← Chapters

အခန်း (၉၇)

Vol. 9 Ch. 97

အခန်း (၉၇)

Vol. 9 Ch. 97

ရက်စက်ကြမ်းကြုတ်လှသော မြို့သိမ်းတိုက်ပွဲများ နှစ်ရက်ဆက်တိုက် ဖြစ်ပွားပြီးနောက်...

မြို့စောင့်စစ်သားများနှင့် အရပ်သားများ၏ ပူးပေါင်းအားထုတ်မှုကြောင့် ပိုယန်မြို့ကို ဇွဲနပဲဖြင့် ဆက်လက်ထိန်းထားနိုင်ခဲ့ကြသည်။ အပြန်အလှန်အားဖြင့် လူရိုင်းများဘက်တွင် စစ်သည် နှစ်ထောင်ကျော်နှင့် အတွင်းအားသန့်စင်ခြင်းအဆင့်စစ်သူကြီးတစ်ဦး ထပ်မံဆုံးရှုံးခဲ့ရသည်။

ထို့အပြင် မြို့သိမ်းလက်နက်များစွာလည်း ပျက်စီးသွားခဲ့သဖြင့် လူရိုင်းများမှာ စစ်ဗုံတီးသံများကို ရပ်တန့်လိုက်ရပြီး ရက်အနည်းငယ်ကြာအောင် ထပ်မံမတိုက်ခိုက်ဝံ့တော့ပေ။

လက်ရှိအခြေအနေကို သုံးသပ်ကြည့်လျှင်...

လူရိုင်းများတွင် စစ်သည် ခြောက်ထောင်သာ ကျန်တော့ပြီး ပိုယန်မြို့တွင် စစ်သား ၆၀၀ နှင့် အသက်စွန့်တိုက်မည့် အရပ်သား သုံးထောင်ခန့် ရှိနေသည်။ ဤအရပ်သားများသည် သာမန်လူများသာ ဖြစ်သဖြင့် မြေပြင်

တိုက်ပွဲဆိုလျှင် အမြောက်စာ သာ ဖြစ်ပေလိမ့်မည်။ သို့သော် မြို့သိမ်းတိုက်ပွဲတွင်မူ သူတို့သည် ရိက္ခာသယ်ခြင်း၊ မြို့ရိုးပြင်ခြင်းနှင့် လူသားဒိုင်းအဖြစ်ပါ အသုံးဝင်လှသည်။ လူရိုင်းများ မြို့ရိုးပေါ်တက်လာသည်ကို ခဏမျှ ဟန့်တားပေးနိုင်ရုံနှင့်ပင် စစ်သားများအတွက် တုံ့ပြန်ရန် အချိန်ရသွားစေသည်။

ကျန်ရှိနေသော လူရိုင်းခြောက်ထောင်ထဲမှ တစ်ဝက်မှာ မြင်းတပ်များ ဖြစ်ကြသည်။ မြို့ရိုးမပြိုသရွေ့ မြင်းတပ်များမှာ အလှပြသက်သက်သာ ဖြစ်နေတော့မည်။ အခြေအနေမပြောင်းလဲဘဲ ဝမ်ကျီစစ်ကူနှင့်အတူ ပြန်ရောက်လာလျှင် ပိုယန်မြို့၏ အခြေအနေမှာ အကောင်းဘက်သို့ ကူးပြောင်းသွားပေလိမ့်မည်။

ဤအောင်ပွဲ၏ အကြီးမားဆုံးသော ဂုဏ်ပြုထိုက်သူများမှာ အမှန်

တကယ်တော့ သာမန်အရပ်သားများပင် ဖြစ်သည်ဟု ချန်ဆန်းရှီတွေးမိသည်။

"ရိက္ခာတိုက်တွေကို ဖွင့်ပြီး ဆန်ဝေကြစမ်း"

စစ်ဘက်ဆိုင်ရာ ရိက္ခာတိုက်များတွင် အစားအစာ အလုံအလောက် ရှိသည်။ အရပ်သားများ၏ အသုံးဝင်မှုကို မြင်သွားပြီးနောက် ရှန်ထင်ချွန်သည် တန်ဖိုးအနည်းဆုံးသော အသက်များကို အသုံးချကာ အကျိုးအမြတ်အများဆုံးရမည့် နည်းလမ်းကို သဘောကျသွားသည်။ သူသည် လက်နက်ကိုင်နိုင်သူ မှန်သမျှကို အတင်းအကျပ် စစ်ထဲသွင်းကာ မြို့ရိုးပေါ်သို့ ပို့လွှတ်လိုက်သည်။

