အခန်း (၉၆)
Vol. 9 Ch. 96
"မစ္စတာချန်... မင်း အရင်ပြောပါဦး"
ရှန်ထင်ချွန်က အကျင့်ပါနေသည့်အတိုင်း ချန်ဆန်းရှီကို လှမ်းကြည့်လိုက်သည်။
"ဟန်ခန်း ခရိုင်ဆီကို အမြန်ဆုံး သတင်းပို့ရပါမယ်"
ချန်ဆန်းရှီက စစ်မြေပြင်မြေပုံ ကို စိုက်ကြည့်ရင်း အသံလေးလေးနက်
နက်ဖြင့် ပြောလိုက်သည် "အခု အခြေအနေအရ ယွမ်ကျိုးရဲ့ စစ်အင်အား အများစုရှိတဲ့ အန်းဒင်ခရိုင် က ဝိုင်းရံခံထားရပြီ။ ဟန်ခန်းခရိုင် တစ်ခုတည်းပဲ စစ်ကူလွှတ်ပေးနိုင်တဲ့ အခြေအနေ ရှိတော့တယ်"
"အပိုပါပဲ" ရှန်ထင်ချွန်က ခေါင်းခါလိုက်သည် "လူရိုင်းတွေ ပိုယန်ကို မတိုက်ခင်ကတည်းက ငါ ဟန်ခန်းခရိုင်ဆီ စာရေးခဲ့ပြီးပြီ။ သူတို့က သူတို့ဟာ ယွမ်ကျိုးရဲ့ နောက်ဆုံးခံစစ်ကြောင်းပဲတဲ့။ အထက်က အမိန့်မရဘဲ စစ်သည်တစ်ယောက်၊ ကင်းထောက်တစ်ယောက်တောင် တခြားကို မလွှတ်နိုင်ဘူးလို့ ငြင်းခဲ့တယ်။ အခုလို အခြေအနေမှာ တိုက်ပွဲသတင်းက မြို့တော်က စစ်ဝန်ကြီးဌာနဆီရောက်၊ အဲဒီကနေ အမိန့်ပြန်ကျလာဖို့ဆိုတာ ဘယ်လောက်တောင် ကြာဦးမလဲ? ဘယ်လိုမှ အချိန်မမီနိုင်တော့ဘူး"
"အဲဒါက အရင်တုန်းကပါ၊ အခုက အခြေအနေ ပြောင်းသွားပြီ" ချန်ဆန်းရှီက ဆက်ပြောသည်။ "အခု အန်းဒင်ခရိုင်က ဝိုင်းရံခံထားရပြီ၊ အကယ်၍ ပိုယန်သာ ကျဆုံးသွားရင် ဟန်ခန်းခရိုင်ဟာ ရှေ့ကောနောက်ကော ရန်သူနဲ့ ရင်ဆိုင်ရတော့မယ်။ သူတို့ကို အခြေအနေရဲ့ စိုးရိမ်ရမှုကို သေချာရှင်းပြရင် သူတို့ လုံးဝ လက်ပိုက်ကြည့်မနေနိုင်တော့ပါဘူး"
"ဒါဆိုလည်း စမ်းကြည့်ရတာပေါ့" ရှန်ထင်ချွန်က ခေါင်းငြိမ့်လိုက်သည်။ "မင်းတို့ထဲက ဘယ်သူသွားမလဲ"
"ကျွန်တော် သွားမယ်"
ဝမ်ကျိီက ရှေ့သို့ တက်လာသည် "ကျွန်တော် ဟန်ခန်းခရိုင်ရဲ့ မြို့စောင့်တပ်မှူးနဲ့ ရင်းနှီးတယ်။ သူ့ကို သွားပြောရင် အနည်းဆုံး စစ်သား တစ်ထောင်... မဟုတ်ဘူး၊ နှစ်ထောင်လောက်တော့ စည်းရုံးနိုင်လိမ့်မယ်"
ချန်ဆန်းရှီ ထိုအကြောင်းကို မှတ်မိသွားသည်။ ဝမ်ကျိီသည် ဆွေမျိုးနားလယ်ရန် ခရိုင်မြို့သို့ နှစ်ကြိမ်တိုင်တိုင် သွားခဲ့ဖူးပြီး တစ်ခါသွားလျှင် ဆယ်ရက်၊ တစ်လခန့် ကြာတတ်သည်။ သူ သွားသွားနေသည်မှာ အန်းဒင်ခရိုင်မဟုတ်ဘဲ ဟန်ခန်းခရိုင် ဖြစ်နေလိမ့်မည်ဟု မည်သူမျှ မထင်ထားခဲ့ပေ။
