← Chapters

အခန်း (၃၃၄၃-၃၃၄၄)

Vol. 220 Ch. 3343-3344

အခန်း (၃၃၄၃-၃၃၄၄)

Vol. 220 Ch. 3343-3344

အခန်း ၃၃၄၃ - သူတော်စင်ရွှမ်ဖျင်

အထွတ်အမြတ်ခိုလှုံရာ၏ အရှင်…။

သူတော်စင်အရှင်ဘဝ…။

မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများက တုန်လှုပ်သွားကြသည်။

ဘဝအထွတ်အမြတ်ခိုလှုံရာက ကစဉ့်ကလျားအထွတ်အမြတ်ခိုလှုံရာနှင့် ပြန်ဝင်စားခြင်းအထွတ်အမြတ်ခိုလှုံရာတို့လိုပင် ဖျက်ဆီးခံခဲ့ရပြီကို မဟာကမ္ဘာတစ်ထောင်လောကရှိ ကျင့်ကြံသူများစွာက သိရှိထားကြ၏။

သို့သော်လည်း သူတော်စင်အရှင်ဘဝက အသက်ရှင်နေသေးသည်ကို သူတို့ ယခုမှသာ သိရှိလိုက်ရ၏။

ဒါ့အပြင် ထိုသူသည် ရွှမ်ဖျင်တောင်ပေါ်မှာ ခါးသီးသောအမူအရာတစ်ခုနှင့် အမြဲတမ်းရှိနေခဲ့သည့် ဆံဖြူအဖိုးအိုတစ်ဦးဖြစ်နေ၏။

သစ်ခုတ်သမားတို့‌ လေးယောက်အုပ်စုကလွဲလျှင် ဆူဇီမိုနှင့် တျဲယွဲ့အပါအဝင် အခြားအဓိပတိသာလွန်သူများက တုန်လှုပ်သွားကြ၏။

အရိပ်လက္ခဏာများအားလုံးသည် တောင်အကြီးအကဲမှာ စွမ်းအားကြီးမားသော နောက်ခံတစ်ခုရှိနေသည်ကို ညွှန်ပြပေးနေခဲ့သည်။

မဟုတ်ပါက ဆိုးယုတ်အမျိုးသမီးသည် တျဲယွဲ့ကို တောင်အကြီးအကဲ၏ ဘေးသို့ လာရောက်ပို့ဆောင်ပေးခဲ့လိမ့်မည် မဟုတ်ပေ။

သို့သော်လည်း တောင်အကြီးအကဲသည် သူတော်စင်အရှင်ဘဝဖြစ်နေလိမ့်မည်ဟု ဆူဇီမို ထင်မှတ်မထားခဲ့ပေ။

မဟာသူတော်စင်ပညာရှင်တစ်ဦး…။

အရင်တုန်းက ဘာတွေ ဖြစ်ပျက်ခဲ့တာပါလိမ့်။

ဘဝအထွတ်အမြတ်ခိုလှုံရာ ဖျက်ဆီးခံရပြီးနောက် သူတော်စင်အရှင်ဘဝက ဘယ်လိုလုပ်အသက်ရှင်နေခဲ့တာလဲ။

တောင်အကြီးအကဲ၏ လက်ရှိအခြေအနေက ဘာဖြစ်မလဲ။

ကြည့်ရသည်မှာ သူ၏ ကျင့်ကြံမှုနယ်ပယ်သည် ပကတိတာအိုကြီးစိုးမှုနယ်ပယ်မှာသာရှိလေသည်။ သူ၏ ကျင့်ကြံမှုက ကျဆင်းသွားတာလား… သို့မဟုတ် သူက သူ၏ ကျင့်ကြံမှုကို ဖုံးကွယ်ထားတာလား။

“အရင်တုန်းက သူတော်စင်အရှင်ဘဝက သေဆုံးသွားပြီ”

သူတော်စင်အရှင်လေဟာနယ်အချိန်က ညင်သာစွာပြောလိုက်၏။

“မင်းရှေ့က တောင်အကြီးအကဲက ရွှမ်ဖျင်တောင်ကို စောင့်ကြပ်နေတဲ့ ဖုတ်ကောင်တစ်ကောင်ပဲ… သူ့မှာ သူတော်စင်အရှင်တစ်ပါးရဲ့ ကြမ်းကြုတ်ခက်ထန်မှု ပျောက်ဆုံးနေခဲ့တာကြာပြီ”

သူတော်စင်အရှင်ယင်ယန်က လှောင်ပြောင်သရော်လိုသောအကြည့်ဖြင့် ဆိုးယုတ်အမျိုးသမီးကို ကြည့်လိုက်၏။

“မင်းက သူ့ရဲ့ သရုပ်သကန်ကို ဖော်ထုတ်လိုက်တာနဲ့ပဲ သူက မင်းကို အကူအညီပေးလာမယ်လို့ မင်းတကယ်ပဲ ထင်နေတာလား”

“သူ… အရင်တုန်းက အသက်ရှင်နိုင်ခဲ့ပေမယ့် အပြစ်ဒဏ်အနေနဲ့ သူ့ရဲ့ကျင့်ကြံမှုနယ်ပယ်က အဓိပတိသာလွန်သူနယ်ပယ်ကို ကျဆင်းသွားခဲ့တယ်… သူက နှစ်ပေါင်းများစွာကြာအောင် ဘာလှုပ်ရှားမှုမှ မပြုလုပ်ခဲ့ဘူး… သူကမင်းကို ဘာနဲ့ကူညီပေးမှာလဲ”

တောင်အကြီးအကဲက တိတ်တဆိတ်ဖြင့် သူ၏ ခေါင်းကို ငုံ့ထားဆဲဖြစ်၏။

ဆိုးယုတ်အမျိုးသမီးက ပြန်မဖြေပေ။ သူမ၏ အကြည့်က တောင်အကြီးအကဲပေါ်သို့ မမှိတ်မသုန်ကျရောက်နေဆဲဖြစ်ပြီး အေးစက်စွာပြောလိုက်၏။

“အရင်တုန်းက သူတော်စင်ရွှမ်ဖျင်က ရှင်အသက်ရှင်ခွင့်ရဖို့အတွက် သူ့ကိုယ်သူစွန့်လွှတ်အနစ်နာခံပြီး သူ့အသက်ကို စတေးပေးခဲ့တယ်… အဲလိုလုပ်ခဲ့တယ်ဆိုတာ ရှင်အခုလိုညှိုးငယ်ထိုင်းမှိုင်းပြီး စိတ်ဓာတ်ကျနေဖို့အတွက် မဟုတ်ဘူး”

သူတော်စင်ရွှမ်ဖျင်…

ဆူဇီမိုက ထိုအမည်ကိုကြားသောအခါ သူသည် တစ်စုံတစ်ရာကိုတွေးမိသွားပုံရပြီး အလေးအနက်စဉ်းစားတွေးတောလိုက်၏။

