← Chapters

အခန်း (၉၁)

Vol. 9 Ch. 91

အခန်း (၉၁)

Vol. 9 Ch. 91

ပိုယန်တစ်ဝိုက်ရှိ လူအားလုံးသည် စစ်ပြင်ဆင်ရေး အခြေအနေသို့ ရောက်ရှိသွားကြပြီ ဖြစ်သည်။ တပ်သားများသာမက သာမန်အရပ်သားများလည်း စစ်မှုထမ်းခြင်းမှ မလွတ်ကင်းနိုင်ပေ။

မဟာတံတိုင်း တည်ဆောက်မှုမှာ နှစ်ပေါင်းနှစ်ရာနီးပါး ရှိနေပြီဖြစ်ပြီး နှစ်စဉ် ပြုပြင်ထိန်းသိမ်းမှု လိုအပ်သည်။ ယခုအခါ စစ်ပွဲကြီး နီးကပ်လာပြီဖြစ်ရာ အားနည်းသော အစိတ်အပိုင်းများကို ခိုင်ခံ့အောင်လုပ်ရန်မှာ ပို၍ အရေးကြီးလာသည်။ မိုင်နှစ်ရာရှည်လျားသော မဟာတံတိုင်းကို ပြုပြင်ရန် လူအင်အားမှာ မလုံလောက်သဖြင့် အရပ်သားများကို အားကိုးရန်မှလွဲ၍ အခြားရွေးချယ်စရာ မရှိပေ။

"ဦးလေးလိုင်ဇီ၊ တစ်ခုခုစားလိုက်ပါဦး"

ချန်ဆန်းရှီသည် အလုပ်သမားများကို ကြီးကြပ်ရန် စေလွှတ်ခြင်း ခံရပြီး ဝမ်လီ နှင့်အတူ ရွာသားများကို အစားအစာများ ဝေငှနေသည်။ ဤယာယီစစ်မှုထမ်းခြင်းတွင် ထမင်းကျွေးရန်ပင် အစီအစဉ်မရှိသော်လည်း အရပ်သားများမှာ ငြင်းဆန်၍မရပေ။ မဟုတ်ပါက လူရိုင်းများ မြို့ကိုဖောက်ဝင်လာလျှင် မည်သူမျှ အသက်ရှင်ကျန်ရစ်မည် မဟုတ်ပေ။

"ပြောင်းဖူးမုန့်က မွှေးနေတာပဲ၊ ရှီ ရေ... မင်း မကြာခင်ကပဲ အရာရှိကြီးဖြစ်သွားတာဆိုတော့ အိတ်ကပ်ထဲ ငွေတွေ တော်တော်ဝင်နေမှာပဲ"

ဦးလေးလိုင်ဇီကကျေးဇူးတင်စကားပင် မပြောဘဲ မုန့်ကိုယူ၍ ကိုက်စားလိုက်သည်။

"မင်း ဘယ်လိုပြောလိုက်တာလဲ" ဝမ်လီက ဒေါသတကြီး ပြောသည်။ "မင်း ကျေးဇူးမသိတဲ့ကောင်၊ အရှင်က မင်းတို့အတွက် အစားအစာရဖို့ ထောင်စုမှုးဆီမှာ အကူအညီတောင်းပေးထားတာကို မင်းက ကျေးဇူးမတင်ဘူးလား"

"ခွေးပါးစပ်က နတ်မထွက်ဘူး" အခြားရွာသားများကလည်း လှောင်ပြောင် ဆဲဆိုကြသည်။

ချန်ဆန်းရှီက ၎င်းတို့ကို ဂရုမစိုက်ဘဲ ဝမ်လီကို စောင့်ကြည့်ခိုင်းကာ သူ၏ တာဝန်များကို ဆက်လုပ်နေသည်။ သူသည် ရှန်ထင်ချွန်ထံမှ အစားအစာများကို တောင်းဆိုထားခြင်း ဖြစ်သည်။ ယခုကဲ့သို့ ကာကွယ်ရေးတိုက်ပွဲတွင် အရပ်သားများ၏ ပူးပေါင်းမှုမရှိဘဲ အောင်မြင်ရန်မှာ အလွန်ခက်ခဲပေလိမ့်မည်။

စစ်စခန်းသို့ ပြန်ရောက်သောအခါ...

