← Chapters

အခန်း (၃၃၅၃-၃၃၅၄)

Vol. 220 Ch. 3353-3354

အခန်း (၃၃၅၃-၃၃၅၄)

Vol. 220 Ch. 3353-3354

အခန်း ၃၃၅၃ - ယင်ယန်ပင်လယ်

ဆူဇီမိုသည် မဟာသူတော်စင်များအကြား တိုက်ပွဲတုန်ခါလှိုင်းကြောင့် ဒဏ်ရာအပြင်းအထန်ရရှိသွားသည်။ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာ၏ စွမ်းအားကြီးမားသော အသက်ဓာတ်အားကြောင့်သာ သူက တောင့်ခံထားနိုင်ခြင်းဖြစ်၏။ သူသည် လေဟာနယ်အက်ကွဲကြောင်းထဲသို့ ဝင်ရောက်သွားသောအခါ သူ၏ အသိစိတ်က ဝေဝါးသွားပြီဖြစ်၏။

ဤသည်မှာ မဟာကမ္ဘာတစ်ထောင်လောကကို သူတက်လှမ်းလာပြီးနောက် သူတွေ့ကြုံခံစားရသည့် အပြင်းထန်ဆုံး ဒဏ်ရာဖြစ်လေသည်။

သူသည် ကြာပန်းသုံးခုနှင့် ပေါင်းစည်းထားခဲ့ခြင်းကြောင့် မဟုတ်လျှင် သူက သေသွားရပေလိမ့်မည်။

ဒါ့အပြင် ဤတစ်ခေါက် သူတွေ့ကြုံရသော အန္တရာယ်သည် သူတော်စင်အရှင်တချို့ထံမှ ဖြစ်၏။

သူတို့ကြား ကွာဟချက်က ကြီးမားလွန်းလေသည်။

ယခုအချိန်မှာ ဆူဇီမိုသည် တာအိုကြီးစိုးမှုနယ်ပယ်တွင် စဦးကျွမ်းကျင်မှုသာ ရရှိထားပြီး ဤကဲ့သို့သော ပျက်စီးထိခိုက်မှုကို ခံနိုင်ရည်မရှိပေ။

သို့သော်လည်း သူသည် လေဟာနယ်အက်ကွဲကြောင်းထဲသို့ ရောက်ရှိသောအခါ သူတော်စင်အရှင်ယင်ယန် ပေါ်ထွက်လာပြီးကတည်းက တိတ်ဆိတ်ငြိမ်သက်သွားခဲ့သော မီးပဒေသာနှင့် တမလွန်မီးရောင် ဂမ္ဘီရကျောက်တုံးများသည် အင်အားတစ်ခုနှင့်အတူ ရုတ်တရက် ပစ်လွင့်ထွက်ပေါ်လာပြီး ဆူဇီမို၏ ခန္ဓာကိုယ်ကို အာကာသဥမင်တစ်ခုထဲသို့ လမ်းညွှန်ခေါ်ဆောင်သွားလေသည်။

ယင်နှင့်ယန်က ရောထွေးယှက်ဖြာပြီး ဆူဇီမို၏ ကြွင်းကျန်ရစ်သော အော်ရာနှင့် အငွေ့အသက်များကို ဖျောက်ဖျက်ပေးလိုက်၏။

သူတော်စင်အရှင် ထွက်ရပ်လမ်းသည် ညဝိညာဉ်ကို အကျဉ်းချပြီး ဆူဇီမိုကို ဖမ်းဆီးဖို့ ပြန်လည်ရောက်ရှိလာသည့်အချိန်မှာ သူသည် ထိုသူ၏ မည်သည့်အရိပ်အယောင်ကိုမှ ရှာမတွေ့တော့ပေ။

ဆူဇီမိုသည် မူးဝေထုံထိုင်းနေစဉ် သူ၏ ချုံးချုံးကျနေသော ခန္ဓာကိုယ်ကို ပြန်လည်ပြင်ဆင်ဖို့ ဖြည်းဖြည်းချင်း လှည့်ပတ်နေသည်က သူ၏ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသာလျှင် မဟုတ်ပေ။

မီးပဒေသာနှင့် တမလွန်မီးရောင် ဂမ္ဘီရကျောက်တုံးများကလည်း ယင်နှင့်ယန်၏ အနက်နှင့်အဖြူ စွမ်းအားများနှင့်အတူ လှည့်ပတ်ကာ ဆူဇီမို၏ ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးလွှမ်းပြီး သူ၏ အသက်ဓာတ်အားကို ထိန်းသိမ်းဖို့ အတတ်နိုင်ဆုံး ကြိုးစားနေကြ၏။

ထိုမျှသာမက မီးပဒေသာနှင့် တမလွန်မီးရောင်သည် သူ့ကို ထူးဆန်းသော နေရာလွတ်တစ်ခုဆီ ခေါ်ဆောင်သွားနေပုံရသည်ကို ဆူဇီမိုက ခပ်ရေးရေး အာရုံခံမိနိုင်၏။

သူ့ကို နွေးထွေးသော ရေစီးကြောင်းများက ရစ်ပတ်ထားပြီး သူက အလွန်တရာ သက်သောင့်သက်သာ ရှိနေ၏။

သူ၏ မျက်လုံးနှစ်ဖက်ကို မှိတ်ထားပြီး သူ၏ စိတ်ဝိညာဉ်အသိစိတ်က အားနည်းနေသော်လည်း သူ၏ ဘေးပတ်လည်မှာ တစ်လှည့်စီ ကူးပြောင်းနေသည့် အလင်းနှင့်အမှောင်ကို သူက အာရုံခံမိနိုင်ဆဲဖြစ်၏။

အလွန်တရာ သိပ်သည်းပြင်းထန်၍ ပေါကြွယ်ဝသော စွမ်းအားနှစ်ခုသည် မီးပဒေသာနှင့် တမလွန်မီးရောင်ရှိရာသို့ စုဝေးရောက်ရှိလာပြီး ဆူဇီမို၏ ခန္ဓာကိုယ်ထဲသို့ ရူးသွပ်စွာ တလိပ်လိပ် တိုးဝင်နေ၏။

စွမ်းအားနှစ်ခု၏ အားဖြည့်ထောက်ပံ့မှုအောက်မှာ မီးပဒေသာနှင့် တမလွန်မီးရောင်၏ အော်ရာများက ဆပွားမြင့်တက်လာရုံသာမက သူ၏ ထိခိုက်ဒဏ်ရာများကပင် မြင်နိုင်သောနှုန်းထားဖြင့် ကုသခံနေရ၏။