"ကောင်းပြီ" ရှန်ထင်ချွန်က ဝမ်ကျိီ၏ ပုခုံးကို အားရပါးရ ပုတ်လိုက်သည်။ "ဗိုလ်မှူးဝမ်... ပိုယန်မှာရှိတဲ့ လူသောင်းချီရဲ့ အသက်ဘေးဟာ မင်းအပေါ်မှာ မူတည်နေပြီနော်"
ဝမ်ကျိက စကားအရှည်ကြီး မပြောတော့ဘဲ သူ၏ မိုဓား ကို ဆွဲကာ ချက်ချင်း ထွက်ခွာသွားတော့သည်။
"အစ်မကြီးဆွန်" ချန်ဆန်းရှီက ဆွန်လီကို လှမ်းကြည့်လိုက်သည်။ "ဘုရင်ခံအိမ်တော် ကော ဘာသတင်းထူးသေးလဲ"
ဆွန်လီက ခေါင်းခါပြသည်။ 'ဒါ မဖြစ်နိုင်ဘူး' ဟု ချန်ဆန်းရှီတစ်ကိုယ်တည်း ရေရွတ်မိသည်။ ကိုယ်ရံတော် ဟန်ချန်း ရှိနေခြင်းက ဘုရင်ခံ ဆွန်ဒူရှီ သည် ပိုယန်၏ အခြေအနေကို အနည်းဆုံးတော့ အကုန်သိနေသည်ဟု ဆိုလိုသည်။ ဘာကြောင့် ဘာလှုပ်ရှားမှုမှ မရှိရသနည်းအနောက်မြောက်ပိုင်း ပြည်နယ်သုံးခု၏ အခြေအနေက ထင်ထားတာထက် ပိုပြီး စိုးရိမ်ရနေပုံရသည်။
"ညီအစ်ကိုတို့... အားမလျှော့ကြနဲ့" ရှန်ထင်ချွန်၏ အသံက ဟိန်းထွက်လာသည် "အရင်က မဟာရှန်မင်းဆက်ကို တည်ထောင်ခဲ့တဲ့ ဘိုးတော်မင်းကြီး လက်ထက်တုန်းက စစ်သူကြီး ယင်ဝေဟာ စစ်သား ခုနစ်ထောင်တည်းနဲ့ ဖူမြို့ ကို ကာကွယ်ခဲ့ဖူးတယ်။ အဲဒီတုန်းက ရန်သူအင်အားက ၁ သိန်း ၃ သောင်းရှိတာ။ သူ ဘယ်လောက်ကြာကြာ ခံနိုင်ခဲ့လဲ သိလား၇ ရက်လား၊ ရက် ၇၀ လားမဟုတ်ဘူး... သူ ၇ လ တိတိ ခုခံနိုင်ခဲ့ပြီး ရန်သူ ၁ သိန်း ၂ သောင်းကို အပြတ်အသတ် ချေမှုန်းနိုင်ခဲ့လို့သာ ဒီနေ့ ငါတို့ရဲ့ မဟာရှန်မင်းဆက်ကြီး ဖြစ်လာတာ"
"ငါတို့မှာ ရိက္ခာတွေ၊ လက်နက်တွေ အပြည့်အစုံရှိတယ်။ စစ်သားအသစ်တွေအပါအဝင် ငါတို့မှာ အင်အား တစ်ထောင်ကျော် ရှိသေးတယ်။ မြို့သူမြို့သားတွေရဲ့ အကူအညီနဲ့ဆိုရင် ရန်သူ တစ်သောင်းလောက်ကို ကြောက်စရာ မလိုပါဘူး"
ပိုယန်မြို့သည် နယ်စပ်မြို့ဖြစ်သဖြင့် မြို့ရိုးမှာ အလွန်ခိုင်ခံ့သည်။ မြို့သူမြို့သားများကိုပါ စည်းရုံးနိုင်လျှင် ၂ လ ၃ လ ခုခံရန် မခဲယဉ်းပေ။ ချန်
ဆန်းရှီအမှန်တကယ် စိုးရိမ်နေသည်မှာ မြို့ဝန်ရွှီ သို့မဟုတ် အဘိုးကြီး ဧကရာဇ် ဘာကြံစည်နေသလဲ ဆိုသည်ကို ဖြစ်သည်။ မိစ္စာဂိုဏ်း ကလည်း ဟွာကျင်းအဆင့်ထက်မြင့်သော ပညာရှင်များကို လွှတ်ဦးမည်။ ပွဲက မြို့ထဲကနေ စပြီး ပျက်နိုင်ပေသည်။
"မောင်လေး..."
