← Chapters

အခန်း (၃၃၅၁-၃၃၅၂)

Vol. 220 Ch. 3351-3352

အခန်း (၃၃၅၁-၃၃၅၂)

Vol. 220 Ch. 3351-3352

အခန်း ၃၃၅၁ - ကစဉ့်ကလျား စကြဝဠာ

အနက်ရောင်ဝတ်အမျိုးသား ထွက်ခွာသွားပြီး အတန်ကြာပြီးမှ သိုင်းတာအိုပင်မခန္ဓာသည် သူ၏ ငေးငိုင်ရာကနေ တဖြည်းဖြည်း သတိပြန်ကပ်ကာ သက်ပြင်းချလိုက်၏။

ကျိယောင်ရွှယ်နှင့် နတ်ဆိုးမကျိမှာ ကစဉ့်ကလျားအစိမ်းရောင်ကြာပန်းနှင့် ဤကဲ့သို့သော ဆက်စပ်မှုတစ်ခု ရှိနေသည်ဆိုတော့…။

နတ်ဆိုးမကျိသည် အရင်တုန်းက တမလွန်ကိုးဘုံစင်ကြယ်အပျိုစင်၏ အမွေအနှစ်ကို ဆက်ခံရရှိနိုင်ခဲ့သည်မှာ မထူးဆန်းတော့ပေ။

ကောင်းကင်ဘုံကိုးလွှာဆန်းကြယ်အပျိုစင်နှင့် တမလွန်ကိုးဘုံစင်ကြယ်အပျိုစင်သည် မဟာဧကရာဇ်များ ဖြစ်လာခဲ့ပြီး အိပ်မက်တံဆိပ်ပြားထဲတွင် ကျန်ရှိနေခဲ့သည့်အရာက သူတို့၏ ကိုယ်ပိုင်ဝိညာဉ်များ ဖြစ်လောက်သည်။

ကစဉ့်ကလျားအစိမ်းရောင်ကြာပန်း၏ ဝိညာဉ်ကတော့ ၎င်းသည် ပြန်ဝင်စားခြင်းကို ဆက်လက်တွေ့ကြုံဖြတ်ကျော်ခဲ့လေသည်။

သူသည် ကစဉ့်ကလျားအစိမ်းရောင်ကြာပန်း၏ ခန္ဓာကို ပိုင်ဆိုင်ထားသည်။

ကျိညီအမသည် ကစဉ့်ကလျားအစိမ်းရောင်ကြာပန်း၏ ဝိညာဉ်ကနေ ပြန်လည်ဝင်စားလာခြင်းဖြစ်၏။

သူတို့သုံးယောက်ကြားမှာ မေ့ဖျောက်မရသော ဆက်ဆံရေးတစ်ခု ရှိခဲ့လေသည်။ ယခု သူက ထိုအကြောင်းကို ပြန်လည်စဉ်းစားရင်း ထိုအရာများအားလုံးက ကံကြမ္မာရေစက်များ ဖြစ်လောက်သည်ဟု တွေးလိုက်၏။

သိုင်းတာအိုပင်မခန္ဓာက အခြားတစ်စုံတစ်ရာကို တွေးမိပြီး ရင်တစ်ချက်ထိတ်သွား၏။

သူတော်စင်ကူယောင်၏ ကျင့်ကြံမှုအရ သူမ ဖန်တီးထားသော အိပ်မက်ခန္ဓာများကို သာမန်ကာလျှံကာ ပြုလုပ်ခဲ့ခြင်း မဟုတ်လောက်ပေ။

ကစဉ့်ကလျားအစိမ်းရောင်ကြာပန်း၏ ဝိညာဉ်သည် အခြားသောဝိညာဉ်နှင့် ပေါင်းစည်းပြီး နတ်ဆိုးမကျိအဖြစ် ပြန်လည်ဝင်စားခဲ့သည်ဟု အနက်ရောင်ဝတ်အမျိုးသားက ယခုတင် ပြောဆိုခဲ့၏။

ထိုဝိညာဉ်သည် သူတော်စင်ကူယောင်နှင့် သက်ဆိုင်သော တစ်စုံတစ်ရာ ဖြစ်နိုင်လေသည်။

လေဟာနယ်အချိန် တားမြစ်ကုန်းမြေမှ တောင်အကြီးအကဲနှင့် သူမ စကားပြောဆိုခဲ့စဉ်က သူမသည် ယန်ကျိဟူသော အမည်တစ်ခုကို ထုတ်ဖော်ပြောဆိုခဲ့၏။

နတ်ဆိုးမကျိကတော့ သူမ တက်လှမ်းလာပြီးနောက် သူမကို ဘယ်နေရာမှာမှ ရှာမတွေ့ခဲ့ပေ။

သိုင်းတာအိုပင်မခန္ဓာသည် ဖြစ်နိုင်ခြေတစ်ခုကို တွေးမိလိုက်၏။

သို့သော်လည်း သူသည် ဤကိစ္စကို နောက်မှသာ အတည်ပြုရပေမည်။

ဖျတ်ခနဲဆို သိုင်းတာအိုပင်မခန္ဓာသည် သူတော်စင်အပျက်စီးနယ်မြေကနေ ထွက်ခွာပြီး သွေးပင်လယ်ကို ခြေချလိုက်၏။ တစ်ခဏချင်းမှာပင် သူသည် သွေးပင်လယ်၏ အစပ်ကို ရောက်ရှိလာသည်။

သူသည် တမလွန်သွေးပင်လယ်ကနေ ထွက်ခွာဖို့ ကြိုးစားသည့်ခဏမှာပင် အန္တရာယ်အငွေ့အသက်တစ်ခုက နောက်တစ်ဖန် ပေါ်ထွက်လာလေသည်။

သိုင်းတာအိုပင်မခန္ဓာသည် အတင်းကျပ်မကြိုးစားပေ။ ထိုအစား သူက တမလွန်သွေးပင်လယ်၏ အစပ်မှာ တိတ်တဆိတ်ထိုင်ပြီး တစ်စုံတစ်ယောက်ကို စောင့်ဆိုင်းနေ၏။

ယခု လမ်းလေးသွယ်က ပျောက်ဆုံးသွားပြီး တမလွန်ဘုံက အနက်ရောင်ဝတ်အမျိုးသားနှင့်အတူ ပျောက်ကွယ်သွားပြီဖြစ်သည်။

ပေမင်ရွှယ်အနေဖြင့် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကကို ဆက်လက်၍ စောင့်ကြည့်နေစရာ မလိုတော့ပေ။

သိပ်မကြာခင် ပေမင်ရွှယ်က ဆင်းသက်ရောက်ရှိလာ၏။

“ဆရာ…”

ပေမင်ရွှယ်က ပြောလိုက်သည်။

“တမလွန်ဘုံက ရုတ်တရက် ပျောက်ကွယ်သွားပြီ... အဲဒါက ဘယ်ရောက်သွားလဲ မသိဘူး”

