← Chapters

အခန်း (၉၂)

Vol. 9 Ch. 92

အခန်း (၉၂)

Vol. 9 Ch. 92

နံနက် ၇ နာရီတွင်...

ခရာမှုတ်သံသည် စခန်းတစ်ခုလုံး ပဲ့တင်ထပ်သွားသည်။ စစ်သားများသည် မိသားစုများကို နှုတ်ဆက်ကာ တပ်ရင်းများဆီသို့ ဦးတည်သွားကြသည်။ ဆွန်မောင်နှမနှစ်ယောက်သည်လည်း ချပ်ဝတ်တန်ဆာများ ဝတ်ဆင်ကာ လက်နက်များကိုင်ဆောင်ပြီး ထွက်လာကြသည်။

"ဆန်းရှီ"

ဆွန်ပုချီ က အမြန်လိုက်လာပြီး "မင်းအတွက် မြက်ခင်းပြင်ကိစ္စကို ငါစုံစမ်းပြီးပြီ။ အဲဒီ 'လော်' ဆိုတဲ့ လူကြီးက တစ်ယောက်တည်း ထွက်သွားတာမျိုး မရှိဘူးလို့ သူ့လူတွေက ပြောတယ်။ ထန်ရိုရှန် က အရည်အချင်းမရှိလို့ ပေါက်ကြားသွားတာမျိုး ဖြစ်နိုင်မလား"

"ဖြစ်နိုင်တာပဲ"

ချန်ဆန်းရှီက ပြန်မငြင်းသလို စိတ်လည်းမဝင်စားပေ။ စစ်ဝန်ကြီးဌာနက လူတွေအတွက်ကတော့ သက်သေသာ အရေးကြီးသည်။ ဒါပေမဲ့ သူကိုယ်တိုင်ကတော့ ဘာသက်သေမှ ပေးနေဖို့ မလိုဟု ခံယူထားသည်။

ဆွန်လီက "ညီလေး၊ စိတ်မပူပါနဲ့၊ ငါတို့ သူ့ကို စောင့်ကြည့်ထားပါ့မယ်" ဟု ဆိုသည်။

စစ်တန်းလျားသို့ရောက်ရှိသောအခါရှန်ထင်ချွန်၏ ရှည်လျားသော မိန့်ခွန်းအပြီးတွင် စစ်သားအားလုံးသည် မဟာတံတိုင်း၌ တပ်စွဲလိုက်ကြသည်။ နောက်ရက်များတွင် သူတို့သည် တံတိုင်းအတွင်း၌သာ စားသောက်နေထိုင်ရမည်ဖြစ်ပြီး ခွင့်ပြုချက်မရှိဘဲ မည်သူမျှ အပြင်မထွက်ရပေ။

ထောင်စုမှုးနှစ်ဥိီးသည် မီးပြတိုင် နှစ်ခုနှင့် မိုင် ၂၀ အကွာအဝေးကို တာဝန်ယူရသည်။ သိုင်းပညာခန်းမတပည့်များနှင့် အသစ်ဝင်လာသော တပ်သားသစ်များမှာလည်း နေရာအနှံ့ ပျံ့နှံ့နေရာယူထားကြသည်။ အရပ်သားများကမူ အဆိပ်ရည်များ ကျိုချက်ခြင်း၊ သစ်လုံးများ၊ ကျောက်တုံးများနှင့် မြားများကို သယ်ယူပို့ဆောင်ပေးခြင်းတို့ဖြင့် ကူညီပေးကြသည်။

အတွင်းအားသန့်စင်ခြင်းအဆင့်ရှိသော ရှန်ထင်ချွန်၊ လော်တုံချွမ် နှင့် ဒန်ဂါဒ် တို့ သုံးဦးသည် နေ့ညမပြတ် ကိုယ်တိုင်လှည့်ကင်း စောင့်ကြပ်ကြသည်။

သုံးရက်အကြာတွင် ချန်ဆန်းရှီ၏ ဓားပညာသည် အရိုးဖွဲ့စည်းခြင်းအဆင့်၏အခြေခံအဆင့်သို့ ရောက်ရှိသွားပြီး အသုံးပြုရာတွင် အနှောင့်အယှက် မရှိတော့ပေ။

"အရှင်ချန်၊ သွားပြီ... အခြေအနေကတော့ မကောင်းတော့ဘူး"

ရက်အတော်ကြာ အလုပ်များနေသော ရွှီဝမ်ချိုင်က သူကိုယ်တိုင် ပြုလုပ်ထားသော မြေပုံငယ် ကို ကြည့်ကာ စိုးရိမ်တကြီး ပြောလိုက်သည်။