ရှန်ထင်ချွန် စိတ်ဓာတ်များ အလွန်တက်ကြွနေပြီး ဗိုလ်မှူးများကို မြို့ရိုးပေါ်တွင် စုဝေးစေကာ အရက်ကိုယ်တိုင် လိုက်ငှဲ့ပေးနေသည် "ညီအစ်ကိုတို့... ဒီတစ်ကြိမ် ပိုယန်ကို ကာကွယ်နိုင်တာဟာ လူတိုင်းရဲ့ ကြီးမားတဲ့ စွမ်းဆောင်ချက်ပဲ။ တိုက်ပွဲပြီးရင် ဆုလာဘ်တွေ၊ ရာထူးတိုးတာတွေ သေချာပေါက် ရစေရမယ်"

"ဟီးဟီး... မှန်တာပေါ့" ခရိုင်ဝန်ကျိီကွမ်းရှန် က အနီရောင် ဝတ်စုံဖြင့် ပြောလိုက်သည် "အိမ်ရှေ့မင်းသားသာ ဒီသတင်းကို ကြားရင် ငါတို့ရဲ့ သတ္တိရှိတဲ့ စစ်သည်တွေကို သေချာပေါက် မျက်နှာသာပေးလိမ့်မယ်။ အဓိက စွမ်းဆောင်ရှင်ကတော့ ဗိုလ်မှူးကြီးရှန်ပေါ့... ဂုဏ်ယူပါတယ်ဗျာ"

သူတို့နှစ်ဦးကြားက အာဃာတများမှာ တိုက်ပွဲအတွင်း အတူတူ ဖြတ်သန်းခဲ့ရသဖြင့် အရည်ပျော်သွားပုံရသည်။

မြို့ရိုးပေါ်တွင် အရာရှိများက ရာထူးတိုးမည့်အရေးကို ကြိုတင်ဂုဏ်ပြုကာ အရက်သောက် ရယ်မောနေကြသော်လည်း နွမ်းပါးလှသော အရပ်သားများမှာမူ အလောင်းများကို သယ်ယူခြင်း၊ မြို့ရိုးပြင်ခြင်း သို့မဟုတ် မြေကြီးပေါ်တွင် ထုံထုံထိုင်းထိုင်း ထိုင်ကာ ခက်ခဲစွာရလာသော ထမင်းကို စားနေကြသည်။

တိုက်ပွဲက မပြီးသေးဘဲ သူတို့က အောင်ပွဲခံနေကြပြီလား? ချန်ဆန်းရှီသည် ထိုပျော်ပွဲရွှင်ပွဲတွင် ပါဝင်လိုစိတ်မရှိသဖြင့် အရက်တစ်ခွက်ကို အယောင်ပြသောက်ကာ အလောင်းသယ်သည့်ဘက်သို့ သွားကူလိုက်သည်။

...

ထိုညတွင်...

တိုက်ပွဲစတင်ကတည်းက ပထမဆုံးအကြိမ်အဖြစ် ရှန်ထင်ချွန်သည် အိမ်သို့ ခဏပြန်ကာ ဇနီးသည်နှင့် သားလေးကို သွားတွေ့သည်။ သူသည် လေးလံသော ချပ်ဝတ်တန်ဆာကို ချွတ်လိုက်ပြီး သားငယ်လေးကို ပွေ့ချီကာ "မကြောက်နဲ့တော့ သား... တိုက်ပွဲတွေ ပြီးတော့မှာပါ" ဟု ပြောလိုက်သည်။

"တကယ်လား"

သူ၏ ဇနီး မဒမ်လျူက စိုးရိမ်တကြီးဖြင့် "ဘာလို့ ကျွန်မ ရင်တွေ အရမ်းတုန်နေရတာလဲလူရိုင်းတွေ ထပ်ရောက်မလာနိုင်တော့ဘူးလား"

