နဂါးချည်မျှင်သလင်း၏ ထိတ်လန့်ဖွယ်အစွမ်း
Vol. 4 Ch. 34
ဝူယွမ်နှင့် လင်းတုန်သည် တပြိုင်နက်တည်း တိုက်ခိုက်လိုက်ကြသည်။
သူတို့၏လက်ထဲမှရွှေရောင်အလုံးကလေးဆယ်လုံးကို ပစ်ထုတ်လိုက်သည်။ နဖူးကြားတွင်လည်း သဘာဝဝိညာဉ်အဆောင်များ ပေါ်လာပြီး ဝိညာဉ်စွမ်းအင်များ ထုတ်လွှတ်ကာ အလုံးကလေးများနှင့် ချက်ချင်းဆက်စပ်လိုက်သည်။
လေထဲတွင်ရွှေရောင်အလုံးလေးများသည် ဆံခြည်မျှင်လောက်ပါးလွှာသော နဂါးချည်မျှင် သလင်းများအဖြစ် ပြောင်းလဲသွားသည်။
“အဆောင်သခင် ဒုတိယအဆင့်မှာဘဲရှိသေးတဲ့ မင်းတို့က ငါ့ရဲ့ ယွမ်ဒန်ချီစွမ်းအင် အကာအကွယ်ကို ချိုးဖျက်နိုင်မယ်လို့ ထင်နေတာလား၊ အိမ်မက်မက်နေလိုက်။”
ဝေထုန်သည် ပြက်ရယ်ပြုလျက် ယွမ်စွမ်းအင်ကို အမြန်စုစည်းကာ ခုခံလိုက်သည်။ ဝူယွမ်နှင့် လင်းတုန်တို့သည် သူ၏ ယွမ်ဒန်ချီစွမ်းအင် အကာကွယ်ကို ချိုးဖျက်နိုင်မည်ဟု သူမထင်ပေ။
သို့သော်သူတို့၏လက်များမှ ရွှေရောင်အလင်းတစ်ချက် လက်သွားသည်။ အလင်းတစ်ချက်ပြီးသည်နှင့် သူသည် ထိုအရာကို မြင်နိုင်စွမ်းမရှိတော့ပေ။
ရွှီး…ရွှီး...ရွှီး...!!!
နဂါးချည်မျှင်သလင်းလုံးများသည် ဆံခြည်မျှင်ကဲ့သို့ ပါးလွှာလှသည်။ ဆန့်ထုတ်လိုက်သည့်အခါ ပိုးချည်မျှင်ကဲ့သို့ပင် ပါးလွှာသွားသောကြောင့် သတိထားမိရန် ခက်ခဲသွားသည်။
ဝေထုန်သည် အန္တရာယ်ကို ခံစားလိုက်ရပြီး ကျောရိုးတလျှောက် အေးစက်သွားသည်။
သူသည် လက်သီးနှစ်ချက်ကို အလျင်အမြန် ထိုးလိုက်သည်။ သံမဏိကဲ့သို့ မာကျောသော သူ၏လက်သီးများပေါ်ရှိ ယွမ်ဒန်ချီစွမ်းအင်များသည်။ လှိုင်းများကဲ့သို့ လှည့်ပတ်နေသည်။
နဂါးချည်မျှင်သလင်းများသည်
ဝေထုန်၏လက်သီးနှင့် ထိတ်တိုက်တွေ့သွားသည်။
“ဒင်း”
နဂါးချည်မျှင်သလင်းများသည် ဝေထုန်၏လက်သီးပတ်လည်ရှိ ယွန်ဒန်ချီကို ထိုးဖောက်ပြီး ယွမ်စွမ်အားကာကွယ်မှုကို ချောမွေ့စွာ ဖြတ်သန်းသွားသည်။
ဝေထုန်၏ လက်အတွင်းပိုင်းထဲထိ ထိုးဖောက် ဝင်ရောက်သွားသည်။
ထို့နောက်ဝူယွမ်သည် သူ၏ ဝိညာဉ်စွမ်းအင်ကို ရုပ်သိမ်းလိုက်သည်။ ဝေထုန်၏ကိုယ်ထဲသို့ ထိုးဖောက်ဝင်ရောက်လာသော နဂါးချည်မျှင်သလင်းများသည် ရုတ်တရက် ပြန်ကြုံ့သွားသည်။
သူတို့သည်ကွေးညွှတ်သွားသည်။
သူ၏အသားကိုဘုလုံးကလေးများအဖြစ် ဖြစ်သွားစေကာ လက်ချောင်းများပေါ်တွင် ဖောင်းကြွနေသည်။
“အား...~”
ဝေထုန်သည် အော်ဟစ်လိုက်သည်။ သူ၏လက်သည် အသားလုံးဆယ်လုံးကြောင့် ရောင်ရမ်းနေပြီဖြစ်သည်။
“မဖြစ်နိုင်တာဘဲ...ငါ့ရဲ့ ယွမ်ဒန်ချီစွမ်းအင် အကာကွယ်ကို ချိုးဖျက်နိုင်တယ်လား...”