ဤသည်မှာ ယင်နှင့်ယန်၏ အလွန်တရာ သန့်စင်ကြွယ်ဝသော စွမ်းအားဖြစ်သည်။

ယင်နှင့်ယန်က ရောထွေးယှက်ဖြာပြီး အသက်ဓာတ်အားက တရုန်းရုန်း ထကြွနေ၏။

ဆူဇီမိုသည် လျင်မြန်စွာ နိုးထလာပြီး သူ၏ ခန္ဓာကိုယ်ထဲရှိ မျိုးဆက်သွေးက ပိုမိုမြန်ဆန်သည်ထက် မြန်ဆန်စွာ လည်ပတ်လာသည်ကို ခံစားမိလိုက်၏။ ကစဉ့်ကလျားမဟာတာအိုက ပေါ်ထွက်လာပြီး သူ၏ ကျင့်ကြံမှုနယ်ပယ်က ခပ်မှန်မှန် မြင့်တက်လာနေ၏။

ယင်နှင့်ယန်၏ စွမ်းအား၏ အားဖြည့်ထောက်ပံ့မှုအောက်မှာ သူ့အမြုတေစိတ်ဝိညာဉ်၏ ခွန်အားကလည်း လျင်မြန်စွာ မြင့်တက်ပြီး အလွန်တရာ အရေးကြီးသော အဆင့်တစ်ခုကို ရောက်ရှိလာခဲ့ပြီဖြစ်၏။

ထိုအခိုက်အတန့်မှာ သူက ပြန်လည်ကုသနေစဉ် မဟာကမ္ဘာတစ်ထောင်လောကမှာ ဖြစ်ပွားနေသည့် အမျိုးမျိုးသော နိမိတ်ဖြစ်စဉ်များကို ဆူဇီမိုက မသိရှိပေ။

အစကတော့ မဟာကမ္ဘာတစ်ထောင်လောကတွင် ၁၂နာရီတိုင်း အလင်းနှင့်အမှောင်က ကူးပြောင်းနေပေလိမ့်မည်။

သို့သော်လည်း ရုတ်တရက် မဟာကမ္ဘာတစ်ထောင်လောကသည် အလင်းနယ်မြေနှင့် အမှောင်နယ်မြေဟူ၍ နှစ်ပိုင်းခွဲထုတ်ခံလိုက်ရ၏။

အချိန်ကြာလာသည်နှင့်အမျှ အလင်းနယ်မြေနှင့် အမှောင်နယ်မြေသည် တစ်ခုကိုတစ်ခု အဆက်မပြတ် ပြေးလိုက်လာကြ၏။

အလင်းနယ်မြေမှာ အမှောင်ထုအနည်းငယ်က တဖြည်းဖြည်း ပေါ်ထွက်လာ၏။

အမှောင်နယ်မြေမှာလည်း အလင်းလုံးတစ်လုံးက တဖြည်းဖြည်း ပေါ်ထွက်လာလေသည်။

မဟာကမ္ဘာတစ်ထောင်လောကတစ်ခုလုံးသည် ဧရာမ ထိုက်ကျိယင်ယန်ကားချပ်တစ်ခုအဖြစ် ပြောင်းလဲသွားပုံရလေသည်။

မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများသည် ထိုသည်ကို တွေ့မြင်သောအခါ တုန်လှုပ်သွားကြ၏။

ဤသည်မှာ မဟာသူတော်စင်များကြား တိုက်ပွဲကနေ ဖြစ်ပေါ်လာသော အပြောင်းအလဲတစ်ခုဟု လူတိုင်းက အလိုလိုမှတ်ယူလိုက်ကြ၏။

လေဟာနယ်အချိန် တားမြစ်ကုန်းမြေမှာ သူတော်စင်အရှင်ယင်ယန်သည် တစ်စုံတစ်ရာကို အာရုံခံမိသွားပုံရပြီး သူ၏ အမူအရာက ပြောင်းလဲသွား၏။ သူက ယင်ယန်အထွတ်အမြတ်ခိုလှုံရာ ရှိရာဘက်သို့ တစ်ချက်ကြည့်ပြီး မျက်မှောင်ကြုတ်လိုက်၏။

“ငါ့ရဲ့အထွတ်အမြတ်ခိုလှုံရာမှာ တစ်ခုခုဖြစ်နေပြီ”

သူတော်စင်အရှင်ယင်ယန်က လေးနက်သော အသံဖြင့် ပြောလိုက်သည်။

“ငါ တစ်ချက်သွားပြန်ကြည့်ရမယ်”

သူ၏ အာရုံခံအသိစိတ်အရ ယင်ယန်အထွတ်အမြတ်ခိုလှုံရာသို့ ထိပ်သီးပညာရှင်တစ်ဦးဦး ဆင်းသက်လာသည်ကို သူ အာရုံမခံမိပေ။

သို့သော်လည်း ယင်ယန်အထွတ်အမြတ်ခိုလှုံရာမှ ယင်ယန်ပင်လယ်၏ အပိုင်းနှစ်ပိုင်းသည် တစ်စုံတစ်ရာနှင့် ကြုံတွေ့နေပုံရပြီး လျင်မြန်စွာ ခန်းခြောက်လာလေသည်။

“မင်းက ဒီလိုမျိုး သေရေးရှင်ရေးအချိန်မှာ ထွက်သွားမလို့လား”

သူတော်စင်အရှင်လေဟာနယ်အချိန်က ထိုစကားကို ကြားသောအခါ သူက ထိတ်လန့်တကြားဖြစ်သွားပြီး လှမ်းအော်ပြောလိုက်၏။

သူသည် သူတော်စင်အရှင်ယင်ယန်နှင့် ပေါင်းစည်းထားပြီး ကောင်းကင်ဘုံတာအို သူတော်စင်လက်နက်နှစ်ခုကို အသုံးပြုမည်ဆိုလျှင် သူသည် တောင်အကြီးအကဲနှင့် ဆိုးယုတ်အမျိုးသမီးကို ဖိနှိပ်ထားနိုင်မည်ဖြစ်သည်။

သို့သော်လည်း သူတော်စင်အရှင်ယင်ယန် ထွက်ခွာသွားမည်ဆိုလျှင် တောင်အကြီးအကဲနှင့် ဆိုးယုတ်အမျိုးသမီးကို ရင်ဆိုင်ဖို့အတွက် ဤနေရာမှာ သူတစ်ယောက်တည်း ကျန်ရစ်ခဲ့ပေလိမ့်မည်။

သူသည် တောင်အကြီးအကဲနှင့် ဆိုးယုတ်အမျိုးသမီး၏ ပူးပေါင်းအင်အားကို လုံးဝခုခံနိုင်မည်မဟုတ်ဘဲ ချက်ချင်းအရေးနိမ့်သွားပေလိမ့်မည်။

