အသက်သွေးကြောကို ထိုးဖောက်သွားသည့် ဓားချက်တစ်ခု
Vol. 19 Ch. 271
ရှုကျိုးမှ အဖွဲ့ထဲသို့ လျှောက်လှမ်းလာခဲ့ရာတွင် ကျောက်ဟုန်ရင်နှင့် တစ်ခြားလူများဆီမှ အံ့ဩဝမ်းသာမှုတို့ဖြင့် ကြိုဆိုခြင်းကို ခံလိုက်ရသည်။
“ ခေါင်းဆောင်က အဲ့လောက်ကြီးတောင် တော်တယ်နော် “
“ သောက်ရမ်းကျေနပ်ဖို့ကောင်းတယ်၊ ငါတို့က နတ်သိုင်းဌာနကို ချီးထွက်အောင် ရိုက်နိုင်ခဲ့ပြီ “
အဖွဲ့သားအများစုသည် လက်မများ ထောင်ပြလာကြသည်၊ ယခင်မှုန်မှိုင်းနေခဲ့သည့် လေထုမှာ ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။
တစ်ဖက်ရှိ နတ်သိုင်းဌာန၏ လေထုကမူ အနည်းငယ် လေးလံနေလျက်ရှိသည်။
ဝမ်ချောင်ခုန်း၏ အမူအရာကပင် အနည်းငယ် ဆိုးရွားနေခဲ့သည်၊ သူသည် ရှုကျိုးရှိရာဘက်သို့ ကြည့်ကာ ရေရွတ်ပြောဆိုနေလျက်ရှိသည် “ ဆိုတော့ ဧကရာဇ်ရဲ့ ကောင်းချီးကို ခံခဲ့ရတဲ့လူက မင်းလား? “
ထိုအချိန်တွင် သူသည် ရှုကျိုးက ဧကရာဇ်၏ ကောင်းချီးပေးခြင်းအား ခံယူခဲ့ရသည်ဆိုသည်ကို လုံးဝသေချာသွားခဲ့သည်။
ဝမ်ချောင်ခုန်းသည် မလိုအားကျဖြစ်နေသော မျက်လုံးများဖြင့် ရှုကျိုးကို အေးစက်စွာ စိုက်ကြည့်နေတော့သည်။
လူအုပ်ထဲရှိ လျူတျန်မု၏ မျက်လုံးများလည်း လှုပ်ခတ်သွားခဲ့သည်။
“ ဒီကလေး၊ သူက နှစ်လအတွင်းမှာ ဘယ်လိုလုပ် ဒီလောက်တောင် သန်မာလာရတာလဲ? “
“ အခုသူက ငါ့ထပ်ပိုသန်မာနေပြီလား? “
လျူတျန်မုသည် စိတ်မသက်မသာဖြစ်သွားခဲ့ပြီး၊ အိမ်ပြန်လေ့ကျင့်ရန်ပင် စိတ်အားထက်သန်သွားခဲ့သည်။
အကယ်၍ ရှုကျိုးကသာ သူ့ကို လိုက်မှီလာခဲ့ပါက၊ သူ၏အဆုံးသတ်မှာလည်း သနားဖွယ်ကောင်းသွားမည် ဖြစ်သည်။
သို့ရာတွင် အဆုံး၌ လျူတျန်မုသည် သူ့ကိုယ်သူ စိတ်တည်ငြိမ်သွားစေလိုက်ကာ တစ်ခဏခန့် ဆက်ကြည့်နေရန် ဆုံးဖြတ်လိုက်သည်။
ပထမအဆင့်နယ်ပယ်၏ ပြိုင်ပွဲမှာ လုံးဝမပြီးဆုံးသေးပေ၊ သူသည် ဝမ်ချောင်ခုန်းက ရှုကျိုးအား သူ၏ အစစ်အမှန် စွမ်းအားကို ဖော်ထုတ်လာအောင် တွန်းအားပေးနိုင်လိမ့်မည်ဟု ယုံကြည်နေလျက်ရှိသည်။
…
ပွဲပြီးဆုံးသွားသည့်အချိန်တွင် အားလုံးသည် ရှုကျိုး၏ တိုက်ခိုက်ရေးစွမ်းအားကြောင့် အတော်အတန် အံ့ဩတုန်လှုပ်သွားကြသည်။