သိုင်းတာအိုပင်မခန္ဓာက ခေါင်းညိတ်ပြလိုက်၏။

“မင်း အလယ်အလတ်ကမ္ဘာတစ်ထောင်လောကကို ဆက်ပြီး စောင့်ကြပ်ပေးစရာ မလိုတော့ဘူး... တမလွန်ဘုံရဲ့ ခြိမ်းခြောက်မှုက ပျောက်ကွယ်သွားပြီ... တက်လှမ်းဖို့ ပြင်တော့”

သိုင်းတာအိုပင်မခန္ဓာသည် ပေမင်ရွှယ်ကို မဟာကမ္ဘာတစ်ထောင်လောကနှင့် ပတ်သက်၍ ညွှန်ကြားစရာရှိသည်တချို့ ညွှန်ကြားပြီးနောက် သူတော်စင်အပျက်စီးနယ်မြေသို့ ပြန်သွားလေသည်။

ယခုအချိန်မှာ ဤနေရာတွင် သက်ရှိဟူ၍ သူတစ်ယောက်သာ ကျန်ရစ်ခဲ့လေသည်။

သူ၏ ဘေးပတ်လည်မှာ အရိုးစုများနှင့် အဆုံးမဲ့သွေးပင်လယ်သာ ရှိနေ၏။

သိုင်းတာအိုပင်မခန္ဓာသည် တာအိုကို ဆက်လက်၍ ကောက်ချက်ချလို၏။

အနက်ရောင်ဝတ်အမျိုးသားနှင့် အပြန်အလှန်စကားပြောဆိုခြင်းကနေ ကမ္ဘာတစ်ထောင်သုံးဆင့်လောက၏ မူလဇာစ်မြစ်အကြောင်းကို သူက သိရှိခဲ့ရ၏။ သိုင်းတာအိုပင်မခန္ဓာသည် သူ့အမြုတေသိုင်းလောကအပေါ် နားလည်သိမြင်မှုအသစ်တစ်ခုကို ရရှိလာလေသည်။

သူသည် အမြုတေသိုင်းလောကထဲမှာ မဟာတာအိုသုံးထောင်ကို စီစဉ်နေရာချပြီး သီးခြားလောကတစ်ခုအဖြစ် ဆင့်ကဲပြောင်းလဲစေမည်ဆိုလျှင်တောင် ၎င်းသည် သူရောက်ရှိနေသည့် ကမ္ဘာတစ်ထောင်သုံးဆင့်လောကနှင့် ယှဉ်လျှင် အားနည်းလွန်းနေဆဲဖြစ်၏။

လက်ရှိ ကမ္ဘာတစ်ထောင်သုံးဆင့်လောကသည် နှစ်ပေါင်းဘီလီယံနှင့်ချီ ဆင့်ကဲပြောင်းလဲလာခဲ့၏။

အမြုတေသိုင်းလောကသည် မဟာတာအိုသုံးထောင်အပေါ် အခြေခံပြီး အဆက်မပြတ်ဖြည့်စွက်ကာ သက်ရှိများကို မွေးဖွားပေါ်ထွက်လာစေမည်ဆိုလျှင်တောင် ၎င်းသည် ကမ္ဘာတစ်ထောင်သုံးဆင့်လောကကို ယှဉ်နိုင်မည် မဟုတ်ပေ။

သူရရှိနိုင်သည့် အကြီးမားဆုံး အောင်မြင်ပေါက်မြောက်မှုမှာ လက်ရှိ ကမ္ဘာတစ်ထောင်သုံးဆင့်လောက၏ ပုံစံငယ်တစ်ခုသာ ဖြစ်ပေလိမ့်မည်။ သို့သော်လည်း သူသည် ကမ္ဘာတစ်ထောင်သုံးဆင့်လောက၏ နိယာမများဖြင့် ဖိနှိပ်ခြင်းခံနေရဦးမည် ဖြစ်သည်။

၎င်းသည် မိုးမြေဖန်တီးခြင်းကားချပ်နှင့် ကွာခြားလိမ့်မည် မဟုတ်ပေ။

“မိုးမြေဖန်တီးခြင်းကားချပ်”

သိုင်းတာအိုပင်မခန္ဓာက အတွေးနက်စွာဖြင့် တီးတိုးရေရွတ်လိုက်၏။

သူသည် ခပ်ရေးရေး အတွေးတစ်ခုကို ရရှိလာသည်။

သို့သော်လည်း ထိုသို့ပြုလုပ်ဖို့ မဖြစ်မနေလိုအပ်ချက်မှာ အမြုတေသိုင်းလောကကို ဆက်လက်၍ ပြီးပြည့်စုံစေဖို့ပင်။

လေဟာနယ်အချိန် တားမြစ်ကုန်းမြေမှာ...

လူသားစာအုပ်သည် သေခြင်းရှင်ခြင်းစာအုပ်နှင့် ပေါင်းစည်းပြီးနောက် ၎င်းသည် အသွင်ပြောင်းလဲမှုတစ်ရပ် ဖြတ်ကျော်ပြီး ၎င်း၏ အော်ရာက ဆပွားမြင့်တက်လာ၏။ ၎င်းသည် ကောင်းကင်ဘုံတာအို သူတော်စင်လက်နက်နှစ်ခုနှင့် ယှဉ်နိုင်ပြီး အရေးနိမ့်ခြင်းမရှိပေ။

တောင်အကြီးအကဲသည် လူသားစာအုပ်ကို ထုတ်ဖော်ပြီးနောက် သူက အခြေအနေကို အလျင်အမြန် ထိန်းသိမ်းလာနိုင်ခဲ့သည်။

သူတော်စင်အရှင် လေဟာနယ်အချိန်နှင့် သူတော်စင်အရှင်ယင်ယန်ကတော့ အချိန်တိုအတွင်းမှာ တောင်အကြီးအကဲ၏ ခံစစ်ကို ချိုးဖျက်ဖို့ မလွယ်ကူပေ။

ဒါ့အပြင် အားဖြည့်ထောက်ပံ့မည့် ဆိုးယုတ်အမျိုးသမီးကလည်း ရှိနေ၏။

တကယ်တော့ ဤအတိုင်း ဆက်လက်၍ လွန်ဆွဲနေမည်ဆိုလျှင် တောင်အကြီးအကဲနှင့် ဆိုးယုတ်အမျိုးသမီးက အရေးနိမ့်လာဦးမည်ဖြစ်သည်။

မည်သို့ပင်ဆိုစေ ယခုတင် ထွက်ခွာသွားပြီဖြစ်သော သူတော်စင်အရှင် ဘိုးဘေးမီးအပြင် ယခုအချိန်ထိ ပေါ်ထွက်မလာသေးသည့် သူတော်စင်အရှင်နှစ်ပါး ရှိနေသေး၏။