ခဏအတွင်းမှာပင် သူ၏လက်အသားများသည် နဂါးချည်မျှင်သလင်းများဖြင့် ဆွဲငင်ထားသောကြောင့် တင်းကျပ်စွာ ချိတ်ဆက်မိသွားသည်။
လင်းတုန်၏ နဂါးချည်မျှင်သလင်းများသည်လည်း ဝေထုန်၏နောက်ကျောမှ အောင်မြင်စွာ ထိုးဖောက်ဝင်ရောက်သွားသည်။ အစောကအတိုင်း အလုံးလေးများဖြစ်သွားပြီး ဝေထုန်၏နောက်ကျောရှိ အရေပြားကို ဆွဲငင်လိုက်ကာ ဝဲပုံစံသို့ တိုက်ရိုက်ပြောင်းလဲသွားစေသည်။
ထိုအရာမှာ နဂါးချည်မျှင်သလင်းဘဲ ဖြစ်သည်။ အလွန်ကြမ်းတမ်းတဲ့ လျှို့ဝှက်လက်နက်တစ်ခု။ လူ့ကိုယ်ခန္ဓာအတွင်းသို့ ဝင်ရောက်ပြီးနောက်၊ ၎င်းသည် စွမ်းအားထောက်ပံ့မှုကို ဆုံးရှုံးကာ ချက်ချင်းဆိုသလို အလုံးတစ်ခုအဖြစ် ကွေးညွှတ်သွားပြီး ပတ်ဝန်းကျင်ရှိ အသားနှင့် အရေပြားကို ဆွဲငင်လိုက်သည်။
တစ်ခါတည်းသေစေနိုင်ခြင်းမရှိသော်လည်း
သေမတတ် နာကျင်မှုကို ဖြစ်ပေါ်စေသည်!!!
ဝေထုန်သည် ချွေးများဖြင့် စိုစွတ်နေပြီး မျက်နှာဖြူဖတ်ဖြူရော် ဖြစ်နေသည်။
နာကျင်နေသောလက်များဖြင့် သူ၏ဦးခေါင်းကို ဆုပ်ကိုင်ထားသည်။
သူသည်အော်ဟစ်ချင်သော်လည်း ပါးစပ်မှသွားရည်များ အဆက်မပြတ်ကျနေသည်။ ယွမ်ဒန် ပြီးပြည့်စုံသောအောင်မြင်မှုအဆင့်ရှိ ကျင့်ကြံသူသည် ဤကဲ့သို့ စိတ်မသက်မသာဖြစ်ဖွယ် အခြေအနေတွင် ဒူးထောက်ကြသွားသည်။
အထူးသဖြင့်လက်ချောင်းများကြားရှိ နာကျင်မှုဖြစ်သည်။
ဝေထုန်သည်ဓားသွားပေါ်မှ သွေးကို လျက်ပြီး အသက်သေဆုံးမှုအခြေအနေများမှ လွတ်မြောက်ခဲ့သူလည်းဖြစ်သည်။ သူသည် သူမခံစားဖူးသော နာကျင်မှုမရှိဟု ယုံကြည်ခဲ့သည်။
သို့သော်ဤအချိန်တွင်၊ သူသည် ခါးကိုမဆန့်နိုင်၊ လက်များကိုမမြှောက်နိုင်လောက်အောင် နာကျင်ကိုက်ခဲနေသည်။
နာကျင်မှုကြောင့်သူ၏မျက်လုံးများသည်ပင် မျက်ရည်များ ထိန်းချုပ်မရတော့ဘဲ ထွက်လာသည်။
“ဂိုဏ်းခေါင်းဆောင်!”