“ အားလုံး တိတ်ကြ !!! “
စင်မြင့်ထက်၌ ဝုချင်းရှန်သည် အားလုံး၏ စကားဝိုင်းများကို ကြားဖြတ်ကာ တိုးညှင်းစွာ အော်ပြောလာခဲ့သည်။
ရင်ပြင်တစ်ခုလုံး ငြိမ်သက်သွားသည့် အချိန်တွင် စကားဆက်ပြောလာခဲ့သည် “ နံပါတ်၂ ပြိုင်ပွဲဝင်တွေ စင်ပေါ်ကို တက်လာပါ “
ထိုစကားလုံးများ ပေါ်ထွက်လာသည်နှင့်တစ်ပြိုင်နက် ရှုကျိုးသည် အားပေးနေသော အကြည့်မျိုးဖြင့် ကျောက်ဟုန်ရင်ကို လှည့်ကြည့်လိုက်သည်၊ သူမသည် မဲနံပါတ် ၂ပိုင်ရှင်ဖြစ်သည်။
နှစ်ဖက်လုံးမှ လူများသည် စင်ပေါ်သို့ လျင်မြန်စွာ ရောက်ရှိလာကြသည်။
“ အစစ်အမှန် သိုင်းပညာဌာန၊ ကျောက်ဟုန်ရင် “
“ နတ်သိုင်းဌာန၊ ကျိုမင်းလျန် ”
ကိုယ့်ကိုကိုယ် မိတ်ဆက်ခဲ့ပြီးသည့်နောက်၌ ကျိုမင်းလျန်၏ သွေးကြောမှတ် ၁၅၇ခုလုံး လင်းလက် တောက်ပလာခဲ့သည်။
အားကောင်းသော အရှိန်အဝါတစ်ခု ပွင့်ထွက်လာခဲ့သည် !!!
ကျောက်ဟုန်ရင်၏ အမူအရာ အနည်းငယ် ပြောင်းလဲသွားခဲ့သည်၊ သွေးကြောမှတ် ၁၅၇ခု၏ ဖိအားသည် သွေးကြောမှတ် ၁၅၅ခု၏ဖိအားထပ် များစွာသာလွန်နေခဲ့သည်။
“ ပြိုင်ပွဲစပြီ “
ဝုချင်းရှန်၏ အမိန့်ပေးမှုနှင့်အတူ ကျိုမင်းလျန်သည် ချက်ချင်းလှုပ်ရှားလာခဲ့သည်၊ စစ်ပုဆိန်ကို ကိုင်ဆွဲကာ သူ၏အစွမ်းအထက်ဆုံး အကွက်ဖြစ်သော ကမ္ဘာမြေခွဲခြမ်းသည့် ကောင်းကင်ကြယ်တူကို ထုတ်သုံးလာခဲ့သည်။
“ ဝှစ် ဝှစ် ဝှစ် !!! “
ကောင်းကင်ယံတွင် တူအရိပ်များဖြင့် ပြည့်နှက်လာခဲ့ပြီး၊ ကျောက်ဟုန်ရင်ကို ချက်ချင်း ဖုံးလွှမ်းလာခဲ့သည်။
…
“ အို့ မဖြစ်ဘူး !!! “
စင်အောက်ရှိ ကျိုးယွမ်မှ အံ့ဩတကြီးဖြင့် အော်ပြောလာခဲ့သည်။
ကျိုမင်းလျန်သည် လင်းတုန်ကဲ့သို့ပင် သူ၏အစွမ်းအထက်ဆုံး တိုက်ကွက်ဖြင့် စတင်လာခဲ့သည်၊ သူ၏ချီ-သွေးစွမ်းအားသည် ကျောက်ဟုန်ရင်ထပ် သာလွန်နေပြီးသားဖြစ်ပြီး၊ သူမအား ဤကဲ့သို့သော အခြေအနေများအောက်တွင် အခွင့်အရေးတစ်ခုမှ မရအောင် ဖြစ်သွားစေခဲ့သည်။
“ ကျန်နေတဲ့လူတွေထဲမှာ ရှုကျိုးပြီးရင် ကျောက်ဟုန်ရင်က အစွမ်းဆုံးပဲ။ တကယ်လို့ သူမသာ ရှုံးသွားမယ်ဆိုရင် နောက်ပိုင်းကျရင် ………. “