နောက်ထပ် သူတော်စင်အရှင်တစ်ဦး ဝင်ရောက်တိုက်ခိုက်လာသည်နှင့် မျှခြေက ချက်ချင်းပင် ကျိုးပျက်ပြီး တိုက်ပွဲအခြေအနေက ပြောင်းလဲသွားပေလိမ့်မည်။

မဟာသူတော်စင်လေးဦးနှင့် ကောင်းကင်ဘုံတာအို သူတော်စင်လက်နက်သုံးခုက လေဟာနယ်အချိန် တားမြစ်ကုန်းမြေမှာ အဆက်မပြတ် ထိတွေ့ရိုက်ခတ်တိုက်ခိုက်ပြီး ဤလောကကို ခြေမွှဖျက်ဆီးပစ်နေ၏။

အသက်ဓာတ်ကျောက်တုံးသည် လူသားစာအုပ်နှင့် ပေါင်းစည်းသွားပြီဖြစ်ပြီး ဤလောကကို အဆက်မပြတ် ပြန်လည်ပြင်ဆင်ပေးနေ၏။

ရုတ်တရက်ဆိုသလို...

ပြင်းထန်ကြမ်းတမ်းသော အုန်းအုန်းကျက်ကျက် အသံတစ်သံသည် မဟာကမ္ဘာတစ်ထောင်လောကကနေ ထွက်ပေါ်လာ၏။ လောကသည် ကျွမ်းထိုးမှောက်ခုံ ဖြစ်သွားသည့်အလားပင်။ ကြောက်စရာကောင်းသော အော်ရာတစ်ခု ရုတ်တရက်ဆင်းသက်လာပြီးနောက် ချက်ချင်းပင် ပျောက်ကွယ်သွားလေသည်။

သူတော်စင်အရှင် လေဟာနယ်အချိန်၊ သူတော်စင်အရှင် ယင်ယန်၊ သူတော်စင်အရှင် နတ်ဘုရားအပြစ်ဒဏ်၊ သူတော်စင်အရှင် ဘိုးဘေးမီးနှင့် သူတော်စင်အရှင် ထွက်ရပ်လမ်း…။ မည်သူမဆို ထိုအခိုက်အတန့်မှာ သူတို့အားလုံးသည် တုန်လှုပ်၍ အိုးတိုးအမ်းတမ်း ဖြစ်သွားကြ၏။

“ဒီအော်ရာက...”

“အဲ့ဒီလူက အသက်ရှင်နေသေးတာလား”

ထိုအတွေးက သူတော်စင်အရှင်ငါးဦး၏ စိတ်ထဲ ဖျက်ခနဲပေါ်ထွက်လာလေသည်။ သူတို့၏ မျက်နှာများက ဖြူဖပ်ဖြူရော်ဖြစ်သွားပြီး သူတို့၏ မျက်လုံးအနက်ပိုင်းထဲတွင် ကြောက်ရွံ့မှုအကြည့်များ ပေါ်ထွက်လာကြ၏။

နတ်ဘုရားအပြစ်ဒဏ် အထွတ်အမြတ်ခိုလှုံရာ၏ ကောင်းကင်ဘုံတာအို သူတော်စင်လက်နက်သည် ကျယ်လောင်သော မာန်ဖီဟိန်းဟောက်သံများကို ဆက်တိုက်ထုတ်ဖော်လိုက်၏။ ၎င်း၏ ကိုယ်ထည်တစ်ခုလုံးက လျှပ်စီးလျှပ်ပန်းများဖြင့် တောက်ပလာပြီး မဟာကမ္ဘာတစ်ထောင်လောကသို့ ဆင်းသက်စေသည့် ကောင်းကင်ဘုံကပ်ဘေးများစွာကို ထုတ်လွှတ်လိုက်၏။

ချက်ချင်းပင် မိုးကြိုးလျှပ်စီးများက ကောင်းကင်ထက်မှာ ပြည့်နှက်ပြီး ကောင်းကင်တစ်ခွင် အုပ်မိုးကာ ၎င်းသည် လောကရှိ အရာရာတိုင်းကို ဖျက်ဆီးပစ်ချင်နေသည့်အလားပင်။

သူတော်စင်အရှင် နတ်ဘုရားအပြစ်ဒဏ်ပင် ၎င်းကို မထိန်းချုပ်နိုင်ပေ။

ခဏမျှကြာပြီးနောက် ကောင်းကင်ဘုံတာအို သူတော်စင်လက်နက်သည် ၎င်း၏ ပစ်မှတ်ကို ရှာမတွေ့ဘဲ ၎င်း၏ ပြင်းထန်ကြမ်းတမ်းသော အော်ရာက တဖြည်းဖြည်း ငြိမ်သက်လာ၏။

ထိုသည်မှာ မဟာကမ္ဘာတစ်ထောင်လောကသို့ စောစောက အနက်ရောင်ဝတ်အမျိုးသား ဆင်းသက်လာခြင်းကြောင့်ဖြစ်မည်ဟု ဆူဇီမိုက နားလည်သိရှိလိုက်၏။

အနက်ရောင်ဝတ်အမျိုးသားသည် ကိုယ်တိုင်ပေါ်ထွက်မလာဘဲ ၎င်း၏ အော်ရာကသာ ဖျတ်ခနဲပေါ်ထွက်ပြီး ပျောက်ကွယ်သွားခဲ့၏။

သို့သော်လည်း စိမ့်ထွက်လာသော ထိုအော်ရာသည် မဟာကမ္ဘာတစ်ထောင်လောကကို ကျွမ်းထိုးမှောက်ခုံနီးပါးဖြစ်စေပြီး သူတော်စင်အရှင်ငါးဦး၏ အမူအရာကို ထိတ်လန့်တကြား ဖြစ်သွားစေ၏။

ဘုန်း...

ရုတ်တရက်ဆိုသလို...

ဤအပြောင်းအလဲကြောင့် လေဟာနယ်အချိန် တားမြစ်ကုန်းမြေ၏ စစ်မြေပြင်က ခဏမျှရပ်တန့်သွားစဉ် သားမွေးရှည်များ ဖုံးအုပ်ထားသည့် တုတ်ခိုင်သော လက်တစ်ဖက်က ရက်စက်ကြမ်းတမ်းသော အော်ရာတစ်ခုကို ထုတ်ဖော်ပြီး ကောင်းကင်ဘုံနှင့် ချိတ်ဆက်ထားသည့် ကျောက်တိုင်တစ်တိုင်ကဲ့သို့ လေထဲကနေ ဆင်းသက်လာ၏။

သူသည် ကောင်းကင်တစ်ခွင် အုပ်မိုးထားသည့် သူ၏ ဧရာမလက်ဖဝါးကိုဖြန့်ပြီး မြေပြင်ပေါ်မှာရှိနေသော မျောက်ကို ဖမ်းဆွဲလိုက်၏။

