← Chapters

လင်းမိသားစု လူငယ်သိုင်းပြိုင်ပွဲ၊

Vol. 1 Ch. 1

လင်းမိသားစု လူငယ်သိုင်းပြိုင်ပွဲ၊

Vol. 1 Ch. 1

“မဟာကောင်းကင်ဘုံတန်ခိုးမှတ်တမ်း”

တစ်ချက်နှိပ်ပြီးရယူခြင်း(Sign in)စနစ်

ချင်းယန်မြို့ငယ်!

ရူးသွပ်ဓားသိုင်းခန်းမ!

ခန်းမခေါင်းဆောင်အကြီးအကဲ လုံချန်သည် သူ၏ လက်ရွေးစင်တပည့်အသစ်များအား ဓားကွက်များ သင်ကြားပေးနေချိန်ဖြစ်သည်။

ထိုအချိန်တွင် တပည့်တစ်ဦးက အလွန်အမင်း မောပန်းလျက် ပြေးဝင်လာခဲ့သည်။

“အကြီးအကဲ... မနက်ဖြန် လင်းမိသားစုရဲ့ မိသားစုညီလာခံရှိတယ်၊ ကျမတို့ ရူးသွပ်ဓားသိုင်းခန်းမကိုလည်း တက်ရောက်ဖို့ဖိတ်ထားပါတယ်။”

“အင်း... လင်းမိသားစုလား... ကောင်းပြီ၊ သွားကြည့်သင့်တယ်။ ဒီတစ်ခါတော့ လုံထန်ကိုကိုယ်စား သွားခိုင်းလိုက်မယ်၊” ဟု လုံချန်း တွေးတောပြီး စီစဉ်ညွှန်ကြားလိုက်သည်။

ရူးသွပ်ဓားသိုင်းကခန်းမနှင့် လင်မိသားစုသည် အတိုင်းအတာတစ်ခုအထိ မဟာမိတ်အဖြစ် ကောက်ချက်ချနိုင်သည်။

ရူးသွပ်ဓားသိုင်းခန်းမအပါအ၀င် လိန့်မိသားစု၊ ရှဲ့မိသားစု၊ လင်းမိသားစု တို့သည်ချင်းယန်မြို့ငယ်လေးအတွင်းအင်အားကြီးအဖွဲ့အစည်းလေးခုအဖြစ် ခိုင်မာစွာ ရပ်တည်နေကြသည်။

ရူးသွပ်ဓားသိုင်းခန်းမ စတင်တည်ထောင်စဉ်က လိန့်မိသားစုနှင့် ရှဲ့မိသားစုနှစ်ခုဆီမှ အတားအဆီးများ ကြုံတွေ့ခဲ့ရသည်။

နှစ်ပေါင်းများစွာကြာတဲ့အထိ ထိုမိသားစုကြီးနှစ်ခု၏ ဖိအားပေး နှောက်ယှက်မှုကိုဆက်တိုက်ခံခဲ့ရသည်။

လင်းမိသားစု၏ အခြေအနေသည်လည်း ရူးသွပ်ဓားသိုင်းခန်းမနှင့် ဆင်တူရိုးမားပင်။

လိန့်နှင့်ရှဲ့ မိသားစုနှစ်ခု၏ ဖိအားပေးမှုအောက်တွင်၊ တစ်ဖက်ဖက်ကကြရှုံးတာနဲ့ နောက်တစ်ဖက်ကပါရပ်တည်ဖို့မလွယ်ကြောင်း နားလည်သဘောပေါက်ထားသော ဤအင်အားစုနှစ်ခုသည် အလိုအလျောက် မဟာမိတ်ဖြစ်လာကြသည်။

ပွင့်ပွင့်လင်းလင်း မပြောကြသော်လည်း၊ ယခုကဲ့သို့အခြေအနေတွင် နှစ်ဦးနှစ်ဖက် နားလည်မှုတစ်ခု ရယူထားခဲ့ကြသည်။