တစ်ချို့သော ပြိုင်ပွဲဝင်များထံတွင်လည်း အကောင်းမြင်စိတ်များ မရှိကြတော့ပေ။
လေထုသည် ထပ်မံ၍ တင်းမာလာပြန်သည်။
ရှုကျိုးသည် သူတို့ကို လျစ်လျူရှုထားပြီး၊ စင်ပေါ်ရှိ တိုက်ပွဲကိုသာ စောင့်ကြည့်နေခဲ့သည်။
…
ကောင်းကင်အနှံ့ပြည့်နှက်နေသည့် တူအရိပ်များဖြင့် ရင်ဆိုင်လိုက်ရသောအခါတွင် ကျောက်ဟုန်ရင်သည် လုံးဝမရှောင်ရှားခဲ့ပေ။
ထို့အစား သူမသည် အရှေ့ရှိ ကျိုမင်းလျန်ကိုသာ စိုက်ကြည့်နေခဲ့သည်၊ နောက်ထပ်စက္ကန့်ပိုင်းမျှအကြာတွင် သူမသည် လေသံတိုးတိုးလေးဖြင့် ကြုံးဝါးကာ သူမ၏ ဓားကို အရှေ့ဘက်သို့ လွှဲရမ်းလာခဲ့သည်။
“ သေချင်နေတာပဲ !! “
ကျိုမင်းလျန်၏ မျက်လုံးများထဲတွင် လှောင်ပြောင်နေသည့် အရိပ်အငွေ့များ ဖြစ်တည်လာခဲ့သည်။
ငါ့ရဲ့ စစ်တူကို ဓားနဲ့ပြန်တိုက်ဖို့ ကြိုးစားနေတယ်ပေါ့?? အရူးပဲ !!
နောက်ထပ်စက္ကန့်ပိုင်းမျှအကြာတွင် ဓားနှင့် တူတို့ တိုက်မိသွားကြသည်။
ခွမ်းဟူသော အသံနှင့်အတူ ကျောက်ဟုန်ရင်၏ ခန္ဓာကိုယ်သည် အပြင်းအထန် လှုပ်ခါသွားခဲ့ပြီး၊ နောက်သို့ ထပ်ခါတလဲလဲ ဆုတ်သွားရတော့သည်။
“ အု ~~~ “
တိုက်ကွက်တစ်ခုတည်းဖြင့် သူမသည် သွေးအန်ရလုနီးပါးဖြစ်သွားခဲ့သည်။
အစစ်အမှန် သိုင်းပညာဌာန၏ သွေးကြောမှတ် ၁၂၀၏ ပါဖက်စနစ်သည် နတ်သိုင်းဌာနမှ သွေးကြောမှတ် ၁၅၅ခုအောက်သာရှိသည့် မည်သည့်ပါရမီရှင်ကိုမဆိုရင်ဆိုင်ရန် လုံလောက်ပေသည်။
သို့သော် သွေးကြောမှတ် ၁၅၇ခုကမူ အဆင့်နှစ်ဆင့်သာလွန်နေခြင်းဖြစ်ပြီး၊ ကျောက်ဟုန်ရင် ကိုင်တွယ်နိုင်သည့် အတိုင်းအတာထပ် ကျော်လွန်နေခဲ့သည်။
တစ်ကွက်တည်းဖြင့် သူမသည် အပြင်းအထန် ဒဏ်ရာရရှိသွားခဲ့သည်။
ကျိုမင်းလျန်သည် သူမကို အသက်ရှူရန်ပင် အခွင့်အရေး မပေးချေ။ သူ၏စစ်တူကို မြှောက်ကာ မြေပြင်ပေါ်သို့ ထုချလိုက်သည်၊ ဒုတိယတိုက်ကွက်သည် လေနှင့်အတူ လိုက်ပါလာခဲ့သည်။
ကျောက်ဟုန်ရင်၏ မျက်လုံးလေးများထဲတွင် စိတ်ပိုင်းဖြတ်လိုက်သည့် အရိပ်အငွေ့များ ဖြစ်တည်လာခဲ့ကာ သူမ၏ဓားဖြင့် ထပ်မံ၍ ပိတ်ဆို့ကာကွယ်လိုက်သည်။
“ ဝုန်းးး !!! “