သူတော်စင်အရှင်ယင်ယန်က တွေဝေတုံ့ဆိုင်းနေ၏။

ယခုအချိန်မှာ သူထွက်ခွာသွားမည်ဆိုလျှင် ထိုလုပ်ရပ်သည် သူတော်စင်အရှင်လေဟာနယ်အချိန်အပေါ် တကယ်ပင် ရက်စက်ရာကျပေလိမ့်မည်။

သို့သော်လည်း ယင်ယန်အထွတ်အမြတ်ခိုလှုံရာက သူ၏ အခြေခံအုတ်မြစ်ဖြစ်ပြီး ၎င်းကို အဆုံးရှုံးမခံနိုင်ပေ။

သူတော်စင်အရှင်လေဟာနယ်အချိန်က လေးနက်သော အသံဖြင့် ပြောလိုက်၏။

“ယင်ယန်အထွတ်အမြတ်ခိုလှုံရာမှာ ထိန်းသိမ်းစောင့်ရှောက်ပေးနေတဲ့ သူတော်စင်တွေအများကြီး ရှိတာပဲ... မင်းက ဘာကို ကြောက်နေတာလဲ... အခုအချိန်မှာ ဘယ်အရာက ပိုအရေးကြီးတယ်ဆိုတာ မင်းမသိဘူးလား”

ပြန်လည်စဉ်းစားရင်း သူတော်စင်အရှင်ယင်ယန်က ထိုစကားသည် အဓိပ္ပာယ်ရှိသည်ဟု ခံစားလိုက်ရ၏။

သူ့အနေဖြင့် တောင်အကြီးအကဲနှင့် ဆိုးယုတ်အမျိုးသမီးကို တတ်နိုင်သမျှမြန်မြန် ဖိနှိမ်ပြီးမှ ယင်ယန်အထွတ်အမြတ်ခိုလှုံရာသို့ ပြန်သွားမည်ဆိုလျှင်လည်း နောက်ကျလိမ့်မည်မဟုတ်ပေ။

ထိုသို့အတွေးဖြင့် သူတော်စင်အရှင်ယင်ယန်၏ တိုက်ခိုက်မှုများက ပို၍ပြင်းထန်ကြမ်းတမ်းလာ၏။ သူသည် သူတော်စင်အရှင်လေဟာနယ်အချိန်နှင့် ပူးပေါင်းပြီး တောင်အကြီးအကဲနှင့် ဆိုးယုတ်အမျိုးသမီးရှိရာသို့ ပြေးဝင်သွားလေသည်။

မဟာကမ္ဘာတစ်ထောင်လောက၏ မြောက်ပိုင်းဒေသမှာ မြစ်ချောင်းများ၊ ရေကန်များနှင့် ပင်လယ်များနှင့် ပြည့်နှက်နေသော ရေဂေဟာ ၁၈ခု ရှိလေသည်။ သူတို့ကို ယင်ယန်အထွတ်အမြတ်ခိုလှုံရာက ထိန်းသိမ်းထားသည်။

ယင်ယန်ပင်လယ်သည် ယင်ယန်အထွတ်အမြတ်ခိုလှုံရာ၏ ပင်မအူတိုင် ဖြစ်လေသည်။

လွန်ခဲ့သည့် နှစ်ပေါင်းခြောက်ဘီလီယံကျော်က မဟာကမ္ဘာတစ်ထောင်လောက၏ ဝရုန်းသုန်းကား အခြေအနေအပြီးမှာ ယင်ယန်ပင်လယ်က ဆင်းသက်ပေါ်ထွက်လာသည်ဟု ဆိုကြလေသည်။

ဤပင်လယ်သည် ၁၂နာရီတိုင်းမှာတစ်ကြိမ် ပြောင်းလဲတတ်လေသည်။

မဟာကမ္ဘာတစ်ထောင်လောကမှာ အလင်းနှင့်အမှောင်၏ တစ်လှည့်စီ ကူးပြောင်းမှုသည် ယင်ယန်ပင်လယ်ကနေ ဆင်းသက်လာခြင်းဖြစ်သည်။

ထိုအခိုက်အတန့်မှာ ယင်ယန်ပင်လယ်က လျင်မြန်စွာ ခန်းခြောက်လာနေ၏။

ဤနေရာမှာရှိသော ရုတ်ရုတ်သဲသဲ အခြေအနေသည် ယင်ယန်အထွတ်အမြတ်ခိုလှုံရာမှ သူတော်စင်များကို ထိတ်လန့်သွားစေခဲ့ပြီဖြစ်၏။

“ဘာတွေဖြစ်နေတာပါလိမ့်”

“ဒီယင်ယန်ပင်လယ်က ခန်းခြောက်လာနေပြီ... သူ့ရဲ့စွမ်းအားကလည်း အလျင်အမြန် လျော့ကျလာနေတယ်”

“မူမမှန်ဘူး... အဲ့ဒါကို တစ်ယောက်ယောက်က ဝါးမျိုနေတဲ့ပုံပဲ”

သူတော်စင်များသည် ယင်ယန်ပင်လယ်အထက်သို့ ဆင်းသက်ရောက်ရှိလာပြီး ငုံ့ကြည့်လိုက်ကြ၏။

ယင်ယန်ပင်လယ်၏ ဖွဲ့စည်းပုံကလည်း ပြောင်းလဲနေလေသည်။ မဟာကမ္ဘာတစ်ထောင်လောကရှိ ထိုက်ကျိယင်ယန်ကားချပ်လိုပင် ယင်ယန်ငါးများသည် တစ်ကောင်နှင့်တစ်ကောင် အဆက်မပြတ် ပြေးလိုက်ပြီး ဧရာမ ဝဲကတော့တစ်ခုကို ဖြစ်ပေါ်လာစေ၏။

လေထဲရှိ သူတော်စင်များပင်လျှင် ထိုစွမ်းအားကို ခံနိုင်ရည်မရှိဘဲ သူတို့၏ ခန္ဓာကိုယ်များသည် အထိန်းအကွပ်မဲ့စွာ ဆွဲယူခံရတော့မည့်ဆဲဆဲဖြစ်၏။

သူတော်စင်များ၏ အမူအရာများက တုန်လှုပ်စွာဖြင့် ပြောင်းလဲသွားပြီး သူတို့က သူတို့ကိုယ်သူတို့ ထိန်းညှိဖို့အတွက် သူတို့၏ သူတော်စင်စွမ်းအားကို အလောတကြီး ထုတ်ဖော်လိုက်ရ၏။

“ဝဲကတော့ရဲ့ အလယ်ဗဟိုမှာ တစ်ယောက်ယောက် ရှိနေတယ်”