ထိုကြောင့် ဓလေ့ထုံးတမ်းအရ အပြန်အလှန် ဆက်ဆံရေးမျိုးသည်လည်း မရှိမဖြစ် လိုအပ်ပေသည်။

သို့သော် လင်းမိသားစုညီလာခံကဲ့သို့သော ပွဲမျိုးတွင် ခန်းမခေါင်း‌ဆောင်ကိုယ်တိုင် တက်ရောက်ရန် မလို။ သူ၏သား လုံထန်အား စေလွှတ်ခြင်းက လုံလောက်သော တုံ့ပြန်မှုတစ်ခုဖြစ်သည်။

“အိုး... ဝူယွမ်ကိုလည်း ခေါ်သွားအုံး သူ အသည်းအသန် ဖျားနာပြီးကတည်းက အခန်း‌အောင်းနေတာကြာပီ။ အပြင်ထွက်ပြီး လေကောင်းလေသန့် ရှုပါ‌စေ။ ပြီးရင်... လင်းမိသားစု ပြိုင်ပွဲဆုရရှိသူအတွက် အဆင့် (၃) ဝိညာဥ်ဆေး တစ်လုံးလည်း ပြင်ဆင်ထားလိုက်၊”

လုံချန်းက ထပ်မံသတိပေးလိုက်သည်။

ဝူယွမ်တစ်ယောက် သီးသန့်ခန်းထဲတွင် ပုန်းအောင်နေခဲ့သည်မှာ သုံးရက်ကြာခဲ့လေပီ။

သူသည် ကမ္ဘာကူးပြောင်းခြင်း၏ နောက်ဆက်တွဲ ဆိုးကြိုးများကိုခံစားနေရပြီး ပြန်လည်နာလန်ထူလာဖို့ရာခက်ခဲနေဆဲဖြစ်သည်။ မျက်လုံးတစ်ချက်မှိတ်လိုက် ဖွင့်လိုက်နှင့် မတူညီသော ကမ္ဘာတစ်ခုသို့ ရောက်ရှိသွားပြီး လုံးဝမတူညီသော လူတစ်ယောက် ဖြစ်သွားသည်ကို စဉ်းစား နေမိသည်။

အလွန်ထူးဆန်းလှပေသည်။

သုံးရက်အတွင်း မူရင်းခန္ဓာကိုယ်ပိုင်ရှင်ဝူယွမ်၏ မှတ်ဉာဏ်များကို ပေါင်းစပ်ပြီးနောက်၊ သူသည် တဖြည်းဖြည်း အရှိကိုအရှိအတိုင်း လက်ခံလာနိုင်ခဲ့သည်။

ထျန်းရွမ် တိုက်ကြီး၊ ရူးသွပ်ဓားသိုင်းကျောင်း၊ ချင်းယန်းမြို့ငယ်။

ဝူယွမ်သည် ဤနေရာက

“သိုင်းပညာကမ္ဘာ” ဖြစ်ကြောင်း နားလည်သဘောပေါက်လာခဲ့သည်။

“လင်းတုန်” သည် သူ၏ယခင်ဘဝတွင် အကြိုက်ဆုံး ဝတ္ထုတစ်ပုဒ် ဖြစ်သည်။

ကြိုးစားအားထုတ်မှု၊ ညီအစ်ကိုရင်းချာစိတ်ဓာတ်၊ စိတ်လှုပ်ရှားဖွယ် စွန့်စားခန်းများ၊ နက်ရှိုင်းသော အချစ်ဇာတ်လမ်းများ၊ ကျူးကျော်သူများကို တွန်းလှန်ခြင်း... တစ်ချိန်က သူ့မှာလည်း အိပ်မက်တစ်ခုရှိခဲ့ဖူးသည်။ စိတ်တူကိုယ်တူ ညီအစ်ကိုများနှင့်အတူ ခရီးထွက်ပြီး အတူတကွ တိုက်ခိုက်ရန် ဖြစ်သည်။