အဆိုပါ တိုက်ကွက်အောက်တွင် ကျောက်ဟုန်ရင်သည် အကြမ်းပတမ်း လွင့်ထွက်သွားခဲ့ပြီး၊ သွေးများအန်နေရကာ မျက်နှာဖြူဖျော့သွားတော့သည်။
သူမ၏ အရှိန်အဝါ မှိန်ဖျော့သွားပြီး၊ သူမ၏ ကိုယ်တွင်းအဂ်ါများပင် အပြင်းအထန် ဒဏ်ရာရသွားခဲ့ပြီ ဖြစ်သည်။
“ နင်က ငါ့ပြိုင်ဘက် မဟုတ်ဘူး၊ အရှုံးပေးလိုက် “
ကျိုမင်းလျန်မှ အေးစက်စွာ ပြောလာခဲ့သည် “ အဲ့လိုမှ မဟုတ်ဘူးဆိုရင် နင်က ဒုက္ခိတဖြစ်သွားလိမ့်မယ် “
ကျောက်ဟုန်ရင်သည် တိတ်ဆိတ်နေစဲသာဖြစ်ပြီး၊ သူမ၏ဓားကို ထပ်မြှောက်လာခဲ့သည်၊ သူမ၏သွေးကြောမှတ် အခု၁၂၀လုံး လင်းလက်လာခဲ့ပြီး၊ သူမ၏ ချီ-သွေးစွမ်းအင်များသည် အထွတ်အထိပ်အခြေအနေသို့ ပြန်ရောက်လာခဲ့ကာ သူမသည် ကျိုမင်းလျန်ထံသို့ ပြေးတက်လာခဲ့သည်။
“ အချည်းနှီး ရုန်းကန်မှုပဲ “
၎င်းကို မြင်လိုက်ရသောအခါတွင် ကျိုမင်းလျန်မှ ထပ်မံ၍ အော်ငေါက်လာခဲ့ပြီး၊ သူ၏ တူကို ထပ်မံ၍ လွှဲရမ်းလာခဲ့ရာ ကြောက်မက်ဖွယ်ကောင်းသည့် လေတိုးသံများသည် နေရာအနှံ့ ပဲ့တင်ထပ်သွားတော့သည်။
“ ဝုန်းးးး !!! “
ဤတစ်ကြိမ်တိုက်ကွက်သည် ကျောက်ဟုန်ရင်ကို အဝေးသို့ လွင့်ထွက်သွားစေတော့သည်။
သို့သော် သူမအား ကွင်းထဲမှ ထွက်သွားအောင် မပြုလုပ်နိုင်ခဲ့ပေ။
ကျောက်ဟုန်ရင်သည် သူမ၏ဓားကို မြေပြင်ပေါ်သို့ ထိုးစိုက်ကာ ပြန်ထရန် ရုန်းကန်နေတော့သည်၊ သူမ၏ ရှေ့သွားနှစ်ချောင်းကျိုးနေပြီဖြစ်ကာ ပါးစပ်တစ်ခုလုံးတွင် သွေးများပြည့်နှက်နေပြီး၊ သနားဖွယ်အခြေအနေဖြစ်သော်လည်း သူမ၏ခေါင်းကို မော့ထားစဲပင်ဖြစ်သည်။
သူမ၏ အကြည့်သည် ယခင်ကကဲ့သို့ပင် ခိုင်မာနေခဲ့ပြီး၊ မတ်တပ်ရပ်လာနိုင်သည်နှင့်တစ်ပြိုင်နက် ကျိုမင်းလျန်ကို ထပ်မံ၍ တိုက်ခိုက်လာပြန်သည်။
“ သောက်တုံးမ “
ကျိုမင်းလျန်မှ လှောင်ပြောင်လာခဲ့သည် “ ငါက နင့်ကို သနားမယ်လို့ ထင်နေတာလား? တုံးလွန်းတယ် “
သူသည် သူ၏စစ်တူကို မြှောက်လိုက်ပြီး၊ သူ့ဆီသို့ လာနေသော ကျောက်ဟုန်ရင်ထံသို့ တိုက်ကွက်တစ်ခု ပစ်သွင်းရန် စီစဥ်လိုက်သည်။
သူမသေသေ၊ ရှင်ရှင် သူနှင့်ဘာမှ မဆိုင်ပေ။
ဤတိုက်ပွဲ၏ ရလဒ်မှာ ဆုံးဖြတ်ထားပြီးသားဖြစ်သည်။
“ ခရမ် ခရမ် ခရမ် “