ဆွန်လီက မြို့ရိုးပေါ်သို့ တက်လာပြီး ချန်ဆန်းရှီအနားတွင် ထိုင်လိုက်ပြီး "အမလန်ကို သွားမကြည့်ချင်ဘူးလား"
"အစ်မတော် စောင့်ရှောက်ပေးနေတာပဲ... မလိုပါဘူး" ချန်ဆန်းရှီ၏ လက်အောက်တွင် စစ်သား ၇၀၊ ၈၀ ခန့် ရှိသော်လည်း မည်သူမျှ အိမ်မပြန်ကြပေ။ သူကိုယ်တိုင် စံပြမလုပ်လျှင် သူ၏လူများကို အသေခံတိုက်ခိုက်ရန် မည်သို့ အမိန့်ပေးနိုင်ပါမည်နည်း။
"အင်း... စိတ်မပူပါနဲ့။ ငါ အိမ်တစ်လုံး သီးသန့်ငှားပေးထားတယ်။ အမလန် ဘေးကင်းပါတယ်" ဆွန်လီက အနားက ရွှီဘင်ကို ကြည့်ရင်း "ရွှီဘင်... မင်း
ရဲ့ မိန်းမနဲ့ သမီးလေးလည်း ဘေးကင်းပါတယ်" ဟု ပြောလိုက်ရာ ရွှီဘင်မှာ ဝမ်းသာအားရဖြင့် ကင်းစောင့်ခြင်းကို ပို၍ အားစိုက်လုပ်တော့သည်။
နောက်ရက်များတွင် တစ်မြို့လုံးရှိ အရပ်သားများကို စည်းရုံးကာ ခုခံစစ်အတွက် အားဖြည့်ကြသည်။ မြို့ပြင်က ပြေးဝင်လာသော ဒုက္ခသည်များမှာ အလွန်တက်ကြွကြသလို မြို့သူမြို့သား ငါးထောင်ခန့်လည်း ကူညီကြသည်။ သို့သော် ဒေသခံ သူဌေးကြီးများနှင့် လူကြီးပိုင်းအချို့မှာမူ ကိုယ်တိုင်မကူဘဲ ငွေနှင့် ရိက္ခာသာ ထုတ်ပေးကြပြီး မြို့ရိုးပေါ်တွင် သေရခြင်းမှာ စစ်သားတို့တာဝန်ဟုသာ ဆိုကြသည်။
သိုင်းပညာခန်းမက တပည့်အချို့မှာမူ ကြောက်လန့်တကြားဖြင့် ညဘက် မြို့တံခါးမှ ခိုးထွက်ပြေးရန် ကြိုးစားသဖြင့် ချက်ချင်းပင် ကွပ်မျက်ခြင်း ခံလိုက်ရသည်။ ဤလူများသည် သာမန်အရပ်သားကို နှိပ်စက်ရန်သာ တတ်ကြပြီး အသက်ပေးတိုက်ရန်ကျတော့ ခေါင်းရှောင်ကြသူများ ဖြစ်သည်။
ရက်အနည်းငယ်အကြာတွင် လူရိုင်းစစ်တပ်က စစ်ကူများရောက်လာပြီး အကြီးအကျယ် ထပ်မံတိုက်ခိုက်လာပြန်သည်။
"ဆန်းရှီလေး... မြှားကုန်ရင် ဦးလေးကိုပြော။ ဦးလေး အမြန်သွားယူပေးမယ်။ မင်းကတော့ ဦးလေးကို ဘေးကင်းအောင် စောင့်ရှောက်ပေးနော်..."