လင်းတုန်သည် သူ အလွန်အမင်း နှစ်သက်မြတ်နိုးရဆုံးနှင့် လေးစားအားကျရဆုံး ဇာတ်လိုက်ဖြစ်သည်။

“လင်းတုန်နဲ့ တစ်ကမ္ဘာတည်းမှာရှိ‌ နေမယ်လို့တစ်ခါမှ မတွေးခဲ့ဖူးဘူး။ ဒီလိုဆို ကမ္ဘာကူးပြောင်းသွားတာကလည်း သိပ်တော့ဆိုးပါဘူး၊”

ဒေါက်ဒေါက်...

တံခါးခေါက်သံကြားလိုက်သည်။

“အစ်ကိုကြီး... အကြီးအကဲက အစ်ကိုကြီးကို အကိုကြီးလုံထန်နဲ့အတူ မနက်ဖြန် လင်းမိသားစုညီလာခံကို တက်ရောက်ရမယ်တယ်လို့ မှာလိုက်တယ်။”

သူတို့သည် ဆရာတစ်ဦးတည်းမှ တပည့်များ ဖြစ်ကြသည်။ လုံထန်သည် ပထမမျိုးဆက် တပည့်ရင်းဖြစ်ပြီး၊ ဝူယွမ်သည် ဒုတိယမျိုးဆက် တပည့်များ၏ ခေါင်းဆောင်ဖြစ်သဖြင့် နှစ်ဦးစလုံးကို ‘အစ်ကိုကြီး’ ဟုခေါ်ကြသည်။

“သိပြီ!”

လင်းမိသားစုညီလာခံသည် လင်းတုန် ပထမဆုံးအကြိမ် သူ့အတွက်အရေးပါသည့်နေရာသို့ ရောက်ရှိချိန်ဖြစ်သည်... ဝူယွမ်စောင့်မျှော်နေခဲ့သည်...

နောက်တစ်နေ့၊

ရူးသွပ်ဓားသိုင်းခန်းမ၏ တပည့်တပန်းများသည် နံနက်စောစောကတည်းက လူအုပ်စုလှည်းလေးစီးနင့်အတူ ခရီးထွက်လာခဲ့သည်။

လှည်းအတွင်း၌၊ လုံထန်သည် မျက်နှာအသားအရေ ဖြူဖတ်ဖြူရော်ဖြစ်နေသော ဝူယွမ်ကို ကြည့်ကာ စိုးရိမ်စွာဖြင့် ပြောလိုက်သည်။

“‌ရှောင်ယွမ်... မင်းက ခန္ဓာကိုယ် သန့်စင်ခြင်း အဆင့် (၈) ကိုရောက်နေပြီ။ ငါ့တို့သိုင်းခန်းမရဲ့ အထူးချွန်ဆုံး ပါရမီရှင်ဘဲ။ မင်းကျန်းမာရေးကို သေချာဂရုစိုက်၊ ကောင်းကောင်း လေ့ကျင့်။ မင်းက ရူးသွပ်ဓားသိုင်းခန်းမရဲ့ အနာဂတ်ဘဲ။”

“ဘယ်လိုအခက်အခဲမဆို ကိုယ့်အစ်ကိုကြီးကို ပြောပြလို့ရတယ်။”

“အစ်ကိုကြီး သိပ်စိုးရိမ်စရာမလိုပါဘူး၊ ကျွန်တော် အတော်လေး ပြန်ကောင်းလာပါပြီ။ အခုကစပြီး ကျွန်တော် သေချာကြိုးစားလေ့ကျင့်မှာပါ၊” ဟု ဝူယွမ်က ပြန်ပြောလိုက်သည်။