တောင်အကြီးအကဲ၏ အစက တည်ငြိမ်နေသောမျက်လုံးထဲတွင်… နောက်ဆုံး ဝဲဂယက်တစ်ခု ပေါ်ထွက်လာ၏။

ဆိုးယုတ်အမျိုးသမီးက ဆက်ပြောလိုက်၏။

“သူ့ရဲ့ရုပ်အလောင်းကို ရွှမ်ဖျင်တောင်ရဲ့အောက်ခြေမှာ မြှုပ်နှံထားတယ်… ရှင်က သူ့ကို နှစ်ပေါင်းများစွာကြာအောင် အဖော်ပြုပေးနေတယ်ဆိုရင်တောင် အဲဒါက ဘာများအသုံးဝင်လို့လဲ”

အချိန်ကျလာလို့ ရှင်က အခုလိုမျိုး ဂရုမစိုက်သလိုရှိနေဦးမယ်ဆိုရင် သူတော်စင်ရွှမ်ဖျင်က အချည်းနှီးသေခဲ့ရတာ ဖြစ်လိမ့်မယ်”

ထိုအခိုက်အတန့်မှသာ ရွှမ်ဖျင်တောင်မှာ ဤကဲ့သို့သော နောက်ခံတစ်ခုရှိနေသည်ကို ဆူဇီမိုက နားလည်သိရှိလိုက်၏။

သူထင်တာမမှားလျှင် သူတော်စင်ရွှမ်ဖျင်သည် သူတော်စင်အရှင် ဘိုးဘေးမီး၏ တာအိုလက်တွဲဖော် သို့မဟုတ် သူတော်စင်ကူယောင်၏ မိခင်ဖြစ်ဖို့ ဖြစ်နိုင်ခြေမြင့်မားလေသည်။

တစ်ချိန်တည်းမှာပင် သူ၏ ရင်ထဲမှာ နောက်ထပ်မေးခွန်းတစ်ခုက ရုတ်တရက်အဖြေရလာ၏။

သူတော်စင်ကူယောင်သည် မီးတောက်မျိုးနွယ်ကဖြစ်နေစဉ် သူတော်စင်အရှင်ဘိုးဘေးမီးက ဘာ့ကြောင့် ဟင်္သပဒါးငှက်အထွတ်အမြတ်စိတ်ဝိညာဉ်ဖြစ်နေသလဲဟူသော မေးခွန်း၏ အဖြေဖြစ်လေသည်။

ကြီမားသောဖြစ်နိုင်ခြေမှာ သူတော်စင်အရှင်ဘိုးဘေးမီးနှင့် သူတော်စင်အရှင်ရွှမ်ဖျင်၏ ပေါင်းစည်းမှု သို့မဟုတ် ဟင်္သပဒါးငှက်နှင့် လူသားတစ်ဦး၏ ပေါင်းစည်းမှုသည် လောကမှာ ပထမဆုံး မီးတောက်မျိုးနွယ်သက်ရှိကူယောင်ကို မွေးဖွားပေါ်ထွက်လာစေခဲ့ခြင်းပင်။

“ရွှမ်ဖျင်လား…”

သူတော်စင်ရွှမ်ဖျင်အကြောင်းကြားရစဉ်မှာ သူတော်စင်အရှင်ယင်ယန်က ရုတ်တရက်အေးစက်စွာနှာတစ်ချက်မှုတ်ကာ တောင်အကြီးအကဲကို တစ်ချက်လှမ်းကြည့်လိုက်၏။

“မင်းတို့နှစ်ယောက်က တစ်ချိန်တည်းနီးပါး မွေးဖွားလာခဲ့ကြတယ်… မင်းတို့တွေက ငယ်ကျွမ်းဆွေတွေပဲ… သူက မင်းအတွက် သူ့အသက်ကိုတောင်မှ လဲလှယ်စတေးခဲ့တယ်… မင်းတို့နှစ်ယောက်ကြားမှာ မရိုးသားတာတစ်ခုခုရှိနေမလားဆိုတာ ဘယ်သူသိမှာလဲ”

“အဲဒီအမျိုးသမီးက သနားဖို့မတန်ဘူးလို့ ဟင်္သပဒါးကို ငါပြောခဲ့သားပဲ”

ထိုစကားကိုကြားသောအခါ တောင်အကြီးအကဲက သူ၏ ခေါင်းကို ဆတ်ခနဲမော့ပြီး အစက ညှိုးငယ်ထိုင်းမှိုင်းနေသော သူ၏ မျက်လုံးများမှာ အမျက်ဒေါသက အစားထိုးဝင်ရောက်လာပြီး သူက ဖြည်းဖြည်းချင်းပြောလိုက်၏။

“သူ့ရဲ့အပြစ်ကင်းစင်မှုကို မင်း… အရောင်မဆိုးသင့်ဘူး”

တောင်အကြီးအကဲအတွက်တော့ အခြားသူများက မည်သို့ပြောဆိုစေ.. သူ့ကို လှောင်ပြောင်သည်ဖြစ်စေ၊ ဝေဖန်ရှုတ်ချသည်ဖြစ်စေ သို့မဟုတ် ရန်စစော်ကားသည်ဖြစ်စေ သူက စိတ်ထဲမှာ ထည့်မှတ်ထားလိမ့်မည် မဟုတ်ပေ။

သို့သော်လည်း သူတော်စင်ရွှမ်ဖျင်ကို တစ်ယောက်ယောက်က စော်ကားပြောဆိုလာသည်ကို သူတွေ့မြင်ရသောအခါ သူက သေချာပေါက်ခွင့်ပြုပေးလိမ့်မည် မဟုတ်ပေ။’

မည်သူကမှ လုံးဝ မရပေ။

သူတို့ကြားကိစ္စများသည် ပွင့်လင်းမြင်သာမှုနှင့် အပြစ်ကင်းစင်မှု၏ အထက်မှာ ရှိခဲ့လေသည်။

သူတို့နှစ်ယောက်သည် အတူတကွကြီးပြင်းပြီး နှစ်ပေါင်းမရေမတွက်နိုင်အောင် အတူတကွ ကျင့်ကြံခဲ့ကြ၏။ သို့သော်လည်း နောက်ဆုံးမှာတော့ သူတို့သည် တွေ့ဆုံဖို့ရေစက်ပါလာပြီး ပေါင်းဖက်ဖို့ ကံပါမလာခဲ့ပေ။

တစ်ခါတစ်ရံမှာ အချိန်ကာလ အလွန်တရာရှည်ကြာခဲ့သော ဆက်ဆံရေးတစ်ခုကပင် ကောင်းကင်ဘုံ၏ စီစဉ်နေရာချမှုကို မဆန့်ကျင်နိုင်ပေ။