ကျောက်ဟုန်ရင်သည် ရှေ့သို့တက်လာခဲ့ပြီး၊ သူမ၏ နောက်ဆုံးသော အင်အားကို အသုံးပြုနေရသကဲ့သို့ သူမ၏ဓားကို မြှောက်ရန်ရုန်းကန်နေခဲ့ရပြီး၊ ကျိုမင်းလျန်ကို ချိန်ရွယ်လာခဲ့သည်။
သို့သော် ဓားနှင့် ထိုးတော့မည့် အချိန်တွင် သူမ၏ခန္ဓာကိုယ်သည် ရုတ်တရက် လိမ်ခေါက်သွားကာ သူမ၏အမြန်နှုန်းမှာလည်း ထောင်တက်လာခဲ့သည်။
“ ဟမ်?? တစ်ခုခု မှားနေပြီ !!! “
ကျိုမင်းလျန်၏ အမူအရာ ပြောင်းလဲသွားရတော့သည်၊ ဒီမိန်းမက ဟန်ဆောင်နေခဲ့တာပဲ။
သူသည် နောက်ဆုတ်ချင်နေခဲ့သည်၊ သို့သော် အလွန်နောက်ကျနေခဲ့ပြီဖြစ်ပြီး၊ ကျောက်ဟုန်ရင်မှ သူမ၏ လက်ကောက်ဝတ်ကို လှုပ်ရှားကာ ဓားဖြင့် အောက်ဘက်သို့ ကြမ်းကြမ်းတမ်းတမ်း ထိုးချလာခဲ့သည်။
“ ဇွီ !!! “
ထိုးဖောက်သွားသော အသံတစ်ခု ထွက်ပေါ်လာခဲ့ပြီး၊ ဓားသည် ကျိုမင်းလျန်၏ ညီလေးကို ထိုးဖောက်သွားခဲ့သည်။
( ညီလေးဆို သဘောပေါက်လိုက်တော့ချိဖတို့ )
“ အားးးးး !!! “
ဝမ်းခေါင်းသံကြီးဖြင့် အော်ဟစ်လိုက်သည့် အသံတစ်သံ ပေါ်ထွက်လာခဲ့သည်။
ကျိုမင်းလန်သည် သူ၏ညီလေးကို ဆုပ်ကိုင်ကာ၊ ပြင်းထန်သော နာကျင်မှုကြောင့် မျက်နှာပင် ရှုံ့မဲ့သွားခဲ့သည်။
“ သွားစမ်း “
ကျောက်ဟုန်ရင်သည် ရှည်လျားသွယ်လျသော သူမ၏ခြေတံလေးကို မကာ ကျိုမင်းလျန်၏ ရင်ဘတ်ကို ကန်ချလိုက်သည်။
ဘုမ်းဟူသောအသံနှင့်အတူ ကျိုမင်းလျန်သည် လေပေါ်သို့ မြောက်တက်လာခဲ့ပြီး၊ ထို့နောက်တွင် ပြိုင်ကွင်းထဲမှ လွင့်ထွက်သွားတော့သည်။
…
လူအုပ်ကြီးတစ်ခုလုံး ရင်ခုန်သံများပင် နှေးကျသွားခဲ့သည်။
လူတော်တော်များများ၏ မျက်လုံးများပင် အံ့ဩတကြီးဖြင့် ပြူးကျယ်သွားခဲ့သည်၊ ကျောက်ဟုန်ရင်သည် သူမ၏ဓားဖြင့် ကျိုမင်းလျန်၏ ယောကျာ်းသဘာဝကို ထိုးဖောက်ခဲ့သည်။
တစ်ချို့သော ယောကျာ်လေး ကျောင်းသားများသည် မနေနိုင်ကြတော့ဘဲ သူတို့၏ ညီလေးများကို ဖုံးအုပ်လိုက်ကြပြီး စိတ်ဒဏ်ရာပင် ခံစားသွားကြရသည်။
ထိုအချိန်တွင် စင်ပေါ်မှ ကန်ချခံလိုက်ရသည့် ကျိုမင်းလျန်ကမူ သူ၏ညီလေးကို ၍ငုံ့ကြည့်ကာ မတ်တပ်ထရပ်ရန် ရုန်းကန်နေရတော့သည်၊ ထို့နောက်တွင် သူသည် ဒေါသတကြီး ဟိန်းဟောက်လာတော့သည်။