လိုင်ဇီသည် ချန်ဆန်းရှီအနားတွင် ကပ်ကာ မြှားအိတ်ကို ကိုင်ထားပေးနေသည်။ ချန်ဆန်းရှီမှာမူ ပြန်ထူးရန် အချိန်မရှိပေ။ သူ၏ လေးကြိုးကို အဆက်မပြတ် ဆွဲရင်း မြို့ရိုးပေါ်တက်လာသူများကို ပစ်သတ်နေသည်။ အဝေးကလူကို လေးဖြင့်ပစ်၊ အနားရောက်လာသူကို လှံနှင့်ထိုး၊ ဓားနှင့်ခုတ်ဖြင့် အလုပ်ရှုပ်နေသည်။
နောက်ဆုံးတွင် လေးပညာ ကျွမ်းကျင်မှု့စနစ်မျက်မှာပြင် ပေါ်လာသည် -
[ကျွမ်းကျင်မှု့ - လေးပညာ (အကြီးစားအောင်မြင်မှု့]
[တိုးတက်မှု့ - (၀/၂၀၀၀)]
[စွမ်းဆောင်ရည် - မြှားကို လျှပ်စီးကဲ့သို့ ပစ်ခတ်နိုင်ခြင်း၊ ခြေလှမ်း ၃၀၀ အတွင်း ပစ်မှတ်ကို လုံးဝ မလွဲချော်ခြင်း]
ယခုအခါ သူသည် တစ်စက္ကန့်လျှင် မြှား ၃ စင်းခန့်ကို ပစ်နိုင်ပြီဖြစ်ရာ သာမန်လူသားတို့၏ အကန့်အသတ်ကို ကျော်လွန်သွားပြီဖြစ်သည်။
ချန်ဆန်းရှီ၏ လက်မောင်းမှာ ရိပ်ခနဲ ရိပ်ခနဲဖြင့် မြှားများမှာ အနက်ရောင် မျဉ်းတန်းကြီးတစ်ခုကဲ့သို့ အဆက်မပြတ် ထွက်ပေါ်နေသည်။
"ဘာလို့ ဒီလောက်မြန်မြန် ကုန်သွားရတာလဲ" ဦးလေးလိုင်စီမှာ ကျောက်တုံးများနှင့် မြှားများကို ရှောင်ရင်း မြေကြီးပေါ်တွင် ကုပ်ကုပ်လေးသွားကာ မြှားအိတ်များကို အပြေးအလွှား သယ်ပေးနေရသည်။
ထိုစဉ် အရင်ကထက် ကြီးမားသော မြို့သိမ်းလှည်းကြီး တစ်စင်း မြို့ရိုးနား ဆိုက်ကပ်လာသည်။ လူရိုင်းစစ်သူကြီးတစ်ဦးက ပုဆိန်ကြီးကို ဝေ့ယမ်းကာ မြို့စောင့်စစ်သား ၅ ဦးကို တစ်ချက်တည်းနှင့် သတ်ပစ်လိုက်သည်။ သူ၏ ချပ်ဝတ်တန်ဆာကို ကြည့်ခြင်းဖြင့် သူသည် အတွင်းအားသန့်စင်ခြင်းအဆင့်သိုင်းပညာရှင် ၃ ဦးထဲမှ တစ်ဦးဖြစ်ကြောင်း သိနိုင်သည်။
"ချွမ်"
ချန်ဆန်းရှီ လေးဆွဲရန် ပြင်နေစဉ်မှာပင် ဓားတစ်စင်းက ပုဆိန်ကြီးကို တားဆီးလိုက်သည်။
"ဗိုလ်မှူးချန်" ရှန်ထင်ချွန်က အော်ဟစ်လိုက်သည် "သူ့ကို ငါ့နဲ့ထားခဲ့၊ ငါ့ကျောကိုပဲ ကြည့်ပေးထား"
အတွင်းအားသန့်စင်ခြင်းအဆင့် ပညာရှင် နှစ်ဦး၏ တိုက်ပွဲမှာ အလွန်
ပြင်းထန်လှသည်။ ချန်ဆန်းရှီက သူ၏လေးနှင့် မြှားကို အသုံးပြုကာ ရှန်
ထင်ချွန်ကို ရန်သူ့စစ်သားများ အုပ်စုလိုက် တိုက်ခိုက်ခြင်းမခံရအောင် ကာကွယ်ပေးထားသည်။ အချက်ပေါင်းများစွာ တိုက်ခိုက်ပြီးနောက် ရှန်ထင်
ချွန်သည် ဒဏ်ရာအနည်းငယ်ရကာ ထိုလူရိုင်းစစ်သူကြီး၏ ခေါင်းကို ဖြတ်နိုင်ခဲ့သည်။