ကောင်းကင်ဘုံတာအိုသူတော်စင်လက်နက်သုံးခု၏ စွမ်းပကားအောက်မှာ ကောင်းကင်ဘုံသူတော်စင်ကိုးဦးပင်လျှင် မလှုပ်ရှားနိုင်ကြပေ။

သို့သော်လည်း ထိုဧရာမလက်သည် အတင်းအကျပ် ဝင်ရောက်လာနိုင်လေသည်။

မျောက်က ဆူဇီမို၊ ညဝိညာဉ်နှင့် အခြားသူများနှင့်အတူ မတ်တတ်ရပ်နေ၏။

လူတိုင်းသည် သူတို့၏ အမြင်အာရုံက မှောင်ကျသွားသည်ဟု ခံစားလိုက်ရပြီး သူတို့က တစ်စုံတစ်ရာ လွဲမှားနေသည်ကို သိရှိလိုက်ကြ၏။

မျောက်သည် ဧရာမလက်ကို တွေ့မြင်သောအခါ သူ၏ မျက်လုံးထဲမှာ စိတ်လှုပ်ရှားမှုအကြည့် ပေါ်ထွက်လာပြီး သူက အသံတစ်ခု ပို့လွှတ်လိုက်၏။

“အစ်ကိုကြီး… ညဝိညာဉ်... ဘာမှမစိုးရိမ်နဲ့... အဲ့ဒါ ငါ့ဆရာ”

သူတော်စင်အရှင် လေဟာနယ်အချိန်၊ သူတော်စင်အရှင် ယင်ယန်၊ တောင်အကြီးအကဲနှင့် ဆိုးယုတ်အမျိုးသမီးတို့သည် ထိုသားမွေးလက်ပိုင်ရှင်ကို ချက်ချင်းပင် မှတ်မိသိရှိသွားကြ၏။

မဟာသူတော်စင် ကစဉ့်ကလျားစကြဝဠာ...။

ဤကစဉ့်ကလျားမိစ္ဆာမျောက်သည် ကစဉ့်ကလျားလောက စတင်ဖြစ်ပေါ်ခဲ့စဉ်က မဟာတာအိုကို အောင်မြင်ရရှိခဲ့သော ကစဉ့်ကလျား အထွတ်အမြတ်စိတ်ဝိညာဉ်ကိုးခုထဲမှ တစ်ခုဖြစ်လေသည်။

ထိုစဉ်တုန်းက ကြီးမားသော ဝရုန်းသုန်းကားအခြေအနေမှာ ဤကစဉ့်ကလျားမိစ္ဆာမျောက်သည် ပါဝင်ပတ်သက်ခြင်းမရှိဘဲ ချမ်းသာရခဲ့၏။

သူတော်စင်အရှင်ငါးဦးဖြစ်စေ... လမ်းလေးသွယ်မှ အရှင်များဖြစ်စေ... သူတို့သည် ကြားနေဖြစ်သော ဤမဟာသူတော်စင်နှင့် ရန်သူများ မဖြစ်လိုကြပေ။

စောစောက ကောင်းကင်ဘုံသူတော်စင်ကိုးဦးသည် ဆူဇီမိုနှင့် ညဝိညာဉ်ကို အလိုရှိသည်ဟု ထုတ်ဖော်ကြေညာခဲ့၏။ သို့သော်လည်း သူတို့သည် မျောက်ကို ထည့်မပြောခဲ့ပေ။ သူတို့သည် မဟာသူတော်စင် ကစဉ့်ကလျားစကြဝဠာကို စိုးရိမ်ပူပန်နေသောကြောင့် ဖြစ်ပေမည်။

မဟာသူတော်စင် ကစဉ့်ကလျားစကြဝဠာသည် သူ၏ အစစ်အမှန်ခန္ဓာကို ထုတ်ဖော်ခြင်း မရှိပေ။ ထိုအစား သူသည် ရုတ်ရုတ်သဲသဲအခြေအနေကို အသားယူပြီး မျောက်ကို အန္တရာယ်ကနေ ခေါ်ထုတ်သွားချင်၏။

မဟာသူတော်စင် ကစဉ့်ကလျားစကြဝဠာ၏ ရည်ရွယ်ချက်ကို အာရုံခံမိသွားပြီး မျောက်က စိုးရိမ်ပူပန်လာကာ အသံတစ်ခု အလောတကြီး ပို့လွှတ်လိုက်၏။

“သူတို့တွေက ကျုပ်ရဲ့သွေးသောက်ညီအစ်ကိုတွေပဲ... ကျုပ်တို့က လောကဓံအနိမ့်အမြင့်နဲ့ သေခြင်းရှင်ခြင်းတွေကို အတူတကွ ဖြတ်ကျော်ခဲ့ကြတယ်... ဆရာ... ကျေးဇူးပြုပြီး သူတို့ကိုပါ ခေါ်ထုတ်သွားပေးပါ”

ယခုအချိန်မှာ အခြေအနေက ရှုပ်ထွေးနေလေသည်။ ဆူဇီမိုနှင့် ညဝိညာဉ်ကို ချန်ထားခဲ့မည်ဆိုလျှင် နောက်ပိုင်း ဘာဆက်ဖြစ်လာမည်ကို ဘယ်သူသိမှာလဲ။

သားမွေးလက်က တွေဝေတုံ့ဆိုင်းနေသည့်အလား ခဏမျှ ရပ်တန့်သွား၏။

မျောက်က ထိုသည်ကို တွေ့မြင်သောအခါ သူက သူ၏ ရင်ဘတ်ကို ထုရိုက်၍ ခြေဆောင့်ကာ အံကြိတ်ပြီး ပြောလိုက်၏။

“ခင်ဗျား သူတို့ကို ခေါ်ထုတ်မသွားဘူးဆိုရင် ကျုပ်လည်း မလိုက်တော့ဘူး... အခုကစပြီး ကျုပ် ခင်ဗျားဆီက ဘာမှထပ်မသင်တော့ဘူး”

“ဒီကောင်စုတ်လေး... မင်းကတော့…ကွာ”

မိုးကောင်းကင်၏ အပြင်ဘက်မှာ မဟာသူတော်စင် ကစဉ့်ကလျားစကြဝဠာက ကျိန်ဆဲ၍ တီးတိုးရေရွတ်လိုက်၏။ သူ၏ သားမွေးလက်ကို တစ်ချက်သဲ့ပြီး သူက ဆူဇီမို၊ မျောက်နှင့် ညဝိညာဉ်ကို သူ၏လက်ဖဝါးထဲမှာ ထည့်ယူကာ လေဟာနယ်အချိန်တားမြစ်ကုန်းမြေကနေ လျင်မြန်စွာ ထွက်ခွာလိုက်လေသည်။

အခန်း ၃၃၅၂ - သူတော်စင် သတ်ဖြတ်ခြင်း လှံ

ဆူဇီမိုက မတုံ့ပြန်နိုင်ခင် သူ၏ အမြင်အာရုံက မှောင်ကျသွားပြီး သူသည် မဟာသူတော်စင် ကစဉ့်ကလျားစကြဝဠာ၏ လက်ဖဝါးထဲ ကျဆင်းသွားပြီကို သိရှိလိုက်၏။