ထိုသို့ဆိုလျှင်တောင် သူတော်စင်ရွှမ်ဖျင်သည် လောကမှာ သူအချစ်ရဆုံးလူဖြစ်နေဆဲပင်။

တကယ်ဆို သူသည် သူတော်စင်ရွှမ်ဖျင်နှင့် သူတော်စင်အရှင်ဘိုးဘေးမီး၏ ကလေးနှစ်ယောက်… ယောင်ကျိနှင့် ယန်ကျိကိုပင် ချင်ခင်မြတ်နိုးခဲ့လေသည်။ သူသည် ကလေးနှစ်ယောက်ကို သူ၏ သွေးသားအရင်းများကဲ့သို့ ပြုမူဆက်ဆံပြီး သူတို့ကို တစ်မူထူးခြားစွာ ယုယကြင်နာပေးခဲ့၏။

“မင်း သူ့ကို အဲလောက်ထိ ဂရုစိုက်တာလား”

သူတော်စင်အရှင်ယင်ယန်က ရယ်မောကာပြောလိုက်၏။

“မင်းငါ့ကို စိန်ခေါ်ချင်လို့လား…”

အရင်တုန်းက သူတော်စင်အရှင်ဘဝသည် သူတော်စင်ရွှမ်ဖျင်၏ သေဆုံးမှုကြောင့်သာ အသက်ရှင်နိုင်ခဲ့ခြင်းဖြစ်၏။

တန်ဖိုးတစ်ခုအနေဖြင့် သူတော်စင်အရှင်ဘဝသည် သူတော်စင်အရှင်ငါးဦး၏ ပူးပေါင်းတိုက်ခိုက်မှုဖြင့် ဒဏ်ရာအပြင်းအထန်ရရှိပြီး သူ၏ ကျင့်ကြံမှုနယ်ပယ်က ကျဆင်းကာ သူသည် ရွှမ်ဖျင်တောင်ကို စောင့်ကြပ်နေသည့် တောင်အကြီးအကဲအဖြစ် လျှောကျသွားခဲ့လေသည်။

ဤနှစ်များအားလုံးမှာ တောင်အကြီးအကဲသည် အထွတ်အမြတ်ခိုလှုံရာငါးခုနှင့် မည်သည့်ပဋိပက္ခမှ မရှိခဲ့ပေ။

နတ်ဘုရားအပြစ်ဒဏ်အထွတ်အမြတ်ခိုလှုံရာသည် ဆင်ခြေအမျိုးမျိုးသုံးပြီး လူသားသူတော်စင်များကို သတ်ဖြတ်ခဲ့စဉ်ကပင် တောင်အကြီးအကဲက ပေါ်ထွက်မလာခဲ့ပေ။

စစချင်း သူတော်စင်အရှင်ယင်ယန်က သူ့အပေါ် သတ်ဖြတ်လိုစိတ် ထုတ်ဖော်ခဲ့စဉ်ကပင် အဲဒါက တဖြည်းဖြည်းဖျော့တော့သွားခဲ့၏။

မည်သို့ပင်ဆိုစေသူတို့၏ မျက်လုံးထဲမှာ ယခင်သူတော်စင်အရှင်ဘဝက သေဆုံးသွားပြီဖြစ်၏။ မည်သည့်စိတ်အားမာန်မှမရှိတော့သည့် မှိုင်တွေငေးမောနေသော ဤအဖိုးအိုက သူတို့အပေါ် ခြိမ်းခြောက်နိုင်စွမ်းမရှိတော့ပေ။

သို့သော်လည်း ထိုအခိုက်အတန့်မှာ သူတော်စင်အရှင်ယင်ယန်၏ သတ်ဖြတ်လိုစိတ်က နောက်တစ်ဖန်ပေါ်ထွက်လာ၏။

တောင်အကြီးအကဲက တကယ်ပဲ သူ့ကိုတိုက်ခိုက်ချင်သည်ဆိုလျှင် သူက ထိုသူကိုသတ်ဖြတ်ဖို့ ဝန်လေးနေမည်မဟုတ်ပေ။

အဓိပတိသာလွန်သူတစ်ဦးသည် သူတော်စင်အရှင်တစ်ပါးကို မရိုမသေပြုမူရဲမည်ဆိုလျှင် သူက သေချာပေါက် သေရပေလိမ့်မည်။

တောင်အကြီးအကဲက ပြန်ဖြေခြင်းမရှိဘဲ ရှေ့သို့ခြေတစ်လှမ်းယူလိုက်၏။

ဝုန်း…

လေဟာနယ်အချိန်တားမြစ်ကုန်းမြေမှာ လောကက တုန်ခါပြီး မဟာတာအိုက ပဲ့တင်ထပ်လာ၏။

အဆုံးမဲ့စွမ်းအားသည် တောင်အကြီးအကဲ၏ ခန္ဓာကိုယ်ထဲသို့ တလိပ်လိပ်တိုးဝင်လာပြီး သူတော်စင်စွမ်းအားက ခံ့ညားထည်ဝါစွာ တရုန်းရုန်းထကြွလာ၏။

တောင်အကြီးအကဲ၏ အော်ရာက လျင်မြန်စွာမြင့်တက်လာနေသည်။

ခြေတစ်လှမ်းမျှနှင့် သူက သူတော်စင်နယ်ပယ်သို့ ဝင်ရောက်သွား၏။

မျိုးနွယ်စုတစ်သောင်းမှ အဓိပတိသာလွန်သူများက တုန်လှုပ်သွားကြသည်။

လေဟာနယ်အချိန်တားမြစ်ကုန်းမြေမှာ ရှုပ်ထွေးသောတိုက်ပွဲဖြစ်ပွားလာပြီးကတည်းက မဟာတာအိုက ကသောင်းကနင်းဖြစ်လာခဲ့လေသည်။

စစ်ပွဲမီးတောက်များသည် လေဟာနယ်အချိန်တားမြစ်ကုန်းမြေ၏ တစ်ထောင့်တစ်နေရာချင်းစီပေါ် သက်ရောက်ခဲ့လေသည်။ ဤလောကမှာ ဘေးကင်းလုံခြုံသောနေရာမရှိတော့သလောက်နီးပါးပင်။

ဤကဲ့သို့သောအခြေအနေအောက်မှာ တာအိုနှင့်အတူ ပေါင်းစည်းနိုင်စရာနည်းလမ်းမရှိပေ။

မဟာတာအိုက အလွန်တရာမတည်မငြိမ်နှင့် ပြင်းထန်ကြမ်းတမ်းနေ၏။ ဤကဲ့သို့သောအခြေအနေအောက်မှာ တာအိုနှင့် အတင်းအကျပ်ပေါင်းစည်းခြင်းသည် သူ့ကိုယ်သူအဆုံးစီရင်ခြင်းနှင့် မကွာခြားပေ။

ထို့ကြောင့် စောစောက ချောက်ချားစရာကောင်းသော တိုက်ပွဲအပြီးမှာ သူတော်စင်နယ်ပယ်ကို ချိုးဖျက်တက်လှမ်းရန် တာအိုနှင့်ပေါင်းစည်းဖို့ ကြိုးပမ်းရဲသော အဓိပတိသာလွန်သူများ မရှိကြတော့ပေ။