"လူရိုင်းစစ်သားတွေဆိုတာ မြေကြီးနဲ့ လုပ်ထားတာ မဟုတ်ဘူးကွ" ရှန်

ထင်ချွန်က နှာခေါင်းရှုံ့လိုက်သည် "စစ်သား တစ်သောင်းဆိုတာတည်းက အတော်လေး ထူးဆန်းနေပြီ။ အချိန်တိုအတွင်း စစ်ကူထပ်လာဖို့ လုံးဝ မဖြစ်နိုင်ဘူး။ တကယ်လို့ လျန်ကျိုး က အဓိက စစ်မြေပြင်ကို စွန့်လွှတ်ပြီး ဒီကိုလာမယ်ဆိုရင်လည်း အဲဒါဟာ သေလမ်းကို ရှာတာနဲ့ အတူတူပဲ"

"ကျွန်မက မိန်းမသားဆိုတော့ ဒါတွေ မသိပါဘူး။ ခင်ပွန်းသည်က စိတ်မပူနဲ့ဆိုရင် တော်ပါပြီ"

"အင်း... တိုက်ပွဲပြီးရင် ငါ နေရာပြောင်းရဖို့ ရှိတယ်။ ဒီတစ်ခါ ရတဲ့ စွမ်းဆောင်ချက်နဲ့ဆိုရင် သာယာဝပြောတဲ့ ကျန်းနန် ဘက်က မြို့ကြီးတစ်မြို့ကို တိုက်ရိုက် ရာထူးတိုးသွားနိုင်တယ်"

"သိပ်ကောင်းတာပေါ့" မဒမ်လျူက ဝမ်းသာအားရ အာမေဍိတ် ထွက်သွားသည် "ဒီလို အမြဲတမ်း ကြောက်လန့်နေရတဲ့ နေရာကနေ နောက်ဆုံးတော့ ထွက်သွားရတော့မယ်။ ဒီမှာက သားလေးအတွက် ဆရာကောင်းတောင် မရှိဘူး၊ သူ ဘယ်လိုလုပ် စာမေးပွဲတွေ အောင်နိုင်မှာလဲ"

ရှန်ထင်ချွန်က ထမင်းစားရန် ပြင်ဆင်နေစဉ် အစေခံမလေးတစ်ဦး ဝင်လာသည်။

"သခင်ကြီး... ဆရာကြီး လော်တုံချွမ် က တွေ့ချင်လို့တဲ့"

"သူ ဘာလာလုပ်တာလဲ" ရှန်ထင်ချွန်က သားကို ပွေ့ထားရင်း မေးလိုက်

သည် "လူရိုင်းတွေ ထပ်တိုက်တာတော့ မဟုတ်ပါဘူးနော်"

"သခင်ကြီး... သိုင်းပညာခန်းမ အကြောင်းပါ" လော်တုံချွမ်က တုန်တုန်ယင်ယင်နှင့် ဝင်လာသည် "တောင်ဘက်တံခါးကို စောင့်ရတဲ့ မြေခွေးအိုကြီး လျိုရှန့်ကျိီက လူရိုင်းတွေ ဆုတ်ခွာနေတုန်း မြို့တံခါးကို ဖွင့်ပြီး သူ့မိသားစုနဲ့အတူ ထွက်ပြေးသွားပါပြီ။ ဟန်ခန်းခရိုင်ဘက်ကို ဦးတည်သွားနေတယ် ထင်တယ်"

"ထွက်ပြေးတယ်" ရှန်ထင်ချွန်က ထမင်းစားတူကို စားပွဲပေါ် ဆောင့်ချလိုက်သည် "အဲဒီ အဖိုးကြီး သေချင်နေပြီပဲ"

ထွက်ပြေးသူ တစ်ယောက်ရှိလာလျှင် ဒုတိယတစ်ယောက် ထပ်ရှိလာပေလိမ့်မည်။ ထိုအခြေအနေကို လုံးဝ ခွင့်မပြုနိုင်ပေ။ ရှန်ထင်ချွန်သည် ချပ်ဝတ်တန်ဆာကို ချက်ချင်းပြန်ဝတ်၊ ဓားကိုဆွဲကာ လော့်တုန်ချွမ်နှင့်အတူ မြို့တံခါးဆီသို့ မြင်းစီးကာ ပြေးထွက်သွားတော့သည်။