ဝိညာဉ်အစေ့ဆေးစွမ်းကြောင့် ချန်ဆန်းရှီလှံပညာကို နှစ်နာရီကြာ လေ့ကျင့်ပြီးနောက် ဓားပညာကို ဆက်လက်လေ့ကျင့်သည်။

"တျန့်စန်း ဓားပညာ "

၎င်းတွင် အပိုင်းသုံးပိုင်း ပါဝင်သည်။ သူလက်ဝယ်ရှိနေသော အပိုင်းသည် အတွင်းအားသန့်စင်ခြင်းအဆင့်ထိ တိုက်ရိုက် ကျင့်ကြံနိုင်သည်။ ဓားကွက် (၁၃) ကွက် ပါဝင်ပြီး တစ်ကွက်ချင်းစီတွင် ပြောင်းလဲမှု (၇၂) မျိုး ရှိသည်။ ဤဓားပညာ၏ ထူးခြားချက်မှာ အသတ်အဖြတ်ကိုသာ အာရုံစိုက်ပြီး လှုပ်ရှားမှုတိုင်းမှာ သတ်ပစ်ရန် ရည်ရွယ်သည်။

[ကျင့်ကြံမှု့ - တျန့်စန်း ဓားပညာ (အခြေခံအဆင့်)]

[တိုးတက်မှု- ၀/၁၀၀]

[စွမ်းဆောင်ရည် - လက်နှစ်ဖက်အသုံးပြုပြီးတိုက်ခိုက်နိုင်ခြင်း ၊ ဓားလမ်းစဉ်ကို လျင်မြန်စွာ ကျွမ်းကျင်နိုင်ခြင်း]

ဓားလမ်းစဉ်ကို လျင်မြန်စွာ ကျွမ်းကျင်နိုင်ခြင်း ရုပ်ပိုင်းဆိုင်ရာ အဆင့်အောက်တွင် ရှိနေသရွေ့ ဓားပညာသည် အလွန်မြန်ဆန်နေမည် ဖြစ်သည်။ အဆင့်တက်ရန်မှာ အစားစား၊ ရေသောက်သကဲ့သို့ လွယ်ကူနေသည်။

ပို၍ အရေးကြီးသည်မှာ လက်နှစ်ဖက်စလုံးကို သုံးနိုင်ခြင်း ဖြစ်သည်။ ပုံမှန်အားဖြင့် လူတစ်ဦးသည် အလုပ်နှစ်ခုကို တစ်ပြိုင်နက် မလုပ်နိုင်ပေ။ သို့သော် လှံရှည်နှင့် ဓားတိုကို တစ်ပြိုင်နက် သုံးနိုင်မည်ဆိုလျှင် သူ၏ တိုက်ခိုက်ရေးစွမ်းရည်မှာ အဆမတန် တိုးတက်လာပေလိမ့်မည်။

လက်ယာဘက်တွင် လှံရှည်၊ လက်ဝဲဘက်တွင် ဓား။ နှစ်ရက်နှင့် နှစ်ညအတွင်း သူသည် တျန့်စန်းဓားပညာကို သွေးသန့်စင်ခြင်းအဆင့်အထိ ရောက်အောင် တွန်းပို့နိုင်ခဲ့သည်။

ဗဟိုစစ်တပ်စခန်း

ရှန်ထင်ချွန်၊ ဆွန်မောင်နှမနှင့်အရာရှိများအားလုံး စုံညီစွာရှိနေကြသည်။

ဖန်ယုံ က မြေပုံပေါ်တွင် ညွှန်ပြကာ အစီရင်ခံသည် "လူရိုင်းမျိုးနွယ်စုတွေတပ်စွဲထားကြပြီး နောက်ဆုံး ငါးရက်အတွင်း ပိုယန်ကို တိုက်ခိုက်တော့မယ်။ စစ်အင်အား စုစုပေါင်း ခြောက်ထောင်နီးပါး ရှိပြီး လှံရှည်တပ်သား၊ မြင်းတပ်သားတွေ ပါဝင်တယ်။ ကျွန်တော်တို့ဘက်မှာတော့ တိုက်ခိုက်ရေးတပ်ဖွဲ့ တစ်ထောင်ကျော်နဲ့ သိုင်းပညာခန်းမကတပည့် နှစ်ရာပဲ ရှိပါတယ်"

ရှန်ထင်ချွန်က သက်ပြင်းချကာ "ငါတို့ဘက်က အဆင့်မြင့် သိုင်းသမားတွေ များပေမယ့် လူရိုင်းတွေက ငါတို့ထက် အင်အား ငါးဆလောက် များနေတယ် ခံစစ်ကို ထိန်းထားဖို့တောင် ခက်ခဲလိမ့်မယ်" ဟု ဆိုသည်။