သူတော်စင်တစ်ဦးက တောက်လောင်ပြင်းပြသော အကြည့်ဖြင့် အော်ပြောလိုက်၏။

သူတော်စင်များသည် သူတို့၏ သူတော်စင်စွမ်းအားကို စုဖွဲ့လိုက်ကြ၏။ နတ်ဘုရားအလင်းများက သူတို့၏ မျက်လုံးများကနေ ပစ်လွင့်ထွက်ပေါ်ပြီး သူတို့သည် ယင်ယန်ပင်လယ်၏ ဝဲကတော့အလယ်ဗဟိုကို ငုံ့ကြည့်လိုက်ကြ၏။

ပင်လယ်၏ အနက်ပိုင်း ဝဲကတော့၏ အလယ်ဗဟိုမှာ ခြေချိတ်ထိုင်နေသည့် အစိမ်းရောင်ပုံရိပ်တစ်ခုကို ခပ်ရေးရေး တွေ့မြင်ရလေသည်။

“အဲ့ဒါ သူပဲ”

“အထီးကျန်သိုင်းသခင်…”

“သူ မသေဘူးပဲ… သူက ဒီကိုရောက်နေတာလား”

လေဟာနယ်အချိန် တားမြစ်ကုန်းမြေမှ မဟာသူတော်စင်များကြား တိုက်ပွဲကို ဤသူတော်စင်များကလည်း စောင့်ကြည့်နေခဲ့ကြပြီး ထိုနေရာမှာ ဖြစ်ပျက်ခဲ့သည့်အရာကို သူတို့ သိရှိထားကြသည်။

သူတို့၏ အာရုံခံအသိစိတ်အရ ဆူဇီမိုသည် မသေရုံသာမက သူ၏ ဒဏ်ရာများက အချိန်တိုအတွင်းမှာ လျင်မြန်စွာ သက်သာပျောက်ကင်းလာနေသည်ကို သူတော်စင်များက တွေ့ရှိလိုက်ရ၏။

သူ့ခန္ဓာကိုယ်ထဲရှိ အော်ရာက လျင်မြန်စွာ မြင့်တက်နေပြီး ၎င်း၏ အထွတ်အထိပ်ကို ရောက်ရှိလာနေသည်။

“ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”

“ဒီကောင်လေးက ဒီလောက်အချိန်တိုအတွင်း သူ့ရဲ့ဒဏ်ရာတွေကနေ ဘယ်လိုလုပ် သက်သာပျောက်ကင်းလာနိုင်မှာလဲ… သူက ယင်ယန်ပင်လယ်ကနေ ဒီလောက်သိပ်သည်းပြင်းထန်တဲ့ စွမ်းအားကိုတောင် စုပ်ယူနေသေးတာလား”

“အား…”

သူတော်စင်တစ်ဦးက ဆူဇီမို၏ မျက်လုံးထဲရှိ အနက်ရောင်နှင့် အဖြူရောင် ဂမ္ဘီရအလင်းရောင်နှစ်ခုကို သတိထားမိသွားလေသည်။ တစ်စုံတစ်ရာကို တွေးမိသွားသည့်အလား သူက တုန်လှုပ်၍ အံ့အားတသင့် ရေရွတ်လိုက်၏။

“ဘာဖြစ်လို့လဲ’

အခြားသော သူတော်စင်များက ဝိုင်းမေးလိုက်ကြ၏။

“သူတို့ ပြန်လာပြီ”

ထိုသူတော်စင်က တံတွေးကို အလျင်စလို မျိုချလိုက်၏။ သူ၏ မျက်နှာက ဖြူဖပ်ဖြူရော် ဖြစ်သွားပြီး သူ၏မျက်လုံးများက နက်ရှိုင်းသော ကြောက်ရွံ့မှုဖြင့် ပြည့်နှက်လာလေသည်။

“ဘယ်သူလဲ… ဘယ်သူပြန်လာတာလဲ”

“ဒီယင်ယန်ပင်လယ်က ဘယ်လိုဖြစ်ပေါ်လာတယ်ဆိုတာ မင်းတို့တွေ မှတ်မိသေးလား”

ထိုသူတော်စင်က ရုတ်တရက် မေးလိုက်သည်။

ဤကိစ္စသည် ယင်ယန်အထွတ်အမြတ်ခိုလှုံရာ၏ တဗူးတစ်ခု ဖြစ်နေပုံရသည်။ အခြားသော သူတော်စင်များက ထိုစကားကို ကြားသောအခါ တုန်လှုပ်ချောက်ချားသွားကြ၏။

“အဲ့ဒါ... အဲ့ဒါက... အထွတ်အမြတ်ခိုလှုံရာက ကစဉ့်ကလျားအထွတ်အမြတ် စိတ်ဝိညာဉ်နှစ်ခု သေဆုံးသွားပြီးနောက် သူတို့ရဲ့အသွေးအသားကနေ ဆင့်ကဲပြောင်းလဲလာတာပဲ”

“မင်းပြောချင်တာက…”

“ဟုတ်တယ်... ယင်ယန်ပင်လယ်ရဲ့ စွမ်းအားကို ဒီလောက်အချိန်တိုအတွင်းမှာ စုပ်ယူဝါးမျိုနိုင်တာက သူတို့ပဲ ရှိတယ်”

“ဘာလို့လဲဆိုတော့ ဒီယင်ယန်ပင်လယ်က အစကတည်းက သူတို့ရဲ့ အသွေးအသားဖြစ်နေလို့ပဲ။”

အခန်း ၃၃၅၄ - အထွတ်အမြတ်စိတ်ဝိညာဉ်နှစ်ခု

ယင်ယန်ပင်လယ်၏ စွမ်းအားက သိပ်သည်းကြီးမားလေသည်။

ခဏနေပြီးနောက် သူတို့ကို မီးပဒေသာနှင့် တမလွန်မီးရောင်ဂမ္ဘီရကျောက်တုံးများက အကုန်အစင်ဝါးမျိုလိုက်၏။ ယင်ယန်ပင်လယ်က ခန်းခြောက်သွားခဲ့ပြီဖြစ်သည်။

စွမ်းအားအများစုသည် မီးပဒေသာကျောက်တုံးနှင့် တမလွန်မမီးရောင်ကျောက်တုံးတို့အဖြစ် ပေါင်းစည်းသွားလေသည်။

စွမ်းအား၏ သေးငယ်သောတစ်စိတ်တစ်ပိုင်းကသာ ဆူဇီမို၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာ၏။