ဤဘဝတွင် ဝူယွမ်သည် မိဘမဲ့ကလေးတစ်ဦးသာဖြစ်ပြီး၊ ရူးသွပ်ဓားသိုင်းကျောင်းမှ မွေးစားထားခြင်းကိုခံရသည်။ လုံထန်သည် သူ့ကိုကြီးပြင်းတဲ့အထိ ကြည့်ရှုစောင့်ရှောက်ပေးခဲ့သော ဆရာ့တူအစ်ကိုကြီးတစ်ဦးနှင့် တူသည်။

နာရီဝက်အကြာတွင်၊ သူတို့သည် လင်းမိသားစုဆီသို့ ရောက်ရှိလာခဲ့ကြသည်။

“အိုး... ညီလေး လုံထန်... ကိုယ်တိုင်ကြွရောက်လာတာ ကျွန်တော် တို့လင်းမိသားစုအတွက် ဂုဏ်ယူစရာဘဲ၊” ဟု လင်းမိသားစုမှ ကြိုဆိုသူ လင်းကန်ကပြောလိုက်သည်။

“မဟုတ်ပါဘူး မဟုတ်ပါဘူး... ဦးကြီး လင်းကန် ‌မြှောက်ပင့်လွန်း‌ နေပါပီ။”

“ကျေးဇူးပြုပြီး ….. ၀င်ကြပါ ဝင်ကြပါ...”

လင်းကန်သည် သူတို့နှစ်ဦးကို လေ့ကျင့်ရေးကွင်းသို့ တိုက်ရိုက် ခေါ်ဆောင်သွားခဲ့သည်။ ထိုနေရာသည် လင်းမိသားစုလူငယ်များ ပြိုင်ပွဲကျင်းပမည့် နေရာဖြစ်သည်။

ရူးသွပ်ဓားသိုင်းခန်းမသည် သိသိသာသာ အလေးထားခံရဆဲဖြစ်သည်။ ယနေ့ လင်းမိသားစုသို့ လာရောက်သည့် ဧည့်သည်အားလုံးထဲတွင်၊ သူတို့သည် အထင်ကရအဖြစ်ဆုံး ဧည့်သည်များဖြစ်ကြသည်။

သူတို့သည် အထူးဧည့်သည်ထိုင်ခုံတွင် ထိုင်ခွင့်ရကြပြီး၊ လင်းမိသားစုခေါင် ဆောင် အကြီးအကဲ လင်းကျန့်တျန်းထက် တစ်ဆင့်သာနိမ့်သောထိုင်ခုံတွင် နေရာချပေးထားခြင်းခံရသည်။

“အကြီးအကဲလင်းကို ဂါ၀ရပြုပါတယ်!” နှစ်ဦးစလုံး ကိုင်းညွှတ်ဂါ၀ရပြုကြသည်။

“ညီလေး လုံထန်... ကျေးဇူးပြုပြီး ထိုင်ပါ။”

“ဒီလူငယ်လေးက... မင်းတို့သိုင်းခန်းမရဲ့ ပါရမီရှင်တပည့် ဝူယွမ် မလား?” ဟု သူက ဝူယွမ်ကို ကြည့်ရှုကာ မေးမြန်းလိုက်သည်။

“ဘကြီးလင်း မြှောက်ပင့်လွန်းနေပါပီ။ ဒီကောင်လေးက တစ်ကယ်ဘဲ ဝူယွမ်ပါ!”

ချင်းယန်းမြို့ငယ်တွင် ဝူယွမ်၏ ဂုဏ်သတင်းသည် အတော်အတန်မြင့်မားသည်။ သူသည် လိန်မိသားစုမှ လိန်လီနှင့် ရှဲ့မိသားစုမှ ရှဲ့ရင်ရင်တို့နှင့် အဆင့်အတန်းတူ မျိုးဆက်သစ် ပါရမီရှင်တစ်ဦးဖြစ်သည်။