“ဂိုဏ်းခေါင်းဆောင်!”
“ဂိုဏ်းခေါင်းဆောင်၊သူငိုနေပြီ!”
“ဘာတွေဖြစ်နေတာလဲ...ဂိုဏ်းခေါင်းဆောင် ဘာလို့ချက်ချင်းဆိုသလို အရမ်းနာကျင်နေတဲ့ ပုံပေါ်နေတာလဲ...”
“လျှို့ဝှက်လက်နက်...လျှို့ဝှက်လက်နက်ဘဲဖြစ်ရမယ်”
“ဂိုဏ်းခေါင်းဆောင် ချောင်းမြောင်းတိုက်ခိုက်ခံလိုက်ရတယ်”
သွေး၀တ်ရုံဂိုဏ်းအဖွဲ့ဝင်များသည် စိတ်ရှုပ်ထွေးကာ ဝေထုန် ရုန်းကန်နေရသည်ကို ကြည့်နေကြပြီး ဘာလုပ်လို့ဘာကိုင် ရမှန်းမသိ ဖြစ်နေကြသည်။
ကျေးရွာတံခါးဝရှိ လုံချန်း၊ လင်းကျဲ့တျန်းနှင့် အခြားသူများပင် အံ့အားသင့်သွားကြသည်။
နဂါးချည်မျှင်သလင်း၏တိုက်ခိုက်မှုကို သတိပြုမိရန် အလွန်ခက်ခဲသည်။
လုံထန်မှာမူ ဝူယွမ် ပစ်ထုတ်လိုက်သော ရွှေရောင်အလုံးများကို မြင်လိုက်ရသည့်အခါ ဝူယွမ် တောင်ပံနက်စခန်း ရတနာတိုက်မှ ရရှိခဲ့သော သလင်းကျောက်ပြားကို သတိရလိုက်သည်။ ထိုအချိန်က ဝူယွမ်သည် စိတ်လှုပ်ရှားကာ ရတနာတစ်ခုရှာတွေ့ကြောင်း ပြောဆိုခဲ့သည်။
“ညီငယ် အခုသုံးနေတဲ့လျှို့ဝှက်နက်လက်က အဲဒါဖြစ်နေတာလား” လုံထန် စိတ်ရှုပ်ထွေးသွားသည်။ ဤကဲ့သို့သောအရာကလေးတစ်ခုသည် ယွမ်ဒန်အဆင့် ကြီးမာသောအောင်မြင်မှုအဆင့် ကျွမ်းကျင်သူကို ထိုမျှနာကျင်စေနိုင်သည်ကို မယုံကြည်နိုင်ဖြစ်နေသည်။
သူသည်ကြောက်ရွံ့မှုကို ခံစားရသည်... ကံကောင်းသည်မှာ ၀ူယွမ်က စမ်းသပ်ကြည့်ရန်မေးတာကို ငြင်းခဲ့မိခြင်းဘဲဖြစ်သည်။
မဟုတ်ပါက၊ယွမ်ကောင်းကင်နယ်ပယ်အဆင့်ရှိသေးသည့် သူသည် တစ်ခါတည်း သေဆုံးသွားနိုင်သည်။
လူများအားလုံးသည် ဝူယွမ်နှင့် လင်းတုန်ကို ကြောက်ရွံ့မှုအပြည့်ဖြင့် ကြည့်ရှုနေကြသည်။ ဝေထုန်ကဲ့သို့သော ပုဂ္ဂိုလ်ကို ဤမျှနာကျင်စေနိုင်သော နည်းလမ်းသည် မည်သည့်နည်းလမ်းများဖြစ်နေသနည်း။