မဟာသူတော်စင်များကြားတိုက်ပွဲ ဖြစ်ပွားလာပြီးနောက် ဤလေဟာနယ်အချိန်တားမြစ်ကုန်းမြေသည် အက်ကွဲကြောင်းများဖြင့် ပြည့်နှက်ပြီး လဲပြိုကျတော့မည့်ဆဲဆဲဖြစ်၏။ တစ်ယောက်ယောက်အနေဖြင့် သူတော်စင်တစ်ပါးဖြစ်လာရန် တာအိုနှင့်အတူပေါင်းစည်းဖို့က မည်သို့မှမသင့်လျော်တော့ပေ။

တောင်အကြီးအကဲသည် ဤကဲ့သို့သော ပတ်ဝန်းကျင်တစ်ခုမှာ သူတော်စင်နယ်ပယ်ကို ချိုးဖျက်တက်လှမ်းလာလိမ့်မည်ဟု မည်သူကမှ ထင်မှတ်မထားကြပေ။

ဒါ့အပြင် သူသည် ခြေတစ်လှမ်းတည်းနှင့် သူတော်စင်တစ်ပါးဖြစ်လာ၏။

မျိုးနွယ်စုတစ်သောင်းမှ အဓိပတိသာလွန်များ၏ တုန်လှုပ်မှုနှင့်ယှဉ်လျှင် သူတော်စင်အရှင်လေဟာနယ်အချိန်နှင့် သူတော်စင်အရှင်ယင်ယန်တို့က များစွာပိုမိုတည်ငြိမ်နေပြီး မျက်မှောင်ကြုတ်ထားရုံသာဖြစ်၏။

တောင်အကြီးအကဲက သူတော်စင်နယ်ပယ်သို့ တက်လှမ်းသွားမည်ဆိုလျှင်ပင် သူတို့အတွက် ခြိမ်းခြောက်မှုမရှိပေ။

သူတော်စင်အရှင်ယင်ယန်က လက်ခုပ်လက်ဝါးပင် တီးပြီး ပြုံး၍ အေးအေးဆေးဆေးပြောလိုက်၏။

“မင်းက နောက်တစ်ခါထပ်ပြီး သူတော်စင်တစ်ပါးတောင်ဖြစ်လာပြီဆိုတော့… စွမ်းသားပဲ”

သူတော်စင်အရှင်လေဟာနယ်အချိန်ကလည်း ခပ်ယဲ့ယဲ့ပြုံးလိုက်၏။

“သူက ဘာပဲပြောပြော လောကမှာ ပထမဆုံးလူသားပဲ… သဘာဝအလျောက် အားဖြည့်ထောက်ပံ့မှုမှာဆိုရင် သူ့ကို ဘယ်သူကမှ ယှဉ်နိုင်မှာမဟုတ်ဘူး”

တောင်အကြီးအကဲက နှုတ်ဆိတ်နေဆဲဖြစ်၏။

ခဏမျှရပ်တန့်ပြီးနောက် သူက ရှေ့သို့ နောက်ထပ်ခြေတစ်လှမ်းယူလိုက်၏။

ဝုန်း…

မဟာတာအို၏ ရစ်ဝဲနေသောအသံက ပျက်ပြယ်မသွားနိုင်ခင် နောက်ထပ် ဧရာမအင်မော်တယ်အသံတစ်သံက အစားထိုးဝင်ယူလာ၏။

လေဟာနယ်အချိန်တားမြစ်ကုန်းမြေသာလျှင်မဟုတ်ဘဲ မဟာကမ္ဘာတစ်ထောင်လောကတစ်ခုလုံးမှာပင် သက်ရှိများအားလုံးကို တုန်လှုပ်စေသည့် နိမိတ်ဖြစ်စဉ်များ ပေါ်ထွက်လာ၏။

“ဟမ့်…”

သူတော်စင်အရှင်လေဟာနယ်အချိန်နှင့် သူတော်စင်အရှင်ယင်ယန်၏ အမူအရာများက နောက်ဆုံးမှာ ပြောင်းလဲသွားကြသည်။

သူတို့နှင့် ဆန့်ကျင်တိုက်ခိုက်နိုင်သော စွမ်းအားတစ်ခုသည် ကြောက်စရာကောင်းသောအော်ရာတစ်ခုနှင့်အတူ တောင်အကြီးအကဲ၏ ခန္ဓာကိုယ်ထဲကနေ တလိပ်လိပ်ထိုးတက်လာ၏။

ဤသည်က မဟာသူတော်စင်တစ်ပါး…။

တောင်အကြီးအကဲသည် ရှေ့သို့ ခြေနှစ်လှမ်းယူလိုက်ရုံမျှသာဖြစ်ပြီး သူ၏ ကျင့်ကြံမှုကို ပြန်လည်ရရှိလာကာ သူသည် နောက်တစ်ဖန် မဟာသူတော်စင်တစ်ပါးဖြစ်လာခဲ့လေပြီ။

သူသည် ယခင်က ဤအဆင့်တွင် ရှိခဲ့ဖူးသည်မှာ အကြောင်းအရင်းတစ်စိတ်တစ်ပိုင်းဖြစ်လေသည်။ သို့သော်လည်း ခြေနှစ်လှမ်းမှာ အဓိပတိသာလွန်သူတစ်ဦးကနေ မဟာသူတော်စင်တစ်ပါးဖြစ်လာနိုင်သည့်အချက်သည် မဟာကမ္ဘာတစ်ထောင်လောကကို ကောင်းကောင်းတုန်လှုပ်သွားစေဆဲဖြစ်၏။

တောင်အကြီးအကဲ၏ မုတ်ဆိတ်က ဖြူဖွေး၍ သူက အိုမင်းနေဆဲဖြစ်၏။ သို့သော်လည်း သူ၏ အကြည့်က မီးမောင်းတစ်ခုကဲ့သို့ဖြစ်ပြီး သူ၏ ခန္ဓာကိုယ်ပေါ်ရှိအော်ရာက လုံးလုံးလျားလျား ကွဲပြားခြားနားသွားပြီဖြစ်သည်။

ကောင်းကင်ဘုံ ၃၃ခုမှာ…။

ရုတ်တရက် ဆိုးယုတ်ကြမ်းတမ်း၍ ကြောက်စရာကောင်းသော တစ္ဆေမျက်နှာပေါင်းများစွာသည် အနက်ရောင်မြူခိုးလုံးတစ်လုံးထဲကနေ ပေါ်ထွက်လာ၏။ ထိုစဉ် အမျိုးသမီးတစ်ဦး၏ အသံက အထဲကနေ ထွက်ပေါ်လာလေသည်။

“သူတော်စင်အရှင်ဘဝက ပြန်လာပြီပဲ”