ထိုသို့ဆိုလျှင်တောင် ဆူဇီမို၏ ကျင့်ကြံမှုနယ်ပယ်က အချိန်တိုအတွင်းမှာ လျင်မြန်စွာမြင့်တက်လာ၏။

ဝုန်း…

ဆူဇီမို၏ ခန္ဓာကိုယ်ထဲကနေ ကျယ်လောင်သောမြည်ဟည်းသံထွက်ပေါ်လာပြီး သူ၏ ကျင့်ကြံမှုနယ်ပယ်က အဆင့်ချိုးဖျက်တက်လှမ်းကာ သူ၏ အော်ရာက ဆပွားမြင့်တက်လာသည်။

သူသည် တာအိုကြီးစိုးမှုနယ်ပယ်မှာ အဆင့်မြင့်ကျွမ်းကျင်မှုရရှိပြီး မဟာသာလွန်သူတစ်ဦးဖြစ်လာသည်။

ကျင့်ကြံမှုနယ်ပယ်မှာ တိုးတက်မှုက အဓိကမဟုတ်သေးပေ။

ပို၍အရေးကြီးသည်မှာ သူ၏ အမြုတေစိတ်ဝိညာဉ်ဖြစ်သည်။

အစက သူ၏ အမြုတေစိတ်ဝိညာဉ်နယ်ပယ်သည် ပကတိတာအိုကြီးစိုးမှုနယ်ပယ်ထိ ကျင့်ကြံထားခဲ့ပြီဖြစ်ပြီး အဓိပတိသာလွန်သူတစ်ဦး၏ အဆင့်ကို ရောက်ရှိနေခဲ့၏။

ဤကဲ့သို့ သန့်စင်ကြွယ်ဝသော ယင်ယန်စွမ်းအားနှင့် သူကျင့်ကြံမှုချိုးဖျက်တက်လှမ်းခြင်းကနေ ဆောင်ကြဉ်းပေးလာသည့် အားဖြည့်ထောက်ပံ့မှုကို လက်ခံရရှိပြီးနောက် သူသည် နောက်ဆုံးမှာ သူတော်စင်နယ်ပယ်၏ ကနဦးအစသို့ ချိုးဖျက်ဝင်ရောက်လာခဲ့ပြီဖြစ်၏။

သို့သော်လည်း မီးပဒေသာနှင့် တမလွန်မီးရောင် ဂမ္ဘီရကျောက်တုံးများသည် ယင်ယန်ပင်လယ်ကို စုပ်ယူပြီး သူတို့၏ အသိစိတ်များက နိုးထနေခဲ့ပြီဖြစ်လျှင်တောင် သူတို့သည် သူတော်စင်များဖြစ်လာဖိုအတွက် တာအိုနှင့်ပေါင်းစည်းနိုင်ခြင်း မရှိသေးပေ။

မီးပဒေသာကျောက်တုံးနှင့် တမလွန်မီးရောင်ကျောက်တုံးတို့၏ မဟာတာအိုများသည် ကန့်သတ်ခံထားရပြီး ပေါင်းစည်းနိုင်ခြင်းမရှိသည်ကို ဆူဇီမိုက ရှင်းရှင်းလင်းလင်းအာရုံခံမိနိုင်သည်။

ယခင်က အနက်ရောင်ဝတ်အမျိုးသားနှင့် အပြန်အလှန်ပြောဆိုခဲ့ပြီးနောက် မီးပဒေသာနှင့် တမလွန်မီးရောင်၏ မူလဇာစ်မြစ်များကို သူက ခန့်မှန်းမိထားခဲ့ပြီဖြစ်သည်။

အစက ကမ္ဘာတစ်ထောင်သုံးဆင့်လောကမှာ ကစဉ့်ကလျားအမြုတေစိတ်ဝိညာဉ်ကိုးခုရှိခဲ့သည်ဟု အနက်ရောင်ဝတ်အမျိုးသားက ပြောခဲ့လေသည်။ လွန်ခဲ့သည့်နှစ်ပေါင်းခြောက်ဘီလီယံကျော်က ယင်အထွတ်အမြတ်စိတ်ဝိညာဉ်နှင့် ယန်အထွတ်အမြတ်စိတ်ဝိညာဉ်က သေဆုံးသွားခဲ့သည်။

သူသည် ဂမ္ဘီရကျောက်တုံးများ၏ တုံ့ပြန်မှုများကိုတွေ့မြင်သောအခါ တမလွန်မိးရောင်နှင့် မီးပဒေသာသည် ယင်အထွတ်အမြတ်စိတ်ဝိညာဉ်နှင့် ယန်အထွတ်အမြတ်စိတ်ဝိညာဉ်တို့ဖြစ်သည်ကို သူက သေချာသလောက်နီးပါး သိရှိသွား၏။

သူတို့သည် ကစဉ့်ကလျားအထွတ်အမြတ်စိတ်ဝိညာဉ်များဆိုမှတော့ မီးပဒေသာနှင့်တမလွန်မီးရောင်သည် တစ်ခါက မဟာသူတော်စင်ပညာရှင်များ ဖြစ်ခဲ့ကြသည်ဟု ဆိုလိုလေသည်။

သို့သော်ယခု အထွတ်အမြတ်စိတ်ဝိညာဉ်နှစ်ခုသည် တာအိုနှင့်ပေါင်းစည်းနိုင်ခြင်းမရှိပေ။ အကြောင်းမှာ အထွတ်အမြတ်စိတ်ဝိညာဉ်နှစ်ခုသေဆုံးသွားပြီးနောက် ယင်မဟာတာအိုနှင့် ယန်မဟာတာအိုသည် အခြားသောသူတော်စင်များနှင့် ပေါင်းစည်းသွားပြီဖြစ်သောကြောင့်ဟု ဆူဇီမိုက နားလည်သိရှိလိုက်၏။

“မင်းတို့… ဘာကိုကြောက်နေကြတာလဲ”

သူတော်စင်အဆုံးစွန်ယင်၏ အကြည့်က အေးစက်လာပြီး သူက အောက်ဘက်မှာ ယခုတင် အဆင့်ချိုးဖျက်တက်လှမ်းခါစ ဆူဇီမိုကိုကြည့်ကာ လေးနက်သောအသံဖြင့်ပြောလိုက်၏။

“ဒီကောင်လေးက မဟာသာလွန်သူတစ်ဦးပဲ… ငါတို့ သူ့ကို သတ်ဖြတ်လိုက်ရုံပေါ့”

“ဟုတ်တယ်”