“ဘယ်လိုလဲ၊ ဂိုဏ်းခေါင်းဆောင်ဝေ? နေလို့ထိုင်လို့ ကောင်းရဲ့လား”
ဝူယွမ်သည် ပြုံးရီလျက် မေးမြန်းလိုက်သည်။ သူသည်ပထမဆုံးအကြိမ် နဂါးချည်မျှင်သလင်းကို အသုံးပြုခြင်းဖြစ်ပြီး ထိုအရာ၏ အကျိုးသက်ရောက်မှုကို အလွန်ကျေနပ်နေသည်။
ယွမ်ဒန်အဆင့် ကြီးမာသောအောင်မြင်မှုအဆင့် ကျင့်ကြံသူ၏ ယွမ်ဒန်ချီအကာအကွယ်ကို အလွယ်တကူဘဲဖြတ်ကျော်နိုင်ခဲ့သည်။
ထို့ကြောင့်ဝေထုန်သည် သူ့အတွက် ခြိမ်းခြောက်မှုတစ်ခုမဟုတ်တော့ပေ။
သူ၏ဂုဏ်ယူဝင့်ကြွားဖွယ် ယွမ်ဒန်ချီစွမ်းအင် အကာအကွယ် မရှိဘဲ အဆောင်သခင် ဒုတိယအဆင့်နှစ်ဦးနှင့် ရင်ဆိုင်ရသည့်အခါ ဝေထုန်သည် အေးဆေးတည်ငြိမ်နေခြင်းမရှိတော့ပေ။
“ငါခန္ဓာကိုယ်အတွင်းရှိအရာတွေကို ဖယ်ရှားပေးပါ။ ငါထွက်ခွာမည်၊ ပြီးတာနဲ့ ငါတို့ချက်ချင်းထွက်ခွာမယ်!”
သူသည် ခက်ခက်ခဲခဲထရပ်ကာ စိုးရိမ်ပူပန်စွာဖြင့် နှုတ်ခမ်းဖြူဖတ်ဖြူရော်ဖြစ်နေပြီး ခန္ဓာကိုယ်တုန်တုန်ရီရီ နှင့်စိုးရိမ်ပူပန်စွာ ပြောလိုက်သည်။
“ထွက်ခွာဖို့ရာ နောက်ကျသွားပြီ”
ဝူယွမ်သည် အေးဆေးတည်ငြိမ်စွာဖြင့် ပြန်လည်ပြောဆိုလိုက်သည်။ ငြင်းခုန်မှုသည် ဒီအဆင့်ထိရောက်ရှိလာပြီးနောက် ဝေထုန်ကို လွှတ်ပေးရန်
သဘောတူရမည်လား။
ကျားကိုတောတွင်းသို့ပြန်လွှတ်ရန် မဖြစ်နိုင်ပေ။
“ဝူယွမ်၊ မင်းအရမ်းလွန်မလာနဲ့! ငါ့နောက်ကွယ်မှာမှာ သွေးဝံပုလွေဂိုဏ်း ရှိနေတယ်ဆိုတာ မင်းသိတယ်မလား။ ဂိုဏ်းခေါင်းဆောင် ယွဲ့ရှန်းက ယွမ်ဒန်အဆင့် ပြီးပြည့်စုံသောအောင်မြင်မှုအဆင့်ရှိ ကျင့်ကြံသူဘဲ မင်းသာ ငါ့ကိုသတ်မယ်ဆိုရင် သူက ငါ့အတွက်လက်စားချေပေးလိမ့်မယ်!”