မကောင်းဆိုးဝါးဆန်သော အော်ရာတစ်ခုဖြင့် ပြည့်နှက်နေသည့် နောက်ထပ်အမျိုးသားတစ်ဦးက မျက်ခုံးအနည်းငယ်ပင့်ပြီး ပြုံး၍ ပြောလိုက်၏။

“ကြည့်ရတာ ငါတို့မှာ နောက်ထပ်အကူတစ်ဦး တိုးလာပြီပဲ”

“ပြောဖို့ခက်တယ်”

သူတို့ကို ကျောပေးထားသည့် ချပ်ဝတ်တန်ဆာဝတ်အမျိုးသားတစ်ဦးက ဂူကမ္ပည်းကျောက်စာတိုင်တစ်တိုင်ပေါ်မှာထိုင်ပြီး မှင်သေသေဖြင့် ပြောလိုက်၏။

“သူက အခုမှ သူတော်စင်အရှင်ဘဝ နောက်တစ်ခါထပ်ပြီး ပြန်ဖြစ်လာရုံပဲ… ဒါပေမဲ့ အဲဒါက အခြေအနေတစ်ရပ်လုံးပေါ်မှာ သက်ရောက်မှုရှိမှာ မဟုတ်ဘူး”

“ဆရာသန့်စင်ထားတဲ့ရတနာက အဲဒီလူနဲ့အတူ ရှိနေတယ်မလား”

အမျိုးသမီးက ရုတ်တရက်မေးလိုက်၏။

“အမ်း..”

ဂူကမ္ပည်းကျောက်စာတိုင်ပေါ်မှ အမျိုးသားက ပြန်ဖြေလိုက်၏။

“သူဘယ်လိုရွေးချယ်မလဲ ကြည့်ရသေးတာပေါ့။”

အခန်း ၃၃၄၄ - ကောင်းကင်ဘုံတာအို သူတော်စင်လက်နက်

လေဟာနယ်အချိန်တားမြစ်ကုန်းမြေမှာ။

တောင်အကြီးအကဲသည် မဟာသူတော်စင်တစ်ပါးဖြစ်လာပြီး စကားတစ်ခွန်းပြောဆိုခြင်းမရှိဘဲ လေဟာနယ်ကို ဖြတ်ကျော်လိုက်၏။ ချက်ချင်းပင် သူသည် သူတော်စင်အရှင်ယင်ယန်၏ ရှေ့ကို ရောက်ရှိလာပြီး ထိုသူကိုဖိနှိမ်ဖို့အတွက် သူတော်စင်ပိုင်နက်နယ်မြေတစ်ခုကို မြှောက်တင်လိုက်လေသည်။ သူတော်စင်အရှင်ယင်ယန်၏ စကားလုံးများက သူ့ကို တကယ်ပင် ဒေါသထွက်စေခဲ့၏။

ဝုန်း…

နှစ်ဦးနှစ်ဖက်၏ သူတော်စင်ပိုင်နက်နယ်မြေများက ကျယ်လောင်သောမြည်သံဖြင့် ထိတွေ့ရိုက်ခတ်သွားကြ၏။

တစ်ဘက်မှာတော့ ဆိုးယုတ်အမျိုးသမီးသည် သူတော်စင်အရှင်လေဟာနယ်အချိန်ကို နောက်တစ်ဖန်ရင်ဆိုင်လိုက်၏။

မဟာသူတော်စင်များကြားတိုက်ပွဲက နောက်တစ်ဖန်စတင်၍ ဖြစ်ပွားလာသည်။

သူတော်စင်ပိုင်နက်နယ်မြေလေးခုသည် ထိတွေ့ရိုက်ခတ်ပြီး လေဟာနယ်အချိန်တားမြစ်ကုန်းမြေမှာ ယှက်ဖြာကာ တစ်ခုကိုတစ်ခုဝါးမျိုနေကြ၏။ ဤလောကမှာရှိသော မဟာတာအိုများက ဖရိုဖရဲဖြစ်၍ တွန့်လိမ်စုတ်ပြဲလာ၏။ သူတို့သည် မဟာတာအိုမုန်တိုင်းများကို ဖြစ်ပေါ်လာစေ၏။

တောင်အကြီးအကဲသည် ယခုတင် မဟာသူတော်စင်တစ်ပါးဖြစ်လာသည်။ သူက အိုမင်းနေသည့်ပုံပေါ်သော်လည်း သူ၏ တိုက်ခိုက်ရည်ခွန်အားက တုန်လှုပ်ချောက်ချားစရာကောင်းလေသည်။

နှစ်ဦးနှစ်ဖက်တိုက်ခိုက်ဖလှယ်သည့်ခဏမှာပင် တောင်အကြီး၏ သူတော်စင်ပိုင်နက်နယ်မြေက သူတော်စင်အရှင်ယင်ယန်ကို ဖိနှိမ်ထားလေသည်။

ဤနေရာကို ယခုအချိန်မှာ လေဟာနယ်အချိန်တားမြစ်ကုန်းမြေဟု ခေါ်ဆိုသော်လည်း ၎င်းသည် မည်သို့ပင်ဆိုစေ တစ်ခါတုန်းက ဘဝအထွတ်အမြတ်ခိုလှုံရာဖြစ်ခဲ့သည်။

တောင်အကြီးအကဲသည် ဤနေရာ၏ အရှင်သခင်ဖြစ်သည်။

အသက်ဓာတ်ကျောက်တုံးသည် အရောင်ငါးမျိုးပါဝင်သည့် နတ်ဘုရားအလင်းလှိုင်းလုံးများကို ထုတ်ဖော်ပြီး တောင်အကြီးအကဲ၏ သူတော်စင်ပိုင်နက်နယ်မြေထဲသို့ တိုးဝင်လာ၏။ သူ၏ သူတော်စင်ပိုင်နက်နယ်မြေသည် အဆုံးမဲ့စီးကြောင်းတစ်ခုကို ရရှိလာလေသည်။

သူတော်စင်အရှင်ယင်ယန်၏ သူတော်စင်ပိုင်နက်နယ်မြေသည် တောင်အကြီးအကဲ၏ တိုက်ခိုက်မှုများအောက်မှာ စတင်၍ အဆက်မပြတ်ကျုံ့ဝင်လာ၏။

တစ်ဘက်မှာတော့ ဆိုးယုတ်အမျိုးသမီးသည် သူတော်စင်အရှင်လေဟာနယ်အချိန်နှင့် သူတော်စင်အရှင်ယင်ယန်၏ ပူးပေါင်းတိုက်ခိုက်မှုကြောင့် ဒဏ်ရာအပြင်းအထန်ရရှိထားခါစဖြစ်၏။ ထိုသို့ဖြင့် သူမသည် သူတော်စင်အရှင်လေဟာနယ်အချိန်နှင့် ယခုအချိန်မှာတစ်ယောက်ချင်းရင်ဆိုင်ရလျှင်တောင် မည်သည့်အသာစီးမှ မရရှိတော့ပေ။