သူတော်စင်အဆုံးစွန်ယန်က ပြောလိုက်၏။

“ငါတို့က ယင်မဟာတာအိုနဲ့ ယန်မဟာတာအိုကို သိမ်းပိုက်ထားတဲ့အတွက် အရင် ကစဉ့်ကလျားအထွတ်အမြတ်စိတ်ဝိညာဉ်နှစ်ခုက သူတိုရဲ့ အထွတ်အထိပ်အခြေအနေကို ပြန်လည်ရောက်ရှိလာဖို့ မဖြစ်နိုင်ဘူး”

သူတော်စင်အရှင်ယင်ယန်ကလွဲလျှင် ယင်ယန်အထွတ်အမြတ်ခိုလှုံရာမှာ အမြင့်မားဆုံးအဆင့်အတန်းရှိသည့်သူနှစ်ဦးသည် သူတော်စင်အဆုံးစွန်ယင်နှင့် သူတော်စင်အဆုံးစွန်ယန်ဖြစ်လေသည်။

သူတို့နှစ်ယောက်သည် လောကမှာ အဆုံးစွန်ယင်မျိုးနွယ်နှင့် အဆုံးစွန်ယန်မျိုးနွယ်၏ ပထမဆုံးသက်ရှိများလည်းဖြစ်လေသည်။

သူတော်စင်များက ထိုစကားကိုကြားသောအခါ သူတို့က အသိအမှတ်ပြုခေါင်းညိတ်ပြီး သူတို့၏ စိတ်ကို လျင်မြန်စွာငြိမ်သက်စေလိုက်၏။

ထိုစဉ်မှာပင် အောက်ဘက်မှာရှိသော ဆူဇီမိုက ရုတ်တရက် သူ၏ မျက်လုံးနှစ်ဖက်ကို ဖွင့်လိုက်၏။ သူ၏ အနက်ရောင်နှင့် အဖြူရောင် သူငယ်အိမ်များက လေထဲမှာရှိသော သူတော်စင်အဆုံးစွန်ယင်နှင့် သူတော်စင်အဆုံးစွန်ယန်ကို မမှိတ်မသုန်စိုက်ကြည့်နေ၏။

မီးပဒေသာနှင့် တမလွန်မီးရောင်၏ အကြည့်မှုနှင့်အတူ သူတော်စင်ရာချီကြားမှာပင် ဆူဇီမိုသည် ယင်မဟာတာအိုနှင့် ယန်မဟာတာအိုကိုထိန်းချုပ်ထားသည့် သူတော်စင်နှစ်ဦးကို ချက်ချင်းပင် အာရုံခံမိလိုက်သည်။

ဝုန်း…

သူတော်စင်တစ်ပါးက တိုက်ခိုက်လိုက်ပြီး သူ၏ သူတော်စင်စွမ်းအားက တလိပ်လိပ်ထိုးတက်ကာ အောက်ဘက်မှာရှိသော ဆူဇီမိုကို ဖိချလိုက်၏။

ဝေါ…

ဆူဇီမို၏ ခန္ဓာကိုယ်ထဲရှိ သွေးချီက တလိပ်လိပ်ထိုးတက်ပြီး ဖန်တီးခြင်းအစိမ်းရောင်ကြာပင်၊ ကြမ္မာမီးအနီရောင်ကြာပင်နှင့် ကုသိုလ်ရွှေကြာပင်တို့၏ ကြာပန်းများက ပေါ်ထွက်လာကြ၏။

မီးပဒေသာနှင့် တမလွန်မီးရောင်သည် ထိုက်ကျိဂမ္ဘီရကားချပ်တစ်ခုကို ဆင့်ခေါ်ပြီး ထိုသူတော်စင်၏ မဟာတာအိုကို ခုခံလိုက်၏။

ထိုသူတော်စင်၏ အမူအရာက ပြောင်းလဲသွားလေသည်။

ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။

သူတော်စင်တစ်ပါးသည် တာအိုနှင့်အတူ ပေါင်းစည်းလိုက်သည်နှင့် သူတော်စင်က တာအိုဖြစ်လာလေသည်။

သူတော်စင်နယ်ပယ်အောက်မှာရှိသောလူတိုင်းက ပုရွက်ဆိတ်များသာဖြစ်သည်။

သက်ရှိများအားလုံးသည် မဟာတာအိုသုံးထောင်၏ နိယာမနှင့် ဥပဒေသများအောက်မှာသာ ရှင်သန်နိုင်မည်ဖြစ်သည်။

သူတော်စင်နယ်ပယ်အောက်မှာရှိသော ပညာရှင်များသည် သူတော်စင်များနှင့် လုံးဝမတိုက်ခိုက်နိုင်ကြပေ။ သို့သော်လည်း ထိုအခိုက်အတန့်မှာ ဆူဇီမို၏ ပေါ်ထွက်လာမှုက ထိုကန့်သတ်မှုကို ချိုးဖျက်လိုက်၏။

တာအိုကြီးစိုးမှုနယ်ပယ်မှာ အဆင့်မြင့်ကျွမ်းကျင်မှုရရှိလာပြီးနောက် ဆူဇီမိုသည် တာအိုနှင့် ယခုအချိန်ထိ မပေါင်းစည်းနိုင်သေးပေ။

ထိုသို့ဆိုလျှင်တောင် သူထိန်းချုပ်ထားသည့် ကစဉ့်ကလျားမဟာတာအိုသည် ကစဉ့်ကလျားအစိမ်းရောင်ကြာပန်း၏ မျိုးဆက်သွေးနယ်မြေဖြစ်စဉ်၊ မီးပဒေသာနှင့် တမလွန်မီးရောင်တို့၏ စွမ်းအားနှင့်ပေါင်းစည်းပြီးနောက် ၎င်းသည် သူတော်စင်တစ်ပါးအနေဖြင့် သူ့ကို ဖိနှိမ်ဖို့ ခက်ခဲသွားစေမည်ဖြစ်၏။

“ဒါက ဘာပဲပြောပြော ကစဉ့်ကလျားအစိမ်းရောင်ကြာပန်းရဲ့ မျိုးဆက်သွေးပဲ…”

သူတော်စင်အဆုံးစွန်ယင်က နှာတစ်ချက်မှုတ်လိုက်၏။

“အားလုံးပဲ… အတူစုပေါင်းပြီး တိုက်ခိုက်ကြ… အနာဂတ်ပြဿနာကို တားဆီးဖို့အတွက် သူ့ကိုသတ်ဖြတ်လိုက်ကြရအောင်”

သူတော်စင်အဆုံးစွန်ယင်နှင့် သူတော်စင်အဆုံးစွန်ယန်၏ အမိန့်များအောက်မှာ ယင်ယန်အထွတ်အမြတ်ခိုလှုံရာမှ သူတော်စင်ရာချီက တစ်ချိန်တည်းမှာ ဝင်ရောက်တိုက်ခိုက်လာကြ၏။