"လူ ဘယ်နှစ်ယောက်လဲ"

"ခုနစ်ယောက်၊ ရှစ်ယောက်လောက်ပဲ။ ရွှေငွေရတနာတွေ တင်ထားတဲ့ လှည်းတစ်စီးနဲ့ ရထားလုံးတစ်စီး ပါသွားတယ်။ သိပ်တော့ မဝေးသေးပါဘူး၊ ကျွန်တော် လူတွေ လွှတ်ပြီး လိုက်ခိုင်းထားတယ်"

"ကောင်းပြီ သူတို့ ခေါင်းတွေကို ဖြတ်ပြီး မြို့ရိုးပေါ်မှာ ချိတ်ထားလိုက်

မယ်။ ဘယ်သူ ထပ်ပြေးဝံ့ဦးမလဲ ကြည့်ကြသေးတာပေါ့"

ရှန်ထင်ချွန်၏ လူသတ်လိုစိတ်များ ထကြွလာသည်။ ရန်သူနှင့် ရင်ဆိုင်နေရချိန်တွင် စစ်ပြေးခြင်းမှာ ကြီးလေးသော ပြစ်ဒဏ်ဖြစ်သဖြင့် ခရိုင်ဝန်ကျိီပင်လျှင် သူ၏ လုပ်ရပ်ကို ထောက်ခံပေလိမ့်မည်။ သူတို့နှစ်ဦးမှာ မြို့ပြင်သို့ ငါးမိုင်ခန့် အပြင်းနှင်ပြီးနောက် ရှေ့တွင် ရထားလုံးတစ်စီးကို တွေ့လိုက်ရသည်။

"လျိုရှန့်ကျိီ စစ်မြေပြင်က ထွက်ပြေးတာဟာ သေဒဏ်ပဲ" ရှန်ထင်ချွန်က ရထားလုံးကို ကျော်တက်ကာ လမ်းပိတ်လိုက်သည်။

"မစ္စတာရှန်" လျိုရှန်ကျိီက ရထားလုံး လိုက်ကာကို လှပ်လိုက်ပြီး အေးစက်စွာ ပြောသည် "နတ်ဘုရားရတနာကို တစ်ယောက်တည်း ဖုံးကွယ်ထားတာကမှ တကယ့်သေဒဏ်ပါ"

"ဘာပြောတယ်" ရှန်ထင်ချွန်၏ မျက်နှာ ပျက်သွားသည်။

ထိုစဉ် ပတ်ဝန်းကျင်မှ မြင်းခွာသံများ ထွက်ပေါ်လာသည်။ အမှောင်ထဲမှ မြင်းစီးသမား သုံးဦး ထွက်လာပြီး သူတို့၏ နောက်ပြန်လမ်းကို ပိတ်လိုက်သည်။

"မြို့ဝန်ရွှီ " ရှန်ထင်ချွန်က မျက်မှောင်ကြုတ်လိုက်သည် "ဒါက ဘာသဘောလဲ"

"ရှန်ထင်ချွန်" ရွှီယုပင်က အေးစက်သောအသံဖြင့် အော်ပြောလိုက်သည် "နတ်ဘုရားရတနာကို အခုချက်ချင်း အပ်စမ်း၊ ဒါဆိုရင် မင်းရဲ့ အလောင်းကိုတော့ မြေမြှုပ်ခွင့်ပေးမယ်"

"နတ်ဘုရားရတနာ" ရှန်ထင်ချွန်က သက်ပြင်းရှည်ကြီးကို ချလိုက်ကာ လျိုရှန့်ကျိီကို ကြည့်လိုက်သည် "လျိုရှန့်ကျိီ... မင်း ရူးနေပြီလား ငါနဲ့အတူတူ သေမလို့လား"

လျီရှန့်ကျိီက အော်ဟစ်ကာ "စကားအပိုတွေ ပြောမနေနဲ့ မင်းက ငါ့သားကိုသတ်၊ ရတနာလျှို့ဝှက်ချက်ကို တစ်ယောက်တည်း သိမ်းပိုက်ထားပြီး ငါတို့ကို ခြိမ်းခြောက်နေတာပဲ။ ငါ မင်းနဲ့ ကောင်းကင်တစ်ခုတည်းအောက်မှာ အတူမနေနိုင်ဘူး"