တကယ်တော့ မဟာသူတော်စင်တစ်ပါး၏ အဆင့်မှာ တိုက်ခိုက်ရည်ခွန်အားကွာဟချက်က များစွာမရှိတော့ပေ။

တစ်ဘက်က အသာစီးရရှိနိုင်သည်ဆိုလျှင်ပင် သူတို့အနေဖြင့် တစ်ယောက်ကိုတစ်ယောက် အချိန်တိုအတွင်းမှာ ဖိနှိမ်ဖို့က မဖြစ်နိုင်ပေ။

ဝုန်း… ဝုန်း… ဝုန်း…

မဟာသူတော်စင်များကြားတိုက်ပွဲက ဆက်လက်၍ ဖြစ်ပွားနေဆဲပင်။

သူတော်စင်ပိုင်နက်နယ်မြေလေးခုသည် သူတို့၏ အကန့်အသတ်များထိ လည်ပတ်လာပြီး သူတို့၏ အလင်းရောင်အသီးသီးကို ထုတ်လွှတ်ကာ လောကမှာ ပြည့်နှက်သွားစေ၏။

လေဟာနယ်အချိန်တားမြစ်ကုန်းမြေမှလူများကလွဲလျှင် မဟာကမ္ဘာတစ်ထောင်လောကမှ သက်ရှိများသည် အာကာသဆုံမှတ်ကနေတစ်ဆင့် ဖြစ်ပျက်နေသည့်အရာကို ဆက်လက်၍ မတွေ့မြင်နိုင်တော့ပေ။

လေဟာနယ်အချိန်တားမြစ်ကုန်းမြေမှာ မဟာတာအိုမုန်တိုင်းများက အဘက်ဘက်မှာ မွှေနှောက်တိုက်ခတ်နေ၏။

အာကာသဆုံမှတ်က ဖျက်ဆီးခံလိုက်ရပြီဖြစ်သည်။

ဆူဇီမို၊ တျဲယွဲ့၊ မျောက်နှင့် အခြားသူများသည် ဤနေရာမှာပိတ်မိနေပြီး မကြုံစဖူး ထူးခြားအံ့မခန်း ကမ္ဘာတစ်တုန်လောက်ဖွယ်ရာဤတိုက်ပွဲကို မြင်တွေ့နေရ၏။

တျဲယွဲ့က တိတ်တဆိတ်မျက်မှောင်ကြုတ်ပြီး တီးတိုးရေရွတ်လိုက်၏။

“တော်သေးတာပေါ့.. အထွတ်အမြတ်ခိုလှုံရာသုံးခုက ကျန်ရှိနေတဲ့အရှင်တွေက ပေါ်ထွက်မလာကြဘူး… မဟုတ်ရင် ဆိုးယုတ်အမျိုးသမီးနဲ့ တောင်အကြီးအကဲက လုံးဝတောင့်ခံထားနိုင်မှာ မဟုတ်ဘူး”

ဆူဇီမိုက လေးနက်သောအသံဖြင့်ပြောလိုက်၏။

“မိစ္ဆာအရှင်၊ တစ္ဆေမိခင်နဲ့ ငရဲအရှင်တို့ တစ်ခုခုလုပ်လာမှာကို အထွတ်အမြတ်ခိုလှုံရာသုံးခုကအရှင်တွေက စိုးရိမ်ပူပန်နေတာဖြစ်နိုင်မလား”

“ပြောလို့မရဘူး…”

မျောက်က တစ်စုံတစ်ရာကို တွေးမိသွားပုံရပြီး ပြောလိုက်၏။

“တခြားဖြစ်နိုင်ခြေတစ်ခုရှိတယ်.. သူတော်စင်အရှင်လေဟာနယ်အချိန်နဲ့ သူတော်စင်အရှင်ယင်ယန်က ဆိုးယုတ်အမျိုးသမီးနဲ့ တောင်အကြီးအကဲကို ဖိနှိမ်ဖို့ ပကတိယုံကြည်မှုရှိနေကြတာလည်း ဖြစ်နိုင်တယ်… အဲဒါကြောင့် ကျန်တဲ့ သူတော်စင်အရှင်သုံးဦးက တိုက်ခိုက်ပေးဖို့မလိုတာဖြစ်မယ်”

ဆူဇီမိုက မျက်မှောင်အနည်းငယ်ကြုတ်လိုက်သည်။

မျောက်၏ စကားလုံးများက သူ့ကို စိုးရိမ်ပူပန်စေ၏။

တောင်အကြီးအကဲသည် မဟာသူတော်စင်တစ်ပါးဖြစ်လာပြီးနောက် သူတော်စင်အရှင်လေဟာနယ်အချိန်နှင့် သူတော်စင်အရှင်ယင်ယန်က အံ့အားသင့်သွားသော်လည်း သူတို့သည် သိပ်ပြီး အလေးအနက်ထားပုံမရဘဲ ယုံကြည်မှုရှိနေကြဆဲဖြစ်သည်။

“ဟမ့်…”

ထိုစဉ်မှာပင် သူတော်စင်အရှင်လေဟာနယ်အချိန်က စိတ်မရှည်နိုင်သည့်အမူအရာတစ်ခုကို ထုတ်ဖော်ပြီး အေးစက်စွာ ပြောလိုက်၏။

“ဆိုးယုတ်အမျိုးသမီး… မင်းက အရင်တုန်းက သူတော်စင်တစ်ပါးပဲ ရှိသေးတယ်ဆိုတော့ ဒီသူတော်စင်လက်နက်ရဲ့အရသာကို မြည်းစမ်းခွင့်မရခဲ့ဘူး… ဒီနေ့ ငါမင်းကို အဲဒီအခွင့်အရေးပေးမယ်”

သူ့စကားမဆုံးသေးခင် သူတော်စင်အရှင်လေဟာနယ်အချိန်က ရှေ့သို့ထိုးညွှန်လိုက်၏။

ဝုန်း…

ရုတ်တရက် ဆိုးယုတ်အမျိုးသမီး၏ ဦးခေါင်းအထက် လေဟာနယ်က ပွင့်ထွက်သွားပြီး အနက်ရောင်နှင့်အဝါရောင် ကိုးဆင့်စေတီတစ်ဆူက လေထဲကနေ ဆင်းသက်ကာ အဆုံးမဲ့စွမ်းပကားတစ်ခုကို ဖြာထုတ်ရင်း ပြင်းထန်ကြမ်းတမ်းစွာ ဖိခြေကျဆင်းလာ၏။

ထိုစေတီပေါ်ထွက်လာသောအခါ လောကသည် ပူဆွေးဝမ်းနည်းဖွယ်ရာကောင်းသောအော်ဟစ်သံများကို ထုတ်ဖော်လိုက်၏။

လက်ရှိအဓိပတိသာလွန်သူများကို မပြောနှင့် ထိုစေတီကိုတွေ့မြင်သောအခါ ကောင်းကင်ဘုံသူတော်စင်ကိုးဦး၏ မျက်လုံးများထဲမှာပင် ကြောက်ရွံ့မှုအငွေ့အသက်တစ်ခု ပေါ်ထွက်လာ၏။