“ တစ်ကယ်ကို လူငယ်‌လက်သစ် တွေထဲကပါရမီရှင်‌တွေထွက်ပေါ်လာတာဘဲ” ဟု လင်းကျဲ့တျန်းက ဝမ်းနည်းသံဖြင့် ပြောဆိုလိုက်သည်။

သူတို့ လင်းမိသားစု ယခုမျိုးဆက်တွင် ဤအဆင့်ရှိသော ပါရမီရှင်တစ်ဦးမျှ မမွေးဖွားသေးပေ။

အကြီးဆုံးဖြစ်သူ လင်းဟုန်နှင့် လင်းရှတို့သည် ခန္ဓာကိုယ် သန်စင်ခြင်း အဆင့် (၇) သို့ အသက်ကြီးမှရောက်ရှိခဲ့ကြ‌ သည်၊ ဒါပေမဲ့ဝူယွမ်နှင့် အခြားသူများက သူတို့ထက် ငယ်ရွယ်သော်လည်း အဆင့် (၈) သို့ ရောက်ရှိနေပြီးဖြစ်သည်။

ဝူယွမ်သည် ပြုံးရယ်ကာ၊ အဓိပ္ပါယ်သက်ရောက်စွာ ပြောဆိုလိုက်သည်။

“ဘကြီးလင်း နှိမ့်ချလွန်း‌နေပါပြီ။ ကျွန်တော့်အထင်တော့... လင်းမိသားစုမှာ ဒီနေ့ပဲ ပါရမီရှင်တစ်ယောက် ပေါ်ထွက်လာမယ်လို့ ထင်တယ်။”

“ကျေးဇူးတင်ပါတယ် ကျေးဇူးတင်ပါတယ်!” ပြောပြီးနောက်၊ လင်းကျဲ့တျန်းနှင့် လင်းကန်တို့သည် အပြင်သို့ထွက်ကာ အခြားဧည့်သည်များကို ကြိုဆိုခဲ့ကြသည်။

အခြားသော လင်းမိသားစုဝင်များသည် ၀ူယွမ်တို့အနားတစ်ယောက်ပြီးတစ်ယောက် ချဉ်းကပ်လာကြပြီး၊ လုံထန်နှင့် ဝူယွမ်တို့ကို စိတ်အားထက်သန်စွာဖြင့် ကြိုဆိုနှုတ်ဆက်ကြသည်။ လက်ရှိတွင် လင်းမိသားစုအတွင်းရှိ ဒုတိယအကြီးအကဲ လင်းမန်းသည်ပင် ဝူယွမ်အား အကြိမ်အနည်းငယ် ချီးကျူးခဲ့သည်။

သူသည် ဝူယွမ်ညွှန်းဆိုသည့်ပါရမီရှင်မှာ သူ၏သား လင်းဟုန်ဖြစ်မည်ဟု ထင်မှတ်နေခဲ့သည်။

သို့သော် ဝူယွမ်သည် သူ့ကိုမမြင်သည့်အတိုင်း လုံးဝဥဿုံ လျစ်လျူရှုထားခဲ့သည်။

ဤအချက်သည် လင်းမန်ကို မျက်နှာအလွန်ပျက်စေခဲ့သည်။

ဤမြင်ကွင်းကို ခုနကလေးတင် ဝင်ရောက်လာသော လူငယ်တစ်ဦးက မြင်တွေ့လိုက်ရသည်။

“လင်းရှောင်ရောက်လာပြီ!” တစ်စုံတစ်ဦးက လင်းမန်အား ပြောဆိုလိုက်သည်။

အနည်းငယ် ပင်ပန်းနွမ်းလျှနေပုံ ပေါ်သော သက်လက်ပိုင်းအရွယ် လူတစ်ဦးသည် အသက် ၁၀ နှစ်ခန့်ရှိသော ယောက်ျားလေး၊ မိန်းကလေးတစ်ဦးတို့နှင့်အတူ လမ်းလျှောက်ဝင်ရောက်လာခဲ့သည်။

“တတိယညီငယ်... ဒီတစ်ကြိမ်ကျမှ နေရာမှန်ကို ရောက်လာတာလား?” လင်းမိသားစု၏ ဒုတိယအကြီးအကဲ လင်းမန်က သရော်သံဖြင့် ပြောဆိုလိုက်သည်။

လင်းရှောင်က သူ့ဘက်သို့ အေးစက်စွာ မျက်စောင်းထောက်လိုက်သည်။ “ပြဿနာရှိလို့လား?”