တစ်ချက်လည်ပတ်သွားပြီးနောက် သူသည် လေဟာနယ်အချိန် တားမြစ်ကုန်းမြေကနေ ခေါ်ထုတ်ခံနေရသည်ကို ဆူဇီမိုက နားလည်သိရှိလိုက်၏။

“ဟမ်…”

အေးစက်၍ ခန့်ညားသော အသံတစ်သံက ရုတ်တရက် ထွက်ပေါ်လာ၏။

“သူတို့ကို အဲ့ဒီမှာ ထားခဲ့”

ဝုန်း... ဝုန်း… ဝုန်း…

ဆူဇီမိုနှင့် အခြားနှစ်ယောက်သည် မဟာသူတော်စင် ကစဉ့်ကလျားစကြဝဠာ၏ လက်ဖဝါးထဲတွင် ရှိနေ၏။ ဘေးပတ်ဝန်းကျင်ကို ထိုးဖောက်၍ မရနိုင်ဘဲ သူတို့၏ အမြင်အာရုံနှင့် စိတ်ဝိညာဉ်အသိစိတ်ကို ပိတ်ဆို့တားဆီးထားကာ သူတို့သည် အပြင်မှာ ဖြစ်ပျက်နေသည့်အရာကို မတွေ့မြင်ရပေ။

သူတို့သည် ကမ္ဘာတုန်လောက်ဖွယ်ရာ အသံတစ်သံကိုသာ ကြားလိုက်ရ၏။ ပေါ်ထွက်လာသောသူက မဟာသူတော်စင် ကစဉ့်ကလျားစကြဝဠာကို တိုက်ခိုက်လိုက်ခြင်း ဖြစ်ပေမည်။

မဟာသူတော်စင်တစ်ပါးကို ရင်ဆိုင်နိုင်ဖို့အတွက် ထိုလူက သူတော်စင်အရှင်တစ်ဦး ဖြစ်ရပေမည်။

မဟာသူတော်စင်တစ်ပါးနှင့် ကစဉ့်ကလျား အထွတ်အမြတ်စိတ်ဝိညာဉ်ကိုးခုထဲမှ တစ်ခုအနေဖြင့် မဟာသူတော်စင် ကစဉ့်ကလျားစကြဝဠာသည် အပြင်ဘက်မှာရှိသော သူတော်စင်အရှင်များထက် သေချာပေါက် နိမ့်ကျလိမ့်မည်မဟုတ်ဟု ဆူဇီမိုက ယုံလေသည်။

သို့သော်လည်း သူတော်စင်အရှင်ငါးဦးမှာ ကောင်းကင်ဘုံတာအို သူတော်စင်လက်နက်တစ်ခုစီ ရှိနေကြ၏။

စောစောက လေဟာနယ်အချိန် တားမြစ်ကုန်းမြေမှာ ကောင်းကင်ဘုံတာအို သူတော်စင်လက်နက်များက ဘယ်လောက်ကြောက်စရာကောင်းသလဲ ဆူဇီမိုက တပ်အပ်မြင်တွေ့ခဲ့ရ၏။

ကောင်းကင်ဘုံတာအို သူတော်စင်လက်နက်တစ်ခုသည် တိုက်ပွဲ၏အဖြေကို ပြောင်းလဲပေးနိုင်လေသည်။

ထင်မှတ်ထားသည့်အတိုင်းပင်။

ဆူဇီမို၏ စိတ်ထဲ ထိုအတွေး ပေါ်ထွက်လာသည့်ခဏမှာပင် သူသည် ပြင်းထန်ကြမ်းတမ်းသော တုန်ခါမှုတစ်ခုကို ခံစားလိုက်ရပြီး မဟာသူတော်စင် ကစဉ့်ကလျားစကြဝဠာ၏ ညည်းတွားအော်ဟစ်သံကိုပါ ကြားလိုက်ရ၏။ သူသည် သိသာထင်ရှားသော ရိုက်ခတ်မှုတစ်ခုနှင့် ကြုံတွေ့လိုက်ရသည့်အလားပင်။

ဆူဇီမိုနှင့် အခြားနှစ်ယောက်ကို မဟာသူတော်စင် ကစဉ့်ကလျားစကြဝဠာက သူ၏ လက်ဖဝါးထဲမှာ ကာကွယ်ပေးထား၏။ သူတို့သည် မဟာသူတော်စင်များကြား တိုက်ပွဲ၏ မုန်တိုင်းထဲမှာ ရှိနေသည်ဆိုလျှင်တောင် သူတို့က ထိခိုက်ဒဏ်ရာ လုံးဝမရပေ။

သို့သော်လည်း မဟာသူတော်စင် ကစဉ့်ကလျားစကြဝဠာ၏လက်က အနည်းငယ် တုန်ယင်နေသည်ကို သူတို့က ရှင်းရှင်းလင်းလင်း အာရုံခံမိနိုင်ကြသည်။

ဒါ့အပြင် မဟာသူတော်စင် ကစဉ့်ကလျားစကြဝဠာသည် သူ၏လက်ကို ကောင်းကောင်းမဆုပ်နိုင်တော့ဘဲ သူ၏လက်ချောင်းများကြားမှာ အကြားအလပ်တချို့ ပေါ်ထွက်လာ၏။

သူတို့ကို ထူထဲသော သားမွေးများက လွှမ်းခြုံထားလျှင်တောင် ဆူဇီမိုနှင့် အခြားနှစ်ယောက်သည် ပြင်းထန်ကြမ်းတမ်းသော သွေးရနံ့ကို ခံစားမိလိုက်ကြဆဲဖြစ်၏။

မဟာသူတော်စင် ကစဉ့်ကလျားစကြဝဠာက ထိခိုက်ဒဏ်ရာ ရရှိသွားသည်။

“ကစဉ့်ကလျားစကြဝဠာ... မင်းက ဟိုမျောက်ကလေးကို ခေါ်ထုတ်သွားချင်တယ်ဆိုရင် ရတယ်... ဒါပေမဲ့ မင်းက အထီးကျန်သိုင်းသခင်နဲ့ သူတော်စင်မျိုးနွယ်က ဟိုသစ္စာဖောက်ကိုပါ ခေါ်သွားချင်နေတယ်ပေါ့လေ... မင်း တကယ့်ကို ရဲတင်းနေတာပဲ... ဟမ်…”