ချက်ချင်းပင် မဟာတာအိုများစွာက ပေါ်ထွက်လာပြီး မိုးကောင်းကင်ထက်မှာ ရောထွေးယှက်ဖြာကာ ရပ်တန့်တားဆီးမရနိုင်သော စွမ်းပကားတစ်ခုနှင့်အတူ အုပ်မိုးကျဆင်းလာ၏။

သူတော်စင်စွမ်းအားများက မွန်းကျပ်ဖွယ်ရာကောင်းသောပုံစံဖြင့် တလိပ်လိပ်ထိုးတက်လာ၏။

ဆူဇီမို၏ ကိုယ်ကာယနှင့် မျိုးဆက်သွေးက ဘယ်လောက်ပင် သန်မာသည်ဖြစ်စေ အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာသည် ယခုအချိန်ထိ သူ၏ အထွတ်အထိပ်ကို မရောက်ရှိသေးပေ။ ဒါ့အပြင် ကျင့်ကြံမှုနယ်ပယ်ကွာဟချက်ကလည်း ကြီးမားလွန်းနေ၏။

သူတော်စင်ရာချီ၏ တိုက်ခိုက်မှုနှင့်ရင်ဆိုင်ရချိန်မှာ ကြာပင်သုံးပင်၏ နယ်မြေဖြစ်စဉ်များက ချက်ချင်းပင် ကြေမွပျက်စီးသွား၏။

လေဟာနယ်အချိန်တားမြစ်ကုန်းမြေမှာတုန်းက ကောင်းကင်ဘုံသူတော်စင်ကိုးဦးထဲမှ တစ်ဦးကပင် ဆူဇီမိုကို သတ်ဖြတ်ဖို့ လုံလောက်ခဲ့လေသည်။

ယခုသူတော်စင်ရာချီက တိုက်ခိုက်လာပြီဖြစ်၏။

သို့သော်လည်း ထိုအခိုက်အတန့်မှာ ဆူဇီမို၏ အမြုတေစိတ်ဝိညာဉ်သည် သူတော်စင်နယ်ပယ်ကို ဝင်ရောက်နေခဲ့ပြီဖြစ်သည်။

သူ့၏ သူတော်စင်နယ်ပယ်အမြုတေစိတ်ဝိညာဉ်သည် အဝီစိဓားနှင့် တမလွန်ဓားမှာ ပို၍ပင် ကြောက်စရာကောင်းသော သူတော်စင်စွမ်းအားပါဝင်နေသည်ကို ရှင်းရှင်းလင်းလင်းအာရုံခံမိနိုင်လာသည်။

သူသည် ယခင်က သူ၏ ကျင့်ကြံမှုနယ်ပယ်ကန့်သတ်မှုကြောင့်သာ ၎င်း၏ အစစ်အမှန်စွမ်းအားကို မထုတ်ဖော်နိုင်ခဲ့ခြင်းဖြစ်သည်။

သို့သော်ယခု သူသည် သူ၏ သူတော်စင်နယ်ပယ်အမြုတေစိတ်ဝိညာဉ်ကို အသုံးချပြီး ၎င်းကိုအသက်သွင်းဖို့ ကြိုးပမ်းကြည့်နိုင်သည်။ ထိုသို့အတွေးဖြင့် ဆူဇီမို၏ အကြည့်က သိပ်သည်းစုဖွဲ့လာ၏။ သူက တမလွန်ဓားနှင့် အဝီစိဓားကိုဆင့်ခေါ်ပြီး သူတို့ကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်၏။

သူသည် ထိုက်ကျိဂမ္ဘီရကားချပ်ထဲသို့ ဝင်ရောက်ပေါင်းစည်းလိုက်ပြီး အဝီစိဓားနှင့် တမလွန်ဓားကလည်ပတ်ကာ မိုးကောင်းကင်ထက်ရှိ မဟာတာအိုများစွာရှိရာသို့ ခုတ်ပိုင်းချလိုက်၏။

ဝုန်း…

ကျယ်လောင်သောမြည်သံနှင့်အတူ လောကက လှုပ်ခါသွားလေသည်။

သူတော်စင်ရာချီက တုန်လှုပ်ချောက်ချားသွား၏။

ဓားနှစ်လက်ကို ကိုင်ဆွဲထားသည့် ဆူဇီမို၏ ပုံရိပ်က ပြန်လည်ပေါ်ထွက်လာ၏။

အချိန်နှင့် လေဟာနယ်က ရပ်တန့်သွားပုံရသည်။

ခဏမျှရပ်တန့်ပြီးနောက် အဝီစိဓားနှင့် တမလွန်ဓားကြောင့် မဟာတာအိုရာချီဖြင့် ဖွဲ့စည်းထားသော အကြားအလပ်မရှိသည့်ပိုက်ကွန်မှာ အက်ကွဲကြောင်းတစ်ခု ပေါ်ထွက်လာလေသည်။

ဆူဇီမိုက ထိုအက်ကွဲကြောင်းကနေ လွတ်မြောက်သွား၏။

သူတော်စင်များ၏ အမူအရာများက တုန်လှုပ်စွာဖြင့် ပြောင်းလဲသွာကြသည်။

ဓားနှစ်လက်သည် သူတော်စင်ရာချီစုဖွဲ့ထားသည့် သူတော်စင်စွမ်းအားမှာ အပေါက်တစ်ပေါက်အဖြစ် တကယ်ပင် ဆုတ်ဖြဲနိုင်ခဲ့လေသည်။

“ငါတို့သူ့ကို လွှတ်ပေးလို့မရဘူး”

သူတော်စင်အဆုံးစွန်ယန်က အော်ပြောလိုက်၏။

အစကတော့ ဆူဇီမိုသည် အဝေးသို့ ထွက်ပြေးသွားချင်၏။ သို့သော်လည်း ထိုစကားကိုကြားသောအခါ သူက ဆတ်ခနဲပြန်လှည့်ပြီး သူတော်စင်အဆုံးစွန်ယင်နှင့် သူတော်စင်အဆုံးစွန်ယန်ကို တောက်လောင်ပြင်းပြသောအကြည့်ဖြင့် စိုက်ကြည့်ကာ သူ၏ သတ်ဖြတ်လိုစိတ်က သိပ်သည်းစုဖွဲ့လာ၏။

သူတော်စင်အဆုံးစွန်ယင်နှင့် သူတော်စင်အဆုံးစွန်ယန်က သူ့ကို သတ်ဖြတ်လို၏။ သို့သော် သူ့မှာလည်း တူညီသောအတွေးရှိနေလေသည်။

