ပါတယ်၊ ဒါက ပိုယန် ဘေးကင်းပြီလို့ ဆိုလိုခြင်း မဟုတ်ဘဲ၊ ဆန့်ကျင်ဘက်အနေဖြင့် ၎င်း၏ ကံကြမ္မာသည် မသေချာသေးပေ။ ရှီမြစ်မျိုးနွယ်စုတွင် အနည်းဆုံး စစ်သားငါးထောင်၊ သို့မဟုတ် ပို၍ပင် ရှိနေသည်။

ထောင်စုမှုးနှစ်ဦးက လူတစ်ထောင်နှင့် ယှဉ်လျှင်၊ ကာကွယ်သူများအနေဖြင့်ပင် သိသာထင်ရှားသော ဖိအား ရှိနေသည်။

မဟာတံတိုင်း အတွင်းအပြင်တွင် ကာကွယ်ရေး ပြင်ဆင်မှုများ ခိုင်မာလာခဲ့သည်။

စစ်ပွဲကြီး စတင်တော့မည်။

All Chapters