"ဘာတွေ သွားရမှာလဲ" ကျူထုံ က သူ့ကို လှမ်းကန်လိုက်သည်။ "လူရိုင်းတွေ လာရင် မင်းကိုပဲ တံတိုင်းပေါ်က အရင်ပစ်ချလိုက်မယ်"

ရွှီဝမ်ချိုင်က အလေးအနက် ရှင်းပြသည် "ဒါက တကယ်ပြောတာပါ လူရိုင်းတွေရဲ့ စစ်အင်အား တိုးချဲ့ပုံက အရမ်းထူးဆန်းနေတယ်။ အန်းဒင်စီရင်စု ကလည်း ဘာသံမှ ထွက်မလာဘူး။ သူတို့ ပိုယန်ကို သိမ်းပိုက်ဖို့ ပြင်နေတာက ကောင်းကင်ဘုံရဲ့ အလိုတော်အတိုင်းဖြစ်နေသလိုပဲ"

ချန်ဆန်းရှီက ခေါင်းညိတ်ကာ ထောက်ခံလိုက်သည်။ နတ်ဘုရားရတနာအတွက်ဆိုလျှင်တောင် ဤမျှ စစ်အင်အားအလုံးအရင်းနှင့် လာစရာ မလိုပေ။ အဆင့်မြင့် ကျွမ်းကျင်သူများကို တိတ်တဆိတ် စေလွှတ်ခြင်းက ပို၍ ထိရောက်ပေလိမ့်မည်။ အခြေအနေမှာ အလွန်ပင် ထူးဆန်းနေသည်။

ရက်အနည်းငယ်အတွင်း ချန်ဆန်းရှီ၏ ကျင့်ကြံမှုမှာ ပိုမိုတိုးတက်လာသည်။

[ကျင့်ကြံမှု့ - မသေနိုင်သော ရွှေမြွေလှံ (အသေးစားအောင်မြင်မှု့)

[တိုးတက်မှု့ - ၃၀၈/၂၀၀၀]

[ကျင့်ကြံမှု့ - တျန့်စန်း ဓားပညာ (အသေးစားအောင်မြင်မှု့)]

[တိုးတက်မှု- ၀/၂၀၀၀]

"ရန်သူ လာနေပြီ— ရန်သူ လာနေပြီ"

မဟာတံတိုင်းပေါ်တွင် မီးပြတိုင်များမှ မီးခိုးများ ထွက်ပေါ်လာသည်။ မိုင် ၂၀ဝ ရှည်လျားသော တံတိုင်းတစ်လျှောက် စစ်သားများသည် လက်နက်ကိုယ်စီဖြင့် နေရာယူလိုက်ကြသည်။

မိုးကြိုးသံကဲ့သို့ ကျယ်လောင်သော စစ်ဗုံသီးသံများနှင့်အတူ မိုင် ၁၀ အကွာရှိ ကုန်းစောင်းပေါ်တွင် လူရိုင်းစစ်တပ်ကြီး ပေါ်လာသည်။ မြင်းတပ်သားတစ်ဦးသည် တံတိုင်းနှင့် ခြေလှမ်း ၂၀၀ အကွာအထိ ချဉ်းကပ်လာပြီး အော်ဟစ်လိုက်သည်-

"ရှန် တော်ဝင်စစ်သားတွေ နားထောင်ကြ မသေချင်ရင် အမြန်

လက်နက်ချကြ မင်းတို့ကို နှစ်နာရီ အချိန်ပေးမယ်။ နှစ်နာရီကြာလို့ တံခါးမဖွင့်ရင် ငါတို့မြင်းတပ်က ပိုယန်ကို မြေလှန်ပစ်မယ်"

"ဝှူး—"

"ဗုန်း"

ရုတ်တရက် မြားတစ်စင်းသည် အရှိန်နှင့် ပြေးလာသော မြင်းတပ်သား၏ ဦးထုပ်ကို ဖောက်ထွက်သွားကာ သူ့ကို မြေပေါ်သို့ လွင့်ကျသွားစေသည်။ ချန်ဆန်းရှီကသူ၏ လေးကို ဖြည်းညှင်းစွာ ချလိုက်သည်။

ခြေလှမ်း ၂၀၀ အကွာအဝေး၊ တစ်ချက်တည်းနှင့် အသေပစ်နိုင်ခြင်း

"ကောင်းလိုက်တဲ့ မြားချက်"

"အရှင်ချန်... တကယ်ကို ရဲရင့်တာပဲ"