“ပြဿနာမရှိပါဘူး... ဒါပေမယ့် ဒီနေ့က ငါတို့ လင်းမိသားစုအတွက် အရေးကြီးတဲ့နေ့ဘဲ။ ထွက်လာပြီးရင် လင်းမိသားစုကို မျက်နှာမပျက်စေနဲ့တော့၊” ဟု လင်းမန်က သရော်လိုက်သည်။

“အဲဒါ လင်းတုန်လား?” ဝူယွမ်သည် ထိုအချိန်တွင် ငယ်ရွယ်သောမျက်နှာဖြင့် ကြည့်ရတာ လေးလေးနက်နက်ရှိသော ယောက်ျားလေးကို ကြည့်လိုက်သည်။

သူနှင့်အတူရှိသော မိန်းကလေးသည် လည်း အလွန်ချောမောပြီး ချစ်စရာကောင်းကာ၊ ငြင်းဆန်လို့မရသော ချစ်စဖွယ် လိုလီတစ်ယောက်ပင်ဖြစ်သည်။

နှစ်ယောက်စလုံးသည် သူတို့၏ ဒုတိယဦး လေးဖြစ်သူ လင်းမန်ကို မကျေမနပ်ဖြင့် စိုက်ကြည့်နေကြသည်။ လင်းမန်သည် ပတ်ဝန်းကျင်ရှိ လူများနှင့် စကားပြောရင်း၊ သူတို့၏ဖခင်ကို လှောင်ပြောင်ပြီး သူတို့ကို စိတ်မသက်မသာဖြစ်အောင် ပြုလုပ်နေသည်။

“ဒီမှာထိုင်ပါ!” ဝူယွမ်သည် ချက်ချင်းပင် သူတို့ဘက်သို့ လက်ပြကာ လှမ်းခေါ်လိုက်သည်။ သူ့ဘေးတွင် နေရာလွတ်တစ်နေရာ ရှိနေသည်။

လင်းရှောင်က သူတို့ကိုမြင်လိုက်သည်။ သူသည် လုံထန်ကိုမှတ်မိပြီး၊ ခေါင်းညိမ့်ပြကာ လင်းတုန်းနှင့် ချင်းထန်းတို့ကို ခေါ်ဆောင်ာပြီး လင်းမန်နှင့် အခြားသူများကို ကျော်ဖြတ်ကာ ဝူယွမ်၏ဘေးတွင် ထိုင်လိုက်ကြသည်။

“ဟင်း...” လင်းမန်သည် အလွန်ဒေါသထွက်လျက် နှာမှုတ်လိုက်သည်။

ဤလူငယ် ဝူယွမ်သည် သူ့အား မျက်နှာသာမပေးဘဲ၊ အသုံးမကျသောသူတစ်ဦးကိုကြ ပြုံးရွှင်စွာဖြင့် ဆက်ဆံနေခဲ့သည်။

သို့သော် သူသည် ဝူယွမ်နှင့် လုံထန်တို့ကို ထိခိုက်အောင်မလုပ်ရဲ ပေ။

လင်းတုန်းနှင့် ချင်းထန်တို့သည် ဝူယွမ်၏ ညာဘက်တစ်ဝိုက်တွင် ထိုမေးမြန်းလိုက်သည်

“ငါ့နာမည် ဝူယွမ်ပါ... မင်းရဲ့နာမည်ကရော?” ဟု ဝူယွမ်က တက်တက်ကြွကြွ လက်ကိုဆန့်ထုတ်ကာ မေးမြန်းလိုက်သည်။