ဝေထုန် ခြိမ်းခြောက်လိုက်သည်။
ဝူယွမ်-“ဟေ့ဟေ့... ငါ့ကိုခြိမ်းခြောက်တာလား။ ဂုယင် လည်း သူမသေခင်က မင်းကိုသုံးပြီး ငါ့ကိုခြိမ်းခြောက်ခဲ့တယ်။ မင်းက ငါ့အတွက်ခြိမ်းခြောက်မှု တစ်ခုမဟုတ်ဘူးလို့ ထင်တာကြောင့် ငါသူ့ကိုသတ်ခဲ့တယ်”
“ ဒီတစ်ကြိမ်တော့ မင်းအလှည့်ဘဲ။
ဒီအဆောင်သခင် ကျွမ်းကျင်မှုအားလုံးကို ဘယ်သူသင်ပေးတယ်လို့ မင်းထင်လဲ ယွဲ့ရှန်းကို သုံးပြီးငါ့ကိုချိန်းခြောက်လို့ ရမယ်လို့ မင်းထင်နေတာလား ငါက မင်းခြိမ်းခြောက်တာကို ကြောက်မယ်လို့ထင်နေတာလား”
“မင်းရဲ့ဆရာက ယန်ရွှမ်လား!” ဝေထုန် မျက်လုံးပြူးသွားသည်။
ယန်မြို့တွင်စတုတ္ထမြောက် အဆောင်သခင်ဖြစ်သူ ယန်ရွှမ်တစ်ဦးတည်းသာရှိပြီး ထိုကဲ့သို့ ဝိညာဉ်စွမ်းအင် ကျင့်ကြံသူကို သင်ကြားပေးနိုင်သူလည်း သူတစ်ဦးတည်းသာရှိသည်။
ဝူယွမ်သာ ယန်ရွှမ်၏တပည့်ဖြစ်သည်ကို ကြိုတင်သိရှိခဲ့ပါက ဝေထုန်သည် အခုထက်ဆယ်ဆပိုရဲရင့်ရင်တောင် ဝူယွမ်ကိုရန်မစရဲပေ။
“မင်းမှန်းတာ မှန်တယ်။ ဒါကြောင့် နောက်ဘဝကြရင် ပိုပြီးဂရုစိုက်။ မင်းလက်လှမ်းမမှီတဲ့ သူတွေကို သွားမထိမိစေနဲ့ !”
ဝူယွမ်သည် လက်ခုပ်တစ်ချက်ခေါက်ကာ နဂါးချည်မျှင်သလင်း ဆယ်ချောင်းထပ်မံပစ်ထုတ်လိုက်သည်။
“မဖြစ်ရဘူး!”
ဝေထုန် နာကျည်းစွာအော်လိုက်သည်။ သူ၏ ကံကြမ္မာကို လက်မခံလိုပေ။
သူ၏ ယွမ်စွမ်းအင်အားလုံးကို အကန့်အသတ်မရှိ ထုတ်လွှတ်လိုက်သည်။ သူ၏လက်သီးများကို ဖြည်းညှင်းစွာဖြန့်ကာ စွမ်းအားပြင်းထန်ပြီး ထိတ်လန့်ဖွယ်ကောင်းသော ယွမ်စွမ်းအင်များကို သူ၏လက်ဖဝါးများတွင် အမြန်စုစည်းလိုက်သည်။ သူ၏လက်ဖဝါးများသည် တောက်ပလာပြီး အလွန်ကြမ်းတမ်းသော လှိုင်းများ ပျံ့နှံ့သွားသည်။
“လက်၀ါးတစ်ေထာင်ခွဲခြမ်းခြင်း”
လက်ဝါးတစ်ထောင်ခွဲခြမ်းခြင်း သည် စတုတ္ထအဆင့် ကိုယ်ခန္ဓာပညာရပ်သာဖြစ်သော်လည်း အလွန်ကြမ်းတမ်းပြီး ဝေထုန်၏ အစွမ်းထက်ဆုံး သတ်ဖြတ်မှုဟု ယူဆရသည်။ ထိုပညာရပ်ဖြင့် သူသည် ယွမ်ဒန်နယ်ပယ်ရှိ ကျွမ်းကျင်သူသုံးဦးကို သတ်ဖြတ်ခဲ့ဖူးသည်။
“ဒီဟာေလာက်နဲ့ နဂါးချည်မျှင်သလင်းတွေကို တားဆီးနိုင်မယ်ထင်တာလား!”
ဝူယွမ်၏ ဝိညာဉ်စွမ်းအင်သည် သူ၏လက်ဖဝါးများထဲသို့ ထိုးဖောက်ဝင်ရောက်ရန် အပ်များကို လမ်းညွှန်ပေးသည်။ ထူထဲသော စင်ကြယ်သည့် ယွမ်အားသည် စက္ကူကဲ့သို့ပင် နဂါးချည်မျှင်သလင်းများဖြင့် ထိုးဖောက်ခံလိုက်ရသည်။
နဂါးချည်မျှင်သလင်း ဆယ်ခုစလုံး ဝေထုန်၏ လက်ဖဝါးများထဲသို့ ထိုးဖောက်ဝင်ရောက်သွားသည်။
နာကျင်မှုသည်နှစ်ဆတိုးလာသည်။
သို့သော်သေစေနိုင်ခြင်းမရှိသေးပေ။
“အား အား အား!!! ငါ မင်းကိုသတ်မယ်!!!”