ယခုအချီတွင် လူရိုင်းစစ်သား ၂၀၀၀ ကျော် သေဆုံးခဲ့ပြီး စစ်သူကြီးတစ်ဦးပါ ဆုံးရှုံးခဲ့သည်။ ပိုယန်ဘက်မှ စစ်သားနှင့် အရပ်သား ၆၀၀ ခန့် သေဆုံးခဲ့သည်။ အရပ်သားများမှာ အင်အားမရှိသော်လည်း မြို့ကျလျှင် အကုန်သေရမည်ကို သိသဖြင့် အသက်စွန့် တိုက်ခိုက်ခဲ့ကြခြင်း ဖြစ်သည်။
ညဘက်တွင် ချန်ဆန်းရှီသည် သွေးစွန်းနေသော မြို့ရိုးပေါ်မှ ဆင်းလာကာ ဆိတ်ငြိမ်သော နေရာတစ်ခုတွင် နောက်ဆုံးကျန်သော "ရွှေယွမ် ခန္ဓာကိုယ်ကြံ့ခိုင်မှု ဆေးလုံး" ကို သောက်သုံးကာ အဆင့်တက်ရန် ပြင်ဆင်တော့သည်။
အရိုးဖွဲ့စည်းခြင်းအဆင့် အထွတ်အထိပ်သို့ ရောက်ရန်မှာ "ရိုးတွင်းခြင်ဆီ သန့်စင်ခြင်း" ဖြစ်သည်။ ရိုးတွင်းခြင်ဆီသည် သွေး၏ အဓိက အရင်းအမြစ်ဖြစ်သည်။ ၎င်းကို သန့်စင်နိုင်မှသာ ခန္ဓာကိုယ်တစ်ခုလုံးရှိ သွေးဟောင်းများကို သွေးသစ်များဖြင့် လဲလှယ်နိုင်မည် ဖြစ်သည်။
ဆေးလုံး၏ အစွမ်းနှင့် ကျင့်စဉ်ကြောင့် ချန်ဆန်းရှီ၏ ခန္ဓာကိုယ်အတွင်းရှိ "နဂါးဆင်သွေး"များမှာ စတင်ပြောင်းလဲလာသည်။ အရိုးများအတွင်းမှ အလွန်အမင်း ပူလောင်သော ခံစားချက်ကြောင့် ချန်ဆန်းရှီမှာ အကြောများ ပြိုင်းပြိုင်းထလာပြီး အံကြိတ်ကာ လှံကျင့်စဉ်ကို အလွန်နှေးကွေးသော အရှိန်ဖြင့် ကျင့်ကြံနေရသည်။
နာကျင်မှုများ အဆုံးသတ်သွားသောအခါ သူ၏ သွေးဟောင်းများမှာ သွေးသစ်များဖြင့် အစားထိုးသွားခဲ့ပြီ ဖြစ်သည်။
[ကျင့်ကြံမှု့ - မသေနိုင်သောရွှေမြွေလှံ - ပထမပိုင်း (အကြီးစားအောင်မြင်မှု့)]
[စွမ်းဆောင်ရည် - နဂါးဆင်သွေး ၊ နဂါးကိုးကောင်အသက်သွေးကြော ၊ ဝရဇိန်ခန္ဓာ ]
[ဝရဇိန်ခန္ဓာ- ကြေးနီအရေပြားနှင့် သံမဏိအရိုး၊ ဓားလှံမတိုးနိုင်၊ မီးနှင့်ရေ မလောင်မြိုက်နိုင်]
ကြေးနီအရေပြားနှင့် သံမဏိအရိုး
ချန်ဆန်းရှီသည် ခဏမျှ ပင်ပန်းသွားသော်လည်း သွေးသစ်များ လည်ပတ်လာသောအခါ ချက်ချင်းပင် အင်အားများ ပြန်လည်ပြည့်ဖြိုးလာသည်။ သူ၏ ကျန်းယွဲ့ဓား ဖြင့် သူ၏ အရေပြားကို လှီးကြည့်ရာ သံချင်းပွတ်သည့် အသံသာ ထွက်ပေါ်လာပြီး ဒဏ်ရာတစ်စက်မျှ မရပေ။
ယခုဆိုလျှင် သူသည် စစ်မြေပြင်တွင် မည်သူမျှ မတားဆီးနိုင်သော ကြောက်မက်ဖွယ်ရာ တိုက်ခိုက်ရေးစက်ယန္တရားကြီး တစ်ခု ဖြစ်သွားခဲ့ပြီ ဖြစ်သည်။