"မင်းရဲ့သားကို" ရှန်ထင်ချွန်က ရှင်းမပြတော့ဘဲ ခါးသီးစွာ ပြုံးလိုက်သည် "ရတနာက ငါ့လက်ထဲမှာ မရှိဘူးလို့ ပြောရင် မြို့ဝန်ရွှီ ခင်ဗျား ယုံမှာလား"

"ခင်ဗျား ဘယ်လိုထင်လဲ" ရွှီယုပင်က ဘေးက ကိုယ်ရံတော် ဟန်ချန်းနှင့် ထန်မင်ကို ကြည့်လိုက်ပြီး "မစ္စတာရှန်က အေးအေးဆေးဆေး မအပ်ချင်မှတော့ သူ 'အပ်' လာအောင် ငါတို့ ကူညီပေးကြတာပေါ့"

ရှန်ထင်ချွန်ကသူ၏ ဟယ်မြောင်ဓားရှည် ကို ဖြည်းညှင်းစွာ ထုတ်လိုက်သည်။

"ဗိုလ်မှူးကြီးရှန်" လော်တုံချွမ်က အလောတကြီး ပြောလိုက်သည် "ပစ္စည်းကို ပေးလိုက်တာ ပိုကောင်းပါလိမ့်မယ်။ သူတို့က နန်းတော်က လွှတ်လိုက်တဲ့သူတွေပဲ။ သူတို့ကို သတ်ရင်တောင် ရတနာလျှို့ဝှက်ချက်က လုံမှာ မဟုတ်တော့ဘူး ပေးလိုက်ပါ... ဒါမှ ငါတို့ မိသားစုတွေ အသက်ရှင်ဖို့ လမ်းစရှိမှာပါ"

"ဟားဟားဟားဟား..." ရှန်ထင်ချွန်က ထူးဆန်းစွာ ရယ်မောလိုက်သည် "လော်တုံချွမ်... မင်းကို ငါ စောင့်ရှောက်လာတာ အနှစ်နှစ်ဆယ် ရှိပြီ၊ နောက်ဆုံးတော့ ငါ့ကို ရောင်းစားတဲ့သူက မင်း ဖြစ်နေပါလား"

"ဗိုလ်မှုးကြီးရှန်ဒါက ဘာစကားလဲ" လော်တုန်ချွမ်က နားမလည်ဟန်ဖြင့် မေးသည်။

"တော်လိုက်တော့ အဖိုးကြီးလော်" ရှန်ထင်ချွန်၏ အသံက ရေခဲကဲ့သို့ အေးစက်သွားသည် "ဟန်ဆောင်မနေနဲ့တော့... တိုက်ကြစို့"

မြို့ထဲက ထွက်မလာခင် လော်တုံချွမ်က လူတွေလွှတ်ပြီး လမ်းဖြတ်ပိတ်ထားတယ်ဟု ပြောခဲ့သော်လည်း ယခုအချိန်အထိ စစ်သားတစ်ယောက်မှ မတွေ့ရပေ။ အခြေအနေက ရှင်းနေပြီ မဟုတ်ပါလား။

"စောင့်ရှောက်တယ် ဟုတ်လား" လော်တုံချွမ်က ဟန်ဆောင်မနေတော့ဘဲ မဲ့ပြုံးဖြင့် ပြောသည် "မစ္စတာရှန်... ခင်ဗျား တစ်ခါက ကျွန်တော့်ကို မေးခဲ့ဖူးတယ်၊ နွေဦးရောက်ရင် ငါတို့ထဲက ဘယ်နှစ်ယောက် အသက်ရှင်ကျန်မလဲဆိုတာလေ။ အဲဒီထဲမှာ ကျွန်တော်လည်း ပါတာပဲ မဟုတ်လားခင်ဗျားမျက်လုံးထဲမှာ အားလုံးဟာ ခင်ဗျား အထက်တက်ဖို့ နင်းစရာ လှေကားထစ်တွေပဲ။ ကျွန်တော်လည်း အပါအဝင်ပေါ့။ ဒါဆိုရင် ဘာလို့ ခင်ဗျားအပေါ် သစ္စာရှိနေရဦးမှာလဲ"

"တိုက်ကြစမ်း"

All Chapters