ဝေထုန်သည် လက်နှစ်ဖက်ဖြင့် ကောင်းကင်ပေါ်ကို ဝေ့ယမ်းနေကာ ရူးသွပ်သွားပြီဖြစ်သည်။
“ပြီးပြီ၊ ဝေ အဘိုးကြီး!”
နဂါးချည်မျှင်သလင်း၏စွမ်းအားကို စမ်းသပ်ပြီးနောက် ဝေထုန်သည် အသုံးဝင်ခြင်းမရှိတော့ပေ။ ဝူယွမ်သည် နဂါးချည်မျှင်သလင်းတစ်ခုကို ထပ်ပစ်လိုက်သည်။ ဒီအကြိမ်တွင်တော့ ဝေထုန်၏မျက်ခုံးကြားကို ပစ်မှတ်ထားလိုက်သည်။
ချည်မျှင်တစ်ခုထိုး ဖောက်၀င်ရောက်သွားပြီး မည်သည့်အမှတ်အသားမျှမကျန်ခဲ့ပေ။
သို့သော်ဝေထုန်၏မျက်လုံးများသည် နောက်သို့လှည့်သွားသည်။ သူသည် နာကျင်မှုကို မခံစားရတော့ဘဲ ပြန်လည်မွေးဖွားခြင်းသံသရာစက်၀န်းထဲသို့ လုံးဝဝင်ရောက်သွားပြီဖြစ်သည်။
“ထွက်ပြေးကြ”
“အမြန်ပြေးကြ”
ကျန်ရှိနေသေးသောသွေး၀တ်ရုံဂိုဏ်းအင်အားစုများသည် ရှုပ်ထွေးသွားပြီး လက်နက်များကိုစွန့်ပစ်ကာ လမ်းကြောင်းအသီးသီးသို့ ထွက်ပြေးကြသည်။
“အားလုံးကိုသတ်ပစ်၊ဘယ်သူ့ကိုမှ အရှင်မထားနဲ့၊ လိုက်ကြ။”
လုံချန်းက အမိန့်ပေးသည်။ သံမြေကျေးရွာတံခါးကို ဖွင့်လိုက်ပြီး လိုက်လံသတ်ဖြတ်ကြတော့သည်။
“ပိုင်ယွမ်၊ရှောင်ယန်၊ မင်းတို့လည်းသွားကူလိုက်ကြ”
ကျားနှစ်ကောင်သည် ကျေးရွာတံခါးဝမှ ခုန်ဆင်းလာပြီး လူအုပ်ထဲသို့ဝင်ရောက် သတ်ဖြတ်ကြသည်။
ပိုင်ယွမ်သည် ယွမ်ဒန် သေးငယ်သောအောင်မြင်မှုအဆင့် ကျွမ်းကျင်သူတစ်ဦးကို တွေ့လိုက်ကာ ပြေး၀င်သွားပြီး အပြင်းအထန်တိုက်ခိုက်မှုစတင်တော့သည်။
သူမသည်ယွမ်ဒန်နယ်ပယ်သို့ ရောက်ရန် အလွန်နီးကပ်နေပြီး စိတ်လှုပ်ရှားဖွယ်ကောင်းပြီး ဖိအားပေးနိုင်တဲ့ တိုက်ပွဲတစ်ခု လိုအပ်နေသည်။
“သူမဘာလို့ဒီလောက်ရဲတင်းရတာလဲ” ဝူယွမ်သည် ပိုင်ယွမ်၏ ရဲတင်းမှုကိုမြင်ရသည့်အခါ ခပ်တိုးတိုး သက်ပြင်းချလိုက်သည်။
ထို့နောက်သူသည် အနီးသို့တိတ်တဆိတ်ပျံသန်းကာ တိုက်ပွဲထဲ၀င် မစွက်ဖက်ဘဲ ဘေးမှစောင့်ကြည့်နေသည်။ နဂါးချည်မျှင်သလင်းများသည်လည်း သူ၏လက်ထဲတွင် ရှိနေပြီး မည်သည့်အချိန်တွင်မဆို ပစ်ခတ်နိုင်ရန်အသင့်ပြင်ထားသည်။