တပ်သား ရာပေါင်းများစွာက တစ်ပြိုင်နက် အော်ဟစ်လိုက်ကြသည်။ ဤသည်မှာ စစ်တပ်၏ စိတ်ဓာတ် ကို မြှင့်တင်ပေးလိုက်ခြင်း ဖြစ်သည်။

လူရိုင်းတပ်ဘက်မှ မြားပစ်ကျွမ်းကျင်သူ မူဂယ်သည် တံတိုင်းရှေ့သို့ တစ်ကိုယ်တည်း ထွက်လာသည်။ သူသည် အင်အားပြင်းသော ၅-ပိသာလေး ကို အသုံးပြုသူ ဖြစ်သည်။

"ရှန်လူမျိုးတွေ... မင်းတို့ တကယ်သတ္တိရှိရင် အခုနက မြားပစ်တဲ့လူကို ထွက်လာခိုင်း ငါနဲ့ မြားပစ်ပြိုင်မယ်၊ အသက်နဲ့လောင်းကြေးထပ်မယ်"

ချန်ဆန်းရှီကတံတိုင်းပေါ်တွင် ရပ်ကာ ရန်သူကို ခြေလှမ်း ၁၀၀ အကွာအထိ အနီးကပ် လာခွင့်ပြုလိုက်သည်။ မူဂယ်က မြားတစ်စင်း ပစ်လိုက်သည်။ ချန်ဆန်းရှီကလည်း တုံ့ပြန်ပစ်လိုက်၏။

"တိန်"

လေထဲတွင် မြားနှစ်စင်း တိကျစွာ ထိမှန်သွားပြီး မြေပေါ်သို့ လွင့်ကျသွားသည်။ မူဂယ် အံ့သြသွားသည်။ သူက နောက်ထပ် မြားသုံးစင်းကို ဆက်တိုက် ပစ်လိုက်သော်လည်း ချန်ဆန်းရှီက ၎င်းတို့ကို မြားဖြင့်ပင် အလွယ်တကူ ပစ်ချလိုက်သည်။

"စစ်သူရဲကောင်း ဘာတူရူ"

မူဂယ်သည် ကြောက်လန့်တကြား အော်ဟစ်လိုက်သည်။ မြက်ခင်းပြင်၏ နံပါတ်တစ် သူရဲကောင်း များသာ လုပ်ဆောင်နိုင်သော မြားဖြင့် မြားကို ကာကွယ်ခြင်း အတတ်ကို ဤမျှ သေးငယ်သော ပိုယန်ခရိုင်တွင် တွေ့ရလိမ့်မည်ဟု သူ မထင်ထားပေ။

သူ လှည့်ပြေးရန် ကြိုးစားသော်လည်း နောက်ကျသွားပြီ ဖြစ်သည်။ ချန်

ဆန်းရှီ၏ မြားချက်များသည် မူဂယ်၏ မြင်းကို မှန်စေခဲ့သလို၊ သူ၏ ခြေထောက်နှင့် လက်များကိုပါ တစ်ခုပြီးတစ်ခု မှန်စေခဲ့သည်။ မူဂယ်သည် တံတိုင်းအောက်တွင် မသေမရှင် နာကျင်စွာ အော်ဟစ်နေရသည်။

"မြှားနတ်ဘုရား"

စစ်သားများ၏ စိတ်ဓာတ်မှာ အထွတ်အထိပ်သို့ ရောက်သွားခဲ့သည်။ ချန်

ဆန်းရှီကြောင့် လူရိုင်းများ တံတိုင်းကို ဘယ်တော့မှ ကျော်ဖြတ်နိုင်မည် မဟုတ်ဟု သူတို့ ယုံကြည်သွားကြသည်။

လူရိုင်းတပ်ဘက်မှ ခေါင်းဆောင် ဝူမူအာ သည် ဒေါသထွက်နေသော်လည်း စိတ်ဓာတ်ကျနေသော သူ၏ တပ်သားများကို ကြည့်ကာ တိုက်ခိုက်မှုကို ဆိုင်းငံ့လိုက်ရသည်။

သုံးရက်မြောက်နေ့ အရုဏ်တက်ချိန်တွင်မူ စစ်ဗုံသံများ ထပ်မံထွက်ပေါ်လာပြီး လူရိုင်းစစ်တပ်ကြီးသည် မဟာတံတိုင်းဆီသို့ အလုံးအရင်းနှင့် စတင်ချဉ်းကပ်လာကာ စစ်ပွဲကြီး တရားဝင် စတင်လေတော့သည်။

All Chapters