အေးစက်နေသော အသံက နောက်တစ်ဖန် ထွက်ပေါ်လာ၏။

မဟာသူတော်စင် ကစဉ့်ကလျားစကြဝဠာ၏ ရှေ့တည့်တည့် လေထဲမှာ အေးစက်နေသော သတ်ဖြတ်ခြင်းစိတ်ဆန္ဒနှင့်အတူ အဖြူရောင်ဝတ်လူတစ်ဦး မတ်တတ်ရပ်နေသည်ကို သွေးစွန်းနေသော လက်ချောင်းများကနေတစ်ဆင့် ဆူဇီမိုနှင့် အခြားနှစ်ယောက်က ခပ်ရေးရေး တွေ့မြင်လိုက်ရ၏။ သူသည် နှင်းဖြူရောင်လှံတစ်လက်ကို ကိုင်စွဲထားပြီး မဟာသူတော်စင် ကစဉ့်ကလျားစကြဝဠာကို အဝေးကနေ ထိုးညွှန်ထား၏။

“ကောင်းကင်ဘုံတာအို သူတော်စင်လက်နက်... သူတော်စင်သတ်ဖြတ်ခြင်း လှံ…”

ရုတ်တရက် ညဝိညာဉ်က ပြောလိုက်၏။

“အဲ့ဒါက သူတော်စင်အရှင်ထွက်ရပ်လမ်းပဲ”

မဟာသူတော်စင် ကစဉ့်ကလျားစကြဝဠာကလည်း အလျှော့ပေးခြင်းမရှိပေ။

“ကျားလေး... မင်းမှာ သတ္တိရှိတယ်ဆိုရင် အဲ့ဒီသူတော်စင်သတ်ဖြတ်ခြင်းလှံကို ပစ်ချပြီး ငါနဲ့ ယောက်ျားလို လာတိုက်ခိုက်လိုက်”

သူတော်စင်အရှင် ထွက်ရပ်လမ်း၏ အစစ်အမှန်ပုံစံက ကျားဖြူအထွတ်အမြတ်စိတ်ဝိညာဉ် ဖြစ်လေသည်။

“ဟမ်း…”

သူတော်စင်အရှင် ထွက်ရပ်လမ်းက အေးစက်စွာ နှာတစ်ချက်မှုတ်လိုက်၏။ သူက ခွန်းတုံ့ပြန်တော့မည့်ဆဲဆဲမှာပင် မဟာသူတော်စင် ကစဉ့်ကလျားစကြဝဠာက သူ့ကို ဆက်လက်၍ လှောင်ပြောင်လိုက်၏။

“မင်းတို့တွေက အဲ့ဒီကောင်းကင်ဘုံတာအို သူတော်စင်လက်နက်တွေကို မှီခိုနေကြရုံပဲ... ငါတို့ တစ်ယောက်နဲ့တစ်ယောက် မသိကြတာမှ မဟုတ်တာ... မင်းက ငါ့ရှေ့မှာ ဘာတွေလာပြီး သွေးဆာတဲ့ ဝံပုလွေကြီးတစ်ကောင်လို ဟန်ဆောင်နေရတာလဲ”

“အဲ့ဒီကောင်းကင်ဘုံတာအို သူတော်စင်လက်နက်သာ မရှိရင် မင်းက သောက်ချီးအဆင့်ပဲ ရှိတယ်... ငါ မင်းကို ခွစီးပြီး မင်းကို မီးညှောင်လေးတစ်ကောင်လို ဆော်ပလော်တီးပစ်လိုက်မယ်”

ဆူဇီမိုက မှင်တက်သွား၏။

ညဝိညာဉ်ပင်လျှင် မှင်တက်သွားလေသည်။

မျောက်က အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်နေ၏။

“ဆရာက အဲ့လိုပဲ… သူက ဘာကိုမှ ချုပ်တည်းမထားတတ်ဘူး… သူက မကြာခဏ သူ့ရဲ့သရုပ်သကန်ကို ဖုံးကွယ်ပြီး မော်တယ်လောကမှာ သွားလာလေ့ရှိတယ်”

“သူက ခိုက်ရန်ဖြစ်ပွားမှုတချို့နှင့် ကြုံတွေ့ရမယ်ဆိုရင် သူ့ရဲ့ကျင့်ကြံမှုကို မှီခိုပြီး တခြားသူတွေကို အနိုင်မကျင့်တတ်ဘူး… သူက တခြားသူတွေကို မခံမရပ်နိုင်အောင် ပြောဆိုတဲ့နေရာမှာ တစ်ဖက်ကမ်းခပ် ကျွမ်းကျင်တယ်… သူက အားရအောင် ပြောပြီးသွားရင် လှည့်ထွက်ပြေးလိမ့်မယ်… ဘယ်သူကမှ သူ့ကို လိုက်မမီတဲ့အတွက် သူက အမှောင်ထဲမှာ ပုန်းနေပြီး သူတို့တွေ ဒေါခွီးနေတာကို အားရပါးရ စောင့်ကြည့်နေလိမ့်မယ်”

“စွပ်စွဲပုတ်ခတ်ပြောဆိုတဲ့နေရာမှာ သူတော်စင်အရှင်ငါးဦး ပူးပေါင်းထားမယ်ဆိုရင်တောင် သူတို့က ဆရာ့ကို ယှဉ်နိုင်မှာမဟုတ်ဘူး… တခြားသူတွေကို အော်ငေါက်တဲ့နေရာမှာ ဒီလောကမှာ ဘယ်သူကမှ သူ့ကိုမယှဉ်နိုင်ဘူးလို့ ဆရာက သူ့ကိုယ်သူ ထုတ်ဖော်ပြောဆိုထားတယ်”

ဆူဇီမိုနှင့် ညဝိညာဉ်က တိတ်တဆိတ်ဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြ၏။

မဟာသူတော်စင် ကစဉ့်ကလျားစကြဝဠာက ထွက်ပြေးချင်သည်ဆိုလျှင် သူ့ကို လိုက်မီနိုင်မည့်သူက ကမ္ဘာတစ်ထောင်သုံးဆင့်လောကမှာ ဘယ်လောက်များများ ရှိမှာလဲ။

ဤမဟာသူတော်စင်က တကယ့်ကို ထူးခြားဆန်းကြယ်လေသည်။

မဟာသူတော်စင်ပညာရှင်တစ်ဦးအနေဖြင့် သူသည် ကမ္ဘာတစ်ထောင်သုံးဆင့်လောကမှာ အထွတ်အထိပ်နီးပါးတည်ရှိမှု ဖြစ်လေသည်။ သူ့မှာ မည်သည့်မောက်မာဝံ့ကြွားမှု သို့မဟုတ် မည်သည့်ကြီးကျယ်ခမ်းနားမှုမှ မရှိပေ။ သူသည် သူ၏ တိုက်ခိုက်ရည်ခွန်အားဖြင့် အားနည်းသူများကိုလည်း အနိုင်မကျင့်လိုပေ။ သူသည် ခိုက်ရန်ဖြစ်ပွားမှုတချို့နှင့် ကြုံတွေ့ရသည့်အခါ သူ၏ ဂုဏ်ပုဒ်တစ်ခုခုကို ထုတ်ဖော်ခြင်းမရှိဘဲ အားရပါးရဆဲဆိုပြီး လှည့်ထွက်ပြေးမည်သာဖြစ်သည်။