အနက်နှင့်အဝါ ကိုးထပ်စေတီမှာ လောက၏ ပြိုင်စံရှားစွမ်းပကားတစ်ခု ပါဝင်နေပုံရသည်။

ထိုစွမ်းပကားသည် မဟာသူတော်စင်အဆင့်ကိုပင် ကျော်လွန်နေ၏။

ဆိုးယုတ်အမျိုးသမီး၏ အမူအရာက တည်တံ့၍ သူမ၏ ခန္ဓာကိုယ်က ရုတ်တရက်ပျောက်ကွယ်သွားသည်။

ကောင်းကင်ထဲမှာ ပြည့်နှက်နေသောကြယ်အလင်းရောင်သည် မြစ်တစ်စင်းအဖြစ်စီးဆင်းပြီး ဧရာမစိတ်ဝိညာဉ်ယာဉ်ပျံတစ်ဆင်းက မြစ်၏ အထက်မှာ မျောကာ အိပ်မက်ပေါင်းများစွာကို တင်ဆောင်လာ၏။

ဝုန်း…

စေတီက ဆင်းသက်ပြီး အိပ်မက်ပေါင်းများစွာက ကြေမွပျက်စီးသွား၏။

ခဏမျှခုခံပြီးနောက် စိတ်ဝိညာဉ်ယာဉ်ပျံက ပေါက်ကွဲထွက်ပြီး လဲပြိုကျသွားလေသည်။ ဆိုးယုတ်အမျိုးသမီး၏ ခန္ဓာကိုယ်က ပြန်လည်ပေါ်ထွက်လာပြီး သူမက သွေးများဖြင့်စိုရွှဲကာ သူမ၏ မျက်နှာက ပို၍ပင် ဖြူဖပ်ဖြူရော်ဖြစ်နေ၏။

“ဟဲဟဲ…”

သူတော်စင်အရှင်လေဟာနယ်အချိန်က ရယ်မောလိုက်၏။

“မိုးမြေနက်ဝါစေတီက ဘယ်လိုနေလဲ…”

ဆိုးယုတ်အမျိုးသမီးက ပြန်မဖြေဘဲ သူမ၏ ခန္ဓာကိုယ်က လဲပြိုကျတော့မည့်ဆဲဆဲ ဖြစ်နေလေပြီ။ ကြည့်ရသည်မှာ နောက်ထပ်တိုက်ခိုက်မှုတစ်ရပ်တွင် သူမက အသက်ရှင်နိုင်ပါ့မလားပင် မသေချာပေ။

အခြားတစ်ဘက်မှာ…။

ရုတ်တရက် သူတော်စင်အရှင်ယင်ယန်က ပန်းချီကားတစ်ချပ်ကို ပစ်ထုတ်လိုက်၏။

ပန်းချီကားထဲမှာ မူလအမှတ်ကို ဖြစ်ပေါ်စေသည့် နန်းတော်ကိုးဆောင်ရှိနေလေသည်။ သူတို့သည် အဆက်မပြတ်ဆင့်ကဲပြောင်းလဲပြီး ကြယ်ခုနှစ်စင်းနှင့် ပါကွကားချပ်၊ ရောင်ခြည်ခုနှစ်သွယ်နှင့် ဒြပ်စင်ငါးမျိုး၊ နိမိတ်ဖြစ်စဉ်လေးမျိုးနှင့် ပါရမီသုံးမျိုးတို့ကို ထုတ်ဖော်ပြီးနောက် နောက်ဆုံးတွင် ယင်နှင့်ယန်အဖြစ်မှာ ရပ်တန့်သွားလေသည်။

ပန်းချီကားသည် လောက၏ လျှို့ဝှက်ဆန်းကြယ်မှုများအားလုံးကို ထုတ်ဖော်လိုက်ပုံရပြီး စကြဝဠာ၏ ကမ္ဘာဦးအစခေတ်သို့ ဆင့်ကဲပြောင်းလဲသွား၏။

ဝုန်း…

တောင်အကြီးအကဲ၏ သူတော်စင်ပိုင်နက်နယ်မြေသည်လည်း ပန်းချီကားကြောင့် အပိုင်းပိုင်းကြေမွပျက်စီးသွား၏။ အသက်ဓာတ်ကျောက်တုံး၏ အဆက်မပြတ် အားဖြည့်ထောက်ပံ့မှုနှင့်ပင်လျှင် သူက တောင့်မခံနိုင်တော့ပေ။

“အဖိုးကြီး…”

သူတော်စင်အရှင်ယင်ယန်က လှောင်ရယ်လိုက်၏။

“ဒီပါကွကားချပ်က ဘယ်လိုနေလဲ… ခံစားရတာကောင်းရဲ့လား”

သူတော်စင်အရှင်လေဟာနယ်အချိန်နှင့် သူတော်စင်အရှင်ယင်ယန်သည် သူတော်စင်လက်နက်တစ်ခုစီကို ဆင့်ခေါ်လိုက်ကြ၏။ ထိုလက်နက်များသည် တောင်အကြီးအကဲနှင့် ဆိုးယုတ်အမျိုးသမီးကို ဒဏ်ရာအပြင်းအထန်ရရှိစေပြီး အခြေအနေကို ချက်ချင်းပင် ပြောင်းလဲသွားစေ၏။

တောင်အကြီးအကဲနှင့် ဆိုးယုတ်အမျိုးသမီး၏ သူတော်စင်လက်နက်များသည် မိုးမြေနက်ဝါစေတီနှင့် ပါကွကားချပ်ကြောင့် အပြင်းအထန် ပျက်စီးထိခိုက်ပြီး မှေးမှိန်သွားပြီဖြစ်၏။

“ဒီသူတော်စင်လက်နက်နှစ်ခုက…”

ဆူဇီမိုက ရင်တစ်ချက်ထိတ်သွား၏။

စောစောက သူတော်စင်အရှင်များ၏ ဆင်းသက်ရောက်ရှိလာမှုကပင် သူ့အား ဤကဲ့သို့ အကြောက်တရားခံစားချက် မပေးနိုင်ခဲ့ပေ။

ရုတ်တရက် မျောက်က ပြောလိုက်၏။

“သူတော်စင်အရှင်ငါးဦးက အရမ်းကို စွမ်းအားကြီးမားပြီး ပြိုင်ဘက်ကင်းနေတဲ့ အဓိကအကြောင်းအရင်းက သူတို့တွေက ကောင်းကင်ဘုံတာအိုသူတော်စင်လက်နက်တစ်ခုစီကို ထိန်းချုပ်ထားတာကြောင့်လို့ ဆရာ ငါ့ကို ပြောဖူးတယ်”

“ကောင်းကင်ဘုံတာအို သူတော်စင်လက်နက်လား…”