သူတော်စင်အဆုံးစွန်ယင်နှင့် သူတော်စင်အဆုံးစွန်ယန်ကို သတ်ဖြတ်ခြင်းဖြင့်သာ မီးပဒေသာနှင့် တမလွန်မီးရောင်သည် သူတော်စင်များဖြစ်၍ သူတို့၏ အထွတ်အထိပ်ကို ပြန်လည်ရောက်ရှိဖို့အတွက် တာအိုနှင့်ပေါင်းစည်းနိုင်မည့် အခွင့်အရေးကိုရမည်ဖြစ်သည်။

“သတ်…”

ဆူဇီမိုက မာန်သွင်းအော်ဟစ်လိုက်ပြီး တမလွန်ဓားနှင့် အဝီစိဓားကို ကိုင်ဆွဲလိုက်၏။ သူတော်စင်ရာချီ ဖရိုဖရဲဖြစ်နေခြင်းကို အခွင့်ကောင်းယူပြီး သူက သူတော်စင်အဆုံးစွန်ယင်နှင့် သူတော်စင်အဆုံးစွန်ယန်ရှေ့သို့ ချက်ချင်းပင်ပြေးဝင်ကာ ခုတ်ပိုင်းချလိုက်၏။

“မင်းဘယ်လိုတောင် လုပ်ရဲတာလဲ”

သူတော်စင်နှစ်ဦးက ဒေါသချောင်းချောင်းထွက်သွားပြီး သူတို့၏ သူတော်စင်လက်နက်များကို ဆင့်ခေါ်ကာ အလောတကြီးတိုက်ခိုက်လိုက်ကြ၏။

ချွင်… ချွင်…

စူးရှသောအသံနှစ်သံက ထွက်ပေါ်လာသည်။

သူတော်စင်လက်နက်နှစ်ခုကို ဆင့်ခေါ်လိုက်သည့်ခဏမှာပင် သူတို့သည် အဝီစိဓားဖြင့် ဖြတ်တောက်ခြင်းခံလိုက်ရ၏။

တမလွန်ဓားသည် လျှံထွက်လာတော့မည့်ဆဲဆဲ တလိပ်လိပ်ထိုးတက်လာသည့် သတ်ဖြတ်ခြင်းစိတ်ဆန္ဒနှင့်အတူ ရှေ့သို့ ခုတ်ပိုင်းချလိုက်၏။

သူတော်စင်အဆုံးစွန်ယင်နှင့် သူတော်စင်အဆုံးစွန်ယန်၏ မျက်လုံးများထဲမှာ သန်မာသောသွေးနံ့ကို ထုတ်ဖော်ထားသည့် နီညိုရောင်သွေးပင်လယ်တစ်စင်းပေါ်ထွက်လာလေသည်။

သွေးပင်လယ်ထဲမှာ သွေးနီရောင်လူသားမျက်နှာများ ပေါ်ထွက်လာကြ၏။ သူတို့အားလုံးသည် လွန်ခဲ့သည့်နှစ်ပေါင်းများစွာက သေဆုံးခဲ့သော သူတော်စင်များဖြစ်ကြလေသည်။

သူတော်စင်များသည် ဆိုးယုတ်တစ္ဆေများအဖြစ်ပြောင်းလဲသွားပုံရပြီး ရှေ့သို့ပြေးဝင်လာ၏။

“အား…”

သူတော်စင်အဆုံးစွန်ယင်နှင့် သူတော်စင်အဆုံးစွန်ယန်က တုန်လှုပ်သွားကြ၏။ တမလွန်ဓား၏ သတ်ဖြတ်ခြင်းစိတ်ဆန္ဒ၏ လွှမ်းမိုးမှုအောက်မှာသူတို့သည် အတော်လေးပြင်းထန်သည့် စိတ်ပိုင်းဆိုင်ရာထိုးနှက်ချက်တစ်ခုကို တွေ့ကြုံခံစားလိုက်ရ၏။

ပို၍အရေးပါသည်မှာ သူတို့ထိန်းချုပ်ထားသည့် ယင်မဟာတာအိုနှင့် ယန်မဟာတာအိုသည် ဆူဇီမို၏ အကြည့်အောက်မှာ သိသိသာသာသက်ရောက်ခံရပြီး သူတို့၏ အထွတ်အထိပ်ခွန်အားကို မထုတ်ဖော်နိုင်ကြတော့ပေ။

ထိုအနိမ့်အမြင့်အတက်အကျအောက်မှာ တမလွန်ဓားက ခုတ်ပိုင်းကျဆင်းလာ၏။

ဖောက်….

သူတော်စင်အဆုံးစွန်ယင်နှင့် သူတော်စင်အဆုံးစွန်ယန်သည် နှစ်ပိုင်းလှီးဖြတ်ခံလိုက်ရသည်။ သွေးမြူတစ်ခုက ပန်းထွက်လာပြီး သူတို့၏ သူတော်စင်သွေးများက ကောင်းကင်ကို နီစွေးသွားစေ၏။

အဝီစိဓားသည် လေထုကို ဆုတ်ဖြဲပြီး သူတော်စင်နှစ်ပါး၏ အမြုတေစိတ်ဝိညာည်များကို အကျဉ်းချကာ သူတို့ကို မဟာအဝီစိထဲမှာ ဖိနှိမ်လိုက်၏။

သူတို့၏ မဟာတာအိုများ ဖျက်ဆီးမခံရသရွေ့ သူတော်စင်များက သေဆုံးသွားလိမ့်မည် မဟုတ်ပေ။

သူတို့၏ အမြုတေစိတ်ဝိညာဉ်များက သတ်ဖြတ်ခံရသည်ဆိုလျှင်တောင် သူတို့သည် သူတို့၏ မဟာတာအိုကို အသုံးချကာ ပြန်လည်ရှင်သန်လာနိုင်ဦးမည်ဖြစ်သည်။

ထိုသို့ဆိုမှတော့ သူသည် သူတော်စင်နှစ်ပါး၏ အမြုတေစိတ်ဝိညာဉ်ကို အဝီစိဓားထဲမှာ အရင်ဆုံးဖိနှိမ်ပြီး သူတို့ကိုသေသည်ထက် ပိုမိုဆိုးဝါးသော ကံကြမ္မာနှင့် ဆုံတွေ့ပေးရပေလိမ့်မည်။

နောက်ပိုင်းမှာ ဆူဇီမိုသည် မဟာတာအိုကိုဖျက်ဆီးနိုင်သည့်စွမ်းအား ပိုင်ဆိုင်လာပြီးနောက် သူသည် သူတို့နှစ်ယောက်ကို လုံးလုံးလျားလျား ဖျက်ဆီးပစ်ပေလိမ့်မည်။

All Chapters