သူတော်စင်အရှင် ထွက်ရပ်လမ်းသည် မဟာသူတော်စင် ကစဉ့်ကလျားစကြဝဠာ၏ စွပ်စွဲပုတ်ခတ်ပြောဆိုမှုကို လုံးဝခွန်းတုံ့ပြန်နိုင်ခြင်းမရှိဘဲ သူ၏ အမူအရာက သုန်မှုန်နေ၏။

သူက ဒေါသချောင်းချောင်းထွက်နေပြီး စကားတစ်ခွန်းမဆိုတော့ဘဲ သူတော်စင်သတ်ဖြတ်ခြင်းလှံကို ကိုင်မြှောက်ပြီး မဟာသူတော်စင် ကစဉ့်ကလျားစကြဝဠာနောက်သို့ နောက်တစ်ဖန် ပြေးလိုက်သွား၏။

ဝုန်း...

နှစ်ဦးနှစ်ဖက်ကြားမှာ နောက်ထပ်တိုက်ပွဲတစ်ခု ဖြစ်ပွားလာလေသည်။

သူတို့သည် မဟာသူတော်စင်များကြား ဤတိုက်ပွဲမှာ ကောင်းကောင်းမတွေ့မြင်ရသော်လည်း မဟာသူတော်စင် ကစဉ့်ကလျားစကြဝဠာသည် တစ်လှမ်းပြီးတစ်လှမ်း နောက်ဆုတ်ပေးနေရသည်ကို သူတို့က ရှင်းရှင်းလင်းလင်း အာရုံခံမိနိုင်၏။

မဟာသူတော်စင် ကစဉ့်ကလျားစကြဝဠာ၏ ခန္ဓာကိုယ်ထဲရှိ သွေးနံ့က ပိုမိုပြင်းထန်အားကောင်းလာ၏။

ဤအတိုင်းသာ ဆက်သွားလျှင် မဟာသူတော်စင် ကစဉ့်ကလျားစကြဝဠာသည် လုံးဝတောင့်မခံနိုင်ဘဲ သူတော်စင်သတ်ဖြတ်ခြင်းလှံအောက်မှာ သေသွားရနိုင်လေသည်။

ဆူဇီမိုသည် ညဝိညာဉ်နှင့် ဆက်သွယ်ပြောဆိုခြင်းမရှိသော်လည်း သူတို့နှစ်ယောက်က တူညီသော ဆုံးဖြတ်ချက်ကို ပြုလုပ်လိုက်ကြ၏။

စောစောက သူတော်စင်အရှင် ထွက်ရပ်လမ်း၏ စကားသည် နောက်ထပ်အဓိပ္ပာယ်တစ်ခုကို အမှန်တကယ် ထုတ်ဖော်ပြောဆိုခဲ့လေသည်။ ဆူဇီမိုနှင့် ညဝိညာဉ်ကြောင့် မဟုတ်လျှင် သူသည် မဟာသူတော်စင် ကစဉ့်ကလျားစကြဝဠာကို တားဆီးတိုက်ခိုက်လိမ့်မည် မဟုတ်ပေ။

သူတို့နှစ်ယောက်ကြောင့်ပင် သူတော်စင်အရှင် ထွက်ရပ်လမ်းက တိုက်ခိုက်လာခြင်း အတိအကျဖြစ်သည်။

ထိုသို့ဆိုမှတော့ သူတို့နှစ်ယောက်သည် မဟာသူတော်စင် ကစဉ့်ကလျားစကြဝဠာကို ဒုက္ခမရောက်စေလိုတော့ပေ။ သူတို့က တစ်ချိန်တည်းမှာပင် သူ၏ လက်ချောင်းများကြားကနေ ခုန်ထွက်လိုက်၏။

အပြင်ဘက်မှာရှိသော လေဟာနယ်သည် မဟာသူတော်စင်နှစ်ဦးကြောင့် ကြေမွပျက်စီးနေပြီး အက်ကွဲကြောင်းများဖြင့် ပြည့်နှက်နေပြီဖြစ်၏။

သူတို့နှစ်ယောက်က တိုက်ပွဲနယ်မြေသို့ ရောက်ရှိလာသည့်ခဏမှာပင် မဟာသူတော်စင်များကြား တုန်ခါလှိုင်းဖြင့် သူတို့သည် ဆုတ်ဖြဲခံရလုနီးပါးဖြစ်၏။

မဟာသူတော်စင် ကစဉ့်ကလျားစကြဝဠာက ထိုသည်ကို တွေ့မြင်သောအခါ သူတို့နှစ်ယောက်ရှိရာသို့ တိုက်ခတ်လာသည့် စွမ်းအားမုန်တိုင်းကို အလောတကြီး ပိတ်ဆို့တားဆီးလိုက်၏။

သို့သော်လည်း သူသည် ဆူဇီမိုနှင့် ညဝိညာဉ်ကို ကယ်တင်ဖို့နေနေသာ သူကိုယ်တိုင်ပင် သူတော်စင်အရှင် ထွက်ရပ်လမ်း၏ ပြင်းထန်ကြမ်းတမ်းသော တိုက်ခိုက်မှုများကနေ အနိုင်နိုင်ခုခံနေရ၏။

အနည်းငယ် ကြန့်ကြာမှုနှင့်အတူ သူတို့နှစ်ယောက်သည် အာကာသအက်ကွဲကြောင်းတစ်ခုထဲသို့ ကျဆင်းပြီး ချက်ချင်းပင် ပျောက်ကွယ်သွားကြ၏။

သူတော်စင်အရှင် ထွက်ရပ်လမ်း၏ အကြည့်က တောက်လောင်ပြင်းပြနေပြီး သူက လှံချက်တစ်ချက်နှင့်အတူ မဟာသူတော်စင် ကစဉ့်ကလျားစကြဝဠာကို တွန်းလှန်ထုတ်လိုက်၏။ တစ်ချိန်တည်းမှာပင် သူက အာကာသအက်ကွဲကြောင်းရှိရာသို့ လက်လှမ်းလိုက်လေသည်။

သူသည် ညဝိညာဉ်ကို ဖမ်းဆွဲပြီး ထွက်ရပ်လမ်း အထွတ်အမြတ်ခိုလှုံရာသို့ သူ့ကို ပြန်ခေါ်သွားဖို့ ပြင်ထားလေသည်။

ညဝိညာဉ်သည် ထွက်ရပ်လမ်း အထွတ်အမြတ်ခိုလှုံရာကို သစ္စာဖောက်ခဲ့သည်ဆိုမှတော့ သူက သေချာပေါက် သေရပေမည်။