လင်းတုန်းသည် အနည်းငယ် ရှက်ကြောက်နေသည်။ သူသည် အမြဲတမ်း လေ့ကျင့်ရေးကို အာရုံစိုက်နေပြီး အခြားသူများနှင့် ပေါင်းသင်းဆက်ဆံခြင်း မရှိသလောက်ဖြစ်သည်။ သူသည် မသေမချာဖြစ်နေပြီး၊ နောက်ဆုံးတွင် သူ၏လက်ကို ဆန့်ထုတ်ကာ ဝူယွမ်နှင့် လက်ဆွဲနှုတ်ဆက်လိုက်သည်။ ရှင်းလင်းသောအသံဖြင့် မိတ်ဆက်ပြောဆိုလိုက်သည်။

“ကျွန်တော့်နာမည် လင်းတုန်းပါ!”

လက်ဝါးခြင်းစတင်ထိတွေ့သည့်အချိန်တွင်၊ လင်းတုန်း၏လက်ထဲရှိ ကျောက်သင်္ကေတသည် ရုတ်တရက်တောက်ပလာပြီး၊ နွေးထွေးမှုတစ်ခုသည် သူ၏လက်ဖဝါးတစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့သည်။

ဤအချက်ကြောင့် လင်းတုန်းသည် ရုတ်တရက် ဝူယွမ်ဘက်သို့ ကြည့်ရှုကာ၊ အနည်းငယ်တွေဝေသွားပြီး၊ မျက်လုံးများတွင် သံသယနှင့် စူးစမ်းလိုစိတ်များ ပြည့်နှက်သွားခဲ့သည်။

ထိုအချိန်တွင်၊ ဝူယွမ်၏ စိတ်ထဲတွင် အီလက်ထရွန်းနစ်အသံတစ်ခု ရုတ်တရက် မြည်ဟီးလာခဲ့သည်။

“ဒင်း... ဒီကမ္ဘာ၏ ကံကြမ္မာသားတော်ကို ရှာဖွေတွေ့ရှိခဲ့သည်။ တစ်ချက်နှိပ်ရယူခြင်း(Sign in) စနစ် စတင်အသက်ဝင်လာသည်။ လက်ရှိတည်နေရာတွင် တစ်ချက်နှိပ်ရယူခွင့်ရှိသည်။ တစ်ချက်နှိပ်ပြီးရယူလိုပါသလား?”

ဝူယွမ်းသည် လင်းတုန်းကဲ့သို့ပင် သုံးစက္ကန့်ကြာ ငေးငိုင်သွားခဲ့ပြီးမှ တုံ့ပြန်ခဲ့သည်။

နောက်ကျခြင်းသည်မလာခြင်းထက်ပိုကောင်း၏ ၊ သူ၏ရွှေလက်ချောင်း ရောက်ရှိလာခဲ့လေပြီ။

ဖြစ်ရပ်မှန်မှာ ကံကြမ္မာသားတော်သည် ဇာတ်လိုက်ကို အစပျိုးရန် အခြေအနေတစ်ခုသာဖြစ်သည်။ ဇာတ်လိုက်တစ်ဦးကသာ အခြားဇာတ်လိုက်ကို အသက်သွင်းနိုင်သည်... ဝူယွမ်သည် အရမ်းကို စိတ်လှုပ်ရှားနေပြီး၊ ချက်ချင်းပင် သူ၏စိတ်ထဲမှ တုံ့ပြန်လိုက်သည်။

“တစ်ချက်နှိပ်ရယူမည်!”

“ဒင်း... တစ်ချက်နှိပ်ရယူမှု အောင်မြင်ပါသည်။ ဆုအဖြစ် “မဟာ‌ ကောင်းကင်ဘုံတန်ခိုးမှတ်တမ်း” ကို ရရှိပါသည်!”

All Chapters