ဆူဇီမိုက မျက်မှောင်ကြုတ်လိုက်သည်။

မျောက်က ခေါင်းညိတ်ပြလိုက်၏။

“ကောင်းကင်ဘုံတာအိုသူတော်စင်လက်နက်မှာ မဟာသူတော်စင်တွေကို သတ်ဖြတ်နိုင်တဲ့စွမ်းအားရှိတယ်လို့ဆိုတယ်”

ဆူဇီမိုနှင့် အခြားသူများက တုန်လှုပ်ချောက်ချားသွား၏။

သူတော်စင်များကြား တိုက်ပွဲတစ်ခုမှ အနိုင်အရှုံးရလဒ်သာ ပေါ်ထွက်လာနိုင်လေသည်။ သို့သော်လည်း သူတို့သည် တစ်ယောက်ကိုတစ်ယောက် လုံးလုံးလျားလျား သတ်ဖြတ်နိုင်ဖို့ မလွယ်ကူပေ။

သူတော်စင်များ၏ စွမ်းအားသည် တာအိုကို ဖျက်ဆီးပစ်ဖို့ မလုံလောက်ပေ။

တာအိုက ဖျက်ဆီးမခံရသရွေ့ သူတော်စင်များက အမှန်တကယ်သေဆုံးသွားလိမ့်မည် မဟုတ်ပေ။

မဟာသူတော်စင်များသာ တာအိုကို ဖျက်ဆီးနိုင်သည့်စွမ်းအားကို ပိုင်ဆိုင်ထားကြသည်။

သို့သော် မဟာသူတော်စင်မျာကြား တိုက်ပွဲတစ်ခုမှာဆိုလျှင် တစ်ဘက်ကိုတစ်ဘက် လုံးလုံးလျားလျား သတ်ဖြတ်နိုင်ဖို့က ခက်ခဲနေဆဲဖြစ်သည်။

သို့သော်လည်း မျောက်ပြောသည်က အမှန်ဆိုလျှင် သူတော်စင်အရှင်နှစ်ပါး ပိုင်ဆိုင်ထားသည့် ကောင်းကင်ဘုံတာအိုသူတော်စင်လက်နက်နှစ်ခုမှာ မဟာသူတော်စင်များကို သတ်ဖြတ်နိုင်သည့်စွမ်းအားရှိသည်ဟု ဆိုလိုနေသည်။

ဆူဇီမိုက ပြောလိုက်၏။

“ဒါဆိုရင် ကောင်းကင်ဘုံတာအိုသူတော်စင်လက်နက်နှစ်ခုရဲ့ စွမ်းအားက မဟာသူတော်စင်တွေရဲ့အဆင့်ကို‌ ကျော်လွန်နေတာပေါ့… သူတော်စင်အရှင်ငါးဦးက ဒီလိုမျိုးလက်နက်တွေကို ဘယ်လိုလုပ်ပြီး ပိုင်ဆိုင်ထားရတာလဲ”

“အဲဒါတော့ ငါမသိဘူး”

မျောက်က ခေါင်းခါပြလိုက်၏။

“ဆရာက အဲဒီကိစ္စနဲ့ပတ်သက်ပြီး လျှို့ဝှက်ထားတယ်… သူက ထပ်ပြီးတော့ မပြောပြလိုခဲ့ဘူး”

ခဏမျှရပ်တန့်ပြီးနောက် မျောက်က ဆက်ပြောလိုက်၏။

“ဆရာက သူတော်စင်အရှင်ငါးဦးနဲ့ ဘယ်တုန်းကမှ ပဋိပက္ခတစ်ခုမဖြစ်လိုခဲ့ဘူး… သူက အဲဒီလက်နက်တွေကို စိုးရိမ်ပူပန်နေတာကြောင့်ဖြစ်မယ်”

“ဒါ့ကြောင့်ကိုး”

ဆူဇီမိုက နားလည်သဘောပေါက်လာ၏။

“ဒါ့ကြောင့် မိစ္ဆာအရှင်၊ တစ္ဆေမိခင်နဲ့ ငရဲအရှင်တို့က တစ်ချိန်လုံးပေါ်ထွက်မလာကြတာကိုး… သူတို့တွေက သူတော်စင်အရှင်ငါးဦးရဲ့လက်ထဲက ကောင်းကင်ဘုံတာအိုသူတော်စင်လက်နက်တွေကို စိုးရိမ်ထိတ်လန့်နေတာကြောင့်ဖြစ်မယ်”

ပြန်လည်စဉ်းစားရင်း ဆူဇီမိုက နောက်ထပ်သံသယတစ်ခုကို ရရှိလာ၏။ သူက မျက်မှောင်ကြုတ်ကာမေးလိုက်၏။

“သူတော်စင်အရှင်ငါးဦးက ကောင်းကင်ဘုံတာအိုသူတော်စင်လက်နက်တွေကို ထိန်းချုပ်ထားနိုင်တယ်ဆိုမှာတော့ သူတို့တွေ အရင်တုန်းက လမ်းလေးသွယ်ကအရှင်တွေနဲ့ ဆန့်ကျင်တိုက်ခိုက်ပြီး ဘာလို့လက်ဗလာနဲ့ပြန်လာခဲ့ကြတာလဲ”

“အခြေအနေအတိအကျကိုတော့ ငါမသိဘူး”

မျောက်က ပြောလိုက်၏။

“ကောင်းကင်ဘုံတာအိုသူတော်စင်လက်နက်တွေက ကောင်းကင်ဘုံ ၃၃ခုမှာ သူတို့ရဲ့စွမ်းအားအပြည့်အဝကို မထုတ်ဖော်နိုင်တဲ့ပုံပဲ”

“ငါသိပြီ”

ဆူဇီမိုက ခေါင်းညိတ်လိုက်၏။

ထို့ကြောင့်ပင် မိစ္ဆာအရှင်နှင့်အခြားသူများသည် ကောင်းကင်ဘုံ ၃၃ခုကနေ အလွယ်တကူထွက်ခွာမလိုကြခြင်း ဖြစ်လေသည်။

သူတော်စင်အရှင်ငါးဦးကလည်း ထိုအချက်ကို ကောင်းကောင်းသိရှိထားပေမည်။ ထို့ကြောင့်ပင် သူတို့သည် လမ်းလေးသွယ်က အရှင်များကို မျှားခေါ်ထုတ်ဖို့အတွက် ဤအခွင့်အလမ်းကို အသုံးချလိုခဲ့ခြင်းဖြစ်၏။

ကံဆိုးစွာနှင့်ပင် မိစ္ဆာအရှင်နှင့်အခြားနှစ်ယောက် အန္တရာယ်ကို မစွန့်စားလိုကြပေ။

ဆိုးယုတ်အမျိုးသမီးကသာ သူမ၏ အစစ်အမှန်ခန္ဓာနှင့် ဆင်းသက်ရောက်ရှိလာခဲ့သည်။

All Chapters