သို့သော်လည်း ညဝိညာဉ်၏ ခန္ဓာကိုယ်ထဲရှိ သူတော်စင်သွေးကို အပြုန်းတီးမခံနိုင်ပေ။ သူသည် ၎င်းကို အခြားသော မျိုးနွယ်ဝင်များအား ပေးပြီး နောက်ထပ် သူတော်စင်မျိုးနွယ်သက်ရှိတစ်ဦးကို ပြုစုပျိုးထောင်ပေးနိုင်မည်ဖြစ်သည်။

သူတော်စင်အရှင် ထွက်ရပ်လမ်းသည် ဆူဇီမိုကို ဖမ်းဆီးတော့မည့်ဆဲဆဲမှာ မျက်မှောင်ကြုတ်လိုက်၏။

မဟာကမ္ဘာတစ်ထောင်လောကမှာ လေဟာနယ်အက်ကွဲကြောင်းကနေတစ်ဆင့် အခြားမည်သည့်နေရာကိုမဆို ပို့ဆောင်ခံရနိုင်လေသည်။ သို့သော်လည်း ထိုနေရာမှာ အငွေ့အသက်များ အမြဲတမ်း ကျန်ရစ်ခဲ့ပေလိမ့်မည်။

အာကာသအက်ကွဲကြောင်းထဲမှာ ခဏမျှ လိုက်လံရှာဖွေပြီးနောက် သူသည် ဆူဇီမို၏ မည်သည့်အရိပ်အယောင်ကိုမှ မတွေ့မြင်နိုင်တော့ပေ။

သူသည် လေထဲမှာ ရုတ်တရက် ပျောက်ကွယ်သွားသည့်အလားပင်။

သူတော်စင်အရှင် ထွက်ရပ်လမ်းက အဲ့ဒါကို စိတ်ထဲမှာ ထည့်မထားပေ။

အထီးကျန်သိုင်းသခင်သည် စောစောက တိုက်ပွဲနယ်မြေသို့ ခုန်ဝင်လာပြီး သူသည် မဟာသူတော်စင်များကြား တိုက်ပွဲ၏ တုန်ခါလှိုင်းဖြင့် သက်ရောက်ခြင်းခံခဲ့ရ၏။ သူသည် အသက်ရှင်နိုင်စရာ မရှိတော့ပေ။ သူက တစ်နေရာရာကို ပို့ဆောင်ခံရမည်ဆိုလျှင်တောင် သူက အလောင်းတစ်လောင်းသာ ဖြစ်သွားပေလိမ့်မည်။

“လခွမ်းတဲ့မှ… ဒီဝန်ထုပ်ဝန်ပိုးကြောင့် ငါ့ရဲ့ခွန်အားအပြည့်အဝကို မထုတ်ဖော်နိုင်ဘူး... နောက်နေ့မှ ငါ မင်းနဲ့ ထပ်ချမယ်”

မဟာသူတော်စင် ကစဉ့်ကလျားစကြဝဠာက ဒဏ်ရာအပြင်းအထန်ရရှိထားပြီး ဆက်လက်၍ မတိုက်ခိုက်နိုင်တော့ပေ။ သူက မျောက်နှင့်အတူ အရင်စတင်ထွက်ပြေးရလေသည်။

“ထွက်သွားချင်တာလား”

သူတော်စင်အရှင် ထွက်ရပ်လမ်းက ထိုကဲ့သို့ပင် ရပ်တန့်လိုက်ဖို့ စိတ်ကူးမရှိဘဲ အေးစက်စွာ ပြောလိုက်၏။

“အဲ့လောက် ဘယ်လွယ်ပါ့မလဲ”

သူတော်စင်အရှင် ထွက်ရပ်လမ်းသည် လောလောဆယ်မှာ ညဝိညာဉ်ကို အကျဉ်းချထားလေသည်။ သူက သူတော်စင်သတ်ဖြတ်ခြင်းလှံကို ကိုင်ဆွဲပြီး မဟာသူတော်စင် ကစဉ့်ကလျားစကြဝဠာ ချန်ရစ်ခဲ့သည့် အော်ရာနောက်ကို ပြေးလိုက်သွား၏။

လွန်ခဲ့သည့် နှစ်ပေါင်းခြောက်ဘီလီယံက မဟာသူတော်စင် ကစဉ့်ကလျားစကြဝဠာသည် ကြားနေဖြစ်ခဲ့ပြီး သူသည် ကြီးမားသော ထိုဝရုန်းသုန်းကားအခြေအနေမှာ ပါဝင်ပတ်သက်ခဲ့ခြင်း မရှိပေ။

သို့သော်လည်း စောစောက တိုက်ပွဲသည် ဒီဘက်မျိုးဆက်မှာ မဟာသူတော်စင် ကစဉ့်ကလျားစကြဝဠာက ကြားနေမဟုတ်တော့ဟု သူတော်စင်အရှင် ထွက်ရပ်လမ်းကို နားလည်လာစေ၏။

ဒါ့အပြင် မဟာသူတော်စင် ကစဉ့်ကလျားစကြဝဠာသည် ယနေ့ သူ့ကြောင့် ဒဏ်ရာရရှိပြီးနောက် လမ်းလေးသွယ်မှ အရှင်များဘက်ကို ရောက်ရှိသွားဖို့ များလေသည်။

ထို့သို့ဆိုမှတော့ သူသည် အနာဂတ်မှာ နောက်ထပ်အပြောင်းအလဲများ ဖြစ်မလာစေရန် ဖြစ်လာနိုင်ခြေရှိသည့် ဤအန္တရာယ်ကို တစ်ခါတည်း ရှင်းပစ်ရပေမည်။

သူတော်စင်အရှင် ထွက်ရပ်လမ်း၏ သတ်ဖြတ်လိုစိတ်က တလိပ်လိပ် ထိုးတက်လာပြီး သူက ပြေးလိုက်သွား၏။

ထိုအခိုက်အတန့်မှာ လေဟာနယ်အချိန် တားမြစ်ကုန်မြေတွင် မဟာသူတော်စင်လေးဦးကြား တိုက်ပွဲက မပြီးဆုံးသေးပေ။

လူသားစာအုပ်နှင့်အတူ တောင်အကြီးအကဲသည် လောလောဆယ်မှာ အခြေအနေကို ထိန်းသိမ်းထားနိုင်ဆဲဖြစ်၏။

သို့သော်လည်း သူတော်စင်အရှင် လေဟာနယ်အချိန်နှင့် သူတော်စင်အရှင် ယင်ယန်မှာ မည်သို့ပင်ဆိုစေ ကောင်းကင်ဘုံတာအို သူတော်စင်လက်နက်များ ရှိနေပြီး သူတို့က တဖြည်းဖြည်း အသာစီးရရှိလာနေ၏။ သူတို့သည် တောင်အကြီးအကဲကို အနိုင်ယူပြီး ဆိုးယုတ်အမျိုးသမီးကို ဖိနှိမ်ဖို့ အချိန်တစ်ခုသာ လိုတော့လေသည်။

All Chapters