ရိက္ခာနှင့် အင်အားမှာ မလုံလောက်သဖြင့် အကူအညီတောင်းခံသော်လည်း အခြားမြို့များတွင်လည်း ရန်သူ ၅ သောင်းနှင့် ရင်ဆိုင်နေရသဖြင့် အကူအညီ မပေးနိုင်ပေ။ သို့သော် ဆွန်လီနှင့် သူမ၏မောင်တို့က မြို့ကို စွန့်ခွာမည်မဟုတ်ဘဲ အသေခံတိုက်မည်ဟု ကတိပေးလိုက်သဖြင့် စစ်သည်များ စိတ်ဓာတ်တက်ကြွလာသည်။ ခရိုင်ဝန်က မနက်ဖြန်မှစ၍ စစ်သည်အားလုံး တံတိုင်းတွင် ၂၄ နာရီ ကင်းစောင့်ရန် အမိန့်ပေးလိုက်သည်။

အစည်းအဝေးအပြီးတွင် ခရိုင်ဝန်ကြီးကျိီက ချန်ဆန်းရှီကို ချီးကျူးစကားဆိုကာ သူ့ဘက်ပါအောင် ဆွဲဆောင်ရန် ကြိုးစားသည်။ ချန်ဆန်းရှီကလည်း ပါးနပ်စွာဖြင့် စစ်ပွဲပြီးမှ ဆွေးနွေးမည်ဟု အချိန်ဆွဲထားပြီး၊ လိုအပ်သော ဒဏ်ရာပျောက်ဆေးနှင့် သွေးအားဖြည့်ဆေးများကို တောင်းခံလိုက်သည်။

ချန်ဆန်းရှီ အိမ်သို့ ပြန်လာချိန်တွင်...

ဂူရှင်းလန်က ထုံးစံအတိုင်း ညစာ ပြင်ဆင်ထားသည်။ သူမနှစ်လကြာအောင် ချုပ်လုပ်ခဲ့သော အပြာရင့်ရောင် ဝတ်စုံသစ်ကို ထုတ်ပေးကာ သူ့အား ဝတ်ဆင်ပေးသည်။

"အံကိုက်ပဲ၊ အစ်ကို့ကို ကြည့်ရတာ အရမ်းခန့်ညားတယ်" သူမ၏ မျက်လုံးများတွင် မျက်ရည်များ ဝဲနေပြီး သူ့ကို တင်းကြပ်စွာ ဖက်ထားသည်။ "မနက်ဖြန်ဆိုရင် စစ်မြေပြင်ကို သွားရတော့မယ် မဟုတ်လား..."

သူမက တိုးတိုးလေး ဆက်ပြောသည် "အစ်ကို ပြန်လာတဲ့အခါ... ကျွန်မတို့... ကျွန်မတို့မှာလည်း ရင်သွေးလေး တစ်ယောက် ရှိသင့်တယ်နော်"

သူမ၏ စကားမှာ 'ပြန်လာခြင်း' အပေါ်တွင် အလေးထားနေသည်။ ချန်ဆန်းရှီက သူမကို ပွေ့ချီလိုက်ပြီး "စိတ်မပူပါနဲ့၊ ငါ တကယ်ကို စွမ်းဆောင်နိုင်ပါတယ်။ အဲဒီကိစ္စကို ငါပြန်လာတဲ့အထိ စောင့်နေဖို့ မလိုပါဘူး၊ အခုပဲ စတင်လို့ရပါတယ်"

ယနေ့ညတွင်... စစ်တပ်နယ်မြေရှိ အိမ်တိုင်း၌ ဆင်တူသော မြင်ကွင်းများ ရှိနေသည်။ ဖခင်များက တိတ်ဆိတ်နေပြီး၊ မိခင်များက မှာကြားနေကာ၊ ဇနီးနှင့် သားသမီးများက ငိုကြွေးနေကြသည်။

အဘယ်ကြောင့်ဆိုသော် ယနေ့ညသည် နောက်ဆုံး ဆုံတွေ့ခြင်း ဖြစ်၊ မဖြစ် မည်သူမျှ မသိနိုင်သောကြောင့် ဖြစ်သည်။ မနက်ဖြန်မှ စတင်၍ စစ်ပွဲမပြီးမချင်း မည်သူမျှ အိမ်သို့ ပြန်ခွင့်ရမည် မဟုတ်ပေ။

All Chapters