"သိုင်းပညာကမ္ဘာ" Mcလင်းတုန်ရဲ့ ဖန်အကြီးစား ကောင်လေးဝူယွမ်။ ရုတ်တရက်သူအကြိုက်ဆုံးMcလင်းတုန် ရှိတဲ့ "သိုင်းပညာကမ္ဘာ" သို့ ဝိညာဥ်ကူးပြောင်းရောက်ရှိသည့်အခါမှာတော့။ သူက လင်းတုန်နားကပ်ပြီး ရွှေနားကပ်ရောင်နှင့်ပါးပြောင် နေရမည်ဟု မျှော်လင့်ထားသော်လည်း၊ မထင်မှတ်ဘဲ သူနဲ့အတူSign-in System ပါ ပါလာခဲ့သဖြင့် သူ့အကြိုက်ဆုံး Mcလင်တုန်နှင့် တစ်တန်းတည်းလိုက်ပါရပ်တည်နိုင်ရန် ကြိုးစားရတော့သည်။ လင်းမိသားစု အိမ်တော်၀င်းအတွင်း ဆိုင်းအင် ၀င်ခြင်း - မဟာကောင်းကင်ဘုံတန်ခိုးမှတ်တန်း ကို ဆုအဖြစ်ရရှိခဲ့သည်။ အမဲလိုက်ပြိုင်ပွဲတွင် ဆိုင်အင်၀င်ခြင်း - ကျားဖြူသွေးမျိုးဆက် ကို ရရှိခဲ့သည်။ ဖူလူတာဝါ တွင် ဆိုင်းအင်၀င်ခြင်း - ကမ္ဘာဦးနတ်ဘုရားနှင့် နတ်ဆိုးပုံရိပ် နည်းစနစ် ကို ရရှိခဲ့သည်။ လင်းတုန်နှင့် ဝူယွမ်တို့က ညီအစ်ကိုကောင်းများဖြစ်လာခဲ့ပြီးလင်းတုန်ရဲ့ညီအကို ကောင်းကင်မြွေပါ၊ကျားများနဲ့အတူ လောကတခွင် ခရီးထွက်ခဲ့ကြသည်။ ဝူယွမ် - "လင်းတုန်က တကယ်ကို ကံကြမ္မာသားတော်ပဲ။ သူ့နောက်လိုက်ပြီး ဆိုင်းအင်၀င် နေသ၍ ဆုတွေ အမြဲရနေမှာပဲ" လင်းတုန် - "ဝူယွမ်က ငါ့အတွက်ကံကောင်းခြင်းတွေ သယ်ဆောင်လာတဲ့ညီအစ်ကိုကောင်းပဲ။ နေရာတကာ ကံကောင်းခြင်းတွေရအောင် ကူညီပေးတယ်။" လင်းဒေါင် - "ဝူယွမ်လို သစ္စာရှိတဲ့သူက ရှားတယ်။ သူ့နောက်ကို လိုက်နေရတာ အကောင်းဆုံးပဲ။" လင်းယန် - "ငါ့ပေါ်တက် စီးဖူးတဲ့သူ ကမ္ဘာမှာ နှစ်ယောက်ပဲရှိတယ်။ တစ်ယောက်က ငါ့သခင် လင်းတုန်၊ နောက်တစ်ယောက်က ဝူယွမ်။ လင်းဒေါင်က လူမဟုတ်တော့ ထည့်မတွက်တော့ဘူး။" ဝူယွမ် - " မင်းက ဘယ်လောက်ဘဲ ချမ်းသာချမ်းသာ... ငါကတော့ ဘယ်တော့မှ အရှုံးပေးမှာ မဟုတ်ဘူး။" သို့သော်... လင်းချင်းကျူး နှင့် စတွေ့သည့်အခါမှ ဝူယွမ်၏ နှလုံးသားတစ်ခုလုံး တုန်လှုပ်သွားခဲ့သည်။ "ညီအစ်ကိုလင်းတုန်ရေ...။ ငါမင်းကို သိုင်းပညာရပ်တွေ၊ ရတနာတွေ၊လျှို့ဝှက်နည်းစနစ်တွေ အားလုံးပေးနိုင်ပေမယ့်... ဒီနတ်သမီးလေးကိုတော့ ငါမစွန့်လွှတ်နိုင်ဘူး!"

